ကျွန်တော့် ခေါင်းတွေ ပူထူနေသည်။ လမ်းတွေက အခုမှ ပိုကြာနေသလို စိတ်မရှည်နိုင်ဘဲ တစ်ယောက်တည်း ကမ္ဘာပျက်နေရသည်။
Accident.....တဲ့။
ဒီညနေ တွေ့မည်ဟု အစ်ကိုနှင့် မနေ့ညက ဖုန်းပြောခဲ့သည်။ အခုမှ ကျွန်တော့်ဖုန်းကို မကိုင်သူက car accident နှင့် ဆေးရုံရောက်နေလို့ပါတဲ့။
အကသင်တန်းက အမျိုးသမီးပြောမှ သိရသည့် သတင်းအတွက် ကျွန်တော် ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိပါချေ။
"အစ်ကို.....kim jongin"
အသက်ကို မောဟိုက်စွာ ရှိုက်ရှူရင်း မေးတော့ သူနာပြုဆရာမလေးက ခပ်မြန်မြန် လမ်းညွှန်ပေးသည်။
အခန်းတံခါးခေါက်ဖို့လည်း ကျွန်တော် သတိမရပါ။ တံခါးကို ဇွတ်တွန်းဖွင့်ပြီး ပြေးဝင်လိုက်တော့...
"Hun"
အစ်ကိုက ကုတင်ပေါ်မှာ တစ်ဝက်လဲလျောင်းနေရက်သား။ ခါးအောက်ပိုင်းကို စောင်ပါးဖြင့် လွှမ်းထားပြီး မျက်နှာနုနုမှာ ပွန်းပဲ့ရာ တစ်ချို့နှင့်.....
ဆေးရုံအင်္ကျီဖြူဖြူက အစ်ကို့ကို အလွန် အကျည်းတန်စေသည်။
"အစ်ကို ဘယ်လိုနေလဲ...ဘာတွေ ထိခိုက်မိသေးလဲ...နာနေသေးလားဟင်"
အလောတကြီး ကုတင်နား ပြေးကပ်မိတော့ အစ်ကိုက ကျွန်တော့်လက်တွေကို ဆီးကြိုဆုပ်ကိုင်လာသည်။
"အခု...အခု ကောင်းသွားပြီ...စိတ်မပူနဲ့တော့နော်....ကိုယ် တောင်းပန်ပါတယ်"
အရည်လဲ့လဲ့မျက်ဝန်းတွေ.....
"အစ်~ ကို...တကယ် အဆင်ပြေရဲ့လားဟင်"
"အင်း....တကယ် အဆင်ပြေတယ်...ကိုယ် ဘာမှမဖြစ်ဘူးနော်"
အစ်ကိုက ခေါင်းညိတ်၍ ပြုံးပြမှ ဝင်လာကာစတွင် ဖျတ်ခနဲ သတိထားလိုက်မိသော အခန်းတွင်းမှ လူနှစ်ယောက်ကို လှည့်ကြည့်ဖြစ်သည်။
နှစ်ယောက်လုံးက အနက်ရောင် suit အပြည့့်အစုံနှင့် ခန့်ညားနေကာ ကျွန်တော့်ကို အကဲခတ်နေကြသည်။
"အဲဒါဆို kim jongin..shi...ကျွန်တော် ပြန်လိုက်ပါဦးမယ်...လိုအပ်တာမှန်သမျှ ကျွန်တော် ဖြည့်ဆည်းပေးပါ့မယ်...ကျွန်တော့်ရဲ့ ပေါ့ဆမှုအတွက် ထပ်ပြီး တောင်းပန်ပါတယ်"
စကားဆုံးတော့ ထိုသူက ခါးတစ်ဝက်ချိုးကာ ဦးညွှတ်လေသည်။
"တကယ်က ကျွန်တော့် အမှားပါ..ကျွန်တော်လည်း တောင်းပန်ပါတယ်"
"ဒါဆို နောက်နေ့မှ ကျွန်တော် လာကြည့်ပါ့မယ်...ခွင့်ပြုပါဦး"
ထိုသူက အစ်ကို့နှင့် ထိခိုက်မိသူလား.....
တစ်ယောက် ထွက်သွားတော့မှ ကျန်တစ်ယောက်က အစ်ကို့အနား တိုးလာသည်။
"jongdae ဆီ ကိုကို ဖုန်းဆက်ထားတယ်...သူရောက်တဲ့အထိ စောင့်ပေးရဦးမလား"
"ကိုကိုက အခု ပြန်တော့မှာလား"
"အဲဒါဆို jongdae ရောက်လာမှ ပြန်မယ်လေ"
"ကျွန်တော်က ရပါတယ်...နောက်နေ့တော့ လာခဲ့ဦးနော်"
"အင်း...ဒေါ်လေးတို့ကို မပြောတော့ဘူးနော်...သူတို့က ဆူငေါက်နေမှာပဲ ရှိတာ"
"ဟုတ်....မပြောပါနဲ့"
"ဒါဆို ကိုကို မနက်စောစောမှ လာခဲ့မယ်....စားချင်တာ ရှိရင် ဖုန်းဆက်လိုက်လေ"
"ဟုတ်"
သူတို့ စကားအဆုံး လေးထောင့်မျက်မှန်အောက်မှ ကျွန်တော့်ဆီ ရောက်လာတဲ့ မျက်ဝန်းတွေ.....
ကိုကိုဆိုသည့်သူက အစ်ကိုနှင့် အနည်းငယ်တော့ ဆင်တူသယောင်ရှိသည်။ အဓိက ခန့်မှန်းရခက်သည့် မျက်ဝန်းတွေမျိုး....
မတူတာကတော့ အစ်ကို့လို မနွေးထွေးတာပဲ ဖြစ်သည်။ ကျွန်တော့်အတွက်ပေါ့။
"သူက sehun လေ"
"အင်း...တွေးမိပါတယ်...ကိုကို ပြန်ပြီနော်...jongin"
အစ်ကို့ လက်ဖဝါးတစ်ဖက်ကို ဆုတ်ညှစ်ရင်း ထွက်သွားသည့် လူကြီးက တစ်မျိုးကြီးပဲ။ ကျွန်တော့်ကို နည်းနည်းလေးတောင် အသိအမှတ်မပြုချင်သလို ခံစားရသည်။
ပြီးတော့ ညီကို ဂရုစိုက်ပုံကလည်း jongdae ကို ဖုန်းဆက်ထားတယ်တဲ့။ ဘယ်သူက အုပ်ထိန်းသူ မို့လို့လဲ။
အတွေးလွင့်သွားချိန် ခါးဆီမှ ရစ်သိုင်းလာသော လက်တစ်ဖက်နဲ့အတူ ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာသော....
"အစ်ကို..."
ရပ်နေဆဲ ကျွန်တော့်ခါးကို အစ်ကိုက တင်းတင်းဖက်ထားပြီး ကျွန်တော့်ရင်ခွင်ထဲ မျက်နှာဝှက်လျက်....
"ကိုယ်....အရမ်း ကြောက်နေခဲ့တာ"
"ဟင်...."
"အရမ်းလန့်သွားတာ...ခြေထောက်ကျိုးသွားရင်...လမ်းမလျှောက်နိုင်တော့ရင်...မ က နိုင်တော့ဘူးဆိုရင်...တွေးမိပြီး အရမ်းကြောက်သွားတာ"
"အစ်ကို"
"တော်သေးတယ်....တကယ် တော်ပါသေးတယ်"
ရင်ခွင်ထဲမှ တိုင်တည်ပြောဆိုနေပုံက ကျွန်တော် မတွေးထင်ဖူးသည့် ပုံရိပ်ဖြစ်နေသဖြင့် ကြောင် အ နေမိသည်။ အစ်ကိုက ကျွန်တော့်ကို ဖက်ထားရာမှ ခွာပြီး ပြုံးစစဖြင့်......
"ရှက်စရာကြီး....ကိုယ့်အတွေးကို လန့်ပြီး မေ့သွားတာလေ"
"အစ်ကို သတိမေ့သွားသေးတာလား"
"ရုတ်တရက် လန့်သွားတာဆို"
"အစ်ကိုရာ...အခုရော ဘယ်လိုနေလဲ...ခေါင်းမူးနေလား...ခြေထောက်ကရော....ဆရာဝန်က ဘာပြောလဲ"
အစ်ကိုက ကျွန်တော့်ကို လက်ဟန်ဖြင့် ထိုင်ခိုင်းပြီး သူ့စောင်ပါးပါးကို လက်နှင့် ဆုတ်ကိုင်ထားသည်။
"အားလုံးကောင်းတယ်...ခြေထောက်ကလည်း ခဏ အနားယူလိုက်ရင် ရတယ်တဲ့...ဟိုတစ်ယောက်က သူ့ကားနဲ့ တိုက်မိတာမို့ ဆေးရုံခေါ်လာတာ...တစ်ပတ်လောက်တော့ နေရမယ် ပြောတာပဲ"
"ဟင်...အကုန်ကောင်းတယ်ဆို"
"နည်းနည်းတော့ ထိခိုက်တာပေါ့...ကိုယ် စိုးရိမ်သလောက် မဖြစ်ဘူး ပြောတာ"
"အစ်ကိုက စက်ဘီးနဲ့လား"
"ဟင့်အင်း....လမ်းလျှောက်နေတာ"
"လမ်းလျှောက်နေတာကို ကားက ဝင်တိုက်တာလား.....ဟာ ဗျာ"
"မဟုတ်ဘူး...ကိုယ် အတွေးလွန်သွားတာပါ...အခုလည်း ဘာမှမဖြစ်ပါဘူး...အနားယူရတာပေါ့"
အစ်ကိုက အခုတော့ အမှန်တကယ် စိတ်ပေါ့ပါး ပျော်ရွှင်နေပုံ ရပါသည်။
"အခုလို ဖြစ်မှ ကိုကိုကလည်း ပေါ်လာတယ်လေ...သူ့ကို ခဏဆွဲထားဖို့လည်း အကြောင်းပြချက် ရတယ်"
"လက်ထပ်တော့မှာ မို့လို့လား"
"အင်း...စိတ်ရဲ့ ဟိုးအတွင်းထဲက မကြိုက်ချင်ဘူး...စွန့်ပစ်ခံရတော့မလိုမျိုး"
"အဲလိုတော့လည်း မဟုတ်ပါဘူး....ညီအစ်ကိုတွေဆိုတာက ပြောင်းလဲသွားမှာမှ မဟုတ်တာ"
"မသိဘူး...မကြိုက်ဘူး...ကိုယ်က အဲလိုမျိုးပဲ...ကိုယ့်အတွက်လို့ တွေးလိုက်ရင် သိပ်သဘောထားသေးသွားတာ...အဲဒါကို မပြင်နိုင်သေးဘူး"
"ဟိုတစ်ခါကတော့ ပျော်နေပြီး"
"အဲဒါ အပြည့်မမှန်ဘူး...ဘာမှလုပ်မရလို့ ပျော်ပေးတာ"
"......"
"ကိုယ့်ရဲ့ dark side တွေကို မြင်လား...Noona ကတော့ ကိုယ်က တော်တော်ဆိုးတယ် တဲ့"
"ကျွန်တော်က အဲဒီ dark side တွေနဲ့ အချုပ်အနှောင် ခံချင်တာ"
"....."
"တကယ်လို့ ကျွန်တော် အခု အခြားတစ်ယောက်နဲ့ လက်ထပ်မယ်ဆိုရင် အစ်ကို ဘယ်လိုဖြစ်နေမှာလဲ"
"သိချင်ရင် လက်ထပ်လိုက်လေ"
ခပ်တည်တည်ပြောသော အစ်ကို့ပုံစံက ဘာကိုမှ မခန့်မှန်းတတ်အောင် တည်ငြိမ်လွန်းသည်။ ကျွန်တော် အစ်ကို့စိတ်ကို ဖတ်ရန် မကြိုးစားခဲ့ခြင်းတွေက အသားကျလွန်းနေသောကြောင့်....
အစ်ကို့ရဲ့ အရိုးရှင်းဆုံး အရာတွေကိုတောင် ကျွန်တော် နားမလည်တတ်တော့.....
ကျွန်တော်က အစ်ကိုနဲ့ ပတ်သတ်ရင် တုံး အ သော ကောင်လေးတစ်ယောက်သာ ဖြစ်နေခဲ့သည်။
"Kim jongin"
ပင်ပန်းနေဟန်ဖြင့် ခပ်မှိုင်းမှိုင်း ဖြစ်နေသော လူသေးသေးလေးက အခန်းထဲ ဝုန်းဆို ဇွတ်ဝင်လာခဲ့သည်။
"မင်းကွာ....ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အဲလောက်တောင် ခက်ခဲလား"
jongdae hyung က တကယ်စိတ်ဆိုးနေသည်။ အစ်ကိုကလည်း ချက်ချင်းပင် စူပုပ်ပုပ် ဖြစ်သွားသည်။
"လမ်းလျှောက်ရင် စိတ်နဲ့ ကိုယ်နဲ့ ကပ်လို့...လျှောက်မတွေးနဲ့လို့...ပြောလာတာလည်း နှစ် ၂၀ ကျော်ပြီ....ဒီအရွယ်ရောက်မှ မင်းကို ဘယ်သူကမှ လက်ဆွဲပြီး လိုက်မပို့တော့ဘူး"
"နောက်မှ ပြောပါကွာ...ခဏနားပါဦး"
Jongdae hyung က ကျွန်တော့်ကိုပါ လှမ်းကြည့်ပြီး အသံတိတ်သွားသည်။
"ဘယ်နှရက် ခွင့်ယူခဲ့လဲ...jongdae"
"၅ ရက် အများဆုံးတဲ့....စိတ်ပူစရာ မရှိဘူး...ငါ လိုချင်သလောက် ရတယ်"
"မရလည်း အလုပ်ထွက်ခဲ့ကွာ"
"အေး"
တစ်ခါတစ်လေတော့လည်း အစ်ကို့ဘေးမှာ jongdae hyung လို နေရာမျိုး ရချင်သည်။ သူတို့လို နားလည်မှုမျိုး......တစ်ခါတစ်လေတော့လည်း.......
"hun...ပြန်တော့မလား....နောက်ကျနေပြီ"
"ကျွန်တော်လည်း အစ်ကို့ကို စောင့်နေပေးမယ်လေ"
"ကိုယ်က ဘာမှမဖြစ်ဘူး...အခု အလုပ်ကိစ္စက အရေးကြီးနေတာ မဟုတ်လား....hun ရဲ့ အောင်မြင်မှုအတွက် ကိုယ်လည်း ရင်ခုန်နေပါတယ်...ပြန်ပြီး နားတော့နော်"
ဒီရက်ပိုင်းက တကယ်အလုပ်ပင်ပန်းလို့ပဲလား မသိ။ ကျွန်တော် နေလို့ မကောင်းဘူး။
××××××××××××××××××××××××
အစ်ကို ဆေးရုံတက်သည့် သုံးရက်မြောက်..
အလုပ်က သိပ်ပင်ပန်းနေသော်လည်း အစ်ကို့ကို တွေ့ချင်၍ အိမ်မပြန်သေးဘဲ ဆေးရုံသို့ တန်းလာခဲ့သည်။
အခန်းထဲတွင် ဘယ်သူမှ မရှိ၍ ဆေးရုံလမ်းတစ်လျှောက် ပတ်ကြည့်မိတော့ အစ်ကို့ကို ကျောပိုး၍ ခပ်ဖြည်းဖြည်းလျှောက်လာနေသော chanyeol..
"အစ်ကို...နေမကောင်းဘူးလား....
ဘာဖြစ်လို့လဲ ဟင်"
"မင်း အစ်ကို ဘာမှမဖြစ်ဘူး....အခုလေးတင် လေ့ကျင့်ခန်းလုပ်ထားတာ ညောင်းလို့တဲ့...ငါ့ကို ကျောပိုးခိုင်းတာ"
"Hun...အလုပ်ဆင်းဆင်းချင်း လာတာလား...အိမ်မှာ နားခဲ့ဦးမှပေါ့"
"အင်း...."
သူတို့နှစ်ယောက်ဘေးက လိုက်လျှောက်ရတာ မအီမသာကြီး ခံစားရသည်။ ခဏနေတော့ chanyeol က ဒူးကွေးပြီး အစ်ကို့ကို အောက်ချပေးလိုက်သည်။
"Jongin shi....အဆင်ပြေရဲ့လား...နေလို့ ကောင်းရဲ့လား"
အထုပ်တွေ တပွေ့တပိုက်နဲ့ ကိုကို ဆိုတဲ့သူရယ်...
မေးခွန်းမေးသူကတော့ အစ်ကို့ကို ထိခိုက်စေသော ကားပိုင်ရှင်....
"Jongin hyung....ခုနက စားချင်တယ်ပြောတဲ့ ဆန်ပြုတ်သွားဝယ်လိုက်မယ်...sehun ရော ခေါ်သွားလိုက်မယ်"
အစ်ကိုက ခေါင်းညိတ်ပြတော့ chanyeol က ကျွန်တော့်ကို ဇွတ် ဆွဲခေါ်လာသည်။
"ငါ အခုမှ ရောက်တာကို...ဘာလို့ ခေါ်လာတာလဲ"
"ကိုကိုတို့ ရောက်နေတယ်လေ...မင်း နေရမခက်ဘူးလား"
"ဘာလို့ နေရခက်ရမှာလဲ"
"ထားပါတော့...ငါ မနက်တည်းက ဆေးရုံရောက်နေတာ...အဲဒီလူကြီးက အခုလာတာ ၃ ခေါက်မြောက်...hyung လည်း အများကြီး မထိခိုက်ဘဲနဲ့...နည်းနည်းတော့ များတယ် မဟုတ်လား"
"ကိုကို ဆိုတဲ့သူလား"
"ဟာကွာ....သူ့ကိုကိုက အခုမှလာတာ....သူ့သူဌေး...jongin hyung ကို ကားနဲ့ တိုက်တဲ့သူကို ပြောတာ"
အနည်းငယ် အံ့သြသွားသောကြောင့် အတွေးတွေ ရှုပ်ထွေးသွားသည်။
"ဘယ်လို....ဘယ်သူက....ငါ့ကို ရှင်းအောင် ပြောစမ်းပါ"
"အဲဒီလူက...hyung အစ်ကို ရဲ့ အထက်လူကြီးတဲ့.....မင်း ပြောစမ်း...ဝန်ထမ်းတစ်ယောက်ရဲ့ ညီကို ကားတိုက်မိရုံနဲ့ ဒီလောက် ဂရုစိုက်ပေးစရာ လိုလို့လား"
"အစ်ကိုကရော"
"Hyung က ဘာလုပ်ရမှာလဲ...ဒီတိုင်း လက်ခံစကားပြောရတာပေါ့"
ကျွန်တော် ကိုယ့်မျက်နှာကို လက်နဲ့ အုပ်လိုက်ပြီး တစ်ဆက်တည်း ဆံပင်တွေပါ ဆွဲဖွလိုက်သည်။ စိတ်ရှုပ်လိုက်တာ.....
"မင်း အခု project က အရမ်းအရေးကြီးတာ ငါသိတယ်....sehun....ဒါပေမဲ့ အဲဒီပရောဂျက်ကြီးရဲ့ အောင်မြင်မှုက မင်းအစ်ကို တခြားတစ်ယောက်နဲ့ ရယ်မောနေတာ မြင်ရုံနဲ့ မင်းစိတ်ထဲမှာ ရှုံးနိမ့်သွားမှာ...."
"....."
"အခု ဆေးရုံတက်တဲ့သူက ငါ့ချစ်သူ ဆိုရင်...ဘာကြီးပဲ ဖြစ်ဖြစ် ငါ သူ့အနားက ခွာမှာ မဟုတ်ဘူး"
"ငါ အရမ်း စိတ်ညစ်နေတယ်...chanyeol ရာ...ဘာမှလည်း အဆင်မပြေဘူး...တကယ်ပင်ပန်းနေပြီ"
"ဟက်....oh sehun...ဒါလေးကို မင်း အလုပ်နဲ့ ရောထွေးပြီးတော့ မညည်းစမ်းနဲ့...မင်း မေ့နေတာလား...မင်း နဲ့ hyung က ဘာမှမဟုတ်သေးဘူးဆိုတာ"
ကျွန်တော့် ခေါင်းပေါ် လေးလံတဲ့အရာကြီး ပြုတ်ကျလာသလိုပဲ။ ကျွန်တော် မေ့နေခဲ့တာ....ကျွန်တော်က ဒီအခြေအနေမှာ သာယာနေခဲ့တာ...
"မင်းကို ဒီထက်ပိုပြီး တန်ဖိုးထားတတ်မယ်လို့ ငါ ထင်ထားတာ..."
"ငါ ~ လည်း....အကောင်းဆုံးဖြစ်အောင်.....ကြိုးစားနေတာပဲ"
"အကောင်းဆုံးထက် ပိုကောင်းအောင် ကြိုးစား...jongin hyung က အဲလောက်အထိ ထိုက်တန်တယ်"
ဘာလို့လဲ....
ဘာလို့ အဲလောက် ခက်ခဲနေတာလဲ....
ဘာလို့ ကျွန်တော့်လိုအပ်ချက်ပဲလဲ....
••••••••••••••••••
ထိုညက ကျွန်တော် အိမ်မပြန်ဖြစ်ဘဲ ဆေးရုံမှာ ညအိပ်ရန် ဆုံးဖြတ်ခဲ့သည်။
တစ်ညလုံး အခန်းတစ်ခန်းထဲမှာ အစ်ကိုနှင့် အတူရှိနေရခြင်းအတွက် ရင်မခုန်ရဘဲ ညနေက chanyeol စကားများသာ ပြန်ကြားနေသည်။ ကျွန်တော်တို့ အခု အဆင်ပြေနေသလား...ဘယ်နေရာ မှားယွင်းနေလဲ....တကယ်ကို မသိပါ။
"အိပ်မပျော်ဘူးလား...hun...သက်တောင့်သက်သာ မရှိဘူးမို့လား"
"မအိပ်ချင်သေးလို့ပါ"
ဆိုဖာကျဉ်းကျဉ်းပေါ်မှာ ဒူးကို ပိုကွေးလိုက်ချိန် ကုတင်ပေါ်မှ အစ်ကို ထ လာသည်ကို မီးမှိန်မှိန်ဖြင့် တွေ့ရသည်။
"Jongdae က သေးသေးလေးဆိုတော့ ဒါလေးနဲ့ အဆင်ပြေတယ်...hun က ဘယ်အဆင်ပြေပါ့မလဲ"
အစ်ကိုက ကျွန်တော့်နံဘေး ရောက်လာပြီး လှဲနေသော ကျွန်တော့်ဆံပင်တွေကို ဖွဖွပွတ်သပ်ပေးနေသည်။ ကလေးကို ချော့သိပ်တော့မလိုမျိုး....
"jongdae hyung က အရင်နှစ်ညလုံး ဒီမှာ အိပ်ပေးတာပေါ့"
"အင်း..."
"ကျွန်တော် စောင့်ပေးသင့်တာ"
"ကိုယ်က အိပ်ရာပေါ် လဲနေတာမှ မဟုတ်တာ...သူလည်း မလိုပါဘူး...ကိုယ် ပျင်းနေမှာစိုးလို့ လာနေပေးတာ...တကယ်လည်း ပျင်းစရာကြီးပါ"
"Jongdae hyung က အစ်ကို့ကို တကယ်နားလည်တယ်နော်"
"သူ နားလည်ရမှာပေါ့...ဟာ...ဟ.."
"Hyung က အရမ်းတော်တာပဲ"
ကျွန်တော့်ဆံပင်တွေထဲမှ အစ်ကိုလက်ကလေးတွေ ခဏ ရပ်တန့်သွားသည်။
"အင်း...သူ့ရဲ့ အတော်ဆုံးအချက်က သူ့ကိုယ်သူ ကောင်းကောင်းသိတာပဲ....သူပြောတာက လောကမှာ လိုချင်တာတွေကို အရင်ပေးရတယ်တဲ့...ကိုယ်တို့ စ သိတုန်းက တကယ့်ကို ပေါက်ကရဆန်ပြီး ရယ်စရာတွေ ဖြစ်ခဲ့တာ"
"......"
ကျွန်တော် အစ်ကို့လက်ဖဝါးကို ဆွဲယူပြီး ပါးပေါ်ကပ်ထားလိုက်သည်။ ထူးထူးဆန်းဆန်း အစ်ကိုက စိတ်လိုလက်ရ သူ့အကြောင်းတွေ အများကြီး ပြောနေသည်။
"Hun"
"ဗျာ..."
"Hun ပင်ပန်းနေပြီပဲ"
လေထုဖျော့ဖျော့က နွေးထွေးဆဲလို့ ထင်တာပါပဲ။ ကျွန်တော် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
"ကျွန်တော် အစ်ကို့ကို ပြောစရာတွေ ရှိတယ်"
"အခုတော့ မပြောပါနဲ့...ကုတင်ပေါ်မှာ အစ်ကိုနဲ့ လာအိပ်...မနက်စောစော နာ့စ်တွေမလာခင် ကိုယ် နှိုးမယ်....ဒီနေ့မှာ ဘာတွေပဲ ဖြစ်ဖြစ်...မနက် အစ်ကို့ဆီက ထွက်သွားတဲ့ အချိန်ကျရင် အင်အားအပြည့်နဲ့ တက်ကြွလန်းဆန်းနေရမယ်"
ကျွန်တော့်ကို ဆွဲထူနေသော အစ်ကို....
"ကျွန်တော်တို့က ဘာတွေလဲ အစ်ကို...ကျွန်တော် ဒီအတိုင်းပဲ နေရမလား...ဘာဆက်လုပ်ရမလဲ တကယ် မသိတော့ဘူး...ကိုယ့်ကိုယ်ကိုလည်း မယုံတော့ဘူး"
"ဆုံးရှုံးဖူးတဲ့သူက အဲဒီအရသာကို စွဲနေအောင် မှတ်မိတယ်...chanyeol က အဲဒီထဲက ရုန်းမထွက်နိုင်သေးတော့ သူ တအားစိတ်ပူနေတာ...မင်းက အများကြီး လိုက်မတွေးပါနဲ့"
"အစ်ကိုက သိသွားပြန်ပြီလား"
"အစ်ကိုက မင်းကိုတော့ ကောင်းကောင်းသိပါတယ်"
"မတရားဘူးလို့ ခံစားရတယ်...ကျွန်တော်ကျ အစ်ကို့အကြောင်း ဘာမှမသိရဘူး"
"ပင်ပန်းနေရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ရမှာ...အခု ကိုယ်နဲ့ စကားပြောရင် ပိုပင်ပန်းလိမ့်မယ်...အစ်ကိုလည်း ကိုယ့်ကိုယ်ကို မယုံဘူး"
"......"
"အစ်ကို့ရင်ခွင်ထဲမှာ အိပ်ပါ....မနက်နိုးလာရင် စကားတွေ ပြောစရာမလိုဘဲ အားလုံးအဆင်ပြေသွားလိမ့်မယ်"
ဆေးရုံကုတင်ကျဉ်းကျဉ်းပေါ်မှ....
အစ်ကို့ရင်ခွင်ထဲ ပထမဆုံးအိပ်ရသည့်ညတွင် ကျွန်တော် စောစီးစွာ အိပ်ပျော်သွားခဲ့သည်။
မနက်ကျရင် အစ်ကို့အပြုံးနဲ့ နိုးရမှာ.....
အားလုံး အဆင်ပြေသွားတော့မှာ.......
••••••••••••••••••••••
"လူနာ kim jongin က အခုလေးတင်ပဲ ဆေးရုံက ဆင်းသွားတာပါ"
"သူ တစ်ယောက်တည်းလား"
"......"
မနက်အစည်းအဝေးပြီးပြီးချင်း အစ်ကို့ဆီ ချက်ချင်း ပြန်လာတော့ ဆေးရုံက ဆင်းသွားပြီတဲ့။ မနက်စောစောကတောင် ကျွန်တော့်ကို ဘာမှမပြောခဲ့ဘဲ။
မနက်ခင်း ကျွန်တော် ဆေးရုံမှ ထွက်လာစဉ်က jongdae hyung လည်း ရောက်မလာသေးပါ။ ဖုန်းဆက်တော့ ဖုန်းမအားသေး၊
ဆေးရုံဝန်းကျင်အနှံ့ ကားနဲ့ပတ်ကြည့်တော့ ဘတ်စ်ကားဂိတ်တစ်ခုတွင် ဖုန်းထိုင်ပြောနေသော အစ်ကို့ကို တွေ့ရသည်။ အဝေးကပင် မြင်ရသော တွန့့်ချိုးနေသော မျက်မှောင်တန်းတွေနဲ့......
အစ်ကို ဖုန်းချလိုက်မှ ကျွန်တော် အနားကပ်သွားလိုက်သည်။
"အစ်ကို..."
ကျွန်တော့်ကို မြင်တော့ မျက်နှာထားတင်းတင်းက ပြေလျော့သွားသလို ရှိသော်လည်း...
"အလုပ်ရှုပ်နေတယ်ထင်လို့ ဖုန်းမဆက်တာ...လျှောက်မတွေးနဲ့ဦး"
"အာ...မတွေးပါဘူး...ဘတ်စ်ကား စောင့်နေတာလား...ကျွန်တော် လိုက်ပို့ပေးချင်လို့"
အစ်ကိုက ခဏစဉ်းစားနေသေးသည်။
ကျွန်တော် ကုမ္ပဏီသွားသည့် ခဏလေးမှာ အစ်ကို့ကို စိတ်ဆိုးအောင် ဘယ်သူက လုပ်လိုက်ပါလိမ့့်။
"အဲဒါဆို Jongdae ဆီ သွားမယ်"
ကားပေါ်တွင် မျက်စိမှိတ်လျက် လိုက်လာသော အစ်ကိုက ကျွန်တော့်ကို စကားတစ်ခွန်းမှ မပြောပေ။ မနက်စောစောတုန်းက အတူတူအိပ်ယာထပြီး ကျွန်တော့်နဖူးကိုပါ အနမ်းပေးခဲ့သူက...
♬ ♬ ♬ ♬
သံစဉ်မြည်နေသော ဖုန်းကို အစ်ကိုက တစ်ချက်သာကြည့်ပြီး လျစ်လျူရှုထားသည်။ ဖုန်းက ကျသွားသည်။နောက်တစ်ခါ ထပ်မြည်လာပြန်သည်။ အစ်ကိုက လျစ်လျူရှုမြဲ။ တတိယတစ်ခါ.....အစ်ကိုက ဖုန်းပြန်ဖြေပြီ။
"ဘာလဲ...တစ်ခါမကိုင်ရင် ထပ်မခေါ်နဲ့တော့လေ"
အစ်ကို စိတ်တိုစိတ်ဆိုးသည့်ပုံစံသည် ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
"အခုပဲ ဆေးရုံက ဆင်းတာ"
"မသိဘူး"
"တော်စမ်းပါ...နောက်တစ်ခါ ငါ့ကို အလုပ်မအားဘူး ပြောရင် အကုန်ဆွဲထိုးမှာ..."
ကျွန်တော် နောက်ကျောထဲ အေးစိမ့်သွားသလိုပဲ။ အစ်ကို ဖုန်းပြောပုံက အလွန်ရင်းနှီးပုံပေါ်ပြီး တစ်ဖက်ကို ကျွန်တော်မခန့်မှန်းတတ်ပါ။
"မအားဘူးဆိုတာ မတွေ့ချင်ဘူးလို့ စကားလှလှသုံးတာပဲ...Jongdae ဆို ဘာက ပိုအရေးကြီးလဲ သိတယ်...ငါ စိတ်မကောင်းဖြစ်အောင်တော့ မလုပ်တတ်ဘူး"
"အဲဒါလည်း သူ့အထက်လူကြီး ကိစ္စဖြေရှင်းဖို့လာတာ...ငါ့ဆီလာတာ မဟုတ်ဘူး"
"အင်း...."
"အင်း...."
"သူ့ကို ထားစမ်းပါ...ငါ စိတ်တိုတာ နင်ရောပဲ...noona...ငါ့ကို မပြောဘဲ ဆံပင်တွေ ညှပ်ပစ်လိုက်တယ်ဆို"
ဖျတ်ခနဲ ဝဲခါသွားသည့် ဆံပင်ညိုညိုရှည်ရှည်လေးတွေ.....Noona လား....chaeyong noona လား.....
"မသိဘူး"
"အိမ်မပြန်ဘူး...jongdae ဆီ သွားနေမှာ"
"အခု.....sehun နဲ့"
နှလုံးသားလေးက ဒိတ်ခနဲ.......
"Noona"
ကျွန်တော် မကြားဖူးသော လေသံ....အနည်းငယ် ချွဲနွဲ့သံပါသော....ချစ်စရာကောင်းအောင် ခေါ်လိုက်သော နာမ်စား.......
"တော်ပြီ...ငါ ဖုန်းချတော့မယ်"
"......."
Noona ဆိုတာ အစ်ကိုချစ်တဲ့ မိန်းကလေးလား။ တကယ်ပဲ သူမ လား။
"Hun အခု အလုပ်ပြန်သွားမှာ မဟုတ်လား...ကိုယ် ညမှ ဖုန်းဆက်လိုက်မယ်"
ကျွန်တော် ကားကို အညင်သာဆုံး စက်သတ်လိုက်ပြီး....
"မဆက်ပါနဲ့...ည စောစောအိပ်လေ...သူများကို စိတ်တိုရတာ ပင်ပန်းနေမှာပေါ့"
"အဟင်း....အိုခေ"
အပြုံးနှင့် နှုတ်ဆက်သွားသူကို ကြည့်ရင်း....
ရုတ်တရက် ကျွန်တော့်မှာ လုပ်စရာတွေ များလာသလိုပဲ။ ဒီအတိုင်း အဆင်ပြေနေခဲ့တာ မလုံလောက်သေးဘူး ထင်သည်။
••••••••••••••••••••••••
တစ်ပတ်လောက် သေသပ်ကောင်းမွန်စွာ လည်ပတ်လိုက်သောအခါ အားလုံးက ပြန်လည်နေသားကျသွားသလို....
၁ နာရီကြာ အကြိတ်အနယ်ဆွေးနွေးမှုအပြီးမှာတော့ လက်မှတ်တစ်ခုကို ရေးထိုးနိုင်ခဲ့သည်။ အောင်မြင်မှု တစ်ခုအတွက် သတိရမိသူက
အစ်ကို.....
ညနေ ၄ နာရီသာ ရှိသေးသောကြောင့် ကိုယ်တိုင် သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။
"ငါ ရုံးဆင်းတော့မယ်...minyoung...အားလုံးကို မင်းပဲ သတင်းကောင်း ပြောပြလိုက်တော့"
"ဟား....လေပေါ်ရောက်နေသလိုပဲကွာ...အရင်က ဘယ်လောက်တောင် ဖိအားများခဲ့ရသလဲ"
"......."
"ဒါနဲ့ ငါပြောမလို့...မင်း ဝန်ထမ်းတွေကို ခဏအနားပေးလိုက်ပါလား....အကုန်လုံးက ပင်ပန်းနေကြတာ...ပြီးတော့ မင်း CEO ဖြစ်တုန်းကလည်း ဘာပွဲမှ သေချာမလုပ်ခဲ့ဘူးလေ...ပါတီလေး ဖြစ်ဖြစ်"
"သူတို့ လုပ်ချင်ရင် မင်းစီစဉ်ပေးလိုက်"
"အေးပါ...ငါပဲ စီစဉ်လိုက်မယ်...မင်းအစ်ကိုကို မဖိတ်ချင်ဘူးလား...တစ်ခါတည်း မိတ်ဆက်ပေါ့"
"အစ်ကို လား"
"ကုမ္ပဏီတွင်း ပါတီပဲ...မင်း မိတ်ဆက်ထားသင့့်တာပေါ့...ငါ ပါတီကို ဒီညပဲ စီစဉ်လိုက်မယ်"
မိတ်ဆက်ထားသင့်တာလား။
...........
တကယ်ဆို အေးအေးဆေးဆေး ဆွေးနွေးလျှင် ရသားနဲ့ အစ်ကိုက ကျွန်တော့်စကားမဆုံးခင် မလာချင်ဘူး တဲ့လေ။
ဘာကြောင့်ဟူသော အကြောင်းပြချက် ဘာမှမေးလို့မရဘဲ၊ နည်းနည်းလေးမှ စိတ်မရှုပ်စေရဟု ဘယ်လိုပင် အကျိုးသင့်အကြောင်းသင့် ပြောပြော အစ်ကိုက ခေါင်းပဲခါသည်။
chanyeol လုပ်သည့် ပါတီမျိုး မဟုတ်ဟု ပြောလည်း မရ။ ကျွန်တော် ဘာပြောပြော ပါးစပ်ပိတ်ပြီး ခေါင်းခါနေသော အစ်ကို့ကို စိတ်မဆိုးရက်နိုင်၍ ကျွန်တော် နှုတ်မဆက်ဘဲ ပြန်လာခဲ့သည်။
သူ မလာချင်တာကို နားလည်ပေးနိုင်ပါသည်။ ခါးခါးသီးသီး ငြင်းတာကိုတော့ တကယ်စိတ်မကောင်းပါ။
"ဘယ်လိုလဲ...အကြီးကျယ်ဆုံး အောင်မြင်မှုက အစ်ကို မချီးမြှင့်တာနဲ့ ဘာမှအသုံးမဝင်သလို ခံစားရတယ် မဟုတ်လား"
chanyeol စကားက အထိနာသည်။ ကျွန်တော် မဲ့ပြုံးပြုံးရင်းသာ ဝင်ပေါက်ကို ငေးမိပြန်သည်။
"စောင့်မနေနဲ့...jongin hyung က မလုပ်ချင်ဘူးဆိုတဲ့ ကိစ္စကို ဘာအကြောင်းနဲ့မှ မလုပ်ဘူး"
ဝိုင်ကိုသာ ဖိသောက်နေလိုက်သည်။ ရီဝေဝေဖြစ်လာသည်နှင့်အမျှ မျှော်လင့်ချက်လည်း မကုန်သေး။ suprise ဆိုပြီး အစ်ကို ရောက်လာနိုင်သေးတာပဲ။
"ပြိုင်ဘက်ရှိလာပြီဆိုတော့ မင်း ဘာစီစဉ်ထားလဲ...sehun"
"ပြိုင်ဘက်....ဘယ်သူလဲ...သြော....
noona လား"
"ဘာတွေ ပြောနေတာလဲ...chaeyong noona က သူ့ရည်းစားနဲ့ သူပါ....hyung နဲ့ အဆင်ပြေနေတာလည်း ကြာပေါ့"
"ဘယ်လို...."
ကိုယ့်ရင်ထဲမှာ Noona မရှိတော့ဘူး ဆိုရင်တောင် မင်းကို လက်ခံပါ့မယ်လို့ မသေချာဘူး
ပဲ့တင်ထပ်လာသော စကားသံတွေ....
အဲဒါ တကယ်ပြောခဲ့တာလား.....
ကျွန်တော့်ကို လက်မခံသေးတာ noona ကို စိတ်မပြတ်သေးလို့ပဲ ထင်ခဲ့တာ....
"အဲဒါဆို ဘယ်သူလဲ...အစ်ကို့နားမှာ ဘယ်သူရှိသေးတာလဲ"
"မင်းကို ပြောပြီးသားလေ...ဆောက်လုပ်ရေး ပိုင်ရှင်....ဟိုလူကြီးလေ...အက်ဆီးဒန့် ဖြစ်တုန်းက"
"အဲဒီလူကြီးက ဆက်သွယ်နေတုန်းပဲလား"
chanyeol က ဖန်ခွက်ကို စားပွဲပေါ် ဆောင့့်ချလိုက်သည်။ သူ စိတ်တိုလာပုံ....
"မင်း သိပ်ညံ့တာပဲ...sehun...အဲဒီလူက hyung နဲ့ တော်တော်ခင်နေပြီ...သူတို့ အဆောက်အဦးအသစ်အတွက် အခမ်းအနားကိုတောင် hyung တက်သေးတယ်...မင်း မသိဘူးလား...အဲဒီပွဲမှာ jongin hyung ကို သူ့ရဲ့ အရေးအကြီးဆုံး ဧည့်သည်ဆိုပြီး မိတ်ဆက်သွားတာ"
ဘာလို့ အဲလောက်မြန်ဆန်သွားတာလဲ။
ကျွန်တော်တို့ ပုံမှန်ပဲ ရှိနေကြတုန်းလေ.....
ဘာမှ မပြောင်းလဲသေးဘူးလို့ ထင်ခဲ့တာ.....
"ငါ တကယ်မသိခဲ့ဘူး...အစ်ကိုက ဘာမှမပြောင်းလဲပါဘူး"
"သူတို့ကို မယုံနဲ့....သူတို့က တစ်ချိန်တည်းမှာ မင်းကို ချစ်မြတ်နိုးစွာ ကြည့်နေပြီး တစ်ချိန်တည်းမှာပဲ ငိုယိုတောင်းပန်နေတဲ့ မင်းကို ကျောခိုင်းခဲ့နိုင်တယ်...သိပ် ကြောက်ဖို့ကောင်းတယ်"
"အဲဒါ jongdae hyung မလား...အစ်ကိုက အဲလောက် မရက်စက်ဘူး....ငါ ယုံတယ်"
chanyeol က နှလုံးသားတည့်တည့်ကို ကျည်ဆံအမှန်ခံရသူလိုမျိုး.....
ငြိမ်ကျသွားပုံက ချက်ချင်းပဲ သေဆုံးသွားသလို...
ကျွန်တော် တကယ် အားနာသွားသည်။ chanyeol က ရဲရဲနီနေသော မျက်လုံးတွေနှင့် မျက်ရည်တွေကို အတင်းထိန်းချုပ်ထားသည်။
"ဆောရီး....yeol...ငါက ဒီတိုင်း"
"ငါ.........ဖျက်ဆီးပစ်မှာ........စုတ်ပြတ်သတ်အောင် နင်းချေပစ်မှာ...ငါ့ကို တန်ဖိုးမထားခဲ့လို့"
အရက်အပြင်းစားတွေကို မော့သောက်လိုက်ပြီးမှ chanyeol က ကျွန်တော့်ကို ပြုံးကြည့့်လာသည်။
"sehun....မင်း jongin hyung ကို အပိုင်မလိုချင်ဘူးလား"
"......"
"ငါ အကြံပေးရမလား...သေချာပေါက် အကောင်းဆုံးအကြံ....ငါတို့နှစ်ယောက်လုံးတော့ သူတို့ကို အရှုံးမခံနိုင်ဘူး"
"ငါ့ကို ဘာလုပ်စေချင်နေတာလဲ"
ခပ်ဝိုင်းဝိုင်း သူ့မျက်လုံးတွေကို ကြည့်မိရုံနဲ့ အတွေးပေါက်ပါသည်။
"ရူးနေလား...တကယ် တစ်ခါတည်း ကိစ္စပြတ်သွားမှာ"
"No...No....မင်းတော့ ပေးဆပ်လိုက်ပေါ့....စီစဉ်ရင် ရပါတယ်ကွာ...jongin hyung ကို ရဖို့ အဲဒါ အလွယ်ဆုံးနဲ့ အမြန်ဆုံးပဲ....ပြီးတော့ အသေချာဆုံး...အဟား"
"ငါ အစ်ကို သတ်လို့တော့ မသေချင်ပါဘူး"
"အဲဒါလည်း မဖြစ်နိုင်ဘူး....hyung က ဟိုအရူးလို မဟုတ်ဘူး....စိတ်ထားနူးညံ့တယ်...ပြီးတော့ မင်းဆိုရင် ဖြစ်တယ်"
"......"
"မင်း မညာနဲ့...တစ်ခါတစ်လေတော့ အပိုင်လိုချင်တယ် မဟုတ်လား"
"ငါ ဒီလောက်အကြာကြီး ကောင်းကောင်းမွန်မွန်စောင့်လာခဲ့တာ..."
"အေး...အကြာကြီးပဲ....အလုပ်ဖြစ်ခဲ့လား"
တကယ် ဆဲချင်သွားသည်။
"မင်းက သူအကျွမ်းဆုံးအရာနဲ့ သွားချုပ်တာကို...စကားလုံးလှလှနဲ့ ကြင်နာတဲ့နေရာမှာ jongin hyung ထက် တော်တာ ငါ မတွေ့ဖူးဘူး"
ဖန်ခွက်နဲ့လည်း ကောက်ထုချင်သည်။
"မင်း ဒီအတိုင်းနေလို့ကတော့ ဘာမှဖြစ်မလာမှာ သေချာတယ်....ငါတော့ hyung က ရှက်နေတာလို့လည်း ထင်တယ်"
"ဘာ....ဘာလို့လဲ"
သိချင်စိတ်နှင့် chanyeol အနားကပ်သွားပြီးမှ စူးရှရှ အရက်နံ့ကြောင့် သူ့စကားတွေကို မယုံချင်တော့သလိုလို..
ကျွန်တော်နှင့် စကားပြောရင်း သောက်နေတာကို အတော်များနေပြီ။
"မသိဘူး...hyung က မင်းကို ရှက်နေတာလို့ ငါ ခံစားရတယ်...သူက တကယ်ရှက်သွားရင် အရမ်းရယ်ရတယ်...ဘယ်လိုမှ ပြောလို့မရတော့ဘူး...ပြီးတော့ ဘာမှမဟုတ်တာလေးတွေဆို အရမ်းရှက်တတ်တယ်....ဟား...ဟား"
သူတစ်ယောက်တည်း မျက်ရည်ထွက်အောင် ရယ်နေတာတော့ မဟုတ်တော့ပါ။ ကိုယ့် ဝိုင်ခွက်ကလေးသာ ပြန်ကိုင်လိုက်သည်။
"သူ ရှက်သွားရင်တော့ မင်း ဘယ်လောက်စောင့်စောင့် အဖြေပေးမှာ မဟုတ်တော့ဘူး...အဟား... ဟား....."
"အစ်ကိုက ငါ့ကို ဘာလို့ ရှက်ရမှာတုန်း...ငါတို့ ဘာမှ မလုပ်ထားဘူး"
"တစ်ခုခု လုပ်ထားမှ ရှက်ရမှာလား...ဟား...ဟား...sehun...မင်းတကယ် ရယ်ရတယ်"
အား....park chanyeol ကို တကယ် ထုပစ်ချင်ပါပြီ။ သူ မူးနေတာပဲ.....
"အေး...တစ်ခုခု လုပ်လိုက်မှ တကယ်ရှက်သွားမှာလေ..မင်းက ငါတို့ကို တစ်ခါတည်း ဇာတ်သိမ်းစေချင်နေတာလား"
chanyeol က သူ့သွားတွေကို ဘယ်လိုမှ ဖုံးဖိထားလို့ မရတော့ပုံ.....
"sehunnar....မင်းက jongin hyung ကို ပုံမှန်ထင်လို့လား...သူ့ကို တရားနည်းလမ်းကျကျ ကိုင်တွယ်လို့ ဘယ်တော့မှ မရဘူး...သူရူးသလို လိုက်ရူးမှ"
"ဘာ....ရူးတယ်"
"အသိသာကြီးပဲ...kim jongdae လို အရူးစပါယ်ရှယ်လစ်ရဲ့ သူငယ်ချင်းဆိုမှတော့...ခွီး"
"......"
"ငါ သိပါတယ်...အချိန်အတော်များများမှာ မင်းက မင်းအစ်ကိုကို ထိုင်ပဲ ကြည့်နေချင်တာ...ဒါပေမဲ့ မင်းတို့နှစ်ယောက်လုံး တကယ် ရယ်ရတယ်....ဟား...ဟား"
ကျွန်တော့်အနားကပ်ကာ လှောင်ရယ်ပြီး နှုတ်ဆက်ထွက်သွားသော chanyeol ကို ကြည့်ရင်း....
ကျွန်တော် ရီဝေဝေလေး အတွေးလွင့်ကြည့်လိုက်သည်။ အစ်ကို့ကို ပိုင်ရမှာလား......
အခုအခြေအနေကတော့ 50-50 ပဲ.....
မဟုတ်ပါဘူး....
0-100 ပါ...
သူ ငြင်းလိုက်တဲ့အချိန်....
တစ်ချက်တည်း ပွဲသိမ်း.....
Your Smile 🌟