ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

By doubleuwxyz

42.5K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(28)

276 16 0
By doubleuwxyz

ခ်ိဳေသာဒဏ္ရာ

စည္း'...မနက္လင္းခါနီးမွအိပ္လို႔ရသြားေပမယ့္မ်က္ႏွာေပၚက်ဲျပန္႔လာတဲ့ေနေရာင္ျခည္ေႏြးေႏြးေျကာင့္ ဆက္အိပ္လို႔မရေတာ့ပါ။
နာရီကိုၾကည့္ေတာ့မနက္ရွစ္နာရီေတာင္ထိုးေနၿပီျဖစ္ၿပီး ေသခ်ာမအိပ္ခဲ့ရေတာ့ေခါင္းကသိပ္မၾကည္လင္ခ်င္ပါ။
ေအာက္ထပ္ဆင္းလာေတာ့...ေဘစင္မွာပင္လယ္'မ်က္ႏွာသစ္ေနတာေတြ႕ရၿပီး...သူလဲႏိုးလာတာမၾကာေသးဘူးပဲလို႔သိလိုက္သည္။

ေဘစင္ထဲေခါင္းငိုက္စိုက္ၿပီးမ်က္ႏွာသစ္ေနတဲ့ပက္လယ့္နံေဘးကို ေဇယ်ကေရာက္လာခဲ့ျပန္သည္။

'ပင္လယ္...ဒီေန႔ညေနမင္းကိုေရကူးၿပိဳင္ဖို႔စိန္ေခၚတယ္....ဒီတေခါက္ေတာ့အႏိုင္အရံႈးေသခ်ာကြဲျပားမွျဖစ္မယ္'

ဘယ္ခ်ိန္ကတည္းကဒီစကားကိုေျပာဖို႔ေစာင့္ေနမွန္းမသိတဲ့ေဇယ်က တက္ႂကြေနတဲ့ပံုေလးနဲ႔ ပင္လယ့္ရဲ႕ပုခံုးကိုပါပုတ္လိုက္ေသး၏။

လာျပန္ၿပီ...မနက္ေစာေစာစီးစီး..
ကြ်တ္စ္...
ပင္လယ္က စိတ္ရႈပ္ေထြးသြားခဲ့ၿပီးေခါင္းကိုအသာယမ္းသည္။

'ေဆာရီး ေဇယ် ငါေရမကူးေတာ့ဘူး...'

'မရဘူး....ဒီအထိလာခဲ့ရတာမင္းနဲ႔အႏိုင္အရံႈးကြဲခ်င္လို႔...စာရင္းရွင္းခ်င္လို႔'

ျငင္းဆန္လဲ လက္ခံႏိုင္မည့္ပံုမရတဲ့ေဇယ်ကတကယ္ကိုအတည္ေပါက္ႀကီးပါ။

'ေဇယ်...ငါေရကူးတာကိုလံုးဝနားပစ္လိုက္တာ...ထပ္မကူးေတာ့ဘူးဆံုးျဖတ္ထားတာ..
ဘယ္ေတာ့မွေရထပ္မကူးေတာ့ဘူးမို႔လို႔...
မင္း...စိတ္ေလ်ာ့လိုက္ပါ'

'ႏိုးႏိုး....ငါ....မင္းလာတဲ့အထိေစာင့္ေနမွာ....ညေနေလးနာရီ...ေရႊ႐ုပ္တို႔အထက္တန္းေက်ာင္းကေရကူးကန္ဆီ...ဆက္ဆက္လာပါ'

အေနေအးေပမယ့္ ေခါင္းမာတာေလးက လက္ဖ်ားခါခ်င္စရာေကာင္းတဲ့ေဇယ်ကေတာ့ အဆံုးထိေခါင္းမာဖို႔ျပင္ဆင္ထားပံုရသည္။

'က်စ္.....တကယ္ငါ...မလာဘူးလို႔...ေဇယ်..."

ထြက္ခြာသြားတဲ့ေဇယ်ေနာက္ေက်ာဆီကို လွမ္းေအာ္ေပမယ့္ ေဇယ်ကတစ္ခ်က္မွလည့္မၾကည့္ေပ။
သူတို႔ႏွစ္ေယာက္ေျပာဆိုေနတာကို စည္းေရာ၊ ဦးေနာင္ေနာင္ေရာ ၾကားေနခဲ့တာမို႔ အၾကည့္ခ်င္းဆိုင္ၿပီး စည္းနဲ႔ဦးေနာင္ေနာင္က ပုခံုးကိုယ္စီတြန္႔ပစ္သည္။
သူတို႔လဲမတတ္ႏိုင္ဘူးဆိုတဲ့သေဘာ။

'သူတကယ္အတည္ေပါက္ေျပာေနတာ...ပင္လယ္ရ...'

ဦးေနာင္ေနာင္က စကားျပန္စ,ေပးေတာ့ စည္းကပါထပ္ေျပာလာသည္။

'မင္း...သူနဲ႔သူငယ္ခ်င္းဟုတ္ေနေသးတယ္ဆိုရင္..သြားသင့္တယ္..'

'ငါေရမကူးေတာ့ပါဘူးဆိုေန...'

သြားေတာင္တိုက္လို႔မၿပီးေသးဘဲလမ္းတဝက္မွာရပ္ၿပီး စည္းကစကားေျပာေတာ့...ပါးစပ္ထဲကအျမႇုပ္ေတြနဲ႔ စကားကလံုးလံုးေထြးေထြး။

'ကူးလို႔ေတာ့ရေသးတယ္မလား...မင္းဒဏ္ရာကေပ်ာက္သြားတာၾကာၿပီပဲ'

'မကူးခ်င္ေတာ့ဘူးဆိုေန....'

ပင္လယ္ကတကယ္ကိုခါးသီးေနခဲ့ပံုရၿပီး ကေလးလိုမ်ိဳးေျခေတာင္ေဆာင့္လိုက္ေသးသည္။

'အဲဒါကိုထပ္မလုပ္ခ်င္ေတာ့ဘူးလို႔...'

ဘယ္လိုပဲျငင္းေနပါေစ...ဦးေနာင္ေနာင္ေရာ၊ စည္းကပါတေလသံထဲထြက္လာၿပီး ပင္လယ့္ကိုနားခ်ေနခဲ့ဲ၏။

'ေကာင္ေလး...မင္း...ေသခ်ာသြားလိုက္ပါ...
သူဒီအခ်ိန္ထိ...ဒဏ္ရာေတြသယ္ပိုးထားတာ...
မင္း...သူ႔ကိုအားနာသင့္တယ္...ပုန္းေနတဲ့သူကိုမရမကလိုက္ရွာေဖြရတာလက္စားေခ်ဖို႔အေၾကာင္းျပခ်က္လို႔ထင္ရေပမယ့္....တကယ္ေတာ့သူမင္းကို မေမ့ေလ်ာ့ႏိုင္ခဲ့တာသက္သက္ပဲ...'

ဦးေနာင္ေနာင္စကားမွာပင္လယ္ကတခ်က္ေတြေဝသြားတာ...
ဒီေကာင္......ေဇယ်...သူ႔အေပၚေတာ္ေတာ္ကိုခင္မင္သားပဲ...လို႔...။

-------------

မနက္စာစားၿပီးဝယ္စရာေတြရွိလို႔ ပင္လယ္နဲ႔စည္းကေစ်းရွိရာကိုအတူသြားၾကသည္။
စည္း'ဘာဆိုဘာမွမီးဖိုေခ်ာင္တန္ဆာပလာမ်ားကိုနားမလည္ေတာ့...
ပင္လယ္ကပဲဦးစီးဦးေဆာင္ျပဳၿပီးဝယ္ရျခမ္းရကာ...စည္းတစ္ေယာက္ေတာ့အထုပ္ဆြဲေကာင္ေလးသာသာ။
ျပဴးကာၿပဲကာပင္လယ္ေစ်းဝယ္ေနတာကိုလိုက္ၾကည့္ရင္း ဟိုေငးလိုက္၊ ဒီၾကည့္လိုက္။
အၿမဲဝယ္ေနက်ဆိုင္ေတြပဲမို႔...ပင္လယ္ကဆိုင္ရွင္ေတြနဲ႔ေလေပးေျဖာင့္ေနခဲ့ကာ...တကယ့္ကိုအိမ္ရွင္မဒီဇိုင္းနဲ႔ပါ။

ပင္လယ့္ကိုၾကည့္ၿပီး စည္းကအားက်ေနသလိုလို...
အထင္ႀကီးေနမိသလိုလိုပါပဲ...။
ဆန္၊ဆီ၊ဆား၊င႐ုတ္ၾကက္သြန္ေလာက္ပဲသိတဲ့ စည္းအတြက္ကေတာ့...ပင္လယ္ဝယ္ယူေနသည့္ တျခားအရာေတြဟာထူးဆန္းေနခဲ့တာ
ေရွ႕မွာျမင္ေနရတဲ့ဟင္းခတ္အေမႊးႀကိဳင္အရြက္မ်ား...အေခါက္မ်ား...အေစ့ဆံမ်ားကိုသူဘာမွမသိ....။
ပင္လယ္ကဟိုဟာေလးတဆုပ္ယူၿပီးေကာက္နမ္းလိုက္၊ ဒီဟာေလးတို႔ျမည္းလိုက္နဲ႔...အထာက်ေနေပမယ့္...
စည္းကေတာ့ ရႈပ္ေထြးလွသည့္ေစ်းဆိုင္ၾကားထဲမူးလဲခ်င္ေနပါၿပီ။

----------

ေစ်းဝယ္ၿပီးျပန္လာတဲ့သူတို႔ကားကဒိုင္းမြန္းေဟာက္စ္ေရွ႕လဲထိုးရပ္တာနဲ႔...ေရႊ႐ုပ္အရြယ္ကေလးမေလးသံုးေယာက္ကအနားလာၿပီး...ပင္လယ့္ကိုရပ္ၿပီးေအာ္ေျပာသြားၾကသည္။

'ညေနေလးနာရီသမီးတို႔လာအားေပးမယ္ေနာ္....ကိုႀကီးေနပင္လယ္'

'ဟာ....ဘာလဲ'

ဘာကိုအားေပးမွာလဲလို႔တခ်က္ေတြေတာ့ေတြေဝသြားေပမယ့္...
အထဲေရာက္ေတာ့မွအေၾကာင္းရင္းကိုသိရသည္။
ဒီကေလးေတြကို ေဇယ်ခြ်န္လိုက္ပါၿပီ။

ဝယ္လာတာေတြသယ္ၿပီးဝင္သြားေတာ့ ေရႊ႐ုပ္နဲ႔ယမံုတို႔ကပင္လယ့္ကိုဝိုင္းၾကည့္ၿပီးျပံဳးစိစိ။
ဒါကိုပင္လယ္သတိထားမိေပမယ့္ မသိခ်င္ေယာင္ေဆာင္ကာ...စကၠဴဗူးထဲမွပုလင္းမ်ား၊ အထုပ္မ်ားကိုယူထုတ္သည္။
အားလံုးကအလိုက္တသိနဲ႔ပင္လယ့္ကိစၥေတြကိုမေမးျမန္းသေလာက္ ခ်မ္းခ်မ္းဆိုတဲ့ ေရႊ႐ုပ္သူငယ္ခ်င္းေလးကေတာ့ အလိုက္မသိ။

'ကိုႀကီး....အထက္တန္းတုန္းကတကယ္မိုက္မွာေနာ္...လက္ေရြးစင္ေရကူးသမားႀကီဆိုေတာ့...
ဝိုင္းဝိုင္းလည္ေနမွာ...အဟိ္း....'

ေျပာၿပီးတာနဲ႔ရည္က်ဲက်ဲလုပ္လိုက္ေသးတဲ့ ခ်မ္းခ်မ္းကိုမိယုကတိတ္တိတ္ႀကိတ္ၿပီးကုတ္ေလသည္။

'အလိုက္ကိုမသိဘူး...ငခ်မ္း...'

'အား...နာတယ္...မိယုရ...'

ဒီေတာ့မွ လူေတြအကုန္လံုးပင္လယ့္ကိုပဲဝိုင္းအကဲခတ္လာေတာ့...
ေနပင္လယ္တို႔တင္းၿပီေလ။

'ဒါကဘာျဖစ္ေနၾကတာလဲ...တကယ္ပဲ...'

အားလံုးကိုမ်က္ေစာင္းထိုးၿပီးပင္လယ္ကအေပၚထပ္တက္သြားကာ...ေျခေဆာင့္ၿပီးစိတ္ေကာက္သြားတဲ့ကေလူေလးပမာ။
အခန္းထဲေရာက္ေတာ့မွ ပင္လယ္က သူ႔ေက်ာပိုးအိတ္ကိုေမွာက္ခ်ပစ္ၿပီးတခုခုကိုခ်က္ခ်င္းရွာသည္။
ေဟာ...တိုလီမႈတ္စၾကားမွေရကူးမ်က္မွန္ေလးကိုေတြ႕ပါၿပီ။
မသံုးေတာ့တာရွစ္ႏွစ္ရွိၿပီမို႔...အနည္းငယ္ေဟာင္းႏြမ္းေနေပမယ့္...အေကာင္းႀကီးရွိေနေသးတာပဲ...။
ဒီမ်က္မွန္ေလးကိုၾကည္လင္လာေအာင္ပြတ္တိုက္ေနရင္း...အေတြးမ်ားကအတိတ္ဆီမွာ....
အထူးတလည္မသိမ္းဆည္းထားေသာ္လည္း..အတိတ္သည္ေပ်ာက္ပ်က္မသြားတတ္တာကို.....

------

ေရႊ႐ုပ္တို႔ေက်ာင္းကပိတ္ထားေသာ္လည္း...အားကစားအဖြဲ႕၊ေႏြရာသီမွာ camp ဝင္ၾကသည့္ေက်ာင္းသားမ်ားစြာရွိေနေတာ့ လူမျပတ္ေပ။
အထက္တန္းေက်ာင္းသူျဖစ္သည့္ေရႊ႐ုပ္တို႔သူငယ္ခ်င္းမ်ားလည္းတဆင့္စကားျဖင့္ၾကည့္ရွဳအားေပးရန္ရွိေစာင့္ေနခဲ့ၾကတာ...
ေရကူးကန္နားမွာလူေတြမ်ားစြာ။

ေက်ာင္းသားဘဝမွာလက္ေရြးစင္အားကစားသမားတို႔သည္အႏွစ္သက္ခံအားအက်ခံလူသားမ်ားျဖစ္ၿပီး...႐ုပ္ရည္ေခ်ာေမာလွ်င္ပို၍နာမည္ႀကီးတတ္ၾကတာ...
ဒီလိုမိန္းကေလးေတြနဲ႔စပ္စုစိန္ေလးေတြရွိေနလို႔...။

ေရကန္ေဘးမွာတက္စီဦးေလးႏွင့္စာပို႔သမားေလးတို႔ကဒိုင္သေဘာနဲ႔ ေဝၚကီကန္ေတာ့ဝါႀကီးကိုယ္စီ၊ ဝီစီကိုယ္စီနဲ႔ဟိုမႈတ္လိုက္၊ ဒီေအာ္လိုက္ပါ။
ေနပင္လယ့္အရိပ္အေယာင္မျမင္ရေသးေတာ့...
ေဇယ်ကမၿငိမ္သက္ႏိုင္ဘဲတေမွ်ာ္ေမွ်ာ္...
ဒီေကာင္...တကယ္မလာဘူးလား...?

ဒါေပမယ့္ သိပ္ေတာ့မၾကာ...ပင္လယ္ကခပ္ေအးေအးေဆးေဆးပံုနဲ႔ေလွ်ာက္လာတာကိုအားလံုးေတြ႕ရေတာ့...အားေပးေနရမယ့္အစား ႐ုတ္တရက္ႀကီးအသံေတြတိတ္သြား၏။

ဒီလူေတြကိုအနည္းငယ္ေစာင္းၾကည့္ၿပီးမွ ပင္လယ္ကတီရွပ္အက်ႌကိုခြ်တ္ၿပီးလက္ေမာင္းႂကြက္သားေတြကိုေသြးပူေလ့က်င့္ခန္းသေဘာမ်ိဳးနဲ႔လႈပ္လႈပ္ရွားရွားျပဳေပးသည္။
အဲဒီေတာ့မွ ေဇယ်ရဲ႕မ်က္ႏွာကတခ်က္လင္းသြားၿပီး ပင္လယ္အဆင္သင့္ျဖစ္မယ့္ခ်ိန္အထိရပ္ေစာင့္ေနခဲ့၏။
အသင့္ျပင္....အေနအထားျဖင့္...ႏွစ္ေယာက္စလံုးရပ္တန္႔သြားခ်ိန္မွာ...
အားလံုးကျပိဳင္တူ ဝမ္း..တူး...သရီးေအာ္ေပးၿပီးလက္ခုပ္တီးေပးၾကသည္။

နံပတ္သံုးအထိေရတြက္ၿပီးအဆံုးမွာေတာ့...
ေရျပင္ဆီငါးေတြလိုသူတို႔ႏွစ္ေယာက္ခုန္ဆင္းကူးခတ္ၾကေတာ့သည္။
ေရမကူးျဖစ္တာၾကာေနေပမယ့္ လက္ေရြးစင္သမားေတြဆိုေတာ့လဲအေလ့က်င့္ေတြမ်ားလြန္းၿပီးဘယ္အခ်ိန္မဆိုတက္ႂကြေနမွာပါပဲ။
ပင္လယ္ေရာ၊ ေဇယ်ပါ...မေႏွးေသာအရွိန္ကိုယ္စီနဲ႔ သူမသာကိုယ္မသာ...
ဟိုဘက္ဒီဘက္အသြားအျပန္..ေျခာက္ေခါက္ကူးၾကဖို႔ကိုလဲမတိုင္ပင္ဘဲ ကူးခတ္ၿပိဳင္ဆိုင္ေနၾက၏။

ေႏွးလိုက္ျမန္လိုက္နဲ႔အကြာေဝးလဲသိပ္မျခားေပမယ့္ ပင္လယ္ကတျဖည္းျဖည္းေနာက္က်က်န္ခဲ့ကာ ေဇယ်ကပန္းတိုင္အရင္ေရာက္ေတာ့...
ေရႊ႐ုပ္တို႔အုပ္စုေလးေတြကမ်က္ႏွာေလးေတြမႈန္မိႈင္းလို႔။
ၾကည့္ေနသူမ်ားအားလံုးတိတ္ဆိတ္ၿငိမ္သက္ကာ...
ေနပင္လယ္ပန္းဝင္လာမွာကိုေစာင့္ေနခဲ့ၾက၏။
နံေဘးကလူေတြကအားမလိုအားမရျဖစ္ေနသေလာက္...
ေဇယ်နဲ႔ပင္လယ္ကေတာ့ အခုမွစိတ္ေပါ့ပါးသြားခဲ့ပံုရၾက၏။
တပ္ထားသည့္မ်က္မွန္ကိုယ္စီခြ်တ္ကာေရကန္ေဘာင္ေပၚလက္ႏွစ္ဖက္ယွက္တင္ၿပီး...
လက္ဝါးေတာင္ေျပး႐ိုက္ေနၾကေသးသည္။

'ေဇယ်...မင္းေက်နပ္ၿပီလား...'

ေမာဟိုက္သံတခ်ိဳ႕ပါေနေပမယ့္ပင္လယ့္အသံကအားအျပည့္နဲ႔က်ယ္က်ယ္ေလာင္ေလာင္ပါပဲ။
ေဇယ်ကလည္းၾကည္ၾကည္လင္လင္ျပံဳးေနခဲ့ၿပီး..
ပင္လယ့္ပုခံုးဆီလွမ္းပုတ္ေနသည္။

'အင္း...ငါႏိုင္လို႔ေတာ့မဟုတ္ဘူး...မင္းနဲ႔ေဘးခ်င္းယွဥ္ခြင့္ရလိုက္လို႔...'

'မင္းကငါ့ထက္ပိုသာပါတယ္ ေဇယ်ရယ္...မင္းအခုႏိုင္သြားတာပဲ...'

'မဟုတ္ဘူးေလ...ငါကေတာက္ေလွ်ာက္ေလ့က်င့္ေနခဲ့တဲ့လူဆိုေတာ့ မင္းကိုငါႏိုင္တာမဆန္းဘူးေလ...
မင္းကေတာ့ေပ်ာက္သြားတဲ့ေနာက္ပိုင္းကေနအခုထိေရမကူးျဖစ္တာၾကာၿပီမလား'

အနားကပ္လာၿပီးမွပင္လယ့္ပုခံုးကိုေခါင္းငဲ့မွီခ်ကာေဇယ်ရယ္ေနခဲ့၏။
ဘာပဲျဖစ္ျဖစ္ ခ်စ္ရတဲ့သူငယ္ခ်င္းကိုအခ်ိန္ေတြၾကာမွျပန္ရလိုက္ေပမယ့္ ေပ်ာ္ပါသည္။
ေနပင္လယ္ကေတာ့...ရယ္ေနတဲ့ေဇယ်ကိုၾကည့္ၿပီးလိုက္ျပံဳးမိရင္း...
သူ...ရံႈးနိမ့္ခဲ့ေပမယ့္ ေဇယ်ရဲ႕ဒဏ္ရာေတြေပါ့သြားရင္ေတာ့...မခါးပါဘူးေလ.....

Unicode

ချိုသောဒဏ်ရာ

စည်း'...မနက်လင်းခါနီးမှအိပ်လို့ရသွားပေမယ့်မျက်နှာပေါ်ကျဲပြန့်လာတဲ့နေရောင်ခြည်နွေးနွေးကြောင့် ဆက်အိပ်လို့မရတော့ပါ။
နာရီကိုကြည့်တော့မနက်ရှစ်နာရီတောင်ထိုးနေပြီဖြစ်ပြီး သေချာမအိပ်ခဲ့ရတော့ခေါင်းကသိပ်မကြည်လင်ချင်ပါ။
အောက်ထပ်ဆင်းလာတော့...ဘေစင်မှာပင်လယ်'မျက်နှာသစ်နေတာတွေ့ရပြီး...သူလဲနိုးလာတာမကြာသေးဘူးပဲလို့သိလိုက်သည်။

ဘေစင်ထဲခေါင်းငိုက်စိုက်ပြီးမျက်နှာသစ်နေတဲ့ပက်လယ့်နံဘေးကို ဇေယျကရောက်လာခဲ့ပြန်သည်။

'ပင်လယ်...ဒီနေ့ညနေမင်းကိုရေကူးပြိုင်ဖို့စိန်ခေါ်တယ်....ဒီတခေါက်တော့အနိုင်အရှုံးသေချာကွဲပြားမှဖြစ်မယ်'

ဘယ်ချိန်ကတည်းကဒီစကားကိုပြောဖို့စောင့်နေမှန်းမသိတဲ့ဇေယျက တက်ကြွနေတဲ့ပုံလေးနဲ့ ပင်လယ့်ရဲ့ပုခုံးကိုပါပုတ်လိုက်သေး၏။

လာပြန်ပြီ...မနက်စောစောစီးစီး..
ကျွတ်စ်...
ပင်လယ်က စိတ်ရှုပ်ထွေးသွားခဲ့ပြီးခေါင်းကိုအသာယမ်းသည်။

'ဆောရီး ဇေယျ ငါရေမကူးတော့ဘူး...'

'မရဘူး....ဒီအထိလာခဲ့ရတာမင်းနဲ့အနိုင်အရှုံးကွဲချင်လို့...စာရင်းရှင်းချင်လို့'

ငြင်းဆန်လဲ လက်ခံနိုင်မည့်ပုံမရတဲ့ဇေယျကတကယ်ကိုအတည်ပေါက်ကြီးပါ။

'ဇေယျ...ငါရေကူးတာကိုလုံးဝနားပစ်လိုက်တာ...ထပ်မကူးတော့ဘူးဆုံးဖြတ်ထားတာ..
ဘယ်တော့မှရေထပ်မကူးတော့ဘူးမို့လို့...
မင်း...စိတ်လျော့လိုက်ပါ'

'နိုးနိုး....ငါ....မင်းလာတဲ့အထိစောင့်နေမှာ....ညနေလေးနာရီ...ရွှေရုပ်တို့အထက်တန်းကျောင်းကရေကူးကန်ဆီ...ဆက်ဆက်လာပါ'

အနေအေးပေမယ့် ခေါင်းမာတာလေးက လက်ဖျားခါချင်စရာကောင်းတဲ့ဇေယျကတော့ အဆုံးထိခေါင်းမာဖို့ပြင်ဆင်ထားပုံရသည်။

'ကျစ်.....တကယ်ငါ...မလာဘူးလို့...ဇေယျ..."

ထွက်ခွာသွားတဲ့ဇေယျနောက်ကျောဆီကို လှမ်းအော်ပေမယ့် ဇေယျကတစ်ချက်မှလည့်မကြည့်ပေ။
သူတို့နှစ်ယောက်ပြောဆိုနေတာကို စည်းရော၊ ဦးနောင်နောင်ရော ကြားနေခဲ့တာမို့ အကြည့်ချင်းဆိုင်ပြီး စည်းနဲ့ဦးနောင်နောင်က ပုခုံးကိုယ်စီတွန့်ပစ်သည်။
သူတို့လဲမတတ်နိုင်ဘူးဆိုတဲ့သဘော။

'သူတကယ်အတည်ပေါက်ပြောနေတာ...ပင်လယ်ရ...'

ဦးနောင်နောင်က စကားပြန်စ,ပေးတော့ စည်းကပါထပ်ပြောလာသည်။

'မင်း...သူနဲ့သူငယ်ချင်းဟုတ်နေသေးတယ်ဆိုရင်..သွားသင့်တယ်..'

'ငါရေမကူးတော့ပါဘူးဆိုနေ...'

သွားတောင်တိုက်လို့မပြီးသေးဘဲလမ်းတဝက်မှာရပ်ပြီး စည်းကစကားပြောတော့...ပါးစပ်ထဲကအမြှုပ်တွေနဲ့ စကားကလုံးလုံးထွေးထွေး။

'ကူးလို့တော့ရသေးတယ်မလား...မင်းဒဏ်ရာကပျောက်သွားတာကြာပြီပဲ'

'မကူးချင်တော့ဘူးဆိုနေ....'

ပင်လယ်ကတကယ်ကိုခါးသီးနေခဲ့ပုံရပြီး ကလေးလိုမျိုးခြေတောင်ဆောင့်လိုက်သေးသည်။

'အဲဒါကိုထပ်မလုပ်ချင်တော့ဘူးလို့...'

ဘယ်လိုပဲငြင်းနေပါစေ...ဦးနောင်နောင်ရော၊ စည်းကပါတလေသံထဲထွက်လာပြီး ပင်လယ့်ကိုနားချနေခဲဲ့၏။

'ကောင်လေး...မင်း...သေချာသွားလိုက်ပါ...
သူဒီအချိန်ထိ...ဒဏ်ရာတွေသယ်ပိုးထားတာ...
မင်း...သူ့ကိုအားနာသင့်တယ်...ပုန်းနေတဲ့သူကိုမရမကလိုက်ရှာဖွေရတာလက်စားချေဖို့အကြောင်းပြချက်လို့ထင်ရပေမယ့်....တကယ်တော့သူမင်းကို မမေ့လျော့နိုင်ခဲ့တာသက်သက်ပဲ...'

ဦးနောင်နောင်စကားမှာပင်လယ်ကတချက်တွေဝေသွားတာ...
ဒီကောင်......ဇေယျ...သူ့အပေါ်တော်တော်ကိုခင်မင်သားပဲ...လို့...။

-------------

မနက်စာစားပြီးဝယ်စရာတွေရှိလို့ ပင်လယ်နဲ့စည်းကစျေးရှိရာကိုအတူသွားကြသည်။
စည်း'ဘာဆိုဘာမှမီးဖိုချောင်တန်ဆာပလာများကိုနားမလည်တော့...
ပင်လယ်ကပဲဦးစီးဦးဆောင်ပြုပြီးဝယ်ရခြမ်းရကာ...စည်းတစ်ယောက်တော့အထုပ်ဆွဲကောင်လေးသာသာ။
ပြူးကာပြဲကာပင်လယ်စျေးဝယ်နေတာကိုလိုက်ကြည့်ရင်း ဟိုငေးလိုက်၊ ဒီကြည့်လိုက်။
အမြဲဝယ်နေကျဆိုင်တွေပဲမို့...ပင်လယ်ကဆိုင်ရှင်တွေနဲ့လေပေးဖြောင့်နေခဲ့ကာ...တကယ့်ကိုအိမ်ရှင်မဒီဇိုင်းနဲ့ပါ။

ပင်လယ့်ကိုကြည့်ပြီး စည်းကအားကျနေသလိုလို...
အထင်ကြီးနေမိသလိုလိုပါပဲ...။
ဆန်၊ဆီ၊ဆား၊ငရုတ်ကြက်သွန်လောက်ပဲသိတဲ့ စည်းအတွက်ကတော့...ပင်လယ်ဝယ်ယူနေသည့် တခြားအရာတွေဟာထူးဆန်းနေခဲ့တာ
ရှေ့မှာမြင်နေရတဲ့ဟင်းခတ်အမွှေးကြိုင်အရွက်များ...အခေါက်များ...အစေ့ဆံများကိုသူဘာမှမသိ....။
ပင်လယ်ကဟိုဟာလေးတဆုပ်ယူပြီးကောက်နမ်းလိုက်၊ ဒီဟာလေးတို့မြည်းလိုက်နဲ့...အထာကျနေပေမယ့်...
စည်းကတော့ ရှုပ်ထွေးလှသည့်စျေးဆိုင်ကြားထဲမူးလဲချင်နေပါပြီ။

----------

စျေးဝယ်ပြီးပြန်လာတဲ့သူတို့ကားကဒိုင်းမွန်းဟောက်စ်ရှေ့လဲထိုးရပ်တာနဲ့...ရွှေရုပ်အရွယ်ကလေးမလေးသုံးယောက်ကအနားလာပြီး...ပင်လယ့်ကိုရပ်ပြီးအော်ပြောသွားကြသည်။

'ညနေလေးနာရီသမီးတို့လာအားပေးမယ်နော်....ကိုကြီးနေပင်လယ်'

'ဟာ....ဘာလဲ'

ဘာကိုအားပေးမှာလဲလို့တချက်တွေတော့တွေဝေသွားပေမယ့်...
အထဲရောက်တော့မှအကြောင်းရင်းကိုသိရသည်။
ဒီကလေးတွေကို ဇေယျချွန်လိုက်ပါပြီ။

ဝယ်လာတာတွေသယ်ပြီးဝင်သွားတော့ ရွှေရုပ်နဲ့ယမုံတို့ကပင်လယ့်ကိုဝိုင်းကြည့်ပြီးပြုံးစိစိ။
ဒါကိုပင်လယ်သတိထားမိပေမယ့် မသိချင်ယောင်ဆောင်ကာ...စက္ကူဗူးထဲမှပုလင်းများ၊ အထုပ်များကိုယူထုတ်သည်။
အားလုံးကအလိုက်တသိနဲ့ပင်လယ့်ကိစ္စတွေကိုမမေးမြန်းသလောက် ချမ်းချမ်းဆိုတဲ့ ရွှေရုပ်သူငယ်ချင်းလေးကတော့ အလိုက်မသိ။

'ကိုကြီး....အထက်တန်းတုန်းကတကယ်မိုက်မှာနော်...လက်ရွေးစင်ရေကူးသမားကြီဆိုတော့...
ဝိုင်းဝိုင်းလည်နေမှာ...အဟိ်း....'

ပြောပြီးတာနဲ့ရည်ကျဲကျဲလုပ်လိုက်သေးတဲ့ ချမ်းချမ်းကိုမိယုကတိတ်တိတ်ကြိတ်ပြီးကုတ်လေသည်။

'အလိုက်ကိုမသိဘူး...ငချမ်း...'

'အား...နာတယ်...မိယုရ...'

ဒီတော့မှ လူတွေအကုန်လုံးပင်လယ့်ကိုပဲဝိုင်းအကဲခတ်လာတော့...
နေပင်လယ်တို့တင်းပြီလေ။

'ဒါကဘာဖြစ်နေကြတာလဲ...တကယ်ပဲ...'

အားလုံးကိုမျက်စောင်းထိုးပြီးပင်လယ်ကအပေါ်ထပ်တက်သွားကာ...ခြေဆောင့်ပြီးစိတ်ကောက်သွားတဲ့ကလေူလေးပမာ။
အခန်းထဲရောက်တော့မှ ပင်လယ်က သူ့ကျောပိုးအိတ်ကိုမှောက်ချပစ်ပြီးတခုခုကိုချက်ချင်းရှာသည်။
ဟော...တိုလီမှုတ်စကြားမှရေကူးမျက်မှန်လေးကိုတွေ့ပါပြီ။
မသုံးတော့တာရှစ်နှစ်ရှိပြီမို့...အနည်းငယ်ဟောင်းနွမ်းနေပေမယ့်...အကောင်းကြီးရှိနေသေးတာပဲ...။
ဒီမျက်မှန်လေးကိုကြည်လင်လာအောင်ပွတ်တိုက်နေရင်း...အတွေးများကအတိတ်ဆီမှာ....
အထူးတလည်မသိမ်းဆည်းထားသော်လည်း..အတိတ်သည်ပျောက်ပျက်မသွားတတ်တာကို.....

------

ရွှေရုပ်တို့ကျောင်းကပိတ်ထားသော်လည်း...အားကစားအဖွဲ့၊နွေရာသီမှာ camp ဝင်ကြသည့်ကျောင်းသားများစွာရှိနေတော့ လူမပြတ်ပေ။
အထက်တန်းကျောင်းသူဖြစ်သည့်ရွှေရုပ်တို့သူငယ်ချင်းများလည်းတဆင့်စကားဖြင့်ကြည့်ရှုအားပေးရန်ရှိစောင့်နေခဲ့ကြတာ...
ရေကူးကန်နားမှာလူတွေများစွာ။

ကျောင်းသားဘဝမှာလက်ရွေးစင်အားကစားသမားတို့သည်အနှစ်သက်ခံအားအကျခံလူသားများဖြစ်ပြီး...ရုပ်ရည်ချောမောလျှင်ပို၍နာမည်ကြီးတတ်ကြတာ...
ဒီလိုမိန်းကလေးတွေနဲ့စပ်စုစိန်လေးတွေရှိနေလို့...။

ရေကန်ဘေးမှာတက်စီဦးလေးနှင့်စာပို့သမားလေးတို့ကဒိုင်သဘောနဲ့ ဝေါ်ကီကန်တော့ဝါကြီးကိုယ်စီ၊ ဝီစီကိုယ်စီနဲ့ဟိုမှုတ်လိုက်၊ ဒီအော်လိုက်ပါ။
နေပင်လယ့်အရိပ်အယောင်မမြင်ရသေးတော့...
ဇေယျကမငြိမ်သက်နိုင်ဘဲတမျှော်မျှော်...
ဒီကောင်...တကယ်မလာဘူးလား...?

ဒါပေမယ့် သိပ်တော့မကြာ...ပင်လယ်ကခပ်အေးအေးဆေးဆေးပုံနဲ့လျှောက်လာတာကိုအားလုံးတွေ့ရတော့...အားပေးနေရမယ့်အစား ရုတ်တရက်ကြီးအသံတွေတိတ်သွား၏။

ဒီလူတွေကိုအနည်းငယ်စောင်းကြည့်ပြီးမှ ပင်လယ်ကတီရှပ်အကျႌကိုချွတ်ပြီးလက်မောင်းကြွက်သားတွေကိုသွေးပူလေ့ကျင့်ခန်းသဘောမျိုးနဲ့လှုပ်လှုပ်ရှားရှားပြုပေးသည်။
အဲဒီတော့မှ ဇေယျရဲ့မျက်နှာကတချက်လင်းသွားပြီး ပင်လယ်အဆင်သင့်ဖြစ်မယ့်ချိန်အထိရပ်စောင့်နေခဲ့၏။
အသင့်ပြင်....အနေအထားဖြင့်...နှစ်ယောက်စလုံးရပ်တန့်သွားချိန်မှာ...
အားလုံးကပြိုင်တူ ဝမ်း..တူး...သရီးအော်ပေးပြီးလက်ခုပ်တီးပေးကြသည်။

နံပတ်သုံးအထိရေတွက်ပြီးအဆုံးမှာတော့...
ရေပြင်ဆီငါးတွေလိုသူတို့နှစ်ယောက်ခုန်ဆင်းကူးခတ်ကြတော့သည်။
ရေမကူးဖြစ်တာကြာနေပေမယ့် လက်ရွေးစင်သမားတွေဆိုတော့လဲအလေ့ကျင့်တွေများလွန်းပြီးဘယ်အချိန်မဆိုတက်ကြွနေမှာပါပဲ။
ပင်လယ်ရော၊ ဇေယျပါ...မနှေးသောအရှိန်ကိုယ်စီနဲ့ သူမသာကိုယ်မသာ...
ဟိုဘက်ဒီဘက်အသွားအပြန်..ခြောက်ခေါက်ကူးကြဖို့ကိုလဲမတိုင်ပင်ဘဲ ကူးခတ်ပြိုင်ဆိုင်နေကြ၏။

နှေးလိုက်မြန်လိုက်နဲ့အကွာဝေးလဲသိပ်မခြားပေမယ့် ပင်လယ်ကတဖြည်းဖြည်းနောက်ကျကျန်ခဲ့ကာ ဇေယျကပန်းတိုင်အရင်ရောက်တော့...
ရွှေရုပ်တို့အုပ်စုလေးတွေကမျက်နှာလေးတွေမှုန်မှိုင်းလို့။
ကြည့်နေသူများအားလုံးတိတ်ဆိတ်ငြိမ်သက်ကာ...
နေပင်လယ်ပန်းဝင်လာမှာကိုစောင့်နေခဲ့ကြ၏။
နံဘေးကလူတွေကအားမလိုအားမရဖြစ်နေသလောက်...
ဇေယျနဲ့ပင်လယ်ကတော့ အခုမှစိတ်ပေါ့ပါးသွားခဲ့ပုံရကြ၏။
တပ်ထားသည့်မျက်မှန်ကိုယ်စီချွတ်ကာရေကန်ဘောင်ပေါ်လက်နှစ်ဖက်ယှက်တင်ပြီး...
လက်ဝါးတောင်ပြေးရိုက်နေကြသေးသည်။

'ဇေယျ...မင်းကျေနပ်ပြီလား...'

မောဟိုက်သံတချို့ပါနေပေမယ့်ပင်လယ့်အသံကအားအပြည့်နဲ့ကျယ်ကျယ်လောင်လောင်ပါပဲ။
ဇေယျကလည်းကြည်ကြည်လင်လင်ပြုံးနေခဲ့ပြီး..
ပင်လယ့်ပုခုံးဆီလှမ်းပုတ်နေသည်။

'အင်း...ငါနိုင်လို့တော့မဟုတ်ဘူး...မင်းနဲ့ဘေးချင်းယှဉ်ခွင့်ရလိုက်လို့...'

'မင်းကငါ့ထက်ပိုသာပါတယ် ဇေယျရယ်...မင်းအခုနိုင်သွားတာပဲ...'

'မဟုတ်ဘူးလေ...ငါကတောက်လျှောက်လေ့ကျင့်နေခဲ့တဲ့လူဆိုတော့ မင်းကိုငါနိုင်တာမဆန်းဘူးလေ...
မင်းကတော့ပျောက်သွားတဲ့နောက်ပိုင်းကနေအခုထိရေမကူးဖြစ်တာကြာပြီမလား'

အနားကပ်လာပြီးမှပင်လယ့်ပုခုံးကိုခေါင်းငဲ့မှီချကာဇေယျရယ်နေခဲ့၏။
ဘာပဲဖြစ်ဖြစ် ချစ်ရတဲ့သူငယ်ချင်းကိုအချိန်တွေကြာမှပြန်ရလိုက်ပေမယ့် ပျော်ပါသည်။
နေပင်လယ်ကတော့...ရယ်နေတဲ့ဇေယျကိုကြည့်ပြီးလိုက်ပြုံးမိရင်း...
သူ...ရှုံးနိမ့်ခဲ့ပေမယ့် ဇေယျရဲ့ဒဏ်ရာတွေပေါ့သွားရင်တော့...မခါးပါဘူးလေ.....

Continue Reading

You'll Also Like

4.9K 231 14
Yizhan Fanfiction ပထမ ဆုံး ရေးတဲ့ Fanfic လေးပါ အတတ်နိုင်ဆုံးကြိုးစားပီး ထားပါတယ် ဖတ်ပီးတော့အရေးအသားတွေ စိတ်ကြိုက်ဝေဖန်ပေးကြပါဦးရှင့် 💕 Complete ဖြစ...
51.9K 5K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
163K 15.2K 66
Unicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး"...