မင္းလိုပဲ....
အိပ္ယာထက္မွာျငိမ္သက္လ်က္သာေနေနတာ....ပင္လယ္ကအိပ္လို႔မေပ်ာ္ေသးပါ။
စည္းရဲ႕ မ်က္လံုးေတြ၊ အျပံဳးေတြကိုပဲျပန္ျမင္ေယာင္ေနရင္း ရင္ခုန္သံေတြနဲ႔ညနက္လာၿပီ။
စည္းက သူ႔ရင္ခုန္သံေတြကိုသေဘာေပါက္သြားရဲ႕လားမသိေပမယ့္ တခုခုကိုေတာ့ ရိပ္မိသြားေလာက္မယ္ဆိုရင္ေတာင္ ေက်နပ္လွၿပီပဲ။
အမွတ္တမဲ့နဲ႔စတင္ခဲ့တဲ့ ခံစားခ်က္ေတြက ဒီအခ်ိန္ထိအမွတ္တရေတြျဖစ္သြားခဲ့တာ စည္းကမသိေပမယ့္ သူ႔ကေတာ့အေလးထားေနမိသည္။
႐ူးသြပ္တဲ့ေမွ်ာ္လင့္ခ်က္ေတြျဖစ္မယ္ဆိုရင္ေတာင္မွ...
ခမ္းနားခဲ့တဲ့မင္းအနမ္းေတြအေၾကာင္းတစ္ေန႔ေတာ့ျပန္ေျပာျပခြင့္ရခ်င္တယ္....စည္းရယ္။
-------
တစ္ႀကိမ္ကေနႏွစ္ႀကိမ္ျဖစ္လာတဲ့ ရင္ခုန္သံေတြဟာတိုက္ဆိုင္မႈမဟုတ္ေတာ့ဘူးဆိုတာ ေသခ်ာခဲ့ၿပီပဲ။
ပင္လယ္ ငံု႔နမ္းလိုက္တဲ့ လက္ဖမိုးတစ္ဖက္ကိုပါးတစ္ဖက္မွာကပ္ထားရင္း ရင္ထဲမွာၾကည္ႏူးသလိုလို၊ ေႏြးေထြးသလိုလိုနဲ႔ ခံစားခ်က္တို႔ကဆန္းျပားသထက္ဆန္းျပားလာၿပီပဲ။
ဒီထက္ပိုၿပီးဆန္းျပားတာက ပင္လယ္က သူ႔လိုပဲ ရင္ခုန္ေနပါတယ္ဆိုတဲ့ကိစၥ။
သူ႔ရင္ဘတ္ေပၚထိကပ္သြားတဲ့ ကိုယ့္လက္ဖဝါးေလးကိုပါးမွာကပ္လိုက္ ကိုယ့္ဘာသာျပန္ငံု႔နမ္းလိုက္နဲ႔ စည္း'ကေတာ့ ညသန္းေကာင္ယံထဲရြက္လြင့္ေနခဲ့၏။
အဲဒီေႏြလယ္ညခင္းတစ္ခုအေၾကာင္းကို ပင္လယ္က အခုထိေရေရရာရာမေျပာျပေပမယ့္ ရင္ခုန္သံေတြနဲ႔ပတ္သက္ေနတဲ့ခံစားခ်က္တစံုတခုျဖစ္ေနမယ္ဆိုရင္...
အဲဒါ...အခ်စ္'လို႔ေခၚႏိုင္မယ္ထင္ရဲ႕။
အမွတ္တမဲ့ျဖစ္ခဲ့ေပမယ့္ ဒါကိုခဏတာသာယာမႈပါလို႔ ေပါ့ေပါ့ေလးနဲ႔ေမ့မပစ္လိုက္ခ်င္ဘူး...ပင္လယ္...
ငါ...မင္းနဲ႔အတူ အခ်စ္အေၾကာင္းကိုအတူတူသင္ယူခ်င္ေသးတယ္ဆိုတာ...
-------
မနက္ခင္းကအၿမဲေတြ႕ေနက်ထက္ပို၍သာယာေနသလိုပါပဲ။
ေရကူးျခင္းကိုစြန္႔လႊတ္လိုက္ကတည္းက မနက္ခင္းေတြမွာ မေျပးတာၾကာၿပီျဖစ္လို႔ ခဏေလးပဲေျပးႏိုင္ေတာ့သည္။
နာရီကိုၾကည့္ေတာ့ ေျပးခ်ိန္က မိနစ္သံုးဆယ္မျပည့္တျပည့္။
သက္လံုေတာ္ေတာ္က်ေနတာပဲလို႔သိလိုက္ၿပီး ေခါင္းေလးကိုခါယမ္းမိသည္။
ဟိုအရင္လို သက္လံုျပန္တက္ဖို႔အတြက္ ပံုမွန္ျပန္ေျပးမွျဖစ္ေတာ့မည္။
သူအိမ္ကေနထြက္လာတုန္းကေတာ့ စည္းကအိပ္ေနဆဲေပမယ့္ ျပန္ေရာက္ေတာ့ႏိုးေနပါၿပီ။
'ေမာနင္း...ယုန္ေပါက္'
ၾကမ္းျပင္ေပၚမွာကုန္းကြလို႔ထိုင္ၿပီး ေရခဲေသတၱာကိုဖြင့္ကာ ဘာလုပ္ေနမွန္းမသိတဲ့စည္းဆီကပ္သြားၿပီးနႈတ္ဆက္လိုက္ေတာ့
ေသာက္ခါနီးေရခြက္ႀကီးကိုင္ၿပီး စည္းကထ,ရပ္လိုက္သည္။
ဒါေပမယ့္ သူ႔ေျခေထာက္ေတြကအျပည့္အဝဆန္႔တန္းမလာခင္မွာပဲ ပိုတိုးကပ္လာတဲ့ ပင္လယ့္မ်က္ႏွာေလးေၾကာင့္ စည္းရဲ႕မ်က္ဝန္းေတြကျပဴးခနဲ။
လုပ္ျပန္ၿပီ...ဒီေကာင္...။
ေဆာင့္ခုန္သြားျပန္တဲ့ရင္ဘတ္ထဲကအသံကအျပင္ကေနေတာင္ၾကားလုနီးနီး။
ဟန္ကိုယ့္ဖို႔လုပ္ၿပီး စည္းက မ်က္လံုးေတြက္ိုစူးရဲပစ္လိုက္ကာ...ပင္လယ့္ကိုေငါက္သည္။
'ငါ့ကိုဘာေခၚလိုက္တယ္'
'ဘာေခၚမိလို႔လဲ...'
'ခုနကငါ့ကိုေခၚလိုက္တာဘာလဲ....မင္း...မုန္လာဥမလုပ္နဲ႔...'
ယုန္ေပါက္လို႔ေခၚလိုက္တာကို သေဘာက်ပံုမရတဲ့စည္းကိုၾကည့္ၿပီး ခြီခနဲရယ္ခ်င္သြားေပမယ့္ ပင္လယ္ကကိုယ့္ဘာသာထိန္းလိုက္ကာ မသိခ်င္ေယာင္ေဆာင္သည္။
'သူ႔ဘာသာရင္ေတြခုန္ၿပီးၾကားခ်င္ရာၾကားေနၿပီးေတာ့....အူေၾကာင္ေၾကာင္နဲ႔'
ႏွစ္ေယာက္စလံုး အဲဒီကိစၥကိုသိႏွင့္ၿပီးသားဆိုေပမယ့္ အဲလိုႀကီးေျဗာင္ေျပာေတာ့ စည္းရဲ႕မ်က္ႏွာမွာေဆးနီရည္ေတြနဲ႔အပက္ခံရသလိုဖ်န္းခနဲ နီရဲလို႔။
ဒါေပမယ့္ လူႀကီးဆိုေတာ့ ရွက္ရင္ ရယ္တတ္တဲ့အမ်ိဳးမို႔ ဘာမွမျဖစ္သလိုဟန္ေဆာင္ၿပီး ဟက္ခနဲထ,ရယ္လိုက္သည္။
ၿပီးမွ ပင္လယ့္နဖူးကိုလက္ညိဳးလက္မေလးေကြးၿပီးေတာက္ထည့္ေပးလိုက္ေတာ့ ပင္လယ့္မ်က္ႏွာေလးကမဲ့ခနဲ။
'ဘာလုပ္တာလဲ...နာတယ္...'
ဆံပင္ေတြကိုေနာက္ဘက္မွာတဝက္စုခ်ည္ထားတဲ့ ပင္လယ့္ ပံုစံေလးကကပိုက႐ိုေလးနဲ႔ ပါးေဖာင္းေဖာင္းေလးေၾကာင့္ပိုၿပီး ကေလးဆန္ေနကာ ေခြ်းသီးေတြတြဲလြဲခိုေနတဲ့နဖူးေလးကစိုလက္လို႔။
နာသြားလို႔ရံႈ႕မဲ့ေနတဲ့မ်က္ႏွာေလးကို စည္းကလက္ဖဝါးႏွစ္ဖက္ထဲ ႐ုတ္တရက္ၫွပ္ကိုင္ၿပီးအနားကပ္လိုက္ေတာ့ မ်က္ဝန္းညိဳေလးေတြကျပဴးခနဲ။
ထို႔အျပင္ ျပည့္တင္းရဲစိုေနတဲ့နႈတ္ခမ္းေလးေတြပါဝိုင္းစုလာၿပီး သူ႔လက္ထဲက႐ုန္းဖို႔ျပင္သည္။
'စည္း...မင္း...ဘာ...ဘာလုပ္မလို႔လဲ...'
'ဘာလုပ္ေစခ်င္လို႔လဲ...'
လူကိုၾကည့္ေတာ့မခုတ္တတ္တဲ့ေၾကာင္ဒီဇိုင္းနဲ႔ ဒီလိုေတြလဲညဳတတ္ပံုရတဲ့စည္းရဲ႕မ်က္ႏွာကခါတိုင္းလိုမဟုတ္ဘဲ လန္းဆန္းလို႔။
သူ႐ုန္းေနတာကိုသေဘာက်စြာရယ္ရင္းနဲ႔ စည္းက သူ႔မ်က္ဝန္းေတြထဲေသခ်ာစိုက္ၾကည့္သည္။
'ဟိုမွာတုန္းကမင္းလဲ...ငါ့ကိုအဲလိုလုပ္တာေလ...မွတ္မိလား...
လူကိုမထိတထိလုပ္ခဲ့တာ...'
'----'
ဘယ္တုန္းကလဲဆိုတာစဥ္းစားစရာမလိုေအာင္ကိုအကုန္လံုးသတိတရျဖစ္ေနတဲ့ပင္လယ္က နႈတ္ခမ္းေလးကိုထပ္ေထာ္သည္။
'ဟြန္႔...သူကအရင္လာစ,ထားၿပီးေတာ့မ်ား...'
'မင္း...ဆိုးတာေလးလဲ ထည့္ေျပာေပးရင္ေကာင္းမွာ...'
'စည္း...မင္း...ေနာ္...လႊတ္စမ္းပါ...'
'ဘာလဲ..ငါ့က်ေတာ့မရဘူးလား...'
'ဟာ့...'
'မဟာနဲ႔...'
'အာပုပ္ေစာ္နံတယ္ကြာ...ေရသြားခ်ိဳးစမ္းပါ...သြား..'
သူ႔အလွည့္က်ေတာ့ရွက္ေၾကာက္ရွာတဲ့ပင္လယ္ဆိုတဲ့ ေကာင္ေလးကို သေဘာေတြက်ၿပီး စည္းတစ္ေယာက္ထဲက်န္ခဲ့သည္။
ေကာင္ေလး....မင္းနဲ႔ငါဆက္ရန္ရွိေသး၏။
Unicode
မင်းလိုပဲ....
အိပ်ယာထက်မှာငြိမ်သက်လျက်သာနေနေတာ....ပင်လယ်ကအိပ်လို့မပျော်သေးပါ။
စည်းရဲ့ မျက်လုံးတွေ၊ အပြုံးတွေကိုပဲပြန်မြင်ယောင်နေရင်း ရင်ခုန်သံတွေနဲ့ညနက်လာပြီ။
စည်းက သူ့ရင်ခုန်သံတွေကိုသဘောပေါက်သွားရဲ့လားမသိပေမယ့် တခုခုကိုတော့ ရိပ်မိသွားလောက်မယ်ဆိုရင်တောင် ကျေနပ်လှပြီပဲ။
အမှတ်တမဲ့နဲ့စတင်ခဲ့တဲ့ ခံစားချက်တွေက ဒီအချိန်ထိအမှတ်တရတွေဖြစ်သွားခဲ့တာ စည်းကမသိပေမယ့် သူ့ကတော့အလေးထားနေမိသည်။
ရူးသွပ်တဲ့မျှော်လင့်ချက်တွေဖြစ်မယ်ဆိုရင်တောင်မှ...
ခမ်းနားခဲ့တဲ့မင်းအနမ်းတွေအကြောင်းတစ်နေ့တော့ပြန်ပြောပြခွင့်ရချင်တယ်....စည်းရယ်။
-------
တစ်ကြိမ်ကနေနှစ်ကြိမ်ဖြစ်လာတဲ့ ရင်ခုန်သံတွေဟာတိုက်ဆိုင်မှုမဟုတ်တော့ဘူးဆိုတာ သေချာခဲ့ပြီပဲ။
ပင်လယ် ငုံ့နမ်းလိုက်တဲ့ လက်ဖမိုးတစ်ဖက်ကိုပါးတစ်ဖက်မှာကပ်ထားရင်း ရင်ထဲမှာကြည်နူးသလိုလို၊ နွေးထွေးသလိုလိုနဲ့ ခံစားချက်တို့ကဆန်းပြားသထက်ဆန်းပြားလာပြီပဲ။
ဒီထက်ပိုပြီးဆန်းပြားတာက ပင်လယ်က သူ့လိုပဲ ရင်ခုန်နေပါတယ်ဆိုတဲ့ကိစ္စ။
သူ့ရင်ဘတ်ပေါ်ထိကပ်သွားတဲ့ ကိုယ့်လက်ဖဝါးလေးကိုပါးမှာကပ်လိုက် ကိုယ့်ဘာသာပြန်ငုံ့နမ်းလိုက်နဲ့ စည်း'ကတော့ ညသန်းကောင်ယံထဲရွက်လွင့်နေခဲ့၏။
အဲဒီနွေလယ်ညခင်းတစ်ခုအကြောင်းကို ပင်လယ်က အခုထိရေရေရာရာမပြောပြပေမယ့် ရင်ခုန်သံတွေနဲ့ပတ်သက်နေတဲ့ခံစားချက်တစုံတခုဖြစ်နေမယ်ဆိုရင်...
အဲဒါ...အချစ်'လို့ခေါ်နိုင်မယ်ထင်ရဲ့။
အမှတ်တမဲ့ဖြစ်ခဲ့ပေမယ့် ဒါကိုခဏတာသာယာမှုပါလို့ ပေါ့ပေါ့လေးနဲ့မေ့မပစ်လိုက်ချင်ဘူး...ပင်လယ်...
ငါ...မင်းနဲ့အတူ အချစ်အကြောင်းကိုအတူတူသင်ယူချင်သေးတယ်ဆိုတာ...
-------
မနက်ခင်းကအမြဲတွေ့နေကျထက်ပို၍သာယာနေသလိုပါပဲ။
ရေကူးခြင်းကိုစွန့်လွှတ်လိုက်ကတည်းက မနက်ခင်းတွေမှာ မပြေးတာကြာပြီဖြစ်လို့ ခဏလေးပဲပြေးနိုင်တော့သည်။
နာရီကိုကြည့်တော့ ပြေးချိန်က မိနစ်သုံးဆယ်မပြည့်တပြည့်။
သက်လုံတော်တော်ကျနေတာပဲလို့သိလိုက်ပြီး ခေါင်းလေးကိုခါယမ်းမိသည်။
ဟိုအရင်လို သက်လုံပြန်တက်ဖို့အတွက် ပုံမှန်ပြန်ပြေးမှဖြစ်တော့မည်။
သူအိမ်ကနေထွက်လာတုန်းကတော့ စည်းကအိပ်နေဆဲပေမယ့် ပြန်ရောက်တော့နိုးနေပါပြီ။
'မောနင်း...ယုန်ပေါက်'
ကြမ်းပြင်ပေါ်မှာကုန်းကွလို့ထိုင်ပြီး ရေခဲသေတ္တာကိုဖွင့်ကာ ဘာလုပ်နေမှန်းမသိတဲ့စည်းဆီကပ်သွားပြီးနှုတ်ဆက်လိုက်တော့
သောက်ခါနီးရေခွက်ကြီးကိုင်ပြီး စည်းကထ,ရပ်လိုက်သည်။
ဒါပေမယ့် သူ့ခြေထောက်တွေကအပြည့်အဝဆန့်တန်းမလာခင်မှာပဲ ပိုတိုးကပ်လာတဲ့ ပင်လယ့်မျက်နှာလေးကြောင့် စည်းရဲ့မျက်ဝန်းတွေကပြူးခနဲ။
လုပ်ပြန်ပြီ...ဒီကောင်...။
ဆောင့်ခုန်သွားပြန်တဲ့ရင်ဘတ်ထဲကအသံကအပြင်ကနေတောင်ကြားလုနီးနီး။
ဟန်ကိုယ့်ဖို့လုပ်ပြီး စည်းက မျက်လုံးတွေက်ိုစူးရဲပစ်လိုက်ကာ...ပင်လယ့်ကိုငေါက်သည်။
'ငါ့ကိုဘာခေါ်လိုက်တယ်'
'ဘာခေါ်မိလို့လဲ...'
'ခုနကငါ့ကိုခေါ်လိုက်တာဘာလဲ....မင်း...မုန်လာဥမလုပ်နဲ့...'
ယုန်ပေါက်လို့ခေါ်လိုက်တာကို သဘောကျပုံမရတဲ့စည်းကိုကြည့်ပြီး ခွီခနဲရယ်ချင်သွားပေမယ့် ပင်လယ်ကကိုယ့်ဘာသာထိန်းလိုက်ကာ မသိချင်ယောင်ဆောင်သည်။
'သူ့ဘာသာရင်တွေခုန်ပြီးကြားချင်ရာကြားနေပြီးတော့....အူကြောင်ကြောင်နဲ့'
နှစ်ယောက်စလုံး အဲဒီကိစ္စကိုသိနှင့်ပြီးသားဆိုပေမယ့် အဲလိုကြီးဗြောင်ပြောတော့ စည်းရဲ့မျက်နှာမှာဆေးနီရည်တွေနဲ့အပက်ခံရသလိုဖျန်းခနဲ နီရဲလို့။
ဒါပေမယ့် လူကြီးဆိုတော့ ရှက်ရင် ရယ်တတ်တဲ့အမျိုးမို့ ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး ဟက်ခနဲထ,ရယ်လိုက်သည်။
ပြီးမှ ပင်လယ့်နဖူးကိုလက်ညိုးလက်မလေးကွေးပြီးတောက်ထည့်ပေးလိုက်တော့ ပင်လယ့်မျက်နှာလေးကမဲ့ခနဲ။
'ဘာလုပ်တာလဲ...နာတယ်...'
ဆံပင်တွေကိုနောက်ဘက်မှာတဝက်စုချည်ထားတဲ့ ပင်လယ့် ပုံစံလေးကကပိုကရိုလေးနဲ့ ပါးဖောင်းဖောင်းလေးကြောင့်ပိုပြီး ကလေးဆန်နေကာ ချွေးသီးတွေတွဲလွဲခိုနေတဲ့နဖူးလေးကစိုလက်လို့။
နာသွားလို့ရှုံ့မဲ့နေတဲ့မျက်နှာလေးကို စည်းကလက်ဖဝါးနှစ်ဖက်ထဲ ရုတ်တရက်ညှပ်ကိုင်ပြီးအနားကပ်လိုက်တော့ မျက်ဝန်းညိုလေးတွေကပြူးခနဲ။
ထို့အပြင် ပြည့်တင်းရဲစိုနေတဲ့နှုတ်ခမ်းလေးတွေပါဝိုင်းစုလာပြီး သူ့လက်ထဲကရုန်းဖို့ပြင်သည်။
'စည်း...မင်း...ဘာ...ဘာလုပ်မလို့လဲ...'
'ဘာလုပ်စေချင်လို့လဲ...'
လူကိုကြည့်တော့မခုတ်တတ်တဲ့ကြောင်ဒီဇိုင်းနဲ့ ဒီလိုတွေလဲညုတတ်ပုံရတဲ့စည်းရဲ့မျက်နှာကခါတိုင်းလိုမဟုတ်ဘဲ လန်းဆန်းလို့။
သူရုန်းနေတာကိုသဘောကျစွာရယ်ရင်းနဲ့ စည်းက သူ့မျက်ဝန်းတွေထဲသေချာစိုက်ကြည့်သည်။
'ဟိုမှာတုန်းကမင်းလဲ...ငါ့ကိုအဲလိုလုပ်တာလေ...မှတ်မိလား...
လူကိုမထိတထိလုပ်ခဲ့တာ...'
'----'
ဘယ်တုန်းကလဲဆိုတာစဉ်းစားစရာမလိုအောင်ကိုအကုန်လုံးသတိတရဖြစ်နေတဲ့ပင်လယ်က နှုတ်ခမ်းလေးကိုထပ်ထော်သည်။
'ဟွန့်...သူကအရင်လာစ,ထားပြီးတော့များ...'
'မင်း...ဆိုးတာလေးလဲ ထည့်ပြောပေးရင်ကောင်းမှာ...'
'စည်း...မင်း...နော်...လွှတ်စမ်းပါ...'
'ဘာလဲ..ငါ့ကျတော့မရဘူးလား...'
'ဟာ့...'
'မဟာနဲ့...'
'အာပုပ်စော်နံတယ်ကွာ...ရေသွားချိုးစမ်းပါ...သွား..'
သူ့အလှည့်ကျတော့ရှက်ကြောက်ရှာတဲ့ပင်လယ်ဆိုတဲ့ ကောင်လေးကို သဘောတွေကျပြီး စည်းတစ်ယောက်ထဲကျန်ခဲ့သည်။
ကောင်လေး....မင်းနဲ့ငါဆက်ရန်ရှိသေး၏။