အစ်ကို့ရဲ့ ပုံစံက တကယ် အမျိုးစုံပဲ။
ကကွက်တွေက သံစဉ်နဲ့လိုက်ပြီး စီးမျောပြောင်းလဲသလိုမျိုး....
အစ်ကိုကလည်း စိတ်အခြေအနေပေါ် မူတည်ပြီး လွယ်ကူပြောင်းလဲလွန်းတယ်။
ဘာကိုမှ ပုံမှန်တွက်ဆထားလို့ မရဘူး။
ဒါပေမဲ့ မပြောင်းလဲတာက ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် ချစ်ဖို့ကောင်းလွန်းတာပဲ.....
အစ်ကိုက ကျွန်တော်အလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါ ကျွန်တော်ညည်းညူသမျှ အခက်အခဲတွေကို နားမလည်လည်း နားထောင်ပေးတတ်ပြီး အကောင်းဆုံးနှစ်သိမ့်ပေးတတ်တဲ့ လူကြီးတစ်ယောက်........ပုံစံနှင့်
သူ့အိမ်ဘေးက အဒေါ်ကြီးရဲ့ ကြောင်လေး သေဆုံးခါနီးကို မြင်လိုက်ရလို့ လန့်ပြီး ကျွန်တော့်ဆီ တုန်ယင်စွာ ဖုန်းဆက်လာတတ်တာမျိုး.....
အဲဒီတုန်းကဆို အစ်ကိုက အရမ်းကို အသံတွေ တုန်ယင်နေခဲ့လို့ ကျွန်တော့်မှာ ချက်ချင်းပြေးသွားရမလို ဖြစ်ခဲ့သေးတယ်။
ဘယ်အချိန်မှာ ဘယ်လိုပုံစံလို့ သူ့ကို မှန်းဆလို့မရဘူး။
ပြီးတော့ သူ့ရဲ့ ရှုပ်ထွေးလှတဲ့ အလုပ်တွေထဲမှာ ပိုက်ဆံမရတဲ့ အလုပ်ကလည်း သုံးပုံတစ်ပုံ...
သူက နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ချင်တာ လုပ်ပြီး ဖြတ်သန်းနေရင်း ပြင်းထန်လှတဲ့ ဒဏ်ရာတွေကို သိုဝှက်ထားတတ်ပြန်သေးတယ်။
.............................
ကျွန်တော်တို့ နှစ်ယောက် ဘယ်မှသွားစရာမရှိ၍ သီးသန့်ထိုင်ရသော ကော်ဖီဆိုင်တွင် ထိုင်ကြသည်။ အစ်ကိုက ဈေးကြီးတဲ့နေရာတွေဆို ကော်ဖီတစ်ခွက် မုန့်တစ်ခုလောက်သာ စားတတ်တာမျိုး.......ပြောရတော့ ခက်သည်။
ထို့နောက် ဖုန်းထဲမှ နှစ်ယောက်ကစားရသည့် အကွက်ရွှေ့သည့် ဂိမ်းလေး ကစားကြသည်။ ကျွန်တော်က မကစားတတ်။ စိတ်ထင်သလို ရွှေ့ပေးနေရုံသာ။
"အင်....ကျွန်တော် နိုင်သွားတာလား"
"အင်းလေ"
"ဝိုး....ကျွန်တော် မကစားတတ်ဘူး....ဒီတိုင်းလျှောက်ရွှေ့နေတာတောင် နိုင်သေးတယ်"
"ကိုယ်လည်း မကစားတတ်ပါဘူး....ရွှေ့ချင်သလို ရွှေ့နေတာပဲ"
"ဟင်....ဒါများ....ကစားဖို့ ပြောနေသေးတယ်"
"ပျင်းလို့ ကို"
ဂိမ်းကို အစက ပြန်ဝင်ရန် လုပ်နေသော အစ်ကို့ လက်ချောင်းသွယ်သွယ်များ....
"အမြဲတမ်း ကိုယ့်ကို လာတွေ့နေရတာ မပျင်းဘူးလား"
"ကျွန်တော်က နေ့တိုင်းတောင် တွေ့ချင်တာ...အစ်ကိုက မတွေ့ချင်ဘူးလား"
ဘာမှန်းမသိ အစ်ကိုက ခေါင်းယမ်းသည်။
အစ်ကို့လက်ဆစ်တွေပေါ်မှာ ဒဏ်ရာသေးသေးလေးတွေက အပြည့်။ တစ်ချို့ဒဏ်ရာအသစ်လေးတွေက မခြောက်သေးပဲ သွေးစလေးတွေပါ ကပ်နေသေးသည်။
ထိုဒဏ်ရာတွေပေါ် ခပ်ဖွဖွလေး တို့ထိလိုက်ရင်း...
"မနာဘူးလား"
"နာအောင် လုပ်ထားတာပဲ"
"ဆေးထည့်ပါ့လား"
"ဘာမှ မဟုတ်တာလေးကို...ကိုယ် ဘာမှ မဖြစ်ဘူး....ကိုယ်တို့ နောက်တစ်ပွဲ ပြန်ကစားကြမလား"
"အင်း...ဒီတစ်ခါ အလောင်းအစား လုပ်မယ်လေ...ကျွန်တော်နိုင်ရင် အစ်ကို ကျွန်တော်ခိုင်းတာ လုပ်ပေးရမယ်...နှစ်ယောက်လုံး မကစားတတ်တော့ ကံတရားပေါ့"
"ဟုတ်ပါပြီဗျာ....ကိုယ်နိုင်ရင်လည်း ကိုယ်ခိုင်းတာ လုပ်ပေးရမှာနော်"
အကွက်နှစ်ကွက်လောက် ရွှေ့ပြီး ကျွန်တော် အစ်ကို့ကို မော့မကြည့်ဘဲ ခပ်တိုးတိုးပြောလိုက်သည်။
"တကယ်လို့ ကျွန်တော်နိုင်သွားရင်"
"အင်း..."
"အဲဒီ Noona ကို ဆက်မချစ်တော့ဖို့ တောင်းဆိုရင်ရော"
"ကိုယ့်တောင်းဆိုချက်ကလည်း hun ကိုယ့်ကို ဆက်မချစ်နဲ့တော့ ဖြစ်နေရင်ရော"
"အစ်ကိုက ကြောက်စရာပဲ"
"......"
အစ်ကိုက ဘာမှပြန်မပြောပေမဲ့ ကျွန်တော် မော့မကြည့်နိုင်ဘူး။
"မျှော်လင့်ချက် ဆိုတာ အသက်ရှင်သန်နေနိုင်ဖို့ အကြောင်းပြချက် တဲ့....အစ်ကိုရဲ့"
"အဲဒါ အမှန်ပဲလေ...ဒါပေမဲ့ တစ်သက်လုံး ဖြစ်မလာမဲ့ မျှော်လင့်ချက်တွေကျ မထားသင့်ဘူး"
ကျွန်တော် အစ်ကို့ကို မော့ကြည့်လိုက်သည်။ သူက ခေါင်းငုံ့ထားပြီး ပုံမှန်စကားပြောနေသလိုမျိုး.....
"ဪ....အဲဒါကျ ဘယ်သူက သိနိုင်မှာလဲ....အသက်ရှင်ဖို့ မျှော်လင့်မယ်...မျှော်လင့်ဖို့ အသက်ရှင်နေမယ်"
"ဘာတွေပြောနေတာလဲ...ချက်ချင်းကြီး"
မျက်လုံးချင်း ဆုံမိချိန်......ကျွန်တော် ခေါင်းပြန်ငုံ့ရသည်။
"ဒီတိုင်း တွေးမိတာပါ"
"Hun...ကိုယ်တို့ကြားမှာ တားနေတဲ့ အရာတွေက အချစ်တစ်ခုတည်း မဟုတ်ဘူး"
"ဟင့်အင်း....ကျွန်တော်တို့ကြား မဟုတ်ဘူး....အစ်ကို့ဘက်မှာပဲ"
"Hun"
"ကျွန်တော် အစ်ကို့ဆီ ရောက်အောင်လာခဲ့ပြီး အစ်ကိုက မကြိုဆိုခဲ့တာ....အဲဒါက အစ်ကို့အခွင့်အရေးပေမဲ့ အခုကျ အစ်ကိုက မဟုတ်တာတွေ တွေးနေတယ်လို့ ထင်တယ်"
"....."
"အဲဒီ Noona မရှိခဲ့ရင်တောင် အစ်ကို ကျွန်တော့်ကို လက်ခံပါ့မလားဆိုတာ ကျွန်တော် မသေချာတော့ဘူး"
"ချစ်ဖို့က လွယ်တယ်....hun....အတူတူ လက်တွဲဖို့က အများကြီး ရှုပ်ထွေးတယ်"
"ကျွန်တော် ဘာတွေ ပြင်ဆင်ထားသင့်သလဲ"
ခေါင်းမော့ပြီး အစ်ကို့ကို ကြည့်လိုက်တော့ အစ်ကိုက ကျွန်တော့်ကို ရီဝေစွာ စိုက်ကြည့်နေခဲ့သည်။
"ကျွန်တော် မစောင့်နိုင်တာ မဟုတ်ဘူး...တစ်သက်လုံး မျှော်လင့်နေဆိုလည်း ရတယ်....ဒါပေမဲ့ အစ်ကိုက"
"မင်း မနေချင်တော့ရင် ထွက်သွားနိုင်တယ်"
"အစ် ~ ကို"
အစ်ကို့မျက်နှာက နားလည်ရခက်စွာ အေးဆေးနေသည်။
"ကျွန်တော်က....နေချင်"
"ကိုယ့်ကို ဖိအား မပေးနဲ့....hun...မင်းပြောသလိုပဲ....ကိုယ့်ရင်ထဲမှာ Noona မရှိတော့ဘူး ဆိုရင်တောင် မင်းကို လက်ခံပါ့မယ်လို့ မသေချာဘူး"
"အစ်ကိုက ဘာလို့ လျှောက်တွေးနေတာလဲ"
"Hun သိပါတယ်....ကျနော်က မကောင်းတဲ့သူပဲ.....ဘယ်သူ့ကိုမှ မငဲ့ညှာတတ်ဘူး...ကျနော့့်စိတ်နဲ့ ကျနော် နေချင်သလို နေမှာမို့...မနာကျင်ချင်ရင် ကျနော့် အနားမနေတာ ကောင်းတယ်"
"အစ်ကိုရာ"
ကိုယ့်ကိုယ်ကို ကျနော်ဟု သုံးနှုန်းသွားသော အစ်ကို့ကြောင့် ဘာပြန်ပြောရမှန်း မသိစွာ အချိန်အကြာကြီး တိတ်ဆိတ်သွားမိသည်။
စားပွဲကိုသာ စိုက်ကြည့်နေသော အစ်ကို့မျက်နှာနုနုက နီမြန်းလာသလို ထင်ရသည်။
"မမျှော်လင့်နဲ့....ကိုယ့်အနား မနေနဲ့....မင်းတို့က နားမလည်နိုင်ကြဘူး....ကိုယ် ဒဏ်ရာမပေးမိအောင် ကြိုးစားနေပေမဲ့ မင်းကိုယ်တိုင်ပဲ ဒဏ်ရာကို ရှာဖွေယူလိုက်တယ်.....ကိုယ် ဘယ်လောက်ထိပဲ ပေးနိုင်မှန်းသိရက်နဲ့ ပိုပြီး မျှော်လင့့်ထားတယ်"
"....."
"ကိုယ် ငိုချင်ငိုမယ်...ရယ်ချင် ရယ်မယ်...ဘာကိုမှ ဂရုမစိုက်တတ်ဘူး....မင်းအပေါ်မှာတော့ သိပ်မှားယွင်းသွားတယ်....ကိုယ် မလုပ်ချင်တဲ့ ကိစ္စအတွက် မလုပ်ချင်ဘူးကလွဲရင် ဘာမှမဖြေရှင်းတတ်တဲ့သူက မင်းကိုတော့ အများကြီး ဖြေရှင်းပြမိတယ်...အဲဒါက တကယ် ပြောင်းလဲတာ မဟုတ်ဘူး"
"....."
"ကိုယ့် စိတ်ကူးနဲ့ ဆုံးဖြတ်ချက်တွေ စည်းတွေက မင်းအတွက် ဘာမဟုတ်တဲ့ ဟာသတွေ ဖြစ်နေရင်တောင် ကိုယ်ကတော့ ကိုးကွယ်နေမှာပဲ...မင်း သိထားသင့်တာ...မင်း ချစ်ပါတယ် ဆိုတဲ့လူက စည်းမျဉ်းတွေကို မလိုက်နာဘဲ နေချင်သလို နေတဲ့သူ"
"ကျွန်တော်.....နားမလည်"
"တော်ပါတော့....နောက်ဆုံးတော့ အတူတူပါပဲ...ဒီလိုအချိန်မှာ ဒါဖြစ်ရမယ်ဆိုတဲ့ ပုံသေအရာတွေက ကိုယ့်ကမ္ဘာမှာ မရှိဘူး...အစ်ကို့ကို တကယ်နားမလည်တော့ဘူး ဆိုပြီး မင်း ထွက်သွားလို့ရတယ်......"
တင်းမာနေတဲ့ လေသံအဆုံးမှာ အစ်ကို့အသက်ရှူနှုန်းက မြန်ဆန်နေပြီး မျက်ဝန်းတွေက အရည်လဲ့ကာ တောက်ပနေသည်။
ကျွန်တော် ခဏငြိမ်နေပြီးမှ ထိုင်နေရာမှ ထပြီး အစ်ကို့နောက်ကျောမှနေ၍ ပုခုံးကို သိုင်းဖက်ထားလိုက်သည်။
"စိတ်တိုသွားတာလား...ဒီလောက်အထိ....ကျွန်တော် ပထမဆုံးလား"
"လက် မပါဘဲနဲ့တော့ ပထမဆုံးပဲ"
"ကျွန်တော့်ကို ထိုးချင်တာလား"
"Hun ကို ဟုတ်ပါ့မလား....ကိုယ် စားပွဲကိုတောင် မထုရိုက်ခဲ့ဘူးလေ"
"အစ်ကို စကားတွေ အများကြီး ပြောလိုက်တာပဲ"
"အင်း....ကိုယ့်အကြောင်းကို ဒီလောက်များများပြောတာလည်း ပထမဆုံးပဲ"
"တကယ်တော့ ကျွန်တော် နားမလည်ဘူးရယ်...ဘာလို့ ဒီလောက်ထိ အစ်ကို စိတ်ဆိုးသွားမှန်း"
နောက်က သိုင်းဖက်ရင်း အစ်ကို့ပုခုံးပေါ် မေးတင်ထားသည်မို့ အစ်ကို့မျက်နှာတစ်စောင်းက နီးနီးကပ်ကပ်.....
"Hun ကို စိတ်ဆိုးတာမှ မဟုတ်တာ"
"အဲဒါဆို ဘယ်သူ့ကိုလဲ"
"ကိုယ့်ကိုယ်ကို စိတ်ဆိုးတာပါ..."
"ကျွန်တော်ကြောင့်? ..... ကျွန်တော်က အစ်ကို ပေးနိုင်တာထက် ပိုမျှော်လင့်ထားပြီး ကိုယ့်ဒဏ်ရာကို ရှာယူတယ်ဆို"
"Hun အဲလို တွေးမိအောင် ကိုယ် ဘာတွေ လုပ်မိခဲ့တာလဲလို့"
"......."
"ကိုယ် တစ်ချိန်လုံး အဲဒါကို သတိထားနေခဲ့ပေမဲ့ နောက်ဆုံးတော့ လုပ်မိခဲ့တာပဲ...hun နာကျင်ခဲ့ရပြီ"
"အစ်ကို...."
တိုတိုးလေး ခေါ်တော့ အစ်ကိုက ခပ်စောင်းစောင်းလေး လှည့်ကြည့်လာပြီး....
"ဘာလို့ မသက်မသာ ဖက်ထားတာလဲ...လာထိုင်ပြီး ပြောလေ"
"အစ်ကို စိတ်ဆိုးပြီး ထွက်သွားမှာစိုးလို့"
"ကလေးလားကွာ...လာ ဒီလာထိုင်"
"ဟင့်အင်း...ခဏလောက် ဒီတိုင်း ပြောဦးမယ်"
"အင်း...ပြော"
"ကျွန်တော် တကယ်တော့ အစ်ကို့ကို နားမလည်ပါဘူး...အစ်ကိုက သာမာန်လူမှ မဟုတ်တာ...ကျွန်တော်ကတော့ သာမာန်လူပဲ...အချစ်၊ လောဘ၊ အတ္တ၊ မျှော်လင့်ချက်..အားလုံးသာမာန်ပဲ....တစ်ခုပဲ...ကျွန်တော့်ဘဝရဲ့ ၉၀ ရာနှုန်းက အစ်ကို ဖြစ်နေတာပဲ ထူးဆန်းတာ"
"......"
"အဲဒါကြောင့် ကျွန်တော့်ကို စိတ်မပျက်ပါနဲ့....တခါတလေ လောဘကြီးသလိုဖြစ်နေပေမဲ့ အစ်ကို့ကို တကယ်အရမ်းချစ်တာမို့"
အစ်ကိုက ကျွန်တော်သိုင်းဖက်ထားတဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ဘာလို့ အဲလိုကြီး ပြောတာလဲ...ဘယ်တော့မှ စိတ်မပျက်ဘူး...ထပ်မပြောပါနဲ့တော့လား"
"ကျွန်တော်ကြောင့်လည်း ကိုယ့်ကိုယ်ကို စိတ်မတိုပါနဲ့....အစ်ကို့အနားမှာ ကောင်းကောင်းကြီးနေနေပြီး ကြံဖန်နာကျင်နေမဲ့သူလား.....ကျွန်တော်က"
"....."
"ကျွန်တော့်ကို အထင်မသေးနဲ့...ကျွန်တော်က ပါးစပ်ဖျားက ချစ်တယ် ပြောပြီး အစ်ကို့ကို လူဆိုးတစ်ယောက်လို....ကိုယ့်ကိုယ်ကို သနားပြီး ဒရာမာခင်းမဲ့ လူစားမဟုတ်ဘူး"
"....."
"အဲဒါအတွက် သေချာပေါက် ကျွန်တော့်ကို ပြန်ချော့ရမယ်"
အစ်ကိုက မျက်ခုံးပင့်ပြီး ကျွန်တော့်ဘက် မျက်နှာလှည့်လာသည်။
"တကယ် ပြောနေတာလား"
ကျွန်တော် ဖက်ထားတာကိုခွာပြီး အစ်ကို့ဘေးကပ်ရပ်မှာ ဝင်ထိုင်လိုက်သည်။
"တကယ်ပေါ့....မချော့ချင်ဘူးလား"
"ချော့မှာပေါ့....အင်း....ချော့ရမှာပေါ့"
ဒဏ်ရာသေးသေးလေးတွေနဲ့ အစ်ကို့လက်ဖဝါးကို ဆုပ်ကိုင်ပြီး လက်ဆစ်လေးတွေကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်သည်။
"အဟင်း...ဆေးထည့်စရာ မလိုတော့ဘူး"
အစ်ကိုက အမှန်တကယ် ပြုံး၍ ပြောသည်။
"ဒါပေါ့....ကျွန်တော် နမ်းလိုက်တာနဲ့ အကုန်ပျောက်သွားမှာ....ဒီလက်ကလေးကို အမာရွတ်တောင် မကျန်စေချင်ဘူး"
"အင်း..."
"အကြောင်းရင်းကို မသိပေမဲ့ ဒါတွေရဲ့ အရင်းခံက ကျွန်တော်လည်း ဖြစ်နေနိုင်တယ် မဟုတ်လား"
"......."
"ကျွန်တော်က အစ်ကို့အတွေးတွေကို အများကြီး နားမလည်ဘူး...အချစ်ကိုလည်း သေချာနားမလည်ဘူး....ကျွန်တော် ကိုးကွယ်ခဲ့တာ အစ်ကို့အပြုံး တစ်ခုတည်းပဲ....အစ်ကို ပြုံးနေတာကို ကျွန်တော်ချစ်တယ်"
အစ်ကိုက ကျွန်တော့်ဆံပင်လေးတွေကို ဖွဖွလေး ဖိသပ်ပေးသည်။
"ဘာကိုမှ နားမလည်လည်း ရတယ်....သက်ဆိုင်သူတွေ ကျေနပ်ရင် အချစ်က လက်တွေ့မှာလည်း အကြာကြီး ခိုင်မြဲနေမှာပဲ"
"ကျွန်တော် အစ်ကို့ကမ္ဘာကို လာချင်တယ်"
"ဟင့်အင်း...မရဘူး....hun နေရာမှာပဲ တောက်ပနေပါ...အဲဒါက ပိုကြည့်လို့ကောင်းတယ်...hun နဲ့ လိုက်ဖက်တယ်"
"ကျွန်တော်က အစ်ကိုနဲ့ပဲ လိုက်ဖက်ချင်တာ"
"ကလေးငယ်ရယ်....မင်းက အများကြီး ချစ်ပေးလွန်းတယ်.....ကိုယ်ကလည်း ထပ်တူညီမဟုတ်ရင် ဘာကိုမှ ပြန်မပေးချင်ဘူး"
"သိတယ်....ပြီးတော့ အစ်ကို ကျွန်တော့်ကို ဒဏ်ရာလည်း မပေးခဲ့ပါဘူး...အတူတူရှိနေတဲ့ကြားက ဒဏ်ရာကိုပဲ ရှာယူရလောက်အောင် ကျွန်တော်လည်း အားမနေဘူး....အဲဒါကြောင့် ကျွန်တော့်အနားမှာ စိတ်ရှင်းရှင်းနဲ့ ရှိနေပေးပါ"
"Hun က အရမ်းလိမ္မာလွန်းတယ်....အရမ်း....အရမ်း တန်ဖိုးကြီးလွန်းတယ်....အရမ်းကို"
အစ်ကိုက ခပ်တိုးတိုးနှင့် တဖွဖွရေရွတ်ပြီး သူ့ရင်ခွင်ကို ဖွင့်ပေးသည်။ တစ်ကိုယ်လုံး လျှိုဝင်ပြီး အစ်ကို့ရင်ဘတ်ပေါ် မျက်နှာအပ်လိုက်တော့...
အစ်ကိုက ကျွန်တော့်ဆံပင်တွေထဲ ခေါင်းနှစ်ကာ အနမ်းပေး၍ တင်းတင်းဖက်ပေးထားခဲ့သည်။
အစ်ကို့ကို ခေါင်းစဉ်တပ်ပြီး နာကျင်မှုအောက် ခိုဝင်ဖို့ ကျွန်တော်က ကိုယ့်ကိုယ့်ကို ချစ်နေတာမှ မဟုတ်တာ.......
ကျွန်တော့်ချစ်သူက ကျွန်တော့်ကို ဘယ်တော့မှ မနာကျင်စေခဲ့ဘူး......
"Hun"
"ဗျာ...."
"လက်က ဒဏ်ရာ သေးသေးလေးတွေကလေ"
"အင်း"
"သူများကို နာအောင်လုပ်ထားတာ...ကိုယ် ရန်ဖြစ်ထားလို့....အများကြီး မတွေးနဲ့"
"ဒါက ဖြေရှင်းနည်းလား....အမှန်ပဲလား"
"အင်း...."
"အားလုံး ? "
"......."
•••••••••••••••••••••••••••••••
××××××××××××××××××××
Chanyeol က တကယ် ပြောင်းလဲသွားသည်။
မနက်ခင်းပိုင်းကလုပ်တဲ့ သူ့ကုမ္ပဏီ ဆက်ခံပွဲကို ကျွန်တော်မအား၍ မသွားလိုက်ရသော်လည်း.....
ညအချိန် သူ့ခြံထဲတွင် ကျင်းပသော party ကိုတော့ ရောက်သွားဖြစ်ခဲ့သည်။
ပုံမှန်ထက် လွတ်လပ်သော လူငယ်တွေရဲ့ ပါတီမှာ အနောက်တိုင်းဝတ်စုံပြည့်နှင့် ကျွန်တော်က စားပွဲဝိုင်းတွင် ဝိုင်သောက်ရင်း ငြိမ်သက်စွာ ထိုင်နေရသည်။
ပိုမို ပွင့်လင်း လွတ်လပ်သော ဆက်ဆံရေးများဖြင့် လူငယ် မိန်းကလေး ယောကျ်ားလေး အများအပြား.....
ကလေးမျက်နှာ မပျောက်သေးသော်လည်း လူကြီးစိတ်အပြည့်နှင့် chanyeol က အရပ်ပိုရှည်လာပြီး ခန္ဓာကိုယ်က ပိုတောင့်လာသည်။
အတွေးများစွာဖြင့် chanyeol ကို လိုက်ကြည့်နေရင်း သူ့အသိုင်းအဝိုင်းကြားမှ ထွက်သွားသော chanyeol ဦးတည်ရာက....
ကျွန်တော် လူကြီးတွေကို နှုတ်ဆက်ပြီး ခပ်သွက်သွက် ထရပ်လိုက်သည်။ သေချာပေါက် ကျွန်တော် ပါတီကို သွားမယ်လို့ အစ်ကို့ကို ပြောခဲ့ပါတယ်။
အင်းလေ.....chanyeol နှင့်စာလျှင် ကျွန်တော်က တစ်နည်းအားဖြင့် အပြင်လူပါပဲ။
အင်္ကျီလက်ရှည်အနက်ရောင်နှင့် ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားသော အစ်ကိုက မျက်မှန်ဝိုင်းလေးနဲ့......ရိုးရိုးလေး
ကျွန်တော့်မှာသာ ကိုယ်ပေါ်က တန်ဖိုးကြီး suit ကြီးကြောင့် သိမ်ငယ်ရတော့မလို....
ကျွန်တော့်ရှေ့တင် အစ်ကိုပေးလိုက်သော ပန်းစည်းကို chanyeol က မြက်ခင်းပေါ် လွှင့်ပစ်လိုက်သည်။ ဘာလဲ......
"အဲဒါက ငါပေးတာပါ....သူက မင်းကို ကိုယ်တိုင်ပေးလိမ့်မယ်ပေါ့"
အစ်ကို့၏ ခပ်အေးအေး စကားအဆုံးတွင် chanyeol က ဘာဖြစ်မှန်းမသိ။
"သူ လာတယ်လား"
"မင်းတောင် ဖိတ်ရဲသေးတာပဲ"
အစ်ကိုက ကျွန်တော့်ကို ကြည့်ရင်း ပြုံးပြနှုတ်ဆက်သည်။ ပြီးတော့ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။
"အစ်ကို...."
အစ်ကို့အနားကို တိုးကပ်သွားတော့ သူ့မျက်ဝန်းစူးစူးက.....
"ဒါ မင်းတို့နေရာပါ....ငါ အာရုံစိုက်မခံချင်ဘူး"
"ကျွန်တော် တောင်းပန်ပါတယ်...jongin hyung....ဒီဘက် လိုက်ခဲ့ပါလား"
အစ်ကိုက မငြင်းဆန်ရသေးခင် ခြံထဲသို့....ကျွန်တော်တို့ဆီသို့.....လှမ်းလျှောက်လာသော jongdae hyung က.......
ပုံမှန်အဝတ်အစားပဲ ဝတ်ထားတာတောင် တည်ငြိမ်မှုကြောင့် ခန့်ညားနေသည်။
"Congratulations ပါ....park chanyeol....မိတ်ဆွေဟောင်းတွေဆိုတော့ လာဖြစ်အောင် လာရတာပေါ့"
"ဟုတ်ကဲ့...ရှေ့နေကြီးက ကိုယ်တိုင်လာချီးမြှင့်တော့ ကျွန်တော် ဂုဏ်တက်တာပေါ့"
အစ်ကို့ပန်းစည်းကို ဒေါသတကြီး လွှင့်ပစ်ခဲ့တာ သူ မဟုတ်သလိုပဲ။ chanyeol က jongdae hyung ရဲ့ ပန်းစည်းကို လက်ခံရင်း လက်ဆွဲနှုတ်ဆက်သည်။ သူ့အပြုံးက ကြောက်စရာ ကောင်းလှသည်။
"အိုး....မေ့သွားလို့...."
ရုတ်တရက် သတိရသွားဟန်ဖြင့် chanyeol က စားပွဲပေါ်က တစ်ရှူးကို ဆွဲယူလိုက်ပြီး jongdae hyung ကို ပေးသည်။
"ကျွန်တော့်အသားဆို ထိတောင်မထိချင်ဘူး မဟုတ်လား"
သူကမ်းပေးသော တစ်ရှူးကို jongdae hyung ကလည်း ဆွဲယူပြီး.....
"ဟုတ်တယ်....ကျွန်တော်က Park မျိုးရိုးဆို ရွံတတ်တယ်လေ"
"ခင်ဗျား"
Jongdae hyung လည်ပင်း အင်္ကျီစကို ဆုပ်ကိုင်လိုက်တဲ့ chanyeol က အရမ်းကြမ်းတမ်းတာပဲ။
"အဟက်....မင်းက ဘာဖြစ်တာလဲ...သိက္ခာမရှိတဲ့ အရိုင်းအစိုင်းပဲ...park chanyeol"
"kim jongdae shii...က တော့ အရမ်းတွေ သိက္ခာရှိတယ်ပေါ့...ခင်ဗျား ဘယ်လောက်အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်လဲ ဆိုတာ"
"ငါက မင်းနဲ့မှ ရိုင်းတာ chanyeol....ငါ့ရုံးခန်းမှာ လာ အရှက်ခွဲရအောင် ဘယ်သူ ပိုမိုက်ရိုင်းနိုင်မယ် ထင်လို့လဲ...မင်း ငါ့အကြောင်း သိပါတယ်"
"ခင်ဗျား အခုရောက်နေတာ ကျွန်တော့်နေရာနော် kim jongdae...ကျုပ် စိတ်ရှိရင် ခင်ဗျားကို တစ်စစီဖြစ်အောင် လုပ်လို့ရတယ်"
"လုပ်ကြည့်လေ.....မင်း လူ လို ဟန်ဆောင်မနေစမ်းနဲ့....နားခါးတယ်"
သူတို့က တကယ့်ကို ချက်ချင်းထိုးသတ်တော့မဲ့ ရန်သူတွေလိုပဲ။ ပါတီပွဲရဲ့ အာရုံကလည်း ဒီမှာ လာစုနေပြီ။
"တော်ကြတော့...စကားနိုင်လုနေရအောင် ကလေးတွေလည်း မဟုတ်ဘူး.....jongdae ငါတို့သွားကြမယ်"
လူနှစ်ယောက်ကို ဆွဲခွာလိုက်တဲ့ အစ်ကိုက jongdae hyung ကို ဆွဲ၍ ပြန်ရန်ပြင်သည်။
"မပြန်ရဘူး...hyung"
"Park ChanYeol....မင်းပွဲကို မင်း မဖျက်ချင်စမ်းနဲ့...ငါတို့က ဘာတွေလဲ....ဒီကို ဘာကြောင့့်လာတာလဲ....မင်း သိပါတယ်....မင်းကိုယ်မင်းလဲ ကြည့့်ဦး...jongdae ကို မြင်တာနဲ့ သွေးပျက်နေတုန်းပဲ"
chanyeol အနားကို ရုတ်တရက် ကပ်သွားတဲ့ အစ်ကိုက ဘာဆက်ပြောမှန်း မကြားလိုက်ရပေမဲ့......
"ငါနဲ့ ဆက်ဆံရေး မပျက်သေးရင် စကားနားထောင်"
ထိုစကားကျ ကျွန်တော့်ကိုပါ ဝေ့ကြည့်လာသည်။
အစ်ကို့ စကားအဆုံးမှာ....
စားပွဲပေါ်က ပန်းကန်တွေကို တိုက်ချသောင်းကျန်းပစ်သူက park chanyeol...
လှည့်မကြည့်ဘဲ ထွက်သွားသူနှစ်ယောက်ထဲက jongdae hyung ၏ လေသံကို ကျွန်တော်ကြားဖြစ်အောင် ကြားလိုက်သေးသည်။
အရိုင်းအစိုင်းကောင် တဲ့။
ကျွန်တော့်ကို ဘယ်သူမှလည်း အဖက်မလုပ်ကြ။
အရင်က ကျောင်းသားဘဝကိုတောင် သတိရသည်။ သူတို့က အခုထိ ပြဿနာတက်နေကြတုန်း.......အဆင်ပြေရင်ကျ ကျွန်တော် မသိရဘူး။
ဘယ်သူဘာဖြစ်ဖြစ် ကျွန်တော်ကြောက်သည်က......အစ်ကိုက သိမ်းကြုံးပြီး ကျွန်တော့်ကိုပါ ဆူလိမ့်မှာကိုပဲ။
အခုတောင် နောက်ဆုံးစကားမှာ ကျွန်တော့်ဘက်ကို ဝေ့ကြည့်သွားသေးတာ။
ကျွန်တော် အစကတည်းက ဒီပါတီကို မလာခဲ့သင့်တာပါ။
........
နောက်ရက်များတွင် ကျွန်တော်ဖြောင်းဖျသော်လည်း chanyeol ဆီမှ jongdae hyung အကြောင်း ဘာမှ ထွက်မလာပါ။
အက်ကြောင်းအတိုင်းထားလျှင် ဘာမှမဖြစ်သော်လည်း chanyeol က အမုန်းဖြင့် ဖြည့်ဆက်ရန် ကြိုးစားနေလေသည်။
Your Smile 🌟