မျက်လုံးက laptop screen ကို ကြည့်နေသော်လည်း စိတ်က အစ်ကို့ဆီရောက်နေသည်။ အတွေးက ဖျောက်လို့လည်းမရ။
သူ ဘာလို့ စကားတွေ အများကြီး လျှောက်ပြောခဲ့တာလဲ။ hun ကို ကိုယ်ချစ်တယ်လေ လို့ ပြောလိုက်ရင် တစ်ခွန်းတည်းနဲ့ ပြီးမဲ့ကိစ္စကို...
အိပ်ခန်းထဲသို့ laptop ပါ ရွှေ့လာရင်း အစ်ကို့အကြောင်း စဉ်းစားမြဲ....စဉ်းစားနေဆဲ။ နှစ်ရက်ရှိပြီ။ အစ်ကို့ဆီက ကျွန်တော်ကြားချင်တဲ့ စကား ကြားရဖို့ ဘာလုပ်ရမလဲ စဉ်းစားနေခဲ့တာ။
စားပွဲပေါ်က ဓာတ်ပုံလေးကို ကြည့်မိတော့...
သူ ကျွန်တော့်ပုံတွေ ခိုးရိုက်ထားတာပဲ...
အဟား.....အစ်ကိုကလေ.....
♬ ♬ ♬ ♬ ♬
ဖုန်း screen ပေါ်မှ နာမည်စိမ်းကြောင့် ခေတ္တကြောင် အ နေသေးသည်။
ဝိုး....မဖြစ်ဖူးတာတွေ ဖြစ်နေပါ့လား......
"....."
ဖုန်းကိုင်ပြီး တိတ်ဆိတ်နေလိုက်တော့ အသံသေးသေးလေး ကြားရသည်။
"Hun"
"တစ်ခုခု ဖြစ်နေတာလား....အစ်ကို....ဘာဖြစ်လို့လဲ"
"အ...ဘာမှမဖြစ်ပါဘူး"
"......"
"ဘာလို့လဲ...ဒီတိုင်း အသံကြားချင်လို့ကို"
မျက်ခုံးတွေ တော်တော်မြင့်တက်သွားရသည်။ အစ်ကိုက ကျွန်တော့်အသံ ကြားချင်တာတဲ့လား။ ဘယ်လိုတောင် အသည်းယားစရာကောင်းအောင် ပြောပါလိမ့်.....
"ဘာမှမပြောတော့ဘူးလား...hun က"
သူက အဲလိုပြောလိုက်မှ ကျွန်တော် ရုတ်တရက် ဘာစကားပြောရမည်လဲ တွေးမရအောင် ဖြစ်သွားသည်။
"ပြော...ပြောမှာပေါ့"
"ကိုယ် video call ခေါ်လိုက်မယ်...ရလား"
အကြီးအကျယ် အံ့အားသင့်စရာပဲ။ အစ်ကို ဘာဖြစ်နေတာပါလိမ့်။ ဖုန်းချပြီးတော့ တကယ်ပဲ ဝင်လာတဲ့ video call.....
တစ်ခါမှ အဲလိုမပြောဖူးတော့ ကျွန်တော် ကြောက်သလိုလိုတောင် ဖြစ်လာသည်။ ဒါ ဘယ်လို အခြေအနေမျိုးလဲ.....
လက်ခံလိုက်သည်နှင့် screen ပေါ် ထင်လာသော အစ်ကိုက သူ့အိပ်ယာထဲတွင် ခေါင်းအုံးတွေမှီ၍ ခပ်မတ်မတ်ထိုင်နေလေသည်။ သူ့လက်ဖဝါးတစ်ဖက်က သူ့ပါးစပ်သူအုပ်လျက်....မျက်လုံးတွေက ပြုံးနေသယောင်ယောင်....
ကျွန်တော်လည်း အိပ်ယာပေါ်တွင် ပြင်ထိုင်လိုက်ရင်း အစ်ကို့ကို ပြုံးပြသည်။
သူက ပြုံး၍သာ ထိုပုံစံအတိုင်း ကြည့်နေလေသည်။
"အစ်ကို...တစ်ခုခုပြောလေ"
အစ်ကိုက ခေါင်းအနည်းငယ် ခါယမ်းလိုက်သလို....
သူ့လက်ကို ဖယ်ချပြီး သန့်စင်ရှင်းသန့်နေသော အပြုံးကြီးကြီးဖြင့် ဘာမှမပြောဘဲ ကြည့်နေပြန်သည်။
ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ ရယ်နေမိသည်။ နှုတ်ခမ်းမွှေးစစတွေ မရှိတော့သော အစ်ကိုက ပို၍ နုငယ်လန်းဆန်းနေသည်။
"မအိပ်သေးဘူးလား hun"
"မအိပ်သေးဘူး"
ရုတ်တရက် ရယ်ချင်နေပုံဖြင့် ဆက်တိုက် ဗလုံးဗထွေး ပြောသည့်စကားများကို ကျွန်တော် တစ်လုံးမှ နားမလည်........
"အစ်ကို....ဘာတွေပြော"
သူ ဆက်ပြောသည့် စကားတွေကလည်း ရှုပ်ရှုပ်ထွေးထွေးသာ.....အရမ်း ရယ်နေတာကိုး...
အသံရှင်းလင်းရန် screen နား မျက်နှာကပ်ရန် ပြင်ပြီးမှ ကြည့်ရဆိုးမှာ ကြောက်၍ ငြိမ်နေလိုက်သည်။
"စောစော အိပ်လို့....ကိုယ် အိပ်တော့မယ်"
ဒါတော့ ကြည်လင်သည်။
ကျွန်တော် နားလည်သည်။
"ဟမ်....ဘာမှ မပြောရသေးဘူးလေ"
"အိပ်တော့မယ်"
ဝက်ဝံရုပ်ကြီးကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လျက် လက်ကလေး ယမ်းပြကာ အစ်ကိုက အတည်နှုတ်ဆက်သည်။ ရယ်နေလျက်သား အမှန်တကယ် call end သွားပြီး ကျွန်တော်လည်း ဘာမှမပြောလိုက်ရ။
ကျွန်တော် မျက်နှာကများ ရယ်စရာပုံပေါက်နေလို့လား။ မှန်ကြည့်တော့လည်း သိပ်မဆိုးဘူး ထင်ရသည်။ ညအိတ်ဝတ်စုံကလည်း ကလေးကလား မဟုတ်ပါဘူး။
အစ်ကိုက ဘာပြောစရာ ရှိလို့ပါလိမ့်။
•••••••••••••••••••••••••••••
မတော်တဆ ဆုံမိတာတော့လည်း မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒါဟာလည်း ကျွန်တော် ဖြေရှင်းရ့မည့် ကိစ္စတစ်ခုဟု ထင်သည်။
အဲဒီသူ ပြောသလိုပဲ။
ကျွန်တော်က အစ်ကိုနဲ့ ပြန်တွဲမှာလေ။
"ကျွန်တော့်ကို ဘာလို့သဘောမကျတာလဲ"
လေးထောင့်စပ်စပ်မျက်မှန်ကို ပင့်တင်လိုက်သော သူ့ကိုကိုက မျက်နှာထားတည်လွန်းလှသည်။
"အစ်ကို jongin ရဲ့ ချစ်သူအနေနဲ့ ကျွန်တော် ဘာတွေများ လိုအပ်နေတာလဲ"
"Jongin ကိစ္စကို ငါ မဆုံးဖြတ်ပါဘူး...ငါ့ အတွေးက မင်းတို့အတွက် အရေးပါစရာ မလိုဘူး"
"အရေးပါတယ်....ကျွန်တော့်အတွက် မဟုတ်ရင်တောင်....အစ်ကို့အတွက်......အခု အစ်ကိုနဲ့ ကျွန်တော် တွဲကြမလို့"
"......"
"ကျွန်တော့်ကို ဘာကြောင့် သဘောမကျတာလဲ"
"ငါတို့တွေ အတွေးတူကြတယ်....
oh sehun....မင်း ငါ့ကို သဘောမကျ သလိုမျိုးပါပဲ"
•••••••••••••••••••••••••
စားသောက်ဆိုင်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့သည်။
တကယ်က ကျွန်တော် အစ်ကို့ဆီ သွားမလို့....
အစ်ကို့ဆီကို သွားတော့မလို့....
"sehun....လာ...ငါတို့ သွားစရာ ရှိတယ်"
"ဘယ်ကို...."
အဖြေပြန်မပေးဘဲ ဇွတ်ဆွဲခေါ်လာသော chanyeol နောက် ဒီတိုင်းပါလာခဲ့သည်။ chanyeol က ကျွန်တော့်ကားသော့ယူပြီး စက်နှိုးကာ သူကိုယ်တိုင် မောင်းထွက်ခဲ့သည်။
"ဘယ်ကို သွားရမှာလဲ"
"မင်းအစ်ကို့ရဲ့ နှလုံးသားဆီ"
"အဟား...."
chanyeol က မြို့ပြင်အထိ အရှိန်ပြင်းပြင်းမောင်းထွက်လာခဲ့သော်လည်း ကျွန်တော် ဘာမှမမေးမိ။ အစ်ကို့နှလုံးသားက ကျွန်တော့်အနီးမှာတော့ ဘယ်ဟုတ်ပါ့မလဲနော်.....
"ရုတ်တရက်ကြီး ရောက်လာတယ်....ငါ့ကို ရှာနေရသေးလား"
"ဒီလိုပဲ"
"သြော....မင်းတို့ အခြေအနေကရော...."
"အဆင်ပြေမှာပါ"
ကျွန်တော် ခေါင်းပဲညိတ်နေလိုက်သည်။ chanyeol က ပြုံးစစနှင့် လှည့်ကြည့်သည်။
"သူက ခေါင်းမာတယ် မဟုတ်လား...ငါက ပိုပြလိုက်တယ်...အကုန်လုံး ထားခဲ့ပြီး သူ့ရင်ခွင်ထဲပဲ လာနေမယ်လို့...ကြားထဲမှာ ငါဆိုးခဲ့တာတွေကို သူ စိတ်ဆိုးနေသေးတယ်လေ"
"အဲဒီတော့"
"အဆင်ပြေပါတယ်...jongin hyung က ငါ့ကို ကူညီပေးမယ်တဲ့"
"အစ်ကိုက ?.....မဖြစ်နိုင်တာ"
chanyeol က ကျွန်တော့်ကို ပြုံးပြီး ကြည့်နေလေသည်။ နာရီဝက်ကျော်ကျော် ခရီးရောက်လာသည့်အချိန်တွင် ကျွန်တော်ခန့်မှန်းမိသလို ရှိလာသည်။
"အခု သွားနေတာက"
"ဟုတ်တယ်....ငါတို့ ကျောင်းတက်ခဲ့တဲ့ မြို့ပဲ"
"အစ်ကို့နှလုံးသားက အဲဒီမှာလား"
"သူက မကြာခဏ ဒီကို ပြန်လာတတ်တယ်"
ကားမှန်ကို ဖွင့်ချလိုက်တော့ မပြောင်းလဲသေးသော မြင်ကွင်းတွေက ကျွန်တော်တို့ နေ့ရက်တွေကို နင့်နဲနေအောင် အမှတ်ရစေသည်။
ဒီမြို့တစ်ခွင်မှာ ကျွန်တော်တို့ မရောက်တဲ့ နေရာမရှိလောက်အောင်......
ဆိုင်ကယ်တစ်စီးပေါ်တွင် ကောင်လေးတစ်ယောက်သည် အရှေ့ကကောင်လေး၏ ခါးကို ဖက်ကာ လွတ်လပ်စွာ ရယ်မောနေခဲ့သည်။
အနောက်က ထိုင်နေသော ကောင်ငယ်လေးက သူ့ရှေ့က ကျောပြင်ကို ကိုးကွယ်ရာတစ်ခုလို ဖက်တွယ်ပြီး ပါးလေးနှင့် ကပ်ထားချိန်.....
အရှေ့က ကောင်လေး၏ မျက်နှာတွင် နူးညံ့သော အပြုံးပန်းခင်းတစ်ခု......
ငဲ့စောင်း၍ တီးတိုးစကားပြောရယ်မောသံတွေ....
ငယ်ရွယ်နုပျိုခြင်းတွေ....
ရိုးရှင်းသော ချစ်မေတ္တာတွေ....
ဖြူစင်စွာ ငေးမောခဲ့ရသော အပြုံးတွေ.....
ရင်ဘတ်ထဲက လှိုက်တက်လာသော ခံစားချက်တွေက မျက်ဝန်းတွေမှာ ငွေ့ရည်ဖွဲ့ပြီး နှုတ်ခမ်းတွေမှာ အပြုံး တည်စေသည်။
အမှတ်တရဆိုတဲ့ အရာတွေက အဲလောက်တောင် တန်ဖိုးကြီးသလား။ ဒီ မှတ်ဉာဏ်တွေထက် ပိုပြီး ဘာကများ အဖိုးထိုက်တန်ပါ့မလဲ။
chanyeol ချိုးကွေ့သွားသော လမ်းကြောင်းတွေရဲ့ ဦးတည်ရာကိုလည်း ကျွန်တော်သိပါသည်။
"Jongin hyung က ဒီမှာ အဆောက်အဦးတစ်ခု လှူဖို့ ရည်ရွယ်ထားခဲ့တာ....မင်းနဲ့ အတူတူ ဖြစ်မယ်.....အခုတော့ အလှူရှင် ရှိသွားပြီတဲ့"
ထိုမိဘမဲ့ဂေဟာလေးတွင် အစ်ကိုက အလှူလုပ်ရန် ဟိုးအရင်ကျောင်းသားဘဝက ပြောခဲ့ဖူးပါသည်။ အဲဒီတုန်းက သာမာန်လိုပင် ပြောခဲ့တာမို့ သေချာသတိမထားခဲ့မိတာ....
"hyung မွေးနေ့တုန်းကလေ...သိတယ် မဟုတ်လား....အဲဒါ ဒီမှာပဲ....hyung က ဒီက ကလေးတွေဆီ မကြာခဏလာတယ်....အခုလည်း ကစားကွင်းလုပ်ပေးချင်တာ ဆိုလား"
ပုံပေါ်နေပြီဖြစ်သော အဆောက်အဦးအသစ်လေးက ကလေးတွေ အိပ်ဆောင်အတွက် ဖြစ်ပုံရသည်။ ကျွန်တော်တို့ ဟိုးအရင်လာတုန်းကနှင့် အများကြီး ကွာခြားနေလေပြီ။
"သူက ငွေတွေတော့ စုနေတာပဲ...ဟိုး အနောက်ဘက် သွားကြည့်ပါလား...အဲဒီကုန်းမြင့်ပေါ်က ဒီကို ကြည့်လို့ ပိုလှတယ်တဲ့"
အဲဒီ မြေသားလမ်းကျဉ်းလေး မရှိခင်ကတည်းက ကျွန်တော်နဲ့ အစ်ကို ရောက်ခဲ့ကြတာ....
အဲဒီကုန်းမြင့်ပေါ်မှာ ကျွန်တော်တို့ အကြာကြီး ထိုင်နေဖူးခဲ့ကြ.......
.
.
.
အခုအချိန် ဘယ်သူမှ မပြောတော့ပေမဲ့ ကျွန်တော်တို့ တကယ်အလှမ်းဝေးသလို ခံစားရသည်။ အတူတူ ရယ်မောဖူးတယ် ဆိုတာ အတိတ်တွေပဲလား.....
ကိုကိုဆိုသည့် လူက ပြောခဲ့သည်။
"မင်းက ကိုယ့်လိုပဲ...သူ့ကို နားလည်မပေးနိုင်ပါဘူး"
တဲ့.....
အဲဒီတုန်းက.......
¿¿¿¿¿¿¿¿
"ကိုယ့်ညီအတွက် သူ့ကို နားလည်ပြီး ချစ်ပေးမဲ့ သူမျိုးကို ရွေးချယ်စေချင်ခဲ့တာ"
"......"
"မင်းက ကိုယ့်ကို တာဝန်မကျေတဲ့ အစ်ကိုလို့ ထင်တယ်မလား....အဲလိုမျိုးပဲ...jongin အကြောင်းကို ဘာမှမသိဘဲနဲ့ သူ့ဘေးမှာ တစ်သက်လုံး အဖော်ပြုနေပါ့မယ်လို့ မင်းကို မယုံနိုင်တာ....ဒီလောက်ပါပဲ"
"ကျွန်တော်က ဖက်တွယ်နေခဲ့ရတဲ့ သူပါ"
"ဟုတ်လား....အတူတူ ညစာ စားဖို့ သူ့အစ်ကိုကို မစောင့်တော့ပေမဲ့ မင်းကို စောင့်နေမဲ့ အခြေအနေမျိုးကို သဘောမကျရုံပါ...မင်းတို့အခြေအနေကို ဝင်မစွက်ဖက်ပါဘူး"
"......"
"ဒါပေမဲ့ သူက မင်းကို ရွေးတယ်...အစ်ကိုတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက သူ့ကို ကာကွယ်ပေးဖို့ပဲ....Jongin က အရမ်း ထိခိုက်လွယ်တာ"
"အစ်ကိုက ကျွန်တော့်ကို ရွေးတယ်တဲ့လား"
"မသိခဲ့ဘူး မဟုတ်လား....သူ မင်းကို...မင်းရဲ့ ပျော်ရွှင်မှုတွေကို ရွေးထားခဲ့တယ်....မင်းပြောကြည့်စမ်း....ငါ့ညီအတွက် မင်းကို စိတ်ချထားလို့ ရမလား"
"....."
"အထက်တန်းအောင်တော့ jongin က ပြောတယ်...သူ အက သင်တန်း တက်ချင်တယ်တဲ့....ငါ ချက်ချင်း သင်တန်းကြေး ထုတ်ပေးတယ်....တကယ် သူ့အိပ်မက်ကို ထောက်ပံ့ပေးချင်တာပါ...ဒါပေမဲ့ သူလိုတာက စကားတစ်ခွန်း၊ ဂုဏ်ပြုမှုတစ်ခု၊ ဆွေးနွေးမှုတစ်ခု...........
တစ်ယောက်တည်း ရှိတဲ့ ညီလေးအတွက် ငါ ကြိုးစားပြီး ငွေရှာနေပေမဲ့၊ သူ့ဘဝကိုပါ ငါ ထမ်းပိုးထားချင်ပေမဲ့၊ သူ လိုအပ်နေတာတော့ ငါနဲ့ ညစာ အတူစားဖို့ပဲ ဖြစ်နေခဲ့တယ်"
"......"
"အဲဒီကွဲပြားမှုတွေက သူနဲ့ မင်းကြားမှာလည်း ရှိနေတယ်....oh sehun"
"......"
"သူ့ကို လွတ်လပ်စေချင်တယ်....မင်းကို ငြိတွယ်နေတာကို သဘောမကျဘူး....အဲဒီကလေးက အစွဲအလန်းကြီးလွန်းလို့"
"......"
"ကိုယ့် သဘောထားကို အလေးအနက်ထားပေးတာ ကျေးဇူးတင်ပါတယ်....sehun shi.. မင်း စိတ်ချထားလို့ရတယ်...မင်းတို့ကိစ္စကို ဘာမှဝင်မပါပါဘူး...jongin ပျော်နေသေးသရွေ့ပေါ့"
"......"
ထသွားဖို့ ဟန်ပြင်ပြီးမှ ပြန်ထိုင်ပြီး သူ့ကိုကိုက ဆက်ပြောနေသေးတယ်။
"Jongin ဘာကြောင့် လမ်းတွေ မမှတ်မိတာလဲ...မင်း သိလား"
ကျွန်တော် ခေါင်းယမ်းလိုက်တယ်။
"သူ လမ်းပျောက်ရင် သူ့ကို လက်ဆွဲပြီး လာခေါ်မဲ့သူ....စိုးရိမ်ပူပန်နေတဲ့ ဆူငေါက်သံတွေကို မျှော်လင့်နေလို့ပဲ"
"......"
"ငယ်ငယ်ကတည်းက အရမ်းအနေအေးလွန်းတဲ့ သူ ပြောင်းလဲသွားရတဲ့ အကြောင်းတရားတွေ အများကြီး ရှိခဲ့တယ်....လမ်းလျှောက်ရင် လမ်းတွေကို မှတ်မထားဘူး....စက်ဘီး၊ ဆိုင်ကယ်စီးရင် ဘာမှမဖြစ်ပေမဲ့ လမ်းလျှောက်ရင် အတွေးလွန်ပြီး လမ်းပျောက်သွားတာက အကျင့့်တစ်ခုလို ဖြစ်သွားတာ"
"....."
"အခုအချိန်ထိ သူ လမ်းပျောက်နေတုန်း....အခုအချိန်ထိ မျှော်လင့်ချက်က အရိုးစွဲနေတုန်း....အဲဒီလို ကလေးကို မင်းက စောင့်ရှောက်ပေးဖို့"
ကျွန်တော် ခေါင်းငုံ့လိုက်မိတယ်။
အကြာကြီး....
¿¿¿¿¿
အဲဒါ ထင်သလောက် မလွယ်ဘူး။
ကျွန်တော် အစ်ကို့ကို
မစောင့်ရှောက်နိုင်လောက်ဘူး။
အစ်ကို လိုအပ်နေတဲ့ အရာတွေကို
နားလည်ပေမဲ့
ကျွန်တော် မဖြည့်ဆည်းပေးနိုင်လောက်ဘူး....
အဲဒီအရာတွေက
ကျွန်တော်လည်း မရခဲ့ဖူးတာမို့လို့....
အစ်ကို့ကို
ဘယ်လို ပေးရမှာလဲ မသိဘူး။
ဖြစ်နိုင်တာက.....
ဒီအချက်ကို
အစ်ကိုက
အရင်ကတည်းက
တွေးမိပြီး ဖြစ်လိမ့်မယ်။
သူက သူ့ထက် နွေးထွေးတဲ့ ရင်ခွင်တစ်ခုကို
ကျွန်တော် ရွေးချယ်စေချင်တဲ့ ပုံပဲ.....
သူက နားလည်ပေးနိုင်တယ်....
မဖြည့်ဆည်းပေးနိုင်ဘူး.....
အဲလို သူ တွေးခဲ့တဲ့ ပုံပဲ.....
ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ.....
ကျွန်တော်က အဲဒီမေတ္တာတွေ၊ နွေးထွေးမှုတွေ...ဘာဆို ဘာမှ မလိုဘူး။
ကျွန်တော်လိုတာ
အစ်ကိုလေ.....
အစ်ကို့အပြုံးလေ.....
အစ်ကို့ရင်ခွင်လေ......
ဖေဖေရေ....
ကျွန်တော် လူတစ်ယောက်ရဲ့ နှလုံးသားကို အတင်းအကျပ်ရယူဖို့ မကြိုးစားခဲ့ပါဘူး.....
ဒါပေမဲ့ သူမှ မဟုတ်ရင်....
အသက်ရှင်ချင်စိတ်လည်း မရှိတော့ဘူး...
ဒီနေရာမှာ ကျွန်တော်
ဘာလုပ်ဖို့ တတ်နိုင်သေးလဲ။
ဘုရားသခင်ကို ပစ်ပယ်မိတာ မှားပြီထင်တယ်။
ကျွန်တော် ဆုတောင်းမယ်.....
ကျွန်တော် ဆုတောင်းပါ့မယ်......
ကျွန်တော်က သိပ် အတ္တကြီးပါတယ်....
အစ်ကို့ကို မစွန့်လွှတ်နိုင်ဘူး.....
နောက်ဘဝတွေမှာ ပြစ်ဒဏ်ခံယူပါ့မယ်....
ဒီဘဝ အတွက်တော့....
အစ်ကို့ အပြုံးတွေ
ကျွန်တော့်ကို အပိုင်ပေးပါ.....
တုန်ယင်နေတဲ့ လက်နှစ်ဖက်ကို ယှက်သွယ်လို့ မျက်လုံးတွေ မှိတ်ထားလိုက်တယ်....
ကျွန်တော် ဆုတောင်းပါ့မယ်.....
ခါးပေါ်ကနေ သိုင်းဖက်လာတဲ့ နွေးထွေးတဲ့ လက်တစ်စုံဟာ နှလုံးသားနဲ့ ရင်းနှီးနေခဲ့တယ်....
ရပ်နေတဲ့ တောင်စောင်းပေါ်က ပြုတ်ကျသွားပြီလားလို့ ထင်ရလောက်အောင်....
တခမ်းတနား မျောလွင့်သွားရင်း.....
အစ်ကို ~
.
.
.
.
.
ကျွန်တော့်ခါးကို နောက်ကသိုင်းဖက်ထားတဲ့သူက သေချာပေါက် အစ်ကိုပဲ....
လှည့်မကြည့်ရင်တောင် ခံစားနေရတာ
သူက ဖွဖွလေး ဖက်ထားခဲ့တာမို့....
"အစ်ကို"
"ဟင်"
အသက်ရှုလိုက်လို့ ကျွန်တော့်ခန္ဓာကိုယ် လှုပ်ရှားသွားရင် သူ ဖယ်ခွာသွားမှာစိုးမိတာကြောင့် အသက်အောင့်ထားမိတာ....
နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းမမျှတော့ လူက မောပန်းလာတယ်။ မသိသာအောင် ဖြည်းဖြည်းလေး အသက်ခိုးရှုလိုက်ရင်း........
"ဒီကို အရင်ရောက်နေတာလား"
"အင်း....chanyeol ကို ကိုယ်ခေါ်ခိုင်းလိုက်တာ"
"ပြောစရာ ရှိလို့ပေါ့"
"အင်း"
ကျွန်တော် ဖြည်းဖြည်းလေး လှည့်ကြည့်တော့ နီးကပ်နေသော အစ်ကို့ပါးပြင်က ပိုတိုးကပ်လာပြီး ကျွန်တော့်ပါးနှင့် လာကပ်သည်။
"hun...ဒီနေရာကို မှတ်မိလား"
"မှတ်မိတယ်"
"ကိုယ့်ကိုရော မှတ်မိလား"
"မှတ်မိတယ်"
ပါးလေးတွေ ပြန်ခွာသွားပြီး အစ်ကိုက ငြိမ်နေသည်။ ကျွန်တော် ရင်ခွင်နွေးနွေးကို ခံစားရင်း ကိုယ့်စိတ်ကို ပြင်ဆင်နေမိသည်။
သူ ပြောချင်တာ ပြောပါစေ....
ကျွန်တော် တကယ် လက်မလွှတ်နိုင်ဘူး...
ဘယ်အချိန်က စခဲ့မှန်း မမှတ်မိတော့ဘူး...
ကျွန်တော့်ဘဝက အစ်ကို့အပိုင် ဖြစ်သွားခဲ့တာ...
ကျွန်တော်က အဆုံးထိ ဖက်တွယ်ထားဦးမှာ...
ကျွန်တော့်ရှေ့က ရှုခင်းတွေက ဝေဝါးလာသည်။
အစ်ကို့ လေသံက ကျွန်တော် ကြားလောက်ရုံ တိုးတိုးလေး ထွက်လာသည်။
"ကျနော် ... ... ... kim jongin"
"......"
"Oh sehun က ကျနော်နဲ့ အတူတူ အကြာကြီး နေချင်ရဲ့လား........အချိန်အကြာကြီး............ကျနော်နဲ့..........အတူတူ"
"......."
"ထပ်ပြောရရင်....မသေမချင်း"
"......."
"ကျနော်ကလေ....oh sehun ဆိုတဲ့ ခင်ဗျားလေးကို အရမ်းချစ်တာပါဗျ"
"......."
"တစ်ခါမှ မပြောဖူးပေမဲ့....အဲလိုပုံစံ မပေါက်ပေမဲ့ တကယ် အရမ်းချစ်တာပါ"
"......"
"ကျနော့်အချစ်ခံရတာ ခင်ဗျားကို ပျော်စေနိုင်ပါ့မလား မပြောတတ်ဘူး....ကျနော့်ရဲ့ dark side တွေက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်"
"......"
"အဲဒီထဲ တိုးဝင်မိသွားရင် ခင်ဗျားထွက်ပြေးချင်ရင်တောင် အလွတ်ပေးမှာ မဟုတ်တော့ဘူး...သေချာစဉ်းစားနော်....ကျနော်က ဆိုးတယ်....ခင်ဗျားကို ချုပ်နှောင်ထားမိမယ်...အခန့်မသင့်ရင် နာကျင်ရနိုင်တယ်...မသေမချင်း ဒီရင်ခွင်ထဲပဲ နေရမှာ...မွန်းကျပ်နေအောင် အချစ်ခံရမယ်...အဲဒီအခါကျ ခင်ဗျားမပျော်လည်း ထွက်သွားလို့ ကျနော်ပြောမှာ မဟုတ်တော့ဘူး"
"......"
"တခြားလူတွေကို ကြည့်ခွင့်မပြုတော့ဘူး...ဆံပင်တိုတို မိန်းကလေးနဲ့ နေ့လည်စာ အတူစားတာကိုလည်း ခွင့်မပြုတော့ဘူး....
လက်တွဲဖို့က မရိုးရှင်းဘူးလို့ ကျနော် ပြောတယ်နော်...ခင်ဗျားအပြုံးကိုပဲ ငေးကြည့်ချင်တဲ့ ချစ်မေတ္တာထက် ပိုပြီးရှုပ်ထွေးဆန်းပြားလာမယ်"
"......"
"နောက်ဆုတ်လို့ မရတော့တဲ့ ချည်နှောင်မှုမျိုးနဲ့....အသက်မရှူတော့တဲ့ အချိန်ထိ ရစ်ပတ်ထားမဲ့ ချစ်ခင်မှုမျိုးနဲ့....ကျနော့်လက်ကို တွဲချင်သေးလား......အခု ရွေးချယ်လို့ ရသေးတယ်"
"....."
"ဟင်....ကျနော့်လို တစ်ကိုယ်ကောင်းဆန်တဲ့သူနဲ့ တစ်သက်လုံး အတူတူနေချင်ရဲ့လား"
ကိုယ့်ပါးစပ်ကို လက်နဲ့အုပ်ထားမိတာ ဘယ်အချိန်ကမှန်းမသိ။ သူက နောက်ကို ပြန်လှည့်ကြည့်ခွင့့်မပြုတာကြောင့် ခေါင်းကိုပဲ အခါခါညိတ်ပြလိုက်တယ်။ နှလုံးသားတစ်ခုလုံးလည်း ဗြောင်းဆန်လို့...
"အဲဒါဆို......အတူတူနေကြရအောင်"
ဖောက်ခနဲ ကွဲသွားသော လေပူပေါင်းလေးက ကျွန်တော့်နှလုံးသား ဖြစ်ပြီး ထွက်လာသမျှက အစ်ကို့ချစ်ခြင်းတွေ.....
ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းရီသွားတဲ့အထိ..
မျက်ဝန်းထဲမှာလည်း ဘာမှမမြင်ရလောက်အောင် မျက်ရည်တွေ ပြည့်လျှံနေခဲ့......
ကျွန်တော့်ခါးပေါ်က လက်ကို အုပ်ကိုင်လိုက်တော့ သူ့ပွေ့ဖက်မှုက အနည်းငယ် တင်းကျပ်သွားသည်။
"ပြောစရာ ရှိသေးတယ်"
"......"
"ကိုယ်က ပြောင်းလဲနိုင်မှာ မဟုတ်ဘူး...ဒီပုံစံက အသားကျနေခဲ့ပြီမို့....hun ကို စိတ်ညစ်အောင် ထပ်လုပ်မိနိုင်တယ်"
"......"
"ကိုယ့်ကြောင့် hun မပျော်မရွှင် ဖြစ်ရနိုင်တယ်...အဲဒါတွေထက် hun က ကိုယ့်ကို ပိုချစ်မှန်း သိတယ်....hun ရဲ့ ပျော်ရွှင်မှုတစ်ခုလုံးကို ကိုယ့်ဆီ ပေးထားခဲ့တယ်မလား"
"....."
"အဲဒီတော့ နောက် ဖြစ်လာနိုင်တဲ့ ပြဿနာတွေအတွက် ကိုယ် ကတိတစ်ခုပေးမယ်"
"......"
"Hun အတွက် Disney ဖြစ်ပေးမယ်....ဘယ်လိုပြဿနာတွေပဲရှိရှိ Happy Ending ပဲ ဖြစ်စေရမယ်....အချိန်ယူရလောက်ပေမဲ့ ကိုယ် သေချာပေါက် hun ပြုံးနိုင်တဲ့အထိ ပြန်ချော့မယ်...hun ကို အကြာကြီး စိတ်မညစ်စေရဘူး"
"......"
"အခက်အခဲတွေကတော့ အသည်းယားစရာ ကောင်းလောက်အောင် အဆုံးစွန်ထိ တွန်းပို့ကောင်း ပို့နိုင်ပေမဲ့ hun ရဲ့ Disney ကို ယုံပေးပါ....သေချာပေါက် Happy Ending"
အဆုံးသတ် စကားက ရယ်မောသံကြောင့် တုန်ခါသွားပြီး အစ်ကိုက တိုးတိုးလေး ရယ်နေခဲ့သည်။ ပြီးတော့ ကျွန်တော့်ပါးလေးကို အစကလို သူ့ပါးနှင့် ပွတ်သပ်လိုက်ပြီး.....
"Disney ကမှ မယုံချင်စရာ ကောင်းဦးမယ်...ကိုယ့်ကိုတော့ ယုံနော်...ဒါက 100 ရာခိုင်နှုန်း အမှန်ပြောတာ"
ကျွန်တော် စကားပြန်စဖို့ နှုတ်ခမ်းဖွင့်လိုက်ပေမဲ့ တကယ် ဘာသံမှ ထွက်မလာတာ။ ဆွံ့အတယ်ဆိုတာ အလကား ပြောတာ မဟုတ်ဘူး။ မျက်ရည်တွေကပဲ စီးကျလာတယ်။
"ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက် ဒီ့ထက်ပို နားလည်ဖို့....hun ကိုယ့်ကို နားလည်ဖို့....တစ်ဘဝလုံး အချိန်ယူကြရအောင်"
"......"
"ကိုယ့်ကို နားမလည်လည်း အပြစ်မတင်ဘူးဆိုတာ သိတယ်မလား....ပျော်အောင်ပဲနေကြမယ်....ဒီဘဝတစ်ခုမှာ ကိုယ်တို့နှစ်ယောက်လုံး ပျော်နေမှ ဖြစ်မှာ"
"....."
"ထပ်ပြောမယ်....ကိုယ် hun ကို သိပ်ချစ်ပါတယ်"
"ကျွန်တော်....ကျွန်တော်"
ပျော့ခွေကျသွားတဲ့ ခြေထောက်တွေက တကယ့်ကို ဟန်ဆောင် ထိန်းမထားနိုင်တော့တာ။
"Hun"
မျက်နှာကို လက်နဲ့အုပ်ပြီး တားဆီးထားပေမဲ့ စီးကျနေတဲ့ မျက်ရည်တွေ.....
ကျွန်တော့်ဘေးမှာ အစ်ကိုက ထိုင်ချပြီး...
ကျွန်တော့်လက်တွေကို ဆွဲခွာပြီး.....
သူ့ရင်ခွင်ထဲမှာ ကျွန်တော့်တစ်ကိုယ်လုံး ထည့့်ဖက်ထားတယ်.....
"အဲလို မလုပ်ပါနဲ့ဆို"
ကြည်နူးစရာ မကောင်းလောက်အောင် သူ့ရင်ခွင်ထဲမှာ ကျွန်တော် ငိုကြွေးနေမိတယ်.....
တကယ်.....
အစ်ကိုက ကျွန်တော့်ကို ငိုအောင်လုပ်ခဲ့ပါတယ်...
သူ့ ချစ်ခြင်းတွေနဲ့ပဲ.....
Your Smile 🌟