ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

Par doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... Plus

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(36)

319 12 0
Par doubleuwxyz

ထာဝရတည္ေစခ်င္ေသာ

ကိုယ့္ဘာသာဘယ္လိုပဲေမးေမး..
ပင္လယ္ကအေမ့ဆီမွာ အတူတူသြားမေနခ်င္တာေတာ့ေသခ်ာသည္။
မေနႏိုင္လို႔ျပန္ေျပးခဲ့ရတဲ့ထိုႏိုင္ငံရပ္ျခားကို...ျပန္မသြားခ်င္သလို လက္ရွိမွာလုပ္လိုသည့္အလုပ္အကိုင္နဲ႔ ျဖစ္ခ်င္သည့္ဆႏၵတို႔က....လံုးဝနတၳိမရွိ။

'ဆႏၵမရွိေပမယ့္....လုပ္သင့္တာေတြကိုေတာ့သိထားရမယ္'

အဲဒီလိုေျပာခဲ့ဖူးတဲ့စည္းရဲ႕စကားေလးကိုသတိရမိေတာ့ ထပ္ၿပီးေလးေလးနက္နက္ေတြးေတာဖို႔ႀကိဳးစားမိျပန္သည္။
သို႔ေသာ္လည္း လုပ္စရာဆိုလို႔ ကားအစုတ္ေလးကိုျပန္ျပင္ရမယ့္ကိစၥကလြဲၿပီး ဘယ္လိုအေျဖမွမရ။
ရပ္နားေတာ့မွာဆိုတဲ့ အဲဒီဒိုင္းမြန္းေဟာက္စ္ေလးကိုႏွေမ်ာတသ,စြာနဲ႔ပဲ သူ ေငးၾကည့္ေနျဖစ္ခဲ့သည္။
အခုခ်က္ခ်င္းနႈတ္ဆက္ထြက္ခြာစရာမလိုေပမယ့္...ဒီတည္းခိုေဆာင္ေလးကိုခြဲရမွာဝမ္းနည္းမိသည္။
ေနာက္တႀကိမ္ထပ္ၿပီး ဒီေနရာေလးကိုလာခြင့္ရွိဦးမလား...?...မေသခ်ာေပ။
မီးေရာင္မွိန္မွိန္ေအာက္မွာ...အခန္းေလးကိုေဝ့ဝဲၾကည့္မိေတာ့ ဒီအခန္းေလးထဲမွာအတူတူရွိခဲ့ဖူးတဲ့စည္းကိုသတိတရျဖစ္ခ်င္လာျပန္၏။
အခုခ်ိန္ထိေပ်ာက္မသြားဘဲ စည္းရဲ႕ကိုယ္ေငြ႕ေတြ၊ ကိုယ္သင္းရနံ့ေတြကဒီအခန္ယေလးထဲမွာက်န္ရွိေနဆဲ။
အိပ္ယာေလးေပၚမွာထိုင္ေနလ်က္နဲ႔ စည္းအိပ္သြားတဲ့ေခါင္းအံုးေလးကိုဆြဲယူၿပီးတရိႈက္မက္မက္နမ္းလိုက္မိသည္။
ဘယ္လိုဘယ္ပံုနဲ႔ထိုလူကိုတြယ္တာသြားမိခဲ့သလဲဆိုတာေသခ်ာမသိေပမယ့္ ႐ိုးသားမေနခဲ့တာေတာ့ထင္ရွား၏။

ဘာနဲ႔မွမတူတဲ့ရနံ့ေလးကိုပဲရင္ထဲစြဲသြားေအာင္မွတ္သားေနရမိရင္း သူ႔ကိုယ္ေငြ႕ေတြနဲ႔ေႏြးေထြးလွတဲ့အိပ္ယာခင္းေလးေပၚမွာ အလြမ္းတို႔ကစတင္စီးဆင္းလာ၏။
ဒီေနရာေလးမွာပဲ ခ်န္ထားခံခဲ့ရေတာ့လဲ နာက်င္ရင္း
ဒီေနရာေလးကိုခြဲခြာရမယ္ဆိုေတာ့လဲ နာက်င္ရင္း...
အေျပာင္းလဲမ်ားစြာကိုသေဘာက်တတ္တဲ့ ပင္လယ္က အခုဆိုရင္ ေျပာင္းလဲမႈေတြကိုမုန္းတီးခ်င္ေနၿပီ။
ဒီေနရာကေနနႈတ္ဆက္ထြက္ခြာၿပီး အသစ္အသစ္ေသာေဒသေတြဆီကို သူ...ထပ္ၿပီးရြက္က်ပင္ေပါက္မလုပ္ခ်င္ေတာ့ပါဘူး။
အသစ္အသစ္ေသာလူေတြ၊ အရာဝတၳဳေတြကိုလည္း ထပ္ၿပီးမဆံုခ်င္ေတာ့ဘူး။
ဘယ္အခ်ိန္ကတည္းက သူကအသစ္သစ္ေသာအရာေတြကိုသေဘာမက်ေတာ့တာလဲဆိုတာမသိေပမယ့္...
အသစ္ဆိုရင္ ေလွ်ာ္ဖြတ္ၿပီးတဖန္ျပန္ဆန္းသစ္သြားမွာေတြကိုေတာင္မလိုခ်င္ေတာ့တဲ့အထိ။
ေပြ႕ဖက္ထားတဲ့ေခါင္းအံုးေလးနဲ႔ အိပ္ယာခင္းေလးေတြကိုလည္း ေလ်ာ္ဖြတ္ပစ္ဖို႔စိတ္ကူးမရဘဲ ဒီတိုင္းထားထားမိတာကသက္ေသပါပဲ။
အဲဒီလိုအမွတ္တရေတြကိုဘာတစ္ခုမွေပ်ာက္ပ်က္မသြားေစခ်င္ေတာ့ဘဲ ဒီအတိုင္းေလးထိန္းသိမ္းခ်င္တဲ့စိတ္တို႔ကတဖြားဖြားျဖစ္ေပၚလာခဲ့ရင္း...
ဖြင့္ေျပာခြင့္မသာခဲ့တဲ့ႏွလံုးသားေလးထဲကရင္ခုန္သံအစအနေတြကိုလဲ ထပ္သိမ္းဆည္းဖို႔ႀကိဳးစားရသည္။
ဒီတည္းခိုရာေလးနဲ႔အတူ ႏွလံုးသားေလးလဲမခြဲအတူရွိႏိုင္ရင္ေကာင္းမည္။

ေတာင္ေတြးေျမာက္ေတြးနဲ႔ ထပ္ခိုးေလးဆီမွ တျဖည္းျဖည္းေအာက္ထပ္သို႔ဆင္းလာခဲ့မိၿပီး
သတိဝင္သြားတဲ့အခ်ိန္မွာ စည္း ေနခဲ့ဖူးတဲ့အခန္းနံပတ္ (5) ထဲသို႔ သူ...ေရာက္ေနခဲ့၏။
လူလူသူသူမရွိေတာ့တဲ့တည္းခိုေဆာင္ႀကီးတစ္ခုလံုးေျခာက္ကပ္ေနေပမယ့္ ဒီအခန္းေလးကေတာ့အၿမဲေႏြးေထြးေနတတ္သည္။
မီးေတြကိုလင္းထိန္သြားေအာင္ဖြင့္ၿပီးမွညအိပ္မီးမွိန္မွိန္ျဖစ္ေအာင္ျပန္မွိတ္လိုက္သည္။
ေမွာင္ရီၿဖိဳးျဖအလင္းေရာင္ကိုပံုမွန္ဆိုလွ်င္ေၾကာက္မိေပမယ့္...
ေႏြးေနေသာႏွလံုးသားကေၾကာက္ရြံ့စိတ္ကိုဖုံးကြယ္ထားတာမို႔ ဒီအခ်ိန္မွာေတာ့မေၾကာက္ေတာ့ဘူး။

ေႏြးတယ္...
သူ႔ဆီကေနရခဲ့တဲ့အေႏြးဓါတ္ေလးက အခုထိ...ေႏြးတယ္။
နႈတ္ခမ္းသားႏုႏုေတြရဲ႕အထိေတြ႕ေတြလည္း အခုထိ...ေႏြးတယ္။
ဘယ္ဘက္ရင္အံုဆီကလည္း သတိေတြအႀကိမ္ႀကိမ္ေပးတယ္...။

(အခ်စ္ဆိုတာ.....
သိမ္းထုပ္ထားလည္း
ပုပ္သြားမယ့္အရာမွမဟုတ္တာ
ဘာေျကာင့္ျဖစ္သင့္တာထက္ေက်ာ္လြန္ျပီး
ဘာေျကာင့္ကိုယ့္ဒဏ္ရာကိုကိုယ္ဖန္တီးျကသလဲ
အခ်စ္ဆိုတာ.....
သီးသန္႔သူ႔နန္းေတာ္နဲ႕သူ
တစ္ထီးတစ္နန္းျဖစ္တည္တဲ့ဘုရင္တစ္ပါး
ဂုဏ္ျဒပ္ခ်င္းမတူရင္
ေရာစပ္ရတာအႏၱရာယ္မ်ားတယ္
ထပ္တူက်ျခင္းအတြက္ေတာ့
အခ်စ္က
စည္းကမ္းတင္းက်ပ္လြန္းတဲ့ေဖာ္ျမဴလာနဲ႕ျဖစ္တည္တဲ့အရာ
ဒါ့ေျကာင့္ခံစားခ်က္
ေမွ်ာ္လင့္ခ်က္တခ်ိဳ႕နဲ႕
ခ်ိန္ညွိျခင္းသည္းခံျကပါ)

Unicode

ထာဝရတည်စေချင်သော

ကိုယ့်ဘာသာဘယ်လိုပဲမေးမေး..
ပင်လယ်ကအမေ့ဆီမှာ အတူတူသွားမနေချင်တာတော့သေချာသည်။
မနေနိုင်လို့ပြန်ပြေးခဲ့ရတဲ့ထိုနိုင်ငံရပ်ခြားကို...ပြန်မသွားချင်သလို လက်ရှိမှာလုပ်လိုသည့်အလုပ်အကိုင်နဲ့ ဖြစ်ချင်သည့်ဆန္ဒတို့က....လုံးဝနတ္ထိမရှိ။

'ဆန္ဒမရှိပေမယ့်....လုပ်သင့်တာတွေကိုတော့သိထားရမယ်'

အဲဒီလိုပြောခဲ့ဖူးတဲ့စည်းရဲ့စကားလေးကိုသတိရမိတော့ ထပ်ပြီးလေးလေးနက်နက်တွေးတောဖို့ကြိုးစားမိပြန်သည်။
သို့သော်လည်း လုပ်စရာဆိုလို့ ကားအစုတ်လေးကိုပြန်ပြင်ရမယ့်ကိစ္စကလွဲပြီး ဘယ်လိုအဖြေမှမရ။
ရပ်နားတော့မှာဆိုတဲ့ အဲဒီဒိုင်းမွန်းဟောက်စ်လေးကိုနှမျောတသ,စွာနဲ့ပဲ သူ ငေးကြည့်နေဖြစ်ခဲ့သည်။
အခုချက်ချင်းနှုတ်ဆက်ထွက်ခွာစရာမလိုပေမယ့်...ဒီတည်းခိုဆောင်လေးကိုခွဲရမှာဝမ်းနည်းမိသည်။
နောက်တကြိမ်ထပ်ပြီး ဒီနေရာလေးကိုလာခွင့်ရှိဦးမလား...?...မသေချာပေ။
မီးရောင်မှိန်မှိန်အောက်မှာ...အခန်းလေးကိုဝေ့ဝဲကြည့်မိတော့ ဒီအခန်းလေးထဲမှာအတူတူရှိခဲ့ဖူးတဲ့စည်းကိုသတိတရဖြစ်ချင်လာပြန်၏။
အခုချိန်ထိပျောက်မသွားဘဲ စည်းရဲ့ကိုယ်ငွေ့တွေ၊ ကိုယ်သင်းရနံ့တွေကဒီအခန်ယလေးထဲမှာကျန်ရှိနေဆဲ။
အိပ်ယာလေးပေါ်မှာထိုင်နေလျက်နဲ့ စည်းအိပ်သွားတဲ့ခေါင်းအုံးလေးကိုဆွဲယူပြီးတရှိုက်မက်မက်နမ်းလိုက်မိသည်။
ဘယ်လိုဘယ်ပုံနဲ့ထိုလူကိုတွယ်တာသွားမိခဲ့သလဲဆိုတာသေချာမသိပေမယ့် ရိုးသားမနေခဲ့တာတော့ထင်ရှား၏။

ဘာနဲ့မှမတူတဲ့ရနံ့လေးကိုပဲရင်ထဲစွဲသွားအောင်မှတ်သားနေရမိရင်း သူ့ကိုယ်ငွေ့တွေနဲ့နွေးထွေးလှတဲ့အိပ်ယာခင်းလေးပေါ်မှာ အလွမ်းတို့ကစတင်စီးဆင်းလာ၏။
ဒီနေရာလေးမှာပဲ ချန်ထားခံခဲ့ရတော့လဲ နာကျင်ရင်း
ဒီနေရာလေးကိုခွဲခွာရမယ်ဆိုတော့လဲ နာကျင်ရင်း...
အပြောင်းလဲများစွာကိုသဘောကျတတ်တဲ့ ပင်လယ်က အခုဆိုရင် ပြောင်းလဲမှုတွေကိုမုန်းတီးချင်နေပြီ။
ဒီနေရာကနေနှုတ်ဆက်ထွက်ခွာပြီး အသစ်အသစ်သောဒေသတွေဆီကို သူ...ထပ်ပြီးရွက်ကျပင်ပေါက်မလုပ်ချင်တော့ပါဘူး။
အသစ်အသစ်သောလူတွေ၊ အရာဝတ္ထုတွေကိုလည်း ထပ်ပြီးမဆုံချင်တော့ဘူး။
ဘယ်အချိန်ကတည်းက သူကအသစ်သစ်သောအရာတွေကိုသဘောမကျတော့တာလဲဆိုတာမသိပေမယ့်...
အသစ်ဆိုရင် လျှော်ဖွတ်ပြီးတဖန်ပြန်ဆန်းသစ်သွားမှာတွေကိုတောင်မလိုချင်တော့တဲ့အထိ။
ပွေ့ဖက်ထားတဲ့ခေါင်းအုံးလေးနဲ့ အိပ်ယာခင်းလေးတွေကိုလည်း လျော်ဖွတ်ပစ်ဖို့စိတ်ကူးမရဘဲ ဒီတိုင်းထားထားမိတာကသက်သေပါပဲ။
အဲဒီလိုအမှတ်တရတွေကိုဘာတစ်ခုမှပျောက်ပျက်မသွားစေချင်တော့ဘဲ ဒီအတိုင်းလေးထိန်းသိမ်းချင်တဲ့စိတ်တို့ကတဖွားဖွားဖြစ်ပေါ်လာခဲ့ရင်း...
ဖွင့်ပြောခွင့်မသာခဲ့တဲ့နှလုံးသားလေးထဲကရင်ခုန်သံအစအနတွေကိုလဲ ထပ်သိမ်းဆည်းဖို့ကြိုးစားရသည်။
ဒီတည်းခိုရာလေးနဲ့အတူ နှလုံးသားလေးလဲမခွဲအတူရှိနိုင်ရင်ကောင်းမည်။

တောင်တွေးမြောက်တွေးနဲ့ ထပ်ခိုးလေးဆီမှ တဖြည်းဖြည်းအောက်ထပ်သို့ဆင်းလာခဲ့မိပြီး
သတိဝင်သွားတဲ့အချိန်မှာ စည်း နေခဲ့ဖူးတဲ့အခန်းနံပတ် (5) ထဲသို့ သူ...ရောက်နေခဲ့၏။
လူလူသူသူမရှိတော့တဲ့တည်းခိုဆောင်ကြီးတစ်ခုလုံးခြောက်ကပ်နေပေမယ့် ဒီအခန်းလေးကတော့အမြဲနွေးထွေးနေတတ်သည်။
မီးတွေကိုလင်းထိန်သွားအောင်ဖွင့်ပြီးမှညအိပ်မီးမှိန်မှိန်ဖြစ်အောင်ပြန်မှိတ်လိုက်သည်။
မှောင်ရီဖြိုးဖြအလင်းရောင်ကိုပုံမှန်ဆိုလျှင်ကြောက်မိပေမယ့်...
နွေးနေသောနှလုံးသားကကြောက်ရွံ့စိတ်ကိုဖုံးကွယ်ထားတာမို့ ဒီအချိန်မှာတော့မကြောက်တော့ဘူး။

နွေးတယ်...
သူ့ဆီကနေရခဲ့တဲ့အနွေးဓါတ်လေးက အခုထိ...နွေးတယ်။
နှုတ်ခမ်းသားနုနုတွေရဲ့အထိတွေ့တွေလည်း အခုထိ...နွေးတယ်။
ဘယ်ဘက်ရင်အုံဆီကလည်း သတိတွေအကြိမ်ကြိမ်ပေးတယ်...။

(အချစ်ဆိုတာ.....
သိမ်းထုပ်ထားလည်း
ပုပ်သွားမယ့်အရာမှမဟုတ်တာ
ဘာကြောင့်ဖြစ်သင့်တာထက်ကျော်လွန်ပြီး
ဘာကြောင့်ကိုယ့်ဒဏ်ရာကိုကိုယ်ဖန်တီးကြသလဲ
အချစ်ဆိုတာ.....
သီးသန့်သူ့နန်းတော်နဲ့သူ
တစ်ထီးတစ်နန်းဖြစ်တည်တဲ့ဘုရင်တစ်ပါး
ဂုဏ်ဒြပ်ချင်းမတူရင်
ရောစပ်ရတာအန္တရာယ်များတယ်
ထပ်တူကျခြင်းအတွက်တော့
အချစ်က
စည်းကမ်းတင်းကျပ်လွန်းတဲ့ဖော်မြူလာနဲ့ဖြစ်တည်တဲ့အရာ
ဒါ့ကြောင့်ခံစားချက်
မျှော်လင့်ချက်တချို့နဲ့
ချိန်ညှိခြင်းသည်းခံကြပါ)

Continuer la Lecture

Vous Aimerez Aussi

16.9K 3.6K 52
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
235K 23K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
418 96 10
"ချစ်ခြင်းရဲ့ တခြားပုံစံက ကာကွယ်စောင့်ရှောက်ပေးခြင်းတဲ့" "ခ်စ္ျခင္းရဲ႕ တျခားပုံစံက ကာကြယ္ေစာင့္ေရွာက္ေပးျခင္းတဲ့" Huening Kai X Kang Taehyun TXT Fanf...
18.4K 1.5K 23
[Zawgyi] လူ​ေတြက​ေတာ့ အခ်စ္​ကိုပံုစံနွစ္​မ်ိဳးနဲ႔အဓိပၸာယ္​ဖြင္​့ၾကတယ္​။​ ​ေပးဆပ္​ျခင္​းန႔ဲရယူျခင္​းတဲ့။ ကိုယ္​က​ေတာ့ ဘယ္​လိုနည္​းနဲ႔ဘဲခ်စ္​ခ်စ္​ အဓိက...