ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

Von doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... Mehr

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(46)

279 14 1
Von doubleuwxyz


မနက္ခင္းကအၿမဲတမ္းလိုလို ပံုမွန္ျဖစ္ေပမယ့္စည္းအတြက္ေတာ့အထူးေျခာက္ကပ္ကပ္ႏိုင္ေနပါသည္။
မေန႔ညကတည္းက မသာယာေတာ့တဲ့ရာသီဥတုက ဒီမနက္ထိမႈန္မိႈင္းေနတာအျပင္ ေနာက္ထပ္ဘယ္ႏွစ္ရက္ဆက္တိုက္ဆိုးရြာမည္လဲမသိပါ။

ကုတ္အက်ႌအိတ္ထဲထည့္ထားသည့္လက္စြပ္ေလးကိုစမ္းၿပီးမွအက်ႌၾကယ္သီးေတြအျပည့္တပ္ၿပီး ေမ့က်န္ပစၥည္းစစ္ေဆးၾကည့္သည္။
ဒီေန႔ အလုပ္မသြားခင္ မိုနာ့အေဖနဲ႔ေတြ႕ဆံုဖို႔သြားရမည္။
သမီးျဖစ္သူနဲ႔ေစ့စပ္ထားတဲ့ သားမက္ေလာင္းက လူႀကီးေတြနဲ႔လာေတြ႕တာေတာင္ေစ့စပ္လက္စြပ္ဝတ္မထားဘူးဆိုတဲ့အျပစ္မ်ိဳး မျမင္ေစခ်င္။
ဦးေအာင္ႏိုင္ရဲ႕တစ္ဦးတည္းေသာတူေလး စည္း'ဆိုတာ တသက္လံုး စည္းကမ္းတက်နဲ႔ ေကာင္းေကာင္းပ်ိဳးေထာင္လာခဲ့တယ္ဆိုတာအပ်က္စီးမခံခ်င္။
ဒီလိုဂုဏ္ယူႏိုင္ဖို႔ စည္းစနစ္တက်နဲ႔သြန္သင္ႀကီးျပင္းလာေစခဲ့တဲ့ ဦးႏိုင္ကိုအခုခ်ိန္ေရာက္မွစိတ္ဒုကၡမေပးခ်င္ပါ။
ဒါေပမယ့္ လက္စြပ္ကိုအိမ္ကေနဝတ္မသြားျဖစ္ဘဲ တုန္႔ဆိုင္းေနမိတာ...
တကယ္လို႔မ်ား...ပင္လယ္က အဲဒါကိုျမင္သြားခဲ့ရင္...

ေစ့စပ္ထားတဲ့အေၾကာင္းကို ပင္လယ္ကသိထားေပမယ့္...သူ႔ေရွ႕မွာဝတ္မသြားခ်င္ပါ။
သိသာသိေစ၊ မျမင္ေစခ်င္တာ ေစတနာဆိုေပမယ့္ ပင္လယ့္အေပၚ မတရားရာမ်ားက်ေနမလား။
ဒါေပမယ့္ ဘာဆိုင္လို႔လဲ...။

ဒြိဟေတြနဲ႔ လက္စြပ္က္ို ဝတ္လိုက္၊ ခြ်တ္လိုက္နဲ႔...
သူ႔ေရွ႕ကို ပင္လယ္ေရာက္လာေတာ့ ေဘးအိတ္ကပ္ေလးထဲကမန္းကတမ္းထည့္လိုက္သည္။

'ဟို...မင္းငါ့ကို ဒီေန႔လိုက္မပို႔နဲ႔ေတာ့ပင္လယ္...
ေနာက္ၿပီး...ငါ...မနက္စာမစားေတာ့ဘူး...'

ဘယ္လို ဘာေၾကာင့္ဆိုတာ ပင္လယ္ကမေမးေပမယ့္ နႈတ္ခမ္းကိုစူပုတ္ခ်ကာရန္ေတြ႕သည္။

'ဟြန္႔...ဘာလို႔လဲ...'

'မိုနာ လာေစာင့္ေနတယ္...
ေနာက္ၿပီး ဒီညေန လာမႀကိဳနဲ႔ေတာ့...'

ဒါေလးပဲေျပာၿပီး စည္းက အိမ္ကေနထြက္ခြာသြားကာ တေနကုန္ဖုန္းေလးေတာင္ဆက္မလာ။
မေန႔ညတုန္းကကိစၥကဒီအထိ စိတ္ဆိုးစရာလားမသိေပမယ့္ စည္း'တခုခုခံစားသြားခဲ့တာေသခ်ာသည္။
အိမ္ျပန္လာရင္ ဒါက္ိုေမးရမည္။

အလုပ္အျပန္လာမႀကိဳနဲ႔လို႔ဖုန္းဆက္ေျပာၿပီးညရွစ္နာရီခြဲအထိအိမ္ျပန္မလာခဲ့တဲ့ စည္းကို ပင္လယ္...စိတ္မပူေပမယ့္...ေနလို႔မက်။
အလုပ္ကိုဖုန္းဆက္ၾကည့္ေတာ့ ညေနေျခာက္နာရီေလာက္ကတည္းက ပ်ာတာေကာင္ေလးအုပ္စိုးနဲ႔အတူ ျပန္သြားတဲ့အေၾကာင္းသိခဲ့ရသည္။
မိုနာနဲ႔အတူရွိတာလည္းမဟုတ္ဘဲနဲ႔ ဘယ္ေတြမ်ားသြားေနတာလဲမသိရ။

လက္ကိုင္ဖုန္းရွိေပမယ့္အလုပ္လုပ္ေနတဲ့အခ်ိန္ပဲဖြင့္ထားကာက်န္တဲ့အခ်ိန္ဆိုပိတ္ထားတတ္တဲ့ထစည္းဟာ...တကယ္ကို အူေၾကာင္ၾကားေလး။

ညေနကတည္းကအိမ္မွာထိုင္ေစာင့္ေနရတဲ့ ပင္လယ္က ညစာလဲမစားႏိုင္ဘဲ စိတ္ကတိုခ်င္ေနၿပီ။
ေနႏွင့္ဦး...အိမ္ျပန္လာတဲ့အခ်ိန္မွ အမွန္အကန္ၿဖဲမည္။
အဲဒီလိုေလးေတြးေနတုန္း အိမ္တံခါးဖြင့္သံၾကားရေတာ့ စည္းျပန္လာၿပီလို႔သိလိုက္သည္။

ဆီးႀကိဳၿပီးရန္ေတြ႕ဖို႔ျပင္လိုက္ကာမွ စည္းက ဖ႐ိုဖရဲပံုစံႀကီးနဲ႔ ေျခလွမ္းေတြကယိုင္တိုင္တိုင္။

'ဟင္...ဒါက ဘယ္လိုျဖစ္တာလဲ...'

ထြက္ေနတဲ့ေဒါသေတြၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ကုန္ကာ...
ယိမ္းထိုးေနတဲ့ စည္း'ကို စိတ္ပူလာခဲ့ၿပီး ေဘးနားကိုသြားေတာ့ တကိုယ္လံုးအရက္နံ့ေတြႀကိဳင္လို႔၊

'မင္းေသာက္လာတာလား..'

'ေအး...'

'ဘာလို႔လဲ...'

'မျမင္ခ်င္လို႔....'

'ဘာလဲ'

'မၾကားခ်င္လို႔....ေဖ်ာက္ေပး'

'ဟာ့....'

အရမ္းမူးေနေပမယ့္ လမ္းေလွ်ာက္ႏိုင္တုန္းျဖစ္ၿပီး အသိစိတ္တို႔ေပ်ာက္ေနပံုမရဘဲ
တြဲထူဖို႔ျပင္တဲ့သူ႔ကိုပါ လြဲဖယ္ပုတ္ခတ္သြားတာမို႔...
ေရခ်ိန္လြန္ေနတာမဟုတ္ေသးပါ။
အခန္းဝမွာအိတ္ကိုပစ္ထားခဲ့ၿပီးမွ အိမ္ေနာက္ဘက္ကိုေတာက္ေလွ်ာက္ဝင္သြားၿပီး ေရခ်ိဳးခန္းထဲဝင္ကာ ေရေတြကိုဖြင့္ခ်ေနပံုရသည္။

'စည္း....ဘာျဖစ္ခဲ့တာလဲ'

'----'

သူ႔ကိုဘာမွျပန္မေျဖဘဲ တံခါးကိုေလာ့ခ္ခ်ပစ္လိုက္ေတာ့ ပင္လယ္က တံခါးကိုထုၿပီးေအာ္ရေတာ့သည္။

'ဒုန္း...ဒုန္း....စည္း....ဟိတ္...'

ေရသံမွလြဲဘာမွမၾကားရေတာ့ စိတ္ကပူလာသလို အသံလည္းက်ယ္လာသည္။

'စည္း.....ထြက္ခဲ့.....ဘာျဖစ္လာတာလဲ'
'စည္း....မင္းဘာေတြျဖစ္ေနတာလဲ....မေျပာဘဲဘယ္လိုသိမွာလဲ...'
'စည္း.....ဘာလဲကြာ...မင္း...မိန္းကေလးလား...တအံုေႏြးေႏြးနဲ႔...ဘာျဖစ္ေနတာလဲ...ဘာျပႆနာရွိလို႔လဲ'
'မင္း...အဲလိုမလုပ္ပါနဲ႔.....အခက္ခဲရွိတယ္ဆိုရင္လည္းေျပာပါ..... အခုအဲလိုလုပ္ေနတာကပိုဆိုးတယ္.....'
'စည္း....စည္း....တံခါးဖြင့္စမ္း....အထဲမွာဘာလုပ္ေနတာလဲ....စည္း....ဖြင့္ဆို....'

တစ္ေယာက္ထဲေအာ္လိုက္၊ တံခါးကိုထုလိုက္နဲ႔...
တဒုန္းဒုန္းထုတဲ့အသံေၾကာင့္ တံခါးေလးေတာင္တုန္ခါလ်က္ေနကာ စည္းဆီကဘာအသံမွထြက္မလာ။
တခုခုျဖစ္လာတာလို႔ရိပ္မိေပမယ့္ ဘာမွန္းလဲမသိ။
ဒီအတိုင္းဆိုေနမေကာင္းျဖစ္သြားမွာစိုးရေတာ့ ထားပစ္ခဲ့လို႔မရ။

'တံခါးလာဖြင့္ပါ...စည္း....ဘာျဖစ္ခဲ့လဲ...အားလံုးငါ့ကိုေျပာျပလို႔ရတယ္...ဘာျဖစ္တာလဲ....တံခါးဖြင့္ပါကြာ...'
'-----'
'မဖြင့္ဘူးလား....တံခါးကိုဖ်က္မွာေနာ္'

တံခါးအေပၚဘက္ကမွန္အေနာက္တစ္ဝက္ရွိကာ....ထိုေနရာမွခြဲၿပီးေလာ့ခ္ေျဖဖို႔စိတ္ကူးရင္း...လက္နဲ႔လွမ္းပုတ္ၿပီးေနာက္ဆံုးရာဇသံေပးလိုက္သည္။

'စည္း....မင္း....တံခါးကိုဖြင့္စမ္းပါ...
မဖြင့္ရင္ အဲဒီမွန္ကို႐ိုက္ခြဲၿပီးဝင္လာမွာေနာ္...'

ရာဇသံေပးၿပီးသိပ္မၾကာလိုက္ဘဲ တံခါးေလးပြင့္လာသည္။
မ်က္လံုးေတြေမွးစင္းေနရင္း မတ္မတ္ေတာင္မရပ္ႏိုင္ဘဲ တံခါးလက္ကိုင္ဘုကိုဆြဲမွီထားရတဲ့ စည္းကိုစိတ္ပူၿပီး ေျပးေပြ႕လိုက္ေတာ့ သူေရာကိုယ္ပါ ေရေတြရႊဲကုန္သည္။

'စည္း....မင္းအဆင္ေျပလား...ေရေတြရႊဲေနတာပဲကြာ...ဘာလုပ္တာလဲ....လာ...လာ...ထြက္ခဲ့...
ထ,ရပ္လို႔ရလား...'

'အင္း...'

ေပြ႕လိုက္မယ္လို႔ၾကံစည္ေပမယ့္ ဒီခႏၶာနဲ႔ဒီခႏၶာက ေပြ႕ယူလို႔မွမႏိုင္ပါဘဲ။
ဒါ့ေၾကာင့္ ဒီအတိုင္းပုခံုးမွဖက္ၿပီးေခၚထုတ္ခဲ့ကာအခန္းထဲ...တြဲသြားကာ...ေရေတြသုတ္ၿပီး အဝတ္လဲေပးရသည္။
မူးေနေပမယ့္အသိေကာင္းေကာင္းရွိေသးတဲ့စည္းက လက္ေျမႇာက္ဆိုလည္းေျမႇာက္လိုက္သည္။
ေဘာင္းဘီဝတ္မယ္ဆိုလည္းေခါင္းေတြညိတ္သည္။
ဆံပင္ေတြလည္းေရစိုေနတာမို႔ဖ်ားမွာစိုးၿပီး ခ်က္ခ်င္းလဲခ်ေပးလို႔မျဖစ္ႏိုင္ဘဲ ခဏထိုင္ေစရသည္။

'မင္း...ခဏထိုင္လို႔ႏိုင္တယ္မလား'

'အင္း'

'ခဏေနာ္...ဆံပင္ေရစင္ေအာင္သုတ္ေပးမို႔'

'အင္း'

နဂိုကတည္းကညိႈ႕ဓါတ္ရွိတဲ့မ်က္ဝန္းေတြက မူးေနေတာ့မွ ပိုလို႔ ဆြဲေဆာင္ေနကာ...
မ်က္ႏွာသုတ္ပုဝါတစ္ထည္နဲ႔ အလုပ္ရႈပ္ေနတဲ့သူ႔ကို ၾကည့္ရင္း ျပံဳးသလိုလို၊ မဲ့သလိုလိုေလးလုပ္ၿပီး စည္းရဲ႕မ်က္ႏွာထားကမခ်ိဳမခ်ဥ္။
အိပ္ယာေပၚမွာထိုင္ၿပီးစည္းရဲ႕ဆံပင္ေတြကိုေျခာက္ေအာင္ေရသုတ္ေပးေနရေပမယ့္ သူ႔ကိုေမွးစင္းၾကည့္ေနတဲ့စည္းရဲ႕မ်က္ဝန္းေတြမွာစိတ္ကမခိုင္ခ်င္ခဲ့။
မူးလာတိုင္း ထိကပါး၊ ရိကပါးလုပ္တတ္တဲ့စည္းက တကယ္ကိုအက်င့္ဆိုးတယ္ဆိုေပမယ့္ အဲဒါေလးကိုသူကလည္းသေဘာက်ေနသလားမသိေတာ့။

စည္းရယ္..ငါ..အေပ်ာ္သက္သက္ရင္ခုန္ခံစားခဲ့တာမဟုတ္ဘူးမို႔လို႔...
မူးၿပီိးထပ္မမွားလိုက္ပါနဲ႔လား...။
တဒဂၤအထိအေတြ႕မွာရင္ခုန္ခဲ့မိတယ္ဆိုေပမယ့္...အဲဒါကိုထင္ေယာင္ထင္မွားမဟုတ္ဘဲငါတကယ္စြဲလမ္းေနခဲ့ရတာ...မင္းသိေစခ်င္လိုက္တာ...။
ရင္ထဲကေနစကားသံေတြကတိုးမထြက္လာေပမယ့္...
မ်က္ဝန္းေတြကေတာ့ ရွိရွိသမွ်ခံစားခ်က္တို႔အကုန္ထြက္ေပၚေနေလာက္သည္။
မူးသာမေနရင္ေတာ့ စည္းဆိုတဲ့ဒီလူက သူ႔ကိုဘယ္လိုေတြတုန္႔ျပန္ေပးမလဲလို႔ စိတ္ကူးယဥ္ၾကည့္မိသည္။

ေရစိုဆံပင္ေတြကိုသုတ္ေပးေနရင္းနဲ႔ ေမာ့ၾကည့္လိုက္၊ မ်က္လံုးေလးျပန္ေမွးစင္းလိုက္ျဖစ္ေနတဲ့ စည္းက တခ်က္ယိုင္ခနဲျဖစ္သြားေတာ့...
ဖမ္းထိန္းလိုက္ရင္း ရင္ဘတ္ထဲကအေျခေနေတြကမသာယာခ်င္ေတာ့။
ေရသုတ္ေပးေနတဲ့မ်က္ႏွာသုတ္ပုဝါေလးက စည္းရဲ႕ေခါင္းတစ္ခုလံုး လႊမ္းျခံဳအုပ္မိုးသြားခဲ့တဲ့ေနာက္မွာ...
စိတ္အလိုလိုက္တတ္တဲ့ ပင္လယ္ဆိုတဲ့ေကာင္ေလးဟာ...
ႏွာတံခြ်န္ခြ်န္ေအာက္က နႈတ္ခမ္းပါးေလးကိုေခတၱခဏခိုးယူေလသည္။

အထိေတြ႕ကိုပဲသာယာေနတာလို႔စြပ္စြဲၾကမလားမသိႏိုင္ေပမယ့္...
ရင္ထဲမွာေတာ့ ထာဝရအတြက္အမွန္ကန္တည္ရွိေနၿပီ။
တကယ္ဆို...အခ်စ္ပဲလိုသည္။

Unicode

မနက်ခင်းကအမြဲတမ်းလိုလို ပုံမှန်ဖြစ်ပေမယ့်စည်းအတွက်တော့အထူးခြောက်ကပ်ကပ်နိုင်နေပါသည်။
မနေ့ညကတည်းက မသာယာတော့တဲ့ရာသီဥတုက ဒီမနက်ထိမှုန်မှိုင်းနေတာအပြင် နောက်ထပ်ဘယ်နှစ်ရက်ဆက်တိုက်ဆိုးရွာမည်လဲမသိပါ။

ကုတ်အကျႌအိတ်ထဲထည့်ထားသည့်လက်စွပ်လေးကိုစမ်းပြီးမှအကျႌကြယ်သီးတွေအပြည့်တပ်ပြီး မေ့ကျန်ပစ္စည်းစစ်ဆေးကြည့်သည်။
ဒီနေ့ အလုပ်မသွားခင် မိုနာ့အဖေနဲ့တွေ့ဆုံဖို့သွားရမည်။
သမီးဖြစ်သူနဲ့စေ့စပ်ထားတဲ့ သားမက်လောင်းက လူကြီးတွေနဲ့လာတွေ့တာတောင်စေ့စပ်လက်စွပ်ဝတ်မထားဘူးဆိုတဲ့အပြစ်မျိုး မမြင်စေချင်။
ဦးအောင်နိုင်ရဲ့တစ်ဦးတည်းသောတူလေး စည်း'ဆိုတာ တသက်လုံး စည်းကမ်းတကျနဲ့ ကောင်းကောင်းပျိုးထောင်လာခဲ့တယ်ဆိုတာအပျက်စီးမခံချင်။
ဒီလိုဂုဏ်ယူနိုင်ဖို့ စည်းစနစ်တကျနဲ့သွန်သင်ကြီးပြင်းလာစေခဲ့တဲ့ ဦးနိုင်ကိုအခုချိန်ရောက်မှစိတ်ဒုက္ခမပေးချင်ပါ။
ဒါပေမယ့် လက်စွပ်ကိုအိမ်ကနေဝတ်မသွားဖြစ်ဘဲ တုန့်ဆိုင်းနေမိတာ...
တကယ်လို့များ...ပင်လယ်က အဲဒါကိုမြင်သွားခဲ့ရင်...

စေ့စပ်ထားတဲ့အကြောင်းကို ပင်လယ်ကသိထားပေမယ့်...သူ့ရှေ့မှာဝတ်မသွားချင်ပါ။
သိသာသိစေ၊ မမြင်စေချင်တာ စေတနာဆိုပေမယ့် ပင်လယ့်အပေါ် မတရားရာများကျနေမလား။
ဒါပေမယ့် ဘာဆိုင်လို့လဲ...။

ဒွိဟတွေနဲ့ လက်စွပ်က်ို ဝတ်လိုက်၊ ချွတ်လိုက်နဲ့...
သူ့ရှေ့ကို ပင်လယ်ရောက်လာတော့ ဘေးအိတ်ကပ်လေးထဲကမန်းကတမ်းထည့်လိုက်သည်။

'ဟို...မင်းငါ့ကို ဒီနေ့လိုက်မပို့နဲ့တော့ပင်လယ်...
နောက်ပြီး...ငါ...မနက်စာမစားတော့ဘူး...'

ဘယ်လို ဘာကြောင့်ဆိုတာ ပင်လယ်ကမမေးပေမယ့် နှုတ်ခမ်းကိုစူပုတ်ချကာရန်တွေ့သည်။

'ဟွန့်...ဘာလို့လဲ...'

'မိုနာ လာစောင့်နေတယ်...
နောက်ပြီး ဒီညနေ လာမကြိုနဲ့တော့...'

ဒါလေးပဲပြောပြီး စည်းက အိမ်ကနေထွက်ခွာသွားကာ တနေကုန်ဖုန်းလေးတောင်ဆက်မလာ။
မနေ့ညတုန်းကကိစ္စကဒီအထိ စိတ်ဆိုးစရာလားမသိပေမယ့် စည်း'တခုခုခံစားသွားခဲ့တာသေချာသည်။
အိမ်ပြန်လာရင် ဒါက်ိုမေးရမည်။

အလုပ်အပြန်လာမကြိုနဲ့လို့ဖုန်းဆက်ပြောပြီးညရှစ်နာရီခွဲအထိအိမ်ပြန်မလာခဲ့တဲ့ စည်းကို ပင်လယ်...စိတ်မပူပေမယ့်...နေလို့မကျ။
အလုပ်ကိုဖုန်းဆက်ကြည့်တော့ ညနေခြောက်နာရီလောက်ကတည်းက ပျာတာကောင်လေးအုပ်စိုးနဲ့အတူ ပြန်သွားတဲ့အကြောင်းသိခဲ့ရသည်။
မိုနာနဲ့အတူရှိတာလည်းမဟုတ်ဘဲနဲ့ ဘယ်တွေများသွားနေတာလဲမသိရ။

လက်ကိုင်ဖုန်းရှိပေမယ့်အလုပ်လုပ်နေတဲ့အချိန်ပဲဖွင့်ထားကာကျန်တဲ့အချိန်ဆိုပိတ်ထားတတ်တဲ့ထစည်းဟာ...တကယ်ကို အူကြောင်ကြားလေး။

ညနေကတည်းကအိမ်မှာထိုင်စောင့်နေရတဲ့ ပင်လယ်က ညစာလဲမစားနိုင်ဘဲ စိတ်ကတိုချင်နေပြီ။
နေနှင့်ဦး...အိမ်ပြန်လာတဲ့အချိန်မှ အမှန်အကန်ဖြဲမည်။
အဲဒီလိုလေးတွေးနေတုန်း အိမ်တံခါးဖွင့်သံကြားရတော့ စည်းပြန်လာပြီလို့သိလိုက်သည်။

ဆီးကြိုပြီးရန်တွေ့ဖို့ပြင်လိုက်ကာမှ စည်းက ဖရိုဖရဲပုံစံကြီးနဲ့ ခြေလှမ်းတွေကယိုင်တိုင်တိုင်။

'ဟင်...ဒါက ဘယ်လိုဖြစ်တာလဲ...'

ထွက်နေတဲ့ဒေါသတွေကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ကာ...
ယိမ်းထိုးနေတဲ့ စည်း'ကို စိတ်ပူလာခဲ့ပြီး ဘေးနားကိုသွားတော့ တကိုယ်လုံးအရက်နံ့တွေကြိုင်လို့၊

'မင်းသောက်လာတာလား..'

'အေး...'

'ဘာလို့လဲ...'

'မမြင်ချင်လို့....'

'ဘာလဲ'

'မကြားချင်လို့....ဖျောက်ပေး'

'ဟာ့....'

အရမ်းမူးနေပေမယ့် လမ်းလျှောက်နိုင်တုန်းဖြစ်ပြီး အသိစိတ်တို့ပျောက်နေပုံမရဘဲ
တွဲထူဖို့ပြင်တဲ့သူ့ကိုပါ လွဲဖယ်ပုတ်ခတ်သွားတာမို့...
ရေချိန်လွန်နေတာမဟုတ်သေးပါ။
အခန်းဝမှာအိတ်ကိုပစ်ထားခဲ့ပြီးမှ အိမ်နောက်ဘက်ကိုတောက်လျှောက်ဝင်သွားပြီး ရေချိုးခန်းထဲဝင်ကာ ရေတွေကိုဖွင့်ချနေပုံရသည်။

'စည်း....ဘာဖြစ်ခဲ့တာလဲ'

'----'

သူ့ကိုဘာမှပြန်မဖြေဘဲ တံခါးကိုလော့ခ်ချပစ်လိုက်တော့ ပင်လယ်က တံခါးကိုထုပြီးအော်ရတော့သည်။

'ဒုန်း...ဒုန်း....စည်း....ဟိတ်...'

ရေသံမှလွဲဘာမှမကြားရတော့ စိတ်ကပူလာသလို အသံလည်းကျယ်လာသည်။

'စည်း.....ထွက်ခဲ့.....ဘာဖြစ်လာတာလဲ'
'စည်း....မင်းဘာတွေဖြစ်နေတာလဲ....မပြောဘဲဘယ်လိုသိမှာလဲ...'
'စည်း.....ဘာလဲကွာ...မင်း...မိန်းကလေးလား...တအုံနွေးနွေးနဲ့...ဘာဖြစ်နေတာလဲ...ဘာပြဿနာရှိလို့လဲ'
'မင်း...အဲလိုမလုပ်ပါနဲ့.....အခက်ခဲရှိတယ်ဆိုရင်လည်းပြောပါ..... အခုအဲလိုလုပ်နေတာကပိုဆိုးတယ်.....'
'စည်း....စည်း....တံခါးဖွင့်စမ်း....အထဲမှာဘာလုပ်နေတာလဲ....စည်း....ဖွင့်ဆို....'

တစ်ယောက်ထဲအော်လိုက်၊ တံခါးကိုထုလိုက်နဲ့...
တဒုန်းဒုန်းထုတဲ့အသံကြောင့် တံခါးလေးတောင်တုန်ခါလျက်နေကာ စည်းဆီကဘာအသံမှထွက်မလာ။
တခုခုဖြစ်လာတာလို့ရိပ်မိပေမယ့် ဘာမှန်းလဲမသိ။
ဒီအတိုင်းဆိုနေမကောင်းဖြစ်သွားမှာစိုးရတော့ ထားပစ်ခဲ့လို့မရ။

'တံခါးလာဖွင့်ပါ...စည်း....ဘာဖြစ်ခဲ့လဲ...အားလုံးငါ့ကိုပြောပြလို့ရတယ်...ဘာဖြစ်တာလဲ....တံခါးဖွင့်ပါကွာ...'
'-----'
'မဖွင့်ဘူးလား....တံခါးကိုဖျက်မှာနော်'

တံခါးအပေါ်ဘက်ကမှန်အနောက်တစ်ဝက်ရှိကာ....ထိုနေရာမှခွဲပြီးလော့ခ်ဖြေဖို့စိတ်ကူးရင်း...လက်နဲ့လှမ်းပုတ်ပြီးနောက်ဆုံးရာဇသံပေးလိုက်သည်။

'စည်း....မင်း....တံခါးကိုဖွင့်စမ်းပါ...
မဖွင့်ရင် အဲဒီမှန်ကိုရိုက်ခွဲပြီးဝင်လာမှာနော်...'

ရာဇသံပေးပြီးသိပ်မကြာလိုက်ဘဲ တံခါးလေးပွင့်လာသည်။
မျက်လုံးတွေမှေးစင်းနေရင်း မတ်မတ်တောင်မရပ်နိုင်ဘဲ တံခါးလက်ကိုင်ဘုကိုဆွဲမှီထားရတဲ့ စည်းကိုစိတ်ပူပြီး ပြေးပွေ့လိုက်တော့ သူရောကိုယ်ပါ ရေတွေရွှဲကုန်သည်။

'စည်း....မင်းအဆင်ပြေလား...ရေတွေရွှဲနေတာပဲကွာ...ဘာလုပ်တာလဲ....လာ...လာ...ထွက်ခဲ့...
ထ,ရပ်လို့ရလား...'

'အင်း...'

ပွေ့လိုက်မယ်လို့ကြံစည်ပေမယ့် ဒီခန္ဓာနဲ့ဒီခန္ဓာက ပွေ့ယူလို့မှမနိုင်ပါဘဲ။
ဒါ့ကြောင့် ဒီအတိုင်းပုခုံးမှဖက်ပြီးခေါ်ထုတ်ခဲ့ကာအခန်းထဲ...တွဲသွားကာ...ရေတွေသုတ်ပြီး အဝတ်လဲပေးရသည်။
မူးနေပေမယ့်အသိကောင်းကောင်းရှိသေးတဲ့စည်းက လက်မြှောက်ဆိုလည်းမြှောက်လိုက်သည်။
ဘောင်းဘီဝတ်မယ်ဆိုလည်းခေါင်းတွေညိတ်သည်။
ဆံပင်တွေလည်းရေစိုနေတာမို့ဖျားမှာစိုးပြီး ချက်ချင်းလဲချပေးလို့မဖြစ်နိုင်ဘဲ ခဏထိုင်စေရသည်။

'မင်း...ခဏထိုင်လို့နိုင်တယ်မလား'

'အင်း'

'ခဏနော်...ဆံပင်ရေစင်အောင်သုတ်ပေးမို့'

'အင်း'

နဂိုကတည်းကညှို့ဓါတ်ရှိတဲ့မျက်ဝန်းတွေက မူးနေတော့မှ ပိုလို့ ဆွဲဆောင်နေကာ...
မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ အလုပ်ရှုပ်နေတဲ့သူ့ကို ကြည့်ရင်း ပြုံးသလိုလို၊ မဲ့သလိုလိုလေးလုပ်ပြီး စည်းရဲ့မျက်နှာထားကမချိုမချဉ်။
အိပ်ယာပေါ်မှာထိုင်ပြီးစည်းရဲ့ဆံပင်တွေကိုခြောက်အောင်ရေသုတ်ပေးနေရပေမယ့် သူ့ကိုမှေးစင်းကြည့်နေတဲ့စည်းရဲ့မျက်ဝန်းတွေမှာစိတ်ကမခိုင်ချင်ခဲ့။
မူးလာတိုင်း ထိကပါး၊ ရိကပါးလုပ်တတ်တဲ့စည်းက တကယ်ကိုအကျင့်ဆိုးတယ်ဆိုပေမယ့် အဲဒါလေးကိုသူကလည်းသဘောကျနေသလားမသိတော့။

စည်းရယ်..ငါ..အပျော်သက်သက်ရင်ခုန်ခံစားခဲ့တာမဟုတ်ဘူးမို့လို့...
မူးပြီိးထပ်မမှားလိုက်ပါနဲ့လား...။
တဒင်္ဂအထိအတွေ့မှာရင်ခုန်ခဲ့မိတယ်ဆိုပေမယ့်...အဲဒါကိုထင်ယောင်ထင်မှားမဟုတ်ဘဲငါတကယ်စွဲလမ်းနေခဲ့ရတာ...မင်းသိစေချင်လိုက်တာ...။
ရင်ထဲကနေစကားသံတွေကတိုးမထွက်လာပေမယ့်...
မျက်ဝန်းတွေကတော့ ရှိရှိသမျှခံစားချက်တို့အကုန်ထွက်ပေါ်နေလောက်သည်။
မူးသာမနေရင်တော့ စည်းဆိုတဲ့ဒီလူက သူ့ကိုဘယ်လိုတွေတုန့်ပြန်ပေးမလဲလို့ စိတ်ကူးယဉ်ကြည့်မိသည်။

ရေစိုဆံပင်တွေကိုသုတ်ပေးနေရင်းနဲ့  မော့ကြည့်လိုက်၊ မျက်လုံးလေးပြန်မှေးစင်းလိုက်ဖြစ်နေတဲ့ စည်းက တချက်ယိုင်ခနဲဖြစ်သွားတော့...
ဖမ်းထိန်းလိုက်ရင်း ရင်ဘတ်ထဲကအခြေနေတွေကမသာယာချင်တော့။
ရေသုတ်ပေးနေတဲ့မျက်နှာသုတ်ပုဝါလေးက စည်းရဲ့ခေါင်းတစ်ခုလုံး လွှမ်းခြုံအုပ်မိုးသွားခဲ့တဲ့နောက်မှာ...
စိတ်အလိုလိုက်တတ်တဲ့ ပင်လယ်ဆိုတဲ့ကောင်လေးဟာ...
နှာတံချွန်ချွန်အောက်က နှုတ်ခမ်းပါးလေးကိုခေတ္တခဏခိုးယူလေသည်။

အထိတွေ့ကိုပဲသာယာနေတာလို့စွပ်စွဲကြမလားမသိနိုင်ပေမယ့်...
ရင်ထဲမှာတော့ ထာဝရအတွက်အမှန်ကန်တည်ရှိနေပြီ။
တကယ်ဆို...အချစ်ပဲလိုသည်။

Weiterlesen

Das wird dir gefallen

156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
45.3K 6.5K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
18.4K 1.5K 23
[Zawgyi] လူ​ေတြက​ေတာ့ အခ်စ္​ကိုပံုစံနွစ္​မ်ိဳးနဲ႔အဓိပၸာယ္​ဖြင္​့ၾကတယ္​။​ ​ေပးဆပ္​ျခင္​းန႔ဲရယူျခင္​းတဲ့။ ကိုယ္​က​ေတာ့ ဘယ္​လိုနည္​းနဲ႔ဘဲခ်စ္​ခ်စ္​ အဓိက...
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."