အိုးခိုင္ေမာ့
😂😂😂
ေရႊ႐ုပ္ကဖေယာင္းတိုင္မ်ားေပး၍ထြက္သြားေတာ့...စည္းလည္းေရခ်ိဳးဖို႔ေရခဲေသတၱာနံေဘးမွလွည့္ထြက္ဖို႔ျပင္သည္။
သူ႔ေနာက္မွာကပ္လ်က္သားေလးနဲ႔ပင္လယ္ကေတာက္ေလွ်ာက္လိုက္ေနတာမို႔ စည္းကနည္းနည္းေတာ့ထူးဆန္းသလိုခံစားရ၏။
မီးပ်က္သြားကတည္းက ပင္လယ့္မ်က္ႏွာကမူမမွန္ခ်င္ေတာ့တာ အခုထိပါ။
အဲဒီေကာင္ တခုခုမ်ားျဖစ္ေနတာလား...?
'ပင္လယ္...မင္း...အဆင္ေျပလား...ငါ့ထက္အရင္ေရခ်ိဳးလိုက္မလား'
'ဟို...ငါ...ငါ...တေယာက္ထဲမျဖစ္ဘူးထင္တယ္'
'ဘာျဖစ္လို႔လဲ...သရဲေၾကာက္တာလား'
'အင္း.....ငါအေမွာင္ကိုေၾကာက္တတ္တယ္..."
အဲဒီလိုမထင္ေပမယ့္ ပင္လယ့္အေျဖေၾကာင့္တဟားဟားရယ္မိေတာ့သည္။
"ဟမ္...ဟားဟား....မင္းက...ေၾကာက္တတ္တယ္....ဟား...ဟား...'
'မရယ္နဲ႔...ငါ တကယ္အေမွာင္ထဲမေနရဲလို႔'
'မီးတိုင္ယူသြားေလ၊ အခုလဲလင္းခ်င္းေနတာပဲကို...'
သူ႔လက္ထဲကမီးတိုင္ေလးကိုထိုးေပးေတာ့...
ပင္လယ္ကမယူပါ။
'ေမွာင္ေနတာကေမွာင္ေနတာပဲေလ...ငါေၾကာက္ပါတယ္ဆိုမွ...ေတာ္ၿပီ...မခ်ိဳးေတာ့ဘူး...မနက္ျဖန္မွခ်ိဳးမယ္..'
ပင္လယ္က...တကယ္အတည္ေပါက္ေျပာေနတာလို႔ခံစားလာရေတာ့သနားသြားပါသည္။
'အာ...ပင္လယ္...အဲလိုေတာ့မညစ္ပတ္နဲ႔ေလ...ညက်ရင္မင္းနဲ႔ငါတခန္းထဲအိပ္ရမွာ...
ငါအနံ႕ရတာကိုမုန္းတယ္..ညေနေစာင္းကထင္းေတြခြဲထားၿပီးငါးလည္းမွ်ားထားေသးတာကို...ခ်ိဳးပါ...ေရခ်ိဳးခန္းေရွ႕ငါေစာင့္ေနေပးမယ္..ခ်ိဳးလိုက္...'
'မင္း ေစာင့္ေပးမွာလား...တကယ္ေနာ္၊
မင္းထြက္မသြားနဲ႔..တကယ္ေစာင့္ေန...ငါေရခ်ိဳးခန္းတံခါးမပိတ္ဘဲဟထားမွာ..မသြားနဲ႔ေနာ္'
ေစာင့္ေပးမယ္ဆိုတာကိုမယံုတဝက္ျဖစ္ေနတဲ့မ်က္ႏွာေလးနဲ႔ပင္လယ့္ပံုစံကရယ္ခ်င္စရာေလး။
ထြက္မသြားဖို႔လဲတားေနေသးတာ...
သူေနာက္ၿပီးထားခဲ့မွာစိုးေနတဲ့သေဘာ။
'ေရႊ႐ုပ္ဝင္လာရင္ဘယ္လိုလုပ္မလဲ'
'မင္းရွိေနတာပဲ..
ဘာျဖစ္လဲ....
ေအာ္ေျပာလိုက္ေပါ့...'
'အင္း...ခ်ိဳးပါ ...ငါေစာင့္ေနမယ္..ဝင္ေတာ့...'
'စည္း....မင္း..ထြက္ေတာ့မသြားနဲ႔ေနာ္..တကယ္ေျပာေနတာ...ငါေၾကာက္တယ္...'
ပင္လယ္က စိုးရိမ္စိတ္မကင္းဘဲထပ္ေျပာလိုက္ေသးေတာ့...
စည္းမရယ္မိေတာ့ဘူး။
ဒီေကာင္တကယ္ကိုေၾကာက္ေနတာပဲလို႔သေဘာေပါက္လိုက္သည္။
'အြန္း..
ထြက္မသြားပါဘူး...
မင္း ျမန္ျမန္ေတာ့ခ်ိဳး..'
'အိုေက...'
စိတ္ေအးလက္ေအးနဲ႔ေရခ်ိဳးခန္းတံခါးေလးဟၿပီးေရခ်ိဳးဖို႔ျပင္ေနတာ...
ပင္လယ္က တကယ္ကိုကေလးေလးအတိုင္းပါ။
ထိုအခ်ိန္မွာ ေရႊ႐ုပ္ကလည္းတကယ္ဝင္လာခဲ့ကာ ေရခ်ိဳးခန္းဘက္ဆီလာဖို႔ျပင္ေနတာမို႔...
စည္းကတားသည္။
"ေရႊ႐ုပ္...နင္ဝင္မလာနဲ႔..."
စည္းကတားေတာ့မွ တဝက္ေလာက္ဟေနတဲ့ေရခ်ိဳးခန္းတံခါးကိုျမင္သည္။
ေရသံတခ်ိဳ႕ၾကားေနရၿပီး ဟေနတဲ့ေရခ်ိဳးခန္းတံခါးၾကားမွမီးေရာင္ျဖာထြက္ေနတာကိုျမင္ေပမယ့္...
ေရႊ႐ုပ္ကမယံုသကၤာ။
'ကိုစည္း...ဘာရပ္လုပ္ေနတာလဲ...ေရခ်ိဳးမွာရွိခ်ိဳးေလ'
'အာ...အင္း...ေရႊ႐ုပ္...နင္ဆက္မဝင္လာနဲ႔...ပင္လယ္ေရခ်ိဳးေနတာ'
'ဟင္...ကိုပင္လယ္ကေရခ်ိဳးတာဘာလို႔တံခါးကိုဖြင့္ထားတာလဲ၊ အျပင္မွာေရေတြစိုကုန္ေတာ့မွာပဲ'
မိန္းကေလးပီပီလွ်ာကရွည္လိုက္ရမွေက်နပ္တဲ့ေရႊ႐ုပ္ကခ်က္ခ်င္းထြက္မသြားခဲ့ဘဲ...ရစ္ေနေသးတာ။
'ဟို...သူအေမွာင္ေၾကာက္တတ္လို႔တဲ့..
အဲဒါ ငါ့ကို ေစာင့္ေနေပးဆိုလို႔'
စည္းရဲ႕အေျဖကိုၾကားေတာ့ေရႊ႐ုပ္ကျပံဳးစိစိျဖစ္သြား၏။
ဆင္စားမကုန္၊ ျမင္းစားမကုန္တဲ့လူႀကီးက...
ေၾကာက္တတ္တယ္တဲ့လား။
ဟိဟိ...ကိုပင္လယ္ကေၾကာက္တတ္တယ္တဲ့လား...
တမင္တကာေျခာက္ထားခဲ့ဦးမွ...
'ဟိဟိ...ကိုႀကီးပင္လယ္....ေရဆင္းေပါက္ကေနေျခကိုလာဆြဲမွာေနာ္...လက္ေအးေအးနဲ႔...ဆံပင္ဖားလ်ား...ဘူး...ထြား...ထြား....'
ေရခ်ိဳးခန္းဆီဝင္မလာေပမယ့္ ေရႊ႐ုပ္ကအက်ယ္ႀကီးေအာ္ၿပီးစ,ေတာ့...
ေရခ်ိဳးခန္းထဲကပင္လယ္ကဒါကိုၾကားသြားခဲ့ၿပီး...
ေရႊ႐ုပ္စကားေတာင္မဆံုးေသးခင္...
အျပင္ကို...ဝုန္းခနဲထြက္ေျပးလာခဲ့၏။
ဆံပင္တစ္ေခါင္းလံုးဆပ္ျပာျမႇုပ္ေတြအမ်ားႀကီးနဲ႔စည္းေရွ႕ကိုေျပးထြက္လာတာ.....ပံုစံကတကယ့္ကိုအူယားဖားယား။
ဟိုကေလးမေလးကရွိေနေသးတာမို႔ စည္းကလွမ္းတားရေတာ့သည္။
'ဟာ့...ေဟ့ေကာင္...ေနပင္လယ္'
'အား........ကိုပင္လယ္.....ဘာလုပ္တာလဲ...'
အဝတ္မပါတဲ့ပင္လယ့္ကိုျမင္မွ
ေရႊ႐ုပ္ငယ္သံပါေအာင္ေအာ္ကာလွည့္ေျပးရေတာ့သည္။
ေတာ္ေသးသည္ကေအာက္ပိုင္းကေဘာင္းဘီတိုကိုခြ်တ္မထားေသးလို႔...။
တကိုယ္လံုးဆပ္ျပာျမႇုပ္ေတြနဲ႔ တုန္ရီေနတဲ့ပင္လယ့္ကိုၾကည့္ကာ...စည္း ေခါင္းကိုသာယမ္း၏။
'မင္း....နည္းနည္းေတာ့အိေျႏၵဆည္ေလကြာ...ဘာမွမဟုတ္တာကို...'
'ေၾကာက္တတ္တယ္လို႔ေျပာၿပီးၿပီေလ...ငါတကယ္မရပါဘူးဆို..မင္းျပန္သြားၿပီးကတည္းကညညဆိုအေပၚတထပ္လံုးမီးေတြဖြင့္အိပ္ရလို႔...ေခါင္မိုးထပ္မွာငါတေယာက္ထဲ၊ တကယ္ေၾကာက္တာပါဆို၊
အခုေရႊ႐ုပ္လာေျခာက္သြားတာႀကီးကငါဘယ္ေနႏိုင္မလဲ"
စည္းကိုျပန္ေျပာေနရင္းနဲ႔...
ပင္လယ့္ေခါင္းေပၚကဆပ္ျပာျမႇုပ္ေတြကတျဖည္းျဖည္းနဲ႔အရည္ေပ်ာ္ၿပီးစီးက်လာကာမ်က္လံုးထဲဝင္ကုန္ေတာ့၏။
ဆပ္ျပာရည္ေတြေၾကာင့္စပ္လူးသြားတဲ့မ်က္လံုးကိုပုတ္ခတ္ပုတ္ခတ္လုပ္မိေတာ့ ဆပ္ျပာရည္ေတြကမ်က္လံုးအိမ္တခုလံုးဆီမွာပ်ံ႕ႏွံ့ကုန္ကာပိုဆိုးသြားခဲ့၏။
...'အား...မ်က္စိစပ္ၿပီ...အားလာ့...ကယ္ၾကပါ...."
စပ္သြားတဲ့မ်က္လံုးကိုစံုမွိတ္ထားကာပင္လယ္ကခုန္ဆြဆြနဲ႔
မ်က္စိကမျမင္ရေတာ့လို႔ ေရခ်ိဳးခန္းထဲျပန္ဝင္သြားဖို႔လဲမျဖစ္ႏိုင္ဘဲ ေအာ္ဟစ္ေနခဲ့၏။
"ျပန္ဝင္ၿပီး...ေရေဆးခ်လိုက္ေတာ့ျမန္ျမန္"
စည္းကသူ႔ကိုေရခ်ိဳးခန္းထဲျပန္တြန္းလြတ္ေပမယ့္...
လက္ေမာင္းကိုဖက္ထားတဲ့ပင္လယ့္လက္ေတြကမလြတ္ဘဲ...ပိုတိုးက်ပ္လာခဲ့သည္။
'စည္း...ငါမျမင္ရေတာ့လို႔၊ စပ္တယ္၊ စပ္တယ္ လုပ္ပါဦး"
ေအာ္ဟစ္ေနတဲ့ထိုေကာင္ေလးကိုသနားေပမယ့္
စိတ္တိုတိုနဲ႔ပဲ ေရခ်ိဳးခန္းထဲပို႔ရျပန္သည္။
ကေလးပိစိလည္းမဟုတ္ဘဲ ေရခ်ိဳးတာကိုရပ္လဲေစာင့္ေပးရေသး၊
အခုေတာ့ ေရပါခ်ိဳးေပးရမယ့္ကိန္းဆိုက္ေနၿပီ။
'က်စ္...မင္း...ကေလးလဲမဟုတ္ဘူး၊ လာခဲ့၊ ေျခေထာက္ကိုဂ႐ုစိုက္ၿပီးလွမ္း'
လက္တစ္ဖက္ကပင္လယ့္ကိုဆြဲထားၿပီးတစ္ဖက္မွာေတာ့ဖေယာင္းတိုင္ကိုင္ထားလ်က္ေရခ်ိဳးခန္းထဲပို႔ရသည္။
ေရပန္းေအာက္ေရာက္ေတာ့ ပင္လယ့္မ်က္စိစပ္ေနတာကိုေရေဆးေပးခ်င္ေဇာနဲ႔ အေပၚကိုေမာ့မၾကည့္ဘဲ ေရပိုက္ေခါင္းကိုဖြင့္ခ်မွမွားသြားခဲ့မွန္းသိရ၏။
စည္းရွိရာဘက္ကိုလွည့္ထားသည့္ေရပိုက္ေခါင္းေလးေၾကာင့္ ေရကပင္လယ့္ေခါင္းေပၚကိုမက်ဘဲစည္းရဲ႕တကိုယ္လံုးစိုလို႔ရႊဲသြားေလသည္။
ေရခ်ိဳးၿပီးလဲဝတ္မယ့္အဝတ္ေရာ၊ တဘက္ပိုင္းပါစိုကုန္ေတာ့ စည္း...စိတ္တိုၿပီေလ။
'ရွီး.....'
ဒါေပမယ့္ ဂ႐ုမစိုက္အားဘဲ မ်က္စိစပ္ေနတဲ့ပင္လယ့္ဘက္ကိုအျမန္ေရပိုက္ေခါင္းလွည့္ေပးရသည္။
မ်က္လံုးမွိတ္ထားေပမယ့္ အသံၾကားေနရေတာ့ ပင္လယ္က စည္းမွာေရစိုကုန္ၿပီဆိုတာကိုတပ္အပ္သိလိုက္၏။
'စည္း...မင္းေရစိုကုန္တာလား'
'အင္း....ေရပိုက္ေခါင္းလွည့္ရာကိုအရင္မၾကည့္မိဘဲဖြင့္မိသြားလို႔'
ေျပာေနရင္းနဲ႔ဆံပင္ကေနေအာက္ပိုင္းအထိစိုကုန္တဲ့ကိုယ့္ဘာသာဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ...
ေရပိုက္ေခါင္းကိုမ်က္လံုးစပ္ေနတဲ့ပင္လယ့္ကိုပဲေသခ်ာေရေဆးေပးျဖစ္သည္။
'ရၿပီလား...မ်က္လံုးကိုေရေသခ်ာေဆးခ်၊
နည္းနည္းေလးဖြင့္ၾကည့္ၿပီးေဆး...'
ဆံပင္ေတြၾကားကဆပ္ျပာျမႇုပ္ေတြလည္းစင္ကုန္ၿပီး
မ်က္လံုးကခဏေလးနဲ႔ၾကည္လင္လာေပမယ့္...
ပင္လယ္က စည္းကိုလွမ္းဆြဲထားဆဲျဖစ္သည္။
'အင္း....စည္း...မင္း...ထြက္မသြားနဲ႔ေတာ့'
စိုေနၿပီမို႔လို႔လွည့္ထြက္ရမလားဆက္ေနရမလား...စဥ္းစားေနတုန္း...ပင္လယ္ကထြက္မသြားဖို႔တားေလသည္။
သူ...ဘယ္လိုလုပ္ရမလဲ..၊
ေယာက်ာ္းေလးအခ်င္းခ်င္းဆိုေသာ္လည္းေရတူတူခ်ိဳးဖို႔ေတာ့...ခက္ပါ၏။
သူ႔ကိုဆြဲထားတဲ့ပင္လယ္ကေတာ့ ဒါကိုစိတ္ထဲရွိဟန္မတူဘဲ၊
သူရွိေနေတာ့ ေအးေဆးသက္သာျဖစ္ေနပံုရသည္။
ဆပ္ျပာေတြစင္ေအာင္ေရေဆးခ်ေနတဲ့ ပင္လယ္က
ဖေယာင္းတိုင္မီးေရာင္မွိန္မွိန္ေအာက္မွာလက္ေမာင္းႂကြက္သားေတြဖုထစ္လို႔...။
အဆီနည္းၿပီးႂကြရြေနတ့ဲဝမ္းဗိုက္ႂကြက္သားေတြကလည္း ေပါင္မုန္႔တံုးေတြႏွယ္။
စည္းကေနပင္လယ့္ကိုခဏေလးေငးမိေနတုန္းမွာ၊
ဆပ္ျပာျမႇုပ္စင္သြား၍မ်က္လံုးဖြင့္ႏိုင္သြားသည့္ပင္လယ္သူ႔ဘက္လွည့္လာကာ သူတို႔ႏွစ္ေယာက္မ်က္လံုးခ်င္းဆိုင္သြားေတာ့...
႐ုတ္တရက္ေဆာင့္ခုန္လာသည့္ရင္ဘတ္သည္အမ်ိဳးအမည္မသိေသာခံစားမႈမ်ားနဲ႔...
မျဖစ္ေခ်ဘူး...ေယာက်ာ္းေလးလည္း ေရအတူတူခ်ိဳးဖို႔မျဖစ္ႏိုင္ဘူး...။
'ငါ...ဟို...မင္းခ်ိဳးၿပီးမွပဲ'
'ငါၿပီးရင္ မင္းေရခ်ိဳးမွာပဲကို..
အခုလဲစိုသြားၿပီဥစၥာ...
တခါထဲခ်ိဳးလိုက္...ငါလဲတေယာက္ထဲဆိုၿပီးမေၾကာက္ရေတာ့ဘူး'
ေျပာခ်င္ရာေျပာေနတဲ့ပင္လယ္ကပံုမွန္ပဲျဖစ္ေနၿပီး သူကပဲပံုမမွန္ခ်င္တာကို စည္း...စိတ္အေႏွာင့္ယွက္ျဖစ္ရေလသည္။
အၿမဲလိုလိုဆံုးျဖတ္ခ်က္ကိုသူ႔သေဘာအတိုင္းခ်တတ္ေသာပင္လယ့္အက်င့္အတိုင္း သူနာခံေနမိတာ...
႐ုတ္တရက္ေဆးမိသြားတဲ့လူလိုမ်ိဳး...။
ဘာကိစၥနဲ႔ ငါကစိတ္လႈပ္ရွားလြယ္ေနရတာလဲ။
.................
ေရႊ႐ုပ္ေအာ္ဟစ္ထြက္ေျပးလာစဥ္...အိမ္ေရွ႕စားပြဲမွာထိုင္ေနသည့္အဘိုးျဖစ္သူကလွမ္းေမးေလသည္။
'ေရႊ႐ုပ္ နင္ ဘာျဖစ္တာလဲ...အလန္႔တၾကားေအာ္သံက'
ဦးေနာင္ေနာင္ေမးေပမယ့္...ေရႊ႐ုပ္ကျပန္မေျဖရဲပါ။
'အေနာက္မွာေမွာင္ေနလို႔လား...အားသြင္းထားတဲ့မီးတစ္လံုးယူသြား..ေနာက္ေဖးမွာသြားထြန္းခဲ့..
ကေလးပိစိလဲမဟုတ္ေတာ့ဘဲ...ေၾကာက္ေနတုန္းပဲ'
'ဟို...ကိုပင္လယ္က.....'
ေရႊ႐ုပ္အဆူခံရမွာစိုး၍ဆက္မေျပာေတာ့ဘဲ
အဘိုးသြားထားခိုင္းသည့္မီးအုပ္ေဆာင္းကိုယူလ်က္ေနာက္ေဖးျပန္ဝင္ရေလသည္။
ေရခ်ိဳးခန္းေရွ႕ေရာက္ေတာ့...စည္းကရွိမေန။
ကိုစည္း..ဘယ္ေရာက္သြားတာလဲ..ေရခ်ိဳးေနတာမ်ားလား၊
ေၾကာက္တယ္ဆိုၿပီးကိုပင္လယ္ကဘယ္ေရာက္သြားတာလဲ။
ေရခ်ိဳးခန္းထဲမွာေနပင္လယ္လားစည္းလား...?
ဘယ္သူရွိေနမွန္းမသိေပမယ့္...သူမေအာ္ေခၚၿပီးမီးလံုးထားခဲ့ဖို႔ျပင္သည္။
'ကိုစည္း...ကိုပင္လယ္..ေရ'
'ေဟ'
'ေအး'
ေရခ်ိဳးခန္းထဲမွျပန္ထူးသံၿပိဳင္တူထြက္လာေတာ့...
ေရႊ႐ုပ္ေလးကျပဴးခနဲ။
'ဟမ္....ေရခ်ိဳးခန္းထဲမွာႏွစ္ေယာက္စလံုးလား...အိုးခိုင္ေမာ့.....'
ဘယ္လိုျဖစ္ၿပီးေရတူတူခ်ိဳးေနၾကတာလဲ၊
အယ္...ဘာေတြလား၊ ႐ုတ္တရက္ေရႊ႐ုပ္ေလးဘာကိုေတြးမိမွန္းမသိဘဲ...ၾကက္သီးေတြထ,လာၿပီးျပံဳးစိစိျဖစ္လို႔သြားသည္။
အမေလး...သူတို႔ကဘာေတြလား...ငါ...ဒီေနရာကေနအျမန္ခြာမွပါ။
ေရႊ႐ုပ္အသံေလးေတာင္မထြက္ႏိုင္ဘဲအူယားဖားယားထြက္ေျပးရေလသည္။
Unicode
အိုးခိုင်မော့
😂😂😂
ရွှေရုပ်ကဖယောင်းတိုင်များပေး၍ထွက်သွားတော့...စည်းလည်းရေချိုးဖို့ရေခဲသေတ္တာနံဘေးမှလှည့်ထွက်ဖို့ပြင်သည်။
သူ့နောက်မှာကပ်လျက်သားလေးနဲ့ပင်လယ်ကတောက်လျှောက်လိုက်နေတာမို့ စည်းကနည်းနည်းတော့ထူးဆန်းသလိုခံစားရ၏။
မီးပျက်သွားကတည်းက ပင်လယ့်မျက်နှာကမူမမှန်ချင်တော့တာ အခုထိပါ။
အဲဒီကောင် တခုခုများဖြစ်နေတာလား...?
'ပင်လယ်...မင်း...အဆင်ပြေလား...ငါ့ထက်အရင်ရေချိုးလိုက်မလား'
'ဟို...ငါ...ငါ...တယောက်ထဲမဖြစ်ဘူးထင်တယ်'
'ဘာဖြစ်လို့လဲ...သရဲကြောက်တာလား'
'အင်း.....ငါအမှောင်ကိုကြောက်တတ်တယ်..."
အဲဒီလိုမထင်ပေမယ့် ပင်လယ့်အဖြေကြောင့်တဟားဟားရယ်မိတော့သည်။
"ဟမ်...ဟားဟား....မင်းက...ကြောက်တတ်တယ်....ဟား...ဟား...'
'မရယ်နဲ့...ငါ တကယ်အမှောင်ထဲမနေရဲလို့'
'မီးတိုင်ယူသွားလေ၊ အခုလဲလင်းချင်းနေတာပဲကို...'
သူ့လက်ထဲကမီးတိုင်လေးကိုထိုးပေးတော့...
ပင်လယ်ကမယူပါ။
'မှောင်နေတာကမှောင်နေတာပဲလေ...ငါကြောက်ပါတယ်ဆိုမှ...တော်ပြီ...မချိုးတော့ဘူး...မနက်ဖြန်မှချိုးမယ်..'
ပင်လယ်က...တကယ်အတည်ပေါက်ပြောနေတာလို့ခံစားလာရတော့သနားသွားပါသည်။
'အာ...ပင်လယ်...အဲလိုတော့မညစ်ပတ်နဲ့လေ...ညကျရင်မင်းနဲ့ငါတခန်းထဲအိပ်ရမှာ...
ငါအနံ့ရတာကိုမုန်းတယ်..ညနေစောင်းကထင်းတွေခွဲထားပြီးငါးလည်းမျှားထားသေးတာကို...ချိုးပါ...ရေချိုးခန်းရှေ့ငါစောင့်နေပေးမယ်..ချိုးလိုက်...'
'မင်း စောင့်ပေးမှာလား...တကယ်နော်၊
မင်းထွက်မသွားနဲ့..တကယ်စောင့်နေ...ငါရေချိုးခန်းတံခါးမပိတ်ဘဲဟထားမှာ..မသွားနဲ့နော်'
စောင့်ပေးမယ်ဆိုတာကိုမယုံတဝက်ဖြစ်နေတဲ့မျက်နှာလေးနဲ့ပင်လယ့်ပုံစံကရယ်ချင်စရာလေး။
ထွက်မသွားဖို့လဲတားနေသေးတာ...
သူနောက်ပြီးထားခဲ့မှာစိုးနေတဲ့သဘော။
'ရွှေရုပ်ဝင်လာရင်ဘယ်လိုလုပ်မလဲ'
'မင်းရှိနေတာပဲ..
ဘာဖြစ်လဲ....
အော်ပြောလိုက်ပေါ့...'
'အင်း...ချိုးပါ ...ငါစောင့်နေမယ်..ဝင်တော့...'
'စည်း....မင်း..ထွက်တော့မသွားနဲ့နော်..တကယ်ပြောနေတာ...ငါကြောက်တယ်...'
ပင်လယ်က စိုးရိမ်စိတ်မကင်းဘဲထပ်ပြောလိုက်သေးတော့...
စည်းမရယ်မိတော့ဘူး။
ဒီကောင်တကယ်ကိုကြောက်နေတာပဲလို့သဘောပေါက်လိုက်သည်။
'အွန်း..
ထွက်မသွားပါဘူး...
မင်း မြန်မြန်တော့ချိုး..'
'အိုကေ...'
စိတ်အေးလက်အေးနဲ့ရေချိုးခန်းတံခါးလေးဟပြီးရေချိုးဖို့ပြင်နေတာ...
ပင်လယ်က တကယ်ကိုကလေးလေးအတိုင်းပါ။
ထိုအချိန်မှာ ရွှေရုပ်ကလည်းတကယ်ဝင်လာခဲ့ကာ ရေချိုးခန်းဘက်ဆီလာဖို့ပြင်နေတာမို့...
စည်းကတားသည်။
"ရွှေရုပ်...နင်ဝင်မလာနဲ့..."
စည်းကတားတော့မှ တဝက်လောက်ဟနေတဲ့ရေချိုးခန်းတံခါးကိုမြင်သည်။
ရေသံတချို့ကြားနေရပြီး ဟနေတဲ့ရေချိုးခန်းတံခါးကြားမှမီးရောင်ဖြာထွက်နေတာကိုမြင်ပေမယ့်...
ရွှေရုပ်ကမယုံသင်္ကာ။
'ကိုစည်း...ဘာရပ်လုပ်နေတာလဲ...ရေချိုးမှာရှိချိုးလေ'
'အာ...အင်း...ရွှေရုပ်...နင်ဆက်မဝင်လာနဲ့...ပင်လယ်ရေချိုးနေတာ'
'ဟင်...ကိုပင်လယ်ကရေချိုးတာဘာလို့တံခါးကိုဖွင့်ထားတာလဲ၊ အပြင်မှာရေတွေစိုကုန်တော့မှာပဲ'
မိန်းကလေးပီပီလျှာကရှည်လိုက်ရမှကျေနပ်တဲ့ရွှေရုပ်ကချက်ချင်းထွက်မသွားခဲ့ဘဲ...ရစ်နေသေးတာ။
'ဟို...သူအမှောင်ကြောက်တတ်လို့တဲ့..
အဲဒါ ငါ့ကို စောင့်နေပေးဆိုလို့'
စည်းရဲ့အဖြေကိုကြားတော့ရွှေရုပ်ကပြုံးစိစိဖြစ်သွား၏။
ဆင်စားမကုန်၊ မြင်းစားမကုန်တဲ့လူကြီးက...
ကြောက်တတ်တယ်တဲ့လား။
ဟိဟိ...ကိုပင်လယ်ကကြောက်တတ်တယ်တဲ့လား...
တမင်တကာခြောက်ထားခဲ့ဦးမှ...
'ဟိဟိ...ကိုကြီးပင်လယ်....ရေဆင်းပေါက်ကနေခြေကိုလာဆွဲမှာနော်...လက်အေးအေးနဲ့...ဆံပင်ဖားလျား...ဘူး...ထွား...ထွား....'
ရေချိုးခန်းဆီဝင်မလာပေမယ့် ရွှေရုပ်ကအကျယ်ကြီးအော်ပြီးစ,တော့...
ရေချိုးခန်းထဲကပင်လယ်ကဒါကိုကြားသွားခဲ့ပြီး...
ရွှေရုပ်စကားတောင်မဆုံးသေးခင်...
အပြင်ကို...ဝုန်းခနဲထွက်ပြေးလာခဲ့၏။
ဆံပင်တစ်ခေါင်းလုံးဆပ်ပြာမြှုပ်တွေအများကြီးနဲ့စည်းရှေ့ကိုပြေးထွက်လာတာ.....ပုံစံကတကယ့်ကိုအူယားဖားယား။
ဟိုကလေးမလေးကရှိနေသေးတာမို့ စည်းကလှမ်းတားရတော့သည်။
'ဟာ့...ဟေ့ကောင်...နေပင်လယ်'
'အား........ကိုပင်လယ်.....ဘာလုပ်တာလဲ...'
အဝတ်မပါတဲ့ပင်လယ့်ကိုမြင်မှ
ရွှေရုပ်ငယ်သံပါအောင်အော်ကာလှည့်ပြေးရတော့သည်။
တော်သေးသည်ကအောက်ပိုင်းကဘောင်းဘီတိုကိုချွတ်မထားသေးလို့...။
တကိုယ်လုံးဆပ်ပြာမြှုပ်တွေနဲ့ တုန်ရီနေတဲ့ပင်လယ့်ကိုကြည့်ကာ...စည်း ခေါင်းကိုသာယမ်း၏။
'မင်း....နည်းနည်းတော့အိန္ဒြေဆည်လေကွာ...ဘာမှမဟုတ်တာကို...'
'ကြောက်တတ်တယ်လို့ပြောပြီးပြီလေ...ငါတကယ်မရပါဘူးဆို..မင်းပြန်သွားပြီးကတည်းကညညဆိုအပေါ်တထပ်လုံးမီးတွေဖွင့်အိပ်ရလို့...ခေါင်မိုးထပ်မှာငါတယောက်ထဲ၊ တကယ်ကြောက်တာပါဆို၊
အခုရွှေရုပ်လာခြောက်သွားတာကြီးကငါဘယ်နေနိုင်မလဲ"
စည်းကိုပြန်ပြောနေရင်းနဲ့...
ပင်လယ့်ခေါင်းပေါ်ကဆပ်ပြာမြှုပ်တွေကတဖြည်းဖြည်းနဲ့အရည်ပျော်ပြီးစီးကျလာကာမျက်လုံးထဲဝင်ကုန်တော့၏။
ဆပ်ပြာရည်တွေကြောင့်စပ်လူးသွားတဲ့မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်လုပ်မိတော့ ဆပ်ပြာရည်တွေကမျက်လုံးအိမ်တခုလုံးဆီမှာပျံ့နှံ့ကုန်ကာပိုဆိုးသွားခဲ့၏။
...'အား...မျက်စိစပ်ပြီ...အားလာ့...ကယ်ကြပါ...."
စပ်သွားတဲ့မျက်လုံးကိုစုံမှိတ်ထားကာပင်လယ်ကခုန်ဆွဆွနဲ့
မျက်စိကမမြင်ရတော့လို့ ရေချိုးခန်းထဲပြန်ဝင်သွားဖို့လဲမဖြစ်နိုင်ဘဲ အော်ဟစ်နေခဲ့၏။
"ပြန်ဝင်ပြီး...ရေဆေးချလိုက်တော့မြန်မြန်"
စည်းကသူ့ကိုရေချိုးခန်းထဲပြန်တွန်းလွတ်ပေမယ့်...
လက်မောင်းကိုဖက်ထားတဲ့ပင်လယ့်လက်တွေကမလွတ်ဘဲ...ပိုတိုးကျပ်လာခဲ့သည်။
'စည်း...ငါမမြင်ရတော့လို့၊ စပ်တယ်၊ စပ်တယ် လုပ်ပါဦး"
အော်ဟစ်နေတဲ့ထိုကောင်လေးကိုသနားပေမယ့်
စိတ်တိုတိုနဲ့ပဲ ရေချိုးခန်းထဲပို့ရပြန်သည်။
ကလေးပိစိလည်းမဟုတ်ဘဲ ရေချိုးတာကိုရပ်လဲစောင့်ပေးရသေး၊
အခုတော့ ရေပါချိုးပေးရမယ့်ကိန်းဆိုက်နေပြီ။
'ကျစ်...မင်း...ကလေးလဲမဟုတ်ဘူး၊ လာခဲ့၊ ခြေထောက်ကိုဂရုစိုက်ပြီးလှမ်း'
လက်တစ်ဖက်ကပင်လယ့်ကိုဆွဲထားပြီးတစ်ဖက်မှာတော့ဖယောင်းတိုင်ကိုင်ထားလျက်ရေချိုးခန်းထဲပို့ရသည်။
ရေပန်းအောက်ရောက်တော့ ပင်လယ့်မျက်စိစပ်နေတာကိုရေဆေးပေးချင်ဇောနဲ့ အပေါ်ကိုမော့မကြည့်ဘဲ ရေပိုက်ခေါင်းကိုဖွင့်ချမှမှားသွားခဲ့မှန်းသိရ၏။
စည်းရှိရာဘက်ကိုလှည့်ထားသည့်ရေပိုက်ခေါင်းလေးကြောင့် ရေကပင်လယ့်ခေါင်းပေါ်ကိုမကျဘဲစည်းရဲ့တကိုယ်လုံးစိုလို့ရွှဲသွားလေသည်။
ရေချိုးပြီးလဲဝတ်မယ့်အဝတ်ရော၊ တဘက်ပိုင်းပါစိုကုန်တော့ စည်း...စိတ်တိုပြီလေ။
'ရှီး.....'
ဒါပေမယ့် ဂရုမစိုက်အားဘဲ မျက်စိစပ်နေတဲ့ပင်လယ့်ဘက်ကိုအမြန်ရေပိုက်ခေါင်းလှည့်ပေးရသည်။
မျက်လုံးမှိတ်ထားပေမယ့် အသံကြားနေရတော့ ပင်လယ်က စည်းမှာရေစိုကုန်ပြီဆိုတာကိုတပ်အပ်သိလိုက်၏။
'စည်း...မင်းရေစိုကုန်တာလား'
'အင်း....ရေပိုက်ခေါင်းလှည့်ရာကိုအရင်မကြည့်မိဘဲဖွင့်မိသွားလို့'
ပြောနေရင်းနဲ့ဆံပင်ကနေအောက်ပိုင်းအထိစိုကုန်တဲ့ကိုယ့်ဘာသာဂရုမစိုက်နိုင်တော့ဘဲ...
ရေပိုက်ခေါင်းကိုမျက်လုံးစပ်နေတဲ့ပင်လယ့်ကိုပဲသေချာရေဆေးပေးဖြစ်သည်။
'ရပြီလား...မျက်လုံးကိုရေသေချာဆေးချ၊
နည်းနည်းလေးဖွင့်ကြည့်ပြီးဆေး...'
ဆံပင်တွေကြားကဆပ်ပြာမြှုပ်တွေလည်းစင်ကုန်ပြီး
မျက်လုံးကခဏလေးနဲ့ကြည်လင်လာပေမယ့်...
ပင်လယ်က စည်းကိုလှမ်းဆွဲထားဆဲဖြစ်သည်။
'အင်း....စည်း...မင်း...ထွက်မသွားနဲ့တော့'
စိုနေပြီမို့လို့လှည့်ထွက်ရမလားဆက်နေရမလား...စဉ်းစားနေတုန်း...ပင်လယ်ကထွက်မသွားဖို့တားလေသည်။
သူ...ဘယ်လိုလုပ်ရမလဲ..၊
ယောကျာ်းလေးအချင်းချင်းဆိုသော်လည်းရေတူတူချိုးဖို့တော့...ခက်ပါ၏။
သူ့ကိုဆွဲထားတဲ့ပင်လယ်ကတော့ ဒါကိုစိတ်ထဲရှိဟန်မတူဘဲ၊
သူရှိနေတော့ အေးဆေးသက်သာဖြစ်နေပုံရသည်။
ဆပ်ပြာတွေစင်အောင်ရေဆေးချနေတဲ့ ပင်လယ်က
ဖယောင်းတိုင်မီးရောင်မှိန်မှိန်အောက်မှာလက်မောင်းကြွက်သားတွေဖုထစ်လို့...။
အဆီနည်းပြီးကြွရွနေတဲ့ဝမ်းဗိုက်ကြွက်သားတွေကလည်း ပေါင်မုန့်တုံးတွေနှယ်။
စည်းကနေပင်လယ့်ကိုခဏလေးငေးမိနေတုန်းမှာ၊
ဆပ်ပြာမြှုပ်စင်သွား၍မျက်လုံးဖွင့်နိုင်သွားသည့်ပင်လယ်သူ့ဘက်လှည့်လာကာ သူတို့နှစ်ယောက်မျက်လုံးချင်းဆိုင်သွားတော့...
ရုတ်တရက်ဆောင့်ခုန်လာသည့်ရင်ဘတ်သည်အမျိုးအမည်မသိသောခံစားမှုများနဲ့...
မဖြစ်ချေဘူး...ယောကျာ်းလေးလည်း ရေအတူတူချိုးဖို့မဖြစ်နိုင်ဘူး...။
'ငါ...ဟို...မင်းချိုးပြီးမှပဲ'
'ငါပြီးရင် မင်းရေချိုးမှာပဲကို..
အခုလဲစိုသွားပြီဥစ္စာ...
တခါထဲချိုးလိုက်...ငါလဲတယောက်ထဲဆိုပြီးမကြောက်ရတော့ဘူး'
ပြောချင်ရာပြောနေတဲ့ပင်လယ်ကပုံမှန်ပဲဖြစ်နေပြီး သူကပဲပုံမမှန်ချင်တာကို စည်း...စိတ်အနှောင့်ယှက်ဖြစ်ရလေသည်။
အမြဲလိုလိုဆုံးဖြတ်ချက်ကိုသူ့သဘောအတိုင်းချတတ်သောပင်လယ့်အကျင့်အတိုင်း သူနာခံနေမိတာ...
ရုတ်တရက်ဆေးမိသွားတဲ့လူလိုမျိုး...။
ဘာကိစ္စနဲ့ ငါကစိတ်လှုပ်ရှားလွယ်နေရတာလဲ။
.................
ရွှေရုပ်အော်ဟစ်ထွက်ပြေးလာစဉ်...အိမ်ရှေ့စားပွဲမှာထိုင်နေသည့်အဘိုးဖြစ်သူကလှမ်းမေးလေသည်။
'ရွှေရုပ် နင် ဘာဖြစ်တာလဲ...အလန့်တကြားအော်သံက'
ဦးနောင်နောင်မေးပေမယ့်...ရွှေရုပ်ကပြန်မဖြေရဲပါ။
'အနောက်မှာမှောင်နေလို့လား...အားသွင်းထားတဲ့မီးတစ်လုံးယူသွား..နောက်ဖေးမှာသွားထွန်းခဲ့..
ကလေးပိစိလဲမဟုတ်တော့ဘဲ...ကြောက်နေတုန်းပဲ'
'ဟို...ကိုပင်လယ်က.....'
ရွှေရုပ်အဆူခံရမှာစိုး၍ဆက်မပြောတော့ဘဲ
အဘိုးသွားထားခိုင်းသည့်မီးအုပ်ဆောင်းကိုယူလျက်နောက်ဖေးပြန်ဝင်ရလေသည်။
ရေချိုးခန်းရှေ့ရောက်တော့...စည်းကရှိမနေ။
ကိုစည်း..ဘယ်ရောက်သွားတာလဲ..ရေချိုးနေတာများလား၊
ကြောက်တယ်ဆိုပြီးကိုပင်လယ်ကဘယ်ရောက်သွားတာလဲ။
ရေချိုးခန်းထဲမှာနေပင်လယ်လားစည်းလား...?
ဘယ်သူရှိနေမှန်းမသိပေမယ့်...သူမအော်ခေါ်ပြီးမီးလုံးထားခဲ့ဖို့ပြင်သည်။
'ကိုစည်း...ကိုပင်လယ်..ရေ'
'ဟေ'
'အေး'
ရေချိုးခန်းထဲမှပြန်ထူးသံပြိုင်တူထွက်လာတော့...
ရွှေရုပ်လေးကပြူးခနဲ။
'ဟမ်....ရေချိုးခန်းထဲမှာနှစ်ယောက်စလုံးလား...အိုးခိုင်မော့.....'
ဘယ်လိုဖြစ်ပြီးရေတူတူချိုးနေကြတာလဲ၊
အယ်...ဘာတွေလား၊ ရုတ်တရက်ရွှေရုပ်လေးဘာကိုတွေးမိမှန်းမသိဘဲ...ကြက်သီးတွေထ,လာပြီးပြုံးစိစိဖြစ်လို့သွားသည်။
အမလေး...သူတို့ကဘာတွေလား...ငါ...ဒီနေရာကနေအမြန်ခွာမှပါ။
ရွှေရုပ်အသံလေးတောင်မထွက်နိုင်ဘဲအူယားဖားယားထွက်ပြေးရလေသည်။