ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

By doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(25)

298 17 0
By doubleuwxyz

အနာေဟာင္း

ဦးႏိုင္ျပန္ေတာ့မည္မို႔...စည္း..အထုပ္ေတြျပင္ေပးၿပီး ကားဆီကိုလိုက္ပို႔သည္။
ကားတံခါးကိုဖြင့္ၿပီး အထုပ္ထည့္ေပးေနတုန္း
ကမ္းစပ္မွလမ္းေလွ်ာက္ျပန္တက္လာေသာပင္လယ္လည္းအနီးေရာက္လာသည္။

'ျပန္ေတာ့မလားဦးေလး...ကားကိုဂ႐ုစိုက္ေမာင္းပါ...'

မေန႔တုန္းကဘာျပႆနာမွမရွိခဲ့သလိုမ်ိဳး ပင္လယ့္မ်က္ႏွာသည္ၾကည္လင္ေနခဲ့၏။
ထိုေကာင္ေလးကိုနစ္နစ္နာနာေတြေျပာခဲ့မိေတာ့ စည္းရဲ႕ဦးေလးကအားနာေနတဲ့ပံုျဖစ္ေနတာကိုပင္လယ္ကသိပါ၏။

'အင္း...စည္းကိုဂ႐ုစိုက္ေပးပါ..'

'ဟုတ္ကဲ့...'

'စည္း....မင္းေသခ်ာေတြးေတာၿပီး အျမန္ျပန္ခဲ့ဖို႔ေတာင္းဆိုတယ္...ငါေစာင့္ေနမယ္'

စည္းရဲ႕လက္ေမာင္းတစ္ဖက္ကိုဦးႏိုင္ကႏွစ္ခ်က္ဆင့္ပုတ္ၿပီးမွပင္လယ္ဘက္ကိုေသခ်ာလွည့္သည္။

'အဲဒီေန႔က ငါေျပာမိတာေတြအတြက္အားနာမိတယ္...မင္းနားလည္ေပးမယ္လို႔ေမွ်ာ္လင့္တယ္ကြာ...'

ဦးႏိုင္ကပင္လယ့္ကိုေတာင္းပန္ေနခဲ့တာ ဘာအတြက္ေၾကာင့္မွန္းမသိတဲ့ စည္းက သူတို႔ၾကားမွာေၾကာင္ေတာင္ေတာင္။
သူမသိလိုက္ဘဲနဲ႔ဦးႏိုင္နဲ႔ပင္လယ္တို႔ျကားမွာ...ဘာေတြျဖစ္ခဲ့ၾကေသးလဲ..'

စည္း'ကအေတြးထဲနစ္ေမ်ာေနတုန္းမွာ ကားေပၚတက္သြားတဲ့ဦးႏိုင္ကကားတံခါးပိတ္ၿပီးမွမွန္တစ္ဝက္ေလာက္ျပန္ခ်သည္။

'ပင္လယ္....မင္းေနာက္တႀကိမ္ျပန္လည္ေတာက္ပဖို႔ငါဆႏၵျပဳတယ္...
ေရွ႕ေရးကိုစဥ္းစဥ္းစားစားေတြးပါကြာ..."

ဦးႏိုင္ရဲ႕စကားကိုၾကားေတာ့ေနပင္လယ္ကျပံဳးလိုက္ရင္း...ေခါင္းကိုအနည္းငယ္ၫႊတ္သည္။

'ဦးေလးလည္း ဒီေနရာကိုေနာက္တေခါက္ျပန္လာခဲ့ပါဦး'

......

ဧည့္သည္ေတြၾကိဳမွာထားတဲ့ညစာမ်ားျပင္ၿပီးခ်ိန္မွာခုနစ္နာရီခြဲၿပီ...
အဲဒီခ်ိန္မွဦးေနာင္ေနာင္တို႔အားလံုးေရခ်ိဳးၿပီးထမင္းစားရသည္။
သူတို႔အားလံုးထမင္းစားၿပီးခ်ိန္မွေဇယ်လည္းအမူးေျပၿပီးႏိုးလာကာေအာက္ထပ္ဆင္းခဲ့သည္။

ဧည့္ထမင္းစားခန္းမဟုတ္ဘဲနဲ႔၊
မိသားစုေတြနားေနၾကအတြင္းဘက္ထမင္းစားပြဲမွာထိုင္ေနတဲ့သူတို႔ဆီေဇယ်ကတန္းတန္းမတ္မတ္ေလွ်ာက္ဝင္လာၿပီး...ပင္လယ့္ေရွ႕တည့္တည့္ရပ္သည္။

'ေနပင္လယ္...မင္းကဒီမွာေအးေအးေဆးေဆးသာယာေနတာကိုး...'

ထီမထင္သည့္ဟန္တို႔နဲ႔ ေဇယ်မ်က္ႏွာက မဲ့ရြဲ႕ေနခဲ့သည္။
သူငယ္ခ်င္းျဖစ္ေနေပမယ့္လည္း ပင္လယ္ကတ႐ိုတေသနဲ႔ပဲ ေရွ႕နားကလြတ္ေနတဲ့ထိုင္ခံုေလးကိုၫႊန္ျပသည္။

'ထိုင္ဦး...ေဇယ်'

'ထိုင္မွာ...မင္းကိုေတြ႕ခ်င္လို႔ငါဒီကိုေရာက္လာတာ...ဒဏ္ရာေတြနဲ႔ထားခဲ့တဲ့မင္းနဲ႔စာရင္းရွင္းခ်င္လို႔...ညိဳေလးဆီကမင္းရွိရာကိုစံုစမ္းၿပီးလိုက္ခဲ့ရတာ..'

ညိဳေလးအေၾကာင္းၾကားလိုက္ေတာ့မွ တေန႔တုန္းက ဒီကိစၥေၾကာင့္ သူ႔ဆီဖုန္းဝင္လာခဲ့တာလို႔္သိသြားခဲ့သည္။

'မင္း...ညိဳေလးနဲ႔ေတြ႕ခဲ့ေသးတာလား...'

'အင္း...မင္းရွိတဲ့ေနရာကိုသိခ်င္လို႔တမင္တကာသြားေတြ႕ၿပီးေမးခဲ့တာ...
မင္းကေတာ့ ဒီေနရာမွာနားေအးပါးေအးနဲ႔အခန္႔သားေလး...
ငါကပဲမင္းကိုေမ့မရဘဲနဲ႔...."

'ဘာလို႔လဲ...တကယ္ဆိုငါ့ကိုအားလံုးေမ့ကုန္ၾကၿပီမဟုတ္လား'

'ဟား...ဘယ္ေမ့လို႔ျဖစ္မွာလဲ၊
ဒီမွာ...ပင္လယ္...မင္းရတဲ့ဒဏ္ရာကေပ်ာက္ေနေလာက္ၿပီဆိုေပမယ့္...
ငါ့ဒဏ္ရာေတြကမေပ်ာက္ေသးဘဲ အခုထိက်န္ေနတုန္းပဲ...
ငါဘယ္ေမ့လို႔ရမွာလဲကြာ....."

"ႏွစ္ေတြဒီေလာက္ေတာင္ၾကာေနၿပီ...ဘာလို႔ မင္း...ဒီလိုမေကာင္းတဲ့အတိတ္ကိုမေမ့ပစ္တာလဲ..."

"ေမ့ပစ္ရမွာတဲ့လား...
သူရဲေဘာေၾကာင္ေၾကာင္နဲ႔ဒဏ္ရာရၿပီးထြက္ေျပးေပ်ာက္ကြယ္သြားတဲ့မင္းကို ရင္နာလြန္းလို႔ ေမ့လို႔မရခဲ့ဘူး...
သူရဲေဘာေၾကာင္တဲ့ေကာင္ကသနားစရာတဲ့လား...
အစားထိုးခံရတဲ့ငါကပိုသနားဖို႔ေကာင္းေနတာမဟုတ္ဘူးလား....
မင္းေၾကာင့္...မင္းေၾကာင့္....လူတကာအေျပာဆိုခံခဲ့ရတဲ့ငါကပိုၿပီးသနားဖို႔ေကာင္းတာပါ..."

ေဇယ်ကစကားေျပာေနရင္းမွအားမလိုအားမရျဖစ္လာၿပီးမ်က္ႏွာခ်င္းဆိုင္တစ္ဖက္ကေနကုန္းကြၿပီးထ,လာကာ...
ပင္လယ့္ရင္ဘတ္ကိုလက္ညိဳးနဲ႔ထိုးကာထပ္ေျပာ၏။

'မင္း...က....ဘာမွမဟုတ္ဘဲထြက္ေျပးသြားေပမယ့္....မင္းအစားျပိဳင္ပြဲဝင္ခဲ့ရတဲ့ငါကအႏိုင္မရခဲ့လို႔လူေတြဝိုင္းအျပစ္တင္ခဲ့ၾကတာေတြ၊
ငါကပဲတမင္သက္သက္မင္းကိုဒဏ္ရာရၿပီးမၿပိဳင္ႏိုင္ေအာင္လို႔ၾကံစည္ထားသလိုလိုအတင္းအဖ်င္းေတြ၊ လူေတြ႕တိုင္းကဲ့ရဲ႕ရႈတ္ခ်ေနၾကတာေတြ ငါဘယ္လိုသည္းခံခဲ့ရသလဲ သိလား...?....
ဒဏ္ရာရတယ္ဆိုၿပီးေတာ့ထပ္ေပၚမလာတဲ့မင္းေနရာအစားထိုးၿပီးၿပိဳင္ေတာ့...
ျပိဳင္ပြဲစတင္တာနဲ႔မင္းမဟုတ္လို႔ဆိုၿပီး...အားေပးသံေတြတိတ္သြားတဲ့ခဏမ်ိဳး....ငါဘယ္ေတာ့မွမေမ့ႏိုင္ခဲ့ဘဲ အခုထိ ၿပိဳင္ပြဲဆိုတဲ့အရာႀကီးကိုေၾကာက္ေနတုန္းပဲ။
ငါ....ရံႈးသြားလို႔ဝမ္းနည္းတာထက္...ၿပိဳင္ပြဲဝင္ဖို႔ျပင္ဆင္ခ်ိန္သိပ္မရခဲ့တဲ့ငါ့ကိုနားလည္မေပးၾကတာကိုရင္နာတာ။
ငါ့ေနရာမွာ....ေနပင္လယ္သာဆိုရင္...ေနပင္လယ္သာၿပိဳင္ျဖစ္ခဲ့ရင္...ဆိုတဲ့စာနာမႈမရွိတဲ့စကားေတြကပ္ိုဝမ္းနည္းေစတာ....'

ေျပာေနရင္းနဲ႔ေဇယ်ကေဒါသထြက္လာၿပီး...
ပင္လယ့္အက်ႌလည္ပင္းကိုပါဆုပ္ဆြဲလာတာေၾကာင့္ၿငိမ္သက္စြာနားေထာင္ေနတဲ့စည္း'က...မေနႏိုင္ဘဲ ထ,တားေပးလိုက္ရသည္။

'ပင္လယ္ကတမင္တကာလုပ္တာမွမဟုတ္တာ...သူ႔ေၾကာင့္လို႔ေျပာရေအာင္သူဒဏ္ရာရခ်င္ခဲ့မလား...သူလဲေရြးစရာမရွိခဲ့ဘူးေလ'

႐ုတ္တရက္စည္းကသူတို႔ၾကားဝင္လာတာေၾကာင့္
ေဇယ်ကပင္လယ့္အက်ႌကိုလြတ္ထုတ္ၿပီးမွစည္း'ဘက္ကိုလွည့္သည္။

'မင္းကဘယ္သူလဲ...မဆိုင္တဲ့ကိစၥကိုဝင္မပါနဲ႔'

'ငါကဒီကဝန္ထမ္း'

'အဲဒါဆိုဧည့္သည္ကိုေလးစားပါ....ဝင္မပါနဲ႔...'

အေနေအးေပမယ့္တရွဴးရွဴးတရွားရွားလုပ္တတ္တဲ့အက်င့္ေလးမေပ်ာက္ေသးတဲ့ ေဇယ်က စည္းနဲ႔ပုခံုးခ်င္းယွဥ္ရပ္ဖို႔ျပင္လာတာေၾကာင့္ ပင္လယ္ကဝင္တားလိုက္ရသည္။

'စည္း...ရတယ္...ဘာမွမျဖစ္ဘူး"

ေခါင္းကိုအသာယာညိတ္ၿပီးတားဆီးတဲ့ပင္လယ့္အၾကည့္တို႔ေၾကာင့္...
သူတို႔လက္ပါၾကမွာစိုး၍တားဖို႔ျပင္ေနတဲ့ေရႊ႐ုပ္နဲ႔ယမံုတို႔ပါရပ္တန္႔ကုန္သည္။
စည္းကထိုင္ခံုဆီျပန္ထိုင္ခ်ေတာ့မွေဇယ်ကပင္လယ့္ဘက္ျပန္တိုးကပ္လာသည္။

'အလကားေကာင္...သူရဲေဘာေၾကာင္'

'ဟုတ္တယ္....ငါကအခုအလကားေကာင္ေလ...သူရဲေဘာေၾကာင္ၿပီးထြက္ေျပးတဲ့အေကာင္ပဲ။
မင္းကသာႏိုင္ငံတကာအထိေရာက္ခဲ့တဲ့လက္ေရြးစင္ကစားသမားပဲ..ေဇယ်ရဲ႕
ဘာကိုမေက်မနပ္ျဖစ္ေနေသးတာလဲ'.....'

"ဘာက္ိုမေက်နပ္လဲ....ဟုတ္လား...အဟား....
သတၱိမရွိဘဲေရွာင္ေျပးတဲ့လူကအခုထိသူရဲေကာင္းႀကီးျဖစ္ေနၿပီး၊
အစားထိုးခံရတဲ့ငါကအေျပာဆိုခံျဖစ္ေနတာေလ...
မတရားဘူးမဟုတ္လား..."

စိတ္တိုတိုနဲ႔ ေဇယ်ကေဘာင္းဘီထဲကလက္ကိုင္အိတ္ေလးဆြဲထုတ္ဖို႔ႀကိဳးစားရင္းဆက္ေျပာ၏။

'မင္းနဲ႔မေက်တဲ့ပြဲကိုငါႏြဲခ်င္ေသးလို႔....မင္းရွိရာကိုေတာက္ေလွ်ာက္စံုစမ္းေနခဲ့တာ...ဆယ္စုႏွစ္တစ္ခုနီးပါးၾကာတဲ့အထိငါမင္းသတင္းေတြကိုလိုက္ခဲ့ရတာ...မင္းမထုတ္ႏိုင္ဘဲေရွာင္ေျပးသြားတဲ့ရလဒ္တစ္ခုကိုအခုရယူခ်င္တာ။
မေက်ေသးလို႔.....ငါမေက်နပ္ေသးလို႔...။
2002 တုန္းကမင္းဓါတ္ပံုပါတဲ့သတင္းစာျဖတ္ပိုင္းေလးသိမ္းထားတယ္....လက္ကိုင္အိတ္ထဲအၿမဲေခါက္ထည့္ထားခဲ့တယ္။
အခ်ိန္ေတြၾကာရင္ခငါ..မင္းကိုေမ့သြားမိမွာစိုးလို႔...
အဲဒီအားကာသိပၸံေက်ာင္းမွာဘြဲ႕ရတဲ့အထိငါဘယ္လိုဒီဒဏ္ရာေတြက္ိုသည္းခံေနခဲ့ရလဲ...မင္းသိလား။
မင္းကိုအားေပးခဲ့တဲ့...မိန္းကေလးေတြကမင္းအေၾကာင္းေတြငါ့က္ိုလာလာေမးတိုင္း...ဘယ္လိုစိတ္နဲ႔ငါေျဖရင္းရင္ဆိုင္ရလဲ....သိလား.....ငါနာက်င္ေနတာေတာင္မမဲ့ရဲခဲ့ဘူး။
မင္း...ကိုမနာလိုတာေတာင္မွငါသည္းခံခဲ့ရတာ..."

ေဇယ်လက္ကိုင္အိတ္ထဲကသတင္းစာျဖတ္ပိုင္းေလးယူထုတ္ၿပီးပင္လယ့္ဆီပစ္ေပါက္ရင္း...
ထပ္ေပါက္ကြဲသည္။

'ေတာ္ေတာ္ကိုစာနာစိတ္ကင္းမဲ့ျကတဲ့လူေတြ...
ငါရံႈးလို႔ထြက္လိုက္ရတဲ့ဒုတိယပြဲစဥ္မွာ...လာေမးတဲ့အင္တာဗ်ဴးေမးခြန္းကဘာလဲ...မင္းသိလား...
ငါနာက်င္ဝမ္းနည္းေနလားဆိုတဲ့ေမးခြန္းမဟုတ္ဘဲနဲ႔....ေနပင္လယ္ဒဏ္ရာဘယ္လိုရွိေနလဲတဲ့.....
ေမးေနတဲ့လူေတြ...ငါ့ကိုဓါတ္ပံု႐ိုက္ေနၾကတဲ့လူေတြက္ို...တစ္ေယာက္မက်န္လက္သီးနဲ႔ေျပးထိုးပစ္ခ်င္တာ....
ေဒါသထြက္ရလြန္းလို႔ငါတဆတ္ဆတ္တုန္ေနတဲ့အထိပဲ
ဘယ္သူတစ္ေယာက္ကမွ ငါ့ခံစားခ်က္ေတြကိုဂ႐ုမစိုက္ေပးခဲ့ဘူးကြ..."

တကယ္လည္း နာက်င္ေနဆဲျဖစ္သည့္ေဇယ်က ေမာသြားတဲ့အထိစကားေတြေအာ္ေျပာၿပီး ေပါက္ကြဲထုတ္ေနခဲ့တာကိုျမင္ေတာ့
ပင္လယ္ အရမ္းသနားမိသြားသည္။
တကယ္ဆို သူထြက္ေျပးလာခဲ့တဲ့အျဖစ္က ေဇယ်ကိုထိခိုက္နစ္နာမႈျဖစ္ေစခဲ့မယ္မွန္းတကယ္မေမွ်ာ္လင့္ခဲ့ဘူး။

'ေနပင္လယ္ဆိုတဲ့ငါ...မင္းေရွ႕မွာရွိေနၿပီပဲ....မင္းနာက်င္ရသလို...ငါ့က္ိုနာက်င္ေအာင္လုပ္ပါ...ငါၿငိမ္ေနပါ့မယ္'

သူ႔ေရွ႕မွာပုခံုးကိုက်ံု႔ၿပီးပင္လယ္ကေခါင္းကိုပါငံု႔ပစ္ၿပီးေတာင္းပန္စကားဆိုေတာ့ ေဇယ်ကျငင္းဆန္ေလသည္။

'ငါလိုခ်င္တာအဲဒါမဟုတ္ဘူး.....မင္းနဲ႔ငါထပ္ၿပိဳင္ခ်င္တာ....အႏိုင္အရံႈးကြဲခ်င္တာ'

အႏိုင္အရံႈးကြဲဖို႔ ဘယ္သူကပ္ိုေတာ္သလဲဆိုတာ ထင္သာျမင္သာရွိဖို႔က အခ်ိန္ေတာ္ေတာ္ေနာက္က်ေနခဲ့ၿပီး အတ်တ္ကိုျပန္ျပင္ဆင္ဖို႔အခြင့္ေရးမရွိေတာ့မွန္း ေဇယ်ေရာ၊ ပင္လယ္ပါ ေသေသခ်ာခ်ာသိေနခဲ့ၾကတာပါပဲ။
စိတ္ႀကိဳက္ေပါက္ကြဲၿပီးတာနဲ႔...ေဇယ်က....ထိုင္ခံုမွာေျခပစ္လက္ပစ္ထိုင္ခ်ကာသက္ျပင္းတစ္ခ်က္ခ်၏။
ၿပီးေတာ့...မ်က္ရည္ေတြစီးက်ေနလ်က္..ခပ္တိုးတိုးေလးေရရြတ္၏။

'ငါ...ေနာက္ဆံုးေတာ့မင္းက္ိုျပန္ေတြ႕ၿပီ'

ခပ္တိုးတိုးေလးေရရြတ္သံဆိုေပမယ့္...
တိတ္ဆိတ္ေနတဲ့အခန္းမွာရွိတဲ့လူေတြအားလံုးၾကားေနခဲ့ၾကသည္။

မိနစ္အနည္းငယ္ၾကာတဲ့ေနာက္...
ေဇယ်မွစတင္၍တိတ္ဆိတ္ျခင္းကိုဖ်က္ဆီးလိုက္သည္။

''ညစာျပင္ေပးပါ...ကြ်န္ေတာ္ဗိုက္ဆာေနၿပီ...'

'ညစာစားခ်ိန္ကလြန္ေနၿပီ...ေနာက္ၿပီးစားစရာအဆင္သင့္မရွိေတာ့ဘူး၊ ဘယ္လိုလုပ္ရမလဲ'

ေဇယ်ကိုနည္းနည္းေလးအျမင္ေစာင္းခ်င္ေနသည့္ေရႊ႐ုပ္မွစားဖိုခန္းထဲဝင္သြားရင္းေရရြတ္သည္။
ဒီလူႀကီးကိုသူမမ်က္မုန္းက်ိဳးပါသည္။
ေရႊ႐ုပ္ရဲ႕ခပ္ဆတ္ဆတ္စကားေၾကာင့္
ေဇယ်ရဲ႕မ်က္ႏွာမဲ့က်သြားတာျမင္ေတာ့...
ပင္လယ္ကပ်ာပ်ာသလဲထေျပာရသည္။

'ဟို...ရတယ္...ရတယ္...ေရႊ႐ုပ္၊ ငါျပင္ေပးလိုက္မယ္...
ရတယ္...ရွိတာနဲ႔လုပ္ေပးမယ္...ခဏေစာင့္..."

ပင္လယ္ကအားလံုးကိုၾကည္လင္စြာျပံဳးျပရင္းဘာမွမျဖစ္ခဲ့သလိုျပံဳးျပကာစားဖိုခန္းဝင္ေလသည္။
သူတို႔ႏွစ္ေယာက္ရဲ႕ျပႆနာကိုဒီအခန္းထဲမွာရွိတဲ့လူေတြေတြ႕ခဲ့၊ ျမင္ခဲ့ရေတာ့...ကာယကံရွင္မဟုတ္ဘဲနဲ႔ေတာင္ ကိုယ္စီမြန္းက်ပ္ေနခဲ့ၾက၏။
ကာယကံရွင္ဆိုရင္ဒီ့ထက္ပိုၿပီး စိတ္ခံစားေနရမွာမဟုတ္ဘူးလား...။
အျပံဳးေတြၾကည္လင္ၿပီး ဟန္ေဆာင္ေနခဲ့သည့္ပင္လယ့္ကိုၾကည့္ရင္း အံ့ၾသျခင္းမ်ားသာျဖစ္ေနခဲ့လ်က္...
ဒီလိုအေျခေနမွာေတာင္ျပံဳးေနႏိုင္ေသးတာ...
ေနပင္လယ္ဟာတကယ့္ကိုဂ်ိဳကာ။

Unicode

အနာဟောင်း

ဦးနိုင်ပြန်တော့မည်မို့...စည်း..အထုပ်တွေပြင်ပေးပြီး ကားဆီကိုလိုက်ပို့သည်။
ကားတံခါးကိုဖွင့်ပြီး အထုပ်ထည့်ပေးနေတုန်း
ကမ်းစပ်မှလမ်းလျှောက်ပြန်တက်လာသောပင်လယ်လည်းအနီးရောက်လာသည်။

'ပြန်တော့မလားဦးလေး...ကားကိုဂရုစိုက်မောင်းပါ...'

မနေ့တုန်းကဘာပြဿနာမှမရှိခဲ့သလိုမျိုး ပင်လယ့်မျက်နှာသည်ကြည်လင်နေခဲ့၏။
ထိုကောင်လေးကိုနစ်နစ်နာနာတွေပြောခဲ့မိတော့ စည်းရဲ့ဦးလေးကအားနာနေတဲ့ပုံဖြစ်နေတာကိုပင်လယ်ကသိပါ၏။

'အင်း...စည်းကိုဂရုစိုက်ပေးပါ..'

'ဟုတ်ကဲ့...'

'စည်း....မင်းသေချာတွေးတောပြီး အမြန်ပြန်ခဲ့ဖို့တောင်းဆိုတယ်...ငါစောင့်နေမယ်'

စည်းရဲ့လက်မောင်းတစ်ဖက်ကိုဦးနိုင်ကနှစ်ချက်ဆင့်ပုတ်ပြီးမှပင်လယ်ဘက်ကိုသေချာလှည့်သည်။

'အဲဒီနေ့က ငါပြောမိတာတွေအတွက်အားနာမိတယ်...မင်းနားလည်ပေးမယ်လို့မျှော်လင့်တယ်ကွာ...'

ဦးနိုင်ကပင်လယ့်ကိုတောင်းပန်နေခဲ့တာ ဘာအတွက်ကြောင့်မှန်းမသိတဲ့ စည်းက သူတို့ကြားမှာကြောင်တောင်တောင်။
သူမသိလိုက်ဘဲနဲ့ဦးနိုင်နဲ့ပင်လယ်တို့ကြားမှာ...ဘာတွေဖြစ်ခဲ့ကြသေးလဲ..'

စည်း'ကအတွေးထဲနစ်မျောနေတုန်းမှာ ကားပေါ်တက်သွားတဲ့ဦးနိုင်ကကားတံခါးပိတ်ပြီးမှမှန်တစ်ဝက်လောက်ပြန်ချသည်။

'ပင်လယ်....မင်းနောက်တကြိမ်ပြန်လည်တောက်ပဖို့ငါဆန္ဒပြုတယ်...
ရှေ့ရေးကိုစဉ်းစဉ်းစားစားတွေးပါကွာ..."

ဦးနိုင်ရဲ့စကားကိုကြားတော့နေပင်လယ်ကပြုံးလိုက်ရင်း...ခေါင်းကိုအနည်းငယ်ညွှတ်သည်။

'ဦးလေးလည်း ဒီနေရာကိုနောက်တခေါက်ပြန်လာခဲ့ပါဦး'

......

ဧည့်သည်တွေကြိုမှာထားတဲ့ညစာများပြင်ပြီးချိန်မှာခုနစ်နာရီခွဲပြီ...
အဲဒီချိန်မှဦးနောင်နောင်တို့အားလုံးရေချိုးပြီးထမင်းစားရသည်။
သူတို့အားလုံးထမင်းစားပြီးချိန်မှဇေယျလည်းအမူးပြေပြီးနိုးလာကာအောက်ထပ်ဆင်းခဲ့သည်။

ဧည့်ထမင်းစားခန်းမဟုတ်ဘဲနဲ့၊
မိသားစုတွေနားနေကြအတွင်းဘက်ထမင်းစားပွဲမှာထိုင်နေတဲ့သူတို့ဆီဇေယျကတန်းတန်းမတ်မတ်လျှောက်ဝင်လာပြီး...ပင်လယ့်ရှေ့တည့်တည့်ရပ်သည်။

'နေပင်လယ်...မင်းကဒီမှာအေးအေးဆေးဆေးသာယာနေတာကိုး...'

ထီမထင်သည့်ဟန်တို့နဲ့ ဇေယျမျက်နှာက မဲ့ရွဲ့နေခဲ့သည်။
သူငယ်ချင်းဖြစ်နေပေမယ့်လည်း ပင်လယ်ကတရိုတသေနဲ့ပဲ ရှေ့နားကလွတ်နေတဲ့ထိုင်ခုံလေးကိုညွှန်ပြသည်။

'ထိုင်ဦး...ဇေယျ'

'ထိုင်မှာ...မင်းကိုတွေ့ချင်လို့ငါဒီကိုရောက်လာတာ...ဒဏ်ရာတွေနဲ့ထားခဲ့တဲ့မင်းနဲ့စာရင်းရှင်းချင်လို့...ညိုလေးဆီကမင်းရှိရာကိုစုံစမ်းပြီးလိုက်ခဲ့ရတာ..'

ညိုလေးအကြောင်းကြားလိုက်တော့မှ တနေ့တုန်းက ဒီကိစ္စကြောင့် သူ့ဆီဖုန်းဝင်လာခဲ့တာလို့်သိသွားခဲ့သည်။

'မင်း...ညိုလေးနဲ့တွေ့ခဲ့သေးတာလား...'

'အင်း...မင်းရှိတဲ့နေရာကိုသိချင်လို့တမင်တကာသွားတွေ့ပြီးမေးခဲ့တာ...
မင်းကတော့ ဒီနေရာမှာနားအေးပါးအေးနဲ့အခန့်သားလေး...
ငါကပဲမင်းကိုမေ့မရဘဲနဲ့...."

'ဘာလို့လဲ...တကယ်ဆိုငါ့ကိုအားလုံးမေ့ကုန်ကြပြီမဟုတ်လား'

'ဟား...ဘယ်မေ့လို့ဖြစ်မှာလဲ၊
ဒီမှာ...ပင်လယ်...မင်းရတဲ့ဒဏ်ရာကပျောက်နေလောက်ပြီဆိုပေမယ့်...
ငါ့ဒဏ်ရာတွေကမပျောက်သေးဘဲ အခုထိကျန်နေတုန်းပဲ...
ငါဘယ်မေ့လို့ရမှာလဲကွာ....."

"နှစ်တွေဒီလောက်တောင်ကြာနေပြီ...ဘာလို့ မင်း...ဒီလိုမကောင်းတဲ့အတိတ်ကိုမမေ့ပစ်တာလဲ..."

"မေ့ပစ်ရမှာတဲ့လား...
သူရဲဘောကြောင်ကြောင်နဲ့ဒဏ်ရာရပြီးထွက်ပြေးပျောက်ကွယ်သွားတဲ့မင်းကို ရင်နာလွန်းလို့ မေ့လို့မရခဲ့ဘူး...
သူရဲဘောကြောင်တဲ့ကောင်ကသနားစရာတဲ့လား...
အစားထိုးခံရတဲ့ငါကပိုသနားဖို့ကောင်းနေတာမဟုတ်ဘူးလား....
မင်းကြောင့်...မင်းကြောင့်....လူတကာအပြောဆိုခံခဲ့ရတဲ့ငါကပိုပြီးသနားဖို့ကောင်းတာပါ..."

ဇေယျကစကားပြောနေရင်းမှအားမလိုအားမရဖြစ်လာပြီးမျက်နှာချင်းဆိုင်တစ်ဖက်ကနေကုန်းကွပြီးထ,လာကာ...
ပင်လယ့်ရင်ဘတ်ကိုလက်ညိုးနဲ့ထိုးကာထပ်ပြော၏။

'မင်း...က....ဘာမှမဟုတ်ဘဲထွက်ပြေးသွားပေမယ့်....မင်းအစားပြိုင်ပွဲဝင်ခဲ့ရတဲ့ငါကအနိုင်မရခဲ့လို့လူတွေဝိုင်းအပြစ်တင်ခဲ့ကြတာတွေ၊
ငါကပဲတမင်သက်သက်မင်းကိုဒဏ်ရာရပြီးမပြိုင်နိုင်အောင်လို့ကြံစည်ထားသလိုလိုအတင်းအဖျင်းတွေ၊ လူတွေ့တိုင်းကဲ့ရဲ့ရှုတ်ချနေကြတာတွေ ငါဘယ်လိုသည်းခံခဲ့ရသလဲ သိလား...?....
ဒဏ်ရာရတယ်ဆိုပြီးတော့ထပ်ပေါ်မလာတဲ့မင်းနေရာအစားထိုးပြီးပြိုင်တော့...
ပြိုင်ပွဲစတင်တာနဲ့မင်းမဟုတ်လို့ဆိုပြီး...အားပေးသံတွေတိတ်သွားတဲ့ခဏမျိုး....ငါဘယ်တော့မှမမေ့နိုင်ခဲ့ဘဲ အခုထိ ပြိုင်ပွဲဆိုတဲ့အရာကြီးကိုကြောက်နေတုန်းပဲ။
ငါ....ရှုံးသွားလို့ဝမ်းနည်းတာထက်...ပြိုင်ပွဲဝင်ဖို့ပြင်ဆင်ချိန်သိပ်မရခဲ့တဲ့ငါ့ကိုနားလည်မပေးကြတာကိုရင်နာတာ။
ငါ့နေရာမှာ....နေပင်လယ်သာဆိုရင်...နေပင်လယ်သာပြိုင်ဖြစ်ခဲ့ရင်...ဆိုတဲ့စာနာမှုမရှိတဲ့စကားတွေကပ်ိုဝမ်းနည်းစေတာ....'

ပြောနေရင်းနဲ့ဇေယျကဒေါသထွက်လာပြီး...
ပင်လယ့်အကျႌလည်ပင်းကိုပါဆုပ်ဆွဲလာတာကြောင့်ငြိမ်သက်စွာနားထောင်နေတဲ့စည်း'က...မနေနိုင်ဘဲ ထ,တားပေးလိုက်ရသည်။

'ပင်လယ်ကတမင်တကာလုပ်တာမှမဟုတ်တာ...သူ့ကြောင့်လို့ပြောရအောင်သူဒဏ်ရာရချင်ခဲ့မလား...သူလဲရွေးစရာမရှိခဲ့ဘူးလေ'

ရုတ်တရက်စည်းကသူတို့ကြားဝင်လာတာကြောင့်
ဇေယျကပင်လယ့်အကျႌကိုလွတ်ထုတ်ပြီးမှစည်း'ဘက်ကိုလှည့်သည်။

'မင်းကဘယ်သူလဲ...မဆိုင်တဲ့ကိစ္စကိုဝင်မပါနဲ့'

'ငါကဒီကဝန်ထမ်း'

'အဲဒါဆိုဧည့်သည်ကိုလေးစားပါ....ဝင်မပါနဲ့...'

အနေအေးပေမယ့်တရှူးရှူးတရှားရှားလုပ်တတ်တဲ့အကျင့်လေးမပျောက်သေးတဲ့ ဇေယျက စည်းနဲ့ပုခုံးချင်းယှဉ်ရပ်ဖို့ပြင်လာတာကြောင့် ပင်လယ်ကဝင်တားလိုက်ရသည်။

'စည်း...ရတယ်...ဘာမှမဖြစ်ဘူး"

ခေါင်းကိုအသာယာညိတ်ပြီးတားဆီးတဲ့ပင်လယ့်အကြည့်တို့ကြောင့်...
သူတို့လက်ပါကြမှာစိုး၍တားဖို့ပြင်နေတဲ့ရွှေရုပ်နဲ့ယမုံတို့ပါရပ်တန့်ကုန်သည်။
စည်းကထိုင်ခုံဆီပြန်ထိုင်ချတော့မှဇေယျကပင်လယ့်ဘက်ပြန်တိုးကပ်လာသည်။

'အလကားကောင်...သူရဲဘောကြောင်'

'ဟုတ်တယ်....ငါကအခုအလကားကောင်လေ...သူရဲဘောကြောင်ပြီးထွက်ပြေးတဲ့အကောင်ပဲ။
မင်းကသာနိုင်ငံတကာအထိရောက်ခဲ့တဲ့လက်ရွေးစင်ကစားသမားပဲ..ဇေယျရဲ့
ဘာကိုမကျေမနပ်ဖြစ်နေသေးတာလဲ'.....'

"ဘာက်ိုမကျေနပ်လဲ....ဟုတ်လား...အဟား....
သတ္တိမရှိဘဲရှောင်ပြေးတဲ့လူကအခုထိသူရဲကောင်းကြီးဖြစ်နေပြီး၊
အစားထိုးခံရတဲ့ငါကအပြောဆိုခံဖြစ်နေတာလေ...
မတရားဘူးမဟုတ်လား..."

စိတ်တိုတိုနဲ့ ဇေယျကဘောင်းဘီထဲကလက်ကိုင်အိတ်လေးဆွဲထုတ်ဖို့ကြိုးစားရင်းဆက်ပြော၏။

'မင်းနဲ့မကျေတဲ့ပွဲကိုငါနွဲချင်သေးလို့....မင်းရှိရာကိုတောက်လျှောက်စုံစမ်းနေခဲ့တာ...ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိငါမင်းသတင်းတွေကိုလိုက်ခဲ့ရတာ...မင်းမထုတ်နိုင်ဘဲရှောင်ပြေးသွားတဲ့ရလဒ်တစ်ခုကိုအခုရယူချင်တာ။
မကျေသေးလို့.....ငါမကျေနပ်သေးလို့...။
2002 တုန်းကမင်းဓါတ်ပုံပါတဲ့သတင်းစာဖြတ်ပိုင်းလေးသိမ်းထားတယ်....လက်ကိုင်အိတ်ထဲအမြဲခေါက်ထည့်ထားခဲ့တယ်။
အချိန်တွေကြာရင်ခငါ..မင်းကိုမေ့သွားမိမှာစိုးလို့...
အဲဒီအားကာသိပ္ပံကျောင်းမှာဘွဲ့ရတဲ့အထိငါဘယ်လိုဒီဒဏ်ရာတွေက်ိုသည်းခံနေခဲ့ရလဲ...မင်းသိလား။
မင်းကိုအားပေးခဲ့တဲ့...မိန်းကလေးတွေကမင်းအကြောင်းတွေငါ့က်ိုလာလာမေးတိုင်း...ဘယ်လိုစိတ်နဲ့ငါဖြေရင်းရင်ဆိုင်ရလဲ....သိလား.....ငါနာကျင်နေတာတောင်မမဲ့ရဲခဲ့ဘူး။
မင်း...ကိုမနာလိုတာတောင်မှငါသည်းခံခဲ့ရတာ..."

ဇေယျလက်ကိုင်အိတ်ထဲကသတင်းစာဖြတ်ပိုင်းလေးယူထုတ်ပြီးပင်လယ့်ဆီပစ်ပေါက်ရင်း...
ထပ်ပေါက်ကွဲသည်။

'တော်တော်ကိုစာနာစိတ်ကင်းမဲ့ကြတဲ့လူတွေ...
ငါရှုံးလို့ထွက်လိုက်ရတဲ့ဒုတိယပွဲစဉ်မှာ...လာမေးတဲ့အင်တာဗျူးမေးခွန်းကဘာလဲ...မင်းသိလား...
ငါနာကျင်ဝမ်းနည်းနေလားဆိုတဲ့မေးခွန်းမဟုတ်ဘဲနဲ့....နေပင်လယ်ဒဏ်ရာဘယ်လိုရှိနေလဲတဲ့.....
မေးနေတဲ့လူတွေ...ငါ့ကိုဓါတ်ပုံရိုက်နေကြတဲ့လူတွေက်ို...တစ်ယောက်မကျန်လက်သီးနဲ့ပြေးထိုးပစ်ချင်တာ....
ဒေါသထွက်ရလွန်းလို့ငါတဆတ်ဆတ်တုန်နေတဲ့အထိပဲ
ဘယ်သူတစ်ယောက်ကမှ ငါ့ခံစားချက်တွေကိုဂရုမစိုက်ပေးခဲ့ဘူးကွ..."

တကယ်လည်း နာကျင်နေဆဲဖြစ်သည့်ဇေယျက မောသွားတဲ့အထိစကားတွေအော်ပြောပြီး ပေါက်ကွဲထုတ်နေခဲ့တာကိုမြင်တော့
ပင်လယ် အရမ်းသနားမိသွားသည်။
တကယ်ဆို သူထွက်ပြေးလာခဲ့တဲ့အဖြစ်က ဇေယျကိုထိခိုက်နစ်နာမှုဖြစ်စေခဲ့မယ်မှန်းတကယ်မမျှော်လင့်ခဲ့ဘူး။

'နေပင်လယ်ဆိုတဲ့ငါ...မင်းရှေ့မှာရှိနေပြီပဲ....မင်းနာကျင်ရသလို...ငါ့က်ိုနာကျင်အောင်လုပ်ပါ...ငါငြိမ်နေပါ့မယ်'

သူ့ရှေ့မှာပုခုံးကိုကျုံ့ပြီးပင်လယ်ကခေါင်းကိုပါငုံ့ပစ်ပြီးတောင်းပန်စကားဆိုတော့ ဇေယျကငြင်းဆန်လေသည်။

'ငါလိုချင်တာအဲဒါမဟုတ်ဘူး.....မင်းနဲ့ငါထပ်ပြိုင်ချင်တာ....အနိုင်အရှုံးကွဲချင်တာ'

အနိုင်အရှုံးကွဲဖို့ ဘယ်သူကပ်ိုတော်သလဲဆိုတာ ထင်သာမြင်သာရှိဖို့က အချိန်တော်တော်နောက်ကျနေခဲ့ပြီး အတျတ်ကိုပြန်ပြင်ဆင်ဖို့အခွင့်ရေးမရှိတော့မှန်း ဇေယျရော၊ ပင်လယ်ပါ သေသေချာချာသိနေခဲ့ကြတာပါပဲ။
စိတ်ကြိုက်ပေါက်ကွဲပြီးတာနဲ့...ဇေယျက....ထိုင်ခုံမှာခြေပစ်လက်ပစ်ထိုင်ချကာသက်ပြင်းတစ်ချက်ချ၏။
ပြီးတော့...မျက်ရည်တွေစီးကျနေလျက်..ခပ်တိုးတိုးလေးရေရွတ်၏။

'ငါ...နောက်ဆုံးတော့မင်းက်ိုပြန်တွေ့ပြီ'

ခပ်တိုးတိုးလေးရေရွတ်သံဆိုပေမယ့်...
တိတ်ဆိတ်နေတဲ့အခန်းမှာရှိတဲ့လူတွေအားလုံးကြားနေခဲ့ကြသည်။

မိနစ်အနည်းငယ်ကြာတဲ့နောက်...
ဇေယျမှစတင်၍တိတ်ဆိတ်ခြင်းကိုဖျက်ဆီးလိုက်သည်။

''ညစာပြင်ပေးပါ...ကျွန်တော်ဗိုက်ဆာနေပြီ...'

'ညစာစားချိန်ကလွန်နေပြီ...နောက်ပြီးစားစရာအဆင်သင့်မရှိတော့ဘူး၊ ဘယ်လိုလုပ်ရမလဲ'

ဇေယျကိုနည်းနည်းလေးအမြင်စောင်းချင်နေသည့်ရွှေရုပ်မှစားဖိုခန်းထဲဝင်သွားရင်းရေရွတ်သည်။
ဒီလူကြီးကိုသူမမျက်မုန်းကျိုးပါသည်။
ရွှေရုပ်ရဲ့ခပ်ဆတ်ဆတ်စကားကြောင့်
ဇေယျရဲ့မျက်နှာမဲ့ကျသွားတာမြင်တော့...
ပင်လယ်ကပျာပျာသလဲထပြောရသည်။

'ဟို...ရတယ်...ရတယ်...ရွှေရုပ်၊ ငါပြင်ပေးလိုက်မယ်...
ရတယ်...ရှိတာနဲ့လုပ်ပေးမယ်...ခဏစောင့်..."

ပင်လယ်ကအားလုံးကိုကြည်လင်စွာပြုံးပြရင်းဘာမှမဖြစ်ခဲ့သလိုပြုံးပြကာစားဖိုခန်းဝင်လေသည်။
သူတို့နှစ်ယောက်ရဲ့ပြဿနာကိုဒီအခန်းထဲမှာရှိတဲ့လူတွေတွေ့ခဲ့၊ မြင်ခဲ့ရတော့...ကာယကံရှင်မဟုတ်ဘဲနဲ့တောင် ကိုယ်စီမွန်းကျပ်နေခဲ့ကြ၏။
ကာယကံရှင်ဆိုရင်ဒီ့ထက်ပိုပြီး စိတ်ခံစားနေရမှာမဟုတ်ဘူးလား...။
အပြုံးတွေကြည်လင်ပြီး ဟန်ဆောင်နေခဲ့သည့်ပင်လယ့်ကိုကြည့်ရင်း အံ့သြခြင်းများသာဖြစ်နေခဲ့လျက်...
ဒီလိုအခြေနေမှာတောင်ပြုံးနေနိုင်သေးတာ...
နေပင်လယ်ဟာတကယ့်ကိုဂျိုကာ။

Continue Reading

You'll Also Like

179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
420 96 10
"ချစ်ခြင်းရဲ့ တခြားပုံစံက ကာကွယ်စောင့်ရှောက်ပေးခြင်းတဲ့" "ခ်စ္ျခင္းရဲ႕ တျခားပုံစံက ကာကြယ္ေစာင့္ေရွာက္ေပးျခင္းတဲ့" Huening Kai X Kang Taehyun TXT Fanf...
596K 38.9K 78
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
18.4K 1.5K 23
[Zawgyi] လူ​ေတြက​ေတာ့ အခ်စ္​ကိုပံုစံနွစ္​မ်ိဳးနဲ႔အဓိပၸာယ္​ဖြင္​့ၾကတယ္​။​ ​ေပးဆပ္​ျခင္​းန႔ဲရယူျခင္​းတဲ့။ ကိုယ္​က​ေတာ့ ဘယ္​လိုနည္​းနဲ႔ဘဲခ်စ္​ခ်စ္​ အဓိက...