ခါတိုင္းနဲ႔မတူဘဲစည္းကအေတြးေတြထဲနစ္ေမ်ာေနပံုရကာ...အိမ္ျပန္လာကတည္းကမ်က္ႏွာမေကာင္းခဲ့။
"စည္း...မင္းေနမေကာင္းဘူးလား"
"အင္း...ေကာင္းပါတယ္...ဘာလို႔လဲ"
"တမ်ိဳးျဖစ္ေနတာလားလို႔...မေန႔ကကိစၥေတြးေနတုန္းလား"
"မေတြးပါဘူး..."
"ေျပာတာပဲ...အ႐ုပ္က ၾကက္ႀကီးလည္လိမ္သလိုျဖစ္ေနၿပီးေတာ့...
အလုပ္ထဲမွာတခုခုျဖစ္လာဆိုရင္လည္း ရင္ဖြင့္ၾကည့္နားေထာင္ေပးမယ္...
အၿမဲ တအံုေႏြးေႏြးေနတတ္တဲ့အက်င့္ကမေကာင္းဘူး...စည္းရ..."
အဲဒီေတာ့မွ...ကားေမာင္းေနသည့္ပင္လယ့္ကိုငဲ့ၾကည့္မိသည္။
သူကသာမပြင့္လင္းတတ္ဘဲမႈန္မႈန္မိႈင္းမိႈင္းေနတတ္တာ၊ ပင္လယ္ကေတာ့ ဘာတစ္ခုကိုမွေခါင္းထဲထည့္ထားတတ္တဲ့ပံုမရဘဲ အၿမဲေပါ့ေပါ့ပါးပါးေလးပဲ။
အဲဒါကပဲ သူနဲ႔ပင္လယ္တို႔ရဲ႕အႀကီးမားဆံုးျခားနားခ်က္ျဖစ္သည္။
ကားေမာင္းတိုင္း စီးကရက္တစ္ဖက္နဲ႔ လက္ထုတ္ေမာင္းတတ္တာေလးကိုတကယ္မႀကိဳက္ေပမယ့္ အဲဒီလို ဗ႐ုတ္သုတ္ခနဲ႔အ႐ိုင္းဆန္ဆန္ေလးေနတတ္တာေလးကသူ႔ကိုဆြဲေဆာင္ထားတာျဖစ္မည္။
ေဘးတိုက္ျမင္ေနရတဲ့ႏွာေခါင္းလံုးလံုးေလးနဲ႔ ထူထူျပည့္ျပည့္နႈတ္ခမ္းေလးကိုေငးေနရင္း အခ်ိန္ဘယ္ေလာက္ၾကာသြားလဲမသိ။
ပင္လယ့္ဆီကေန သတိေပးသံၾကားရသည္။
"စည္း...ဘာလဲ...ငါကားေမာင္းေနတာေနာ္...
မင္း...ဘာျဖစ္ခ်င္ေနတာလဲ..."
မ်က္ေတာင္မခတ္ႏိုင္ဘဲသူ႔ကိုေငးၾကည့္ေနတဲ့ စည္းကို လွမ္းစ,ေတာ့ စည္းကအရွက္ေျပေလးေငါက္ငမ္းသည္။
"ေခြးေကာင္ေလး...လူႀကီးကိုစ,စရာလား..."
"လူႀကီးတဲ့လား...ျပစမ္းအဲဒီလူႀကီးရဲ႕မ်က္ႏွာ..."
သူ႔ဘက္ကိုကိုယ္ပါကိုင္းၿပီးေစာင္းၾကည့္လာတဲ့ ပင္လယ့္မ်က္ႏွာကျပံဳးၿဖီးေနကာ...တကယ့္ကို အပူပင္ကင္းလြန္းေန၏။
"ဟိတ္ေကာင္...ေတာ္...ေရွ႕ကိုၾကည့္ေမာင္း...မာလကီးယားသြားဦးမယ္..."
"ဟား...ဟား...မင္းနဲ႔အတူမာလကီးယားရလည္းေက်နပ္တယ္"
-----
အိမ္ေပၚမတက္ခင္အိမ္ေအာက္ကစာတိုက္ပံုးကို စစ္ေဆးတတ္တာ လုပ္ေနက်အလုပ္တခုျဖစ္သည္။
အထူးတလည္ေစာင့္ေနတာမဟုတ္ေပမယ့္...တခါတရံလာတတ္သည့္ဖိတ္စာနဲ႔ပို႔စ္ကတ္မ်ားကိုဖတ္ရတာေပ်ာ္သည္။
ဒီေန႔ေတာ့ဖိတ္စာပံုစံလိုစာအိတ္ေလးတစ္အိတ္ေရာက္ေနသည္။
ႏို႔နစ္ေရာင္စာအိတ္ေလးကိုယူၿပီး ပင္လယ့္အေရွ႕ကေနတက္သြားၿပီး တံခါးဖြင့္ေနတုန္း...ဖုန္းျမည္သံေလးၾကားရသည္။
အလုပ္ျပန္ကတည္းက သူ႔ဖုန္းပိတ္ထားတာျဖစ္ေတာ့ သူ႔ဆီကမဟုတ္ႏိုင္။
အိမ္ထဲကဖုန္းကလည္း ဒီအသံမဟုတ္ေတာ့ ပင္လယ့္ဖုန္းေလးျမည္တာျဖစ္ႏိုင္သည္။
လွည့္မၾကည့္ဘဲ အိမ္တံခါးဖြင့္ဝင္လိုက္ၿပီး နားစြင့္လိုက္ေတာ့...
ေရႊ႐ုပ္ေလးဆီကဖုန္းလာတာျဖစ္ေနသည္။
"အင္း...ေရႊ႐ုပ္...ေျပာ..."
ဖုန္းစ,ထူးကတည္းက ဟဲလိုကေနမစဘဲနဲ႔...ေရႊ႐ုပ္ကေနစ,လာေတာ့ ရင္ထဲကို ႂကြက္ဝင္ၿပီေလ။
အၿမဲသူ႔အိမ္ကဖုန္းကိုဆက္ေနက်ေရႊ႐ုပ္က သူဝယ္ေပးထားတဲ့လက္ကိုင္ဖုန္းကိုသိေနတာတဲ့လား။
ဘယ္တုန္းက ဖုန္းနံပတ္အေပးအယူလုပ္လိုက္တာလဲ။
ဖုန္းဝယ္တဲ့တပတ္ေလာက္အတြင္းမွာ contact ထဲမွာ ဆက္စရာ သူ႔မာမီနဲ႔ သူ(စည္း)အျပင္ တျခားလူပါရွိေနၿပီေပါ့။
စည္းကအဘက္ဘက္မွေထာင့္ေစ့ေအာင္ေတြးေနကာ...ဖိနပ္ခြ်တ္ျခင္းအလုပ္ကမၿပီးႏိုင္ေတာ့ေပ။
သူ႔ေနာက္ကေနဝင္လာတဲ့ ပင္လယ္ကေတာ့ ဖိနပ္ကိုျဖစ္သလိုခြ်တ္ၿပီးတာနဲ႔အိမ္ေနာက္ဘက္ကိုတန္းဝင္သြားကာ...
ေရတခြက္ထည့္ၿပီးေရေသာက္လိုက္...
စကားတစ္ခြန္းေျပာလိုက္...ရယ္ေမာလိုက္...
ေတာက္..!...အဲေကာင္မေလးနဲ႔စကားေျပာရတာဒီေလာက္ေတာင္ သေဘာက်ေနရသလား။
ေနာက္ေဖးဆီကေနရယ္သံေတြကိုမၾကားၾကားေအာင္လိုက္နားေထာင္ေနမိရင္း အဝတ္စားေတာင္မလဲႏိုင္ခဲ့။
ခဏၾကာမွပင္လယ္ကအိမ္ေနာက္မွျပန္ထြက္လာကာ...သူ႔ဆီကိုပဲတည့္မတ္စြာေလွ်ာက္လာသည္။
"ေရႊ႐ုပ္ဖုန္းဆက္တာ...ေနာက္အပတ္တနဂၤေႏြေန႔က်ရင္...ေက်ာင္း က,ပြဲရွိလို႔တဲ့...
ငါတို႔ကို လာခဲ့ပါလားတဲ့..."
ေက်ာင္းက,ပြဲအဖိတ္ခံရတာ သူတို႔နဲ႔ဘာဆိုင္လို႔လဲ။
စည္းရဲ႕မ်က္လံုးေတြကေစာင္းဖယ္ဖယ္နဲ႔...နႈတ္ခမ္းေလးကိုပါ ရြဲ႕ပစ္မိသည္။
"ဒါေလးကိုေပ်ာ္ေနတယ္ေပါ့"
"အင္း...ေပ်ာ္ေနမွာေပါ့...ေက်ာင္းက,ပြဲတို႔၊
ေႏြရာသီပိတ္ရက္ပါတီတို႔ဆိုတာ ေက်ာင္းသားဘဝမွာေပ်ာ္စရာအေကာင္းဆံုးကို..."
က,ပြဲအေၾကာင္းေမးတာထင္လို႔ ပင္လယ္က တေရးတယူေတာင္ေျဖျပေနေသးတာမို႔ ရင္ထဲဝင္ေနတဲ့ႂကြက္ကပိုႀကီးလာသည္။
"မင္းကိုေမးတာ...ဒါက မင္းေပ်ာ္ေနရတဲ့အေၾကာင္းလား..."
"ဟင္...ငါလား...ငါကဘာလို႔ေပ်ာ္ရမွာလဲ၊
ငါ့ေက်ာင္းက,ပြဲမွမဟုတ္တာ..."
"မေပ်ာ္လို႔တဲ့...မင္း...မ်က္ႏွာကပုရြက္ဆိတ္ေတာင္တက္ေတာ့မယ္...ျပံဳးေနတာမုန္းစရာႀကီး..."
စည္းကေျပာၿပီးၾကယ္သီးေတြဆြဲျဖဳတ္ကာထမင္းစားခန္းထဲဝင္သြားေတာ့...ပင္လယ္ကေနာက္ကလိုက္ရသည္။
"ဒါက ဘာျဖစ္ျပန္တာလဲ...ငါ့မ်က္ႏွာကမျပံဳးရင္ဘာလုပ္ရမွာလဲလို႔...
သူကအေရးတယူဖိတ္ေတာ့ေပ်ာ္တာေပါ့လို႔..."
"ေအး...အဲဒီမွာေပ်ာ္ေနလိုက္...ခ်ီးထုပ္ေကာင္..."
"ဟာ...မင္းကလည္း...
သူ႔အေမကေနာက္အပတ္တနဂၤေႏြဆိုမအားလို႔တဲ့...ႏွစ္ေယာက္စလံုးလာခဲ့ပါတဲ့...
ေရႊ႐ုပ္ေလးတစ္ေယာက္ထဲ သနားပါတယ္...အားငယ္ေနမွာေပါ့..."
"မသြားဘူး...မိဘမပါလဲဘာျဖစ္မွာမို႔လဲ...သူ႔မွာကသူငယ္ခ်င္းမရွိေတာ့ဘူးတဲ့လား...
မင္းကေရာ...ဒီေကာင္မေလးကိုဆို အလိုလိုက္ အႀကိဳက္ေဆာင္ေနတာ...အၿမဲပဲ..."
ေရခြက္ကိုကိုင္ထားရင္းနဲ႔မေသာက္ဘဲနႈတ္ခမ္းေထာ္ၿပီးရန္ေတြ႕ေနတာေျကာင့္...
စည္း...သဝန္တိုေနၿပီဆိုတာကိုသိလိုက္သည္။
တကယ္ပါပဲ...
ဒီလူႀကီးကေတာ့ လုပ္ၿပီ။
"ဟီး.....ကေလးနဲ႔ဖက္ၿပီးေတာ့..."
တိုးတိုးေလးေရရြတ္လိုက္ေပမယ့္ နားပါးတဲ့စည္းက ၾကားသြားခဲ့ကာ...သူ႔ဘက္လွည့္ရပ္သည္။
"ဘာ..!...ဘာ...ဘာေျပာတယ္"
"ေအာ္...သဝန္တိုတာအဲလိုလားလို႔ပါ..."
ရယ္ခ်င္တဲ့စိတ္ကိုထိန္းေနရတာမို႔ပင္လယ့္မ်က္ႏွာကမခ်ိဳမခ်ဥ္ႀကီး...
ဒါကိုျမင္ေနရင္းနဲ႔မွ...စည္းကေဒါသပိုထြက္လာၿပီး ေသာက္ခါနီးေရကိုေတာင္မေသာက္ႏိုင္ေတာ့။
"ဘယ္သူကလဲ..."
"မင္းေလ...မင္း...
သဝန္တိုၿပီးပူေလာင္ေနလိုက္တာမ်ား...
မ်က္လံုးေတြေတာင္ မီးဝင္းဝင္းေတာက္လို႔...
ခြက္ထဲကေရခဲေရေတြ ပူေႏြးကုန္ေတာ့မယ္...
ေသာက္လိုက္ဦး"
"ဘာ...ဘာ...!..."
ေရခြက္ကိုစည္းနႈတ္ခမ္းဆီတြန္းတင္ေပးလိုက္ၿပီးပင္လယ္ကထပ္ရယ္သည္။
"ေရေႏြးေငြ႕ေတြ ႐ိုက္ၿပီးမ်က္ႏွာေတာင္နီရဲကုန္ၿပီ..."
ရယ္သံေလးစြက္ၿပီး တမင္ရြဲ႕ေျပာကာ စည္းရဲ႕ေရွ႕ကေနထြက္ၿပီး ဝယ္လာတာေတြကိုသြားယူသည္။
သူ႔ေက်ာျပင္ဆီကို ၾကည့္ေနတဲ့ စည္းရဲ႕မီးလိုေတာက္ေနမယ့္ မ်က္ဝန္းေတြကို ခံစားမိေနေတာ့ ျပန္လွည့္မၾကည့္ဘဲ ေအာ္ေျပာခဲ့ေသးသည္။
"မင္းရဲ႕ေဒါသေတြနဲ႔ ငါ့ေနာက္ေက်ာတိုးလွ်ိဳေပါက္သြားအံုးမယ္...အဲဒီမ်က္လံုးေတြမ်က္ေတာင္ခတ္ပါဦး..."
"သူေတာင္းစားေလး.....ဒါမ်ိဳးက် ပါးလိုက္...လွပ္လိုက္တာ...
ငါသဝန္တိုမယ္ဆိုတာသိသိႀကီးနဲ႔..."
တိုးတိုးေျပာတာကိုၾကားေပမယ့္ ပင္လယ္ကတမင္တကာမသိသလိုေနၿပီး ဝယ္လာသည့္အထုပ္ကိုၿဖဲၿပီး စကၠဴဗူးေလးေတြယူထုတ္သည္။
ဂ်ံုမႈန္႔ေတြနဲ႔ ေကာ္မႈန္႔ေတြျဖစ္လိမ့္မည္။
ဒီေန႔က်မွဘာဟင္းမွခ်က္မထားတဲ့ပံုမို႔ ညေနစာတခုခုလုပ္ေတာ့မွာထင္သည္။
"ဘာလုပ္မွာလဲ"
"ဖက္ထုပ္လုပ္မလို႔..."
စည္းရဲ႕ေမးခြန္းကို ျပန္ေျဖေနရင္း ဂ်ံုမႈန္႔ေတြကိုခ်ိန္တြယ္ထည့္သည္။
သူလုပ္ေနသမွ်ကိုစည္းက မ်က္ေတာင္မခတ္ဘဲၾကည့္လို႔...
"စည္း...အဲဒီခြက္ထဲကေရထည့္ေပး..."
လက္ႏွစ္ဖက္စလံုးဂ်ံုမႈန္႔ေတြေပက်ံၿပီး မအားေတာ့ စည္းကိုလွမ္းခိုင္းသည္။
စည္းဆိုသည္မွာလည္း တိတိက်က်မေျပာရင္ ဘာမွမေတြးဘဲ ဒဲ့လုပ္တဲ့သူမို႔ ဂ်ံုမႈန္႔ခြက္ထဲ ေရတစ္ခြက္လံုး ျဗဳန္းခနဲေလာင္းထည့္ေပးလိုက္သည္။
"အား...ျဖည္းျဖည္းခ်င္းထည့္ပါဟ...သြားၿပီ...
စည္းရာ..."
ဂ်ံုမႈန္႔ပံုေလးက ေလမုန္တိုင္းအတိုက္ခံရသလို ဖုန္ထ,သြားကာ ေရေတြအမ်ားႀကီးနဲ႔ ၿပဲၿပဲစင္လို႔။
ဒီလိုပံုနဲ႔ဆို ဂ်ံုကနယ္လို႔ေကာင္းေတာ့မွာမဟုတ္...။
"ကြိဳင္ပဲ...ဂ်ံုထပ္ထည့္ရေတာ့မယ္...ေပး...ဟိုဂ်ံုအထုပ္ႀကီး လာထည့္ေပး..."
ဘယ္ေလာက္ထည့္ရမယ္ဆိုတာကိုေမ့ၿပီးမေျပာမိဘဲ ထည့္ခိုင္းေတာ့ ဂ်ံုတအိတ္လံုး ဝုန္းခနဲေလာင္းထည့္ျပန္သည္။
"ဟား...သြားျပန္ၿပီ...စည္း..!..."
အမွတ္မရွိဘဲနဲ႔ထပ္ထည့္ခိုင္းေတာ့ ဂ်ံုတအိတ္လံုးကုန္သြားသည္။
"သူပဲထည့္ခိုင္းၿပီးေတာ့...."
"ခုနကျဖည္းျဖည္းေလးနဲ႔နဲနဲခ်င္းစီ ငါထည့္သလိုထည့္ေလ...မင္းျမင္ေနခဲ့တာပဲကို"
"ထည့္မွာကထည့္မွာပဲကို...ျမန္ျမန္ထည့္ေတာ့ အခ်ိန္ကုန္သက္သာတာေပါ့..."
ဒါမ်ိဳးေတြလုပ္တာကိုျမင္လဲမျမင္ဖူး၊ လုပ္လဲမလုပ္ဖူးေတာ့ စည္းက တကယ္မသိတဲ့ပံု။
ေအာက္နႈတ္ခမ္းေလးကိုက္ၿပီးပင္လယ္ကရန္ေထာင္ေနမိၿပီးမွ...စည္းကိုထပ္မေျပာေတာ့။
"တကယ္ပါပဲ...ငါပဲမွားတာ..."
စိမ္ေျပနေျပပဲဂ်ံုကိုဆက္နယ္ေနတဲ့ ပင္လယ့္ကိုၾကည့္ရင္း စည္းက ေမးသည္။
"မင္း...အဲဒါေတြလုပ္ရတာဝါသနာပါလား..."
"ဝါသနာပါတာေတာ့မဟုတ္ဘူး...ငါ့စိတ္ထဲျဖစ္လာတာေတြကိုႀကိဳးစားၾကည့္ခ်င္တာတခုပဲ..."
အသစ္သစ္ေသာစိန္ေခၚမႈေတြကိုရင္ဆိုင္ခ်င္သည့္ပင္လယ္က တကယ့္ကို အားက်စရာေလး။
ရည္ရြယ္ခ်က္နဲ႔ အိပ္မက္ဆိုၿပီး ေသေသခ်ာခ်ာရွိမေနေပမယ့္ ဘာလုပ္လုပ္ ႀကိဳးစားခ်င္စိတ္ေလးရွိေနတာက အားရစရာပါပဲ။
ဂ်ံုမႈန္႔ေတြၾကားက ႏုေထြးနီျမန္းေနတဲ့လက္ေခ်ာင္းေလးေတြကို သေဘာက်စြာေငးၾကည့္ေနရင္း...
အဲဒီလက္ေတြနဲ႔ထုဆစ္ဖန္တီးမယ့္ အနာဂတ္ကိုစိတ္ဝင္စားလာတယ္။
သူ...ပ်ံသန္းမယ့္ ေကာင္းကင္အျမင့္ကို ေငးေမာၾကည့္ခ်င္ေသးတယ္...။
"မင္း...အဲဒီတည္းခိုေဆာင္ကိုဘယ္ေတာ့ျပင္မွာလဲ..."
"ဒီသင္တန္းၿပီးရင္ေပါ့...အခုကမိုးအရမ္းမ်ားတဲ့ရာသီျဖစ္ေနေတာ့...ကမ္းေျခက ဘာမွလုပ္လို႔မရဘူးေလ..."
"အဲဒါကိုမင္းစိတ္ဝင္စားရင္ေသခ်ာေလးလုပ္ပါလား...ငါေျပာခ်င္တာက resort သေဘာမ်ိဳးေလးအထိ...."
"အင္း.....မေျပာတတ္ေသးဘူး...
ငါဒါကိုဆက္လုပ္ႏိုင္ပါ့မလားလဲရွိေသးတာပဲ...
ေနာက္ၿပီးစာခ်ဳပ္ကသံုးႏွစ္ပဲလုပ္ထားတာ"
"ဒါကိုလုပ္မယ္ဆိုတာ မင္းအေမကေရာသေဘာတူတယ္မလား..."
"အင္း...သေဘာက်ေနပံုရတယ္..."
"ေသခ်ာတာေပါ့...
မင္းေတေလၿပီးမေနသင့္ေတာ့ဘူး.....လူႀကီးျဖစ္လာၿပီ...
တခုခုကိုတစိုက္မတ္မတ္လုပ္ၾကည့္ဖို႔လိုၿပီ...
ဟိုးအရင္ေက်ာင္းသားဘဝတုန္းကလိုမ်ိဳး ထပ္ေတာက္ပဖို႔ ႀကိဳးစားစမ္းပါ...
လူတိုင္းေငးခဲ့ၾကတဲ့မင္းကို ငါလဲ ေငးၾကည့္ခ်င္ဖူးတယ္...ပင္လယ္...
အားလံုးရဲ႕ေခါင္းေပၚကေနပ်ံသန္းသြားစမ္းပါ...
မင္းကိုေစာင့္ၾကည့္ေနမယ့္ ငါရွိတယ္...
မင္းမာမီလဲရွိတယ္...
မင္းကိုအခုထိမေမ့ေသးတဲ့မင္းရဲ႕ခ်စ္သူငယ္ခ်င္းေတြလည္းရွိေသးတယ္..."
ဂ်ံုနယ္ေနတဲ့ပုခံုးေလးကိုေနာက္ဘက္ကေနခပ္ဖြဖြသိုင္းဖက္ရင္းေျပာေတာ့ စည္းရဲ႕ထြက္သက္ေႏြးေႏြးေတြက ပင္လယ့္ ဇက္ပိုးေလးဆီ႐ိုက္ခတ္လာသည္။
အဲဒီလိုအားေပးစကားမ်ိဳးေတြကို မၾကားခဲ့ရတာၾကာၿပီမို႔...
ေအးခဲေနတဲ့ရင္ဘတ္ရဲ႕ဟိုးေထာင့္စြန္းေတြအားလံုးအထိ ေႏြးေထြးမႈတို႔က ပ်ံ႕ႏွံ့လို႔။
အားလံုးနဲ႔ေဝးေဝးေျပးခဲ့ၿပီးေနာက္ပိုင္းမွာ ဒီလိုႏွစ္သိမ့္မႈမ်ိဳးကိုသူမရရွိတာၾကာခဲ့ၿပီပဲ။
တကယ္ဆို သူကပဲသူရဲေဘာေၾကာင္ၿပီး ထြက္ေျပးေနမိလို႔ လူေတြနဲ႔ေဝးသြားတာေနမွာ။
စည္းရဲ႕ ေႏြးေထြးလွတဲ့စကားလံုးေတြေၾကာင့္ အဲဒါေတြကိုျပန္ေတြးမိလာကာ...
ကိုယ့္အျပစ္ကိုကိုယ္သတိထားမိခဲ့သည္။
စည္းရဲ႕လမ္းၫႊန္မႈေလးက သူမျမင္ရတာေတြကိုျမင္ႏိုင္ေအာင္လို႔ သူ႔ေျခေထာက္ေအာက္မွာ လာခုေပးလိုက္တဲ့ ခံုေလးတစ္လံုးလို။
သူ႔ကိုႏူးညံ့ေပ်ာ့ေပ်ာင္းလာေစတဲ့ စည္းရဲ႕ေႏြးေထြးမႈေတြကို ေက်းဇူးတင္ေနမိရင္း...
"ငါ...အဲဒီဒိုင္းမြန္းေဟာက္စ္ကို အစကေနအဆံုးအားလံုးျပင္ပစ္လိုက္ရင္ေကာင္းမလား...."
"မင္းတတ္ႏိုင္မယ္ဆိုရင္ေကာင္းသားပဲ....ဒါေပမယ့္ ဦးေနာင္ေနာင္ကသေဘာတူပါ့မလား"
"မေျပာတတ္ဘူး...
သူသေဘာမတူရင္လြတ္ေနတဲ့ေျမကြက္ကိုငွားလိုက္မွာေပါ့..."
"မင္းက အသစ္ထပ္ေဆာက္မယ္ေပါ့..."
"အင္း.....ေသးေသးေလးျဖစ္ျဖစ္ ေဆာက္ၾကည့္ရမလား...မင္းဒီဇိုင္းဆြဲေပးမလား..."
ဂ်ံုေတြေၾကာင့္ လက္ကမအားတာအျပင္ ေနာက္ကေနဖက္ၿပီးမလႊတ္ေတာ့တဲ့စည္းေၾကာင့္ သူကအေနာက္ဘက္ကိုလွည့္လို႔မရဘဲ စည္းရဲ႕ရင္ခြင္ထဲမွာပဲၿငိမ္ေနမိရင္း စကားေျပာေနရသည္။
မ်က္ႏွာကိုမျမင္ရေတာ့ စည္းရဲ႕ေခါင္းေလးကိုလွမ္းတိုက္ျပီး မဲဆြယ္သည္။
"ဒီဇိုင္းအလကားဆြဲေပးရမွာအျပင္...
ရွယ္ယာလည္း ဝင္ခိုင္းဦးမွာ..."
"အဟား...ေလာဘကလဲႀကီးလိုက္တာ...
စဥ္းစားၾကည့္မယ္....."
"ျပန္မရတဲ့ရွယ္ယာေနာ္...ဒီဇိုင္းကလည္းအလကား..."
"ဘယ္ျဖစ္မလဲ...ငါတန္ရာတန္ေၾကးျပန္ရမွလုပ္မွာေပါ့..."
"ေျပာၾကည့္ေလ...ဘယ္ေစ်းလဲ"
ဘယ္မွာမွန္းမသိတဲ့ စီမံကိန္းေတြနဲ႔ တမင္တကာစ,ေနာက္ေနခဲ့ၾကတာ ေပါ့ပါးစြာ။
စည္းရဲ႕ ပုခံုးေလးေပၚ ေခါင္းေလးမွီၿပီးခပ္ျပံဳးျပံဳးေလးေမးတဲ့ ပင္လယ့္ပါးေလးတစ္ဖက္ေႏြးသြားခဲ့သည္။
"ရႊတ္...
တန္ေၾကးကေတာ့ ျဖည္းျဖည္းေပါ့.....
မုန္႔ဆီေၾကာ္ကေၾကာ္ေတာင္မေၾကာ္ရေသးဘူးေလ...နႈတ္ခမ္းနာေနၿပီလား..."
သူ႔ပါးေလးတစ္ဖက္ကိုနမ္းခဲ့ၿပီးလွည့္ထြက္လာရင္း...
စည္းရဲ႕ နႈတ္ခမ္းေတြကအလွဆံုးျပံဳးေနခဲ့ကာ...
စိတ္ကူးယဥ္အိပ္မက္ထဲမွာ ပင္လယ္ဆိုတဲ့နတ္သားေလးမွာ အေတာင္ပံခပ္ႀကီးႀကီးလွလွေတြကခမ္းနားစြာ...
မင္း...ပ်ံသန္းဖို႔အတြက္ ေကာင္းကင္ႀကီးကိုဘယ္ေလာက္ထပ္က်ယ္ေအာင္ဆုေတာင္းေပးရမလဲ...ပင္လယ္ရဲ႕...
Unicode
ခါတိုင်းနဲ့မတူဘဲစည်းကအတွေးတွေထဲနစ်မျောနေပုံရကာ...အိမ်ပြန်လာကတည်းကမျက်နှာမကောင်းခဲ့။
"စည်း...မင်းနေမကောင်းဘူးလား"
"အင်း...ကောင်းပါတယ်...ဘာလို့လဲ"
"တမျိုးဖြစ်နေတာလားလို့...မနေ့ကကိစ္စတွေးနေတုန်းလား"
"မတွေးပါဘူး..."
"ပြောတာပဲ...အရုပ်က ကြက်ကြီးလည်လိမ်သလိုဖြစ်နေပြီးတော့...
အလုပ်ထဲမှာတခုခုဖြစ်လာဆိုရင်လည်း ရင်ဖွင့်ကြည့်နားထောင်ပေးမယ်...
အမြဲ တအုံနွေးနွေးနေတတ်တဲ့အကျင့်ကမကောင်းဘူး...စည်းရ..."
အဲဒီတော့မှ...ကားမောင်းနေသည့်ပင်လယ့်ကိုငဲ့ကြည့်မိသည်။
သူကသာမပွင့်လင်းတတ်ဘဲမှုန်မှုန်မှိုင်းမှိုင်းနေတတ်တာ၊ ပင်လယ်ကတော့ ဘာတစ်ခုကိုမှခေါင်းထဲထည့်ထားတတ်တဲ့ပုံမရဘဲ အမြဲပေါ့ပေါ့ပါးပါးလေးပဲ။
အဲဒါကပဲ သူနဲ့ပင်လယ်တို့ရဲ့အကြီးမားဆုံးခြားနားချက်ဖြစ်သည်။
ကားမောင်းတိုင်း စီးကရက်တစ်ဖက်နဲ့ လက်ထုတ်မောင်းတတ်တာလေးကိုတကယ်မကြိုက်ပေမယ့် အဲဒီလို ဗရုတ်သုတ်ခနဲ့အရိုင်းဆန်ဆန်လေးနေတတ်တာလေးကသူ့ကိုဆွဲဆောင်ထားတာဖြစ်မည်။
ဘေးတိုက်မြင်နေရတဲ့နှာခေါင်းလုံးလုံးလေးနဲ့ ထူထူပြည့်ပြည့်နှုတ်ခမ်းလေးကိုငေးနေရင်း အချိန်ဘယ်လောက်ကြာသွားလဲမသိ။
ပင်လယ့်ဆီကနေ သတိပေးသံကြားရသည်။
"စည်း...ဘာလဲ...ငါကားမောင်းနေတာနော်...
မင်း...ဘာဖြစ်ချင်နေတာလဲ..."
မျက်တောင်မခတ်နိုင်ဘဲသူ့ကိုငေးကြည့်နေတဲ့ စည်းကို လှမ်းစ,တော့ စည်းကအရှက်ပြေလေးငေါက်ငမ်းသည်။
"ခွေးကောင်လေး...လူကြီးကိုစ,စရာလား..."
"လူကြီးတဲ့လား...ပြစမ်းအဲဒီလူကြီးရဲ့မျက်နှာ..."
သူ့ဘက်ကိုကိုယ်ပါကိုင်းပြီးစောင်းကြည့်လာတဲ့ ပင်လယ့်မျက်နှာကပြုံးဖြီးနေကာ...တကယ့်ကို အပူပင်ကင်းလွန်းနေ၏။
"ဟိတ်ကောင်...တော်...ရှေ့ကိုကြည့်မောင်း...မာလကီးယားသွားဦးမယ်..."
"ဟား...ဟား...မင်းနဲ့အတူမာလကီးယားရလည်းကျေနပ်တယ်"
-----
အိမ်ပေါ်မတက်ခင်အိမ်အောက်ကစာတိုက်ပုံးကို စစ်ဆေးတတ်တာ လုပ်နေကျအလုပ်တခုဖြစ်သည်။
အထူးတလည်စောင့်နေတာမဟုတ်ပေမယ့်...တခါတရံလာတတ်သည့်ဖိတ်စာနဲ့ပို့စ်ကတ်များကိုဖတ်ရတာပျော်သည်။
ဒီနေ့တော့ဖိတ်စာပုံစံလိုစာအိတ်လေးတစ်အိတ်ရောက်နေသည်။
နို့နစ်ရောင်စာအိတ်လေးကိုယူပြီး ပင်လယ့်အရှေ့ကနေတက်သွားပြီး တံခါးဖွင့်နေတုန်း...ဖုန်းမြည်သံလေးကြားရသည်။
အလုပ်ပြန်ကတည်းက သူ့ဖုန်းပိတ်ထားတာဖြစ်တော့ သူ့ဆီကမဟုတ်နိုင်။
အိမ်ထဲကဖုန်းကလည်း ဒီအသံမဟုတ်တော့ ပင်လယ့်ဖုန်းလေးမြည်တာဖြစ်နိုင်သည်။
လှည့်မကြည့်ဘဲ အိမ်တံခါးဖွင့်ဝင်လိုက်ပြီး နားစွင့်လိုက်တော့...
ရွှေရုပ်လေးဆီကဖုန်းလာတာဖြစ်နေသည်။
"အင်း...ရွှေရုပ်...ပြော..."
ဖုန်းစ,ထူးကတည်းက ဟဲလိုကနေမစဘဲနဲ့...ရွှေရုပ်ကနေစ,လာတော့ ရင်ထဲကို ကြွက်ဝင်ပြီလေ။
အမြဲသူ့အိမ်ကဖုန်းကိုဆက်နေကျရွှေရုပ်က သူဝယ်ပေးထားတဲ့လက်ကိုင်ဖုန်းကိုသိနေတာတဲ့လား။
ဘယ်တုန်းက ဖုန်းနံပတ်အပေးအယူလုပ်လိုက်တာလဲ။
ဖုန်းဝယ်တဲ့တပတ်လောက်အတွင်းမှာ contact ထဲမှာ ဆက်စရာ သူ့မာမီနဲ့ သူ(စည်း)အပြင် တခြားလူပါရှိနေပြီပေါ့။
စည်းကအဘက်ဘက်မှထောင့်စေ့အောင်တွေးနေကာ...ဖိနပ်ချွတ်ခြင်းအလုပ်ကမပြီးနိုင်တော့ပေ။
သူ့နောက်ကနေဝင်လာတဲ့ ပင်လယ်ကတော့ ဖိနပ်ကိုဖြစ်သလိုချွတ်ပြီးတာနဲ့အိမ်နောက်ဘက်ကိုတန်းဝင်သွားကာ...
ရေတခွက်ထည့်ပြီးရေသောက်လိုက်...
စကားတစ်ခွန်းပြောလိုက်...ရယ်မောလိုက်...
တောက်..!...အဲကောင်မလေးနဲ့စကားပြောရတာဒီလောက်တောင် သဘောကျနေရသလား။
နောက်ဖေးဆီကနေရယ်သံတွေကိုမကြားကြားအောင်လိုက်နားထောင်နေမိရင်း အဝတ်စားတောင်မလဲနိုင်ခဲ့။
ခဏကြာမှပင်လယ်ကအိမ်နောက်မှပြန်ထွက်လာကာ...သူ့ဆီကိုပဲတည့်မတ်စွာလျှောက်လာသည်။
"ရွှေရုပ်ဖုန်းဆက်တာ...နောက်အပတ်တနင်္ဂနွေနေ့ကျရင်...ကျောင်း က,ပွဲရှိလို့တဲ့...
ငါတို့ကို လာခဲ့ပါလားတဲ့..."
ကျောင်းက,ပွဲအဖိတ်ခံရတာ သူတို့နဲ့ဘာဆိုင်လို့လဲ။
စည်းရဲ့မျက်လုံးတွေကစောင်းဖယ်ဖယ်နဲ့...နှုတ်ခမ်းလေးကိုပါ ရွဲ့ပစ်မိသည်။
"ဒါလေးကိုပျော်နေတယ်ပေါ့"
"အင်း...ပျော်နေမှာပေါ့...ကျောင်းက,ပွဲတို့၊
နွေရာသီပိတ်ရက်ပါတီတို့ဆိုတာ ကျောင်းသားဘဝမှာပျော်စရာအကောင်းဆုံးကို..."
က,ပွဲအကြောင်းမေးတာထင်လို့ ပင်လယ်က တရေးတယူတောင်ဖြေပြနေသေးတာမို့ ရင်ထဲဝင်နေတဲ့ကြွက်ကပိုကြီးလာသည်။
"မင်းကိုမေးတာ...ဒါက မင်းပျော်နေရတဲ့အကြောင်းလား..."
"ဟင်...ငါလား...ငါကဘာလို့ပျော်ရမှာလဲ၊
ငါ့ကျောင်းက,ပွဲမှမဟုတ်တာ..."
"မပျော်လို့တဲ့...မင်း...မျက်နှာကပုရွက်ဆိတ်တောင်တက်တော့မယ်...ပြုံးနေတာမုန်းစရာကြီး..."
စည်းကပြောပြီးကြယ်သီးတွေဆွဲဖြုတ်ကာထမင်းစားခန်းထဲဝင်သွားတော့...ပင်လယ်ကနောက်ကလိုက်ရသည်။
"ဒါက ဘာဖြစ်ပြန်တာလဲ...ငါ့မျက်နှာကမပြုံးရင်ဘာလုပ်ရမှာလဲလို့...
သူကအရေးတယူဖိတ်တော့ပျော်တာပေါ့လို့..."
"အေး...အဲဒီမှာပျော်နေလိုက်...ချီးထုပ်ကောင်..."
"ဟာ...မင်းကလည်း...
သူ့အမေကနောက်အပတ်တနင်္ဂနွေဆိုမအားလို့တဲ့...နှစ်ယောက်စလုံးလာခဲ့ပါတဲ့...
ရွှေရုပ်လေးတစ်ယောက်ထဲ သနားပါတယ်...အားငယ်နေမှာပေါ့..."
"မသွားဘူး...မိဘမပါလဲဘာဖြစ်မှာမို့လဲ...သူ့မှာကသူငယ်ချင်းမရှိတော့ဘူးတဲ့လား...
မင်းကရော...ဒီကောင်မလေးကိုဆို အလိုလိုက် အကြိုက်ဆောင်နေတာ...အမြဲပဲ..."
ရေခွက်ကိုကိုင်ထားရင်းနဲ့မသောက်ဘဲနှုတ်ခမ်းထော်ပြီးရန်တွေ့နေတာကြောင့်...
စည်း...သဝန်တိုနေပြီဆိုတာကိုသိလိုက်သည်။
တကယ်ပါပဲ...
ဒီလူကြီးကတော့ လုပ်ပြီ။
"ဟီး.....ကလေးနဲ့ဖက်ပြီးတော့..."
တိုးတိုးလေးရေရွတ်လိုက်ပေမယ့် နားပါးတဲ့စည်းက ကြားသွားခဲ့ကာ...သူ့ဘက်လှည့်ရပ်သည်။
"ဘာ..!...ဘာ...ဘာပြောတယ်"
"အော်...သဝန်တိုတာအဲလိုလားလို့ပါ..."
ရယ်ချင်တဲ့စိတ်ကိုထိန်းနေရတာမို့ပင်လယ့်မျက်နှာကမချိုမချဉ်ကြီး...
ဒါကိုမြင်နေရင်းနဲ့မှ...စည်းကဒေါသပိုထွက်လာပြီး သောက်ခါနီးရေကိုတောင်မသောက်နိုင်တော့။
"ဘယ်သူကလဲ..."
"မင်းလေ...မင်း...
သဝန်တိုပြီးပူလောင်နေလိုက်တာများ...
မျက်လုံးတွေတောင် မီးဝင်းဝင်းတောက်လို့...
ခွက်ထဲကရေခဲရေတွေ ပူနွေးကုန်တော့မယ်...
သောက်လိုက်ဦး"
"ဘာ...ဘာ...!..."
ရေခွက်ကိုစည်းနှုတ်ခမ်းဆီတွန်းတင်ပေးလိုက်ပြီးပင်လယ်ကထပ်ရယ်သည်။
"ရေနွေးငွေ့တွေ ရိုက်ပြီးမျက်နှာတောင်နီရဲကုန်ပြီ..."
ရယ်သံလေးစွက်ပြီး တမင်ရွဲ့ပြောကာ စည်းရဲ့ရှေ့ကနေထွက်ပြီး ဝယ်လာတာတွေကိုသွားယူသည်။
သူ့ကျောပြင်ဆီကို ကြည့်နေတဲ့ စည်းရဲ့မီးလိုတောက်နေမယ့် မျက်ဝန်းတွေကို ခံစားမိနေတော့ ပြန်လှည့်မကြည့်ဘဲ အော်ပြောခဲ့သေးသည်။
"မင်းရဲ့ဒေါသတွေနဲ့ ငါ့နောက်ကျောတိုးလျှိုပေါက်သွားအုံးမယ်...အဲဒီမျက်လုံးတွေမျက်တောင်ခတ်ပါဦး..."
"သူတောင်းစားလေး.....ဒါမျိုးကျ ပါးလိုက်...လှပ်လိုက်တာ...
ငါသဝန်တိုမယ်ဆိုတာသိသိကြီးနဲ့..."
တိုးတိုးပြောတာကိုကြားပေမယ့် ပင်လယ်ကတမင်တကာမသိသလိုနေပြီး ဝယ်လာသည့်အထုပ်ကိုဖြဲပြီး စက္ကူဗူးလေးတွေယူထုတ်သည်။
ဂျုံမှုန့်တွေနဲ့ ကော်မှုန့်တွေဖြစ်လိမ့်မည်။
ဒီနေ့ကျမှဘာဟင်းမှချက်မထားတဲ့ပုံမို့ ညနေစာတခုခုလုပ်တော့မှာထင်သည်။
"ဘာလုပ်မှာလဲ"
"ဖက်ထုပ်လုပ်မလို့..."
စည်းရဲ့မေးခွန်းကို ပြန်ဖြေနေရင်း ဂျုံမှုန့်တွေကိုချိန်တွယ်ထည့်သည်။
သူလုပ်နေသမျှကိုစည်းက မျက်တောင်မခတ်ဘဲကြည့်လို့...
"စည်း...အဲဒီခွက်ထဲကရေထည့်ပေး..."
လက်နှစ်ဖက်စလုံးဂျုံမှုန့်တွေပေကျံပြီး မအားတော့ စည်းကိုလှမ်းခိုင်းသည်။
စည်းဆိုသည်မှာလည်း တိတိကျကျမပြောရင် ဘာမှမတွေးဘဲ ဒဲ့လုပ်တဲ့သူမို့ ဂျုံမှုန့်ခွက်ထဲ ရေတစ်ခွက်လုံး ဗြုန်းခနဲလောင်းထည့်ပေးလိုက်သည်။
"အား...ဖြည်းဖြည်းချင်းထည့်ပါဟ...သွားပြီ...
စည်းရာ..."
ဂျုံမှုန့်ပုံလေးက လေမုန်တိုင်းအတိုက်ခံရသလို ဖုန်ထ,သွားကာ ရေတွေအများကြီးနဲ့ ပြဲပြဲစင်လို့။
ဒီလိုပုံနဲ့ဆို ဂျုံကနယ်လို့ကောင်းတော့မှာမဟုတ်...။
"ကွိုင်ပဲ...ဂျုံထပ်ထည့်ရတော့မယ်...ပေး...ဟိုဂျုံအထုပ်ကြီး လာထည့်ပေး..."
ဘယ်လောက်ထည့်ရမယ်ဆိုတာကိုမေ့ပြီးမပြောမိဘဲ ထည့်ခိုင်းတော့ ဂျုံတအိတ်လုံး ဝုန်းခနဲလောင်းထည့်ပြန်သည်။
"ဟား...သွားပြန်ပြီ...စည်း..!..."
အမှတ်မရှိဘဲနဲ့ထပ်ထည့်ခိုင်းတော့ ဂျုံတအိတ်လုံးကုန်သွားသည်။
"သူပဲထည့်ခိုင်းပြီးတော့...."
"ခုနကဖြည်းဖြည်းလေးနဲ့နဲနဲချင်းစီ ငါထည့်သလိုထည့်လေ...မင်းမြင်နေခဲ့တာပဲကို"
"ထည့်မှာကထည့်မှာပဲကို...မြန်မြန်ထည့်တော့ အချိန်ကုန်သက်သာတာပေါ့..."
ဒါမျိုးတွေလုပ်တာကိုမြင်လဲမမြင်ဖူး၊ လုပ်လဲမလုပ်ဖူးတော့ စည်းက တကယ်မသိတဲ့ပုံ။
အောက်နှုတ်ခမ်းလေးကိုက်ပြီးပင်လယ်ကရန်ထောင်နေမိပြီးမှ...စည်းကိုထပ်မပြောတော့။
"တကယ်ပါပဲ...ငါပဲမှားတာ..."
စိမ်ပြေနပြေပဲဂျုံကိုဆက်နယ်နေတဲ့ ပင်လယ့်ကိုကြည့်ရင်း စည်းက မေးသည်။
"မင်း...အဲဒါတွေလုပ်ရတာဝါသနာပါလား..."
"ဝါသနာပါတာတော့မဟုတ်ဘူး...ငါ့စိတ်ထဲဖြစ်လာတာတွေကိုကြိုးစားကြည့်ချင်တာတခုပဲ..."
အသစ်သစ်သောစိန်ခေါ်မှုတွေကိုရင်ဆိုင်ချင်သည့်ပင်လယ်က တကယ့်ကို အားကျစရာလေး။
ရည်ရွယ်ချက်နဲ့ အိပ်မက်ဆိုပြီး သေသေချာချာရှိမနေပေမယ့် ဘာလုပ်လုပ် ကြိုးစားချင်စိတ်လေးရှိနေတာက အားရစရာပါပဲ။
ဂျုံမှုန့်တွေကြားက နုထွေးနီမြန်းနေတဲ့လက်ချောင်းလေးတွေကို သဘောကျစွာငေးကြည့်နေရင်း...
အဲဒီလက်တွေနဲ့ထုဆစ်ဖန်တီးမယ့် အနာဂတ်ကိုစိတ်ဝင်စားလာတယ်။
သူ...ပျံသန်းမယ့် ကောင်းကင်အမြင့်ကို ငေးမောကြည့်ချင်သေးတယ်...။
"မင်း...အဲဒီတည်းခိုဆောင်ကိုဘယ်တော့ပြင်မှာလဲ..."
"ဒီသင်တန်းပြီးရင်ပေါ့...အခုကမိုးအရမ်းများတဲ့ရာသီဖြစ်နေတော့...ကမ်းခြေက ဘာမှလုပ်လို့မရဘူးလေ..."
"အဲဒါကိုမင်းစိတ်ဝင်စားရင်သေချာလေးလုပ်ပါလား...ငါပြောချင်တာက resort သဘောမျိုးလေးအထိ...."
"အင်း.....မပြောတတ်သေးဘူး...
ငါဒါကိုဆက်လုပ်နိုင်ပါ့မလားလဲရှိသေးတာပဲ...
နောက်ပြီးစာချုပ်ကသုံးနှစ်ပဲလုပ်ထားတာ"
"ဒါကိုလုပ်မယ်ဆိုတာ မင်းအမေကရောသဘောတူတယ်မလား..."
"အင်း...သဘောကျနေပုံရတယ်..."
"သေချာတာပေါ့...
မင်းတေလေပြီးမနေသင့်တော့ဘူး.....လူကြီးဖြစ်လာပြီ...
တခုခုကိုတစိုက်မတ်မတ်လုပ်ကြည့်ဖို့လိုပြီ...
ဟိုးအရင်ကျောင်းသားဘဝတုန်းကလိုမျိုး ထပ်တောက်ပဖို့ ကြိုးစားစမ်းပါ...
လူတိုင်းငေးခဲ့ကြတဲ့မင်းကို ငါလဲ ငေးကြည့်ချင်ဖူးတယ်...ပင်လယ်...
အားလုံးရဲ့ခေါင်းပေါ်ကနေပျံသန်းသွားစမ်းပါ...
မင်းကိုစောင့်ကြည့်နေမယ့် ငါရှိတယ်...
မင်းမာမီလဲရှိတယ်...
မင်းကိုအခုထိမမေ့သေးတဲ့မင်းရဲ့ချစ်သူငယ်ချင်းတွေလည်းရှိသေးတယ်..."
ဂျုံနယ်နေတဲ့ပုခုံးလေးကိုနောက်ဘက်ကနေခပ်ဖွဖွသိုင်းဖက်ရင်းပြောတော့ စည်းရဲ့ထွက်သက်နွေးနွေးတွေက ပင်လယ့် ဇက်ပိုးလေးဆီရိုက်ခတ်လာသည်။
အဲဒီလိုအားပေးစကားမျိုးတွေကို မကြားခဲ့ရတာကြာပြီမို့...
အေးခဲနေတဲ့ရင်ဘတ်ရဲ့ဟိုးထောင့်စွန်းတွေအားလုံးအထိ နွေးထွေးမှုတို့က ပျံ့နှံ့လို့။
အားလုံးနဲ့ဝေးဝေးပြေးခဲ့ပြီးနောက်ပိုင်းမှာ ဒီလိုနှစ်သိမ့်မှုမျိုးကိုသူမရရှိတာကြာခဲ့ပြီပဲ။
တကယ်ဆို သူကပဲသူရဲဘောကြောင်ပြီး ထွက်ပြေးနေမိလို့ လူတွေနဲ့ဝေးသွားတာနေမှာ။
စည်းရဲ့ နွေးထွေးလှတဲ့စကားလုံးတွေကြောင့် အဲဒါတွေကိုပြန်တွေးမိလာကာ...
ကိုယ့်အပြစ်ကိုကိုယ်သတိထားမိခဲ့သည်။
စည်းရဲ့လမ်းညွှန်မှုလေးက သူမမြင်ရတာတွေကိုမြင်နိုင်အောင်လို့ သူ့ခြေထောက်အောက်မှာ လာခုပေးလိုက်တဲ့ ခုံလေးတစ်လုံးလို။
သူ့ကိုနူးညံ့ပျော့ပျောင်းလာစေတဲ့ စည်းရဲ့နွေးထွေးမှုတွေကို ကျေးဇူးတင်နေမိရင်း...
"ငါ...အဲဒီဒိုင်းမွန်းဟောက်စ်ကို အစကနေအဆုံးအားလုံးပြင်ပစ်လိုက်ရင်ကောင်းမလား...."
"မင်းတတ်နိုင်မယ်ဆိုရင်ကောင်းသားပဲ....ဒါပေမယ့် ဦးနောင်နောင်ကသဘောတူပါ့မလား"
"မပြောတတ်ဘူး...
သူသဘောမတူရင်လွတ်နေတဲ့မြေကွက်ကိုငှားလိုက်မှာပေါ့..."
"မင်းက အသစ်ထပ်ဆောက်မယ်ပေါ့..."
"အင်း.....သေးသေးလေးဖြစ်ဖြစ် ဆောက်ကြည့်ရမလား...မင်းဒီဇိုင်းဆွဲပေးမလား..."
ဂျုံတွေကြောင့် လက်ကမအားတာအပြင် နောက်ကနေဖက်ပြီးမလွှတ်တော့တဲ့စည်းကြောင့် သူကအနောက်ဘက်ကိုလှည့်လို့မရဘဲ စည်းရဲ့ရင်ခွင်ထဲမှာပဲငြိမ်နေမိရင်း စကားပြောနေရသည်။
မျက်နှာကိုမမြင်ရတော့ စည်းရဲ့ခေါင်းလေးကိုလှမ်းတိုက်ပြီး မဲဆွယ်သည်။
"ဒီဇိုင်းအလကားဆွဲပေးရမှာအပြင်...
ရှယ်ယာလည်း ဝင်ခိုင်းဦးမှာ..."
"အဟား...လောဘကလဲကြီးလိုက်တာ...
စဉ်းစားကြည့်မယ်....."
"ပြန်မရတဲ့ရှယ်ယာနော်...ဒီဇိုင်းကလည်းအလကား..."
"ဘယ်ဖြစ်မလဲ...ငါတန်ရာတန်ကြေးပြန်ရမှလုပ်မှာပေါ့..."
"ပြောကြည့်လေ...ဘယ်စျေးလဲ"
ဘယ်မှာမှန်းမသိတဲ့ စီမံကိန်းတွေနဲ့ တမင်တကာစ,နောက်နေခဲ့ကြတာ ပေါ့ပါးစွာ။
စည်းရဲ့ ပုခုံးလေးပေါ် ခေါင်းလေးမှီပြီးခပ်ပြုံးပြုံးလေးမေးတဲ့ ပင်လယ့်ပါးလေးတစ်ဖက်နွေးသွားခဲ့သည်။
"ရွှတ်...
တန်ကြေးကတော့ ဖြည်းဖြည်းပေါ့.....
မုန့်ဆီကြော်ကကြော်တောင်မကြော်ရသေးဘူးလေ...နှုတ်ခမ်းနာနေပြီလား..."
သူ့ပါးလေးတစ်ဖက်ကိုနမ်းခဲ့ပြီးလှည့်ထွက်လာရင်း...
စည်းရဲ့ နှုတ်ခမ်းတွေကအလှဆုံးပြုံးနေခဲ့ကာ...
စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပင်လယ်ဆိုတဲ့နတ်သားလေးမှာ အတောင်ပံခပ်ကြီးကြီးလှလှတွေကခမ်းနားစွာ...
မင်း...ပျံသန်းဖို့အတွက် ကောင်းကင်ကြီးကိုဘယ်လောက်ထပ်ကျယ်အောင်ဆုတောင်းပေးရမလဲ...ပင်လယ်ရဲ့...