chanyeol စကားတွေနဲ့ ခေါင်းမူးပြီး တစ်ယောက်တည်း ပြန်လာခဲ့တော့ ကားလေးက အလိုက်သိစွာ လမ်းတွင် ရပ်တန့်သွားလေသည်။
ရီဝေနေသည့် အရှိန်တွေပျောက်ကာ၊ စိတ်တိုလာသည်။
ဖုန်းဖွင့်လိုက်တော့ အပေါ်ဆုံး နံပါတ်လေးက ခပ်လှောင်လှောင်.....
စိတ်ချဉ်ချဉ်နှင့် call နှိပ်လိုက်တော့ တူ သံတစ်ချက်မဆုံးခင် အသံချိုချိုလေး ကြားရသည်။
"Hello....hun"
"အင်း...အစ်ကိုလား"
"ဟုတ်တယ်....ငါပါ...hun ဘယ်ရောက်နေတာလဲ...ပါတီက ပြီးသွားပြီလား"
"အင်း....အခု ပြန်နေတာ...လမ်းမှာ"
"သြော်....ကားကို ဂရုစိုက် မောင်းနော်"
အံမယ်.....စိတ်ဆိုးအောင် လုပ်ထားတာ သူ မဟုတ်သလိုပဲ။
"ကားက စက်ရပ်သွားတယ်...ဘာဖြစ်မှန်း မသိဘူး"
"ဟင်...အဲဒီတော့ အခုတစ်ယောက်တည်းလား...အတွင်းရေးမှူး မပါဘူးလား"
"တစ်ယောက်တည်း....ကျွန်တော် ခေါင်းလည်း မူးနေပြီ"
"ခေါင်းမူးတယ်....ဟင်.....သြော်...မင်း အရက်မူးနေတာလား"
အာမေဋိတ်သံ မျိုးစုံထွက်လာပုံက ဘာကိုတွေးမှန်းမှ မသိ။ တကယ် အသည်းယားစရာလေးရယ်။ ကျွန်တော် ထပ် စ ချင်လာသည်။
"အခု....အခု....ကျွန်တော်...."
"နေရာပြော...ကိုယ် လာခဲ့မယ်...အခု hun ရှေ့မှာ ဘာရှိလဲ....အထင်ရှားဆုံးကို ပြော"
ဘာမှတောင် မ စ ရသေးဘူး။ သိပ်စိတ်ပူနေတာလား။ နေရာပြောလိုက်ပြီး ကြိတ်ပျော်နေမိသည်။ မူးချင်ဟန်ဆောင်ပြီး အစ်ကို့ကို ရစ်ပစ်မှာ.....
ဝိုင်နည်းနည်းသာ သောက်ထားသည်မို့ ကိုယ်ပေါ်က အနံ့အသက်မပီပြင်။ ကားထဲမှ ထွက်ပြီး အနားရှိ စတိုးဆိုင်မှ လေးထောင့်ပုလင်းတစ်လုံး ဝယ်လိုက်သည်။ အစ်ကို့ကို စ ရမှာလည်း ပျော်စရာပဲ။ တကယ်စိတ်ဆိုးသွားရင်တော့လည်း...
ပုလင်းသစ်ကြီးကို ဖောက်ပြီး အင်္ကျီပေါ် အနည်းငယ် လောင်းသည်။ တကယ်ကြီး မူးလို့မဖြစ်သဖြင့် ပါးစပ်ထဲ ပိစိလေးထည့့်သည်။ ကိုယ့်နှာခေါင်းကို ဖြုတ်ထားချင်လောက်အောင် ကျွန်တော့်တစ်ကိုယ်လုံး နံစော်နေသည်။
ပြီးမှ အင်္ကျီက အပေါ်ကြယ်သီးလေးတွေ ဖြုတ်ပြီး ဆံပင်တွေဖွကာ လမ်းဘေးထိုင်နေလိုက်သည်။ ပထမဝိုင်ထဲက အယ်လ်ကိုဟောအရှိန်ကြောင့် ထင်သည်။ အစ်ကို့ကို အနိုင်ကျင့်ဖို့ ကျွန်တော် အရမ်း တက်ကြွနေသည်။
အချိန်သိပ်မကြာလိုက်ဘဲ Taxi လေး တစ်စီးပေါ်မှ အစ်ကိုပြေးဆင်းလာသည်။
"အစ်....ကို"
"What the fuck ! "
ဟမ်......
အစ်ကို ကျွန်တော့်ကို ဆဲမယ်လို့တော့ တကယ်ကြီး ထင်မထားပါ။ တကယ်မူးနေရင်တောင် ပြေသွားလောက်ပြီ။
"ဆဲ....ဆဲလိုက်တာလား ဟင်"
မနေနိုင်စွာ မေးမိတော့ အစ်ကိုက ရုပ်တည်ကြီးနှင့် အနားရောက်လာသည်။ ပုခုံးကနေ လာတွဲတာက မညင်သာသလိုပဲ။ ကျွန်တော် အစ်ကို့ရင်ခွင်ထဲ ပစ်မှီလိုက်သည်။
ခေါင်းထဲမှာ ဖျတ်ခနဲ သတိရတာက ကျွန်တော် တစ်ချိန်က ပြောခဲ့သည့် အစ်ကို့ကို ချီမည် ဟူသော စကား။ ကျွန်တော် သက်သေမပြရသေးဘူးပဲ။
ဟုတ်ပါတယ်လေ။ အခုတော့ အစ်ကိုက ကျွန်တော့်ကို ဘယ်ချီနိုင်တော့မလဲ။ အစ်ကို့ဖွံ့ဖြိုးမှုက ရပ်သွားတော့ အစ်ကိုက ပိန်ပိန်သွယ်သွယ် အနေတော်လေး ဖြစ်သွားပြီး ကျွန်တော်က အတင်းကြီး ထွားလာတာကိုး။
ကျွန်တော်မှီလိုက်သည်နှင့် အခက်တွေ့သွားပုံပေါ်သော အစ်ကို့ကြောင့် ကိုယ်ဖော့ပေးထားလိုက်သည်။
Taxi နောက်ခန်းထဲ ယိုင်တိုင်တိုင်တိုးဝင်မိတော့...
"ဘယ်ကို မောင်းပေးရမလဲ"
"sehun...hun....ကြားလား....မင်း အိမ်လိပ်စာ ပြောလိုက်...ကိုယ့်အိမ်ကိုရော မှတ်မိလား"
ကျွန်တော် ကြောင်တောင်တောင်လေး ကြည့်နေမိသည်။ စိတ်ထဲက မယုံနိုင်။ ကျွန်တော် oh sehun လေး အိမ်ကို အစ်ကိုက မသိဘူး တဲ့။ အေးလေ....ထားပါတော့...ကျွန်တော်မှ အိမ်မခေါ်ဖူးတာ။
"ကျစ်...chanyeol တော့ သိလောက်တယ်"
ကျွန်တော် ကိုယ့်လိပ်စာကို အလောတကြီး ရွတ်ပြလိုက်ရသည်။
"ဟုတ်မှ ဟုတ်ပါ့မလား...hun က မူးနေတော့"
"SH group ရဲ့ CEO လား...မနေ့ကတင် အင်တာဗျူးလာသေးတယ်...အဲဒါ သူ့လိပ်စာ မှန်ပါတယ်"
"သြော်....သြော်"
Taxi သမားတောင် သိပါတယ် အစ်ကိုရေ။
ဘေးချင်းကပ်ထိုင်နေတဲ့ အစ်ကို့ပေါင်တွေပေါ် တစောင်းလှဲချလိုက်တော့ အစ်ကိုက ကျွန်တော့်ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးနေ၏။
အစ်ကို့ကို ကျွန်တော် အပိုင်ရရင် ကောင်းမှာပဲ။
..................
အစ်ကိုက အိမ်ထဲမဝင်ဘဲ ခြံဝမှာတင် မတ်တပ်ရပ်နေသည်။ ဘာတွေများ တွေးနေပါလိမ့်။
ကျွန်တော်က အစ်ကို့ကို မှီနွဲ့နေရင်း.....
အစ်ကိုက အင်္ကျီအနက်ရောင်လက်ရှည် အပါးတစ်ထည်သာ ဝတ်ထားပြီး မမူးဘဲနဲ့ အပေါ်ကြယ်သီးနှစ်လုံး ဖြုတ်ထားသည်။
"အိမ်မှာ..ဘယ်သူမှ မရှိဘူးလား"
ခြံတံခါးနှင့်အိမ် အစောင့် ဦးလေးတစ်ယောက်သာ ရှိပုံက အစ်ကို့ကို အံ့သြစေပုံရသည်။
ဧည့်ခန်းအထိ တွဲခေါ်လာပြီး ကျွန်တော့်ကို ဆိုဖာပေါ် ထိုင်စေတော့ အစ်ကို့ကို မရမက ဖက်တွယ်ထားလိုက်သည်။
"ထိုင်လေ...hun...အတင်းကြီး ဖက်မထားနဲ့"
"Hun က တကယ်အဆိုးလေးပဲကွာ"
"ဘယ်လို....မဆိုးဘူးလား....အိပ်တော့မှာလား....အင်း...အင်း....ဟုတ်ပါပြီ"
ကျွန်တော်လည်း ဘာမှမပြောဘဲ တစ်ယောက်တည်း စကားပြောနေသော အစ်ကို့ကြောင့် အသည်းယားလာသည်။
chanyeol စကားတွေက နားထဲ ပြန် ကြားလာသည်။ ကျွန်တော်လည်း တစ်ခါတစ်လေတော့ လောဘကြီးတတ်သည်။
အစ်ကိုက ကျွန်တော်နှင့်အတူ ဆိုဖာပေါ် ဝင်ထိုင်ပြီး ဖက်တွယ်ထားသော လက်တွေကို ဖြည်းဖြည်းချင်း ဖြုတ်ချနေသည်။ ကျွန်တော် ပို၍ တင်းကျပ်စွာ ရစ်ပတ်လိုက်ပြီး....
အစ်ကို့နှုတ်ခမ်းတွေဆီ မျက်စိစုံမှိတ်၍ တိုးဝင်ပစ်လိုက်သည်။
ကျွန်တော် အစ်ကို့၏ အရာရာကို အပိုင်လိုချင်ပါသည်။
ခေါင်းကို စောင်းကာ.....
အစ်ကို့မျက်နှာကို အုပ်ကိုင်ကာ......
နှုတ်ခမ်းအတွင်းထဲထိ နမ်းရှိုက်မိစဉ်....
ကျွန်တော် မျက်စိမှိတ်ထားရတာက အနမ်းကို ခံစားချင်၍ မဟုတ်ဘဲ အစ်ကို့ကို ကြောက်နေ၍သာ ဖြစ်သည်။ နူးညံ့သော ခံစားမှုနောက်မျောပါချင်သော်လည်း.....အခုန်မြန်နေသော နှလုံးသားက စိတ်လှုပ်ရှားနေခြင်းသာ....
အစ်ကိုက ပြန်မနမ်းပေမဲ့ တွန်းမထုတ်သေးပါ။ မျက်လုံးကို ပို၍ တင်းတင်းမှိတ်ပစ်ပြီး အစ်ကို့ကို ဆိုဖာပေါ် လှဲချလိုက်သည်။ အစ်ကို့လက်တစ်ဖက်က ကျွန်တော့်နောက်ကျောကို ဖက်တွယ်လာသည်။
တွန်းထုတ်လိုက်သည်ကမှ တော်သေးသည်ဟု ကျွန်တော် တွေးမိသည်။ မျက်လုံးတွေကို ပြန်မဖွင့်ရဲတော့။
အသံတစ်စက်မှ မထွက်သော အစ်ကို့ကို အားနာစွာ...မကြည့်ရဲစွာ...အစ်ကို့လည်ပင်းကြားထဲ မျက်နှာဖွက်ထားလိုက်သည်။
ခံစားမိတာက အစ်ကို့ရဲ့ မြန်ဆန်လွန်းနေသော နှလုံးခုန်သံ.....ကျွန်တော့် အရက်နံ့တွေ မွှန်ထူနေသော ကိုယ်နံ့ရိုင်းရိုင်းကြောင့် မရည်ရွယ်ဘဲ လည်တိုင်နုနုကို နမ်းမိသွားသည်။
နှုတ်ခမ်းကို နမ်းရသည်ထက် ပို၍ စိတ်သက်သာရာရသောကြောင့်.....ထပ်ခါထပ်ခါ နမ်းရှုံ့နေရင်း....
အစ်ကို့၏ မငြင်းဆန်ခြင်းများသည် လက်ခံသည်ဟု မဆိုလိုကြောင်း ကျွန်တော် သိခဲ့ရဲ့သားနဲ့....
အစ်ကို့ရင်ဘတ်ပေါ်တွင် ခေါင်းတင်ကာ အနားယူလိုက်သော ကျွန်တော်က အမူးလွန်ပြီး အိပ်ပျော်သွားပြီ ထားပါတော့။
မျက်လုံးမှိတ်ပြီး အဆုံးသတ်လိုက်ခါမှ အစ်ကို့ရင်ဘတ်က ကြယ်သီးအချို့ကိုပါ ကျွန်တော် ဖြုတ်ခဲ့မိကြောင်း သတိရသည်။ နောက်ကျောရိုးထဲက စိမ့့်တက်လာသည်။
အခု ဘယ်လို ဖြေရှင်းတော့မလဲ။ ကျွန်တော် အမူးလွန်နေလို့ပါ လို့လား။ အမူးလွန်ပြီး အသိစိတ်လွတ်သွားတာ လို့လား။
အစ်ကိုက ကျွန်တော့်ကို သူ့ကိုယ်ပေါ်မှ ဂရုတစိုက် ဖယ်ချနေသည်။ ကျွန်တော် စိတ်တင်းပြီး ကိုယ်တိုင် ဖယ်ခွာပေးလိုက်သည်။
"အစ်ကို"
"ဟူး....."
ဆံပင်တွေကို တစ်ချက်သပ်ရင်း အစ်ကိုက လေပူတွေကို မှုတ်ထုတ်သလို.....
သူ့အင်္ကျီတွေကို ပြန်ပြင်ဆင်သည်။
"အစ်ကို....ဟို....ကျွန်တော်"
"အင်္ကျီလဲဦး....အရမ်းနံတယ်...သောက်လည်း မသောက်ဘဲ....နှမြောစရာ"
"ဟင်...."
"ပါတီလေး မလာချင်တာကို မင်း ပြန်ယူတာ များလိုက်တာ.....ကြောက်စရာပဲ"
ကျွန်တော် ခေါင်းငိုက်စိုက်ကျသွားသည်။ ဘယ်နေရာက အရှိုက်လဲ ဆိုတာ အစ်ကိုက အမြဲသိနေတာ.....
မဟုတ်သေးပါ။ ကျွန်တော် အစ်ကိုနဲ့ သေသေချာချာ စကားပြောရမှ ဖြစ်မည်။ အတွေးနဲ့ ခေါင်းပြန်မော့တော့ အစ်ကိုက မရှိတော့။
ဒီတိုင်းကြီး ထွက်သွားပြီလား.....
ငိုချင်စိတ်ကို ထိန်းပြီး ခြံဝန်းကို ဖြတ်၍ လမ်းမပေါ် ပြေးထွက်လိုက်တော့ ကျွန်တော့်ခြံရှေ့က မီးတိုင်အောက်မှာ ထိုင်နေတဲ့ အစ်ကို.......
ခြေထောက်တွေကိုပါ စင်းချပြီး မြေကြီးပေါ် ထိုင်နေသည့် ပုံစံက.....
"တော်သေးတာပေါ့....ကျွန်တော်က ပြန်သွားပြီ ထင်နေတာ"
အစ်ကို့ဘေးမှာ ဆောင့်ကြောင့်လေးထိုင်ပြီး ပြောတော့ အစ်ကိုက ငူငူလေး.....
"မင်း အိမ်က ဝေးတယ်"
"အင်....ဟုတ်....လား"
"ငါ့မှာ Taxi ခ မကျန်တော့ဘူး"
"သြော်..........အင်"
"သင်တန်းကို အခုမှ ပြန်သွားမှာမို့ လစာက မရသေးဘူးလေ"
အစ်ကိုက ဘာတွေ ပြောနေတာလဲ။ ကျွန်တော်လည်း ဘာကို ဘယ်က စပြောရမှန်း မသိသဖြင့် အစ်ကို့ရှေ့တွင် ခြေထောက်ခွေရင်း ထိုင်ချလိုက်သည်။
"ရှေ့က ကွယ်ပြီး မထိုင်နဲ့လေ"
"....."
တိတ်တဆိတ် ဘေးနေရာ ရွှေ့ပေးလိုက်ပြီး......
ဘာမှမရှိသည့် မြေပြင်ကို ငေးနေသည့် အစ်ကို့ကို ကြည့်ရတာ ဘာမှန်းမသိသဖြင့် ပင်ပန်းလာသည်။
"အစ်ကို....ကျွန်တော်ကလေ"
"ခဏလေးပါ....ငါ စဉ်းစားနေတာ"
ခဏတိတ်ဆိတ်ပေးလိုက်ပြီးမှ....ထိုသို့လည်း မဟုတ်သေးပါ။
"ကျွန်တော် တောင်းပန်ပါတယ်....နောက် တစ်ခါ အစ်ကို စိတ်မပါရင် မလုပ်တော့ပါဘူးနော်...မူးချင်ဟန်ဆောင်မိတာလည်း တောင်းပန်ပါတယ်"
အစ်ကိုက ငဲ့ပင်မကြည့်ဘဲ လက်ကာပြသည်။
"ကျွန်တော် မှားသွားတာ ကျွန်တော် သိပါတယ်...တစ်ခုခုတော့ ပြောပါ နော်...အစ်ကို"
"ငါ ကြိုးစားနေတယ်....မင်း အဆင်ပြေဖို့....မင်းနဲ့ အဆင်ပြေဖို့....ငါ့ကိုယ် ငါ"
"ဟင့်အင်း....ဟင့်အင်း....မလိုပါဘူးနော်...ကျွန်တော် ပြင်ဆင်မှာပါ....အစ်ကို မကြိုက်တာတွေ နောက်ကို ဘယ်တော့မှ မလုပ်ပါဘူး"
"....."
"ကျွန်တော်....ကျွန်တော် မကောင်းတဲ့ အတွေးတွေ တွေးမိခဲ့ပေမဲ့....ကျွန်တော် မှားခဲ့တာ ဟုတ်ပေမဲ့....ခွင့်လွှတ်ပေးပါနော်...ဒီတစ်ခါတည်းပါ"
"Hun...ငိုတော့မှာလား....မလုပ်ရဘူးနော်...ကိုယ်က ဘာပြောရမှန်းမသိတော့လို့ စဉ်းစားနေတာ"
"ရတယ်...အစ်ကို စိတ်ထဲရှိသလိုပြော...လက်ပါလိုက်လည်း ရတယ်...ဟုတ်တယ်....ကျွန်တော့်ကို ရိုက်လေနော်"
"ဟာ.....ဘာလို့ ရိုက်ရမှာလဲ...မငိုနဲ့နော် hun...ဒုက္ခပဲ...ဘာလို့ မျက်ရည်တွေ ကျနေတာလဲ"
ကျွန်တော့်မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ စိတ်ပူနေသော အစ်ကိုက ကျွန်တော့်ကို ခွင့်လွှတ်တယ် ထင်ပါတယ်.......
ကျွန်တော် အစ်ကို့လက်တွေကို ဆုပ်ကိုင်လိုက်သည်။
"အစ်ကို...ကျွန်တော့်ကို စိတ်မဆိုးဘူးလားဟင်...ဟုတ်လား...စိတ်မဆိုးဘူး မလား"
"စိတ်ဆိုးသွားတာ hun လေ"
"အာ....ကျွန်တော်က ခုနက နမ်းမိတဲ့ ကိစ္စကို ပြောတာ"
"အဲဒါက စိတ်ဆိုးစရာမှ မဟုတ်တာ....မင်းနမ်းချင်တာ သိနေတာပဲ"
"ဟင်...သိသာနေတာလား"
"အင်း...သိသာတယ်....ဒီလိုအခြေအနေမှာ မင်း ဘယ်အထိ တွေးထားလဲ ဆိုတာလည်း သိတယ်...တကယ်မလုပ်မှာမှန်းလည်း သိတယ်...ပါတီကို chanyeol လာတယ် ထင်တယ်"
ကျွန်တော် ဆုပ်ကိုင်ထားမိသော အစ်ကို့လက်ကို ယောင်ယမ်းပြီး လွှတ်ချလိုက်သည်။
"အာ....အင်း....အဟင်း..."
"ဘာဖြစ်လို့လဲ...hun"
"အင်း...အဟင်း....တကယ်လို့ ကျွန်တော်က မရပ်ရင် အစ်ကို ဘယ်လိုလုပ်မလဲ"
"Hun မလုပ်ပါဘူး"
"သေချာတယ်ပေါ့"
"သေချာတယ်"
တကယ်ကို ဘာပြောရမှန်း မသိတော့ပါ။ အစ်ကိုက ကျွန်တော့်အတွက် တကယ်ကြီး တော်လွန်းနေတာ....
"ဒါဆို ကျွန်တော် ရပ်သွားမှာဆိုပြီး စောင့်နေတာပေါ့"
"......"
"ဘာလို့ ကြောက်စရာ လို့ ပြောတာလဲ"
"နည်းနည်း.....အဲဒါကြီး မပြောနဲ့တော့လေ"
"ကျွန်တော် မမူးတာလည်း သိတယ်ပေါ့....စိတ်မဆိုးဘူးလား"
"Hun ထ မလာရင် ကိုယ် မသိချင်ယောင်ဆောင်ပေးပါတယ်"
ထားလိုက်ပါတော့.......
"အင်းးးးး......ဒါဆို အစ်ကို ဘာလို့ ဒီမှာ ထိုင်နေတာလဲ....ခုနက စဉ်းစားနေတယ် ဆိုတာရော"
စိတ်မဆိုးဘူး ဆိုပြန်တော့လည်း အလိုမကျပြန်။ ဘာမှ မခံစားရဘူးတဲ့လား။ အဖက်လုပ်မခံရသလိုပဲ....
"ဒီမှာ ထိုင်နေတာက....ဒီမှာ ထိုင်နေတာက....စဉ်းစားနေတာ....မင်းကို ပြောဖို့ တွေးထားတဲ့ စကားတွေ....မင်းက နမ်းလိုက်တော့ ဘာမှစဉ်းစား မရတော့ဘူး"
ထိုစကားကမှ အခုနက နမ်းရတာထက်ပင် ပို၍ ရင်ခုန်ရပါသည်။
"ကျွန်တော် နမ်းတာကို ရင်ခုန်တယ်ပေါ့"
ဘုရားရေ.....
အစ်ကိုက ပြုံးရယ်ပြီး တစ်ဖက်လှည့်သွားလေသည်။ ထို ပြုံးရယ်ပုံက ဘာနဲ့မှ မတူ....
အလွန်အမင်း ချစ်စရာကောင်းသည်။
"အဟမ်း....ကိုယ် ဖြေရှင်းပေးချင်ခဲ့တာ...ညနေက တကယ် စိတ်မကောင်းဘူး..."
"လာပါ...အိမ်ထဲ သွားရအောင်....ကျွန်တော် အများကြီး စိတ်မဆိုးတာမို့ ဖြည်းဖြည်း စဉ်းစားလည်း ရပါတယ်"
"......"
"အရမ်း ညဉ့်နက်နေပြီ...အစ်ကို အိမ်မပြန်နဲ့တော့နော်....မနက်မှ ကျွန်တော် လိုက်ပို့မယ်...အဲ....ကျွန်တော် ကျောပေါ် တက်ပါ့လား...ကျောပိုးမယ်လေ"
ဖြည်းဖြည်း ထ လာသော အစ်ကိုက ခြေထောက်အနည်းငယ် ယိုင်ကျသွားသောကြောင့်....
အစ်ကိုက ခေါင်းယမ်း၍ ငြင်းပယ်သည်။
"chanyeol ကျ ဆေးရုံမှာတောင်"
"သူက အနိုင်ကျင့်လို့ ကောင်းလို့"
အစ်ကိုက ကျွန်တော်နဲ့ အတူ ခြံတံခါးဆီ လျှောက်လာနေရင်း ရုတ်တရက် သူ့ပါးစပ် သူ လက်နဲ့ ပိတ်ပြီး အတင်းရယ်လေသည်။
"ဘာ ရယ်စရာ တွေးမိလို့လဲ"
"ကိုယ် ပြန်ရမှာ ဒီဘက် မဟုတ်လား"
ပြောရင်း ဆက်ရယ်နေသည့် အစ်ကိုက အမြဲတမ်းကို ချစ်ဖို့ကောင်းနေတော့တာပဲ။
ဘယ်လိုဆုတောင်းမျိုးနဲ့ ကျွန်တော့်တစ်ဘဝလုံးကို သိမ်းပိုက်ခဲ့တာ.....
.
.
.
"....."
ကျွန်တော် အဝတ်အစားလဲပြီး အပြင်ပြန်ထွက်လာတော့ ဧည့်ခန်းထဲမှ အစ်ကိုက သူမေ့သွားသော စကားများကို ပြန်စဉ်းစားနေဆဲ ဖြစ်ပုံရသည်။
"Hun....ကိုယ် က.....လေ"
ဘယ်လောက်တောင် ခက်ခဲလို့ စကားတစ်လုံးချင်း ခွဲပြောနေရတာလဲ။ ကျွန်တော် ထပ်စောင့်နေသော်လည်း အစ်ကိုက ဆက်မပြောတော့ပါ။
"ကျွန်တော် နားမလည်မှာ စိုးရိမ်နေပြန်ပြီလား"
မချိပြုံးလေးသာ.....
သူ မပြောချင်တော့ဘူး ထင်သည်။
"အစ်ကို မပြောတော့ဘူးလား"
"......"
"......"
"ကိုယ် တကယ် အဲလိုမျိုးတွေ မလာချင်ဘူး...သူများတွေ အာရုံစိုက်မှာလည်း မခံချင်ဘူး...ကိုယ်က....."
သူ အကြာကြီး ရပ်တန့်နေပြန်သည်။ ကျွန်တော့်ကိုလည်း မကြည့်တော့ဘဲ....
"ကျွန်တော်လည်း မေးစရာ ရှိတယ် ထင်တယ်"
"မေးလေ....hun"
ကျွန်တော်လည်း နှုတ်ခမ်းသာ ပြင်နေပြီး ဘယ်က စ မေးရမည် မသိ။
"အစ်ကိုရဲ့ ကိုကိုနဲ့ အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"ပြီးတော့....အစ်ကို အက်ဆီးဒန့် ဖြစ်တုန်းက"
"....."
"အဲဒီတုန်းက"
အစ်ကိုက ကျွန်တော့်စကားကို အာရုံစိုက်၍ နားထောင်နေသည်။ ဘယ်လို အပြောင်းအလဲမှ မရှိ။
ကျွန်တော် စိတ်မလုံသလို ခံစားရသည်။ နေရာမှ ထ၍ ရေခဲသေတ္တာဆီ သွားရင်း....
"အဲဒီလူနဲ့ ရင်းနှီးနေတာဆို"
"အင်း...ရင်းနှီးတယ်"
ကျွန်တော် လှည့်ကြည့်တော့ အစ်ကိုက ဆိုဖာပေါ်မှနေ၍ ကျွန်တော့်မေးခွန်းကို စောင့်ဆိုင်းနေဆဲ....
"သူလုပ်တဲ့ ပွဲကိုလည်း သွားခဲ့တယ်ဆို"
အစ်ကိုက အနည်းငယ် မျက်မှောင်ကျုတ်သည်။ သို့သော် ချက်ချင်း ဖြေလျှော့လိုက်သည်။
"အင်း...သွားတယ်"
"အစ်ကိုတို့ အဲလောက်ရင်းနှီးသွားမှန်း ကျွန်တော် မသိဘူး"
"အခုထိ မေးခွန်းမပါသေးဘူးလေ...hun...မင်း သိပြီးသားတွေကို ပြောနေတာပဲ"
"အဲဒီလူက အစ်ကို့အတွက် ဘာလဲ"
အစ်ကိုက သက်ပြင်းချရင်း မတ်တပ်ရပ်နေဆဲ ကျွန်တော့်ဆီ လျှောက်လာသည်။
"သူက မိတ်ဆွေလေ"
တဖြေးဖြေးလှမ်းလျှောက်လာသော အစ်ကို့ကို ကြောက်လာသည်။ သူက ဘာလို့ အမြဲတမ်း အေးဆေးလွန်းနေတာလဲ။ တကယ် မတရားဘူး။
"အဲဒါဆို ကျွန်တော်ကရော ဘာလဲ"
တံခါးတစ်ချပ် ပိတ်ချလိုက်သလို အစ်ကို့ ခြေလှမ်းတွေ ရပ်သွားသည်။ တစ်စုံတစ်ခု ပြုတ်ကျကြေကွဲ သွားသည်။
အစ်ကိုက ကျွန်တော့်ကို ကြည့်နေသည်။ သူ စိုက်ကြည့်နေသည်။ ကျွန်တော် ဘာမှရှာမတွေ့။ ရုတ်တရက် သူက ရှေ့တိုးပြီး ကျွန်တော့်ခါးကို လက်တစ်ဖက်ဖြင့် ဆွဲယူသည်။ နီးကပ်သွားချိန်မှ လက်တစ်ဖက်က ကျွန်တော့်ပါးပေါ် အုပ်ကိုင်လာသည်။
"Hun.......ရယ်.......မင်း..က"
"....."
"မင်းက....ကိုယ် ချစ်ရတဲ့သူလေ"
စကားတိုးတိုးလေးအဆုံးမှာ အစ်ကိုက ကျွန်တော့့်ကို ပိုတိုးပြီး ဖက်ထားသည်။ ကျွန်တော့်ပုခုံးပေါ် ရောက်နေသော သူ့မျက်နှာကို မမြင်ရ၍ ဖြစ်နိုင်သည်။ ကျွန်တော် နွေးထွေးတယ်လို့ မခံစားရတာ...
"ကိုယ်.....နမ်း ရ မှာလား"
တုန်ယင်နေသော လေသံတိုးတိုးလေးက ဖြတ်တိုက်သွားရုံ....
ရုတ်တရက် ဆွဲခွာလိုက်ချိန် အစ်ကို့မျက်နှာကို သေချာကြည့်ချင်သော်လည်း သူက နှုတ်ခမ်းတွေကို အတင်းဖိကပ်လာသည်။ ကောင်းမွန်စွာ စုပ်ယူနမ်းရှိုက်နေသော်လည်း....
ကျွန်တော် ချစ်ခြင်းတရားကို မခံစားရ.....
"ဘာလို့.....ဘာလို့ အဲလိုတွေးရတာလဲ"
မောဟိုက်သံကြားမှ လေသံသဲ့သဲ့ဖြင့် ပြောသော အစ်ကိုက အသက်ပြင်းပြင်းရှူရင်း မျက်လုံးတွေကို မှိတ်ထားဆဲ.....
"နှိုင်းယှဉ်စရာလား.....ဟမ်"
ပြောရင်း ထပ်မံတိုးကပ်လာသော အစ်ကို့နှုတ်ခမ်းတွေကို တားဆီးလိုက်သည်။ ဒီနေ့ရဲ့ အနမ်းတွေက နက်ရှိုင်းပေမဲ့ တစ်ခုမှ အသုံးမဝင်ဘူး။
"အစ်ကို"
"အင်း.....ထားလိုက်တော့"
အစ်ကိုက ဖက်ထားတာကို လွှတ်ပြီး ဆိုဖာပေါ် ပြန်သွားထိုင်သည်။ ကျွန်တော် အစ်ကို့ဘေးရောက်သွားတော့ ဆက်တီပေါ်က minyong ကြည့်ပုံရသော ဇာတ်လမ်းအခွေတွေကို ကြည့်နေသည်။
"ဒါတွေ hun မကြည့်ဘူးလား...တကယ် မိုက်တယ်....ကြည့်သင့်တယ်"
"......"
"ကိုယ် ဒီဇာတ်ကားကြည့်ချင်တယ်...ရမလား"
ကျွန်တော် ဖွင့်ပေးလိုက်တော့ တိတ်ဆိတ်စွာပင် ဇာတ်လမ်းထဲ အာရုံနစ်မျောနေတော့သည်။ အဲလိုလည်း ရတာပဲလား.....
သူ စကားပြောချင်စိတ် မရှိဘူးပေါ့လေ...
ဘေးချင်းကပ်ရပ် အစ်ကို့ပုခုံးပေါ်မှီလိုက်တော့ ဇာတ်ကြောင်းကိုတောင် ရှင်းပြနေသေးသည်။
"အိပ်ချင်ပြီလား...hun အခန်းထဲ သွားလေ"
"ဟင့်အင်း...ဒီနားပဲ နေမယ်"
"အဲဒါဆို ကိုယ့်ပေါင်ပေါ် လှဲလိုက်"
သူ့ပေါင်ပေါ် ခေါင်းအုံးစေလျက် အကျအန နေရာယူစေပြီး ဆံပင်လေးတွေကို ဖွဖွပွတ်သပ်ပေးရင်း......
အရင်တစ်ခေါက်ကလို....
နိုးလာရင် ဘာမှပြောစရာမလိုဘဲ အဆင်ပြေသွားရင် ကောင်းမယ်.....
•••••••••••••••••••••••••••
ဆတ်ခနဲ အိပ်ရာနိုးလာတော့ ဆိုဖာပေါ်မှာ ကျွန်တော် တစ်ယောက်တည်း......
မနက် ၄ နာရီ......
"အစ်ကို...."
တုံ့ပြန်သံ မလာ။ ထမင်းစားခန်းထဲမှ အသံတစ်ခုကြောင့် အပြေးသွားတော့ မနက်စာပြင်ဆင်နေပုံရသော minyong ကို တွေ့ရသည်။
"Minyong....ဘယ်တုန်းက ရောက်နေတာလဲ...အစ်ကိုရော"
"သူ ပြန်သွားပြီ...ငါ ၂ နာရီခွဲ လောက်က ပြန်ရောက်တာ"
"ပြန်သွားပြီ...ဘယ်လို ပြန်သွားတာလဲ...ဘယ်အချိန်က ပြန်သွားတာလဲ"
"မနက် ၃ နာရီလောက် ထင်တယ်...ငါ ရောက်ပြီး မကြာဘူး...သူငယ်ချင်း လာခေါ်မှာလို့ ပြောတာ....kim jongdae လို့ မင်းကို ပြောပေးတဲ့....မင်း ဒီနေ့ စောစောနိုးမှာလို့ ပြောလို့ ငါ မနက်စာ ပြင်နေတာ"
သူ့စကားကို နားမထောင်တော့ဘဲ အစ်ကို့ဖုန်းကို ခေါ်တော့ ဖုန်းမကိုင်ပါ။ တစ်ခါ ဖုန်းမကိုင်ရင် ထပ်မခေါ်နဲ့တော့တဲ့။ သူ ပြောဖူးတာပဲ။
Jongdae hyung က တော့ မနက် ၄ နာရီ ဖုန်းဖြေသည်။
အစ်ကိုက သူ့ဆီမှာ....အခု အိပ်နေတယ် တဲ့။
ကျွန်တော်တို့ကြားက တံတိုင်းက အက်သွားတာလား။
နောက်တစ်ထပ် အသစ်ဖြစ်သွားတာလား။
Your Smile 🌟