အခန္းနံပတ္ (5) နဲ႔...ငါနဲ႔....မင္းနဲ႔.....
😎😎😎😎😎
(အပိုင္း-10 ႏွင့္ဆက္စပ္တဲ့လွ်ိဳ႔ဝွက္ခ်က္ေလး)
ေန႔စဥ္မွတ္တမ္းစာအုပ္အနက္ေလးကိုပင္လယ္မသံုးျဖစ္ခဲ့တာႏွစ္ေပါင္းၾကာခဲ့ၿပီးမွ...
စည္းနဲ႔ဆံုခဲ့သည့္ေနာက္ပိုင္းမွာစာမ်က္ႏွာတိုင္းစာလံုးေတြျပည့္လာခဲ့သည္။
'နႈတ္ခမ္းေအာက္မွာမွည့္ေလးပါတဲ့ကာတြန္းယုန္႐ုပ္ေလးကအစျပဳၿပီး....
ေစ့စပ္ထားတဲ့မိန္းကေလးမိုနာ၏နာမည္အဆံုး...အလံုးစံုေသာစည္းရဲ႕အရာအားလံုး...ကမ႓ာတစ္ခုလံုးသည္သူ႔မွတ္တမ္းစာရြက္မ်ားေပၚမွာ...
--------
ရင္ခုန္သံေတြအစပ်ိဳးခဲ့တဲ့အဲဒီညတြင္.....
အိမ္သာေရွ႕မူးၿပီးလဲေနတဲ့စည္း'ကိုသူဒုတိယအထပ္ကစည္း'တည္းခိုသည့္အခန္းအမွတ္ (5) ထိတြယ္လာခဲ့ကာ....အိပ္ယာေပၚခ်ေပးၿပီးသူလည္းအခန္းမျပန္ေတာ့ဘဲတစ္ဖက္ကုတင္မွာအိပ္ခဲ့သည္။
မ်က္လံုးမွိတ္လို႔အိပ္ေပ်ာ္ခါနီးေလး...႐ုတ္တရက္သူ႔နံေဘးလာတိုးအိပ္လာတဲ့စည္းေျကာင့္...
မူးၿပီးအိပ္ခ်င္တာေတာင္ဘယ္ေရာက္သြားမွန္းမသိ။
ေဝခြဲရခက္တဲ့ရင္ခုန္သံဟာ ဘယ္ဘက္ရင္ဘတ္ထဲမွာ တဒုန္းဒုန္း။
အသိစိတိေတြကိုဖမ္းဆုပ္ႏိုင္သမွ်ဖမ္းဆုပ္ဖို႔ႀကိဳးစားေနတုန္းမွာ...
စည္းက...ေမွးစင္းက်ေနတဲ့မ်က္ေတာင္ေလးေတြေကြးတဲ့အထိရီေဝေဝျပံဳးျပၿပီး...
'ငါ...တစ္ေယာက္ထဲမအိပ္ႏိုင္ဘူး..'....လို႔ဆိုလာေသာအခါ။
မပီမျပင္နဲ႔စည္းရဲ႕...ခပ္တိုးတိုးစကားသံေၾကာင့္ သူ႔တကိုယ္လံုး ၾကက္သီးေမႊးၫွင္းေတြဖံုးလႊမ္းလို႔...။
ေနာက္ၿပီး...သူ႔လက္ေမာင္းကိုစည္းကရင္ခြင္ထဲထည့္ဖက္ထားကာ....ေၾကာင္တေကာင္လိုပြတ္သပ္ေတာ့ အသည္းေတြယားက်ိက်ိနဲ႔...
ဒုကၡပါပဲ။
'စည္း...ဖယ္စမ္း..ကြာ'
သူ႔လက္ေမာင္းေပၚကစည္းရဲ႕လက္ကိုခြာခ်ေတာ့...
ဟင့္အင္းဆိုၿပီးမပြင့္တပြင့္ျငင္းဆိုရင္းပိုတိုးဖက္တဲ့အျပင္...
သူ႔လက္ေမာင္းကိုစည္းရဲ႕နႈတ္ခမ္းႏွစ္လႊာကပါတိုးတိုက္ပြတ္သပ္ေနတဲ့အခါ.....
အာ့...ကြိဳင္ပဲ။
မလုပ္နဲ႔လို႔တားဖို႔ေနေနသာသာ...
ေၾကာက္လန္႔လြန္းလို႔အသက္ရွဴရပ္ခ်င္ေနတာလား...
အခုန္လြန္ၿပီးရပ္သြားခဲ့တာလားမသိတဲ့ကိုယ့္ရင္ဘတ္ကိုယ္ျပန္စမ္းကာ...ေနပင္လယ္ေခြ်းေစးေတြျပန္လို႔...။
လန္႔လို႔ခုန္ေနေပမယ့္ အဆမတန္ျမန္ေနတဲ့ႏွလံုးက ႐ိုးသားပါတယ္လို႔ထင္ခ်င္စရာကိုမေကာင္း...။
စည္းကို...မထိနဲ႔လို႔တားေပမယ့္...
ေယာင္ေနတဲ့စည္းကဘာမွမသိေတာ့ ရပ္တန္႔မသြားဘဲပိုပိုဆိုးလာကာ လက္ေမာင္းကေနရင္ဘတ္ေတြအထိနမ္းရိႈက္လာခဲ့၏။
'ေဟ့...စည္း...သတိထားစမ္းပါ...'
တြန္းတိုက္နမ္းေနတဲ့သူ႔နႈတ္ခမ္းလႊာကိုလက္ဖဝါးေလးကာၿပီးတားေတာ့မွပိုဆိုးလာကာ...
စည္းကမ်က္လံုးစံုမွိတ္ၿပီးတကိုယ္လံုးသိမ္းၾကံဳးၿပီးဖက္ေတာ့သည္။
'အာ...ျပႆနာပဲ...မထိနဲ႔.....နဲ႔...'
တားဆီးေနရင္းနဲ႔သူ႔ပါးေပၚအထိက်ဴးေက်ာ္လာတဲ့စည္းရဲ႕အနမ္းမ်ားေၾကာင့္ အဆံုးထိေျဗာင္းဆန္သြားတဲ့ႏွလံုးသားကထိန္းလို႔မပါေတာ့ပါ။
သြားၿပီ...ဒီညကေတာ့တကယ့္ကိုအိပ္မက္ဆိုးနဲ႔ နတ္ဆိုးေတြေသာင္းက်န္းၿပီထင္၏။
အဲဒါက အိပ္မက္ေယာင္ေနတာလား...မူးတဲ့အခါျဖစ္တတ္တဲ့အက်င့္ဆိုးလား....ဒါမွမဟုတ္...တမင္တကာလား။
အမ်ိဳးမ်ိဳးခြဲျခမ္းစိတ္ျဖာေနရင္း စည္းရဲ႕ေႏြးေထြးညင္သာတဲ့အနမ္းေတြၾကားမွာ သူ...ၿငိမ္သက္ခ်င္လာသည္။
ႏွစ္လိုဖြယ္ေကာင္းတဲ့ကိုယ္ေငြ႕ေႏြးေႏြးကလည္း ပိုၿပီးတပ္မက္ခ်င္စရာေကာင္းလာကာ ရင္ခြင္နားတိုးကပ္လာခဲ့တဲ့ စည္းကိုသူမတားဆီးႏိုင္ေတာ့ပါ။
႐ုန္းေလနစ္ေလဆိုတာမ်ိဳးမဟုတ္ဘဲ မ႐ုန္းဘဲနဲ႔နစ္ခ်င္သြားတဲ့ေျခေထာက္ေတြရဲ႕အေၾကာင္းျပခ်က္ကဘာျဖစ္မလဲ။
ေတြေဝျခင္းေပါင္းေသာင္းေျခာက္ေထာင္နဲ႔...
မွည့္နက္ေလးႏွင့္နႈတ္ခမ္းႏုႏုေတြ....ျဖင့္....
စည္း'တိုက္စားသြားခဲ့သည့္ထိုညသည္ ပင္လယ့္အတြက္အအိပ္ခက္ခဲ့၏။
Unicode
အခန်းနံပတ် (5) နဲ့...ငါနဲ့....မင်းနဲ့.....
😎😎😎😎😎
(အပိုင်း-10 နှင့်ဆက်စပ်တဲ့လျှို့ဝှက်ချက်လေး)
နေ့စဉ်မှတ်တမ်းစာအုပ်အနက်လေးကိုပင်လယ်မသုံးဖြစ်ခဲ့တာနှစ်ပေါင်းကြာခဲ့ပြီးမှ...
စည်းနဲ့ဆုံခဲ့သည့်နောက်ပိုင်းမှာစာမျက်နှာတိုင်းစာလုံးတွေပြည့်လာခဲ့သည်။
'နှုတ်ခမ်းအောက်မှာမှည့်လေးပါတဲ့ကာတွန်းယုန်ရုပ်လေးကအစပြုပြီး....
စေ့စပ်ထားတဲ့မိန်းကလေးမိုနာ၏နာမည်အဆုံး...အလုံးစုံသောစည်းရဲ့အရာအားလုံး...ကမ႓ာတစ်ခုလုံးသည်သူ့မှတ်တမ်းစာရွက်များပေါ်မှာ...
--------
ရင်ခုန်သံတွေအစပျိုးခဲ့တဲ့အဲဒီညတွင်.....
အိမ်သာရှေ့မူးပြီးလဲနေတဲ့စည်း'ကိုသူဒုတိယအထပ်ကစည်း'တည်းခိုသည့်အခန်းအမှတ် (5) ထိတွယ်လာခဲ့ကာ....အိပ်ယာပေါ်ချပေးပြီးသူလည်းအခန်းမပြန်တော့ဘဲတစ်ဖက်ကုတင်မှာအိပ်ခဲ့သည်။
မျက်လုံးမှိတ်လို့အိပ်ပျော်ခါနီးလေး...ရုတ်တရက်သူ့နံဘေးလာတိုးအိပ်လာတဲ့စည်းကြောင့်...
မူးပြီးအိပ်ချင်တာတောင်ဘယ်ရောက်သွားမှန်းမသိ။
ဝေခွဲရခက်တဲ့ရင်ခုန်သံဟာ ဘယ်ဘက်ရင်ဘတ်ထဲမှာ တဒုန်းဒုန်း။
အသိစိတိတွေကိုဖမ်းဆုပ်နိုင်သမျှဖမ်းဆုပ်ဖို့ကြိုးစားနေတုန်းမှာ...
စည်းက...မှေးစင်းကျနေတဲ့မျက်တောင်လေးတွေကွေးတဲ့အထိရီဝေဝေပြုံးပြပြီး...
'ငါ...တစ်ယောက်ထဲမအိပ်နိုင်ဘူး..'....လို့ဆိုလာသောအခါ။
မပီမပြင်နဲ့စည်းရဲ့...ခပ်တိုးတိုးစကားသံကြောင့် သူ့တကိုယ်လုံး ကြက်သီးမွှေးညှင်းတွေဖုံးလွှမ်းလို့...။
နောက်ပြီး...သူ့လက်မောင်းကိုစည်းကရင်ခွင်ထဲထည့်ဖက်ထားကာ....ကြောင်တကောင်လိုပွတ်သပ်တော့ အသည်းတွေယားကျိကျိနဲ့...
ဒုက္ခပါပဲ။
'စည်း...ဖယ်စမ်း..ကွာ'
သူ့လက်မောင်းပေါ်ကစည်းရဲ့လက်ကိုခွာချတော့...
ဟင့်အင်းဆိုပြီးမပွင့်တပွင့်ငြင်းဆိုရင်းပိုတိုးဖက်တဲ့အပြင်...
သူ့လက်မောင်းကိုစည်းရဲ့နှုတ်ခမ်းနှစ်လွှာကပါတိုးတိုက်ပွတ်သပ်နေတဲ့အခါ.....
အာ့...ကွိုင်ပဲ။
မလုပ်နဲ့လို့တားဖို့နေနေသာသာ...
ကြောက်လန့်လွန်းလို့အသက်ရှူရပ်ချင်နေတာလား...
အခုန်လွန်ပြီးရပ်သွားခဲ့တာလားမသိတဲ့ကိုယ့်ရင်ဘတ်ကိုယ်ပြန်စမ်းကာ...နေပင်လယ်ချွေးစေးတွေပြန်လို့...။
လန့်လို့ခုန်နေပေမယ့် အဆမတန်မြန်နေတဲ့နှလုံးက ရိုးသားပါတယ်လို့ထင်ချင်စရာကိုမကောင်း...။
စည်းကို...မထိနဲ့လို့တားပေမယ့်...
ယောင်နေတဲ့စည်းကဘာမှမသိတော့ ရပ်တန့်မသွားဘဲပိုပိုဆိုးလာကာ လက်မောင်းကနေရင်ဘတ်တွေအထိနမ်းရှိုက်လာခဲ့၏။
'ဟေ့...စည်း...သတိထားစမ်းပါ...'
တွန်းတိုက်နမ်းနေတဲ့သူ့နှုတ်ခမ်းလွှာကိုလက်ဖဝါးလေးကာပြီးတားတော့မှပိုဆိုးလာကာ...
စည်းကမျက်လုံးစုံမှိတ်ပြီးတကိုယ်လုံးသိမ်းကြုံးပြီးဖက်တော့သည်။
'အာ...ပြဿနာပဲ...မထိနဲ့.....နဲ့...'
တားဆီးနေရင်းနဲ့သူ့ပါးပေါ်အထိကျူးကျော်လာတဲ့စည်းရဲ့အနမ်းများကြောင့် အဆုံးထိဗြောင်းဆန်သွားတဲ့နှလုံးသားကထိန်းလို့မပါတော့ပါ။
သွားပြီ...ဒီညကတော့တကယ့်ကိုအိပ်မက်ဆိုးနဲ့ နတ်ဆိုးတွေသောင်းကျန်းပြီထင်၏။
အဲဒါက အိပ်မက်ယောင်နေတာလား...မူးတဲ့အခါဖြစ်တတ်တဲ့အကျင့်ဆိုးလား....ဒါမှမဟုတ်...တမင်တကာလား။
အမျိုးမျိုးခွဲခြမ်းစိတ်ဖြာနေရင်း စည်းရဲ့နွေးထွေးညင်သာတဲ့အနမ်းတွေကြားမှာ သူ...ငြိမ်သက်ချင်လာသည်။
နှစ်လိုဖွယ်ကောင်းတဲ့ကိုယ်ငွေ့နွေးနွေးကလည်း ပိုပြီးတပ်မက်ချင်စရာကောင်းလာကာ ရင်ခွင်နားတိုးကပ်လာခဲ့တဲ့ စည်းကိုသူမတားဆီးနိုင်တော့ပါ။
ရုန်းလေနစ်လေဆိုတာမျိုးမဟုတ်ဘဲ မရုန်းဘဲနဲ့နစ်ချင်သွားတဲ့ခြေထောက်တွေရဲ့အကြောင်းပြချက်ကဘာဖြစ်မလဲ။
တွေဝေခြင်းပေါင်းသောင်းခြောက်ထောင်နဲ့...
မှည့်နက်လေးနှင့်နှုတ်ခမ်းနုနုတွေ....ဖြင့်....
စည်း'တိုက်စားသွားခဲ့သည့်ထိုညသည် ပင်လယ့်အတွက်အအိပ်ခက်ခဲ့၏။