ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

Por doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... Más

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(38)

278 14 1
Por doubleuwxyz



ထပ္ၿပီးစည္းရဲ႕အျပံဳးခ်ိဳခ်ိဳေတြကိုျမင္ေတြ႕ရပါဦးမွာမို႔ ေနပင္လယ္ ေပ်ာ္ပါသည္။
ျဖစ္ႏိုင္ရင္အခ်ိန္ေတြကိုခ်က္ခ်င္းေရြ႕ပစ္လိုက္ခ်င္ၿပီး မနက္ျဖန္ဒီကေနျပန္တာနဲ႔ အိမ္ေျပာင္းဖို႔အထိပါစဥ္းစားမိသည္။
ေတာ္ၾကာေန စည္းက အထင္လြဲသြားရင္လဲမေကာင္းဘူးမို႔ စိတ္ကိုသာခ်ိဳးႏွိမ္ပစ္လိုက္သည္။

အဲဒီတည္းခိုခန္းကိုလက္လြဲယူလိုက္တဲ့အေပၚကို စည္း...ဘယ္လိုထင္မလဲမသိေပမယ့္...
သူတို႔ႏွစ္ေယာက္ရဲ႕အမွတ္တရမ်ားစြာရွိသည့္တည္းခိုေဆာင္က ပင္လယ့္အတြက္ေတာ့ အေရးႀကီးသည္။

အလုပ္ပင္ပန္းလို႔ဆိုတဲ့အေၾကာင္းျပခ်က္ေလးနဲ႔ အဲဒီဒိုင္းမြန္းေဟာက္စ္က္ိုေရာက္လာခဲ့တဲ့ မႈန္ေတေတနဲ႔စည္းရဲ႕မ်က္ႏွာေလးကိုသူမေမ့ႏိုင္ေသး။
တကယ္လို႔မ်ား တေန႔ေန႔တခ်ိန္ခ်ိန္မွာ အဲဒီတုန္းကလိုမ်ိဳး စိတ္ပင္ပန္းလို႔ဆိုၿပီး တေနရာရာကိုထပ္ထြက္သြားဖို႔စိတ္ကူးထားသည္ဆိုလွ်င္ ထပ္ၿပီး ဒိုင္းမြန္းေဟာက္ဆီကိုပဲျဖစ္ေစခ်င္သည္။
ဒါ့ေၾကာင့္ စည္းအတြက္ခဏထြက္ေျပးပုန္းခိုလို႔ရမည့္ေနရာေလးအျဖစ္တည္းခိုေဆာင္ကိုသူဆက္လက္ရွိေစခ်င္တာ ျဖဴစင္တဲ့ေစတနာ။

အဲဒီအခ်ိန္ေတြအားလံုးက စည္း..အတြက္အမွတ္တမဲ့ဆိုရင္ေတာင္မွ...
သူ႔အတြက္ေတာ့ အမွတ္တရေတြျဖစ္ေနတာ...
အစကတည္းကသူ႔ဘက္ကမ႐ိုးသားဘူးလို႔စြပ္စြဲရင္လည္း ေက်နပ္ခ်င္ပါသည္။
ဘာလိုလိုခံစားခ်က္ေလးေတြက ခဏတာလား၊ ေရရွည္အတြက္လား ဆိုတာအတိအက်မသိေသးေပမယ့္ ေရွ႕ဆက္မည့္စိတ္ကူးကေတာ့မလြဲပါဘဲ။
ရရွိေနမယ့္အခြင့္ေရးမွန္သမွ်ကိုမက္မက္ေမာေမာနဲ႔ ေရွ႕တက္တိုးၿပီး တေန႔နာက်င္ရမယ္ဆိုရင္ေတာင္မွ လက္ခံႏိုင္ပါသည္။

အဲဒီအစား စည္းနဲ႔သာေရွ႕ဆက္ပတ္သက္ခြင့္ကိုသာေသခ်ာေစလို၏။

(🎋🎋🎋🎋🎋တစ္ဖက္သတ္

မရြာျဖစ္ခဲ့တဲ့မိုးတိမ္ေတြအေၾကာင္းစဥ္းစားမိေတာ့
မကုသျဖစ္လိုက္တဲ့ဒဏ္ရာေတြကနာလာတယ္
ကိုယ္ၾကင္နာခ်င္ခဲ့သမွ်နာက်င္ရတဲ့အေၾကာင္းျပခ်က္က
ဝန္ခံဖို႔မဝံ့မရဲခဲ့တာဆိုရင္
ကိုယ့္သတိၱေတြမရွိရျခင္းဟာ
သူျပန္မခ်စ္ႏိုင္ျခင္းနဲ႔အခ်ိဳးက်တယ္လို႔ယူဆရမွာေပါ့ေလ...)
-----------

ေရႊ႐ုပ္ကိုအလည္အပတ္ပို႔ဖို႔ပလန္ဆြဲရင္း တနဂၤေႏြေန႔အားလပ္ရက္ရထားတဲ့ မိုနာလဲသူတို႔သံုးေယာက္ၾကားထဲပါလာခဲ့သည္။
ေရႊ႐ုပ္က ကေလးတစ္ပိုင္းလူႀကီးတစ္ပိုင္းအရြယ္ေလးမို႔ကစားကြင္းသြားခ်င္ေၾကာင္းေျပာသည္။

'ေရႊပင္လယ္ကစားကြင္းသြားၾကမယ္ေနာ္...
အဲဒီမွာစီးစရာေတြစံုတယ္...'

အစီစဥ္စကတည္းက ေရႊ႐ုပ္က ဟ္ိုဟာစီးမယ္၊ ဒီဟာစီးမယ္နဲ႔...
သူစီးခ်င္တာေတြလိုက္ၾကည့္ေတာ့ အာကာသထဲတက္ပ်ံေနေလာက္တဲ့ စူပါ့စူပါမိုးပ်ံရထားေတြ၊ ကားေတြခ်ည္း။
ပင္လယ္ကအျမင့္မေၾကာက္ေပမယ့္...ဟိုဟာဒီဟာစီးရမွာေတာ့မရဲေပ။
မိုနာနဲ႔ စည္းကလည္း ကေလးမဟုတ္ေတာ့ အဲဒါမ်ိဳးေတြကိုမစီးခ်င္ေပ။
ေရႊ႐ုပ္ကလည္း သူမေလးတစ္ေယာက္ထဲမစီးခ်င္ဘဲ အားလံုးကိုပါေအာင္ေခၚသည္။

'one day pass ဝယ္ထားတာႏွေမ်ာတယ္...အားလံုးစီးရမယ္...'

'No way. မစီးဘူး...ၾကည့္ရတာေတာင္မူးတယ္'

ပင္လယ့္က္ိုၾကည့္ေတာ့ ေခြ်းေစးေတြပါပ်ံခ်င္ေနတဲ့ပံုမို႔ ေရႊ႐ုပ္ကပိုေနာက္ခ်င္လာကာတမင္အက်ပ္ကိုင္သည္။

'ဟင့္အင္း...အားလံုးစီးရမယ္...
အေနာ့္ကိုခ်စ္ရင္ ဒီတစ္ခုပဲအတူတူစီးေပး က်န္တာကိုယ့္တစ္ေယာက္ထဲစီးမယ္...'

အက်ပ္ကိုင္ၿပီးလက္မွတ္စစ္ဆီလက္မွတ္သြားျပကာ ေခါင္းခါေနတဲ့လူႀကီးသံုးေယာက္စလံုးကိုဆြဲထည့္သည္။

'မမကသမီးေဘးမွာေန...ကိုႀကီးတို႔ကအေနာက္သြား'

စည္းနဲ႔အတူတူျဖစ္သြားတာကိုၾကည္ႏူးေပမယ့္...ပင္လယ္...အက်ပ္႐ိုက္ေနတာ...ေဝ့လိုက္၊ ဝိုက္လိုက္၊ ဝွီးခနဲျဖတ္ဆင္းလာလိုက္၊ ျပန္တက္သြားလိုက္ျဖစ္ေနတဲ့ ကိုစတာႀကီးကေခါင္းကိုက္ခ်င္စရာ။
လူအုပ္ၾကားမွာဘယ္လိုမွလွည့္ၿပီးျပန္ေျပးလို႔မရတာေၾကာင့္ ေနရာမွာထိုင္ခ်ၿပီးထိုင္ခံုခါးပတ္ကိုပဲတင္းေအာင္ခ်ည္လိုက္ရသည္။

စထြက္ကတည္းက စည္းရဲ႕ခါးကိုလွမ္းဖက္တဲ့သူ႔လက္ဖ်ားေတြေအးစက္ေနတာကသိသာလြန္းသည္မို႔...စည္းကသနားၿပီး သူ႔လက္ကေလးကိုဆုပ္ကိုင္ေပးထားသည္။

'မင္းကလည္းခဏပဲကြာ...သံုးမိနစ္ေလာက္ေလးကို...'

သံုးမိနစ္မေျပာနဲ႔ သံုးဆယ္စကၠန္႔ေလာက္ေတာင္ သည္းမခံႏိုင္တာ ဘယ္လိုရွင္းျပရမလဲ။
သူ႔လက္ကိုလာဆုပ္ထားတဲ့စည္းရဲ႕လက္ကိုပဲအားကိုးတႀကီးျပန္ဆုပ္ရင္း မ်က္လံုးစံုမွိတ္ၿပီးစီးခဲ့ရတယ္။
ေၾကာက္လို႔တသက္လံုးမစီးခဲ့ဖူးတဲ့ ကိုစတာႀကီးေပၚမွာ ကိုယ္သေဘာက်တဲ့သူနဲ႔လက္ခ်င္းဆုပ္ရက္ေလး စီးခဲ့ရေတာ့လည္း ေက်နပ္ရပါတယ္။
ဒါေပမယ့္လည္း အဆင္မေျပတာကအဆင္မေျပတာပဲျဖစ္ၿပီး...
ေအာက္ျပန္ေရာက္လာခ်ိန္မွာေတာ့ သန္႔စင္ခန္းေျပးကာ ေအာ့အန္ရတဲ့အထိအဆင္ဆိုးသြားခဲ့၏။
ဒါကိုေရႊ႐ုပ္ေလးကၾကည့္ရင္းေခါင္းကိုခါသည္။

"တမင္တကာဖန္တီးေပးရတာ...မတန္ဘူး...မတန္ဘူး...ကိုပင္လယ္ႀကီး ညံ့လွတယ္...'

(ဤမွစ၍ေရႊ႐ုပ္၏ခေလာက္ဆန္မႈစတင္၏။😎😎😎)
-----------

Unicode


ထပ်ပြီးစည်းရဲ့အပြုံးချိုချိုတွေကိုမြင်တွေ့ရပါဦးမှာမို့ နေပင်လယ် ပျော်ပါသည်။
ဖြစ်နိုင်ရင်အချိန်တွေကိုချက်ချင်းရွေ့ပစ်လိုက်ချင်ပြီး မနက်ဖြန်ဒီကနေပြန်တာနဲ့ အိမ်ပြောင်းဖို့အထိပါစဉ်းစားမိသည်။
တော်ကြာနေ စည်းက အထင်လွဲသွားရင်လဲမကောင်းဘူးမို့ စိတ်ကိုသာချိုးနှိမ်ပစ်လိုက်သည်။

အဲဒီတည်းခိုခန်းကိုလက်လွဲယူလိုက်တဲ့အပေါ်ကို စည်း...ဘယ်လိုထင်မလဲမသိပေမယ့်...
သူတို့နှစ်ယောက်ရဲ့အမှတ်တရများစွာရှိသည့်တည်းခိုဆောင်က ပင်လယ့်အတွက်တော့ အရေးကြီးသည်။

အလုပ်ပင်ပန်းလို့ဆိုတဲ့အကြောင်းပြချက်လေးနဲ့ အဲဒီဒိုင်းမွန်းဟောက်စ်က်ိုရောက်လာခဲ့တဲ့ မှုန်တေတေနဲ့စည်းရဲ့မျက်နှာလေးကိုသူမမေ့နိုင်သေး။
တကယ်လို့များ တနေ့နေ့တချိန်ချိန်မှာ အဲဒီတုန်းကလိုမျိုး စိတ်ပင်ပန်းလို့ဆိုပြီး တနေရာရာကိုထပ်ထွက်သွားဖို့စိတ်ကူးထားသည်ဆိုလျှင် ထပ်ပြီး ဒိုင်းမွန်းဟောက်ဆီကိုပဲဖြစ်စေချင်သည်။
ဒါ့ကြောင့် စည်းအတွက်ခဏထွက်ပြေးပုန်းခိုလို့ရမည့်နေရာလေးအဖြစ်တည်းခိုဆောင်ကိုသူဆက်လက်ရှိစေချင်တာ ဖြူစင်တဲ့စေတနာ။

အဲဒီအချိန်တွေအားလုံးက စည်း..အတွက်အမှတ်တမဲ့ဆိုရင်တောင်မှ...
သူ့အတွက်တော့ အမှတ်တရတွေဖြစ်နေတာ...
အစကတည်းကသူ့ဘက်ကမရိုးသားဘူးလို့စွပ်စွဲရင်လည်း ကျေနပ်ချင်ပါသည်။
ဘာလိုလိုခံစားချက်လေးတွေက ခဏတာလား၊ ရေရှည်အတွက်လား ဆိုတာအတိအကျမသိသေးပေမယ့် ရှေ့ဆက်မည့်စိတ်ကူးကတော့မလွဲပါဘဲ။
ရရှိနေမယ့်အခွင့်ရေးမှန်သမျှကိုမက်မက်မောမောနဲ့ ရှေ့တက်တိုးပြီး တနေ့နာကျင်ရမယ်ဆိုရင်တောင်မှ လက်ခံနိုင်ပါသည်။

အဲဒီအစား စည်းနဲ့သာရှေ့ဆက်ပတ်သက်ခွင့်ကိုသာသေချာစေလို၏။

(🎋🎋🎋🎋🎋တစ်ဖက်သတ်

မရွာဖြစ်ခဲ့တဲ့မိုးတိမ်တွေအကြောင်းစဉ်းစားမိတော့
မကုသဖြစ်လိုက်တဲ့ဒဏ်ရာတွေကနာလာတယ်
ကိုယ်ကြင်နာချင်ခဲ့သမျှနာကျင်ရတဲ့အကြောင်းပြချက်က
ဝန်ခံဖို့မဝံ့မရဲခဲ့တာဆိုရင်
ကိုယ့်သတ္တိတွေမရှိရခြင်းဟာ
သူပြန်မချစ်နိုင်ခြင်းနဲ့အချိုးကျတယ်လို့ယူဆရမှာပေါ့လေ...)
-----------

ရွှေရုပ်ကိုအလည်အပတ်ပို့ဖို့ပလန်ဆွဲရင်း တနင်္ဂနွေနေ့အားလပ်ရက်ရထားတဲ့ မိုနာလဲသူတို့သုံးယောက်ကြားထဲပါလာခဲ့သည်။
ရွှေရုပ်က ကလေးတစ်ပိုင်းလူကြီးတစ်ပိုင်းအရွယ်လေးမို့ကစားကွင်းသွားချင်ကြောင်းပြောသည်။

'ရွှေပင်လယ်ကစားကွင်းသွားကြမယ်နော်...
အဲဒီမှာစီးစရာတွေစုံတယ်...'

အစီစဉ်စကတည်းက ရွှေရုပ်က ဟ်ိုဟာစီးမယ်၊ ဒီဟာစီးမယ်နဲ့...
သူစီးချင်တာတွေလိုက်ကြည့်တော့ အာကာသထဲတက်ပျံနေလောက်တဲ့ စူပါ့စူပါမိုးပျံရထားတွေ၊ ကားတွေချည်း။
ပင်လယ်ကအမြင့်မကြောက်ပေမယ့်...ဟိုဟာဒီဟာစီးရမှာတော့မရဲပေ။
မိုနာနဲ့ စည်းကလည်း ကလေးမဟုတ်တော့ အဲဒါမျိုးတွေကိုမစီးချင်ပေ။
ရွှေရုပ်ကလည်း သူမလေးတစ်ယောက်ထဲမစီးချင်ဘဲ အားလုံးကိုပါအောင်ခေါ်သည်။

'one day pass ဝယ်ထားတာနှမျောတယ်...အားလုံးစီးရမယ်...'

'No way. မစီးဘူး...ကြည့်ရတာတောင်မူးတယ်'

ပင်လယ့်က်ိုကြည့်တော့ ချွေးစေးတွေပါပျံချင်နေတဲ့ပုံမို့ ရွှေရုပ်ကပိုနောက်ချင်လာကာတမင်အကျပ်ကိုင်သည်။

'ဟင့်အင်း...အားလုံးစီးရမယ်...
အနော့်ကိုချစ်ရင် ဒီတစ်ခုပဲအတူတူစီးပေး ကျန်တာကိုယ့်တစ်ယောက်ထဲစီးမယ်...'

အကျပ်ကိုင်ပြီးလက်မှတ်စစ်ဆီလက်မှတ်သွားပြကာ ခေါင်းခါနေတဲ့လူကြီးသုံးယောက်စလုံးကိုဆွဲထည့်သည်။

'မမကသမီးဘေးမှာနေ...ကိုကြီးတို့ကအနောက်သွား'

စည်းနဲ့အတူတူဖြစ်သွားတာကိုကြည်နူးပေမယ့်...ပင်လယ်...အကျပ်ရိုက်နေတာ...ဝေ့လိုက်၊ ဝိုက်လိုက်၊ ဝှီးခနဲဖြတ်ဆင်းလာလိုက်၊ ပြန်တက်သွားလိုက်ဖြစ်နေတဲ့ ကိုစတာကြီးကခေါင်းကိုက်ချင်စရာ။
လူအုပ်ကြားမှာဘယ်လိုမှလှည့်ပြီးပြန်ပြေးလို့မရတာကြောင့် နေရာမှာထိုင်ချပြီးထိုင်ခုံခါးပတ်ကိုပဲတင်းအောင်ချည်လိုက်ရသည်။

စထွက်ကတည်းက စည်းရဲ့ခါးကိုလှမ်းဖက်တဲ့သူ့လက်ဖျားတွေအေးစက်နေတာကသိသာလွန်းသည်မို့...စည်းကသနားပြီး သူ့လက်ကလေးကိုဆုပ်ကိုင်ပေးထားသည်။

'မင်းကလည်းခဏပဲကွာ...သုံးမိနစ်လောက်လေးကို...'

သုံးမိနစ်မပြောနဲ့ သုံးဆယ်စက္ကန့်လောက်တောင် သည်းမခံနိုင်တာ ဘယ်လိုရှင်းပြရမလဲ။
သူ့လက်ကိုလာဆုပ်ထားတဲ့စည်းရဲ့လက်ကိုပဲအားကိုးတကြီးပြန်ဆုပ်ရင်း မျက်လုံးစုံမှိတ်ပြီးစီးခဲ့ရတယ်။
ကြောက်လို့တသက်လုံးမစီးခဲ့ဖူးတဲ့ ကိုစတာကြီးပေါ်မှာ ကိုယ်သဘောကျတဲ့သူနဲ့လက်ချင်းဆုပ်ရက်လေး စီးခဲ့ရတော့လည်း ကျေနပ်ရပါတယ်။
ဒါပေမယ့်လည်း အဆင်မပြေတာကအဆင်မပြေတာပဲဖြစ်ပြီး...
အောက်ပြန်ရောက်လာချိန်မှာတော့ သန့်စင်ခန်းပြေးကာ အော့အန်ရတဲ့အထိအဆင်ဆိုးသွားခဲ့၏။
ဒါကိုရွှေရုပ်လေးကကြည့်ရင်းခေါင်းကိုခါသည်။

"တမင်တကာဖန်တီးပေးရတာ...မတန်ဘူး...မတန်ဘူး...ကိုပင်လယ်ကြီး ညံ့လှတယ်...'

(ဤမှစ၍ရွှေရုပ်၏ခလောက်ဆန်မှုစတင်၏။😎😎😎)
-----------

Seguir leyendo

También te gustarán

12.3K 1K 8
Lbcထဲက Tin can char မဟုတ်ပဲ အပြင်က mean plan char နဲ့​ေရးထားတာပါ။ 💚 တည်ငြိမ် ပြီး အစားအသောက်တွေဖန်တီးရတာနှစ်သက်တဲ့ food majorမှ P Planနဲ့ 💙 အမြဲတက်...
78.1K 6.9K 14
အဆံုးမ႐ွိ‌ႏုိင္‌ေသာ အခ်စ္‌တို႔ျဖင္‌့ ကြၽန္‌ေတာ္‌ သူ႕ကို ခ်စ္‌သည္‌....
46.7K 6.7K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
95.9K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]