ဘာလုပ္ရမယ္ဆိုတာအစကတည္းကသိေနခဲ့ေပမယ့္..
အလုပ္ေတြရႈပ္ေနခဲ့တာေၾကာင့္...ေျခလွမ္းေတြကေႏွာင့္ေႏွးခဲ့ပါ၏။
မနက္ေစာေစာႀကီး...ေရႊ႐ုပ္ဆီဖုန္းဆက္ၿပီးေတာ့...ဦးေနာင္ေနာင့္ဆီမွာဒိုင္းမြန္းေဟာက္စ္ရဲ႕ေသာ့ကိုေတာင္းခိုင္းရသည္။
ေသာ့ကိုအျမန္ေခ်ာနဲ႔ပို႔ခဲ့ေတာ့ သိပ္မၾကာဘဲေရာက္လာခဲ့သည္။
ၿပီးေတာ့မွ...မိုနာ့ဆီဖုန္းထပ္ဆက္ရသည္။
"မိုနာ...အားနာေပမယ့္...
ငါ...ခြင့္သံုးရက္ေလာက္ယူလို႔ျဖစ္မလား...သဘက္ခါကေနစၿပီးေတာ့..."
"အင္း...ရတယ္ေလ...မနက္ျဖန္ငါအလုပ္တက္မွာပဲ...အေရးႀကီးလား..."
"အင္း...အေရးႀကီးတယ္...ေဆာရီးေနာ္...ငါမေျပာျပႏိုင္ေသးလို႔...မေန႔ကအတြက္ေတာ့ေနာက္မွေတာင္းပန္ပါ့မယ္"
"အင္း...ရတယ္.."
ဒီလိုနဲ႔ဒိုင္းမြန္းေဟာက္စ္မွာပင္လယ့္ရဲ႕အရင္ေကာင္မေလးရဲ႕ဖုန္းနံပတ္ကိုရွာၿပီးဆက္ရသည္။
ၿပီးမွေဇယ်ရဲ႕ဖုန္းနံပတ္ကိုေတာင္း...
ၿပီးေတာ့မွ...သူ႔အေမရဲ႕ေမးလ္လိပ္စာနဲ႔ဖုန္းနံပတ္ကိုေတာင္းရသည္။
"မင္းနဲ႔အတူရွိတဲ့ညမွာျဖစ္ခဲ့တာလား"
ေဇယ်ေမးတာကိုေတာင္ေသခ်ာျပန္မေျဖႏိုင္ဘဲ....
အေလာတႀကီးနဲ႔ပဲ သူ႔အေမဆီဆက္သြယ္ရသည္။
"ဟဲလို...ေနပင္လယ့္အိမ္ကလားဗ်ာ..."
"ဟုတ္ပါတယ္..."
"သူအခုဘယ္လိုေနေသးလဲ...သူသတိရၿပီလား...ေဆးရံုေပၚမွာလား...အသက္အႏၲရာယ္ရွိေနေသးလား..."
ဖုန္းတစ္ဖက္မွတုန္တုန္ရီရီနဲ႔တရစပ္ေမးလာေသာေမးခြန္းမ်ားကဆက္တိုက္မို႔...ဖုန္းလာကိုင္တဲ့ ဦးလတ္က ျပံဳးသြားခဲ့သည္။
"အင္း...ေနပင္လယ္ကိုေမးခ်င္တာထင္တယ္...သူ႔သူငယ္ခ်င္းလား..."
"ဟုတ္ကဲ့...ဘယ္လိုေနေသးလဲအခု...."
"အင္း...ပင္လယ္က သတိေတာ့မရေသးေပမယ့္...အသက္အႏၲရာယ္ေတာ့မစိုးရိမ္ရေတာ့ဘူး...ေဆးရံုေပၚမွာပဲရွိေနေသးတယ္..."
အသက္အႏၲရာယ္မရွိေတာ့တာတစ္ခုထဲနဲ႔စိတ္ကေတာ္ေတာ္ေအးသြားခဲ့ပါသည္။
ဒါေပမယ့္ ရင္တုန္ေနတာကေတာ့မေပ်ာက္ႏိုင္ေသးဘဲ...စကားေတြေတာင္ထစ္ေနမိသည္။
ေဇယ်ေၾကာင့္အဆက္သြယ္တစ္ခုျပန္ရသြားတာကိုေတာင္ထိုင္ရွိခိုးမတတ္ေက်းဇူးတင္ေနမိ၏။
အုပ္စိုးကို ေလယာဥ္လက္မွတ္ဝယ္ခိုင္းၿပီး ခ်က္ခ်င္းလိုက္သြားဖို႔ျပင္ကာ...
မိုနာ့က္ိုေတာ့အုပ္စိုးကေနတဆင့္စကားပါးလိုက္ပါသည္။
ခြင့္နည္းနည္းေလးထပ္ယူမည္။
------------
(ႏိုင္ငံဂ်ားေဆးရံုမို႔အဂၤလိပ္လိုေျပာေနတာေနာ္...ကိုယ္ကအီးမကြ်မ္းေတာ့ေပါက္မျပႏိုင္ဘူး...😬😬😬)
"ဟုတ္ကဲ့...ဒီမွာလက္မွတ္ေလးထိုးေပးေနာ္..."
"---"
"ဒီကေနညာဘက္ကိုခ်ိဳးရင္ဓာတ္ေလွကားေတြ႕လိမ့္မယ္...ခုနစ္ထပ္ကိုစီးသြားပါေနာ္...အခန္းနံပတ္က 7011 ပါ။ ဒီစာရြက္မွာပါပါတယ္...ဓါတ္ေလွကားထဲကထြက္တာနဲ႔ဒီစာရြက္ေလးကိုေကာင္တာမွာျပလိုက္ပါေနာ္...ေနာက္ၿပီးဒီကတ္ျပားေလးကိုခ်ိတ္သြားေပးပါ"
အျပာေရာင္ႀကိဳးေလးနဲ႔ဧည့္ေတြ႕ကတ္ျပားေလးကိုဝန္ထမ္းမိန္းကေလးကေပးေတာ့...ယူၿပီးအျမန္ထြက္လာခဲ့ကာ ဓါတ္ေလွကားေရွ႕ေစာင့္ေနရင္းနဲ႔ လက္ကနာရီကိုတၾကည့္ၾကည့္...။
ဓါတ္ေလွကားကလည္းၾကာေနလိုက္တာ....
ေတြ႕ခ်င္ေဇာနဲ႔ စိတ္ေတြသိပ္ျမန္ေနၿပီး အရာရာကေႏွးေကြးေနခဲ့၏။
7011 အခန္းေရွ႕မွာေျခစံုေတာင္ရပ္ၿပီးလူနာရဲ႕နာမည္၊ ဘာညာေတာင္မစစ္ေဆးႏိုင္ဘဲ တံခါးကိုလ်င္ျမန္စြာဆြဲဖြင့္ကာဝင္သြားခဲ့မိသည္။
ေျခသံေတြၾကမ္းကုန္တာကိုေတာင္ဂ႐ုမစိုက္မိဘဲ လိုက္ကာစျပာျပာေလးကိုျမင္လိုက္မွ စိတ္ကိုေလ်ာ့ခ်မိသည္။
အၾကမ္းပတမ္းႀကီးနဲ႔ဆိုရင္ လူနာလန္႔သြားဦးမည္။
လိုက္ကာစျပာျပာကိုဆြဲမတင္လိုက္ေတာ့...
နဲနဲေလးဦးပိုင္းေထာင္ထားသည့္ဘီးတပ္ကုတင္ေပၚမွာ...
ေနပင္လယ္ကႏွာေခါင္းေတြေရာပါးစပ္ေတြမွာပါ...ေနာက္ထပ္ၿပီးရင္ဘတ္ေတြ...ဝမ္းဗိုက္ေတြမွာပိုက္ေတြတန္းလန္းနဲ႔....ၿငိမ္သက္စြာသူ႔ကိုေစာင့္ႀကိဳေန၏။
လမ္းတေလွ်ာက္လံုးတင္းထားခဲ့သည့္...စိတ္ကယခုက်မွအထိန္းအကြပ္မဲ့ၿပီး...ဒူးပါၫႊတ္ေခြလို႔လဲက်သြားခဲ့သည္။
ငါ...မင္းဆီအေရာက္လာႏိုင္ခဲ့ၿပီ။
စည္းက ေခြလဲသြားတဲ့အတိုင္းအတန္ၾကာေအာင္ ျကမ္းျပင္ေပၚမွာေက်ာက္႐ုပ္တစ္႐ုပ္လိုထိုင္ေနခဲ့မိသည္။
သူေတြးထားသလိုပဲ အမ်ိဳးမ်ိဳးေသာပိုက္ေတြရႈပ္ယွက္ခတ္ေနခဲ့ၿပီး ခပ္ေဝးေဝးမွၾကည့္ရတာေတာင္နႈတ္ခမ္းေတြျဖဴေရာ္ေနတဲ့ ပင္လယ္က ၿငိမ္သက္လ်က္သားေလး။
ပင္လယ္......!...
နႈတ္ကေနေအာ္ေခၚလိုက္ခ်င္ေပမယ့္အသံကမထြက္ဘဲ မ်က္ရည္ေတြသာမရပ္မနားစီးက်ေနလ်က္ ထိုင္ၾကည့္ေနခဲ့မိသည္။
အခန္းထဲသို႔ဝင္လာခဲ့တ့ဲ အရပ္ေတာ္ေတာ္ျမင့္ၿပီး ရွင္းသန္႔လွပလွတဲ့ ေယာက်ာ္းပ်ိဳေလးဟာ သူမရဲ႕သားေလးအရြယ္ပဲရွိဦးမွာပါ။
လိုက္ကာကိုဆြဲမတင္ၿပီးကုတင္ေပၚမွသားျဖစ္သူကိုၾကည့္ၿပီး...ေခြလဲက်ကာေက်ာက္႐ုပ္လိုမ်က္ရည္ေတြစီးက်ေနခဲ့တာကိုျမင္ေတာ့...
တေန႔ကဖုန္းဆက္လာခဲ့သည့္...သားသူငယ္ခ်င္းျဖစ္မည္လို႔ထင္လိုက္၏။
ဦးလတ္ကေျပာခဲ့တာအရဆိုရင္...
"စည္း"ဆိုတဲ့နာမည္ဆန္းဆန္းနဲ႔ေကာင္ေလးပါတဲ့...
"သား...ဘယ္သူလဲ...စည္း'ဆိုတဲ့တစ္ေယာက္လား"
ငိုသံမထြက္ေအာင္ပါးစပ္ကိုတင္းတင္းေစ့ထားရလို႔နားထင္ေၾကာေတြပါတင္းၿပီးဖုထစ္ေနကာ...
ေပါက္ထြက္ခါနီးပူေဖာင္းတစ္လံုးလိုျဖစ္ေနတဲ့မ်က္ႏွာေလးကနီရဲလို႔။
သူမေမးတာကို ျပန္မေျဖႏိုင္ဘဲေခါင္းကိုသာတြင္တြင္ညိတ္ျပသည္။
သူမကအနီးထိသြား၍ပံု႔ပံု႔ေလးထိုင္လ်က္က်ေနသည့္စည္းရဲ႕လက္ႏွစ္ဖက္ကိုဆြဲယူလိုက္သည္။
"အန္တီက...သူ႔အေမပါ...သားအရမ္းစိတ္ထိခိုက္ေနပံုရတယ္...အျပင္ဘက္အခန္းသြားရေအာင္...ထလိုက္ပါ"
သူမေခၚရာကိုထလိုက္လာခဲ့မိၿပီး စည္းကမ်က္ရည္ေတြကိုထိန္းသုတ္ကာ သူမမ်က္ႏွာကိုေစ့စပ္စြာၾကည့္မိသည္။
နႈတ္ခမ္းေလးတစ္ခုပဲ ခြ်တ္စြပ္ထားသလိုတူၿပီး က်န္တာဘာမွမတူတဲ့ အဲဒီအမ်ိဳးသမီးက ပင္လယ့္အေမတဲ့လား။
"စည္း...လို႔ေခၚတဲ့ေကာင္ေလး...ဟုတ္ပါတယ္ေနာ္"
"ဟုတ္ကဲ့...ကြ်န္ေတာ္ပါပဲ...သူ႔သူငယ္ခ်င္းပါ"
"သားကအခုေနာက္ပိုင္းမွသိခဲ့ရတာထင္တယ္ေနာ္...သားေနနဲ႔ပတ္သက္လို႔ေဇယ်တစ္ေယာက္နဲ႔ပဲအန္တီကအဆက္အသြယ္ရွိေနတာ"
"ဟုတ္ကဲ့...သူနဲ႔သိခဲ့တာသိပ္မၾကာေသးဘူး...သံုးေလးလပဲရွိဦးမွာပါ"
"သားေန...အဲလိုမေတာ္တဆမျဖစ္ခင္အထိအတူရွိခဲ့တာလား..."
"ဟုတ္ကဲ့...ကြ်န္ေတာ္နဲ႔အတူတူရွိေနခဲ့တာ..."
လြတ္လပ္စြာငိုခ်ခ်င္ေနသည့္စိတ္ကိုထိန္းထားရင္းေျပာတာမို႔...စည္းရဲ႕အသံကတုန္ရီေနပါသည္။
"သူအသက္အႏၲရာယ္မရွိေတာ့ဘူး...သားရဲ႕...မငိုနဲ႔...သူလဲငိုေစခ်င္မွာမဟုတ္ဘူး..."
စည္းကေခါင္းကိုပဲညိတ္ကာ...မငိုဖို႔ႀကိဳးစားရသည္။
"ေခၚလာခဲ့ကတည္းကသတိမရေသးတာလား"
"အင္း...ျဖစ္ၿပီးကတည္းကဒီအတိုင္းပဲရွိေနတာ..."
မ်က္ရည္ဝဲလာေတာ့သူမကမ်က္ေတာင္ေလးခတ္လိုက္ၿပီး...ဦးေမာ့သလိုလုပ္သည္။
ကိုယ္ေတာင္မွ႐ူးမတတ္ျဖစ္သြားခဲ့တာပါ...
မိခင္ျဖစ္သူကပို၍အဆေပါင္းမ်ားစြာဆိုးဆိုးဝါးဝါးစိတ္ထိခိုက္မည္ေပါ့.....
"အန္တီ...သူေလ...သူ......."(ကြ်န္ေတာ့္ေၾကာင့္ျဖစ္ရတာ) ဟုေျပာျပခ်င္ေပမယ့္...ေျပာမထြက္ႏိုင္ေပ။
ရင္ထဲမွာဆို႔နစ္စြာ...အခ်ိန္ယူၿပီးမွဖြင့္ေျပာၿပီးေတာင္းပန္ပါ့မယ္အန္တီ.....
"မ်က္ရည္ေသခ်ာသုတ္လိုက္ဦး...ၿပီးေတာ့သားေနကိုနႈတ္ဆက္လိုက္ပါ...သူေပ်ာ္ေနမွာပဲ..."
"ဟုတ္ကဲ့..."
--------
တတီတီနဲ႔ႏွလံုးခုန္နႈန္းကပံုမွန္ေျပးေနသည္။
အဲဒါ...သူ႔ရဲ႕ရင္ခုန္သံပဲဟု...ေတြးေနမိၿပီး...အဲဒီစက္သံေလးကိုပဲမ်က္လံုးမွိတ္ကာခဏနားေထာင္ၾကည့္၏။
ငါ...နားကပ္ၿပီး နားေထာင္ခဲ့ဖူးတဲ့မင္းရဲ႕ႏွလံုးခုန္နႈန္းေလးတဲ့လား...
ေသြးမရွိဘဲျဖဴဆြတ္ေနတဲ့ပင္လယ့္လက္တစ္ဖက္ကိုဖြဖြေလးဆုပ္ထားေတာ့ ေအးစက္ေနလိုက္တာ။
ငါမင္းလက္ကိုကိုင္ထားတယ္ေလ...ပင္လယ္ရဲ႕...
အဲေလာက္ထိေအးစက္ေနဖို႔လိုလို႔လား.....
ငါ့ေၾကာင့္ရင္ခုန္တယ္ဆို...ငါ့ေၾကာင့္မင္း...ေႏြးေထြးရတယ္ဆို....
အခုလိုေအးတိေအးစက္နဲ႔....ျဖစ္ေနတာ...ဘာသေဘာလဲ....
တကယ္ ငါ...မခံစားႏိုင္လို႔ပါ.....
ေက်းဇူးျပဳၿပီး.....အျမန္ႏိုးလာခဲ့ေပးပါ....။
နံေဘးေစာင္းျမင္ေနရသည့္ႏွာတံလံုးလံုးေလးေတြနဲ႔နႈတ္ခမ္းေလးေတြအထိေသြးမရွိဘဲျဖဴေဖြးေနေတာ့ ပိုၿပီးငိုခ်င္သည္။
အဲလိုႀကီးတည္တင္းမေနပါနဲ႔....ပင္လယ္ရဲ႕...
ငါတကယ္...မေနတတ္ေတာ့ဘူး...
ဒီဘက္ကိုေခါင္းေလးနည္းနည္းေတာ့လွည့္ပါ...ေနပင္လယ္....
ငါ့ကို နဲနဲေလးေတာ့ျပံဳးျပပါ...။
ရတယ္...သြားေတြေပၚတဲ့အထိမရယ္နဲ႔ရတယ္...
နႈတ္ခမ္းေလးမဲ့ျပတာပဲျဖစ္ျဖစ္နဲနဲေတာ့...ငါ့ကိုအဖက္လုပ္ပါဦး....။
ႏိုးထလာၿပီး.....အခု...ငါ့ကို...အရင္လိုေစးကပ္ကပ္နဲ႔စကားေတြေျပာပါဦး...။
မရ,အရ,လိုက္ၿပီးေနာက္ပါ...စ,ပါဦး...။
ငါထပ္ၿပီးစိတ္မဆိုးပါဘူး...။
ငိုမိမွာစိုးလို႔နႈတ္ခမ္းေတြကိုေစ့ပိတ္ထားၿပီးအံပါႀကိတ္ရသည္။
မငိုေတာ့ဘူး...မင္းဘာအႏၲရာယ္မွမရွိေတာ့ဘူးပဲ...
ျပန္ႏိုးလာမွာလဲေသခ်ာေနတာပဲ.....
ကိုယ့္စိတ္ကိုကိုယ္အားတင္းလိုက္ရင္း ဆံုးျဖတ္ခ်က္ခ်သည္။
ထပ္မငိုေတာ့ၿပီ။
--------
"သား...မင္း...အိမ္မွာပဲအိပ္လိုက္ပါ...ဘယ္ဟိုတယ္မွမတည္းပါနဲ႔..."
"ဟင္...ကြ်န္ေတာ္ ဒီမွာညေစာင့္မယ္ေလ...အန္တီ..."
"မရဘူး...သားရဲ႕...ပင္ပန္းေနမွာပဲကို...ဦးလတ္နဲ႔အတူအိမ္ကိုလိုက္သြား...အန္တီေစာင့္ခဲ့မယ္"
"ရပါတယ္...ကြ်န္ေတာ္ညေစာင့္ပါ့မယ္"
"အဲကြယ္...အားမနာနဲ႔သြားပါ...လိုက္သြား..."
"ရတယ္...အန္တီရဲ႕...ကြ်န္ေတာ္မနက္ျဖန္ညျပန္ရမွာပဲ...ခဏေလးပဲအခ်ိန္ကရွိေတာ့သူနဲ႔အတူရွိေနခ်င္လို႔ပါ..."
လူႀကီးေတြစိတ္ထဲဘယ္လိုထင္မလဲမသိေပမယ့္...
အဲလိုေျပာမွပဲျဖစ္ေတာ့မည္။
"အင္း...ဟုတ္တာပဲ...အန္တီနဲ႔အတူေစာင့္ရေအာင္...ဦးလတ္အိမ္ျပန္ေတာ့...ခ်ိဳ'မနက္ျဖန္မွအလုပ္ကိုခဏလာမယ္ေနာ္...ခ်ိဳ႕ဘာသာလာခဲ့မယ္...ဝင္မေခၚနဲ႔..."
ထိုညကေဆးရံုမွာပဲပင္လယ့္အေမနဲ႔အတူထမင္းစားၿပီး...ညဘက္မွာပင္လယ့္ကိုပဲေစာင့္ၾကည့္ေနခဲ့သည္။
------
Unicode
ဘာလုပ်ရမယ်ဆိုတာအစကတည်းကသိနေခဲ့ပေမယ့်..
အလုပ်တွေရှုပ်နေခဲ့တာကြောင့်...ခြေလှမ်းတွေကနှောင့်နှေးခဲ့ပါ၏။
မနက်စောစောကြီး...ရွှေရုပ်ဆီဖုန်းဆက်ပြီးတော့...ဦးနောင်နောင့်ဆီမှာဒိုင်းမွန်းဟောက်စ်ရဲ့သော့ကိုတောင်းခိုင်းရသည်။
သော့ကိုအမြန်ချောနဲ့ပို့ခဲ့တော့ သိပ်မကြာဘဲရောက်လာခဲ့သည်။
ပြီးတော့မှ...မိုနာ့ဆီဖုန်းထပ်ဆက်ရသည်။
"မိုနာ...အားနာပေမယ့်...
ငါ...ခွင့်သုံးရက်လောက်ယူလို့ဖြစ်မလား...သဘက်ခါကနေစပြီးတော့..."
"အင်း...ရတယ်လေ...မနက်ဖြန်ငါအလုပ်တက်မှာပဲ...အရေးကြီးလား..."
"အင်း...အရေးကြီးတယ်...ဆောရီးနော်...ငါမပြောပြနိုင်သေးလို့...မနေ့ကအတွက်တော့နောက်မှတောင်းပန်ပါ့မယ်"
"အင်း...ရတယ်.."
ဒီလိုနဲ့ဒိုင်းမွန်းဟောက်စ်မှာပင်လယ့်ရဲ့အရင်ကောင်မလေးရဲ့ဖုန်းနံပတ်ကိုရှာပြီးဆက်ရသည်။
ပြီးမှဇေယျရဲ့ဖုန်းနံပတ်ကိုတောင်း...
ပြီးတော့မှ...သူ့အမေရဲ့မေးလ်လိပ်စာနဲ့ဖုန်းနံပတ်ကိုတောင်းရသည်။
"မင်းနဲ့အတူရှိတဲ့ညမှာဖြစ်ခဲ့တာလား"
ဇေယျမေးတာကိုတောင်သေချာပြန်မဖြေနိုင်ဘဲ....
အလောတကြီးနဲ့ပဲ သူ့အမေဆီဆက်သွယ်ရသည်။
"ဟဲလို...နေပင်လယ့်အိမ်ကလားဗျာ..."
"ဟုတ်ပါတယ်..."
"သူအခုဘယ်လိုနေသေးလဲ...သူသတိရပြီလား...ဆေးရုံပေါ်မှာလား...အသက်အန္တရာယ်ရှိနေသေးလား..."
ဖုန်းတစ်ဖက်မှတုန်တုန်ရီရီနဲ့တရစပ်မေးလာသောမေးခွန်းများကဆက်တိုက်မို့...ဖုန်းလာကိုင်တဲ့ ဦးလတ်က ပြုံးသွားခဲ့သည်။
"အင်း...နေပင်လယ်ကိုမေးချင်တာထင်တယ်...သူ့သူငယ်ချင်းလား..."
"ဟုတ်ကဲ့...ဘယ်လိုနေသေးလဲအခု...."
"အင်း...ပင်လယ်က သတိတော့မရသေးပေမယ့်...အသက်အန္တရာယ်တော့မစိုးရိမ်ရတော့ဘူး...ဆေးရုံပေါ်မှာပဲရှိနေသေးတယ်..."
အသက်အန္တရာယ်မရှိတော့တာတစ်ခုထဲနဲ့စိတ်ကတော်တော်အေးသွားခဲ့ပါသည်။
ဒါပေမယ့် ရင်တုန်နေတာကတော့မပျောက်နိုင်သေးဘဲ...စကားတွေတောင်ထစ်နေမိသည်။
ဇေယျကြောင့်အဆက်သွယ်တစ်ခုပြန်ရသွားတာကိုတောင်ထိုင်ရှိခိုးမတတ်ကျေးဇူးတင်နေမိ၏။
အုပ်စိုးကို လေယာဉ်လက်မှတ်ဝယ်ခိုင်းပြီး ချက်ချင်းလိုက်သွားဖို့ပြင်ကာ...
မိုနာ့က်ိုတော့အုပ်စိုးကနေတဆင့်စကားပါးလိုက်ပါသည်။
ခွင့်နည်းနည်းလေးထပ်ယူမည်။
------------
(နိုင်ငံဂျားဆေးရုံမို့အင်္ဂလိပ်လိုပြောနေတာနော်...ကိုယ်ကအီးမကျွမ်းတော့ပေါက်မပြနိုင်ဘူး...😬😬😬)
"ဟုတ်ကဲ့...ဒီမှာလက်မှတ်လေးထိုးပေးနော်..."
"---"
"ဒီကနေညာဘက်ကိုချိုးရင်ဓာတ်လှေကားတွေ့လိမ့်မယ်...ခုနစ်ထပ်ကိုစီးသွားပါနော်...အခန်းနံပတ်က 7011 ပါ။ ဒီစာရွက်မှာပါပါတယ်...ဓါတ်လှေကားထဲကထွက်တာနဲ့ဒီစာရွက်လေးကိုကောင်တာမှာပြလိုက်ပါနော်...နောက်ပြီးဒီကတ်ပြားလေးကိုချိတ်သွားပေးပါ"
အပြာရောင်ကြိုးလေးနဲ့ဧည့်တွေ့ကတ်ပြားလေးကိုဝန်ထမ်းမိန်းကလေးကပေးတော့...ယူပြီးအမြန်ထွက်လာခဲ့ကာ ဓါတ်လှေကားရှေ့စောင့်နေရင်းနဲ့ လက်ကနာရီကိုတကြည့်ကြည့်...။
ဓါတ်လှေကားကလည်းကြာနေလိုက်တာ....
တွေ့ချင်ဇောနဲ့ စိတ်တွေသိပ်မြန်နေပြီး အရာရာကနှေးကွေးနေခဲ့၏။
7011 အခန်းရှေ့မှာခြေစုံတောင်ရပ်ပြီးလူနာရဲ့နာမည်၊ ဘာညာတောင်မစစ်ဆေးနိုင်ဘဲ တံခါးကိုလျင်မြန်စွာဆွဲဖွင့်ကာဝင်သွားခဲ့မိသည်။
ခြေသံတွေကြမ်းကုန်တာကိုတောင်ဂရုမစိုက်မိဘဲ လိုက်ကာစပြာပြာလေးကိုမြင်လိုက်မှ စိတ်ကိုလျော့ချမိသည်။
အကြမ်းပတမ်းကြီးနဲ့ဆိုရင် လူနာလန့်သွားဦးမည်။
လိုက်ကာစပြာပြာကိုဆွဲမတင်လိုက်တော့...
နဲနဲလေးဦးပိုင်းထောင်ထားသည့်ဘီးတပ်ကုတင်ပေါ်မှာ...
နေပင်လယ်ကနှာခေါင်းတွေရောပါးစပ်တွေမှာပါ...နောက်ထပ်ပြီးရင်ဘတ်တွေ...ဝမ်းဗိုက်တွေမှာပိုက်တွေတန်းလန်းနဲ့....ငြိမ်သက်စွာသူ့ကိုစောင့်ကြိုနေ၏။
လမ်းတလျှောက်လုံးတင်းထားခဲ့သည့်...စိတ်ကယခုကျမှအထိန်းအကွပ်မဲ့ပြီး...ဒူးပါညွှတ်ခွေလို့လဲကျသွားခဲ့သည်။
ငါ...မင်းဆီအရောက်လာနိုင်ခဲ့ပြီ။
စည်းက ခွေလဲသွားတဲ့အတိုင်းအတန်ကြာအောင် ကြမ်းပြင်ပေါ်မှာကျောက်ရုပ်တစ်ရုပ်လိုထိုင်နေခဲ့မိသည်။
သူတွေးထားသလိုပဲ အမျိုးမျိုးသောပိုက်တွေရှုပ်ယှက်ခတ်နေခဲ့ပြီး ခပ်ဝေးဝေးမှကြည့်ရတာတောင်နှုတ်ခမ်းတွေဖြူရော်နေတဲ့ ပင်လယ်က ငြိမ်သက်လျက်သားလေး။
ပင်လယ်......!...
နှုတ်ကနေအော်ခေါ်လိုက်ချင်ပေမယ့်အသံကမထွက်ဘဲ မျက်ရည်တွေသာမရပ်မနားစီးကျနေလျက် ထိုင်ကြည့်နေခဲ့မိသည်။
အခန်းထဲသို့ဝင်လာခဲ့တဲ့ အရပ်တော်တော်မြင့်ပြီး ရှင်းသန့်လှပလှတဲ့ ယောကျာ်းပျိုလေးဟာ သူမရဲ့သားလေးအရွယ်ပဲရှိဦးမှာပါ။
လိုက်ကာကိုဆွဲမတင်ပြီးကုတင်ပေါ်မှသားဖြစ်သူကိုကြည့်ပြီး...ခွေလဲကျကာကျောက်ရုပ်လိုမျက်ရည်တွေစီးကျနေခဲ့တာကိုမြင်တော့...
တနေ့ကဖုန်းဆက်လာခဲ့သည့်...သားသူငယ်ချင်းဖြစ်မည်လို့ထင်လိုက်၏။
ဦးလတ်ကပြောခဲ့တာအရဆိုရင်...
"စည်း"ဆိုတဲ့နာမည်ဆန်းဆန်းနဲ့ကောင်လေးပါတဲ့...
"သား...ဘယ်သူလဲ...စည်း'ဆိုတဲ့တစ်ယောက်လား"
ငိုသံမထွက်အောင်ပါးစပ်ကိုတင်းတင်းစေ့ထားရလို့နားထင်ကြောတွေပါတင်းပြီးဖုထစ်နေကာ...
ပေါက်ထွက်ခါနီးပူဖောင်းတစ်လုံးလိုဖြစ်နေတဲ့မျက်နှာလေးကနီရဲလို့။
သူမမေးတာကို ပြန်မဖြေနိုင်ဘဲခေါင်းကိုသာတွင်တွင်ညိတ်ပြသည်။
သူမကအနီးထိသွား၍ပုံ့ပုံ့လေးထိုင်လျက်ကျနေသည့်စည်းရဲ့လက်နှစ်ဖက်ကိုဆွဲယူလိုက်သည်။
"အန်တီက...သူ့အမေပါ...သားအရမ်းစိတ်ထိခိုက်နေပုံရတယ်...အပြင်ဘက်အခန်းသွားရအောင်...ထလိုက်ပါ"
သူမခေါ်ရာကိုထလိုက်လာခဲ့မိပြီး စည်းကမျက်ရည်တွေကိုထိန်းသုတ်ကာ သူမမျက်နှာကိုစေ့စပ်စွာကြည့်မိသည်။
နှုတ်ခမ်းလေးတစ်ခုပဲ ချွတ်စွပ်ထားသလိုတူပြီး ကျန်တာဘာမှမတူတဲ့ အဲဒီအမျိုးသမီးက ပင်လယ့်အမေတဲ့လား။
"စည်း...လို့ခေါ်တဲ့ကောင်လေး...ဟုတ်ပါတယ်နော်"
"ဟုတ်ကဲ့...ကျွန်တော်ပါပဲ...သူ့သူငယ်ချင်းပါ"
"သားကအခုနောက်ပိုင်းမှသိခဲ့ရတာထင်တယ်နော်...သားနေနဲ့ပတ်သက်လို့ဇေယျတစ်ယောက်နဲ့ပဲအန်တီကအဆက်အသွယ်ရှိနေတာ"
"ဟုတ်ကဲ့...သူနဲ့သိခဲ့တာသိပ်မကြာသေးဘူး...သုံးလေးလပဲရှိဦးမှာပါ"
"သားနေ...အဲလိုမတော်တဆမဖြစ်ခင်အထိအတူရှိခဲ့တာလား..."
"ဟုတ်ကဲ့...ကျွန်တော်နဲ့အတူတူရှိနေခဲ့တာ..."
လွတ်လပ်စွာငိုချချင်နေသည့်စိတ်ကိုထိန်းထားရင်းပြောတာမို့...စည်းရဲ့အသံကတုန်ရီနေပါသည်။
"သူအသက်အန္တရာယ်မရှိတော့ဘူး...သားရဲ့...မငိုနဲ့...သူလဲငိုစေချင်မှာမဟုတ်ဘူး..."
စည်းကခေါင်းကိုပဲညိတ်ကာ...မငိုဖို့ကြိုးစားရသည်။
"ခေါ်လာခဲ့ကတည်းကသတိမရသေးတာလား"
"အင်း...ဖြစ်ပြီးကတည်းကဒီအတိုင်းပဲရှိနေတာ..."
မျက်ရည်ဝဲလာတော့သူမကမျက်တောင်လေးခတ်လိုက်ပြီး...ဦးမော့သလိုလုပ်သည်။
ကိုယ်တောင်မှရူးမတတ်ဖြစ်သွားခဲ့တာပါ...
မိခင်ဖြစ်သူကပို၍အဆပေါင်းများစွာဆိုးဆိုးဝါးဝါးစိတ်ထိခိုက်မည်ပေါ့.....
"အန်တီ...သူလေ...သူ......."(ကျွန်တော့်ကြောင့်ဖြစ်ရတာ) ဟုပြောပြချင်ပေမယ့်...ပြောမထွက်နိုင်ပေ။
ရင်ထဲမှာဆို့နစ်စွာ...အချိန်ယူပြီးမှဖွင့်ပြောပြီးတောင်းပန်ပါ့မယ်အန်တီ.....
"မျက်ရည်သေချာသုတ်လိုက်ဦး...ပြီးတော့သားနေကိုနှုတ်ဆက်လိုက်ပါ...သူပျော်နေမှာပဲ..."
"ဟုတ်ကဲ့..."
--------
တတီတီနဲ့နှလုံးခုန်နှုန်းကပုံမှန်ပြေးနေသည်။
အဲဒါ...သူ့ရဲ့ရင်ခုန်သံပဲဟု...တွေးနေမိပြီး...အဲဒီစက်သံလေးကိုပဲမျက်လုံးမှိတ်ကာခဏနားထောင်ကြည့်၏။
ငါ...နားကပ်ပြီး နားထောင်ခဲ့ဖူးတဲ့မင်းရဲ့နှလုံးခုန်နှုန်းလေးတဲ့လား...
သွေးမရှိဘဲဖြူဆွတ်နေတဲ့ပင်လယ့်လက်တစ်ဖက်ကိုဖွဖွလေးဆုပ်ထားတော့ အေးစက်နေလိုက်တာ။
ငါမင်းလက်ကိုကိုင်ထားတယ်လေ...ပင်လယ်ရဲ့...
အဲလောက်ထိအေးစက်နေဖို့လိုလို့လား.....
ငါ့ကြောင့်ရင်ခုန်တယ်ဆို...ငါ့ကြောင့်မင်း...နွေးထွေးရတယ်ဆို....
အခုလိုအေးတိအေးစက်နဲ့....ဖြစ်နေတာ...ဘာသဘောလဲ....
တကယ် ငါ...မခံစားနိုင်လို့ပါ.....
ကျေးဇူးပြုပြီး.....အမြန်နိုးလာခဲ့ပေးပါ....။
နံဘေးစောင်းမြင်နေရသည့်နှာတံလုံးလုံးလေးတွေနဲ့နှုတ်ခမ်းလေးတွေအထိသွေးမရှိဘဲဖြူဖွေးနေတော့ ပိုပြီးငိုချင်သည်။
အဲလိုကြီးတည်တင်းမနေပါနဲ့....ပင်လယ်ရဲ့...
ငါတကယ်...မနေတတ်တော့ဘူး...
ဒီဘက်ကိုခေါင်းလေးနည်းနည်းတော့လှည့်ပါ...နေပင်လယ်....
ငါ့ကို နဲနဲလေးတော့ပြုံးပြပါ...။
ရတယ်...သွားတွေပေါ်တဲ့အထိမရယ်နဲ့ရတယ်...
နှုတ်ခမ်းလေးမဲ့ပြတာပဲဖြစ်ဖြစ်နဲနဲတော့...ငါ့ကိုအဖက်လုပ်ပါဦး....။
နိုးထလာပြီး.....အခု...ငါ့ကို...အရင်လိုစေးကပ်ကပ်နဲ့စကားတွေပြောပါဦး...။
မရ,အရ,လိုက်ပြီးနောက်ပါ...စ,ပါဦး...။
ငါထပ်ပြီးစိတ်မဆိုးပါဘူး...။
ငိုမိမှာစိုးလို့နှုတ်ခမ်းတွေကိုစေ့ပိတ်ထားပြီးအံပါကြိတ်ရသည်။
မငိုတော့ဘူး...မင်းဘာအန္တရာယ်မှမရှိတော့ဘူးပဲ...
ပြန်နိုးလာမှာလဲသေချာနေတာပဲ.....
ကိုယ့်စိတ်ကိုကိုယ်အားတင်းလိုက်ရင်း ဆုံးဖြတ်ချက်ချသည်။
ထပ်မငိုတော့ပြီ။
--------
"သား...မင်း...အိမ်မှာပဲအိပ်လိုက်ပါ...ဘယ်ဟိုတယ်မှမတည်းပါနဲ့..."
"ဟင်...ကျွန်တော် ဒီမှာညစောင့်မယ်လေ...အန်တီ..."
"မရဘူး...သားရဲ့...ပင်ပန်းနေမှာပဲကို...ဦးလတ်နဲ့အတူအိမ်ကိုလိုက်သွား...အန်တီစောင့်ခဲ့မယ်"
"ရပါတယ်...ကျွန်တော်ညစောင့်ပါ့မယ်"
"အဲကွယ်...အားမနာနဲ့သွားပါ...လိုက်သွား..."
"ရတယ်...အန်တီရဲ့...ကျွန်တော်မနက်ဖြန်ညပြန်ရမှာပဲ...ခဏလေးပဲအချိန်ကရှိတော့သူနဲ့အတူရှိနေချင်လို့ပါ..."
လူကြီးတွေစိတ်ထဲဘယ်လိုထင်မလဲမသိပေမယ့်...
အဲလိုပြောမှပဲဖြစ်တော့မည်။
"အင်း...ဟုတ်တာပဲ...အန်တီနဲ့အတူစောင့်ရအောင်...ဦးလတ်အိမ်ပြန်တော့...ချို'မနက်ဖြန်မှအလုပ်ကိုခဏလာမယ်နော်...ချို့ဘာသာလာခဲ့မယ်...ဝင်မခေါ်နဲ့..."
ထိုညကဆေးရုံမှာပဲပင်လယ့်အမေနဲ့အတူထမင်းစားပြီး...ညဘက်မှာပင်လယ့်ကိုပဲစောင့်ကြည့်နေခဲ့သည်။