အလုပ် စောစောပြီး၍ အစ်ကို့ဆီ ဖုန်းခေါ်တော့ အစ်ကိုက ဖုန်းမကိုင်။ သူ့ ကပွဲအတွက် အသည်းအသန် ကြိုးစားနေတာလေ။
နင့်နင့်နဲနဲ သတိရနေသည်မို့ အစ်ကို့ အကသင်တန်းဆီ ဦးတည်လိုက်သည်။ ရောက်မှ ဖုန်းထပ်ဆက်မည် အတွေးနှင့်။
ကျွန်တော် မကြာခဏရောက်နေကျ အကသင်တန်း အဆောက်အဦးလေးမှာ လူများစွာ၊ ကားများစွာ ရှုပ်ထွေးနေသည်။
ဘာလဲ.....ဒီနေ့ ကပွဲနေ့တော့ မဟုတ်ပါဘူးနော်။ အစ်ကိုက ကျွန်တော့်ကို ဘာမှပြောမထားဘူး။
လ အတော်ကြာသည်အထိ အဆောက်အဦးအတွင်း မဝင်ဖူးခဲ့ဘဲ အခုမှ ခြေထောက်တွေက အလိုလို.....
လက်ကလည်း အစ်ကို့ဖုန်းကို အဆက်မပြတ် ခေါ်လျက်သား.....
"ကျွန်မ ဘာကူညီပေးရမလဲ"
ရွှေဝါရောင် ဆံနွယ်တွေနှင့် အမျိုးသမီးက ဖော်ရွေစွာ မေးလာသည်။ အစ်ကိုက လုံးဝဖုန်းမကိုင်။
"ကျွန်တော် အစ်ကို့ကို....kim jongin ကို လာရှာတာ....ဒီနေ့ ကပွဲနေ့တော့ မဟုတ်ပါဘူးနော်"
"ဟုတ်တယ်လေ...ဒီနေ့ ကျွန်မတို့ သင်တန်းကျောင်းရဲ့ ကပွဲနေ့....kim jongin ဆိုတာက...."
"အင်း...ဟို...kim jongin လေ"
"အား....kai ကို ပြောတာလား....ဟုတ်တယ်နော်...ရှင် သူ့ကို လာကြိုတာ ကျွန်မတွေ့ဖူးတယ်"
Kai ? ?
"ကြွပါ....VVIP ပဲ....kai က ဧည့်သည်တစ်ယောက် ဖိတ်ထားတယ်လို့တော့ ပြောပါတယ်...kim...ဆောရီး...ကျွန်မ မေ့သွားလို့"
"အာ...မဟုတ်ဘူး....ကျွန်တော်က သူဖိတ်ထားတဲ့ ဧည့်သည်မဟုတ်ဘူး"
စူးစမ်းသလို မျက်ဝန်းတွေကို စိတ်ညစ်လာသည်။
"ကျွန်တော်က ဒီအတိုင်း အစ်ကို့ကို လာရှာတာ...ကပွဲက စတော့မှာလား"
"ကပွဲက စနေပြီလေ....kai က main ဆိုတော့ နောက်ဆုံး အစီအစဉ်ပဲ....သူ့ကို ခေါ်ပေးရမလား...သူ မအားလောက်ဘူး ထင်တယ်...စောင့်ရင်းနဲ့ ခဏလောက် ကပွဲ ကြည့့်သွားပါဦးလား"
ဘာလုပ်ရမှန်း ရုတ်တရက် ဝေခွဲမရ။ အစ်ကိုက သူ ဒီလောက် အလေးထားတဲ့ပွဲကို ကျွန်တော့်ကို ပြောသင့်တယ် မဟုတ်ဘူးလား။ သူက ဧည့်သည်တစ်ယောက်ပဲ ဖိတ်ထားတာဆိုတော့ ဘယ်သူများ........
"sehun က ကြိုရောက်နေတာပဲ....hyung နောက်ကျနေပြီလား"
အသံချိုချိုနှင့် နှုတ်ဆက်လာသူက အခုမှ ဝင်လာသည့် jongdae hyung.....
အစ်ကို ဖိတ်ထားတာပေါ့လေ။
"ကျွန်တော်က ဒီတိုင်းလာတာ...hyung....အစ်ကိုက ကျွန်တော့်ကို မဖိတ်ဘူး"
Jongdae hyung က ကတ်တစ်ခုကို မိန်းကလေးဆီ လှမ်းပေးရင်း ရယ်သည်။
"မင်းတို့က အမြဲတမ်း ဘာမဟုတ်တာလေးတွေနဲ့ စိတ်မကောင်း ဖြစ်နေကြတာပဲ......လာ....ခန်းမထဲ ဝင်ရအောင်"
"....."
"လာစမ်းပါ...ဒီအချိန်မှာ သူ မင်းကို ရှိနေစေချင်တာ ပြောပြစရာ လိုသေးလို့လား"
အင်တင်တင် စူပုပ်ပုပ်နှင့် လိုက်လာခဲ့သော်လည်း ခန်းမထဲက ပွဲစင်မှာ အတော်ပင် ခမ်းနားလှသည်။ ကပွဲတွေနှင့် မရင်းနှီးသော်လည်း အပြင်အဆင်ကဖြင့် တကယ် ချီးကျူးရမည်။
ဘယ်အချိန်က စ မှန်းမသိသော ကပွဲက ကျွန်တော်တို့ထိုင်ပြီး သိပ်မကြာခင်မှာပဲ နောက်ဆုံးအစီအစဉ်ကို ရောက်သွားပြီ ဖြစ်သည်။
Dancing God Kim Kai......
အစီအစဉ် ကြေငြာလိုက်ချိန်တွင် လက်ခုပ်သံများနှင့်အတူ ကျွန်တော် ကြက်သီးတွေ ဖြန်းခနဲ ထသွားသည်။
တော်သေးတာပေါ့....ဟိုမိန်းကလေး မပြောပြရင် အူလည်လည် ဖြစ်နေဦးမယ်...kim jongin ဆို kim jongin ပေါ့။
.
.
မီးအားလုံးမှိတ်၍ တိတ်ဆိတ်သွားပြီး စင်၏ ဗဟိုတွင် အလင်းစက်.....
အပြာရင့်ရောင် ကတ္တီပါ ကုတ်အရှည်ဖြင့် ပရိသတ်ကို ကျောပေးထားသူက သူ့မျက်နှာကို ဖြည်းဖြည်းချင်း လှည့်လာသောအခါ....
မီးခိုးရောင် ဆံပင်၊ အပြာရောင် မျက်လုံးတွေနှင့် နှုတ်ခမ်းထောင့်စွန်းတစ်ဖက်၏ smirk တစ်ချက်က လူကို ရူးခါသွားစေသည်။
ဘုရားသခင်....အဲဒါ အစ်ကိုလား။
💥
လှုပ်ရှားနေသော ကကွက်တွေကို နားမလည်ပေမဲ့ အသက်ရှူဖို့ မေ့နေလောက်အောင် ငြိမ်သက်နေရသည်။ ပျော့ပျောင်းနေသလို ထင်ရပေမဲ့ တစ်ချိန်တည်းမှာ မာကျောနေပုံက.....
ရုတ်တရက် အစ်ကိုက အပြာရင့်ရောင် ကုတ်အရှည်ကြီးကို ချွတ်ပစ်လိုက်သောအခါ....
အနက်ရောင် ကိုယ်ကျပ်အင်္ကျီလက်ပြတ်နှင့် အကုန်လုံးက အရိုင်းဆန်စွာ ကြမ်းတမ်းကုန်သည်။ အပြာရင့်ရင့် ဘောင်းဘီနက်က ခြေတံသွယ်သွယ်တွေကို အစွမ်းကုန် လှပစေရင်း....
စင်မြင့်အလယ်မှာ တစ်ကိုယ်တည်း လှုပ်ရှားနေသည့် နတ်ဘုရားက မျက်ဝန်းတွေ နှုတ်ခမ်းတွေမှာ ကျိန်စာများပါနေသလား။
ခဏမျှသော အချိန်လေးအတွင်းမှာ ခေါင်းတစ်ချက်ခါလိုက်ပြီး စူးစိုက်ကာ ပြုံးလိုက်ပုံက....
သက်ရှိမှန်သမျှ၏ နှလုံးသားကို ထုတ်ယူစားသုံးတော့မလိုမျိုး......
သူ့ခြေတော်ရင်းမှာ ခစားရဖို့ ဘာမဆိုစွန့်လွှတ်ရတော့မလိုမျိုး......
မီးမှိတ်သွားသည့်အခါ ကျွန်တော့်ဝိဉာဉ်အစားသုံးခံလိုက်ရသလို မောပန်းသွားသည်။ ဘာလို့ အဲလောက်ထိ ညှို့အားပြင်းရတာလဲ။
တစ်ချိန်တည်းမှာ ဖြစ်ပေါ်လာသော မနာလိုဝန်တိုမှုကလည်း နှလုံးသားကို ဒိန်းကနဲ ဝင်ဆောင့့်သည်။ ရူးမှာပဲ။ မလွယ်လိုက်တာ။
ဘေးက jongdae hyung ကို ငဲ့ကြည့်လိုက်တော့ သူက တိတ်ဆိတ်ငြိမ်သက်နေ၏။
သူ့တရားခွင်မှ အစ်ကို့ပုံစံအတိုင်း။
ဝုန်းခနဲ ဆူညံသွားသော လက်ခုပ်သံကြီးကြောင့် ကျွန်တော် အယောင်ယောင်အမှားမှား ဖြစ်သွားသည်။ အလျှိုလျှိုထသွားကြသည့်လူအများစုက စင်အောက်တွင် အပေါ်ကုတ်ထပ်မဝတ်ရသေးဘဲ ပြုံးရင်း ရပ်နေသည့် အစ်ကို့ဆီ။
တစ်ချက်ငေးလိုက်ပြီးမှ jongdae hyung နှင့့်အတူ အပြင်ထွက်လာခဲ့သည်။
"Hyung ဆီ လာတုန်းက အစ်ကို့ပုံစံကလည်း အခု hyung ပုံစံအတိုင်းပဲ"
"ဟုတ်မှာပေါ့...."
"အင်း...."
"ဘာမှအထွေအထူးတွေးနေတာတော့ မဟုတ်ပါဘူး.....ငါတို့ အိပ်မက်တွေ ထားခဲ့ကြတယ်....အခု လမ်းကြောင်းပေါ်မှာ မတ်မတ်ရပ်လိုက်နိုင်တဲ့အခါ အတိတ်ကို သေချာပေါက် ပြန်တွေးမိတယ်....မင်းတော့ နားမလည်နိုင်လောက်ဘူး...ငါတို့မှာ မင်းတို့လို ခင်းပြီးသား လမ်းမရှိဘူး....ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းကလည်း ကိုယ့်ဆန္ဒမှ ဟုတ်ရဲ့လား မရေမရာ အတွေးတွေနဲ့"
"....."
"သူရော ငါရော....နေရာတစ်ခုကို ရလာတဲ့အခါ စာရင်းချုပ် ဆန်းစစ်မိမယ်.....ဒီနေရာမှာ ဘာတွေ ဆုံးရှုံးခဲ့သလဲ...ဘာတွေ ရရှိခဲ့သလဲ...ကျေနပ်ရဲ့လား....ထိုက်တန်ရဲ့လား...ပြီးတော့ လောကကြီးမှာ ကြိုးစားလည်း မဖြစ်နိုင်တဲ့ အရာတွေက တကယ်ရှိတယ်...ငါတို့ပဲ မတတ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်"
သူငယ်ချင်းဆိုတာ အဲဒါမျိုး ဖြစ်နိုင်တယ်။ အစ်ကို့မှာ ဒီလောက် စိတ်ထားတိုက်ဆိုင်တဲ့ သူငယ်ချင်းရှိတာ တကယ်ဂုဏ်ယူစရာပဲ။ ဒါပေမဲ့ အစ်ကိုက jongdae hyung လောက်တော့ သွေးမအေးသင့်ဘူး။
"စိတ်ညစ်စရာတွေကို အများကြီး မတွေးပါနဲ့ hyung...ကျွန်တော် သိပ်နားမလည်ပေမဲ့ hyung တို့ကို ပျော်စေချင်ပါတယ်"
ကျေးဇူး......ခပ်တိုးတိုးလေသံလေးနှင့် ပြုံးပြသော jongdae hyung က အစ်ကို့ကို စောင့်နေရစ်ခဲ့ပြီး ကျွန်တော်က ကားဆီပြန်လာခဲ့သည်။
သူတို့ စကားပြောကြပါစေ အတွေး။
သို့သော် တော်တော်ကို ကြာသည်။ ကားပေါ်မှာ ထိုင်ရင်း အိပ်ပျော်လောက်သည်အထိ။ တမေ့တမော စောင့်နေပြီးမှ jongdae hyung နှင့် နှစ်ယောက်အတူတူ စကားပြောရင်း ထွက်လာသော အစ်ကိုက စင်မြင့်ပေါ်ကနှင့် မဆိုင်စွာ...အပေါ်အောက် ဂျင်းဝတ်စုံ၊ မျက်ဝန်းညိုညိုတွေနှင့်။
Jongdae hyung....Taxi ပေါ်တက်သွားမှ ကျွန်တော့်ကားဆီ လှမ်းလာသော အစ်ကိုက ခုနက နတ်ဘုရား မဟုတ်တော့သလိုလို....
"Hun...မလာတော့ဘူး ထင်တာ"
အရယ်မပြတ်နိုင်စွာ ပြုံးနေပုံက အလွန်အမင်း ပျော်ရွှင်နေသည့်ဟန်.....
"အစ်ကိုများနော်....ကျွန်တော့်ကို ကပွဲ မဖိတ်ဘူး....နေနိုင်တယ်"
"အင်း......"
အင်း တဲ့။ ခါးပတ်ပတ်နေပုံက မတုန်မလှုပ်လေး။
"ဘာလို့ မဖိတ်တာလဲ...အစ်ကို ကတာကို ကျွန်တော့်ကိုဘာလို့ မကြည့်စေချင်တာလဲ"
"ကြည့်စေချင်တာပေါ့....စခါနီးတော့ ကိုယ် ဖုန်းခေါ်ပါတယ်...hun က မကိုင်တော့တာ"
အိတ်ထဲက ဖုန်းထုတ်ကြည့်မှ အစ်ကို့ missed call လေး နှစ်ခု။
"အစက ကြိုပြောလေ....ကျွန်တော့်ကို"
"ပွဲက အကြာကြီး hun ရဲ့....jongdae ကိုတောင် ကိုယ့်အချိန်နီးမှ လာခိုင်းတာ....hun အလုပ်ပျက်နေမှာစိုးလို့...ပြီးတော့"
"အင်း..."
ကားပေါ်ရောက်ကတည်းက အပြုံးလက်စ မသတ်သေးသူက ကျွန်တော့်ကို ပြုံးရင်း ကြည့်ပြန်သည်။
"ဘယ်လိုနေလဲ...ပြောကြည့်"
စကားပြန်ရန် နှုတ်ခမ်းပြင်လိုက်ပေမဲ့ ဘယ်လိုစပြောရမယ်မှန်း မသိ။ ဘယ်လို ပြောပြရမလဲ။ အစ်ကိုက မျက်ဝန်းတောက်တောက်လေးနှင့် စောင့်နေသည်။
"အား.....အရမ်း...အရမ်း မိုက်....တယ်.....ညှို့အားပြင်းပြီး..... အာ.....မသိဘူး....ကျွန်တော်သိတဲ့ အစ်ကို မဟုတ်တော့သလိုပဲ...ကျွန်တော် မပြောတတ်ဘူး"
အစ်ကိုက ကျွန်တော့်လက်ကို ဆွဲကိုင်ပြီး သူ့ဘယ်ဘက်ရင်အုံပေါ် တင်ပေးသည်။ ခံစားရတဲ့ အစ်ကို့ နှလုံးခုန်သံဟာ အလွန်အမင်း မြန်ဆန်စွာ....
"ကိုယ် အခုထိ အပြုံးရပ်လို့ မရသေးဘူး"
"အရမ်း ရင်ခုန်နေတာ....ပထမဆုံး ကပွဲ လား"
သူကိုင်ထားသော သူ့ရင်ဘတ်ပေါ်က ကျွန်တော့့်လက်ကို ပြန်တွန်းထုတ်လိုက်သည်။
"ပထမဆုံး ကပွဲ ဟုတ်မလား....ပထမဆုံး မင်း ကြည့်တယ် ဆိုလို့ပေါ့....ငါ အမှားလည်း မလုပ်ခဲ့ဘူး....hun ကို အကောင်းဆုံးပုံရိပ်ပဲ ပြချင်လို့...ပြလိုက်နိုင်လို့"
"အစ်ကိုက အမြဲတမ်း အကောင်းဆုံးပဲကို"
နှာခေါင်းရှုံ့ပြပုံက အလွန်အမင်း ချစ်စရာ ကောင်းပါသည်။
"တစ်ခုခု ကောင်းတာ သွားစားကြမယ်...hun နေရာ ရွေးလိုက်"
"Ok"
......
"ဒါနဲ့ ဆံပင်က မီးခိုးရောင်နဲ့ လိုက်သားပဲ....မျက်ကပ်မှန်ရော....outfit ရော...perfect ပဲ"
"ဟုတ်လား...."
"အစ်ကိုက အရမ်းလည်း popular ဖြစ်တယ်နော်....မိန်းကလေးတွေကို ဝိုင်းနေတာပဲ...ပြီးတော့ kim kai ဆိုပဲ"
"အင်း...မသိဘူးလား...hun ကို အရင် ပြောဖူးတယ် ထင်နေတာ"
အစားအသောက်ကို စိတ်ဝင်စားနေသော အစ်ကိုက သဝန်တိုနေသော သူ့ပတ်ဝန်းကျင်ကို သတိထားမိပုံမရချေ။
"အင်တာနက်မှာ နာမည်ကြီး နေတာပဲ....အေဂျင်စီတွေက ဆက်သွယ်လာတော့မှာ"
"အများကြီးပဲ...ကိုယ် စိတ်မဝင်စားဘူး"
အစ်ကိုက နောက်ဆုံး လက်စသတ်လိုက်ပြီး ရေတစ်ခွက်သောက်ကာ....
"ကိုယ့်ဝိဉာဉ်ကို ချုပ်နှောင်ရမဲ့ အလုပ်တော့ လုံးဝပဲ"
"အစ်ကိုက အဲဒီသင်တန်းမှာပဲ နေမှာပေါ့...trainer လုပ်မှာလား...မိန်းကလေးတွေ ပေါတယ်နော်"
"အင်း....ယောကျ်ားလေးလည်း ပေါပါတယ်"
ကျွန်တော့်စကားအသွားအလာကို အစ်ကိုက အခုမှ ရိပ်မိပုံရသည်။ အံ့သြတကြီးနဲ့....
"Hun....သဝန်တိုနေတာတော့ မဟုတ်ပါဘူးနော်"
ကျွန်တော် အစ်ကို့လိုမျိုး မဲ့ပြလိုက်သည်။
"အဲလောက် sexy ကျနေရင်တော့ စိတ်ပူစရာပဲ...ကျွန်တော်နဲ့ကျ အခုလိုပုံလေးနဲ့"
"ဟား....ဟား....ကိုယ်ကတော့ ပြောစရာ မရှိဘူးနော်....as you like ပဲ...ဒါနဲ့ hun ကတော့ အတွင်းရေးမှူးတစ်ယောက်နဲ့ အတူနေပြီး လုပ်ငန်းကိစ္စမဟုတ်တဲ့ မိန်းကလေးအသိတွေလည်း ရှိတယ်နော်"
မထင်ထားသော ထိုးနှက်ချက်ကြောင့် ကျွန်တော် ကြောင်တောင်တောင် ဖြစ်သွားရသည်။ စကားပြန်မပြောနိုင်သေးခင် အစ်ကိုက ဆက်၍....
"ကိုယ် သဝန်တိုတာ မဟုတ်ဘူးနော်...ဖြေရှင်းစရာ မလိုဘူး....သဘောပြောပြတာ"
"ဘယ်က မိန်း က လေး အသိ"
"ရွှေရောင်ဆံပင် ဂုတ်ဝဲနဲ့ မိန်းကလေးကို မင်းနဲ့ မကြာခဏ တွဲတွေ့ဖူးတယ်...လိမ်တော့ မလိမ်နဲ့"
"ဟာ.....အဲဒါလေးက.....အစ်ကိုက ဘယ်မှာတွေ့တာလဲ"
"ငါက..........နေရာအနှံ့ရောက်နေတာ.....မင်းကိုလည်း ခဏခဏ တွေ့တယ်....မင်းမှာ အလုပ်နဲ့ ငါပဲ ရှိသလို မပြောစမ်းပါနဲ့"
"ကျွန်တော်က အစ်ကို့ကို ဘာလို့မတွေ့ရတာလဲ"
"မင်းက....."
"မဟုတ်ဘူး....မဟုတ်ဘူး...အဲဒါ ဦးလေး john သမီးလေ....မကြာခဏလည်း မဟုတ်ပါဘူး...နှစ်ခါတည်းပါ....ပြီးတော့ အဲဒါ ကြာလှပြီလေ"
"အဲဒီနှစ်ခါကလည်း........
ကျွန်တော် သဝန်တိုရန် အစပြုမိသော အကြောင်းအရာသည်.....
ဖြေရှင်းစရာမလိုသည့် ကိစ္စဟု အစပြုသည့် အစ်ကို့အစိုင်အခဲကို အရည်ဖျော်ခြင်းဖြင့် ကုန်လွန်ခဲ့ရသည်။
အစ်ကိုက ကျွန်တော့်ကို တိတ်တိတ်လေး သဝန်တိုနေခဲ့သည်။
အခုလိုမျိုးပေါ့......
••••••••••••••••••••••••••••••••••
ကိုရီးယားသို့ ခဏအလည်ပြန်လာသည့် sophia ကို မုန့်လိုက်ကျွေးတော့ မျက်လုံးက အငြိမ်မနေနိုင်။
သုံးခေါက်မြောက်မှာ အစ်ကိုထပ်တွေ့ရင်တော့....
"ဟင်....chanyeol"
မျက်လုံးကစားမိခြင်း အကျိုးက ကျွန်တော့်ကို တစ်ချက်လေးမှ ဆက်သွယ်မလာသော ချစ်သူငယ်ချင်းကြီးကို ပြန်တွေ့ရခြင်းပင်။
"သြော....sehun"
အနက်ရောင်ရှပ်ကို အပေါ်ကြယ်သီးဖြုတ်ထားပြီး ဆံပင်တွေဖွာထားသည့် chanyeol က အရိုင်းဆန်စွာ လှပသည့် မိန်းကလေးတစ်ဦးကို ပုခုံးမှ ပွေ့ဖက်ထားလျက်သား.....
"မင်း ဘယ်တုန်းက ရောက်နေတာလဲ...ငါ့ကိုတောင် မဆက်သွယ်ဘူး"
"အင်း....ငါ ဒီမှာနေတော့မှာပါ...မကြာခဏ တွေ့ကြတာပေါ့"
"နေဦး....ဒါက "
နှုတ်ခမ်းတွန့်သွားတဲ့ chanyeol ပုံက အရင်က သိခဲ့ဖူးသော သူ့ပုံရိပ်ကို ဝေဝါးစေသည်။
"ငါ့ မိတ်ဆွေပါ...မင်းလည်း သတိထားဦး...jongin hyung ရှေ့မှာတော့"
chanyeol မျက်စပစ်ပြသည့် နေရာက ကျွန်တော်တို့ ရှိရာ စားသောက်ဆိုင် အပြင်ဘက်...
"ငါ ကုမ္ပဏီကို တရားဝင် ဆက်ခံရင် ဖိတ်စာပို့လိုက်မယ်....အဲဒီမှ အေးဆေး တွေ့ကြတာပေါ့"
စားသောက်ဆိုင်ကြီး၏ အပြင်ဘက် လမ်းဘေးမှ မိုးကာအနီလေးနှင့် ဆိုင်တစ်ခုထဲတွင် သွက်လက်စွာ လှုပ်ရှားနေသော အစ်ကို....
"sehun oppa...ဘယ်သွားမလို့လဲ"
"အင်....ဒီနား"
တောင်ခနဲ ရောက်လာတဲ့ မက်ဆေ့ချ်က
'မလာခဲ့နဲ့....ငါ မအားဘူး' တဲ့.....
ကျွန်တော့်အစ်ကိုက နတ်မျက်စိရှင်များလား။
ဖြေရှင်းချက် စာတစ်ချို့ကို ခပ်သွက်သွက်ရိုက်နေစဉ်မှာပင်.....
'I'm ok. So,you don't need to say about it.'
အစ်ကိုက တကယ်အသည်းယားစရာလေးရယ်...
ဘာရောင်းမှန်းမသိသည့် ဆိုင်တွင် စားပွဲထိုးနေသော အစ်ကို့ကို လှမ်းကြည့်ရင်း....
'အစ်ကို့ရဲ့ အချိန်ပိုင်း အလုပ်ပဲလား'
စာမဖတ်အားသေးသော အစ်ကိုက စိတ်ဆိုးနေပြီလားပဲ။ ကျွန်တော့်ကို သူ ဘာအလုပ်တွေလုပ်လဲ တစ်ခါမှ မပြောဖူးဘူး။
ကျွန်တော်တို့ ပြန်ခါနီးမှ ပြန်ဝင်လာသော မက်ဆေ့ချ်က....
'အိမ်ဘေးက ဒေါ်လေးဆိုင်ကို ကူပေးနေတာ' တဲ့။
သူ့ဆိုင်တွင် လူပါးသွားတာ မြင်နေရသည်။
Bill ရှင်းနေရင်း ကျွန်တော် စာပြန်ပို့လိုက်သည်။
'အစ်ကို အချိန်အားနေတယ်ပေါ့'
'အင်း...ကိုယ်က လုပ်ချင်တာ လုပ်ရဖို့အတွက်တော့ အမြဲတမ်း အားတယ်'
ရယ်နေသည့် emoji နှင့်အတူ သူက ဆိုင်ရှေ့တွင် ရပ်၍ ကျွန်တော့်ကို ပြုံးပြနေပါသည်။ ပြီးတော့ လက်နှစ်ဖက်က ကြက်ခြေခတ်သဏ္ဍာန်....
•••••••••••••••••••••••••••••••••