လြတ္လပ္ခ်င္မိလို႔
'ဦးႏိုင္....'
တည္းခိုေဆာင္အဝင္လမ္းမွာရပ္နားလာသည့္ကားတစ္စီးကိုျမင္ေတာ့ စည္း'ခ်က္ခ်င္းမွတ္မိခဲ့၏။
အဲဒီနက္ေစြးေနတဲ့ကားဟာ သူ႔ဦးေလးျဖစ္သူဦးႏိုင္ရဲ႕ကားပါ။
ဦးႏိုင္ကဒီကိုဘယ္လိုလုပ္ေရာက္လာသလဲ။
စဥ္းစားရင္းနဲ႔ စည္းရဲ႕ေျခလွမ္းေတြကအနည္းငယ္ျမန္လာၿပီး ကားရွိရာဆီေရာက္လာခဲ့၏။
သူဒီကိုေရာက္ေနတယ္ဆိုတာ မိုနာကလြဲၿပီးဘယ္သူမွမသိခဲ့ေတာ့
ဦးႏိုင့္ကို...မိုနာကလမ္းၫႊန္လိုက္တာပဲျဖစ္ရမည္။
ထိုအခ်ိန္မွာ ပင္လယ္ကေတာ့ ခပ္ေဝးေဝးထြက္ခြာေနခဲ့ၿပီး တခ်က္တခ်က္အဲဒီကားရွိရာဆီသို႔ျပန္လွည့္ၾကည့္ေနခဲ့၏။
စည္းရဲ႕အေရးႀကီးဧည့္သည္ျဖစ္မယ့္ပံုစံရေတာ့ သူအလိုက္သိရမည္မဟုတ္ပါလား။
အနီးနားေရာက္လာတဲ့စည္းကို အဲဒီဦးေလးႀကီးက နႈတ္ဆက္ေနေပမယ့္...မ်က္ႏွာကေတာ့ၾကည္လင္မေနခဲ့။
သို႔ေသာ္လည္း သူ႔ကိုၾကည့္သည့္အၾကည့္ထက္ေတာ့ စည္းကိုၾကည့္ေနသည့္အၾကည့္ေတြကေအးခ်မ္းေနေသး၏။
'စည္း...မင္းကို ဒီမွာနားနားေနေနအပန္းေျဖေနမယ္ထင္ထားတာ'
စတင္ၿပီးနႈတ္ဆက္ေျပာဆိုလာတဲ့ဦးႏိုင့္စကားေတြကရာသီဥတုမေကာင္းခ်င္ေပ။
ကားေရွ႕မွာရပ္ေနတဲ့တူေတာ္ေမာင္ကိုစိတ္မခ်မ္းေျမ႕စြာၾကည့္ရင္း...ဦးႏိုင္ကသက္ျပင္းခပ္ရွည္ရွည္ခ်သည္။
'ဘာေတြစဥ္းစားၿပီး..လုပ္ေနတာလဲ...စည္း..'
ေခြ်းသံတရဲရဲနဲ႔တူေတာ္ေမာင္ကိုျမင္ရေတာ့ရင္ထဲလဲမေကာင္းႏိုင္ဘဲ အံ့ၾသျခင္းမကအံ့ၾသမႈလဲျဖစ္ေနရသည္။
တခါမွေခြ်းသံရဲရဲျဖစ္သည္အထိမေနခဲ့ဖူးတဲ့စည္းဆိုသည့္ဒီကေလးကို အခုလိုျမင္ရတာကိုယ့္မ်က္စိကိုကိုယ္မယံုခ်င္ေပ။
ငယ္ငယ္ကတည္းကခ်ဴခ်ာတတ္ခဲ့သည့္ကေလးမို႔ ဒီအရြယ္ေရာက္သည့္အထိ သူတတ္ႏိုင္သေရြ႕ဂ႐ုတစိုက္နဲ႔ပ်ိဳးေထာင္ေပးခဲ့ရတာမို႔...
ေစတနာေဒါသေတြနဲ႔ရင္ထဲမွာဗေလာင္ဆူခ်င္သည္။
တကယ္ဆို သူကပိုလွ်ံတဲ့အထိခ်မ္းသာကံုလံုတဲ့လူမဟုတ္လို႔...
သူ႔မိဘေတြဆံုးပါးသြားကတည္းက စည္း'ကိုေျခေမြးမီးမေလာင္လက္ေမြးမီးမေလာင္နဲ႔ထားႏိုင္ဖို႔ အသည္းအသန္ၾကိဳးစားခဲ့ရတာပါ။
မရွိမရွားတဲ့ဘဝကေန လိုတိုင္းရႏိုင္သမွ်ရေအာင္အစစအရာရာသူ႔ဘဝကိုဒီတူေလးအတြက္ပဲျမႇုပ္ႏွံခဲ့တာ။
သာမန္ဒီဇိုင္းစတူဒီယိုတခုသာပိုင္သည့္အေနအထားမွကုမၸဏီတခုျဖစ္ေအာင္သူရင္းႏွီးခဲ့သည္မွာ ဒီတူသားတစ္ေယာက္ထဲအတြက္သာျဖစ္သည္။
စည္း'...ငယ္စဥ္ကတည္းက
ေက်ာင္းေကာင္းေကာင္းကိုပို႔ႏိုင္ဖို႔၊
ပညာေရးထူးခြ်န္ဖို႔တစိုက္မတ္မတ္ဖိသြင္းပ်ိဳးေထာင္ႏိုင္ဖို႔ သူအေသအလဲႀကိဳးစားခဲ့ရတာျဖစ္သည္။
သူထားတဲ့ဘဝအတိုင္းတသက္လံုးေခါင္းညိတ္ေနခဲ့တဲ့စည္း'ဆိုတဲ့တူေတာ္ေမာင္ဟာတခ်က္မွညည္းညဴျငဴစူဖူးတာမရွိခဲ့။
ကန္႔လန္႔တိုက္ျငင္းဆန္ဖူးတာမရွိခဲ့ဘဲ
သူခ်တဲ့လမ္းေၾကာင္းအတိုင္းေပါ့ေပါ့ပါးပါးအဆင္ေျပေနခဲ့တာလို႔ပဲထင္ေနခဲ့တာ...။
သူဖန္ဆင္းေပးထားတဲ့ဘဝမွာအခက္အခဲတစံုတရာမရွိခဲ့ဘဲနဲ႔...စိတ္ပ်က္အားငယ္စရာဆိုတာလည္းျမဴတမႈန္စာေတာင္မရွိခဲ့ဘဲ....
႐ုတ္တရက္ႀကီး စိတ္ဖိစီးေၾကာင္း၊ ပင္ပန္းေၾကာင္းေတြဆိုလို႔ လုပ္ေနတဲ့အလုပ္ေတြကိုဖယ္ခြာထြက္ေျပးခဲ့တာကို
ဦးႏိုင္'အံ့ၾသေနရင္း...အေျဖရွာေနရင္း...
ေတြးရင္းေတြးရင္းေတြးလို႔မဆံုးႏိုင္။
စိတ္ဖိစီးေနတာဆိုရင္လည္း ဒီလိုေနရာမ်ိဳးမွာေအးေဆးစြာပဲအနားယူေနရမွာမဟုတ္ဘူးလား။
အခုျမင္လိုက္ရတဲ့အေျခေနေတြကေမွ်ာ္လင့္ထားတာေတြမဟုတ္ေတာ့ ဦးႏိုင္...တအံ့တၾသနဲ႔ပဲတူေတာ္ေမာင္ကိုစိတ္ေမာစြာေမးခြန္းထုတ္သည္။
'စိတ္ပင္ပန္းေနတာကို ဒီလိုအလုပ္ၾကမ္းေတြလုပ္ၿပီးေျဖေဖ်ာက္ဖို႔ ဘယ္လိုပုဂၢိဳလ္ကအၾကံေပးခဲ့တာလဲ...
မင္းယူလိုက္တဲ့ခြင့္ကဒီေလာက္ေတာင္ေပါေပါပဲပဲႏိုင္ေနမယ္လို႔ ငါတကယ္မထင္ခဲ့ဘူး...'
ဦးေလးျဖစ္သူရဲ႕ေသာကေတြကိုျမင္ေနရေတာ့ စည္းကသိပ္ၿပီးအထြဋ္မတက္ခ်င္...။
'ဟို...ကြ်န္ေတာ္...'
'မင္း...ဒီကမ္းေျခမွာ ေအးေဆးဇိမ္နဲ႔အနားယူမယ္လ္ို႔ထင္ထားတာ'
'မဟုတ္ပါဘူး၊ ကြ်န္ေတာ္...ဒီအတိုင္းပဲ.....ဟို...."
စိတ္တိုေနတဲ့ဦးႏိုင္ကို အနည္းငယ္စိတ္သက္သာရာရသြားေအာင္လို႔ ဆင္ေျခေကာင္းေကာင္းေပးဖို႔ႀကိဳးစားေနရင္း စည္း...ခဏေလးတိတ္ဆိတ္သြားခဲ့၏။
တိတ္ဆိတ္သြားတဲ့စည္းဆီကေန အေၾကာင္းျပခ်က္ေပးလာမွာကိုေစာင့္ေနပံုရတဲ့ဦးႏိုင္လည္း ဘာစကားမွဆက္မေျပာေပ။
ထိုစဥ္မွာ...ဟိုေဝးေဝးကေနလြင့္လာတဲ့ရယ္သံတစ္ခ်ိဳ႕ေၾကာင့္...
စည္း'ေခါင္းေလးအနည္းငယ္ေစာင္းငဲ့လို႔တည္းခိုခန္းရွိရာသို႔ၾကည့္လိုက္မိသည္။
စည္းရဲ႕နည္းတူ...ဦးႏိုင္'ကပါေရာေယာင္ၾကည့္မိေတာ့...
ေပ်ာ္ရႊင္ရယ္ေမာေနၾကတဲ့ေရႊ႐ုပ္၊ ယမံုနဲ႔ပင္လယ္တို႔သံုးေယာက္က အဝတ္ျဖဴျဖဴေတြလွမ္းတဲ့သူကလွမ္း၊ စားပြဲေတြေရြ႕တဲ့သူကေရြ႕နဲ႔အခ်င္းခ်င္းက်ီစားေနၾကတာကိုေတြ႕ရ၏။
သူတို႔ေတြရဲ႕ရယ္သံေၾကာင့္ စည္းရဲ႕နႈတ္ခမ္းေလးေတြအနည္းငယ္ၫြတ္ေကြးလာၿပီးျပံဳးခ်င္သေယာင္ေလးသမ္းေတာ့ ဦးႏိုင္ဒါကိုအလိုမက်ျဖစ္မိေတာ့သည္။
အဲဒါကို စည္းက တကယ့္ေပ်ာ္စရာလို႔ထင္ေနခဲ့တာလား...
ဒီေလာက္ေတာက်ၿပီးမျပည့္စံုတဲ့နယ္ၿမိဳ႕ေသးေသးေလးမွာ ဒီလိုအလုပ္ေတြလုပ္ၿပီး ဘဝကိုျဖစ္ကတတ္ဆန္းရွင္သန္ေနတဲ့သူေတြကို တူေတာ္ေမာင္ကအားက်ေနခဲ့သလား။
အဲဒီဘဝေတြကိုအထင္ႀကီးေနခဲ့သလား...
ေတြးေနရင္းမွ ဦးႏိုင္...စိတ္ထဲမေက်မနပ္ျဖစ္မိေတာ့သည္။
'မင္း...သူတို႔ဘဝကိုအားက်ေနတာလား...စည္း...
မင္းအခုလို အဲယားကြန္းခန္းထဲေအးေအးလူလူထိုင္ၿပီးအလုပ္လုပ္ေနရတာကို ပစ္ပယ္ခဲ့ၿပီးေနပူပူမွာလႈပ္ရွားေနရတာကိုေပ်ာ္စရာထင္သြားတာလား...
ငါတင္ခဲ့တဲ့စင္ေပၚကေန စင္ေအာက္ကလူဆီကိုေငးၿပီးမင္းအားက်ေနခဲ့တာလား...'
ဂ႐ုဏာေဒါသေၾကာင့္ ဦးႏိုင္ရဲ႕စကားသံေတြကက်ယ္သထက္က်ယ္ေလာင္လို႔လာသည္။
သူ႔ကိုမာန္မဲေနၿပီျဖစ္တဲ့ဦးႏိုင္ကို စည္းက စိတ္ေျဖေလ်ာ့ေပးဖို႔စိတ္ကူးေနရင္း...
လက္ေမာင္းတစ္ဖက္ကိုဖြဖြေလးဆုပ္ကိုင္သည္။
'ဦးႏိုင္....ခဏေလး...'
'မင္း....ငါ့ကိုေစာ္ကားသလိုခံစားရတယ္...စည္း..'
'မဟုတ္ဘူး...ဦးႏိုင္...ကြ်န္ေတာ္အခ်ိန္နည္းနည္းေလးပဲလိုအပ္ေနတာ'
'အခုလိုမ်ိဳး...ေခြ်းနဲ႔သံနဲ႔လႈပ္ရွားၿပီးေတာ့လား'
'မဟုတ္ပါဘူး၊ ဒါကို ဦးႏိုင္အထင္လြဲေနတာ၊
ကြ်န္ေတာ္...လက္ရွိဘဝကေနခဏပဲထြက္ေပါက္လိုခ်င္ေနတာ'
'ငါထားတဲ့ဘဝကိုပ်င္းရိလာတယ္ေပါ့၊ မြန္းက်ပ္ေနတယ္ေပါ့'
'ဦးႏိုင္ခ်ေပးတဲ့ပံုစံထဲမွာတသက္လံုးကြ်န္ေတာ္ေနခဲ့တာပဲ...အကုန္လံုးေခါင္းၿငိမ့္နာခံခဲ့တာပဲ...
ကြ်န္ေတာ္ဒီတခါပဲ...ခဏေလးလြတ္လြတ္လပ္လပ္နဲ႔ေနထိုင္ပ်ံသန္းၾကည့္ခ်င္မိတာ...'
အေၾကာင္းျပခ်က္ကစိတ္ထြက္ေပါက္လို႔ဆိုခ်င္တဲ့စည္းရဲ႕စကားလံုးေတြမွာ...ဦးႏိုင္ေဒါသတို႔ေခါင္းထြက္ျပဴၿပီး...ကိုင္ထားတဲ့ေတာင္ေဝွးကိုလြတ္ခ်၏။
ၿပီးေတာ့...စည္းရဲ႕တီရွပ္အက်ႌလည္ပင္းကိုအားအျပည့္နဲ႔ဆြဲမ,လိုက္ရင္း
ေနာက္တစ္ဖက္က လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လို႔ စည္းရဲ႕မ်က္ႏွာကိုထိုးေတာ့မလိုျပင္သည္။
"စည္း....မင္း...."
သို႔ေသာ္လည္း...စည္းရဲ႕ မ်က္ခမ္းစပ္ေလးေတြမွာစိုစြတ္ေနသလိုျမင္ရတာေၾကာင့္ လက္သီးဆုပ္ကလမ္းတဝက္မွာတင္ေအးခဲရပ္တန္႔ခဲ့၏။
ဒီကေလးေတာ္ေတာ္ကိုစိတ္အေျခေနမေကာင္းတဲ့ပံုပါပဲလားလို႔ ေတြးမိသြားေတာ့ စိတ္ကိုေလ်ာ့ခ်ျဖစ္သည္။
'မင္း....ငါကြာ'
သူ႔အေပၚ အၿမဲႏူးညံ့စြာေျပာဆိုဆက္ဆံတတ္ေသာဦးႏိုင္မ်က္ႏွာသည္ဒီတစ္ခါမွ...ခက္ထန္ေနခဲ့တာကို စည္းဝမ္းနည္းမိ၏။
မိဘေတြမရွိေတာ့ကတည္းက ဦးႏိုင့္ကိုပဲအခရာထားၿပီးေလးစားခ်စ္ခင္ခဲ့ရတာမို႔...
သူ႔အတြက္ဦးႏိုင္ဆိုတာ အရာရာတိုင္းရဲ႕ဗဟိုျဖစ္သည္။
သူ...ဒီတစ္ခါေလးပဲ၊ ဘဝမွာျဖစ္ခ်င္တာ၊ လုပ္ခ်င္တာကိုရွာေဖြဖူးတာပါ။
ဒါကိုဦးႏိုင္ကဘာလို႔နားလည္မေပးႏိုင္တာလဲလို႔ေတြးမိလာရင္း...ရင္ထဲမွာဆို႔နစ္လာခဲ့သည္။
ၿပိဳက်လုလုျဖစ္ေနတဲ့မိုးတိမ္သားေတြေၾကာင့္ ဘယ္ဘက္မ်က္လံုးအိမ္ကဝါးခ်င္ေနၿပီ။
ဒါေပမယ့္လည္း ဦးႏိုင့္ေရွ႕မွာမ်က္ရည္မက်ခ်င္တရေၾကာင့္ တည္းခိုေဆာင္ရွိရာသို႔လွမ္းၾကည့္သလိုလုပ္ရင္းကိုယ္ကိုပါတစ္ဖက္ေစာင္းလွည့္ပစ္လိုက္သည္။
"ဦးႏိုင္...ဒီမွာအိပ္ၿပီးမွျပန္မွာမဟုတ္လား..."
ေက်ာခိုင္းသြားတဲ့စည္းဆီကခပ္ယဲ့ယဲ့ေမးခြန္းေၾကာင့္...ဦးႏိုင္သေဘာေပါက္ခဲ့သည္။
ဒီေကာင္ေလး...မငိုစဖူးငိုေနပါၿပီ။
Unicode
လွတ်လပ်ချင်မိလို့
'ဦးနိုင်....'
တည်းခိုဆောင်အဝင်လမ်းမှာရပ်နားလာသည့်ကားတစ်စီးကိုမြင်တော့ စည်း'ချက်ချင်းမှတ်မိခဲ့၏။
အဲဒီနက်စွေးနေတဲ့ကားဟာ သူ့ဦးလေးဖြစ်သူဦးနိုင်ရဲ့ကားပါ။
ဦးနိုင်ကဒီကိုဘယ်လိုလုပ်ရောက်လာသလဲ။
စဉ်းစားရင်းနဲ့ စည်းရဲ့ခြေလှမ်းတွေကအနည်းငယ်မြန်လာပြီး ကားရှိရာဆီရောက်လာခဲ့၏။
သူဒီကိုရောက်နေတယ်ဆိုတာ မိုနာကလွဲပြီးဘယ်သူမှမသိခဲ့တော့
ဦးနိုင့်ကို...မိုနာကလမ်းညွှန်လိုက်တာပဲဖြစ်ရမည်။
ထိုအချိန်မှာ ပင်လယ်ကတော့ ခပ်ဝေးဝေးထွက်ခွာနေခဲ့ပြီး တချက်တချက်အဲဒီကားရှိရာဆီသို့ပြန်လှည့်ကြည့်နေခဲ့၏။
စည်းရဲ့အရေးကြီးဧည့်သည်ဖြစ်မယ့်ပုံစံရတော့ သူအလိုက်သိရမည်မဟုတ်ပါလား။
အနီးနားရောက်လာတဲ့စည်းကို အဲဒီဦးလေးကြီးက နှုတ်ဆက်နေပေမယ့်...မျက်နှာကတော့ကြည်လင်မနေခဲ့။
သို့သော်လည်း သူ့ကိုကြည့်သည့်အကြည့်ထက်တော့ စည်းကိုကြည့်နေသည့်အကြည့်တွေကအေးချမ်းနေသေး၏။
'စည်း...မင်းကို ဒီမှာနားနားနေနေအပန်းဖြေနေမယ်ထင်ထားတာ'
စတင်ပြီးနှုတ်ဆက်ပြောဆိုလာတဲ့ဦးနိုင့်စကားတွေကရာသီဥတုမကောင်းချင်ပေ။
ကားရှေ့မှာရပ်နေတဲ့တူတော်မောင်ကိုစိတ်မချမ်းမြေ့စွာကြည့်ရင်း...ဦးနိုင်ကသက်ပြင်းခပ်ရှည်ရှည်ချသည်။
'ဘာတွေစဉ်းစားပြီး..လုပ်နေတာလဲ...စည်း..'
ချွေးသံတရဲရဲနဲ့တူတော်မောင်ကိုမြင်ရတော့ရင်ထဲလဲမကောင်းနိုင်ဘဲ အံ့သြခြင်းမကအံ့သြမှုလဲဖြစ်နေရသည်။
တခါမှချွေးသံရဲရဲဖြစ်သည်အထိမနေခဲ့ဖူးတဲ့စည်းဆိုသည့်ဒီကလေးကို အခုလိုမြင်ရတာကိုယ့်မျက်စိကိုကိုယ်မယုံချင်ပေ။
ငယ်ငယ်ကတည်းကချူချာတတ်ခဲ့သည့်ကလေးမို့ ဒီအရွယ်ရောက်သည့်အထိ သူတတ်နိုင်သရွေ့ဂရုတစိုက်နဲ့ပျိုးထောင်ပေးခဲ့ရတာမို့...
စေတနာဒေါသတွေနဲ့ရင်ထဲမှာဗလောင်ဆူချင်သည်။
တကယ်ဆို သူကပိုလျှံတဲ့အထိချမ်းသာကုံလုံတဲ့လူမဟုတ်လို့...
သူ့မိဘတွေဆုံးပါးသွားကတည်းက စည်း'ကိုခြေမွေးမီးမလောင်လက်မွေးမီးမလောင်နဲ့ထားနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ရတာပါ။
မရှိမရှားတဲ့ဘဝကနေ လိုတိုင်းရနိုင်သမျှရအောင်အစစအရာရာသူ့ဘဝကိုဒီတူလေးအတွက်ပဲမြှုပ်နှံခဲ့တာ။
သာမန်ဒီဇိုင်းစတူဒီယိုတခုသာပိုင်သည့်အနေအထားမှကုမ္ပဏီတခုဖြစ်အောင်သူရင်းနှီးခဲ့သည်မှာ ဒီတူသားတစ်ယောက်ထဲအတွက်သာဖြစ်သည်။
စည်း'...ငယ်စဉ်ကတည်းက
ကျောင်းကောင်းကောင်းကိုပို့နိုင်ဖို့၊
ပညာရေးထူးချွန်ဖို့တစိုက်မတ်မတ်ဖိသွင်းပျိုးထောင်နိုင်ဖို့ သူအသေအလဲကြိုးစားခဲ့ရတာဖြစ်သည်။
သူထားတဲ့ဘဝအတိုင်းတသက်လုံးခေါင်းညိတ်နေခဲ့တဲ့စည်း'ဆိုတဲ့တူတော်မောင်ဟာတချက်မှညည်းညူငြူစူဖူးတာမရှိခဲ့။
ကန့်လန့်တိုက်ငြင်းဆန်ဖူးတာမရှိခဲ့ဘဲ
သူချတဲ့လမ်းကြောင်းအတိုင်းပေါ့ပေါ့ပါးပါးအဆင်ပြေနေခဲ့တာလို့ပဲထင်နေခဲ့တာ...။
သူဖန်ဆင်းပေးထားတဲ့ဘဝမှာအခက်အခဲတစုံတရာမရှိခဲ့ဘဲနဲ့...စိတ်ပျက်အားငယ်စရာဆိုတာလည်းမြူတမှုန်စာတောင်မရှိခဲ့ဘဲ....
ရုတ်တရက်ကြီး စိတ်ဖိစီးကြောင်း၊ ပင်ပန်းကြောင်းတွေဆိုလို့ လုပ်နေတဲ့အလုပ်တွေကိုဖယ်ခွာထွက်ပြေးခဲ့တာကို
ဦးနိုင်'အံ့သြနေရင်း...အဖြေရှာနေရင်း...
တွေးရင်းတွေးရင်းတွေးလို့မဆုံးနိုင်။
စိတ်ဖိစီးနေတာဆိုရင်လည်း ဒီလိုနေရာမျိုးမှာအေးဆေးစွာပဲအနားယူနေရမှာမဟုတ်ဘူးလား။
အခုမြင်လိုက်ရတဲ့အခြေနေတွေကမျှော်လင့်ထားတာတွေမဟုတ်တော့ ဦးနိုင်...တအံ့တသြနဲ့ပဲတူတော်မောင်ကိုစိတ်မောစွာမေးခွန်းထုတ်သည်။
'စိတ်ပင်ပန်းနေတာကို ဒီလိုအလုပ်ကြမ်းတွေလုပ်ပြီးဖြေဖျောက်ဖို့ ဘယ်လိုပုဂ္ဂိုလ်ကအကြံပေးခဲ့တာလဲ...
မင်းယူလိုက်တဲ့ခွင့်ကဒီလောက်တောင်ပေါပေါပဲပဲနိုင်နေမယ်လို့ ငါတကယ်မထင်ခဲ့ဘူး...'
ဦးလေးဖြစ်သူရဲ့သောကတွေကိုမြင်နေရတော့ စည်းကသိပ်ပြီးအထွဋ်မတက်ချင်...။
'ဟို...ကျွန်တော်...'
'မင်း...ဒီကမ်းခြေမှာ အေးဆေးဇိမ်နဲ့အနားယူမယ်လ်ို့ထင်ထားတာ'
'မဟုတ်ပါဘူး၊ ကျွန်တော်...ဒီအတိုင်းပဲ.....ဟို...."
စိတ်တိုနေတဲ့ဦးနိုင်ကို အနည်းငယ်စိတ်သက်သာရာရသွားအောင်လို့ ဆင်ခြေကောင်းကောင်းပေးဖို့ကြိုးစားနေရင်း စည်း...ခဏလေးတိတ်ဆိတ်သွားခဲ့၏။
တိတ်ဆိတ်သွားတဲ့စည်းဆီကနေ အကြောင်းပြချက်ပေးလာမှာကိုစောင့်နေပုံရတဲ့ဦးနိုင်လည်း ဘာစကားမှဆက်မပြောပေ။
ထိုစဉ်မှာ...ဟိုဝေးဝေးကနေလွင့်လာတဲ့ရယ်သံတစ်ချို့ကြောင့်...
စည်း'ခေါင်းလေးအနည်းငယ်စောင်းငဲ့လို့တည်းခိုခန်းရှိရာသို့ကြည့်လိုက်မိသည်။
စည်းရဲ့နည်းတူ...ဦးနိုင်'ကပါရောယောင်ကြည့်မိတော့...
ပျော်ရွှင်ရယ်မောနေကြတဲ့ရွှေရုပ်၊ ယမုံနဲ့ပင်လယ်တို့သုံးယောက်က အဝတ်ဖြူဖြူတွေလှမ်းတဲ့သူကလှမ်း၊ စားပွဲတွေရွေ့တဲ့သူကရွေ့နဲ့အချင်းချင်းကျီစားနေကြတာကိုတွေ့ရ၏။
သူတို့တွေရဲ့ရယ်သံကြောင့် စည်းရဲ့နှုတ်ခမ်းလေးတွေအနည်းငယ်ညွတ်ကွေးလာပြီးပြုံးချင်သယောင်လေးသမ်းတော့ ဦးနိုင်ဒါကိုအလိုမကျဖြစ်မိတော့သည်။
အဲဒါကို စည်းက တကယ့်ပျော်စရာလို့ထင်နေခဲ့တာလား...
ဒီလောက်တောကျပြီးမပြည့်စုံတဲ့နယ်မြို့သေးသေးလေးမှာ ဒီလိုအလုပ်တွေလုပ်ပြီး ဘဝကိုဖြစ်ကတတ်ဆန်းရှင်သန်နေတဲ့သူတွေကို တူတော်မောင်ကအားကျနေခဲ့သလား။
အဲဒီဘဝတွေကိုအထင်ကြီးနေခဲ့သလား...
တွေးနေရင်းမှ ဦးနိုင်...စိတ်ထဲမကျေမနပ်ဖြစ်မိတော့သည်။
'မင်း...သူတို့ဘဝကိုအားကျနေတာလား...စည်း...
မင်းအခုလို အဲယားကွန်းခန်းထဲအေးအေးလူလူထိုင်ပြီးအလုပ်လုပ်နေရတာကို ပစ်ပယ်ခဲ့ပြီးနေပူပူမှာလှုပ်ရှားနေရတာကိုပျော်စရာထင်သွားတာလား...
ငါတင်ခဲ့တဲ့စင်ပေါ်ကနေ စင်အောက်ကလူဆီကိုငေးပြီးမင်းအားကျနေခဲ့တာလား...'
ဂရုဏာဒေါသကြောင့် ဦးနိုင်ရဲ့စကားသံတွေကကျယ်သထက်ကျယ်လောင်လို့လာသည်။
သူ့ကိုမာန်မဲနေပြီဖြစ်တဲ့ဦးနိုင်ကို စည်းက စိတ်ဖြေလျော့ပေးဖို့စိတ်ကူးနေရင်း...
လက်မောင်းတစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်သည်။
'ဦးနိုင်....ခဏလေး...'
'မင်း....ငါ့ကိုစော်ကားသလိုခံစားရတယ်...စည်း..'
'မဟုတ်ဘူး...ဦးနိုင်...ကျွန်တော်အချိန်နည်းနည်းလေးပဲလိုအပ်နေတာ'
'အခုလိုမျိုး...ချွေးနဲ့သံနဲ့လှုပ်ရှားပြီးတော့လား'
'မဟုတ်ပါဘူး၊ ဒါကို ဦးနိုင်အထင်လွဲနေတာ၊
ကျွန်တော်...လက်ရှိဘဝကနေခဏပဲထွက်ပေါက်လိုချင်နေတာ'
'ငါထားတဲ့ဘဝကိုပျင်းရိလာတယ်ပေါ့၊ မွန်းကျပ်နေတယ်ပေါ့'
'ဦးနိုင်ချပေးတဲ့ပုံစံထဲမှာတသက်လုံးကျွန်တော်နေခဲ့တာပဲ...အကုန်လုံးခေါင်းငြိမ့်နာခံခဲ့တာပဲ...
ကျွန်တော်ဒီတခါပဲ...ခဏလေးလွတ်လွတ်လပ်လပ်နဲ့နေထိုင်ပျံသန်းကြည့်ချင်မိတာ...'
အကြောင်းပြချက်ကစိတ်ထွက်ပေါက်လို့ဆိုချင်တဲ့စည်းရဲ့စကားလုံးတွေမှာ...ဦးနိုင်ဒေါသတို့ခေါင်းထွက်ပြူပြီး...ကိုင်ထားတဲ့တောင်ဝှေးကိုလွတ်ချ၏။
ပြီးတော့...စည်းရဲ့တီရှပ်အကျႌလည်ပင်းကိုအားအပြည့်နဲ့ဆွဲမ,လိုက်ရင်း
နောက်တစ်ဖက်က လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ စည်းရဲ့မျက်နှာကိုထိုးတော့မလိုပြင်သည်။
"စည်း....မင်း...."
သို့သော်လည်း...စည်းရဲ့ မျက်ခမ်းစပ်လေးတွေမှာစိုစွတ်နေသလိုမြင်ရတာကြောင့် လက်သီးဆုပ်ကလမ်းတဝက်မှာတင်အေးခဲရပ်တန့်ခဲ့၏။
ဒီကလေးတော်တော်ကိုစိတ်အခြေနေမကောင်းတဲ့ပုံပါပဲလားလို့ တွေးမိသွားတော့ စိတ်ကိုလျော့ချဖြစ်သည်။
'မင်း....ငါကွာ'
သူ့အပေါ် အမြဲနူးညံ့စွာပြောဆိုဆက်ဆံတတ်သောဦးနိုင်မျက်နှာသည်ဒီတစ်ခါမှ...ခက်ထန်နေခဲ့တာကို စည်းဝမ်းနည်းမိ၏။
မိဘတွေမရှိတော့ကတည်းက ဦးနိုင့်ကိုပဲအခရာထားပြီးလေးစားချစ်ခင်ခဲ့ရတာမို့...
သူ့အတွက်ဦးနိုင်ဆိုတာ အရာရာတိုင်းရဲ့ဗဟိုဖြစ်သည်။
သူ...ဒီတစ်ခါလေးပဲ၊ ဘဝမှာဖြစ်ချင်တာ၊ လုပ်ချင်တာကိုရှာဖွေဖူးတာပါ။
ဒါကိုဦးနိုင်ကဘာလို့နားလည်မပေးနိုင်တာလဲလို့တွေးမိလာရင်း...ရင်ထဲမှာဆို့နစ်လာခဲ့သည်။
ပြိုကျလုလုဖြစ်နေတဲ့မိုးတိမ်သားတွေကြောင့် ဘယ်ဘက်မျက်လုံးအိမ်ကဝါးချင်နေပြီ။
ဒါပေမယ့်လည်း ဦးနိုင့်ရှေ့မှာမျက်ရည်မကျချင်တရကြောင့် တည်းခိုဆောင်ရှိရာသို့လှမ်းကြည့်သလိုလုပ်ရင်းကိုယ်ကိုပါတစ်ဖက်စောင်းလှည့်ပစ်လိုက်သည်။
"ဦးနိုင်...ဒီမှာအိပ်ပြီးမှပြန်မှာမဟုတ်လား..."
ကျောခိုင်းသွားတဲ့စည်းဆီကခပ်ယဲ့ယဲ့မေးခွန်းကြောင့်...ဦးနိုင်သဘောပေါက်ခဲ့သည်။
ဒီကောင်လေး...မငိုစဖူးငိုနေပါပြီ။