ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

By doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(43)

297 13 2
By doubleuwxyz



😬😬😬😬

တနဂၤေႏြေန႔ကအလုပ္မသြားရဘူးမို႔...ပင္လယ္အေျပးေလ့က်င့္သည့္ေနာက္ကို စည္းပါ လိုက္လာခဲ့သည္။
အားကစားဘက္ကိုအားမသန္ခဲ့တဲ့ စည္းက ပင္လယ္ေလာက္ေတာ့ သက္လံုမေကာင္းပါ။
ထို႔ေၾကာင့္ ပင္လယ္ကသူ႔ကိုေစာင့္ရင္းခပ္ေႏွးေႏွးသာေျပးရသည္။
ပေျပးေနက် လမ္းေကြ႕သံုးခ်ိဳးနားေလးဆီေရာက္ေတာ့ ပံုမွန္ထက္မိနစ္ႏွစ္ဆယ္ခန္႔ေနာက္က်ခဲ့သည္။
ေျပးေနက်မဟုတ္ေတာ့လဲ စည္းက ေမာဟိုက္ခ်င္ေနတဲ့ပံုပဲ။

'ခဏနားရေအာင္....'

လမ္းေဘးကပလက္ေဖာင္းတံုးေပၚမွာစည္းကေျခပစ္လက္ပစ္ထိုင္ခ်ေတာ့...
ပင္လယ္ကလမ္းေဘးဆိုင္းဘုတ္တိုင္တစ္ခုကိုမွီရင္း အေမာေျဖသည္။
သူတို႔အိမ္ကထြက္လာတာလည္းပံုမွန္ထက္ေနာက္က်သည္မို႔ လမ္းေပၚမွာလူစည္ကားခ်င္ေနၿပီ။

'ေမာတယ္လား....ဒီကေနပဲေလွ်ာက္ျပန္ၾကရေအာင္...'

'ေမာလဲေမာတယ္....ဒီေန႔မွဗိုက္ကပိုဆာေနသလိုပဲ'

'မင္း...ေျပးလႊားလႈပ္ရွားလိုက္လို႔ျဖစ္မယ္...
ငါတို႔တခုခုစားၿပီးမွအိမ္ျပန္မယ္ေလ...ေနာ္...စည္း...'

ဗိုက္ကလဲဆာေနတာနဲ႔ ပင္လယ့္စကားကိုေထာက္ခံၿပီးေတာ့ တခုခုသြားစားၾကဖို႔စိတ္ကူးမိသည္။
လက္ရွိေရာက္ေနတဲ့ေနရာကိုစူးစမ္းၾကည့္ေတာ့ မနီးမေဝးမွာေစ်းေလးလိုမ်ိဳး ဆိုင္အစုအေဝးခပ္ႀကီးႀကီးတစ္ေနရာရွိသည္ပဲ။
အဲဒီဆ်ဳင္ေလးေတြက ဘယ္အခ်ိန္စဖြင့္လဲမသိေပမယ့္...သြားၾကဖို႔ စည္းကဆံုးျဖတ္လိုက္သည္။

'ငါတို႔ေရွ႕နည္းနည္းထပ္သြားရေအာင္...အဲဒီနားမွာေစ်းရွိတယ္...တခုခုဝယ္စားၿပီးျပန္မယ္....'

'နဲနဲေတာ့ေစာေနေသးတယ္...ဒီအခ်ိန္ဆိုင္ေတြဖြင့္ပါ့မလား...'

'လမ္းေလွ်ာက္သြားမွာပဲ...နည္းနည္းအခ်ိန္ၾကာအံုးမွာ....ကိုးနာရီေလာက္ေတာ့ဖြင့္မွာပါ'

နာရီကိုၾကည့္ေတာ့ ရွစ္နာရီ ေလးဆယ့္ငါးမိနစ္။
သူတို႔ႏွစ္ေယာက္ ေအးေဆးလမ္းေလွ်ာက္ခဲ့ၾကၿပီး...ဆိုင္တန္းေတြဆီေရာက္ေတာ့ေစ်းကလူစည္ကားေနပါၿပီ။
မနက္ေျခာက္နာရီကတည္းကစဖြင့္တဲ့ဆိုင္ေတြမို႔ ေနာက္ေတာင္က်ေနၿပီလားမသိ။
ဘယ္ဆိုင္ဝင္ရမွန္းမသိဘဲ ႏွစ္ေယာက္သားအူေၾကာင္ၾကားနဲ႔ မနက္စာေပါင္မုန္႔ေရာင္းတဲ့ဆိုင္ေလးထဲ ဝင္သြားၾကသည္။

စည္းက သူေသာက္ဖို႔ ေကာ္ဖီတစ္ခြက္မွာၿပီးမွ ပငၤလယ့္ဆီေမးေငါ့သည္။
ဘာစားမွာလဲဆိုတဲ့အေမးကစကားလံုးေတြနဲ႔ထြက္မလာခဲ့။
ဒါေပမယ့္ ပင္လယ္ကလည္း အထာနပ္ပါ၏။

'ငါ ဘာမွမစားခ်င္ဘူး....ႏြားႏို႔ပူတင္းတစ္ခုပဲေပးပါ...'

'ေကာ္ဖီကေရာ....'

'မေသာက္ဘူး....'

'ဒါပဲလား'

'အင္း'

က်သင့္ေငြကိုရွင္းၿပီးေတာ့မွ ဝန္ထမ္းေကာင္မေလးကေကာ္ဖီေဖ်ာ္ေနတုန္းေလးမွာ ပင္လယ္က ေရခဲမုန္႔စင္ႀကီးကိုျမင္ကာထ,ေမး၏။

'အာ့....ေရခဲမုန္႔ကအခုဝယ္လို႔ရၿပီလား'

'ရပါတယ္ရွင္'

'တစ္ခုေပးပါ...'

မနက္ေစာေစာစီးစီး ေရခဲမုန္႔ဝယ္စားေနတာ ကေလးလဲမဟုတ္ဘဲနဲ႔ ဆိုၿပီး လက္ည္ိုးေလးေထာင္ေနတဲ့ပင္လယ့္ကို ေကာင္မေလးကကြက္ၾကည့္ကြက္ၾကည့္လုပ္သည္။
ဒါက္ိုေငြရွင္းေနရင္းနဲ႔ စည္းကရိပ္မိေတာ့ လွမ္းေဟာက္မိသည္။

'ေစာေစာစီးစီးႀကီး ေရခဲမုန္႔စားစရာလား...မင္း...ကေလးလဲမဟုတ္ဘဲနဲ႔...'

'ဘယ္အခ်ိန္ျဖစ္ျဖစ္ေပါ့...ေရခဲမုန္႔စားရတဲ့အခ်ိန္ဆိုၿပီးအထူးတလည္သတ္မွတ္ထားလို႔လား...ဘယ္သူကသတ္မွတ္ထားလဲ'

'အဲလိုမဟုတ္ေပမယ့္.....မနက္ပိုင္းစားစရာမွမဟုတ္တာ...'

'ဘာျဖစ္လဲ.....အခုစားလို႔ေသသြားမွာတဲ့လား'

မတည့္ေအာင္ေျပာရတာ အက်င့္ပါေနၿပီျဖစ္ေတာ့ ပင္လယ္က ခနဲ႔တဲ့တဲ့ေလးလုပ္ရင္း ေရခဲမုန္႔ဇြန္းကိုဆြဲထုတ္ပစ္ကာ လွ်ာဖ်ားေလးနဲ႔ တို႔သည္။
ေဝဖာခြက္ကေလးမို႔ ဒီအတိုင္းကိုက္စားပစ္လိုက္လဲအဆင္ေျပမယ့္ပံုဆိုေပမယ့္ ေကာင္းေကာင္းမစားဘဲ ကေလးလိုမ်ိဳး လွ်ာဖ်ားေလးနဲ႔ ထိုင္တို႔ေနေတာ့ ေဘးကေနၾကည့္ရင္း စည္း'မွာ အသည္းတယားယား။
အဲဒီလွ်ာဖ်ားေလးေၾကာင့္ သူ႔ႏွလံုးသားေလးအႀကိမ္ႀကိမ္ဒုကၡေရာက္ခဲ့ရတာကိုသတိရေတာ့ သက္ျပင္းေလးခိုးခ်ျဖစ္သည္။
နီနီရဲရဲလွ်ာဖ်ားေလးေတြတစ္လစ္တစ္လစ္နဲ႔ ေရခဲမုန္႔ဆီတို႔လိုက္၊ သူ႔နႈတ္ခမ္းေလးသူသပ္လိုက္မို႔ စည္းကၾကည့္မေနႏိုင္ေတာ့ဘဲ အၾကည့္ေတြလြဲပစ္ရသည္။
ဒါတင္မကဘဲ ဆိုင္ထဲကေကာင္မေလးက သူတို႔ႏွစ္ေယာက္ကိုခဏခဏလာလာၾကည့္ေနေတာ့ အေနခက္ၿပီး ထျပန္ခ်င္ၿပီ။

'ေဟ့...ျမန္ျမန္စား...ျပန္မယ္...'

'ဟင္...မင္းကလည္း ခဏေလးပဲရွိေသးတာ...
ေရခဲမုန္႔မကုန္ေသးဘူး...'

လွ်ာဖ်ားေလးနဲ႔တို႔စားေနတဲ့ ဒီေရခဲမုန္႔ကဒီေန႔အဖို႔ကုန္မွာပဲလားေတာ့မသိ။

'ျမန္ျမန္စားလိုက္ရင္ၿပီးေနတာပဲကို...ေပး...ဒီလိုစားလိုက္ေတာ့ ျမန္ျမန္ကုန္တာေပါ့...'

စိတ္မရွည္ေတာ့ဘဲ ေရခဲမုန္႔တစ္ခုလံုးကိုပါးစပ္ထဲထိုးထည့္ေပးလိုက္ေတာ့ ပင္လယ့္ မ်က္လံုးႀကီးကျပဴးခနဲ။
သူ႔ဘာသာေအးေအးေဆးေဆးစားေနတဲ့ဟာကို ႐ုတ္တရက္ႀကီး အကုန္လံုးပါးစပ္ထဲထိုးထည့္ခံလိုက္ရေတာ့ ေအးစက္စက္ေရခဲသားေတြေၾကာင့္ ငယ္ထိပ္အထိ က်ဥ္ခနဲ။
ျပန္ေထြးထုတ္လို႔လဲမရ၊ ခ်က္ခ်င္းမ်ိဳခ်လို႔လဲမရနဲ႔ မ်က္ရည္ေလးေတြဝိုင္းၿပီး ပင္လယ့္မ်က္ႏွာေလးကမဲ့လာသည္။

'အု...အူး...'

'ထ...ျပန္ၾကမယ္...'

ေဘာက္ဆတ္ဆတ္နဲ႔ စည္းထ,ျပန္တဲ့ေနာက္ကို ပင္လယ္ အေျပးေလးလိုက္ရင္း ပါးစပ္ထဲကေရခဲမုန္႔က္ို အျမန္မ်ိဳခ်ရသည္။
ဒီလူႀကီးနဲ႔ေတာ့ ခက္ၿပီ။
ေရွ႕ကေန ေငါင္းေလာင္းႀကီးနဲ႔ စည္းကခပ္ျမန္ျမန္သြားေနသမွ် သူကေျပးလိုက္ေနရတာ ေစ်းထဲကလူေတြကေတာ့ သူတို႔ကိုဘာထင္ေနသလဲမသိဘဲ ျပံဳးစိစိနဲ႔ေငးေနၾက၏။
တစ္မ်ိဳးစီေခ်ာေမာေနျကတဲ့ ေယာက်ာ္းပ်ိဳႏွစ္ဦးမို႔ အားလံုးဝိုင္းေငးေနၾကတာ ဆန္းေတာ့မဆန္း။

'ျပန္ေတာ့မွာလား...စည္းရ...'

'မျပန္ရင္ မင္းကဒီေစ်းထဲဘာလုပ္ခ်င္ေသးလို႔လဲ...'

'ေစ်းဝယ္မွာေပါ့...ငါတို႔ ဒီေန႔ေကာင္းတာေလးခ်က္စားၾကမလား...'

ေျပာေနရင္းနဲ႔ ပင္လယ္က သူ႔လက္ကိုင္အိတ္ကိုဆြဲယူၿပီး ပင္လယ္စာဆိုင္တဆိုင္ထဲဝင္ေျပးကာ ဟိုဟာဝယ္ဒီဟာဝယ္လုပ္ေတာ့လဲ မတားလိုက္ႏိုင္ေတာ့။
သူလက္ညိဳးထိုးသမွ်ကို စည္းကေခါင္းေလးပဲညိတ္ျပၿပီး ဘာမွမေျပာျဖစ္ဘဲ ဝယ္လိုက္သမွ်အထုပ္ေတြကိုဒိုင္ခံဆြဲထားရသည္။

'ဒါစားမလား...ဒါေလးခ်က္စားရေအာင္....ဒါေလးကေရာ'

ပင္လယ္ကသူ႔ဆီလွမ္းေျပာသမွ်ကို ပုတ္သင္ညိဳလိုေခါင္းေလးညိတ္ေနရင္း ၾကည့္ေနလိုက္သည္။
သူ႔စိတ္ႀကိဳက္လႊတ္ထားလိုက္ေတာ့လဲ ျပံဳးေပ်ာ္ၿပီးေအးတာပဲ။

----

အိမ္ျပန္ေရာက္ၿပီးပင္လယ္က အထုပ္ေတြကို ေရခဲေသတၱာဖြင့္ၿပီးထည့္စရာရွိတာထည့္....
လွီးခြ်တ္စရာေတြကိုေတာ့ ေဘစင္ဆီမွာပံုထားလိုက္သည္။
အေကာင္ခပ္ႀကီးႀကီးပုစြန္ေတြကရွင္ေနတုန္းမို႔ ေရခြက္တခုထဲေရစိမ္လိုက္တာကို စည္းက ထမင္းစားစာပြဲေပၚထိုင္ရင္းေငးေနခဲ့သည္။

'အဲဒါေတြကလႈပ္ေနတုန္းပဲ...'

'ရွင္ေနတုန္းပဲကိုး...'

'ဟင္...ရွင္ေနတုန္းပဲလား...ဒါက္ိုမင္းဘယ္လိုလုပ္မွာလဲ...'

'ရွင္ေနတုန္းဆိုေတာ့ လတ္ဆတ္တာေပါ့ကြ...ပိုၿပီးစားလို႔ေကာင္းတယ္...'

လတ္ဆတ္တယ္ဆိုတာ ဒါကိုေျပာတာလားလို႔ေတြးရင္း စည္းခမ်ာ မဲ့တဲ့တဲ့ေလးျဖစ္သြားသည္။
ေစ်းႀကီးႀကီးေပးၿပီးဝယ္စားေနရတဲ့ လတ္လတ္ဆတ္ဆတ္ေတြဆိုတာ အရွင္လတ္လတ္ႀကီးကိုေျပာတာလားလို႔ အခုမွသိတဲ့ပံု။

'ၿပီးရင္ ပုစြန္အခြံခြာမယ္...
ငါးအေၾကးသင္မယ္...'

သူ႔ဘာသာေျပာေနရင္းနဲ႔ ပင္လယ္က အျပင္ခဏထြက္သြားေတာ့ စည္းကထိုင္ေနရာကေနထ,လာျပီး ေဘစင္ထဲကပုစြန္အရွင္ေတြကိုကိုင္ၾကည့္ဖို႔ျပင္သည္။
ဒါကို ပင္လယ္ကမသိလိုက္ဘဲ အားခနဲေအာ္သံၾကားမွ စည္းကပုစြန္အရွင္ေတြကိုင္ၿပီးေအာ္ေနတာကိုျမင္သည္။

'စည္း...ဘာျဖစ္တာလဲ'

အလန္႔တၾကားေမးရင္းနဲ႔ လက္ဖ်ားကိုၾကည့္ေတာ့မွ ေသြးစက္ေတြစီးက်ေနတဲ့လက္ည္ိုးကနီလို႔ရဲေနၿပီ။

'သြားကိုင္လိုက္တာလား...လာ...လာ...ေရေဆးလိုက္...'

ေသြးစက္ေတြနဲ႔ စည္းရဲ႕လက္ေခ်ာင္းကိုေရပိုက္ဖြင့္ၿပီးေဆးခ်ေပးရင္း ပင္လယ္ကပြစိပြစိ။

'ျပႆနာပါပဲ...ဘာလို႔သြားကိုင္တာလဲ...'

ပင္လယ္က သူ႔အေနာက္ဘက္ကေန လက္ကိုကိုင္ၿပီးေရေဆးေပးေနတာမို႔ စည္းရဲ႕ကိုယ္တစ္ဝက္က သူ႔ရင္ခြင္ထဲပစ္မွီထားသလိုေလးျဖစ္ေန၏။

'အဲဒီပုစြန္ေခါင္းကအဆူး ထိရင္အရမ္းနာတယ္....က်စ္....ေအးေဆးမထိုင္ေနဘူး'

ေက်ာေနာက္ကေန လာတိုးေနတဲ့ပင္လယ့္ ထြက္သက္ေႏြးေႏြးေတြေၾကာင့္ လက္ရွထားတာကိုသတိမရေတာ့ဘဲ ရင္ထဲမွာကတုန္ကယင္။

'လက္ကိုတင္းမထားနဲ႔ေလ်ာ့ထား...'

ေသြးအနည္းငယ္မရွိေတာ့လို႔ေရကိုပိတ္လိုက္ေပမယ့္...ေသြးေတြကထပ္ထြက္လာေတာ့ ပင္လယ္ကစည္းရဲ႕လက္ကိုသူဆြဲယူၿပီးခံတြင္းထဲထည့္ငံုသည္။
သူ႔ရင္ခြင္ထဲပစ္မီထားသလိုျဖစ္ေနတာကို ရင္ခုန္ခ်င္ေနတာပါဆိုမွ လက္ည္ိုးဖ်ားကိုပါ ပါးစပ္ထဲထည့္စုပ္ေနေတာ့ ဒုကၡမ်ားျပန္တာပဲ။

တိတ္စမ္း....အခုရပ္လိုက္လို႔ ကိုယ့္ဘာသာအမိန္႔ေပးမိေပမယ့္  သူ႔ႏွလံုးသားေလးကမနာခံခ်င္ခဲ့။
ဒါ့အျပင္ ပင္လယ့္ခံတြင္းထဲမွာေႏြးေထြးႏူးညံ့တဲ့လွ်ာဖ်ားေလးနဲ႔ထုပ္ပိုးခံေနရတဲ့ လက္ဖ်ားေလးကလည္း နတ္စည္းစိမ္ေတြခံစားေနျပန္ကာ...သူ႔ကိုဖ်ားေယာင္းေနသလိုမ်ိဳး။
ကြ်တ္စ္...ကြိဳင္ပဲ။

'မင္း....ဘာလုပ္တာလဲ...ငါ့လက္မွာေသြးေတြထပ္ထြက္ေနတယ္ေလ...ပင္လယ္...'

အတင္းဆြဲယူထုတ္လိုက္ေတာ့ ရွသြားတဲ့ သူ႔လက္ေခ်ာင္းေလးကအျပင္ေရာက္လာေပမယ့္ ေသြးစအနည္းငယ္စီးေနဆဲမို႔ ပင္လယ့္ခံတြင္းထဲမွာ ေသြးစတို႔က်န္ေနခဲ့ေလာက္သည္။
အဲဒါက္ိုေထြးထုတ္ပစ္မွာလို႔ထင္မိေပမယ့္ မ်ိဳခ်ပစ္လိုက္တဲ့ ပင္လယ့္ေၾကာင့္ မ်က္ဝန္းေတြကပုစြန္လိုျပဴးထြက္သြားရသည္။

'မင္း...ငါ့ေသြးေတြကိုမ်ိဳခ်လိုက္တာလား...ပင္လယ္...'

'အင္းေလ...'

'ဘာ...!...မင္းကြာ...သြား...
အာလုတ္က်င္းပစ္လိုက္...'

မ်ိဳခ်လိုက္တဲ့ လူကဘာမွမျဖစ္သလိုေအးေဆးေနေပမယ့္ စည္းကေတာ့ မေအးေဆးႏိုင္။

'ညစ္ပတ္တာကြာ...ဘာလို႔မ်ိဳခ်လိုက္တာလဲ...'

'မညစ္ပတ္ပါဘူးကြာ...မင္းရဲ႕ေသြးေတြပဲဥစၥာ...'

သူကသာမညစ္ပတ္ဘူးဆိုၿပီး လက္ကိုျပန္ဆြဲယူရင္း ပါးစပ္ထဲထပ္ထည့္ဖို႔ျပင္ေနတာ...
စည္းကေတာ့ အဲဒါကိုေတြးရင္း ရွက္စိတ္ကနားရြက္ဖ်ားေတြအထိထူပူလႈပ္ရွားခ်င္ေနၿပီ။
ဒီေသြးေတြက္ိုဘာမွမျဖစ္ပါဘူးဆိုၿပီးမ်ိဳခ်လိုက္တာကိုလည္း အံ့ၾသၿပီးရင္းဆြံ့အလို႔။

'ငါ့မွာေရာဂါဘယေတြရွိေနရင္မင္းဘယ္လိုလုပ္မလဲ...ခ်ီးထုပ္ရ...'

စိတ္ကူးမရွိဘဲနဲ႔ ေသြးေတြကိုၿမိဳခ်ပစ္လိုက္တာ တမင္တကာ မဟုတ္ေပမယ့္ ေၾကာက္ရြံ့ျခင္းတို႔လဲျဖစ္မေနခဲ့ဘဲ...
ၾကည္ႏူးေနမိေသးတဲ့ ကိုယ့္ကိုကိုယ္ေက်နပ္ေနေသးသည္။
သူ႔ရင္ခြင္ထဲေက်ာျပင္ကပ္မွီထားသလိုျဖစ္ေနတဲ့စည္းကို မသိမသာေလးပဲ ဖက္ယူလိုက္ၿပီးမွ ေသြးေပေနတဲ့ သူ႔လက္ညိဳးေလးကိုလက္ဖဝါးထဲထည့္ဆုပ္ျပန္သည္။

'ဘာျဖစ္လဲ...ကူးရင္လဲကူးေပါ့...
ေၾကာက္စရာလား...ငါသေဘာက်တဲ့လူရဲ႕ေသြးေတြပဲ...'

'ဘာ...မင္း...ဘာေျပာတယ္...'

ပင္လယ့္ရင္ခြင္မွာေက်ာမီၿပီးကိုယ္တျခမ္းယိမ္းထားရင္းနဲ႔စကားေျပာေနမိေတာ့ ပင္လယ့္မ်က္ဝန္းေတြဆီကိုသူမျမင္ႏိုင္သလို၊ သူ႔မ်က္ႏွာကိုလဲပင္လယ္ကျမင္ေနရမွာမဟုတ္။
ဒါ့ေၾကာင့္ ျမင္ရေအာင္လို႔ကိုယ္ကိုလွည့္ၾကည့္ေတာ့ ပင္လယ္ကအတင္းဆြဲတုပ္ထားခဲ့၏။

'စည္း...ဒီအတိုင္းေလးပဲခဏၿငိမ္ေနေပးပါ...
မင္းက္ိုခဏေလးဖက္ထားခ်င္လို႔...'

ခုန္ေနတဲ့ရင္ဘတ္ကအသံတခ်ိဳ႕ကိုပဲ ပူးကပ္ေနတဲ့အသားစိုင္တို႔မွတဆင့္ ခံစားမိေနကာ...
အဲဒီစကားေတြေျပာေနတဲ့ပင္လယ္က တမင္ေနာက္ေနတာမဟုတ္ႏိုင္။

'မင္း.....!...ဘာေျပာေနတာလဲ...ပင္လယ္...'

'ၿငိမ္ၿငိမ္ေန....မလွည့္နဲ႔...'

ေနာက္ကေနမသိမသာဖက္ထားရင္းမွ စည္းရဲ႕လက္ႏွစ္ဖက္စလံုးကိုသိသိသာသာဖက္ခ်ဳပ္ၿပီး ပင္လယ္က သူ႔မ်က္ႏွာေလးကိုေက်ာျပင္ဆီအပ္ၿပီးနမ္းရိႈက္သည္။

'စည္း...ငါေလ ထူးဆန္းေနတာသိေပမယ့္...
မင္းနဲ႔အတူတူရွိေနရင္ အရမ္းေပ်ာ္တယ္...
ဘာ့ေၾကာင့္မွန္းလဲမသိဘဲနဲ႔ မင္းေၾကာင့္ ငါ့ရင္လဲခဏခဏခုန္ရတယ္...
ရင္ခုန္ေနရတာကိုသေဘာလဲက်မိတယ္...
အဲဒီခံစားခ်က္ေတြကိုဘယ္လိုဘာေၾကာင့္ဆိုတာ
ေတြးၿပီးရင္းေတြးလဲအေျဖကမရဘဲျဖစ္ေနတာၾကာၿပီ...
ေနာက္ၿပီး ငါ့စိတ္ထင္ရာယူဆသလိုျဖစ္ေနေပမယ့္...
မင္းလဲ ငါ့လိုပဲျဖစ္ေနတယ္လို႔သိေနတယ္...'

သူ႔ေက်ာျပင္ဆီပါးတစ္ျခမ္းကပ္ၿပီးေတာ့ ေျပာခ်င္ရာေတြေျပာေနတဲ့ပင္လယ့္ကို အံ့ၾသၿပီးရင္းအံ့ၾသေနရင္း စည္း'ဘာစကားမွမဆိုႏိုင္။
သူ႔ဆီကေနတုန္႔ျပန္သံမဲ့ေနေပမယ့္ ပင္လယ္ကပဲဆက္ၿပီးေျပာျပန္တယ္။

'ဘာေၾကာင့္လဲဆိုတာကို ငါထပ္မေတြးခ်င္ေတာ့ဘူး...စည္း...
ငါတို႔ ဒီအတိုင္းေလးပဲ ၾကည္ႏူးေနခ်င္တယ္...
မင္းဆီကေနဘာတစ္ခုကိုမွလဲ မၾကားခ်င္သလို၊ ငါ့ဆီကေနလဲေျဖရွင္းခ်က္မေတာင္းေစခ်င္ဘူး'

သူပဲေျပာလိုက္၊ သူပဲအမိန္႔ေပးလိုက္နဲ႔ ပင္လယ့္သေဘာက် ၿငိမ္သက္ေနေပးၿပီး စကၠန္႔ပိုင္းေလာက္အျကာမွ...သူထိုင္ေနတဲ့စားပြဲေလးဆီကိုပင္လယ္ကျပန္ေနရာယူေစသည္။

'မင္း...ဒီမွာပဲထိုင္ေန...
ငါလုပ္ေနတာကို ဘာတစ္ခုမွလာမထိနဲ႔...အျပင္လဲမသြားနဲ႔ၿငိမ္ၿငိမ္သာေန....'

ဘယ္လိုျဖစ္လို႔ ပင္လယ့္အမိန္႔ေတြကိုၿငိမ္သက္စြာလိုက္နာခ်င္ေနသလဲမသိေတာ့။
သူ႔သေဘာအတိုင္းပဲ ဘာမွထပ္မေမးေတာ့သလို၊ ဘာမွဖြင့္မေျပာျဖစ္။
ဒါေပမယ့္ ...

'ငါကေက်ာက္႐ုပ္လား...ၿငိမ္ေနဖို႔က...'

'ၿငိမ္ေနဆိုၿငိမ္ေနလိုက္.....ဒါနဲ႔ပဲ....ဒီေန႔ဟင္းမခ်က္ရေတာ့ဘဲျဖစ္ေတာ့မယ္'

သိပ္ၿပီးမေက်နပ္ေသာ္လည္းစည္းကျပံဳးေနကာ....
ပုစြန္ေတြအခြံခြာၿပီးတင္ပူရာေျကာ္ဖို႔လုပ္သည့္ပင္လယ့္ေက်ာျပင္ကိုသာေငးေနခဲ့ရသည္။
ဘာတစ္ခုမွေသခ်ာမလုပ္တတ္တဲ့သူက ကူျပန္ရင္လည္း ရႈပ္ေနသလိုပဲျဖစ္ဦးမွာမဟုတ္လား။
ခဏၾကာေတာ့ရလာတဲ့အေၾကာ္ေတြကိုဆီစစ္ထားခဲ့ျပီးသူထိုင္ေနသည့္စားပြဲေပၚသို႔ ေဆာ့စ္ဟုထင္ရသည့္စကၠဴဗူးေလးေတြလာတင္ၿပီး ခြက္တခုထဲေရာထည့္ေနျပန္သည္။
အကုန္ၿပီးစီးမွ လက္သန္းေလးနဲ႔ ေဆာ့ကိုျမည္းၾကည့္ျပန္၏။

'တမ်ိဳးပဲ....ခ်ိဳမ်ားေနတာလားမသိဘူး...မင္း...နဲနဲျမည္းၾကည့္စမ္းပါ...'

သူ႔ေရွ႕ေဆာ့စ္ထည့္ခြက္ကေလးတိုးေပးတာကို မယူျဖစ္ဘဲ သူ႔ပါးတစ္ဖက္ဆီလက္ကေလးကိုတိုးကပ္လာတဲ့စည္းက မဲ့ျပံဳးေလးျပံဳးလို႔...။

'ဘာလဲ...ေဆာ့စ္ျမည္းေပးပါဆိုေန...'

'ဟြန္႔....'

စည္းက ဘာမွျပန္မေျဖဘဲနဲ႔ ပင္လယ့္နႈတ္ခမ္းေထာင့္ေလးမွာတင္က်န္ေနသည့္ေဆာ့စ္ေလးကိုလက္မျဖင့္လွမ္းသုတ္သည္။
ၿပီးေတာ့ အဲဒီလက္မေလးကို ပါးစပ္ထဲထည့္လိုက္ရင္း
'ေပေနလို႔...'....ဆိုပီး....ရယ္ေနလိုက္ေသး၏။

ခုနတုန္းကကိစၥကိုလက္စားေခ်တာလားဘာလားမသိေပမယ့္ ေခါင္းေလးညိတ္ညိတ္ၿပီး ျပံဳးတုံးတံုးလုပ္ၿပီးမွ သူ႔အနားတိုးကပ္ရင္း တိုးတိုးေလးေျပာေလ၏။

'အြန္း....ခ်ိဳတယ္....မင္းနႈတ္ခမ္းေပၚက်န္ခဲ့လို႔ျဖစ္မယ္....'

ျပံဳးေနတဲ့စည္းရဲ႕နႈတ္ခမ္းအိအိေလးကိုၾကည့္ေနမိရင္း....
ခဏေလးဆြံ့အမိေနတဲ့ေနာက္မွာထိန္းခ်ဳပ္လို႔မရေတာ့ေသာ ႏွလံုးသားေလးႏွစ္စံုသည္.....

Unicode


😬😬😬😬

တနင်္ဂနွေနေ့ကအလုပ်မသွားရဘူးမို့...ပင်လယ်အပြေးလေ့ကျင့်သည့်နောက်ကို စည်းပါ လိုက်လာခဲ့သည်။
အားကစားဘက်ကိုအားမသန်ခဲ့တဲ့ စည်းက ပင်လယ်လောက်တော့ သက်လုံမကောင်းပါ။
ထို့ကြောင့် ပင်လယ်ကသူ့ကိုစောင့်ရင်းခပ်နှေးနှေးသာပြေးရသည်။
ပပြေးနေကျ လမ်းကွေ့သုံးချိုးနားလေးဆီရောက်တော့ ပုံမှန်ထက်မိနစ်နှစ်ဆယ်ခန့်နောက်ကျခဲ့သည်။
ပြေးနေကျမဟုတ်တော့လဲ စည်းက မောဟိုက်ချင်နေတဲ့ပုံပဲ။

'ခဏနားရအောင်....'

လမ်းဘေးကပလက်ဖောင်းတုံးပေါ်မှာစည်းကခြေပစ်လက်ပစ်ထိုင်ချတော့...
ပင်လယ်ကလမ်းဘေးဆိုင်းဘုတ်တိုင်တစ်ခုကိုမှီရင်း အမောဖြေသည်။
သူတို့အိမ်ကထွက်လာတာလည်းပုံမှန်ထက်နောက်ကျသည်မို့ လမ်းပေါ်မှာလူစည်ကားချင်နေပြီ။

'မောတယ်လား....ဒီကနေပဲလျှောက်ပြန်ကြရအောင်...'

'မောလဲမောတယ်....ဒီနေ့မှဗိုက်ကပိုဆာနေသလိုပဲ'

'မင်း...ပြေးလွှားလှုပ်ရှားလိုက်လို့ဖြစ်မယ်...
ငါတို့တခုခုစားပြီးမှအိမ်ပြန်မယ်လေ...နော်...စည်း...'

ဗိုက်ကလဲဆာနေတာနဲ့ ပင်လယ့်စကားကိုထောက်ခံပြီးတော့ တခုခုသွားစားကြဖို့စိတ်ကူးမိသည်။
လက်ရှိရောက်နေတဲ့နေရာကိုစူးစမ်းကြည့်တော့ မနီးမဝေးမှာစျေးလေးလိုမျိုး ဆိုင်အစုအဝေးခပ်ကြီးကြီးတစ်နေရာရှိသည်ပဲ။
အဲဒီဆျုင်လေးတွေက ဘယ်အချိန်စဖွင့်လဲမသိပေမယ့်...သွားကြဖို့ စည်းကဆုံးဖြတ်လိုက်သည်။

'ငါတို့ရှေ့နည်းနည်းထပ်သွားရအောင်...အဲဒီနားမှာစျေးရှိတယ်...တခုခုဝယ်စားပြီးပြန်မယ်....'

'နဲနဲတော့စောနေသေးတယ်...ဒီအချိန်ဆိုင်တွေဖွင့်ပါ့မလား...'

'လမ်းလျှောက်သွားမှာပဲ...နည်းနည်းအချိန်ကြာအုံးမှာ....ကိုးနာရီလောက်တော့ဖွင့်မှာပါ'

နာရီကိုကြည့်တော့ ရှစ်နာရီ လေးဆယ့်ငါးမိနစ်။
သူတို့နှစ်ယောက် အေးဆေးလမ်းလျှောက်ခဲ့ကြပြီး...ဆိုင်တန်းတွေဆီရောက်တော့စျေးကလူစည်ကားနေပါပြီ။
မနက်ခြောက်နာရီကတည်းကစဖွင့်တဲ့ဆိုင်တွေမို့ နောက်တောင်ကျနေပြီလားမသိ။
ဘယ်ဆိုင်ဝင်ရမှန်းမသိဘဲ နှစ်ယောက်သားအူကြောင်ကြားနဲ့ မနက်စာပေါင်မုန့်ရောင်းတဲ့ဆိုင်လေးထဲ ဝင်သွားကြသည်။

စည်းက သူသောက်ဖို့ ကော်ဖီတစ်ခွက်မှာပြီးမှ ပင်္ငလယ့်ဆီမေးငေါ့သည်။
ဘာစားမှာလဲဆိုတဲ့အမေးကစကားလုံးတွေနဲ့ထွက်မလာခဲ့။
ဒါပေမယ့် ပင်လယ်ကလည်း အထာနပ်ပါ၏။

'ငါ ဘာမှမစားချင်ဘူး....နွားနို့ပူတင်းတစ်ခုပဲပေးပါ...'

'ကော်ဖီကရော....'

'မသောက်ဘူး....'

'ဒါပဲလား'

'အင်း'

ကျသင့်ငွေကိုရှင်းပြီးတော့မှ ဝန်ထမ်းကောင်မလေးကကော်ဖီဖျော်နေတုန်းလေးမှာ ပင်လယ်က ရေခဲမုန့်စင်ကြီးကိုမြင်ကာထ,မေး၏။

'အာ့....ရေခဲမုန့်ကအခုဝယ်လို့ရပြီလား'

'ရပါတယ်ရှင်'

'တစ်ခုပေးပါ...'

မနက်စောစောစီးစီး ရေခဲမုန့်ဝယ်စားနေတာ ကလေးလဲမဟုတ်ဘဲနဲ့ ဆိုပြီး လက်ည်ိုးလေးထောင်နေတဲ့ပင်လယ့်ကို ကောင်မလေးကကွက်ကြည့်ကွက်ကြည့်လုပ်သည်။
ဒါက်ိုငွေရှင်းနေရင်းနဲ့ စည်းကရိပ်မိတော့ လှမ်းဟောက်မိသည်။

'စောစောစီးစီးကြီး ရေခဲမုန့်စားစရာလား...မင်း...ကလေးလဲမဟုတ်ဘဲနဲ့...'

'ဘယ်အချိန်ဖြစ်ဖြစ်ပေါ့...ရေခဲမုန့်စားရတဲ့အချိန်ဆိုပြီးအထူးတလည်သတ်မှတ်ထားလို့လား...ဘယ်သူကသတ်မှတ်ထားလဲ'

'အဲလိုမဟုတ်ပေမယ့်.....မနက်ပိုင်းစားစရာမှမဟုတ်တာ...'

'ဘာဖြစ်လဲ.....အခုစားလို့သေသွားမှာတဲ့လား'

မတည့်အောင်ပြောရတာ အကျင့်ပါနေပြီဖြစ်တော့ ပင်လယ်က ခနဲ့တဲ့တဲ့လေးလုပ်ရင်း ရေခဲမုန့်ဇွန်းကိုဆွဲထုတ်ပစ်ကာ လျှာဖျားလေးနဲ့ တို့သည်။
ဝေဖာခွက်ကလေးမို့ ဒီအတိုင်းကိုက်စားပစ်လိုက်လဲအဆင်ပြေမယ့်ပုံဆိုပေမယ့် ကောင်းကောင်းမစားဘဲ ကလေးလိုမျိုး လျှာဖျားလေးနဲ့ ထိုင်တို့နေတော့ ဘေးကနေကြည့်ရင်း စည်း'မှာ အသည်းတယားယား။
အဲဒီလျှာဖျားလေးကြောင့် သူ့နှလုံးသားလေးအကြိမ်ကြိမ်ဒုက္ခရောက်ခဲ့ရတာကိုသတိရတော့ သက်ပြင်းလေးခိုးချဖြစ်သည်။
နီနီရဲရဲလျှာဖျားလေးတွေတစ်လစ်တစ်လစ်နဲ့ ရေခဲမုန့်ဆီတို့လိုက်၊ သူ့နှုတ်ခမ်းလေးသူသပ်လိုက်မို့ စည်းကကြည့်မနေနိုင်တော့ဘဲ အကြည့်တွေလွဲပစ်ရသည်။
ဒါတင်မကဘဲ ဆိုင်ထဲကကောင်မလေးက သူတို့နှစ်ယောက်ကိုခဏခဏလာလာကြည့်နေတော့ အနေခက်ပြီး ထပြန်ချင်ပြီ။

'ဟေ့...မြန်မြန်စား...ပြန်မယ်...'

'ဟင်...မင်းကလည်း ခဏလေးပဲရှိသေးတာ...
ရေခဲမုန့်မကုန်သေးဘူး...'

လျှာဖျားလေးနဲ့တို့စားနေတဲ့ ဒီရေခဲမုန့်ကဒီနေ့အဖို့ကုန်မှာပဲလားတော့မသိ။

'မြန်မြန်စားလိုက်ရင်ပြီးနေတာပဲကို...ပေး...ဒီလိုစားလိုက်တော့ မြန်မြန်ကုန်တာပေါ့...'

စိတ်မရှည်တော့ဘဲ ရေခဲမုန့်တစ်ခုလုံးကိုပါးစပ်ထဲထိုးထည့်ပေးလိုက်တော့ ပင်လယ့် မျက်လုံးကြီးကပြူးခနဲ။
သူ့ဘာသာအေးအေးဆေးဆေးစားနေတဲ့ဟာကို ရုတ်တရက်ကြီး အကုန်လုံးပါးစပ်ထဲထိုးထည့်ခံလိုက်ရတော့ အေးစက်စက်ရေခဲသားတွေကြောင့် ငယ်ထိပ်အထိ ကျဉ်ခနဲ။
ပြန်ထွေးထုတ်လို့လဲမရ၊ ချက်ချင်းမျိုချလို့လဲမရနဲ့ မျက်ရည်လေးတွေဝိုင်းပြီး ပင်လယ့်မျက်နှာလေးကမဲ့လာသည်။

'အု...အူး...'

'ထ...ပြန်ကြမယ်...'

ဘောက်ဆတ်ဆတ်နဲ့ စည်းထ,ပြန်တဲ့နောက်ကို ပင်လယ် အပြေးလေးလိုက်ရင်း ပါးစပ်ထဲကရေခဲမုန့်က်ို အမြန်မျိုချရသည်။
ဒီလူကြီးနဲ့တော့ ခက်ပြီ။
ရှေ့ကနေ ငေါင်းလောင်းကြီးနဲ့ စည်းကခပ်မြန်မြန်သွားနေသမျှ သူကပြေးလိုက်နေရတာ စျေးထဲကလူတွေကတော့ သူတို့ကိုဘာထင်နေသလဲမသိဘဲ ပြုံးစိစိနဲ့ငေးနေကြ၏။
တစ်မျိုးစီချောမောနေကြတဲ့ ယောကျာ်းပျိုနှစ်ဦးမို့ အားလုံးဝိုင်းငေးနေကြတာ ဆန်းတော့မဆန်း။

'ပြန်တော့မှာလား...စည်းရ...'

'မပြန်ရင် မင်းကဒီစျေးထဲဘာလုပ်ချင်သေးလို့လဲ...'

'စျေးဝယ်မှာပေါ့...ငါတို့ ဒီနေ့ကောင်းတာလေးချက်စားကြမလား...'

ပြောနေရင်းနဲ့ ပင်လယ်က သူ့လက်ကိုင်အိတ်ကိုဆွဲယူပြီး ပင်လယ်စာဆိုင်တဆိုင်ထဲဝင်ပြေးကာ ဟိုဟာဝယ်ဒီဟာဝယ်လုပ်တော့လဲ မတားလိုက်နိုင်တော့။
သူလက်ညိုးထိုးသမျှကို စည်းကခေါင်းလေးပဲညိတ်ပြပြီး ဘာမှမပြောဖြစ်ဘဲ ဝယ်လိုက်သမျှအထုပ်တွေကိုဒိုင်ခံဆွဲထားရသည်။

'ဒါစားမလား...ဒါလေးချက်စားရအောင်....ဒါလေးကရော'

ပင်လယ်ကသူ့ဆီလှမ်းပြောသမျှကို ပုတ်သင်ညိုလိုခေါင်းလေးညိတ်နေရင်း ကြည့်နေလိုက်သည်။
သူ့စိတ်ကြိုက်လွှတ်ထားလိုက်တော့လဲ ပြုံးပျော်ပြီးအေးတာပဲ။

----

အိမ်ပြန်ရောက်ပြီးပင်လယ်က အထုပ်တွေကို ရေခဲသေတ္တာဖွင့်ပြီးထည့်စရာရှိတာထည့်....
လှီးချွတ်စရာတွေကိုတော့ ဘေစင်ဆီမှာပုံထားလိုက်သည်။
အကောင်ခပ်ကြီးကြီးပုစွန်တွေကရှင်နေတုန်းမို့ ရေခွက်တခုထဲရေစိမ်လိုက်တာကို စည်းက ထမင်းစားစာပွဲပေါ်ထိုင်ရင်းငေးနေခဲ့သည်။

'အဲဒါတွေကလှုပ်နေတုန်းပဲ...'

'ရှင်နေတုန်းပဲကိုး...'

'ဟင်...ရှင်နေတုန်းပဲလား...ဒါက်ိုမင်းဘယ်လိုလုပ်မှာလဲ...'

'ရှင်နေတုန်းဆိုတော့ လတ်ဆတ်တာပေါ့ကွ...ပိုပြီးစားလို့ကောင်းတယ်...'

လတ်ဆတ်တယ်ဆိုတာ ဒါကိုပြောတာလားလို့တွေးရင်း စည်းခမျာ မဲ့တဲ့တဲ့လေးဖြစ်သွားသည်။
စျေးကြီးကြီးပေးပြီးဝယ်စားနေရတဲ့ လတ်လတ်ဆတ်ဆတ်တွေဆိုတာ အရှင်လတ်လတ်ကြီးကိုပြောတာလားလို့ အခုမှသိတဲ့ပုံ။

'ပြီးရင် ပုစွန်အခွံခွာမယ်...
ငါးအကြေးသင်မယ်...'

သူ့ဘာသာပြောနေရင်းနဲ့ ပင်လယ်က အပြင်ခဏထွက်သွားတော့ စည်းကထိုင်နေရာကနေထ,လာပြီး ဘေစင်ထဲကပုစွန်အရှင်တွေကိုကိုင်ကြည့်ဖို့ပြင်သည်။
ဒါကို ပင်လယ်ကမသိလိုက်ဘဲ အားခနဲအော်သံကြားမှ စည်းကပုစွန်အရှင်တွေကိုင်ပြီးအော်နေတာကိုမြင်သည်။

'စည်း...ဘာဖြစ်တာလဲ'

အလန့်တကြားမေးရင်းနဲ့ လက်ဖျားကိုကြည့်တော့မှ သွေးစက်တွေစီးကျနေတဲ့လက်ည်ိုးကနီလို့ရဲနေပြီ။

'သွားကိုင်လိုက်တာလား...လာ...လာ...ရေဆေးလိုက်...'

သွေးစက်တွေနဲ့ စည်းရဲ့လက်ချောင်းကိုရေပိုက်ဖွင့်ပြီးဆေးချပေးရင်း ပင်လယ်ကပွစိပွစိ။

'ပြဿနာပါပဲ...ဘာလို့သွားကိုင်တာလဲ...'

ပင်လယ်က သူ့အနောက်ဘက်ကနေ လက်ကိုကိုင်ပြီးရေဆေးပေးနေတာမို့ စည်းရဲ့ကိုယ်တစ်ဝက်က သူ့ရင်ခွင်ထဲပစ်မှီထားသလိုလေးဖြစ်နေ၏။

'အဲဒီပုစွန်ခေါင်းကအဆူး ထိရင်အရမ်းနာတယ်....ကျစ်....အေးဆေးမထိုင်နေဘူး'

ကျောနောက်ကနေ လာတိုးနေတဲ့ပင်လယ့် ထွက်သက်နွေးနွေးတွေကြောင့် လက်ရှထားတာကိုသတိမရတော့ဘဲ ရင်ထဲမှာကတုန်ကယင်။

'လက်ကိုတင်းမထားနဲ့လျော့ထား...'

သွေးအနည်းငယ်မရှိတော့လို့ရေကိုပိတ်လိုက်ပေမယ့်...သွေးတွေကထပ်ထွက်လာတော့ ပင်လယ်ကစည်းရဲ့လက်ကိုသူဆွဲယူပြီးခံတွင်းထဲထည့်ငုံသည်။
သူ့ရင်ခွင်ထဲပစ်မီထားသလိုဖြစ်နေတာကို ရင်ခုန်ချင်နေတာပါဆိုမှ လက်ည်ိုးဖျားကိုပါ ပါးစပ်ထဲထည့်စုပ်နေတော့ ဒုက္ခများပြန်တာပဲ။

တိတ်စမ်း....အခုရပ်လိုက်လို့ ကိုယ့်ဘာသာအမိန့်ပေးမိပေမယ့် သူ့နှလုံးသားလေးကမနာခံချင်ခဲ့။
ဒါ့အပြင် ပင်လယ့်ခံတွင်းထဲမှာနွေးထွေးနူးညံ့တဲ့လျှာဖျားလေးနဲ့ထုပ်ပိုးခံနေရတဲ့ လက်ဖျားလေးကလည်း နတ်စည်းစိမ်တွေခံစားနေပြန်ကာ...သူ့ကိုဖျားယောင်းနေသလိုမျိုး။
ကျွတ်စ်...ကွိုင်ပဲ။

'မင်း....ဘာလုပ်တာလဲ...ငါ့လက်မှာသွေးတွေထပ်ထွက်နေတယ်လေ...ပင်လယ်...'

အတင်းဆွဲယူထုတ်လိုက်တော့ ရှသွားတဲ့ သူ့လက်ချောင်းလေးကအပြင်ရောက်လာပေမယ့် သွေးစအနည်းငယ်စီးနေဆဲမို့ ပင်လယ့်ခံတွင်းထဲမှာ သွေးစတို့ကျန်နေခဲ့လောက်သည်။
အဲဒါက်ိုထွေးထုတ်ပစ်မှာလို့ထင်မိပေမယ့် မျိုချပစ်လိုက်တဲ့ ပင်လယ့်ကြောင့် မျက်ဝန်းတွေကပုစွန်လိုပြူးထွက်သွားရသည်။

'မင်း...ငါ့သွေးတွေကိုမျိုချလိုက်တာလား...ပင်လယ်...'

'အင်းလေ...'

'ဘာ...!...မင်းကွာ...သွား...
အာလုတ်ကျင်းပစ်လိုက်...'

မျိုချလိုက်တဲ့ လူကဘာမှမဖြစ်သလိုအေးဆေးနေပေမယ့် စည်းကတော့ မအေးဆေးနိုင်။

'ညစ်ပတ်တာကွာ...ဘာလို့မျိုချလိုက်တာလဲ...'

'မညစ်ပတ်ပါဘူးကွာ...မင်းရဲ့သွေးတွေပဲဥစ္စာ...'

သူကသာမညစ်ပတ်ဘူးဆိုပြီး လက်ကိုပြန်ဆွဲယူရင်း ပါးစပ်ထဲထပ်ထည့်ဖို့ပြင်နေတာ...
စည်းကတော့ အဲဒါကိုတွေးရင်း ရှက်စိတ်ကနားရွက်ဖျားတွေအထိထူပူလှုပ်ရှားချင်နေပြီ။
ဒီသွေးတွေက်ိုဘာမှမဖြစ်ပါဘူးဆိုပြီးမျိုချလိုက်တာကိုလည်း အံ့သြပြီးရင်းဆွံ့အလို့။

'ငါ့မှာရောဂါဘယတွေရှိနေရင်မင်းဘယ်လိုလုပ်မလဲ...ချီးထုပ်ရ...'

စိတ်ကူးမရှိဘဲနဲ့ သွေးတွေကိုမြိုချပစ်လိုက်တာ တမင်တကာ မဟုတ်ပေမယ့် ကြောက်ရွံ့ခြင်းတို့လဲဖြစ်မနေခဲ့ဘဲ...
ကြည်နူးနေမိသေးတဲ့ ကိုယ့်ကိုကိုယ်ကျေနပ်နေသေးသည်။
သူ့ရင်ခွင်ထဲကျောပြင်ကပ်မှီထားသလိုဖြစ်နေတဲ့စည်းကို မသိမသာလေးပဲ ဖက်ယူလိုက်ပြီးမှ သွေးပေနေတဲ့ သူ့လက်ညိုးလေးကိုလက်ဖဝါးထဲထည့်ဆုပ်ပြန်သည်။

'ဘာဖြစ်လဲ...ကူးရင်လဲကူးပေါ့...
ကြောက်စရာလား...ငါသဘောကျတဲ့လူရဲ့သွေးတွေပဲ...'

'ဘာ...မင်း...ဘာပြောတယ်...'

ပင်လယ့်ရင်ခွင်မှာကျောမီပြီးကိုယ်တခြမ်းယိမ်းထားရင်းနဲ့စကားပြောနေမိတော့ ပင်လယ့်မျက်ဝန်းတွေဆီကိုသူမမြင်နိုင်သလို၊ သူ့မျက်နှာကိုလဲပင်လယ်ကမြင်နေရမှာမဟုတ်။
ဒါ့ကြောင့် မြင်ရအောင်လို့ကိုယ်ကိုလှည့်ကြည့်တော့ ပင်လယ်ကအတင်းဆွဲတုပ်ထားခဲ့၏။

'စည်း...ဒီအတိုင်းလေးပဲခဏငြိမ်နေပေးပါ...
မင်းက်ိုခဏလေးဖက်ထားချင်လို့...'

ခုန်နေတဲ့ရင်ဘတ်ကအသံတချို့ကိုပဲ ပူးကပ်နေတဲ့အသားစိုင်တို့မှတဆင့် ခံစားမိနေကာ...
အဲဒီစကားတွေပြောနေတဲ့ပင်လယ်က တမင်နောက်နေတာမဟုတ်နိုင်။

'မင်း.....!...ဘာပြောနေတာလဲ...ပင်လယ်...'

'ငြိမ်ငြိမ်နေ....မလှည့်နဲ့...'

နောက်ကနေမသိမသာဖက်ထားရင်းမှ စည်းရဲ့လက်နှစ်ဖက်စလုံးကိုသိသိသာသာဖက်ချုပ်ပြီး ပင်လယ်က သူ့မျက်နှာလေးကိုကျောပြင်ဆီအပ်ပြီးနမ်းရှိုက်သည်။

'စည်း...ငါလေ ထူးဆန်းနေတာသိပေမယ့်...
မင်းနဲ့အတူတူရှိနေရင် အရမ်းပျော်တယ်...
ဘာ့ကြောင့်မှန်းလဲမသိဘဲနဲ့ မင်းကြောင့် ငါ့ရင်လဲခဏခဏခုန်ရတယ်...
ရင်ခုန်နေရတာကိုသဘောလဲကျမိတယ်...
အဲဒီခံစားချက်တွေကိုဘယ်လိုဘာကြောင့်ဆိုတာ
တွေးပြီးရင်းတွေးလဲအဖြေကမရဘဲဖြစ်နေတာကြာပြီ...
နောက်ပြီး ငါ့စိတ်ထင်ရာယူဆသလိုဖြစ်နေပေမယ့်...
မင်းလဲ ငါ့လိုပဲဖြစ်နေတယ်လို့သိနေတယ်...'

သူ့ကျောပြင်ဆီပါးတစ်ခြမ်းကပ်ပြီးတော့ ပြောချင်ရာတွေပြောနေတဲ့ပင်လယ့်ကို အံ့သြပြီးရင်းအံ့သြနေရင်း စည်း'ဘာစကားမှမဆိုနိုင်။
သူ့ဆီကနေတုန့်ပြန်သံမဲ့နေပေမယ့် ပင်လယ်ကပဲဆက်ပြီးပြောပြန်တယ်။

'ဘာကြောင့်လဲဆိုတာကို ငါထပ်မတွေးချင်တော့ဘူး...စည်း...
ငါတို့ ဒီအတိုင်းလေးပဲ ကြည်နူးနေချင်တယ်...
မင်းဆီကနေဘာတစ်ခုကိုမှလဲ မကြားချင်သလို၊ ငါ့ဆီကနေလဲဖြေရှင်းချက်မတောင်းစေချင်ဘူး'

သူပဲပြောလိုက်၊ သူပဲအမိန့်ပေးလိုက်နဲ့ ပင်လယ့်သဘောကျ ငြိမ်သက်နေပေးပြီး စက္ကန့်ပိုင်းလောက်အကြာမှ...သူထိုင်နေတဲ့စားပွဲလေးဆီကိုပင်လယ်ကပြန်နေရာယူစေသည်။

'မင်း...ဒီမှာပဲထိုင်နေ...
ငါလုပ်နေတာကို ဘာတစ်ခုမှလာမထိနဲ့...အပြင်လဲမသွားနဲ့ငြိမ်ငြိမ်သာနေ....'

ဘယ်လိုဖြစ်လို့ ပင်လယ့်အမိန့်တွေကိုငြိမ်သက်စွာလိုက်နာချင်နေသလဲမသိတော့။
သူ့သဘောအတိုင်းပဲ ဘာမှထပ်မမေးတော့သလို၊ ဘာမှဖွင့်မပြောဖြစ်။
ဒါပေမယ့် ...

'ငါကကျောက်ရုပ်လား...ငြိမ်နေဖို့က...'

'ငြိမ်နေဆိုငြိမ်နေလိုက်.....ဒါနဲ့ပဲ....ဒီနေ့ဟင်းမချက်ရတော့ဘဲဖြစ်တော့မယ်'

သိပ်ပြီးမကျေနပ်သော်လည်းစည်းကပြုံးနေကာ....
ပုစွန်တွေအခွံခွာပြီးတင်ပူရာကြော်ဖို့လုပ်သည့်ပင်လယ့်ကျောပြင်ကိုသာငေးနေခဲ့ရသည်။
ဘာတစ်ခုမှသေချာမလုပ်တတ်တဲ့သူက ကူပြန်ရင်လည်း ရှုပ်နေသလိုပဲဖြစ်ဦးမှာမဟုတ်လား။
ခဏကြာတော့ရလာတဲ့အကြော်တွေကိုဆီစစ်ထားခဲ့ပြီးသူထိုင်နေသည့်စားပွဲပေါ်သို့ ဆော့စ်ဟုထင်ရသည့်စက္ကူဗူးလေးတွေလာတင်ပြီး ခွက်တခုထဲရောထည့်နေပြန်သည်။
အကုန်ပြီးစီးမှ လက်သန်းလေးနဲ့ ဆော့ကိုမြည်းကြည့်ပြန်၏။

'တမျိုးပဲ....ချိုများနေတာလားမသိဘူး...မင်း...နဲနဲမြည်းကြည့်စမ်းပါ...'

သူ့ရှေ့ဆော့စ်ထည့်ခွက်ကလေးတိုးပေးတာကို မယူဖြစ်ဘဲ သူ့ပါးတစ်ဖက်ဆီလက်ကလေးကိုတိုးကပ်လာတဲ့စည်းက မဲ့ပြုံးလေးပြုံးလို့...။

'ဘာလဲ...ဆော့စ်မြည်းပေးပါဆိုနေ...'

'ဟွန့်....'

စည်းက ဘာမှပြန်မဖြေဘဲနဲ့ ပင်လယ့်နှုတ်ခမ်းထောင့်လေးမှာတင်ကျန်နေသည့်ဆော့စ်လေးကိုလက်မဖြင့်လှမ်းသုတ်သည်။
ပြီးတော့ အဲဒီလက်မလေးကို ပါးစပ်ထဲထည့်လိုက်ရင်း
'ပေနေလို့...'....ဆိုပီး....ရယ်နေလိုက်သေး၏။

ခုနတုန်းကကိစ္စကိုလက်စားချေတာလားဘာလားမသိပေမယ့် ခေါင်းလေးညိတ်ညိတ်ပြီး ပြုံးတုံးတုံးလုပ်ပြီးမှ သူ့အနားတိုးကပ်ရင်း တိုးတိုးလေးပြောလေ၏။

'အွန်း....ချိုတယ်....မင်းနှုတ်ခမ်းပေါ်ကျန်ခဲ့လို့ဖြစ်မယ်....'

ပြုံးနေတဲ့စည်းရဲ့နှုတ်ခမ်းအိအိလေးကိုကြည့်နေမိရင်း....
ခဏလေးဆွံ့အမိနေတဲ့နောက်မှာထိန်းချုပ်လို့မရတော့သော နှလုံးသားလေးနှစ်စုံသည်.....

Continue Reading

You'll Also Like

99.2K 12.5K 21
႐ုိး႐ိုး​ေလးပဲ​ေတြးၿပီး က်​ေနာ္​့အခ်စ္​ကိုခံယူၾကည္​့ပါ့လား~ ရိုးရိုးလေးပဲတွေးပြီး ကျနော့်အချစ်ကိုခံယူကြည့်ပါ့လား~ [ Zawgyi + Uni ] Fic cover by @Che...
58.8K 2.8K 15
​ေရခဲတံုးႀကီးForthရဲ႕ လက္​သြက္​တာ​ေတြ အ႐ို​ေတြအဆြိ​ေတြကို ခံစားႏိုင္​မဲ့Fic​ေလးပါ😁 Crd.deebamanja
79.9K 4.4K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
43.1K 3.1K 72
ဖတ်ကြည့်နော်😉😉