Your Smile (Unicode)

By kaihunchoco94

17.3K 1.9K 23

အစ်ကို့ အပြုံးတွေက ကျွန်တော်ကိုးကွယ်တဲ့ ကျိန်စာတွေ ~ ~ ကျွန်တော်ထွေးပွေ့တဲ့ အကြင်နာတွေ ~ ~ #sekai #kaihun #my... More

Your Smile
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[14]~
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
Final

[1]

1.7K 117 3
By kaihunchoco94


Happily Ever After

ပျော်ရွှင်စရာ အဆုံးသတ်ကြောင့် ကြည်နူးစွာ ပြုံးလိုက်ရင်း ရည်ရွယ်ချက်မရှိ စာတန်းရှည်များကို ဆက်ကြည့်နေမိသည်။

ကာတွန်းကားတွေသည် ကလေးငယ်များအတွက် ရည်ရွယ်ကာ ပျော်ရွှင်စွာ အဆုံးသတ်ပေးကြသည်။

ကျွန်တော်တို့ လက်တွေ့ဘဝတွေလည်း ဘယ်လောက်ပဲ အခက်အခဲများပါစေ။ အဆုံးသတ်မှာ ပျော်ရွှင်ရမည် ဆိုလျှင်.....

ကျွန်တော်သည် ခပ်ပေါပေါအတွေးများဖြင့် သူရဲဘောကြောင်သည့် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။

လင်းထိန်နေသော အခန်းကြီးထဲ တီဗီကို ပိတ်လိုက်ပြီးနောက် အိပ်စက်ရန် ပြင်သည်။ ကျွန်တော့် အိပ်မက်လှလှလေးတွေ အမှောင်ကြောင့် လွဲချော်သွားမှာ စိုးသည်။

•••••••••••••••••••••••••••

ကျောင်းယူနီဖောင်းကို သပ်ရပ်စွာ ဝတ်ဆင်ပြီး အသင့်စောင့်နေသော ကားထဲဝင်ထိုင်လိုက်သည်။ နွေးထွေးစွာ လှုပ်ရှားနေသော မြို့လေးအား ကြည့်ရင်း စိန်ခေါ်မှုများအကြောင်း စဉ်းစားနေမိသည်။

ကျွန်တော့်ဘဝတွင် ဘာမှမရှိတော့။ ကျွန်တော် အကြောက်ဆုံးသော အထီးကျန်မှုတွေသည် တရားဝင် ရောက်ရှိလာခဲ့ပြီ။ ကျွန်တော့်အသက် 17.....

အခုအချိန်မှစ၍ အိပ်မက်တွင်ပင် အားကိုးရာ မရှိ။ ကျွန်တော် တစ်ယောက်တည်း ရှင်သန်ရမည်။ အထီးမကျန်ချင်လျှင်၊ ကွဲထွက်မနေချင်လျှင် ကိုယ်တိုင် ကြိုးစားရမည်။

အသားကျနေသော သီးသန့်နေလိုစိတ်တွေကို ဖယ်ချရမည်။ ဒီမြို့လေးတွင် ကောင်းမွန်စွာ နေထိုင်တတ်ရန် သင်ယူရမည်။ လူငယ်ဘဝ၏ ကျန်ရှိသော နှစ်အနည်းငယ်တွင် အနည်းဆုံး ပုခုံးဖက်ရမည့် သူငယ်ချင်း တစ်ယောက် ရချင်သည်။

ကားကို ကျောင်းမရောက်ခင် ရပ်ခိုင်းလိုက်ပြီး ကျောင်းဝန်းထဲသို့ လမ်းလျှောက် ဝင်လာခဲ့သည်။ ကျောင်းလေးက အေးချမ်းလှသည်။

ဒီတစ်ခါ ရွေးချယ်တာ မှန်ပြီဟု ယူဆရင်း ကျောင်းရုံးခန်းဆီ ဦးတည်လိုက်သည်။
နွေးထွေးသော ဆရာ ဆရာမများကြောင့် စိတ်က သက်တောင့်သက်သာ ဖြစ်နေသည်။

"သား ကျောင်းပြောင်းလာတာ အချိန်ကောင်းပဲ...နောက်တစ်ပတ်ထဲမှာ ကျောင်းက အထက်တန်းကျောင်းသားတွေအကုန် တောင်တက်ဖို့ စီစဉ်နေကြတယ်... နှစ်တိုင်း သွားနေကျလေ... သား ပျော်မှာပါ"

ဆရာမစကားကို နားထောင်ရင်း စာမသင်ရသေးခင် ခရီးထွက်ရမည်ကို တွေးမိသည်။ သိပ်တော့ စိတ်မပါပေမဲ့ အားလုံးနှင့် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားရမည်။

အတန်းထဲသို့ ဆရာမ ဝင်သွားသောအခါ ဆူညံနေသော အခန်းက အားလုံးတိတ်ဆိတ်သွားကြသည်။ လူငယ်တွေကတော့ နေရာတိုင်းမှာ ဆော့ကစားနေကြတာပဲ။

"ကဲ....အားလုံးပဲ....ဒါ ကျောင်းသားအသစ်...ကူညီရမယ်နော်....မိတ်ဆက်လိုက်...သား"

ကျွန်တော် အတတ်နိုင်ဆုံး ပြုံးရန်ကြိုးစားလိုက်ပြီး ဦးညွတ်နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ... oh sehun ပါ... အားလုံးနဲ့ သူငယ်ချင်း ဖြစ်ချင်ပါတယ်"

ပါးစပ်ထဲတွင် မုသားကြောင့် ခါးသက်သက် ဖြစ်သွားသည်။ ဒါပေမဲ့ လိုက်လျောညီထွေ မနေတတ်ရင် ကျွန်တော် အထီးကျန်နေတော့မှာ........

ဆရာမ ညွှန်ပြသော ခုံဆီ လျှောက်လာရင်း ဘေးမှ ကျောင်းသားအား မိတ်ဆက်စကား ပြောရ မပြောရ စဉ်းစားနေမိသည်။ နာမည်ကို ဖတ်မိတော့ park chan.....

ပထမဆုံး စကားပြောမည့်သူ ဖြစ်သောကြောင့် ကြိုးစားနှုတ်ဆက်လိုက်သည်။

"ဟိုင်း....ကူညီပေးပါဦး"

ကလေးတစ်ယောက်လို ဖြူစင်သည့် မျက်နှာနှင့် ကျောင်းသားက သွားဖြူဖြူတွေ စီတန်းပေါ်လာအောင် ပြုံးပြသည်။ သို့သော်.....

"ဆောရီး....ငါ ကူညီပေးနိုင်မယ် မထင်ဘူး"

လှပသော အပြုံးကြီးနှင့် မလိုက်ဖက်သည့် တုံ့ပြန်စကားကြောင့် ကျွန်တော် အူလည်လည် ဖြစ်သွားရသည်။ ဘာပြန်ပြောရမှန်းမသိ။

မနက်ခင်း အတန်းနှစ်ချိန် စာသင်ပြီးနောက် ကျောင်းသားများ အလျိုလျို ထွက်သွားကြသည်။

ကျွန်တော့် ဘေးမှ ကျောင်းသားကလည်း တက်ကြွစွာပင် စာအုပ်တွေသိမ်းနေသည်။ သူ မတ်တပ်ရပ်လိုက်တော့ အရပ်က အရှည်ကြီးပဲ။

"ဟို...."

"ခန်းမမှာ လူစုမယ်... ငါ့နောက်လိုက်ခဲ့လေ"

နာမည်က park chanyeol။ သူ့ပုံစံက သေချာပေါက် ဖော်ရွေပြီး သဘောကောင်းမဲ့ ပုံစံမျိုးပါပဲ။ ကျွန်တော် လူကဲခတ်တာ သိပ်ညံ့ဖျင်းနေသလား။

သူ့နောက် လိုက်သွားတော့ ခန်းမထဲတွင် ကျောင်းသားအများအပြား ရောက်နေပြီး ဆူညံနေကြသည်။ အကုန်လုံး ရောနှောနေပေမဲ့ ကိုယ့်အဖွဲ့နဲ့ ကိုယ်မို့ ကျွန်တော် park chanyeol အနားကပ်ရပ်နေလိုက်သည်။

ဖြောင်း....ဖြောင်း

"ကဲ အားလုံးပဲ...အဖွဲ့တွေ ခွဲတော့"

ဆရာ၏ အောင်မြင်သော စကားသံအဆုံးတွင် အလျိုလျိုစုဖွဲ့သွားသော အဖွဲ့များကြား ထီးတည်းကျန်ခဲ့သူက ကျွန်တော်နှင့် park chanyeol....

"ဟုတ်သားပဲ....ကျောင်းသားသစ် နှစ်ယောက်က အဖွဲ့တစ်ပဲ သွားလိုက်တော့"

နှစ်ယောက် ?.... park chanyeol က ကျောင်းသား အသစ်လား....

အံ့သြစွာ ကြည့်မိတော့ ပြုံးစစနှင့် park chanyeol က သွက်လက်စွာဖြင့် အုပ်စုတစ်ခုထဲ ဝင်သွားတော့သည်။ ဒါ အဖွဲ့ တစ် ဟုတ်မဟုတ် သူ ဘယ်လိုသိနိုင်မှာလဲ။

"လာ....oh sehun ဟုတ်လား....ဒီဘက်လာ"

ထိုအဖွဲ့ထဲမှ ဖော်ရွေစွာ ကြိုဆိုနေသော စီနီယာတစ်ယောက်ကို ပြုံးပြပြီး သူ့ဘေးတွင် ရပ်နေလိုက်သည်။

"ကဲ....အားလုံးပဲ...ခရီးက နှစ်တိုင်းထွက်နေကြဆိုတော့ အထွေအထူးတော့ မှာစရာ မရှိဘူး...အားလုံးတိုင်ပင်ရအောင် လူစုပေးတာ...လိုအပ်တာ ရှိရင် ဆရာတွေကို မေး...အခု ပြောစရာရှိရင်လည်း ပြော"

"ဆရာကြီး...တောင်ပေါ်မှာ မီးပုံပွဲအတွက် ခွင့်ပြုပေးပြီးပြီနော်"

ကျွန်တော့်နံဘေးမှ အသံထွက်လာသောကြောင့် လှည့်ကြည့်မိတော့ ကျွန်တော့်ကို ခေါ်ခဲ့သော စီနီယာ.....

"အေးပါ....ခွင့်ပြုတယ်... မင်းတို့တွေ ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ်နော်"

ခန်းမထဲတွင် ရယ်မောဆူညံသော အသံများဖြင့် ပြည့်လျှံသွားသည်။ ကြည့်ရတာ ကျွန်တော့်ဘေးမှ အစ်ကိုက ကျောင်းသားခေါင်းဆောင် ဖြစ်မည် ထင်သည်။

အညိုရောင် ဆံနွယ်တွေနှင့် ထူပြည့်ပြည့် နှုတ်ခမ်းအစုံ။ သူ့ထံမှ နွေးထွေးသည့် အငွေ့အသက် အပြည့်အဝ ခံစားရသည်။

"လာ...sehun...အခုမှ အတွေ့အကြုံအသစ်ဆိုတော့ စိတ်လှုပ်ရှားနေမှာပေါ့"

ကျွန်တော့်ကို ပြုံးကြည့်လိုက်သော စီနီယာအစ်ကို့ကြောင့် မင်သက်သွားမိသည်။ သူ့အပြုံးက နူးညံ့ညင်သာမှုများဖြင့် နွေးထွေးနေသည်။

"အစ်ကို့နာမည် kim jongin.... အဖွဲ့ခေါင်းဆောင်....ဘာအတွက်ပဲဖြစ်ဖြစ် လိုအပ်ရင် အကူအညီတောင်းနော်"

"ဟုတ်ကဲ့....စီနီယာ"

ဆူညံလှသော စကားသံများဖြင့် စီနီယာ အစ်ကိုခမျာ အလုပ်ရှုပ်ရှာသည်။ သွားနေကျဟုဆိုသော်လည်း မိန်းကလေးတွေ၏ မေးခွန်းများက မပြီးနိုင် မစီးနိုင်။ နေရာတိုင်းမှာ ဒီလိုပါပဲလား...

"sehun"

အလုပ်ရှုပ်နေသည့် ကြားမှ ကျွန်တော့်နာမည်ကို ခေါ်ကာ စီနီယာအစ်ကိုညွှန်ပြနေသည့်နေရာကို ကြည့်လိုက်သည်။ chanyeol က အခြားစီနီယာတစ်ယောက်ဘေးတွင် ရပ်နေသည်။

ကျွန်တော့်စီနီယာ jongin ကို ဦးညွတ်နှုတ်ဆက်လိုက်ပြီး ထိုနေရာသို့ လျှောက်လာခဲ့သည်။

"Oh sehun နော်...အစ်ကိုက kim jongdae"

ချိုမြစွာ စီးဆင်းသည့် အသံတစ်ခုက လှပသော နှုတ်ခမ်းတွေဆီမှ လာသည်။ နောက်ထပ် အပြုံးရှင် တစ်ယောက်....

ကျွန်တော်က အထီးမကျန်ချင်၍ ကြိုးစားနေရသည်။ chanyeol မှ စ၍ အစ်ကို jongin.... အစ်ကို jongdae။ သူတို့လိုများ ပြုံးတတ်ရင် ကျွန်တော် ဘာကိုမှ မကြောက်နိုင်တော့.....

ကျွန်တော် စိတ်လိုလက်ရ ပြုံးမိသွားသည်။
ဆက်၍ စီနီယာ jongdae က လိုအပ်သည့် အရာများနှင့် သွားမည့် ခရီးစဉ်တို့ကို ရှင်းပြနေသည်။

အစ်ကို jongdae စကားသံက ကြည်လင်ပြတ်သားကာ သီချင်းတစ်ပုဒ်လို နားထောင်ကောင်းလှသည်။ ပို၍ ထူးဆန်းသည်မှာ သူက ကျွန်တော့်တစ်ယောက်တည်းကို ဦးတည်ပြောနေသလိုပင်။

"ဟေး.... sehun နဲ့ chanyeol... ဖုန်းနံပါတ်တွေ ပေးခဲ့.... ငါတို့ ဖုန်းနံပါတ်တွေလည်း မှတ်ထားဦး"

ရုတ်တရက် အနားရောက်လာသော စီနီယာ jongin စကားကြောင့် ကျွန်တော် ဖုန်းထုတ်နေစဉ်.....

"chanyeol က လိုအပ်တာ ရှိရင် jongdae ကို အကူအညီတောင်း"

ရယ်သံစွက်သည့် စီနီယာ jongin အသံကြောင့် မော့ကြည့်မိတော့ park chanyeol က စီနီယာကို နှစ်လိုဖွယ်ရာ ရယ်ပြနေသည်။ စီနီယာ jongdae က အနားတွင် မရှိတော့။

"ကျွန်တော့်ကို စိတ်ဆိုးနေတယ်"

"ဘယ်လိုလဲ...ယုံကြည်ချက် ရှိလား"

"100 %"

ကျွန်တော့်ပုခုံးပေါ်ကို လက်တင်ရင်း chanyeol က ရယ်ကျဲကျဲနှင့် ဖြေသည်။ သူတို့စကားတွေကို ကျွန်တော် နားမလည်နိုင်။

လူတစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးဖို့ အဲလောက်တောင် လွယ်သလား။ chanyeol က ကျောင်းသားအသစ်ဆိုပေမဲ့ စီနီယာတွေနဲ့ ရင်းနှီးတာ မြန်လှသည်။ ကျွန်တော့် ပုခုံးပေါ်လည်း လက်တင်ထားသေးသည်။ ခင်မင်မှုလျို့ဝှက်ချက်များ ရှိနေတာလား။

ထိုအစည်းအဝေးမှ ပြန်တော့ ကျွန်တော် chanyeol ကို ကြိုးစား၍ စကားစကြည့်သည်။ ပုခုံးပေါ်တောင် လက်တင်ထားတာဆိုတော့ ရင်းနှီးနေပြီ မလား။

"အဟမ်း.... park chanyeol"

"အဲဒါ ငါ့နာမည်....မင်းနာမည်က oh sehun"

"အမ်....အင်း"

သူက မအောင့်နိုင်သလို တစ်ချက်ရယ်လိုက်သေးသည်။

"ခွီး....ဘာပြောမလို့လဲ"

"မင်းလည်း ကျောင်းသားအသစ်ဆိုတာ ဘာလို့ မပြောတာလဲ"

"ငါလား....မင်းထက် တစ်ရက်စောတယ်လေ...ပြီးတော့ မင်းပုံစံက စ ချင်စရာကောင်းလို့"

"ဟမ်"

"ဟုတ်တယ်...အူလည်လည်လေးနဲ့"

"ငါက "

"ဘာတွေ စိတ်ဖိစီးနေတာလဲ...စကားကို သေချာပြောစမ်းပါ...ငါက အတန်းပိုင်ဆရာ မဟုတ်ပါဘူး"

ပုခုံးပေါ် ရောက်လာသော လက်တစ်ဖက်နှင့် ကျွန်တော် မျှော်လင့်သည့် သူငယ်ချင်းတစ်ယောက် ရပြီ ထင်သည်။

••••••••••••••••••••••

ခရီးတို မထွက်ခင်အတွင်း chanyeol နှင့် ရင်းနှီးလာခဲ့သော်လည်း စီနီယာများကို ထပ်မတွေ့ရတော့။ ကျောင်းတက်ရသည်မှာလည်း အနှောင့်အယှက်ကင်းစွာ ပျော်စရာ ကောင်းသည်။

"sehun လာ....."

မီးခိုးရောင် အနွေးအင်္ကျီအထူကြီးဖြင့် chanyeol ပြေးလာပုံက ချစ်ဖို့ကောင်းလွန်းသည်။ ကျွန်တော့်ထက်ပင် ရှည်လျားသည့် အရပ်နှင့်မလိုက် သူ့ဖြူစင်မှုက ကလေးတစ်ယောက်သဖွယ်.....

"ဘာလို့ အနွေးထည် အထူကြီး ဝတ်ထားတာလဲ...မချမ်းဘဲနဲ့"

"တောင်ပေါ်မှာ အေးတယ်တဲ့...အိတ်ထဲထည့်ရမှာ ပျင်းလို့ တစ်ခါတည်း ဝတ်လာတာ"

အလွန်အေးသည့် ဆောင်းတွင်းသဖွယ် အနွေးအင်္ကျီကြီးဖြင့် chanyeol ပုံက ရယ်စရာ ကောင်းလှသည်။

"chanyeol နဲ့ sehun ရောက်ပြီနော်"

"ဟုတ်ကဲ့.... jongdae hyung"

chanyeol က စီနီယာတွေကို hyung ဟုသာ ခေါ်သည်။ jongdae hyung က အနွေးထည်ကြီးနှင့် chanyeol ကို တစ်ချက်အကဲခတ်သည်။

"ညမှ တောင်ပေါ်မှာ အေးမှာ...အခု ကား စီးရဦးမှာ...လမ်း လျှောက်ရဦးမှာ...အနွေးထည်ကြီးက"

"Hyung ဂရုစိုက်စရာ မလိုဘူး မဟုတ်လား"

Jongdae hyung မျက်နှာ တင်းသွားသည်။ ထို့နောက် ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။ ကျွန်တော် သိပ်တော့ နားမလည်ပါ။

"chanyeol...ah...စီနီယာကို ဘယ်လို ပြောလိုက်တာလဲ"

"နေပါစေ...ငါတို့ ကားပေါ်တက်ရအောင်"

ကားပေါ်တက်ခါနီးတွင် ထုံးစံအတိုင်း အလုပ်ရှုပ်နေသော စီနီယာ jongin ကို တွေ့ရသည်။
သူက ရိုးရာမပျက်စွာ ကျွန်တော်တို့ကို ချစ်စရာကောင်းလှသော အပြုံးဖြင့် နှုတ်ဆက်လေသည်။

Your Smile 🌟


Continue Reading

You'll Also Like

761K 61.9K 43
Everything is better with you Everything has been better since you Mpreg
1.1M 59.7K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
51.5K 4.9K 72
《 Unicode + Zawgyi 》 ​" Baekhyun က ​မောင့်ရဲ့ ပြည့်စုံခြင်းပဲ , ​မောင်ဆိုတဲ့ Chanyeol ရဲ့ ဒီဘဝ​လေးပြည့်စုံဖို့ Baekhyun က မရှိမဖြစ်​လေး " " ကြယ်​တွေ...
190K 20K 30
Season one of Love Me More. (Unicode,Zawgyi) SuHo×YiXing M preg, Rated M Cover by #LenCo graphics