သူ႔စိတ္ေတြက သိပ္ၿပီးအလ်င္လိုေနေတာ့ အရာအားလံုးေနာက္က်ေနသလိုခံစားရသည္။
ေဆးရံုကိုေရာက္ေတာ့...ဧည့္ေကာင္တာေရွ႕မွာအလြဲလြဲအမွားမွား။
"ကြ်န္ေတာ္....ေနပင္လယ္ဆိုတဲ့လူနာ...ဟို..."
စကားေတြေတာင္ထစ္ေနကာဘယ္ကေနစေမးရမွန္းမသိေတာ့...။
"ဟိုေလ...(---)ၿမိဳ႕ကျပည္သူ႔ေဆးရံုကေနလာလြဲယူသြားတဲ့လူနာ...အဲဒါ...ဘယ္မွာလဲသိခ်င္လို႔ပါ"
"ဟုတ္ကဲ့...အကို႔နာမည္နဲ႔ လူနာနာမည္ေလးေျပာေပးေနာ္..."
"စည္းပါ..."
"ဟုတ္ကဲ့...အကိုေရ...လူနာနာမည္ကေနပင္လယ္ပါေနာ္..."
"ဟုတ္တယ္..."
"အဲဒီလူနာကခုနတုန္းကမွႏိုင္ငံျခားေဆးရံုတစ္ခုကိုလြဲခဲ့ၿပီးပါၿပီ..."
"ဘယ္လို..."
"ဟုတ္ကဲ့ရွင့္...သူ႔အုပ္ထိန္းသူရဲ႕ဆႏၵနဲ႔ေဆးရံုထပ္ခ်ိန္းတာပါရွင့္"
"ဘယ္တုန္းကလဲ...အခုဒီမွာမရွိေတာ့တာလား"
"လြန္ခဲ့တဲ့မိနစ္သံုးဆယ္ေလာက္ကပါ..."
"ဘယ္ကိုထပ္လြဲတာလဲေဆးရံုက"
"အဲဒါကေတာ့ပုဂၢလိကေဆးရံုမို႔လို႔ေျပာလို႔မရပါဘူး..."
"ဒီမွာတျခားတာဝန္ရွိတဲ့လူနဲ႔ေတြ႕လို႔မရဘူးလား...ေမးလို႔မရဘူးလား"
"ဒါကေဆးရံုေတြရဲ႕လုပ္ထံုးလုပ္နည္းမို႔လို႔ပါ...စိတ္မရွိပါနဲ႔အစ္ကို"
အခုမွတကယ္လမ္းဆံုးသြားတာျဖစ္သည္။
နာက်င္စြာစိုးရိမ္ပူပန္ေနတဲ့ႏွလံုးသားေလးကတကယ္ကြဲေၾကခဲ့ရပါသည္။
မ်က္ရည္ေတြထပ္ဝဲလာေပမယ့္...သူဘာမွမျဖစ္ေသးဘူး...ဘာမွျဖစ္မွာမဟုတ္ဘူး...သူ႔အေမနဲ႔အတူမို႔...အဆင္ေျပတယ္...အျမန္သက္သာသြားမွာလို႔အားတင္းလိုက္ရင္း...
သူ႔ဆီအေရာက္သြားႏိုင္ဖို႔အတြက္ ကိုယ္ကိုယ္တိုင္က အားျပည့္ေနမွျဖစ္မည္။
--------
ေလးငါးႏွစ္ေလာက္ေဝးကြာခဲ့သည့္သားျဖစ္သူကိုသူမအခုလိုမ်ိဳးျပန္ျမင္ေတြ႕ရမည္ဟုလံုးဝမထင္ထားခဲ့ပါ။
သူမရဲ႕တစ္ဦးတည္းေသာရင္ႏွစ္သည္းျခာေလးကအခုလိုမ်ိဳး...
ဘီးတပ္ကုတင္ေပၚမွာ...ရႈပ္ယွက္ခတ္ေနတဲ့ပိုက္တန္းလန္းနဲ႔ၿငိမ္သက္စြာႀကိဳဆိုေနခဲ့တာ
ျမင္လိုက္ရရံုနဲ႔ရင္ေတြကြဲခဲ့သည္။
ျဖစ္ခဲ့တဲ့အမႈကလုပ္စရာရွိေသးေပမယ့္...ေငြကအရာရာကိုႏိုင္သည္မို႔...
အားလံုးကေငြေအာက္မွာအဆင္ေျပခဲ့သည္။
တာဝန္ခံဆရာဝန္မပါဘဲႏိုင္ငံရပ္ျခားကိုလူနာသယ္ခြင့္မရွိဘူးမို႔လို႔...
ရင္းႏွီးခဲ့ဖူးသည့္သူငယ္ခ်င္းပုဂၢလိကေဆးရံုမွဆရာဝန္ကိုအကူညီေတာင္းၿပီးေလယာဥ္တစ္စီးလံုးငွားၿပီးသားေန'ကိုေခၚခဲ့လိုက္သည္။
အသက္အႏၲရာယ္စိုးရိမ္စရာမရွိေတာ့ေပမယ့္...ျပန္လည္ႏိုးထလာဖို႔ကအခ်ိန္ၾကာႏိုင္သည္မို႔...
သူမနဲ႔အတူတပါထဲေခၚခဲ့တာျဖစ္သည္။
အခုထိအိပ္ေမာက်ေနဆဲျဖစ္တဲ့သားကို...
ဖက္ထားလိုက္...မ်က္ႏွာေလးကိုပူးကပ္ၿပီးစကားေတြေျပာလိုက္နဲ႔...သူမမွာအ႐ူးတေယာက္လို...။
ႏွစ္မ်ားစြာလြမ္းေနခဲ့ရသည္မို႔...လြမ္းသည့္စိတ္နဲ႔ေၾကကြဲရသည့္ႏွလံုးသားကပိုမိုေလးလံေနခဲ့သည္။
နႈတ္ခမ္းဖူးဖူးတစ္ခုကပဲသူမနဲ႔တူၿပီးက်န္တာအားလံုးကဆံုးပါးသြားခဲ့သည့္သူ႔ဒယ္ဒီနဲ႔တူတဲ့ သားေန'က အခုထိ ငယ္႐ုပ္မေပ်ာက္ခဲ့။
ကေလးတုန္းကအတိုင္း ႏူးညံ့လွေသာအသားအေရတို႔နဲ႔ ေခ်ာေမာတဲ့သားျဖစ္သူကိုၾကည့္လို႔မဝႏိုင္ဘဲ...
ဆံပင္ေလးေတြပြတ္သပ္ရင္းနမ္းရံႈ႕ေနမိသည္။
သားအျမန္ျပန္ေကာင္းဖို႔သာအလိုခ်င္ဆံုးျဖစ္ကာ...ထပ္ၿပီးေဝးေဝးကိုမေျပးဖို႔သူမေတာင္းဆုပန္ခ်င္သည္။
မာမီ့ကိုထပ္ခြဲမသြားပါနဲ႔...သားရယ္။
တေနကုန္ငိုလိုက္...သားျဖစ္သူကိုၾကည့္ၿပီးစကားေတြေျပာလိုက္နဲ႔...
ကိုယ့္မိန္းမအျဖစ္ကို ဦးလတ္'မျမင္ရက္ေတာ့။
သားေနကကိုယ့္သားအရင္းမဟုတ္ေပမယ့္...သားလိုပဲခ်စ္ခဲ့တာ အမွန္ျဖစ္သည္။
မုဆိုးမေလးျဖစ္သြားတဲ့ ခ်ိဳ႕ကို သနားစိတ္နဲ႔ ေယာက်ာ္းေသၿပီးတာနဲ႔ခ်က္ခ်င္းလက္ထပ္ယူခဲ့ၿပီးမွ သားေလးကသေဘာမတူခဲ့ဘူးဆိုတာကိုသိလိုက္ရသည္။
ေနာက္က်သြားခဲ့တာဆိုေပမယ့္ ကိုယ့္ဘက္ကေမတၱာေပးႏိုင္ရင္ အဆင္ေျပသြားမွာလို႔ထင္ခဲ့မိေပမယ့္...
ေနပင္လယ္ကသူ႔ကိုေရာ၊ မိခင္အရင္းကိုပါအျမင္မၾကည္ႏိုင္ခဲ့ဘဲ ေရွာင္ေျပးေနခဲ့တာ...ငါးႏွစ္နီးပါး။
သားေန...မင္းမၾကည့္လို႔မသိခဲ့တာပါကြာ...
တကယ္ကေႏြးေထြးမႈေတြကိုမင္းမျမင္တတ္ခဲ့လို႔...
မင္းရဲ႕မာမီ ကမင္းကိုအၿမဲလြမ္းဆြတ္တမ္းတေနခဲ့တာ...
မင္းသတိရလာတဲ့တေန႔က်ရင္ဦးလတ္ေသခ်ာျပန္ေျပာျပပါ့မယ္။
---------------
ေန႔ခ်င္းရထားစီးျပန္လာခဲ့ၿပီး...အိမ္ျပန္ေရာက္တာနဲ႔ စည္းတစ္ေယာက္...လက္ပ္ေတာ့ပ္ကိုဖြင့္သည္။
သူ႔လက္ပ္ေတာ့ပ္မွာေမးလ္ဝင္ဖတ္တတ္တဲ့ေနပင္လယ့္ရဲ႕အေကာင့္ေလးမ်ားက်န္ခဲ့မလားလို႔ေမွ်ာ္လင့္ခ်က္နဲ႔အိမ္အျမန္ျပန္ေျပးခဲ့တာ...
ဆုေတာင္းေတြမျပည့္ခဲ့ဘဲ.....ေနပင္လယ့္နာမည္ေလးကသာ name box မွာထီးထီးတည္းက်န္ခဲ့၏။
သြားၿပီ...။
လမ္းစေတြဘာတခုမွမရွိေတာ့ဘူး။
ထိုင္ခံုမွာေသခ်ာေတာင္မထိုင္ႏိုင္ေတာ့ဘဲ...ဆံပင္ေတြဆြဲဖြလ်က္ၾကမ္းျပင္ေပၚပံုခနဲလဲက်ကာ ေခါင္းထဲမွာမူးကနဲမိုက္ကနဲ...။
အသက္ကိုဝဝရွဴေပမယ့္တခုခုကလည္ၿမိဳကိုညစ္ထားသလို...ႏွလံုးသားကအပ္ခ်ည္အရြယ္ေလာက္ရွိတဲ့သံမဏိႀကိဳးပါးပါးနဲ႔ကြန္ခ်ာအုပ္ခံထားရသလိုမ်ိဳးတင္းက်ပ္နာက်င္ေနခဲ့သည္။
ေနပင္လယ့္ကိုရွာဖို႔ သဲလြန္စဘာမွမရွိၿပီ။
မ်က္လံုးအစံုမွိတ္ၿပီးစိတ္ကိုေလ်ာ့ခ်ၾကည့္လိုက္မွ သူ႔အခန္းငယ္တစ္ခုလံုးအေမွာင္အတိၿပီးလ်က္.....ေလာကနဲ႔ေခတၱအဆက္အသြယ္ျပတ္ေလသည္။
မေန႔ကေရာဒီေန႔အထိတေနကုန္အစာမစားထားဘဲ
ေသြးေၾကာထဲမွာ ေကာ္ဖီတခ်ိဳ႕နဲ႔စီးကရက္သာရွိၿပီး...
တေနကုန္ေျပးလိုက္လႊားလိုက္နဲ႔ပူေဆြးေသာကေတြေၾကာင့္ခႏၶာကိုယ္ကမဟန္ႏိုင္ခဲ့။
--------
ရံုးမတက္လာဘူးဆိုတဲ့စည္းကို ဦးႏိုင္က မနက္ကတည္းကဖုန္းဆက္ေနခဲ့တာ လက္ကိုင္ဖုန္းေရာ၊ အိမ္ဖုန္းေရာ ကိုင္သူမဲ့ေနသည္။
ဒီေကာင္ေလးဘာေတြလုပ္ေနျပန္တာလဲ.....
ဖုန္းဆက္မရလို႔ စိတ္ပူလာေတာ့ညေနေျခာက္နာရီေလာက္မွာစည္းရဲ႕အခန္းကိုလိုက္လာခဲ့သည္။
မိုနာ့မွာေသာ့အပိုရွိေနတာေၾကာင့္ေတာင္းယူၿပီးဖြင့္ဝင္ခဲ့ေတာ့ အခန္းတစ္ခုလံုးေမွာင္မဲေနသည္မို႔မျမင္မစမ္းဝင္ၿပီး မီးဖြင့္လိုက္ေတာ့မွ အိမ္ေရွ႕ခန္းထဲပံုလ်က္လဲက်ေနသည့္ စည္းကိုေတြ႕ရသည္။
"စည္း...စည္း..."
"အင္း.."
ေမ့လဲေနတာလို႔ထင္ေပမယ့္ ျပန္ထူးေနေသးတာေၾကာင့္ စိတ္အနည္းငယ္ေအးသြားခဲ့သည္။
"စည္း...ဘာျဖစ္တာလဲ..."
ဦးႏိုင္ကစည္းရဲ႕ဦးေခါင္းကိုပါဆြဲေပြ႕လိုက္ၿပီးပါးေလးက္ိုပုတ္ၿပီးေမးေတာ့ တအင္းအင္းနဲ႔ညည္းညဴသည္။
"စည္း...သတိရွိေနလား..."
"အင္း...ဘယ္သူလဲ..."
"...ဦးႏိုင္"
"ကြ်န္ေတာ္...ေခါင္းမူးလို႔..."
"အင္း.....ခဏ"
စည္းရဲ႕အိမ္ခန္းထဲဝင္သြားၿပီးေခါင္းအံုးယူထုတ္လာကာေခါင္းေအာက္ကိုထားေပးလိုက္သည္။
ေျခတဖက္ထိခိုက္ထားတဲ့ လူႀကီးမို႔ စည္းကို မ,ခ်ီလို႔မႏိုင္၊ တြဲလို႔လဲမႏိုင္ပါ။
ဒါ့အျပင္ေတာင္ေဝွးရွိမွလမ္းေလွ်ာက္လို႔ရတာမို႔...ကိုယ့္ကိုယ္ကိုယ္ေတာင္အႏိုင္ႏိုင္။
"ထလို႔မႏိုင္ဘူးမလား...ခဏေလးေနလိုက္အံုး၊ ဦးႏိုင္ေရသြားခပ္ခဲ့မယ္..."
"အင္း"
ေရခပ္ခဲ့ဖို႔ၾကံၿပီးမွ အားနည္းေနတဲ့ပံုေပါက္ေနတဲ့စည္းကို သၾကားရည္တိုက္ဖို႔သတိရကာ...သၾကားရည္ေဖ်ာ္ၿပီးေရွ႕ျပန္ထြက္လာသည္။
"စည္း...ထထိုင္ၾကည့္...သၾကားေရနဲနဲေသာက္လိုက္"
သၾကားရည္ေသာက္ၿပီး စည္းကနဲနဲေခါင္းထူလာႏိုင္ေတာ့မွ...ဆိုဖာေပၚေျပာင္းထိုင္ေစသည္။
"မင္းအဆင္ေျပၿပီလား..."
"ဟုတ္ကဲ့ဦးႏိုင္...ဘယ္တုန္းကေရာက္တာလဲ..."
"ညေနငါးနာရီေလာက္ကအိမ္ကထြက္လာတာ...ေနပင္လယ့္အေၾကာင္းကိုမိုနာ့ဆီကၾကားလာတယ္"
"ဟုတ္တယ္...သူသတိမရလာဘူးတဲ့...သူ႔အေမလိုက္လာတယ္တဲ့..."
"ေအး...သူ႔အေမလိုက္လာတာေတာ္ေသးတာေပါ့....ဘယ္လိုျဖစ္သြားတာလဲ"
"မနက္ေလးနာရီမွာကားပါကင္ကအထြက္အိပ္ငိုက္ၿပီးေမာင္းလာတဲ့ကုန္ကားကဝင္တိုက္တာတဲ့"
"အိုး.....စိတ္မေကာင္းလိုက္တာ...ဒဏ္ရာကေရာ..."
"ညာဘက္လက္နဲ႔ေျခက်ိဳးတယ္...နံ႐ိုးက်ိဳးတယ္...သတိျပန္လည္ဖို႔ၾကာမယ္တဲ့"
စည္းကမ်က္ႏွာကိုလက္နဲ႔အုပ္ထားၿပီးငိုသံေလးနဲ႔ျဖစ္ေနတာမို႔ စိတ္မေကာင္းျဖစ္ေနတာလို႔သိလိုက္သည္။
"အဆင္ေျပသြားမွာပါ...မင္းေတာ္ေတာ္လန္႔ေနတာ....စိတ္မပူနဲ႔...သူအဆင္ေျပမွာပါ"
"ဒါေပမယ့္ဦးႏိုင္ရယ္........."
မ်က္ရည္ေတြျပည့္ေနတဲ့မ်က္လံုးေၾကာင့္ဦးႏိုင့္မ်က္ႏွာကိုဝါးတားတားပဲျမင္ေနကာ...ငိုခ်င္တဲ့စိတ္ကိုထိန္းမရ။
"ကြ်န္ေတာ္ေလ......"
"ျဖစ္တတ္ပါတယ္....အဲေလာက္စိတ္ပူသြားမွာပဲ...စိတ္မေကာင္းမျဖစ္နဲ႔...သူ႔အေမလာေခၚသြားတာမလား"
"အင္း...ဟိုႏိုင္ငံကိုေခၚသြားၿပီေလ...."
အင့္'ခနဲရိႈက္သံပါပါလာေတာ့....
တူေလးရဲ႕ေက်ာျပင္ကိုဖြဖြပြတ္သပ္ကာ ေခ်ာ့မိသည္။
သူငယ္ခ်င္းဆိုလို႔ မိုနာကလြဲၿပီး ဘယ္သူ႔ကိုမွမတြယ္တာခဲ့ဖူးတဲ့ စည္းအတြက္ ပင္လယ္ဟာ သံေယာဇဥ္တြယ္စရာျဖစ္ေနႏိုင္သည္။
ဒါ့ေၾကာင့္ တူျဖစ္သူကို ႏွစ္သိမ့္ေပးမိ၏။
"တေန႔ျပန္ေတြ႕ၾကမွာပါကြာ..."
"ဒါေပမယ့္...ကြ်န္ေတာ္ေလ......ကြ်န္ေတာ္....."
"ေအးပါကြယ္...ျဖစ္တတ္ပါတယ္...
ဒါေပမယ့္ အနည္းဆံုး သူ႔အသက္အႏၲရာယ္မရွိေတာ့တာကဝမ္းသာစရာမဟုတ္ဘူးလား"
ပင္လယ္နဲ႔ စည္းတို႔ၾကားကကိစၥေတြ၊ အေၾကာင္းရာေတြကို ဘာတစ္ခုမွသိမထားတဲ့ ဦးႏိုင္ကေတာ့ ႐ိုး႐ိုးသားသားေလးပဲေတြးေနခဲ့သည္။
သူငယ္ခ်င္းျဖစ္သူ ထိခိုက္သြားလို႔ စည္းက ယူၾကံဳးမရျဖစ္ေနခဲ့သည္ေပါ့။
စည္းရဲ႕သ႑န္အစစ္ကို ဦးႏိုင္က မသိဘဲ သနားလို႔ေတာင္ေနသည္။
"ကြ်န္ေတာ္က..."
(သူနဲ႔ခြဲမေနႏိုင္ေတာ့ဘူး...ကြ်န္ေတာ္ သူ႔ကိုခ်စ္ေနၿပီ..)
စကားကိုအဆံုးထိဖြင့္မေျပာႏိုင္ပါဘဲ...အင့္'ခနဲ
ႀကိတ္ရိႈက္သည့္အသံေလးသာထြက္ႏိုင္ခဲ့တဲ့စည္းရဲ႕ ဆံပင္ေလးကို ဖြဖြေလးဦးႏိုင္ကပြတ္သပ္ေနခဲ့သည္။
ေသြးစိမ္းရွင္ရွင္ထြက္ေနတဲ့ႏွလံုးသားကိုထိန္းထားရတာ.....အဆတိုးလို႔ပိုၿပီးနာတယ္...
ပင္လယ္ရဲ႕...
Unicode
သူ့စိတ်တွေက သိပ်ပြီးအလျင်လိုနေတော့ အရာအားလုံးနောက်ကျနေသလိုခံစားရသည်။
ဆေးရုံကိုရောက်တော့...ဧည့်ကောင်တာရှေ့မှာအလွဲလွဲအမှားမှား။
"ကျွန်တော်....နေပင်လယ်ဆိုတဲ့လူနာ...ဟို..."
စကားတွေတောင်ထစ်နေကာဘယ်ကနေစမေးရမှန်းမသိတော့...။
"ဟိုလေ...(---)မြို့ကပြည်သူ့ဆေးရုံကနေလာလွဲယူသွားတဲ့လူနာ...အဲဒါ...ဘယ်မှာလဲသိချင်လို့ပါ"
"ဟုတ်ကဲ့...အကို့နာမည်နဲ့ လူနာနာမည်လေးပြောပေးနော်..."
"စည်းပါ..."
"ဟုတ်ကဲ့...အကိုရေ...လူနာနာမည်ကနေပင်လယ်ပါနော်..."
"ဟုတ်တယ်..."
"အဲဒီလူနာကခုနတုန်းကမှနိုင်ငံခြားဆေးရုံတစ်ခုကိုလွဲခဲ့ပြီးပါပြီ..."
"ဘယ်လို..."
"ဟုတ်ကဲ့ရှင့်...သူ့အုပ်ထိန်းသူရဲ့ဆန္ဒနဲ့ဆေးရုံထပ်ချိန်းတာပါရှင့်"
"ဘယ်တုန်းကလဲ...အခုဒီမှာမရှိတော့တာလား"
"လွန်ခဲ့တဲ့မိနစ်သုံးဆယ်လောက်ကပါ..."
"ဘယ်ကိုထပ်လွဲတာလဲဆေးရုံက"
"အဲဒါကတော့ပုဂ္ဂလိကဆေးရုံမို့လို့ပြောလို့မရပါဘူး..."
"ဒီမှာတခြားတာဝန်ရှိတဲ့လူနဲ့တွေ့လို့မရဘူးလား...မေးလို့မရဘူးလား"
"ဒါကဆေးရုံတွေရဲ့လုပ်ထုံးလုပ်နည်းမို့လို့ပါ...စိတ်မရှိပါနဲ့အစ်ကို"
အခုမှတကယ်လမ်းဆုံးသွားတာဖြစ်သည်။
နာကျင်စွာစိုးရိမ်ပူပန်နေတဲ့နှလုံးသားလေးကတကယ်ကွဲကြေခဲ့ရပါသည်။
မျက်ရည်တွေထပ်ဝဲလာပေမယ့်...သူဘာမှမဖြစ်သေးဘူး...ဘာမှဖြစ်မှာမဟုတ်ဘူး...သူ့အမေနဲ့အတူမို့...အဆင်ပြေတယ်...အမြန်သက်သာသွားမှာလို့အားတင်းလိုက်ရင်း...
သူ့ဆီအရောက်သွားနိုင်ဖို့အတွက် ကိုယ်ကိုယ်တိုင်က အားပြည့်နေမှဖြစ်မည်။
--------
လေးငါးနှစ်လောက်ဝေးကွာခဲ့သည့်သားဖြစ်သူကိုသူမအခုလိုမျိုးပြန်မြင်တွေ့ရမည်ဟုလုံးဝမထင်ထားခဲ့ပါ။
သူမရဲ့တစ်ဦးတည်းသောရင်နှစ်သည်းခြာလေးကအခုလိုမျိုး...
ဘီးတပ်ကုတင်ပေါ်မှာ...ရှုပ်ယှက်ခတ်နေတဲ့ပိုက်တန်းလန်းနဲ့ငြိမ်သက်စွာကြိုဆိုနေခဲ့တာ
မြင်လိုက်ရရုံနဲ့ရင်တွေကွဲခဲ့သည်။
ဖြစ်ခဲ့တဲ့အမှုကလုပ်စရာရှိသေးပေမယ့်...ငွေကအရာရာကိုနိုင်သည်မို့...
အားလုံးကငွေအောက်မှာအဆင်ပြေခဲ့သည်။
တာဝန်ခံဆရာဝန်မပါဘဲနိုင်ငံရပ်ခြားကိုလူနာသယ်ခွင့်မရှိဘူးမို့လို့...
ရင်းနှီးခဲ့ဖူးသည့်သူငယ်ချင်းပုဂ္ဂလိကဆေးရုံမှဆရာဝန်ကိုအကူညီတောင်းပြီးလေယာဉ်တစ်စီးလုံးငှားပြီးသားနေ'ကိုခေါ်ခဲ့လိုက်သည်။
အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့်...ပြန်လည်နိုးထလာဖို့ကအချိန်ကြာနိုင်သည်မို့...
သူမနဲ့အတူတပါထဲခေါ်ခဲ့တာဖြစ်သည်။
အခုထိအိပ်မောကျနေဆဲဖြစ်တဲ့သားကို...
ဖက်ထားလိုက်...မျက်နှာလေးကိုပူးကပ်ပြီးစကားတွေပြောလိုက်နဲ့...သူမမှာအရူးတယောက်လို...။
နှစ်များစွာလွမ်းနေခဲ့ရသည်မို့...လွမ်းသည့်စိတ်နဲ့ကြေကွဲရသည့်နှလုံးသားကပိုမိုလေးလံနေခဲ့သည်။
နှုတ်ခမ်းဖူးဖူးတစ်ခုကပဲသူမနဲ့တူပြီးကျန်တာအားလုံးကဆုံးပါးသွားခဲ့သည့်သူ့ဒယ်ဒီနဲ့တူတဲ့ သားနေ'က အခုထိ ငယ်ရုပ်မပျောက်ခဲ့။
ကလေးတုန်းကအတိုင်း နူးညံ့လှသောအသားအရေတို့နဲ့ ချောမောတဲ့သားဖြစ်သူကိုကြည့်လို့မဝနိုင်ဘဲ...
ဆံပင်လေးတွေပွတ်သပ်ရင်းနမ်းရှုံ့နေမိသည်။
သားအမြန်ပြန်ကောင်းဖို့သာအလိုချင်ဆုံးဖြစ်ကာ...ထပ်ပြီးဝေးဝေးကိုမပြေးဖို့သူမတောင်းဆုပန်ချင်သည်။
မာမီ့ကိုထပ်ခွဲမသွားပါနဲ့...သားရယ်။
တနေကုန်ငိုလိုက်...သားဖြစ်သူကိုကြည့်ပြီးစကားတွေပြောလိုက်နဲ့...
ကိုယ့်မိန်းမအဖြစ်ကို ဦးလတ်'မမြင်ရက်တော့။
သားနေကကိုယ့်သားအရင်းမဟုတ်ပေမယ့်...သားလိုပဲချစ်ခဲ့တာ အမှန်ဖြစ်သည်။
မုဆိုးမလေးဖြစ်သွားတဲ့ ချို့ကို သနားစိတ်နဲ့ ယောကျာ်းသေပြီးတာနဲ့ချက်ချင်းလက်ထပ်ယူခဲ့ပြီးမှ သားလေးကသဘောမတူခဲ့ဘူးဆိုတာကိုသိလိုက်ရသည်။
နောက်ကျသွားခဲ့တာဆိုပေမယ့် ကိုယ့်ဘက်ကမေတ္တာပေးနိုင်ရင် အဆင်ပြေသွားမှာလို့ထင်ခဲ့မိပေမယ့်...
နေပင်လယ်ကသူ့ကိုရော၊ မိခင်အရင်းကိုပါအမြင်မကြည်နိုင်ခဲ့ဘဲ ရှောင်ပြေးနေခဲ့တာ...ငါးနှစ်နီးပါး။
သားနေ...မင်းမကြည့်လို့မသိခဲ့တာပါကွာ...
တကယ်ကနွေးထွေးမှုတွေကိုမင်းမမြင်တတ်ခဲ့လို့...
မင်းရဲ့မာမီ ကမင်းကိုအမြဲလွမ်းဆွတ်တမ်းတနေခဲ့တာ...
မင်းသတိရလာတဲ့တနေ့ကျရင်ဦးလတ်သေချာပြန်ပြောပြပါ့မယ်။
---------------
နေ့ချင်းရထားစီးပြန်လာခဲ့ပြီး...အိမ်ပြန်ရောက်တာနဲ့ စည်းတစ်ယောက်...လက်ပ်တော့ပ်ကိုဖွင့်သည်။
သူ့လက်ပ်တော့ပ်မှာမေးလ်ဝင်ဖတ်တတ်တဲ့နေပင်လယ့်ရဲ့အကောင့်လေးများကျန်ခဲ့မလားလို့မျှော်လင့်ချက်နဲ့အိမ်အမြန်ပြန်ပြေးခဲ့တာ...
ဆုတောင်းတွေမပြည့်ခဲ့ဘဲ.....နေပင်လယ့်နာမည်လေးကသာ name box မှာထီးထီးတည်းကျန်ခဲ့၏။
သွားပြီ...။
လမ်းစတွေဘာတခုမှမရှိတော့ဘူး။
ထိုင်ခုံမှာသေချာတောင်မထိုင်နိုင်တော့ဘဲ...ဆံပင်တွေဆွဲဖွလျက်ကြမ်းပြင်ပေါ်ပုံခနဲလဲကျကာ ခေါင်းထဲမှာမူးကနဲမိုက်ကနဲ...။
အသက်ကိုဝဝရှူပေမယ့်တခုခုကလည်မြိုကိုညစ်ထားသလို...နှလုံးသားကအပ်ချည်အရွယ်လောက်ရှိတဲ့သံမဏိကြိုးပါးပါးနဲ့ကွန်ချာအုပ်ခံထားရသလိုမျိုးတင်းကျပ်နာကျင်နေခဲ့သည်။
နေပင်လယ့်ကိုရှာဖို့ သဲလွန်စဘာမှမရှိပြီ။
မျက်လုံးအစုံမှိတ်ပြီးစိတ်ကိုလျော့ချကြည့်လိုက်မှ သူ့အခန်းငယ်တစ်ခုလုံးအမှောင်အတိပြီးလျက်.....လောကနဲ့ခေတ္တအဆက်အသွယ်ပြတ်လေသည်။
မနေ့ကရောဒီနေ့အထိတနေကုန်အစာမစားထားဘဲ
သွေးကြောထဲမှာ ကော်ဖီတချို့နဲ့စီးကရက်သာရှိပြီး...
တနေကုန်ပြေးလိုက်လွှားလိုက်နဲ့ပူဆွေးသောကတွေကြောင့်ခန္ဓာကိုယ်ကမဟန်နိုင်ခဲ့။
--------
ရုံးမတက်လာဘူးဆိုတဲ့စည်းကို ဦးနိုင်က မနက်ကတည်းကဖုန်းဆက်နေခဲ့တာ လက်ကိုင်ဖုန်းရော၊ အိမ်ဖုန်းရော ကိုင်သူမဲ့နေသည်။
ဒီကောင်လေးဘာတွေလုပ်နေပြန်တာလဲ.....
ဖုန်းဆက်မရလို့ စိတ်ပူလာတော့ညနေခြောက်နာရီလောက်မှာစည်းရဲ့အခန်းကိုလိုက်လာခဲ့သည်။
မိုနာ့မှာသော့အပိုရှိနေတာကြောင့်တောင်းယူပြီးဖွင့်ဝင်ခဲ့တော့ အခန်းတစ်ခုလုံးမှောင်မဲနေသည်မို့မမြင်မစမ်းဝင်ပြီး မီးဖွင့်လိုက်တော့မှ အိမ်ရှေ့ခန်းထဲပုံလျက်လဲကျနေသည့် စည်းကိုတွေ့ရသည်။
"စည်း...စည်း..."
"အင်း.."
မေ့လဲနေတာလို့ထင်ပေမယ့် ပြန်ထူးနေသေးတာကြောင့် စိတ်အနည်းငယ်အေးသွားခဲ့သည်။
"စည်း...ဘာဖြစ်တာလဲ..."
ဦးနိုင်ကစည်းရဲ့ဦးခေါင်းကိုပါဆွဲပွေ့လိုက်ပြီးပါးလေးက်ိုပုတ်ပြီးမေးတော့ တအင်းအင်းနဲ့ညည်းညူသည်။
"စည်း...သတိရှိနေလား..."
"အင်း...ဘယ်သူလဲ..."
"...ဦးနိုင်"
"ကျွန်တော်...ခေါင်းမူးလို့..."
"အင်း.....ခဏ"
စည်းရဲ့အိမ်ခန်းထဲဝင်သွားပြီးခေါင်းအုံးယူထုတ်လာကာခေါင်းအောက်ကိုထားပေးလိုက်သည်။
ခြေတဖက်ထိခိုက်ထားတဲ့ လူကြီးမို့ စည်းကို မ,ချီလို့မနိုင်၊ တွဲလို့လဲမနိုင်ပါ။
ဒါ့အပြင်တောင်ဝှေးရှိမှလမ်းလျှောက်လို့ရတာမို့...ကိုယ့်ကိုယ်ကိုယ်တောင်အနိုင်နိုင်။
"ထလို့မနိုင်ဘူးမလား...ခဏလေးနေလိုက်အုံး၊ ဦးနိုင်ရေသွားခပ်ခဲ့မယ်..."
"အင်း"
ရေခပ်ခဲ့ဖို့ကြံပြီးမှ အားနည်းနေတဲ့ပုံပေါက်နေတဲ့စည်းကို သကြားရည်တိုက်ဖို့သတိရကာ...သကြားရည်ဖျော်ပြီးရှေ့ပြန်ထွက်လာသည်။
"စည်း...ထထိုင်ကြည့်...သကြားရေနဲနဲသောက်လိုက်"
သကြားရည်သောက်ပြီး စည်းကနဲနဲခေါင်းထူလာနိုင်တော့မှ...ဆိုဖာပေါ်ပြောင်းထိုင်စေသည်။
"မင်းအဆင်ပြေပြီလား..."
"ဟုတ်ကဲ့ဦးနိုင်...ဘယ်တုန်းကရောက်တာလဲ..."
"ညနေငါးနာရီလောက်ကအိမ်ကထွက်လာတာ...နေပင်လယ့်အကြောင်းကိုမိုနာ့ဆီကကြားလာတယ်"
"ဟုတ်တယ်...သူသတိမရလာဘူးတဲ့...သူ့အမေလိုက်လာတယ်တဲ့..."
"အေး...သူ့အမေလိုက်လာတာတော်သေးတာပေါ့....ဘယ်လိုဖြစ်သွားတာလဲ"
"မနက်လေးနာရီမှာကားပါကင်ကအထွက်အိပ်ငိုက်ပြီးမောင်းလာတဲ့ကုန်ကားကဝင်တိုက်တာတဲ့"
"အိုး.....စိတ်မကောင်းလိုက်တာ...ဒဏ်ရာကရော..."
"ညာဘက်လက်နဲ့ခြေကျိုးတယ်...နံရိုးကျိုးတယ်...သတိပြန်လည်ဖို့ကြာမယ်တဲ့"
စည်းကမျက်နှာကိုလက်နဲ့အုပ်ထားပြီးငိုသံလေးနဲ့ဖြစ်နေတာမို့ စိတ်မကောင်းဖြစ်နေတာလို့သိလိုက်သည်။
"အဆင်ပြေသွားမှာပါ...မင်းတော်တော်လန့်နေတာ....စိတ်မပူနဲ့...သူအဆင်ပြေမှာပါ"
"ဒါပေမယ့်ဦးနိုင်ရယ်........."
မျက်ရည်တွေပြည့်နေတဲ့မျက်လုံးကြောင့်ဦးနိုင့်မျက်နှာကိုဝါးတားတားပဲမြင်နေကာ...ငိုချင်တဲ့စိတ်ကိုထိန်းမရ။
"ကျွန်တော်လေ......"
"ဖြစ်တတ်ပါတယ်....အဲလောက်စိတ်ပူသွားမှာပဲ...စိတ်မကောင်းမဖြစ်နဲ့...သူ့အမေလာခေါ်သွားတာမလား"
"အင်း...ဟိုနိုင်ငံကိုခေါ်သွားပြီလေ...."
အင့်'ခနဲရှိုက်သံပါပါလာတော့....
တူလေးရဲ့ကျောပြင်ကိုဖွဖွပွတ်သပ်ကာ ချော့မိသည်။
သူငယ်ချင်းဆိုလို့ မိုနာကလွဲပြီး ဘယ်သူ့ကိုမှမတွယ်တာခဲ့ဖူးတဲ့ စည်းအတွက် ပင်လယ်ဟာ သံယောဇဉ်တွယ်စရာဖြစ်နေနိုင်သည်။
ဒါ့ကြောင့် တူဖြစ်သူကို နှစ်သိမ့်ပေးမိ၏။
"တနေ့ပြန်တွေ့ကြမှာပါကွာ..."
"ဒါပေမယ့်...ကျွန်တော်လေ......ကျွန်တော်....."
"အေးပါကွယ်...ဖြစ်တတ်ပါတယ်...
ဒါပေမယ့် အနည်းဆုံး သူ့အသက်အန္တရာယ်မရှိတော့တာကဝမ်းသာစရာမဟုတ်ဘူးလား"
ပင်လယ်နဲ့ စည်းတို့ကြားကကိစ္စတွေ၊ အကြောင်းရာတွေကို ဘာတစ်ခုမှသိမထားတဲ့ ဦးနိုင်ကတော့ ရိုးရိုးသားသားလေးပဲတွေးနေခဲ့သည်။
သူငယ်ချင်းဖြစ်သူ ထိခိုက်သွားလို့ စည်းက ယူကြုံးမရဖြစ်နေခဲ့သည်ပေါ့။
စည်းရဲ့သဏ္ဍန်အစစ်ကို ဦးနိုင်က မသိဘဲ သနားလို့တောင်နေသည်။
"ကျွန်တော်က..."
(သူနဲ့ခွဲမနေနိုင်တော့ဘူး...ကျွန်တော် သူ့ကိုချစ်နေပြီ..)
စကားကိုအဆုံးထိဖွင့်မပြောနိုင်ပါဘဲ...အင့်'ခနဲ
ကြိတ်ရှိုက်သည့်အသံလေးသာထွက်နိုင်ခဲ့တဲ့စည်းရဲ့ ဆံပင်လေးကို ဖွဖွလေးဦးနိုင်ကပွတ်သပ်နေခဲ့သည်။
သွေးစိမ်းရှင်ရှင်ထွက်နေတဲ့နှလုံးသားကိုထိန်းထားရတာ.....အဆတိုးလို့ပိုပြီးနာတယ်...
ပင်လယ်ရဲ့...