ခ်ိဳၿမိန္ေသာ
ဒီေန႔မွစ၍ေက်ာင္းေတြေရာ...အလုပ္အေတာ္မ်ားမ်ားပါေႏြရာသီပိတ္ရက္ဝင္ၿပီျဖစ္တာေၾကာင့္အလုပ္ရႈပ္ေတာ့မည္။
တဖြဲဖြဲလာေနၾကတဲ့ဧည့္သည္ေတြၾကား ရွိသမွ်လူအကုန္လံုးအလုပ္မ်ားေနၾကသည္။
လူမႈဆက္ဆံေရးအားနည္းသည့္စည္းက သူစိမ္းေတြနဲ႔ဖက္လဲတကင္းမျဖစ္ႏိုင္သည့္အတြက္
သူ႔အလုပ္ကဧည့္သည္အထုပ္ဆြဲၿပီးအခန္းေတြဆီကိုပို႔ေပးရတာျဖစ္သည္။
အခန္းေသာ့ေလးကိုယူ၊ အထုပ္ေလးဆြဲၿပီး ေငါင္စင္းစင္းနဲ႔ရွိေနတဲ့စည္းရဲ႕ပံုစံေလးက ပ်ာတာေလးလိုလိုဘာလိုလို။
သူ႔ေရွ႕မွာ ပင္လယ္ကလာသမွ်လူေတြနဲ႔ေျပာဆိုဆက္ဆံေနတာကိုပဲျပဴးၿပဲၾကည့္ေနရင္း ပါးစပ္ကေလးအေဟာင္းသားနဲ႔။
ေကာင္မေလးငယ္ငယ္ေလးေတြနဲ႔ပဲျဖစ္ျဖစ္၊
အသက္ႀကီးသည့္ဦးေလးအရြယ္ေတြနဲ႔ပဲျဖစ္ျဖစ္၊
အေပါက္ဆိုးဆိုးအန္တီႀကီးေတြနဲ႔ပဲျဖစ္ျဖစ္၊
ေဖာ္ေရြစြာစကားစျမည္ေျပာရင္း ပင္လယ့္ကိုခ်က္ခ်င္းရင္းႏွီးသြားၾကတာကိုျမင္ရေတာ့...အံ့ၾသေနမိခဲ့သည္။
ဒါ့အျပင္ ေရွ႕မွာျမင္ေနရတဲ့လူေတြတင္မကဘဲ...
ဖုန္းနဲ႔ဘိုကင္ဝင္လာၾကတဲ့ဧည့္သည္မ်ားကိုလဲကြ်မ္းက်င္စြာလမ္းၫႊန္ေနခဲ့ေသး၏။
'ကြ်န္ေတာ္တို႔မွာအခန္းမရွိေတာ့ေပမယ့္...
ေဘးနားမွာတျခားတည္းခိုေဆာင္ေတြရွိေသးတယ္...
အစ္မရဲ႕......အဲဒီေနရာေတြလည္းဝန္ေဆာင္မႈေကာင္းပါတယ္...
အစ္မဖုန္းတစ္ခ်က္ဆက္ၿပီးေမးလိုက္ပါလား...
ကြ်န္ေတာ္ဖုန္းနံပတ္ေျပာျပမယ္ေလေနာ္...'
ဒီမွာရွိသမွ်အခန္းေတြကအကုန္လူျပည့္ေနၿပီျဖစ္၍ထပ္ဝင္လာသည့္ဧည့္သည္အသစ္မ်ားကိုအခန္းမရွိေတာ့ေၾကာင္းျငင္းဆန္ေနရေသာ္လည္းမည္သူတစ္ဦးတစ္ေယာက္မွပင္လယ့္ကိုစိတ္ဆိုးမသြားၾကသည့္အျပင္...ေန႔လည္စာႏွင့္ညစာထမင္းဝိုင္းဘြတ္ကင္မ်ားေတာင္လက္ခံရေသးသည္။
'ဒီႏွစ္ေတာ့ေႏြရာသီရဲ႕ဝင္ေငြအမ်ားဆံုးႏွစ္ျဖစ္မယ္ထင္တယ္...ညတိုင္း၊ ညတိုင္းဘာဘီက်ဴးဘြတ္ကင္ေတြခ်ည္း'
ေန႔လည္စာေတြေရာ၊ ညစာေတြပါ ႀကိဳတင္ဘြတ္ကင္ထားၾကတာေတြက ေတာ္ေတာ္မ်ားေနေတာ့ေရႊ႐ုပ္မ်က္လံုးျပဴးရေလသည္။
'ဝါး....ကိုပင္လယ္ကလာဘ္ေကာင္ေလးပဲ'
ေရႊ႐ုပ္ေလးေပ်ာ္ေနတာကိုၾကည့္ရင္း...ပင္လယ္ကပီတိအျပံဳးေလးနဲ႔...'ေရ႔....ေရး' ဟုေအာ္ရင္းေျပးသည္။
ၿပီးမွပင္လယ္ကစားေသာက္ခန္းေကာင္တာထဲမွတခုခုလုပ္ေနသည့္ဦးေနာင္ေနာင္ေရွ႕အျမန္ေျပးသြားၿပီးလက္ဖဝါးခ်င္းေျပး႐ိုက္၏။
'မင္းကကြ်မ္းက်င္သားပဲကြ...'
'ဦးေနာင္ကြ်န္ေတာ့္ကိုေခၚထားတာမွန္သြားတယ္မဟုတ္လား...
ေျပာသားပဲ...ကြ်န္ေတာ္ကဒါမ်ိဳးေတြကြ်မ္းပါတယ္ဆိုတာ...'
ဒီမွာအလုပ္လုပ္ဖို႔စၿပီးခြင့္ေတာင္းကတည္းကပင္လယ္ကေျပာထားခဲ့သည္။
'ကြ်န္ေတာ္က အလုပ္မ်ိဳးစံုလုပ္ဖူးတယ္၊
ဒါေၾကာင့္ ဦးေနာင္...ေနာင္တရမွာမဟုတ္တရေသခ်ာတယ္...
တပတ္ေလာက္ပဲခိုင္းၾကည့္ပါ...'....တဲ့။
အဲဒီေကာင္ေလးကိုၾကည့္ရင္းဦးေနာင္ေနာင္ သေဘာက်ေနခဲ့၏။
'မင္းဒီေအာ္ဒါေတြကိုအကုန္လုပ္ႏိုင္ဖို႔လိုေသးတယ္ေနာ္...ေနပင္လယ္...'
'မပူနဲ႔...ယမံုလဲရွိတယ္၊ ကူေပးမယ့္ စည္းလည္းရွိေသးတယ္'
မီးဖိုခန္းဝမွျပဴလာသည့္...ယမံုကေတာ့လက္မေထာင္ကာျပံဳးျပလ်က္...။
'နင္ကမထင္ရဘူးေနာ္...ငါ့ထက္ေတာင္ကြ်မ္းေသးတယ္...
ေႏြရာသီဆိုသူမဘားေလးပိတ္ပါသည္။
တည္းခိုရာအလုပ္ရႈပ္သည့္အတြက္ဦးေနာင္ေနာင္လည္းသူမကိုမကူႏိုင္၊ သူမလည္းျပန္မကူႏိုင္ျဖစ္တတ္လို႔ အၿမဲပိတ္ရသည္။
ထိုစဥ္မွာပဲ ဧည့္ေဆာင္ထဲကေနမီးဖိုခန္းထဲသို႔ ေကာင္ေလးတစ္ေယာက္နဲ႔ ေကာင္မေလးတစ္ေယာက္ဝင္လာခဲ့ေတာ့
ဦးေနာင္ေနာင္ကနႈတ္ဆက္သည္။
'မိယု...ခ်မ္းခ်မ္း...လာၿပီလား...ဒီတခါေနာက္က်တယ္'
'ဘိုးေနာင္...နည္းနည္းေလး ေနာက္က်သြားတယ္...
စိုက္ခင္းကဒီတစ္ခါအလုပ္ရႈပ္လို႔...'
ေရႊ႐ုပ္သူငယ္ခ်င္းႏွစ္ေယာက္ကယူလာသည့္သခြားသီးတစ္စည္းကိုဦးေနာင္ေနာင္အားေပး၍နႈတ္ဆက္သည္။
'ငါက မင္းတို႔ ဒီတစ္ႏွစ္မလာၾကေတာ့ဘူးထင္ေနတာ...ငါမုန္႔ဖိုးေပးစရာလူေလ်ာ့သြားလို႔ဝမ္းေတြသာေနတာ..'
ဦးေနာင္ေနာင္ကမ်က္ႏွာေသျဖင့္ကေလးႏွစ္ေယာက္ကိုတမင္ေနာက္သည္။
'ေႏြရာသီမွာရတဲ့မုန္႔ဖိုးကိုအမက္ေမာဆံုးမို႔...
ကြ်န္ေတာ္တို႔ေနာက္လူႀကီးျဖစ္သြားတဲ့အထိလာလုပ္ကူဦးမွာ...'
ခ်မ္းေျမ႕ဟုေခၚေသာေကာင္ေလးကျပန္တုန္႔ျပန္ေတာ့...
ေဘးနားက မိယုဆိုတဲ့ေကာင္မေလးကလည္း မ်က္ခံုးေလးကိုပင့္သည္။
'ဒီမုန္႔ဖိုးသာမရလိုက္ရင္ေသသြားေလာက္တယ္ ဘိုးေနာင္ရဲ႕...'
'ဟား...ဟား...ငါ့မွာလဲ မင္းတို႔ပဲေပးစရာအေဖာ္ရွိတာ...
မင္းတို႔မလာရင္လည္း ငါကပ်င္းေနမွာ...'
တကယ္ဆို အလုပ္ရႈပ္ေနၿပီးလွည့္ၾကည့္မအားတဲ့အခ်ိန္ကပိုမ်ားေပမယ့္ သူ႔ေျမးအရြယ္ကေလးေတြကိုခ်စ္ေတာ့ ဦးေနာင္ေနာင္ကတမင္စ,တာျဖစ္သည္။
လူစံုေနတဲ့ ထမင္းစားခန္းေလးကရယ္သံေတြေဝစီသြားကာေလထုႀကီးတခုလံုးေႏြးေထြးလ်က္။
စည္းကေတာ့ထံုးစံအတိုင္းရွိသမွ်လူ၏မ်က္ႏွာကိုသာေငးရင္း ျပံဳးတံုးတံုးႏွင့္ရွိေနခဲ့၏။
xxxxx
ဒီႏွစ္ေတာ့အကင္ေရာင္းဖို႔အတြက္
တည္းခိုခန္းရဲ႕အေရွ႕ဘက္သဲျပင္မွာေလးေထာင့္ထီးအျပာႏွင့္အကင္ခံုေလးကိုမနက္ကတည္းကျပင္ၿပီးေထာင္ထားသည္။
ပစၥည္းပစၥယေတြစံုလင္ေအာင္တခုခ်င္းေျဖးေျဖးသယ္ထုတ္ၿပီးပံုလို႔ စည္းတစ္ေယာက္အလုပ္ရႈပ္ေန၏။
ဘယ္ဟာကဘယ္ေနရာထားမယ္လို႔ မသတ္မွတ္ထားေတာ့ သင့္ေတာ္သလို အကင္ခံုေလးကိုျပင္ဆင္ၿပီးေပမယ့္...
မီးေမႊးဖို႔က်ေတာ့ပင္လယ္သာမပါလွ်င္ျဖစ္ေျမာက္မည့္ပံုမရွိလို႔ အရာရာျပင္ဆင္ၿပီးကာမွ...စည္းကပင္လယ့္ကိုေျပးေခၚသည္။
ဘာမဆိုေနပင္လယ္ပါမွပြဲၿပီးတယ္လို႔စ,ေနာက္ၾကသလိုပဲ...
ထင္းစေတြကိုင္ၿပီးဘာလုပ္ရမွနိးမသိျဖစ္ေနတဲ့စည္းကို ပင္လယ္ကသင္ေပးဖို႔ျပင္၏။
'ဒီမွာေတြ႕လားနဲနဲပါးလ်ားတဲ့သစ္ေခ်ာင္းေတြကိုအရင္ဖိုခေနာက္ဆိုင္သလိုထားၿပီးမွမီးစာကိုၫွိၿပီးသစ္ေခ်ာင္းေတြကိုမီးၿမႇိဳက္...
အဲဒီသစ္ေခ်ာင္းအေသးေတြကိုမီးေကာင္းေကာင္းစြဲေတာ့မွျဖည္းျဖည္းခ်င္း သစ္တံုးအႀကီးသံုးေလးခုနဲ႔ မီးေသြးကိုထည့္ရမွာ...
အၾကီးေတြကိုေနာက္မွထည့္...မီးေသြးအေၾကေလးေတြကိုအရင္ထည့္...
အိုေက....မွတ္မိရဲ႕လား...စည္း'ဆိုတဲ့သခင္ႏုႏုထြတ္ထြတ္ေလး'
သူေျပာတာကိုေသခ်ာဂ႐ုတစိုက္နားေထာင္ေနခဲ့တဲ့ စည္းကို ပင္လယ္ကၾကည့္ေနရင္းစ,ခ်င္လာတာၾကာပါၿပီ။
မီးေမႊးတဲ့နည္းကိုအကုန္သင္ေပးၿပီးမွ စ,ေနာက္မိသည္။
'ပင္လယ္....မင္း...အဟြတ္ဟြတ္...ဟြတ္'
သစ္ေခ်ာင္းေတြမီးစြဲၿပီးထြက္လာတဲ့မီးခိုးေငြ႕မ်ားေၾကာင့္မီးဖိုေဘးမွာရွိေနတဲ့စည္းကႏွာမြန္ေလ၏။
မီးစေတြဆီသိပ္ကပ္ေနတဲ့စည္းကို ေနာက္ဆုတ္ဖို႔ပင္လယ္ကတြန္းလိုက္ရင္း...ထ,ေအာ္သည္။
'အာ့....မီးေသြးဖံုးတာမ်ားသြားၿပီ'
အခိုးေငြ႕ေတြကေငြ႕ေငြ႕ေလးမဟုတ္ဘဲ တလူလူျဖစ္လာတာေၾကာင့္ အထဲမွာမီးကေသခ်ာမေတာက္ခ်င္ဘဲ ၿငိမ္းေတာ့မွာကိုစိတ္ပူေတာ့...
သစ္ေခ်ာင္းေလးနဲ႔မီးေသြးပံုကိုနဲနဲထပ္ဖြသည္။
ထိုအခ်ိန္မွာ စည္းကေတာ့ ႏွာမြန္သြားလို႔ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေနခဲ့၏။
အဲဒါကိုလွမ္းၾကည့္ၿပီးပင္လယ္က လက္ညိဳးေတြကိုမီးေသြးတံုးဆီဆြဲပြတ္ၿပီးမွ စည္းဆီကိုကပ္သြား၏။
'ႏွာမြန္သြားတာလား...အဆင္ေျပရဲ႕လား...'
'အဟြတ္...အင္း...မီးကမေတာက္ဘူးလား...'
'ႏွစ္မိနစ္ပဲေစာင့္မီးေတာက္လာလိမ့္မယ္'
ေျပာၿပီးတာနဲ႔စည္းရဲ႕ႏွာေခါင္းကိုလက္မွာေပေနသည့္မီးေသြးျဖင့္လွမ္းသုတ္ကာထြက္ေျပးေလသည္။
'ဟာ...ပင္လယ္...မင္း....ခ်ီးထုပ္....'
သူ႔ႏွာသီးဖ်ားမွာမီးေသြးေတြနဲ႔မဲေပသြားတာေၾကာင့္...
စိတ္တိုသြားတဲ့စည္း'ကလည္းမီးေသြးခဲတခုကိုင္ကာသူ႔အေနာက္ကေနေျပးလိုက္ေတာ့သည္။
'ေဟ့ေကာင္...မင္း...ရပ္စမ္း...'
'ၿဗဲ....ဟတ္ဟတ္...'
သဲေသာင္ျပင္တြင္ႏွစ္ဦးသားေျပးလႊားေအာ္ဟစ္ရယ္ေမာရင္း....ကေလးေတြေျပးတမ္းလိုက္တမ္းေဆာ့သလိုမ်ိဳး။
ႏူးညံ့ညက္ေညာေနတဲ့ ႏို႔နစ္ေရာင္သဲျပင္ေပၚမွာေျပးလႊားရင္း ပင္လယ္ကလဲက်သြားေတာ့သူ႔ကို အလ်င္ျမန္ပဲစည္း'ကခုန္အုပ္ၿပီး အသင့္ကိုင္ထားတဲ့မီးေသြးခဲျဖင့္တို႔သည္။
'အား...မလုပ္နဲ႔...မလုပ္ပါနဲ႔...'
'မင္းခုနကငါ့ကိုလုပ္ၿပီး ဘာအခုမွေၾကာက္ေနတာလဲ'
'ဟင့္အင္း...စည္း..!...သြား....'
ပင္လယ္ကေခါင္းကိုဘယ္ညာယမ္းၿပီးမီးေသြးကိုင္ထားတဲ့စည္းရဲ႕လက္ေတြကိုျပန္တုပ္ဖို႔ႀကိဳးစားသလို၊
စည္းကလည္း အေလ်ာ့မေပးႏိုင္ဘဲ အတင္းဖက္တုပ္ထား၏။
'မင္းေတာ္ေနာ္...စည္း...'
'ဘယ္သူကအရင္စ,တာလဲ...မလႊတ္ဘူး...'
ကေလးေတြလိုရန္ျဖစ္ေနတဲ့သူတို႔ႏွစ္ေယာက္ကို ေဘးကလူေတြကကြက္ၾကည့္ကြက္ၾကည့္လုပ္ေနေပမယ့္...
သူတို႔ကေတာ့ဂ႐ုစိုက္မအားဘဲ....အႏိုင္ရေရးကိုသာႀကိဳးပမ္းေနခဲ့ၾကလ်က္...
အေရာင္အနည္းငယ္ကြဲျပားတဲ့ပင္လယ္ႏွစ္စင္းေပါင္းဆံုခဲ့ၾကတဲ့အဲဒီေႏြရာသီသည္ခါတိုင္းထက္ပိုသာယာခဲ့ေလသည္။
Unicode
ချိုမြိန်သော
ဒီနေ့မှစ၍ကျောင်းတွေရော...အလုပ်အတော်များများပါနွေရာသီပိတ်ရက်ဝင်ပြီဖြစ်တာကြောင့်အလုပ်ရှုပ်တော့မည်။
တဖွဲဖွဲလာနေကြတဲ့ဧည့်သည်တွေကြား ရှိသမျှလူအကုန်လုံးအလုပ်များနေကြသည်။
လူမှုဆက်ဆံရေးအားနည်းသည့်စည်းက သူစိမ်းတွေနဲ့ဖက်လဲတကင်းမဖြစ်နိုင်သည့်အတွက်
သူ့အလုပ်ကဧည့်သည်အထုပ်ဆွဲပြီးအခန်းတွေဆီကိုပို့ပေးရတာဖြစ်သည်။
အခန်းသော့လေးကိုယူ၊ အထုပ်လေးဆွဲပြီး ငေါင်စင်းစင်းနဲ့ရှိနေတဲ့စည်းရဲ့ပုံစံလေးက ပျာတာလေးလိုလိုဘာလိုလို။
သူ့ရှေ့မှာ ပင်လယ်ကလာသမျှလူတွေနဲ့ပြောဆိုဆက်ဆံနေတာကိုပဲပြူးပြဲကြည့်နေရင်း ပါးစပ်ကလေးအဟောင်းသားနဲ့။
ကောင်မလေးငယ်ငယ်လေးတွေနဲ့ပဲဖြစ်ဖြစ်၊
အသက်ကြီးသည့်ဦးလေးအရွယ်တွေနဲ့ပဲဖြစ်ဖြစ်၊
အပေါက်ဆိုးဆိုးအန်တီကြီးတွေနဲ့ပဲဖြစ်ဖြစ်၊
ဖော်ရွေစွာစကားစမြည်ပြောရင်း ပင်လယ့်ကိုချက်ချင်းရင်းနှီးသွားကြတာကိုမြင်ရတော့...အံ့သြနေမိခဲ့သည်။
ဒါ့အပြင် ရှေ့မှာမြင်နေရတဲ့လူတွေတင်မကဘဲ...
ဖုန်းနဲ့ဘိုကင်ဝင်လာကြတဲ့ဧည့်သည်များကိုလဲကျွမ်းကျင်စွာလမ်းညွှန်နေခဲ့သေး၏။
'ကျွန်တော်တို့မှာအခန်းမရှိတော့ပေမယ့်...
ဘေးနားမှာတခြားတည်းခိုဆောင်တွေရှိသေးတယ်...
အစ်မရဲ့......အဲဒီနေရာတွေလည်းဝန်ဆောင်မှုကောင်းပါတယ်...
အစ်မဖုန်းတစ်ချက်ဆက်ပြီးမေးလိုက်ပါလား...
ကျွန်တော်ဖုန်းနံပတ်ပြောပြမယ်လေနော်...'
ဒီမှာရှိသမျှအခန်းတွေကအကုန်လူပြည့်နေပြီဖြစ်၍ထပ်ဝင်လာသည့်ဧည့်သည်အသစ်များကိုအခန်းမရှိတော့ကြောင်းငြင်းဆန်နေရသော်လည်းမည်သူတစ်ဦးတစ်ယောက်မှပင်လယ့်ကိုစိတ်ဆိုးမသွားကြသည့်အပြင်...နေ့လည်စာနှင့်ညစာထမင်းဝိုင်းဘွတ်ကင်များတောင်လက်ခံရသေးသည်။
'ဒီနှစ်တော့နွေရာသီရဲ့ဝင်ငွေအများဆုံးနှစ်ဖြစ်မယ်ထင်တယ်...ညတိုင်း၊ ညတိုင်းဘာဘီကျူးဘွတ်ကင်တွေချည်း'
နေ့လည်စာတွေရော၊ ညစာတွေပါ ကြိုတင်ဘွတ်ကင်ထားကြတာတွေက တော်တော်များနေတော့ရွှေရုပ်မျက်လုံးပြူးရလေသည်။
'ဝါး....ကိုပင်လယ်ကလာဘ်ကောင်လေးပဲ'
ရွှေရုပ်လေးပျော်နေတာကိုကြည့်ရင်း...ပင်လယ်ကပီတိအပြုံးလေးနဲ့...'ရေ့....ရေး' ဟုအော်ရင်းပြေးသည်။
ပြီးမှပင်လယ်ကစားသောက်ခန်းကောင်တာထဲမှတခုခုလုပ်နေသည့်ဦးနောင်နောင်ရှေ့အမြန်ပြေးသွားပြီးလက်ဖဝါးချင်းပြေးရိုက်၏။
'မင်းကကျွမ်းကျင်သားပဲကွ...'
'ဦးနောင်ကျွန်တော့်ကိုခေါ်ထားတာမှန်သွားတယ်မဟုတ်လား...
ပြောသားပဲ...ကျွန်တော်ကဒါမျိုးတွေကျွမ်းပါတယ်ဆိုတာ...'
ဒီမှာအလုပ်လုပ်ဖို့စပြီးခွင့်တောင်းကတည်းကပင်လယ်ကပြောထားခဲ့သည်။
'ကျွန်တော်က အလုပ်မျိုးစုံလုပ်ဖူးတယ်၊
ဒါကြောင့် ဦးနောင်...နောင်တရမှာမဟုတ်တရသေချာတယ်...
တပတ်လောက်ပဲခိုင်းကြည့်ပါ...'....တဲ့။
အဲဒီကောင်လေးကိုကြည့်ရင်းဦးနောင်နောင် သဘောကျနေခဲ့၏။
'မင်းဒီအော်ဒါတွေကိုအကုန်လုပ်နိုင်ဖို့လိုသေးတယ်နော်...နေပင်လယ်...'
'မပူနဲ့...ယမုံလဲရှိတယ်၊ ကူပေးမယ့် စည်းလည်းရှိသေးတယ်'
မီးဖိုခန်းဝမှပြူလာသည့်...ယမုံကတော့လက်မထောင်ကာပြုံးပြလျက်...။
'နင်ကမထင်ရဘူးနော်...ငါ့ထက်တောင်ကျွမ်းသေးတယ်...
နွေရာသီဆိုသူမဘားလေးပိတ်ပါသည်။
တည်းခိုရာအလုပ်ရှုပ်သည့်အတွက်ဦးနောင်နောင်လည်းသူမကိုမကူနိုင်၊ သူမလည်းပြန်မကူနိုင်ဖြစ်တတ်လို့ အမြဲပိတ်ရသည်။
ထိုစဉ်မှာပဲ ဧည့်ဆောင်ထဲကနေမီးဖိုခန်းထဲသို့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဝင်လာခဲ့တော့
ဦးနောင်နောင်ကနှုတ်ဆက်သည်။
'မိယု...ချမ်းချမ်း...လာပြီလား...ဒီတခါနောက်ကျတယ်'
'ဘိုးနောင်...နည်းနည်းလေး နောက်ကျသွားတယ်...
စိုက်ခင်းကဒီတစ်ခါအလုပ်ရှုပ်လို့...'
ရွှေရုပ်သူငယ်ချင်းနှစ်ယောက်ကယူလာသည့်သခွားသီးတစ်စည်းကိုဦးနောင်နောင်အားပေး၍နှုတ်ဆက်သည်။
'ငါက မင်းတို့ ဒီတစ်နှစ်မလာကြတော့ဘူးထင်နေတာ...ငါမုန့်ဖိုးပေးစရာလူလျော့သွားလို့ဝမ်းတွေသာနေတာ..'
ဦးနောင်နောင်ကမျက်နှာသေဖြင့်ကလေးနှစ်ယောက်ကိုတမင်နောက်သည်။
'နွေရာသီမှာရတဲ့မုန့်ဖိုးကိုအမက်မောဆုံးမို့...
ကျွန်တော်တို့နောက်လူကြီးဖြစ်သွားတဲ့အထိလာလုပ်ကူဦးမှာ...'
ချမ်းမြေ့ဟုခေါ်သောကောင်လေးကပြန်တုန့်ပြန်တော့...
ဘေးနားက မိယုဆိုတဲ့ကောင်မလေးကလည်း မျက်ခုံးလေးကိုပင့်သည်။
'ဒီမုန့်ဖိုးသာမရလိုက်ရင်သေသွားလောက်တယ် ဘိုးနောင်ရဲ့...'
'ဟား...ဟား...ငါ့မှာလဲ မင်းတို့ပဲပေးစရာအဖော်ရှိတာ...
မင်းတို့မလာရင်လည်း ငါကပျင်းနေမှာ...'
တကယ်ဆို အလုပ်ရှုပ်နေပြီးလှည့်ကြည့်မအားတဲ့အချိန်ကပိုများပေမယ့် သူ့မြေးအရွယ်ကလေးတွေကိုချစ်တော့ ဦးနောင်နောင်ကတမင်စ,တာဖြစ်သည်။
လူစုံနေတဲ့ ထမင်းစားခန်းလေးကရယ်သံတွေဝေစီသွားကာလေထုကြီးတခုလုံးနွေးထွေးလျက်။
စည်းကတော့ထုံးစံအတိုင်းရှိသမျှလူ၏မျက်နှာကိုသာငေးရင်း ပြုံးတုံးတုံးနှင့်ရှိနေခဲ့၏။
xxxxx
ဒီနှစ်တော့အကင်ရောင်းဖို့အတွက်
တည်းခိုခန်းရဲ့အရှေ့ဘက်သဲပြင်မှာလေးထောင့်ထီးအပြာနှင့်အကင်ခုံလေးကိုမနက်ကတည်းကပြင်ပြီးထောင်ထားသည်။
ပစ္စည်းပစ္စယတွေစုံလင်အောင်တခုချင်းဖြေးဖြေးသယ်ထုတ်ပြီးပုံလို့ စည်းတစ်ယောက်အလုပ်ရှုပ်နေ၏။
ဘယ်ဟာကဘယ်နေရာထားမယ်လို့ မသတ်မှတ်ထားတော့ သင့်တော်သလို အကင်ခုံလေးကိုပြင်ဆင်ပြီးပေမယ့်...
မီးမွှေးဖို့ကျတော့ပင်လယ်သာမပါလျှင်ဖြစ်မြောက်မည့်ပုံမရှိလို့ အရာရာပြင်ဆင်ပြီးကာမှ...စည်းကပင်လယ့်ကိုပြေးခေါ်သည်။
ဘာမဆိုနေပင်လယ်ပါမှပွဲပြီးတယ်လို့စ,နောက်ကြသလိုပဲ...
ထင်းစတွေကိုင်ပြီးဘာလုပ်ရမှနိးမသိဖြစ်နေတဲ့စည်းကို ပင်လယ်ကသင်ပေးဖို့ပြင်၏။
'ဒီမှာတွေ့လားနဲနဲပါးလျားတဲ့သစ်ချောင်းတွေကိုအရင်ဖိုခနောက်ဆိုင်သလိုထားပြီးမှမီးစာကိုညှိပြီးသစ်ချောင်းတွေကိုမီးမြှိုက်...
အဲဒီသစ်ချောင်းအသေးတွေကိုမီးကောင်းကောင်းစွဲတော့မှဖြည်းဖြည်းချင်း သစ်တုံးအကြီးသုံးလေးခုနဲ့ မီးသွေးကိုထည့်ရမှာ...
အကြီးတွေကိုနောက်မှထည့်...မီးသွေးအကြေလေးတွေကိုအရင်ထည့်...
အိုကေ....မှတ်မိရဲ့လား...စည်း'ဆိုတဲ့သခင်နုနုထွတ်ထွတ်လေး'
သူပြောတာကိုသေချာဂရုတစိုက်နားထောင်နေခဲ့တဲ့ စည်းကို ပင်လယ်ကကြည့်နေရင်းစ,ချင်လာတာကြာပါပြီ။
မီးမွှေးတဲ့နည်းကိုအကုန်သင်ပေးပြီးမှ စ,နောက်မိသည်။
'ပင်လယ်....မင်း...အဟွတ်ဟွတ်...ဟွတ်'
သစ်ချောင်းတွေမီးစွဲပြီးထွက်လာတဲ့မီးခိုးငွေ့များကြောင့်မီးဖိုဘေးမှာရှိနေတဲ့စည်းကနှာမွန်လေ၏။
မီးစတွေဆီသိပ်ကပ်နေတဲ့စည်းကို နောက်ဆုတ်ဖို့ပင်လယ်ကတွန်းလိုက်ရင်း...ထ,အော်သည်။
'အာ့....မီးသွေးဖုံးတာများသွားပြီ'
အခိုးငွေ့တွေကငွေ့ငွေ့လေးမဟုတ်ဘဲ တလူလူဖြစ်လာတာကြောင့် အထဲမှာမီးကသေချာမတောက်ချင်ဘဲ ငြိမ်းတော့မှာကိုစိတ်ပူတော့...
သစ်ချောင်းလေးနဲ့မီးသွေးပုံကိုနဲနဲထပ်ဖွသည်။
ထိုအချိန်မှာ စည်းကတော့ နှာမွန်သွားလို့ ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့၏။
အဲဒါကိုလှမ်းကြည့်ပြီးပင်လယ်က လက်ညိုးတွေကိုမီးသွေးတုံးဆီဆွဲပွတ်ပြီးမှ စည်းဆီကိုကပ်သွား၏။
'နှာမွန်သွားတာလား...အဆင်ပြေရဲ့လား...'
'အဟွတ်...အင်း...မီးကမတောက်ဘူးလား...'
'နှစ်မိနစ်ပဲစောင့်မီးတောက်လာလိမ့်မယ်'
ပြောပြီးတာနဲ့စည်းရဲ့နှာခေါင်းကိုလက်မှာပေနေသည့်မီးသွေးဖြင့်လှမ်းသုတ်ကာထွက်ပြေးလေသည်။
'ဟာ...ပင်လယ်...မင်း....ချီးထုပ်....'
သူ့နှာသီးဖျားမှာမီးသွေးတွေနဲ့မဲပေသွားတာကြောင့်...
စိတ်တိုသွားတဲ့စည်း'ကလည်းမီးသွေးခဲတခုကိုင်ကာသူ့အနောက်ကနေပြေးလိုက်တော့သည်။
'ဟေ့ကောင်...မင်း...ရပ်စမ်း...'
'ဗြဲ....ဟတ်ဟတ်...'
သဲသောင်ပြင်တွင်နှစ်ဦးသားပြေးလွှားအော်ဟစ်ရယ်မောရင်း....ကလေးတွေပြေးတမ်းလိုက်တမ်းဆော့သလိုမျိုး။
နူးညံ့ညက်ညောနေတဲ့ နို့နစ်ရောင်သဲပြင်ပေါ်မှာပြေးလွှားရင်း ပင်လယ်ကလဲကျသွားတော့သူ့ကို အလျင်မြန်ပဲစည်း'ကခုန်အုပ်ပြီး အသင့်ကိုင်ထားတဲ့မီးသွေးခဲဖြင့်တို့သည်။
'အား...မလုပ်နဲ့...မလုပ်ပါနဲ့...'
'မင်းခုနကငါ့ကိုလုပ်ပြီး ဘာအခုမှကြောက်နေတာလဲ'
'ဟင့်အင်း...စည်း..!...သွား....'
ပင်လယ်ကခေါင်းကိုဘယ်ညာယမ်းပြီးမီးသွေးကိုင်ထားတဲ့စည်းရဲ့လက်တွေကိုပြန်တုပ်ဖို့ကြိုးစားသလို၊
စည်းကလည်း အလျော့မပေးနိုင်ဘဲ အတင်းဖက်တုပ်ထား၏။
'မင်းတော်နော်...စည်း...'
'ဘယ်သူကအရင်စ,တာလဲ...မလွှတ်ဘူး...'
ကလေးတွေလိုရန်ဖြစ်နေတဲ့သူတို့နှစ်ယောက်ကို ဘေးကလူတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေပေမယ့်...
သူတို့ကတော့ဂရုစိုက်မအားဘဲ....အနိုင်ရရေးကိုသာကြိုးပမ်းနေခဲ့ကြလျက်...
အရောင်အနည်းငယ်ကွဲပြားတဲ့ပင်လယ်နှစ်စင်းပေါင်းဆုံခဲ့ကြတဲ့အဲဒီနွေရာသီသည်ခါတိုင်းထက်ပိုသာယာခဲ့လေသည်။