ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

Oleh doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... Lebih Banyak

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(33)

279 16 0
Oleh doubleuwxyz

SEA

'မနက္ျဖန္...မင္းဦးေလးဆီသြားအံုးမလား...စည္း...'

'အင္း....မင္း...လိုက္ခဲ့မလား...ေတြ႕ၿပီးမွျပန္ေပါ့'

'အြန္း'

'ဆယ့္ႏွစ္ထိုးေနၿပီ...အိပ္ေတာ့...ငါဆိုဖာမွာပဲအိပ္လိုက္မယ္...မင္းအခန္းမင္းသြားအိပ္...'

စည္းက...သူ႔ကိုအခန္းထဲေပးအိပ္ရမလား...ဒရင္းမ္ဘက္ခ်ၿပီးသူပါအျပင္မွာအိပ္ရမလားစဥ္းစားမရဘဲျဖစ္ေနတုန္း ပင္လယ္ကဆိုဖာဆီမွာအိပ္ဖို႔ျပင္ေနၿပီ။
မနက္ျဖန္လည္းပင္လယ္တေယာက္ထဲကားေမာင္းျပန္ရမွာဆိုေတာ့ ဆိုဖာႀကီးေပၚေပးအိပ္လိုက္ရင္ ခႏၶာကိုယ္နာက်င္ကိုက္ခဲသြားမွာကိုစိတ္ပူမိသည္။
တခါတရံ ဆိုဖာေပၚအိပ္ေပ်ာ္သြားတဲ့ညေတြဆိုရင္ ႏိုးလာတာနဲ႔တကိုယ္လံုးကိုက္ခဲေနတတ္တာမို႔ ေပးအိပ္လို႔မျဖစ္ေပ။
အဲဒါနဲ႔ ဘာမွမေတြးေတာ့ဘဲဒရင္မ္းဘက္ယူထုတ္ကာစာေရးစာပြဲရဲ႕ေဘးဘက္နားခင္းခ်ၿပီး စည္းကေခါင္းအံုးေလးပါယူထုတ္လာၿပီးအိပ္ဖို႔ျပင္ေတာ့သည္။

'မင္း...အထဲမွာပဲအိပ္လိုက္ပါဆို...စည္း...'

'ရတယ္...မင္းတေနကုန္ကားေမာင္းလာရတာ...ေညာင္းေနမွာ...အထဲမွာမင္းပဲအိပ္လိုက္ပါ...မနက္ျဖန္လဲျပန္ေမာင္းသြားရအံုးမွာနဲ႔'.....
ေနာက္ၿပီး ငါ...မနက္ျဖန္ရဲ႕ေဆြးေႏြးပြဲအတြက္လုပ္စရာရွိေသးတယ္
ေတာ္ရံုနဲ႔အိပ္ျဖစ္မွာမဟုတ္ဘူး...အိပ္ရင္လဲခဏပဲအိပ္ျဖစ္မွာ...ငါ့အခန္းထဲမွာမင္းသက္ေတာင့္သက္သာပဲအိပ္လိုက္ပါ...'

'ငါ...ရပါတယ္ဆို တရက္တေလပဲဟာ...
အားနာမေနန႔ဲ...ကိုယ့္အခန္းကိုယ္အိပ္လိုက္ပါ...'

'သြားအိပ္မွာသြားအိပ္စမ္းပါ...မင္းတေနကုန္ကားေမာင္းထားရတာ...'

တကယ္ဆို ပင္လယ္က တေယာက္ထဲတစ္ခန္းအိပ္လိုက္ရမွာကိုေၾကာက္ေနတာပါ။
ေနာက္ၿပီး ဒီအခန္းကိုလည္း ပထမဆံုးေရာက္ဖူးတာျဖစ္ေတာ့ စိမ္းသက္ေနတာေၾကာင့္ တစ္ေယာက္ထဲအိပ္ေပ်ာ္ဖို႔လြယ္ကူမွာမဟုတ္ေပ။
သူ႔ကိုအတင္းတိုးတိုက္ၿပီးအခန္းထဲထည့္ေပးအိပ္ေနတဲ့စည္းကလည္းဒါကိုရိပ္မိတဲ့ပံုမေပၚေတာ့...ခက္ၿပီ။
ဆံပင္ေတြကိုလက္နဲ႔ဆြဲဖြရင္း ပင္လယ္ကမပြင့္တပြင့္ေလးေျပာရေတာ့သည္။

'ငါ...ငါ.....တေယာက္ထဲအခန္းထဲမွာမျဖစ္ဘူးထင္လို႔....'

အဲဒီေတာ့မွစည္းလည္းသတိရလာကာ...ျပံဳးမိေတာ့သည္။

'ေအာ္...တေယာက္ထဲအိပ္ရေျကာက္ေနတာကိုး...
ဒါဆိုလဲဒီလိုလုပ္...
မင္းကဒရင္းမ္ဘက္နဲ႔အိပ္...ငါကဆိုဖာမွာအိပ္မယ္...အိုေကလား...'

'ၿပီးေရာ...'

အဲဒီေတာ့မွအေပးအယူတည့္သြားၿပီး ပင္လယ္ကေခါင္းအံုးေလးကိုဆြဲယူလို႔ဒရင္းမ္ဘက္ေပၚမွာလွဲအိပ္လိုက္သည္။
စည္းကေတာ့...စာေရးစာပြဲမွာလက္ပ္ေတာ့ပ္တစ္လံုးနဲ႔ အလုပ္ရႈပ္သြားကာ...ညႏွစ္နာရီေလာက္မွအလုပ္ျပတ္ခဲ့၏။
တရႉးရႉးနဲ႔အိပ္ေမာက်ေနတဲ့အသံေလးက္ိုၾကားေနရေတာ့လည္း ရင္ထဲမွာတမ်ိဳးေလးျဖစ္ေနကာ...
ေဘးမွာလူတစ္ေယာက္ရွိေနတာက ကိုယ့္အတြက္ေႏြးေထြးသလိုလို၊ လံုျခံဳစိတ္ခ်ရေနသလိုလိုပါ။
ဘာမွလည္းမဟုတ္ဘဲနဲ႔ တေယာက္ထဲေနလာရတဲ့ေန႔ရက္ေတြကိုေတာင္ခါးသီးခ်င္သြားခဲ့တာ...
အထီးက်န္ရတယ္ဆိုတာအဲလိုမ်ိဳးလားလို႔ေတြးမိသြားတဲ့အထိပဲ။
ဒရင္းမ္ဘက္ေပၚမွာၿငိမ္သက္ေနတဲ့ပင္လယ့္ကိုခဏခဏေငးေနျဖစ္ရင္း...
တစ္ေယာက္ထဲမဟုတ္တဲ့ ညခ်မ္းကိုေက်နပ္မိေနသလိုလို။

diamond house ကေန႐ုတ္တရက္အေရးႀကီးလို႔သာအိမ္ျပန္ခဲ့ရကာ...
အိမ္ျပန္ေရာက္ကတည္းက သူ႔စိတ္ေတြေလးလံေနသလိုမ်ိဳး...တခုခုက်ေပ်ာက္သြားသလိုမ်ိဳးခံစားခဲ့ရ၏။
ကိုယ့္အိမ္ကိုယ္ျပန္ေရာက္ခဲ့ရတာေပမယ့္ မေပ်ာ္ႏိုင္ဘဲျဖစ္ေနရျခင္းကဘာ့ေၾကာင့္မ်ားလဲမစဥ္းစားႏိုင္ေတာ့။

ကုမၸဏီကိုမနက္ ရွစ္နာရီအေရာက္သြားဖို႔လိုတာမို႔...
အိပ္မွာျဖစ္ေတာ့မည္။
မနက္ျဖန္က်လွ်င္ကုမၸဏီရဲ႕ရွယ္ယာရွင္မ်ားစြာနဲ႔ေပါင္းခ်ဳပ္ေဆြးေႏြးပြဲမသြားခင္ဦးႏိုင္ဆီဝင္ရမည္။
လုပ္စရာေတြရွိတာကိုေတြးေတာစီစဥ္ေနရင္း စည္း...အိပ္ေပ်ာ္ခဲ့၏။

မေန႔ကသူျပန္လာခဲ့ၿပီးဦးႏိုင္ဆီကိုတစ္ခါပဲသြားၾကည့္ရေသးသည္။
ပင္လယ္ႏွင့္အတူဦးႏိုင္ဆီသြားၿပီးမွ စည္းကအလုပ္မွာက်န္ခဲ့မည္။
ပင္လယ့္ကိုေတာ့ ေနမြန္းမေစာင္းခင္ ဒိုင္းမြန္းေဟာက္ဆီျပန္ေစမည္။

သို႔ေသာ္..ေဆးရံုေရာက္မွဦးႏိုင္ရဲ႕လူယံုကိုေခၚထားၿပီးဒ႐ိုင္ဘာလုပ္ခိုင္းဖို႔ အဆင္မေျပတဲ့အေၾကာင္းသိလိုက္ရတဲ့အခါ...
ပင္လယ့္ကိုကုမၸဏီပို႔ေပးဖို႔အကူညီေတာင္းရေတာ့သည္။

'အားနာေပမယ့္ ဒီေန႔ ငါ့ကိုဒ႐ိုင္ဘာလုပ္ေပးလို႔မရဘူးလား...ပင္လယ္...'

'အိုေကပါတယ္...'

ဒီလိုနဲ႔ပဲ ပင္လယ့္ကားစုတ္ေလးကိုအားကိုးရျခင္းအျဖစ္သို႔ေရာက္ခဲ့ကာ...တေနကုန္ရႈပ္မယ့္အလုပ္ေတြကိုစီမံခန္႔ခြဲရေတာ့သည္။

'မင္း အေပၚထပ္မလိုက္ခဲ့နဲ႔ေတာ့...
ကုမၸဏီေျမေအာက္ထပ္မွာကန္တင္းန္ရွိတယ္....အဲဒီမွာမနက္စာစားေနခဲ့...ခဏပဲငါျပန္ဆင္းလာခဲ့မယ္'

'မင္းကေရာမစားဘူးလား'

ႏွစ္ေယာက္စလံုးမနက္အိပ္ယာႏိုးေတာ့ တခုခုစားဖို႔အခ်ိန္မရွိခဲ့တာေၾကာင့္ စည္းလည္းဆာေနေတာ့မွာကိုပင္လယ္ကသိသည္။

'အင္း....မီရင္စားတာေပါ့...ငါ့ကတ္ေပးခဲ့မယ္....
အဲဒါနဲ႔ပိုက္ဆံရွင္းလိုက္လို႔ရတယ္...'

ေငြရွင္းဖို႔ကတ္ေလးကိုရွာၾကည့္ေတာ့မွ ထားေနက်ေနရာမွာကတ္ကိုမေတြ႕ရေတာ့ပါ။
စည္းလဲအလ်င္လိုေနတာမို႔ ရွာေဖြေနဖို႔စိတ္မကူးေတာ့ဘဲ အေႂကြးကတ္ေတြေရာ၊ ဘာညာကတ္ေတြပါ ကတ္ေပါင္းစံုထည့္ေသာအိတ္အေသးေလးကိုပင္လယ့္လက္ထဲထည့္ေပးခဲ့သည္...။

'ကိုယ့္ဘာသာရွာလိုက္ေတာ့...ငါ့နာမည္နဲ႔ကုမၸဏီနာမည္ေရးထားတဲ့ကတ္ျပားအျပာေရာင္ေလးပဲ...'

သူေပးထားခဲ့တဲ့အိတ္ေလးကိုကိုင္လို႔ ပင္လယ္...တေယာက္ထဲက်န္ခဲ့ရတာ...ဘာကိုမေက်နပ္မွန္းမသိပါ။
စည္းေျပာတဲ့အတိုင္း အိတ္ကိုရွာေဖြေမႊေႏွာက္ၾကည့္ေတာ့...ကုမၸဏီနာမည္နဲ႔ကတ္အျပာေရာင္ေလးကိုေတြ႕ရသည္။
ကတ္ေပၚမွာေရးထားတဲ့နာမည္ကိုဖတ္မိေတာ့မွတအံ့တၾသ...
SEA
ပင္လယ္ဆိုတဲ့အဓိပၸါယ္နဲ႔ SEA...စည္း...!..
စာလံုးေလးေတြေပါင္းေနရင္း နႈတ္ဖ်ားကလည္း စည္း'လို႔ေခၚေနမိရင္း...
အစကတည္းကမရိပ္မိခဲ့တာကိုလည္း အံ့ၾသေနရင္း...
ဘာသိဘာသာေနၿပီးတစ္ခြန္းမွဖြင့္ဟေျပာမလာတဲ့စည္းကိုလည္း မေက်မနပ္ျဖစ္ေနရင္း...

ကင္န္တင္းန္းထဲမွာ ပင္လယ္မနက္စာစားၿပီးခ်ိန္က်မွ ကြက္တိပဲ စည္းကျပန္ဆင္းလာခဲ့သည္။

'မနက္စာစားၿပီးၿပီလား...ပင္လယ္...
ငါတို႔ေနာက္တေနရာသြားရေအာင္'

'ဟင္...ခ်က္ခ်င္းႀကီး...မင္းေရာ...ဘာမွမစားေတာ့ဘူးလား'

'အင္း...ရတယ္....ငါကအဲလိုေနေနက်ပဲ'

စည္းကဘာမွအေရးမႀကီးသလိုနဲ႔ျပန္ေျဖလိုက္ေတာ့ တကယ္စိတ္ထဲမွာမေကာင္းျဖစ္သြားမိသည္။
တကယ္လို႔သာ ကုမၸဏီတစ္ခုလံုးသူ႔ပုခံုးေပၚေရာက္လာခဲ့လွ်င္...ဒီပံုစံႀကီးအတိုင္းျဖစ္သြားရင္ ခက္ေခ်ေသးရဲ႕။
ဒါေပမယ့္လည္း...စည္းမွာေစ့စပ္ထားတဲ့မိန္းကေလးရွိတာပဲမို႔ တနည္းနည္းနဲ႔ေတာ့အဆင္ေျပေလာက္သည္ဟုေတြးေနမိသည္။

သူတို႔ႏွစ္ေယာက္ တကယ္လို႔လက္ထပ္ျဖစ္ခဲ့ၾကရင္...ဆိုတဲ့ အေတြးေလးဆက္ေတြးမိေတာ့ ဝမ္းသာေပးရမည့္အစား ရင္ထဲမွာသိသိသာသာေလးေဆြးလို႔...
ဘာကိုဝမ္းနည္းခ်င္မွန္းမသိဘဲ ဝမ္းနည္းသလိုလိုနဲ႔ရင္ထဲမွာဆို႔နင့္လာသည္။
ေရွ႕တပတ္ေလာက္က အလြန္ခ်ိဳၿမိန္ခဲ့ေသာေႏြရာသီက ေနာက္ဆံုးေန႔မွာအခါးသက္ဆံုးျဖစ္ေနခဲ့ကာ...
အတူတူရွိေနရတာေတာင္မွမေပ်ာ္ရႊင္ႏိုင္ေတာ့ပါ။

ကားအစုတ္ေလးနဲ႔ စည္းကို သူ ဟိုလိုက္ပို႔ဒီလိုက္ပို႔ျဖင့္...ေန႔လည္တစ္နာရီထိုးခဲ့သည္။
အဲဒီအခ်ိန္ ကုမၸဏီျပန္ေတာ့မွစည္းကမနက္နဲ႔ေန႔လည္စာကိုေပါင္းစားတာကိုျမင္ရ၏။
ဒါေတာင္မွ စားေနတုန္းေလးမွာ ဖုန္းခဏခဏဝင္လာတတ္ၿပီး ထမင္းေတာင္ေျဖာင့္ေအာင္စားေနတာမေတြ႕ရပါ။

'အၿမဲအဲလိုဆို...မင္း...ပင္ပန္းမွာေပါ့...
စားရျပန္ေတာ့လဲ အေႏွာင့္ယွက္ကမကင္းဘူး...'

'အၿမဲေတာ့မဟုတ္ဘူး'

စည္းက သူ႔ဦးေလးရဲ႕ကုမၸဏီတစ္ခုလံုးကိုလက္လြဲမယူရေသးဘူးလို႔ေျပာျပထားလို႔ ... ပင္လယ္ကဆက္ေမးပါသည္။

'ဒီကုမၸဏီတခုလံုးအတြက္မင္းအလုပ္လုပ္ေပးေနရတာလား..'

'အဲလိုေတာ့မဟုတ္ဘူး...ဒီမွာကေဆာက္လုပ္ေရးကုမၸဏီအစုႀကီးလိုျဖစ္ေနတာ...
အရင္ကေတာ့ ဦးႏိုင္ကဒီဇိုင္းပိုင္းမွာဌာနမွဴးေပါ့...
အခုေတာ့ ငါကယာယီတာဝန္ယူတယ္...
အဲဒါအျပင္ ကုမၸဏီမွာရွယ္ယာ30% ပါေသးတဲ့အတြက္ မန္ေနးဂ်င္းပိုင္းကိုပါမိုနာနဲ႔တြဲၿပီးျကည့္ေပးရတယ္...
သူတို႔မိဘေတြကရွယ္ယာပိုမ်ားေတာ့ အလုပ္လည္း သူမကပဲပိုလုပ္ရတာ...
ဒါေပမယ့္ ႏိုင္ငံျခားရံုးေတြနဲ႔ဆက္ႏြယ္လာတဲ့ဟာမွန္သမွ်ကဦးႏိုင္ကတာဝန္ယူရတယ္...'

သူေျပာေနတာေတြကို မ်က္လံုးေလးေတြလက္လက္ေတာက္ၿပီးပင္လယ္ကနားေထာင္ေနခဲ့တာကိုၾကည့္ေနရင္း စည္းကျပံဳးသည္။
ကုမၸဏီကိစၥေတြ၊ အလုပ္ကိစၥေတြဘာတစ္ခုမွနားလည္ပံုမရတဲ့ပင္လယ္ကစည္းကိုပဲအထင္တႀကီးေငးေနမိ၏။

'အလုပ္ေတာ္ေတာ္ရႈပ္မွာေနာ္...အဲလိုႀကီးဆို ငါ ေသသြားႏိုင္လားမသိဘူး...'

'ပင္လယ္...မင္းလည္းေလလြင့္ေနတာရပ္ၿပီးတခုခုလုပ္သင့္ၿပီလို႔ငါထင္တယ္..'

သူ႔ကိုေဆြမ်ိဳးသားခ်င္းလိုသေဘာထားေနမိေတာ့ ဆံုးမသလိုေလးေျပာျဖစ္သည္။
ေနပင္လယ္ကေတာ့ေတြေဝေနခဲ့ရင္း ဘာျပန္ေျပာရမွန္းမသိ။

'-----'

'မင္းျပန္သင့္ၿပီ...ကားနားအထိပို႔ေပးမယ္'

နာရီကိုၾကည့္ေတာ့ေန႔လည္ႏွစ္နာရီခြဲေတာ့မွာမို႔ ဒီအခ်ိန္ျပန္သြားရင္ ညမနက္ခင္ဟိုကိုေရာက္မွာဆိုေတာ့ကြက္တိ။

'ကားကအေျခေနအဆင္ေျပေနရဲ႕လား'

'ေကာင္းေနတာပဲ...'

'ဂ႐ုစိုက္သြား...ညခုနစ္နာရီေလာက္ေတာ့ဟိုဘက္ကိုျပန္ေရာက္မွာထင္တယ္...'

နာရီကိုေရတြက္ရင္းစည္းက သူ႔ပုခံုးေလးကိုလွမ္းပုတ္သည္။
အလုပ္ေတြရႈပ္ေနမွာဆိုေတာ့ စည္းကသူ႔ကိုေမ့ေနမလားလို႔ေတြးေနမိရင္း သံေယာဇဥ္မျပတ္ႏိုင္ဘဲထပ္ေမးမိသည္။

'မင္းဟိုကိုျပန္ခဲ့ဦးမလား'

'----အင္း......ဘယ္ေလာက္ထပ္ၾကာမလဲမသိဘူး....အေျခေနအရေပါ့....'

ဘာအေၾကာင္းနဲ႔ ဒီေမးခြန္းကိုေမးလာတာျဖစ္ေနေန
သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ရင္ထဲမွာ ခံစားခ်က္ကိုယ္စီရွိေနတာကိုသိလိုက္ရေတာ့...ေဆြးသြားခဲ့၏။
ဒါေပမယ့္လည္း ႏွစ္ဦးသားလံုးဟန္ေဆာင္ျပံဳးေနခဲ့ၾကရင္း ရယ္ေမာလို႔နႈတ္ဆက္ျဖစ္ခဲ့ပါသည္။

'ငါျပန္ၿပီ...စည္း....မင္းအစားအေသာက္ဂ႐ုစိုက္ပါ...အလုပ္လုပ္ေနေပမယ့္ေပါ့ေပါ့ပါးပါးလဲေနပါဦး...
စိတ္အဖိစီးမခံန႔ဲ့....'

'အင္း......'

ထံုးစံအတိုင္း အင္းတစ္လံုးထဲနဲ႔စကားစျပတ္သြားသည္။
ဒါေပမယ့္ ကားထဲဝင္ၿပီးမွ႐ုတ္တရက္ပင္လယ္ကေခါင္းေလးကိုအျပင္ထုတ္လိုက္ၿပီး နႈတ္ခမ္းေလးေတြကိုစုဝိုင္းပစ္သည္။

'မြ...'

ၿပီးေတာ့မွမခ်ိဳမခ်ဥ္ေလးရယ္ျပ၏။

'ငါ့ကိုလြမ္းေနေနာ္'

'မင္း...ဝဲစားေလး...'

ေအာ္ဟစ္သံေလးကိုထားခဲ့ၿပီး ပင္လယ့္ကားစုတ္ေလးကဘီးလံုးေလးလိမ့္လို႔ေဝးသြားခဲ့၏။
ႏွစ္ဦးသားျပံဳးေနခဲ့ေပမယ့္ ရင္ထဲမွာေလးလံေနခဲ့၏။
အခ်ိန္တန္လို႔ခြဲခြာရတာမို႔သိပ္ေတာ့မဆန္းပါ။
သူ႔ေနရာနဲ႔သူကိုယ့္ေနရာနဲ႔ကိုယ္ဆိုေပမယ့္...
ကိုယ့္ေနရာကဘယ္မွာမွန္းမသိေသးတဲ့ ပင္လယ္ကေတာ့ျပန္စရာေနရာေကာင္းေကာင္းရွိမေနခဲ့ဘူး။
အခုျပန္သြားေနတဲ့ဒိုင္းမြနး္ေဟာက္စ္ကခဏတည္းခိုရာသက္သက္သာ.....။
ငယ္ရြယ္မသြားေတာ့ဘဲ တျဖည္းျဖည္းနဲ႔ႀကီးျပင္းလာတဲ့အသက္ရြယ္အေၾကာင္းကိုေလးေလးနက္နက္ေတြးမိေတာ့ ရင္ထဲမွာပိုေလးလံသြားခဲ့သည္။
သူ...
ေျပာင္းလဲခ်ိန္တန္ေနၿပီလားမသိေတာ့။

Unicode

SEA

'မနက်ဖြန်...မင်းဦးလေးဆီသွားအုံးမလား...စည်း...'

'အင်း....မင်း...လိုက်ခဲ့မလား...တွေ့ပြီးမှပြန်ပေါ့'

'အွန်း'

'ဆယ့်နှစ်ထိုးနေပြီ...အိပ်တော့...ငါဆိုဖာမှာပဲအိပ်လိုက်မယ်...မင်းအခန်းမင်းသွားအိပ်...'

စည်းက...သူ့ကိုအခန်းထဲပေးအိပ်ရမလား...ဒရင်းမ်ဘက်ချပြီးသူပါအပြင်မှာအိပ်ရမလားစဉ်းစားမရဘဲဖြစ်နေတုန်း ပင်လယ်ကဆိုဖာဆီမှာအိပ်ဖို့ပြင်နေပြီ။
မနက်ဖြန်လည်းပင်လယ်တယောက်ထဲကားမောင်းပြန်ရမှာဆိုတော့ ဆိုဖာကြီးပေါ်ပေးအိပ်လိုက်ရင် ခန္ဓာကိုယ်နာကျင်ကိုက်ခဲသွားမှာကိုစိတ်ပူမိသည်။
တခါတရံ ဆိုဖာပေါ်အိပ်ပျော်သွားတဲ့ညတွေဆိုရင် နိုးလာတာနဲ့တကိုယ်လုံးကိုက်ခဲနေတတ်တာမို့ ပေးအိပ်လို့မဖြစ်ပေ။
အဲဒါနဲ့ ဘာမှမတွေးတော့ဘဲဒရင်မ်းဘက်ယူထုတ်ကာစာရေးစာပွဲရဲ့ဘေးဘက်နားခင်းချပြီး စည်းကခေါင်းအုံးလေးပါယူထုတ်လာပြီးအိပ်ဖို့ပြင်တော့သည်။

'မင်း...အထဲမှာပဲအိပ်လိုက်ပါဆို...စည်း...'

'ရတယ်...မင်းတနေကုန်ကားမောင်းလာရတာ...ညောင်းနေမှာ...အထဲမှာမင်းပဲအိပ်လိုက်ပါ...မနက်ဖြန်လဲပြန်မောင်းသွားရအုံးမှာနဲ့'.....
နောက်ပြီး ငါ...မနက်ဖြန်ရဲ့ဆွေးနွေးပွဲအတွက်လုပ်စရာရှိသေးတယ်
တော်ရုံနဲ့အိပ်ဖြစ်မှာမဟုတ်ဘူး...အိပ်ရင်လဲခဏပဲအိပ်ဖြစ်မှာ...ငါ့အခန်းထဲမှာမင်းသက်တောင့်သက်သာပဲအိပ်လိုက်ပါ...'

'ငါ...ရပါတယ်ဆို တရက်တလေပဲဟာ...
အားနာမနေနဲ့...ကိုယ့်အခန်းကိုယ်အိပ်လိုက်ပါ...'

'သွားအိပ်မှာသွားအိပ်စမ်းပါ...မင်းတနေကုန်ကားမောင်းထားရတာ...'

တကယ်ဆို ပင်လယ်က တယောက်ထဲတစ်ခန်းအိပ်လိုက်ရမှာကိုကြောက်နေတာပါ။
နောက်ပြီး ဒီအခန်းကိုလည်း ပထမဆုံးရောက်ဖူးတာဖြစ်တော့ စိမ်းသက်နေတာကြောင့် တစ်ယောက်ထဲအိပ်ပျော်ဖို့လွယ်ကူမှာမဟုတ်ပေ။
သူ့ကိုအတင်းတိုးတိုက်ပြီးအခန်းထဲထည့်ပေးအိပ်နေတဲ့စည်းကလည်းဒါကိုရိပ်မိတဲ့ပုံမပေါ်တော့...ခက်ပြီ။
ဆံပင်တွေကိုလက်နဲ့ဆွဲဖွရင်း ပင်လယ်ကမပွင့်တပွင့်လေးပြောရတော့သည်။

'ငါ...ငါ.....တယောက်ထဲအခန်းထဲမှာမဖြစ်ဘူးထင်လို့....'

အဲဒီတော့မှစည်းလည်းသတိရလာကာ...ပြုံးမိတော့သည်။

'အော်...တယောက်ထဲအိပ်ရကြောက်နေတာကိုး...
ဒါဆိုလဲဒီလိုလုပ်...
မင်းကဒရင်းမ်ဘက်နဲ့အိပ်...ငါကဆိုဖာမှာအိပ်မယ်...အိုကေလား...'

'ပြီးရော...'

အဲဒီတော့မှအပေးအယူတည့်သွားပြီး ပင်လယ်ကခေါင်းအုံးလေးကိုဆွဲယူလို့ဒရင်းမ်ဘက်ပေါ်မှာလှဲအိပ်လိုက်သည်။
စည်းကတော့...စာရေးစာပွဲမှာလက်ပ်တော့ပ်တစ်လုံးနဲ့ အလုပ်ရှုပ်သွားကာ...ညနှစ်နာရီလောက်မှအလုပ်ပြတ်ခဲ့၏။
တရှူးရှူးနဲ့အိပ်မောကျနေတဲ့အသံလေးက်ိုကြားနေရတော့လည်း ရင်ထဲမှာတမျိုးလေးဖြစ်နေကာ...
ဘေးမှာလူတစ်ယောက်ရှိနေတာက ကိုယ့်အတွက်နွေးထွေးသလိုလို၊ လုံခြုံစိတ်ချရနေသလိုလိုပါ။
ဘာမှလည်းမဟုတ်ဘဲနဲ့ တယောက်ထဲနေလာရတဲ့နေ့ရက်တွေကိုတောင်ခါးသီးချင်သွားခဲ့တာ...
အထီးကျန်ရတယ်ဆိုတာအဲလိုမျိုးလားလို့တွေးမိသွားတဲ့အထိပဲ။
ဒရင်းမ်ဘက်ပေါ်မှာငြိမ်သက်နေတဲ့ပင်လယ့်ကိုခဏခဏငေးနေဖြစ်ရင်း...
တစ်ယောက်ထဲမဟုတ်တဲ့ ညချမ်းကိုကျေနပ်မိနေသလိုလို။

diamond house ကနေရုတ်တရက်အရေးကြီးလို့သာအိမ်ပြန်ခဲ့ရကာ...
အိမ်ပြန်ရောက်ကတည်းက သူ့စိတ်တွေလေးလံနေသလိုမျိုး...တခုခုကျပျောက်သွားသလိုမျိုးခံစားခဲ့ရ၏။
ကိုယ့်အိမ်ကိုယ်ပြန်ရောက်ခဲ့ရတာပေမယ့် မပျော်နိုင်ဘဲဖြစ်နေရခြင်းကဘာ့ကြောင့်များလဲမစဉ်းစားနိုင်တော့။

ကုမ္ပဏီကိုမနက် ရှစ်နာရီအရောက်သွားဖို့လိုတာမို့...
အိပ်မှာဖြစ်တော့မည်။
မနက်ဖြန်ကျလျှင်ကုမ္ပဏီရဲ့ရှယ်ယာရှင်များစွာနဲ့ပေါင်းချုပ်ဆွေးနွေးပွဲမသွားခင်ဦးနိုင်ဆီဝင်ရမည်။
လုပ်စရာတွေရှိတာကိုတွေးတောစီစဉ်နေရင်း စည်း...အိပ်ပျော်ခဲ့၏။

မနေ့ကသူပြန်လာခဲ့ပြီးဦးနိုင်ဆီကိုတစ်ခါပဲသွားကြည့်ရသေးသည်။
ပင်လယ်နှင့်အတူဦးနိုင်ဆီသွားပြီးမှ စည်းကအလုပ်မှာကျန်ခဲ့မည်။
ပင်လယ့်ကိုတော့ နေမွန်းမစောင်းခင် ဒိုင်းမွန်းဟောက်ဆီပြန်စေမည်။

သို့သော်..ဆေးရုံရောက်မှဦးနိုင်ရဲ့လူယုံကိုခေါ်ထားပြီးဒရိုင်ဘာလုပ်ခိုင်းဖို့ အဆင်မပြေတဲ့အကြောင်းသိလိုက်ရတဲ့အခါ...
ပင်လယ့်ကိုကုမ္ပဏီပို့ပေးဖို့အကူညီတောင်းရတော့သည်။

'အားနာပေမယ့် ဒီနေ့ ငါ့ကိုဒရိုင်ဘာလုပ်ပေးလို့မရဘူးလား...ပင်လယ်...'

'အိုကေပါတယ်...'

ဒီလိုနဲ့ပဲ ပင်လယ့်ကားစုတ်လေးကိုအားကိုးရခြင်းအဖြစ်သို့ရောက်ခဲ့ကာ...တနေကုန်ရှုပ်မယ့်အလုပ်တွေကိုစီမံခန့်ခွဲရတော့သည်။

'မင်း အပေါ်ထပ်မလိုက်ခဲ့နဲ့တော့...
ကုမ္ပဏီမြေအောက်ထပ်မှာကန်တင်းန်ရှိတယ်....အဲဒီမှာမနက်စာစားနေခဲ့...ခဏပဲငါပြန်ဆင်းလာခဲ့မယ်'

'မင်းကရောမစားဘူးလား'

နှစ်ယောက်စလုံးမနက်အိပ်ယာနိုးတော့ တခုခုစားဖို့အချိန်မရှိခဲ့တာကြောင့် စည်းလည်းဆာနေတော့မှာကိုပင်လယ်ကသိသည်။

'အင်း....မီရင်စားတာပေါ့...ငါ့ကတ်ပေးခဲ့မယ်....
အဲဒါနဲ့ပိုက်ဆံရှင်းလိုက်လို့ရတယ်...'

ငွေရှင်းဖို့ကတ်လေးကိုရှာကြည့်တော့မှ ထားနေကျနေရာမှာကတ်ကိုမတွေ့ရတော့ပါ။
စည်းလဲအလျင်လိုနေတာမို့ ရှာဖွေနေဖို့စိတ်မကူးတော့ဘဲ အကြွေးကတ်တွေရော၊ ဘာညာကတ်တွေပါ ကတ်ပေါင်းစုံထည့်သောအိတ်အသေးလေးကိုပင်လယ့်လက်ထဲထည့်ပေးခဲ့သည်...။

'ကိုယ့်ဘာသာရှာလိုက်တော့...ငါ့နာမည်နဲ့ကုမ္ပဏီနာမည်ရေးထားတဲ့ကတ်ပြားအပြာရောင်လေးပဲ...'

သူပေးထားခဲ့တဲ့အိတ်လေးကိုကိုင်လို့ ပင်လယ်...တယောက်ထဲကျန်ခဲ့ရတာ...ဘာကိုမကျေနပ်မှန်းမသိပါ။
စည်းပြောတဲ့အတိုင်း အိတ်ကိုရှာဖွေမွှေနှောက်ကြည့်တော့...ကုမ္ပဏီနာမည်နဲ့ကတ်အပြာရောင်လေးကိုတွေ့ရသည်။
ကတ်ပေါ်မှာရေးထားတဲ့နာမည်ကိုဖတ်မိတော့မှတအံ့တသြ...
SEA
ပင်လယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ SEA...စည်း...!..
စာလုံးလေးတွေပေါင်းနေရင်း နှုတ်ဖျားကလည်း စည်း'လို့ခေါ်နေမိရင်း...
အစကတည်းကမရိပ်မိခဲ့တာကိုလည်း အံ့သြနေရင်း...
ဘာသိဘာသာနေပြီးတစ်ခွန်းမှဖွင့်ဟပြောမလာတဲ့စည်းကိုလည်း မကျေမနပ်ဖြစ်နေရင်း...

ကင်န်တင်းန်းထဲမှာ ပင်လယ်မနက်စာစားပြီးချိန်ကျမှ ကွက်တိပဲ စည်းကပြန်ဆင်းလာခဲ့သည်။

'မနက်စာစားပြီးပြီလား...ပင်လယ်...
ငါတို့နောက်တနေရာသွားရအောင်'

'ဟင်...ချက်ချင်းကြီး...မင်းရော...ဘာမှမစားတော့ဘူးလား'

'အင်း...ရတယ်....ငါကအဲလိုနေနေကျပဲ'

စည်းကဘာမှအရေးမကြီးသလိုနဲ့ပြန်ဖြေလိုက်တော့ တကယ်စိတ်ထဲမှာမကောင်းဖြစ်သွားမိသည်။
တကယ်လို့သာ ကုမ္ပဏီတစ်ခုလုံးသူ့ပုခုံးပေါ်ရောက်လာခဲ့လျှင်...ဒီပုံစံကြီးအတိုင်းဖြစ်သွားရင် ခက်ချေသေးရဲ့။
ဒါပေမယ့်လည်း...စည်းမှာစေ့စပ်ထားတဲ့မိန်းကလေးရှိတာပဲမို့ တနည်းနည်းနဲ့တော့အဆင်ပြေလောက်သည်ဟုတွေးနေမိသည်။

သူတို့နှစ်ယောက် တကယ်လို့လက်ထပ်ဖြစ်ခဲ့ကြရင်...ဆိုတဲ့ အတွေးလေးဆက်တွေးမိတော့ ဝမ်းသာပေးရမည့်အစား ရင်ထဲမှာသိသိသာသာလေးဆွေးလို့...
ဘာကိုဝမ်းနည်းချင်မှန်းမသိဘဲ ဝမ်းနည်းသလိုလိုနဲ့ရင်ထဲမှာဆို့နင့်လာသည်။
ရှေ့တပတ်လောက်က အလွန်ချိုမြိန်ခဲ့သောနွေရာသီက နောက်ဆုံးနေ့မှာအခါးသက်ဆုံးဖြစ်နေခဲ့ကာ...
အတူတူရှိနေရတာတောင်မှမပျော်ရွှင်နိုင်တော့ပါ။

ကားအစုတ်လေးနဲ့ စည်းကို သူ ဟိုလိုက်ပို့ဒီလိုက်ပို့ဖြင့်...နေ့လည်တစ်နာရီထိုးခဲ့သည်။
အဲဒီအချိန် ကုမ္ပဏီပြန်တော့မှစည်းကမနက်နဲ့နေ့လည်စာကိုပေါင်းစားတာကိုမြင်ရ၏။
ဒါတောင်မှ စားနေတုန်းလေးမှာ ဖုန်းခဏခဏဝင်လာတတ်ပြီး ထမင်းတောင်ဖြောင့်အောင်စားနေတာမတွေ့ရပါ။

'အမြဲအဲလိုဆို...မင်း...ပင်ပန်းမှာပေါ့...
စားရပြန်တော့လဲ အနှောင့်ယှက်ကမကင်းဘူး...'

'အမြဲတော့မဟုတ်ဘူး'

စည်းက သူ့ဦးလေးရဲ့ကုမ္ပဏီတစ်ခုလုံးကိုလက်လွဲမယူရသေးဘူးလို့ပြောပြထားလို့ ... ပင်လယ်ကဆက်မေးပါသည်။

'ဒီကုမ္ပဏီတခုလုံးအတွက်မင်းအလုပ်လုပ်ပေးနေရတာလား..'

'အဲလိုတော့မဟုတ်ဘူး...ဒီမှာကဆောက်လုပ်ရေးကုမ္ပဏီအစုကြီးလိုဖြစ်နေတာ...
အရင်ကတော့ ဦးနိုင်ကဒီဇိုင်းပိုင်းမှာဌာနမှူးပေါ့...
အခုတော့ ငါကယာယီတာဝန်ယူတယ်...
အဲဒါအပြင် ကုမ္ပဏီမှာရှယ်ယာ30% ပါသေးတဲ့အတွက် မန်နေးဂျင်းပိုင်းကိုပါမိုနာနဲ့တွဲပြီးကြည့်ပေးရတယ်...
သူတို့မိဘတွေကရှယ်ယာပိုများတော့ အလုပ်လည်း သူမကပဲပိုလုပ်ရတာ...
ဒါပေမယ့် နိုင်ငံခြားရုံးတွေနဲ့ဆက်နွယ်လာတဲ့ဟာမှန်သမျှကဦးနိုင်ကတာဝန်ယူရတယ်...'

သူပြောနေတာတွေကို မျက်လုံးလေးတွေလက်လက်တောက်ပြီးပင်လယ်ကနားထောင်နေခဲ့တာကိုကြည့်နေရင်း စည်းကပြုံးသည်။
ကုမ္ပဏီကိစ္စတွေ၊ အလုပ်ကိစ္စတွေဘာတစ်ခုမှနားလည်ပုံမရတဲ့ပင်လယ်ကစည်းကိုပဲအထင်တကြီးငေးနေမိ၏။

'အလုပ်တော်တော်ရှုပ်မှာနော်...အဲလိုကြီးဆို ငါ သေသွားနိုင်လားမသိဘူး...'

'ပင်လယ်...မင်းလည်းလေလွင့်နေတာရပ်ပြီးတခုခုလုပ်သင့်ပြီလို့ငါထင်တယ်..'

သူ့ကိုဆွေမျိုးသားချင်းလိုသဘောထားနေမိတော့ ဆုံးမသလိုလေးပြောဖြစ်သည်။
နေပင်လယ်ကတော့တွေဝေနေခဲ့ရင်း ဘာပြန်ပြောရမှန်းမသိ။

'-----'

'မင်းပြန်သင့်ပြီ...ကားနားအထိပို့ပေးမယ်'

နာရီကိုကြည့်တော့နေ့လည်နှစ်နာရီခွဲတော့မှာမို့ ဒီအချိန်ပြန်သွားရင် ညမနက်ခင်ဟိုကိုရောက်မှာဆိုတော့ကွက်တိ။

'ကားကအခြေနေအဆင်ပြေနေရဲ့လား'

'ကောင်းနေတာပဲ...'

'ဂရုစိုက်သွား...ညခုနစ်နာရီလောက်တော့ဟိုဘက်ကိုပြန်ရောက်မှာထင်တယ်...'

နာရီကိုရေတွက်ရင်းစည်းက သူ့ပုခုံးလေးကိုလှမ်းပုတ်သည်။
အလုပ်တွေရှုပ်နေမှာဆိုတော့ စည်းကသူ့ကိုမေ့နေမလားလို့တွေးနေမိရင်း သံယောဇဉ်မပြတ်နိုင်ဘဲထပ်မေးမိသည်။

'မင်းဟိုကိုပြန်ခဲ့ဦးမလား'

'----အင်း......ဘယ်လောက်ထပ်ကြာမလဲမသိဘူး....အခြေနေအရပေါ့....'

ဘာအကြောင်းနဲ့ ဒီမေးခွန်းကိုမေးလာတာဖြစ်နေနေ
သူတို့တစ်ယောက်နဲ့တစ်ယောက်ရင်ထဲမှာ ခံစားချက်ကိုယ်စီရှိနေတာကိုသိလိုက်ရတော့...ဆွေးသွားခဲ့၏။
ဒါပေမယ့်လည်း နှစ်ဦးသားလုံးဟန်ဆောင်ပြုံးနေခဲ့ကြရင်း ရယ်မောလို့နှုတ်ဆက်ဖြစ်ခဲ့ပါသည်။

'ငါပြန်ပြီ...စည်း....မင်းအစားအသောက်ဂရုစိုက်ပါ...အလုပ်လုပ်နေပေမယ့်ပေါ့ပေါ့ပါးပါးလဲနေပါဦး...
စိတ်အဖိစီးမခံနဲ့့....'

'အင်း......'

ထုံးစံအတိုင်း အင်းတစ်လုံးထဲနဲ့စကားစပြတ်သွားသည်။
ဒါပေမယ့် ကားထဲဝင်ပြီးမှရုတ်တရက်ပင်လယ်ကခေါင်းလေးကိုအပြင်ထုတ်လိုက်ပြီး နှုတ်ခမ်းလေးတွေကိုစုဝိုင်းပစ်သည်။

'မွ...'

ပြီးတော့မှမချိုမချဉ်လေးရယ်ပြ၏။

'ငါ့ကိုလွမ်းနေနော်'

'မင်း...ဝဲစားလေး...'

အော်ဟစ်သံလေးကိုထားခဲ့ပြီး ပင်လယ့်ကားစုတ်လေးကဘီးလုံးလေးလိမ့်လို့ဝေးသွားခဲ့၏။
နှစ်ဦးသားပြုံးနေခဲ့ပေမယ့် ရင်ထဲမှာလေးလံနေခဲ့၏။
အချိန်တန်လို့ခွဲခွာရတာမို့သိပ်တော့မဆန်းပါ။
သူ့နေရာနဲ့သူကိုယ့်နေရာနဲ့ကိုယ်ဆိုပေမယ့်...
ကိုယ့်နေရာကဘယ်မှာမှန်းမသိသေးတဲ့ ပင်လယ်ကတော့ပြန်စရာနေရာကောင်းကောင်းရှိမနေခဲ့ဘူး။
အခုပြန်သွားနေတဲ့ဒိုင်းမွနး်ဟောက်စ်ကခဏတည်းခိုရာသက်သက်သာ.....။
ငယ်ရွယ်မသွားတော့ဘဲ တဖြည်းဖြည်းနဲ့ကြီးပြင်းလာတဲ့အသက်ရွယ်အကြောင်းကိုလေးလေးနက်နက်တွေးမိတော့ ရင်ထဲမှာပိုလေးလံသွားခဲ့သည်။
သူ...
ပြောင်းလဲချိန်တန်နေပြီလားမသိတော့။

Lanjutkan Membaca

Kamu Akan Menyukai Ini

92.4K 8.7K 20
က်​ေတာ္​သည္​ သူ႔ကို ဘယ္​​ေသာအခါမွ မခ်စ္​ခဲ့
233K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
45.7K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
35.1K 2.2K 13
'' The Door, The Air And Good Day '' MV ေလးရဲ႕ အဆက္သေဘာမ်ိဳး စိတ္ကူးယဥ္ၾကည့္ထားတာပါ။ P' Arthit တစ္ေယာက္ အသည္းကြဲျပီး မဂၤလာေဆာင္ကအျပန္ Kongpop နဲ႔ ဘယ္...