ေစစားတဲ့စိတ္
စည္းကေရခ်ိဳးၿပီးတာနဲ႔ဝါရန္တာဘက္ထြက္ခဲ့သည္။
ပုစြန္ဆီေရာင္ေတာက္တဲ့ညေနဆည္းဆာကိုေငးၿပီးေအးေအးလူလူထိုင္ခ်ဖို႔ျပင္လိုက္မွ...
ဘာရယ္မဟုတ္ဘဲေရွ႕မွာပံုထားတဲ့ထင္းတံုးေတြဆီမ်က္စိေရာက္မိသည္။
ခါတိုင္းလိုမ်ိဳး တည္းခိုခန္းေရွ႕ကေလဟာျပင္ကရွင္းလင္းမေနဘဲ...
သဲျပင္ဆီမွာအျပင္ဆင္တခ်ိဳ႕ရွိေနတာသတိထားမိသည္။
လူေလးေယာက္ထိုင္စားပြဲကိုႏွစ္လံုးကိုဆက္၍ခင္းခ်ထားကာ မီးဖိုေလးရဲ႕ေဘးမွာ...တုတ္ေခ်ာင္းေတြ၊ ထင္းေတြနဲ႔အကင္ကင္မယ့္ပံုစံေလးမို႔ဒီညေတာ့ခုခုလုပ္မွာေသခ်ာ၏။
ဘာလုပ္မလို႔လဲဟုစူးစမ္းၾကည့္လိုေသာ္လည္းစည္း'ထိုင္ရာမွထမသြားခ်င္။
ေနာက္ၿပီးအဲဒီနားမွာဘယ္သူမွမရွိေတာ့လည္း ဒီတိုင္းပဲၾကည့္ေနဖို႔ၾကံသည္။
ကိုယ္ကဧည့္သည္ပဲမို႔ ဒီမွာဘာလုပ္လုပ္သိပ္ေတာ့မဆိုင္သလိုပဲ။
မစပ္စုေတာ့ဘူးလို႔ေတြးၿပီးၿငိမ္သက္စြာတေယာက္ထဲပင္လယ္ျပင္ဆီေငးေနလိုက္သည္။
ခဏၾကာေတာ့...
ပင္လယ္ကထိုင္ခံုသံုးေလးလံုးကိုဆင့္ၿပီးသယ္လာကာသူ႔ေဘးမွျဖတ္ဆင္းသြားတာေတြ႕ရသည္။
ခုနကစားပြဲရွည္ႀကီးရဲ႕အနားမွာ
ထိုင္ခံုေလးေတြသြားခ်ၿပီးအိမ္ထဲတစ္ေခါက္ျပန္ဝင္လာ၏။
ထို႔ေနာက္တခုခုထည့္ထားပံုရေသာစကၠဴပံုးႀကီးႏွစ္လံုးကိုဆင့္ကာသယ္လာျပန္သည္။
ဘာေတြထည့္ထားမွန္းမသိေပမယ့္ေလးလံတဲ့ပံုပါပဲ။
တအီးအီး...တအင့္အင့္နဲ႔အသံေပါင္းစံုထြက္လာသယ္ထုတ္လာတဲ့ပင္လယ့္မ်က္ႏွာဟာမႏိုင္မနင္းတဲ့ဟန္ေလးနဲ႔ပါ။
လဒေကာင္...တံုးတာ။
အရမ္းေလးေနရင္လည္းတစ္ပံုးခ်င္းသယ္ထုတ္လည္းရတာပဲကို...
မ်က္လံုးေအးေအးေတြနဲ႔စည္းကၾကည့္ေနေပမယ့္၊
သူ႔အေတြးထဲမွာေတာ့မေအးေဆး။
ပင္လယ္ကစကၠဴပံုးေတြကိုသယ္ၿပီးထြက္လာကတည္းကကူေပးလိုက္ရမလားလို႔ေတြးေနခဲ့တာ။
ဒါေပမယ့္...
ကူညီပါလို႔လည္းမေျပာလာေတာ့...
သူအဆင္ေျပေနတယ္လို႔ပဲေတြးလိုက္သည္။
ေနာက္ၿပီးေတာ့...အိမ္ထဲကသယ္ထုတ္လာတာပံုမွန္ျဖစ္ေပမယ့္...
သူ႔ေရွ႕ေရာက္ေတာ့မွအသံဗလံေပါင္းစံုထြက္လာတာမို႔လို႔၊
ငနဲေကာင္တမင္တကာလုပ္ေနတယ္လို႔ထင္သြားမိတာပါ။
ကူညီပါ'လို႔ေျပာမေနေသာ္လည္းမ်က္လံုးအမူအရာကေတာ့...
ကယ္ပါ၊ ကူပါဆိုတဲ့ဒီဇိုင္းနဲ႔။
တခုခုသယ္ၿပီးနံေဘးမွျဖတ္သြားတိုင္း....
'ပူလိုက္တာ'
'ဟင္း'
'သယ္ရေလးတာ'
'ေမာလိုက္တာ'
အဲလိုေလးညည္းသံေပါင္းစံုၾကားရတာေၾကာင့္...
ၿငိမ္သက္ေနတဲ့စည္းလည္းစိတ္ထဲမွာမ႐ိုးမရြျဖစ္လာခဲ့ကာ....
'ပင္လယ္...မင္း...ဘာေျပာခ်င္ေနတာလဲ...ပြင့္ပြင့္လင္းလင္းေျပာကြာ...အကူညီလိုအပ္တာလား'
'ဟင္...ငါအခုအဲလိုပံုေပါက္ေနတာလား..အဆင္ေျပပါတယ္ကြာ...ငါ့အလုပ္ငါလုပ္ေနတာပဲကို..မဟုတ္ဘူးလား..'
တကယ္ဆို....သူ...
စည္းေရွ႕ကေနျဖတ္တိုင္းအမ်ိဳးစံုေအာင္ညည္းမိတာတကယ့္ကိုတမင္တကာပါ။
မနက္ကတည္းကေကာ္ဖီကိစၥကတည္းကစည္းကိုသူသိပ္ၾကည္တာမွမဟုတ္တာ။
'ငါကဧည့္သည္ေလ'ဆိုတဲ့စကားလံုးကိုသူ႔စိတ္ထဲအနည္းငယ္တင္းေနမိကာ...
စည္းကိုဘယ္လိုပညာျပရမလဲလို႔ျကံမိၾကံရာၾကံေနျခင္းပါ။
ေနာက္ၿပီးေတာ့...
သူ႔တေယာက္ထဲလုပ္ေနရတာပ်င္းလာပါၿပီ။
စည္းကနဂိုကတည္းကစကားသိပ္မေျပာတတ္တာနဲ႔၊
အခုဧည့္သည္ျဖစ္သြားေတာ့ပိုဆိုးေနသည္။
ဒါေၾကာင့္တမင္တကာ...သူသတိထားမိေအာင္လုပ္ေနတာပါ။
ပါးစပ္ကသာအကူညီမလိုအပ္ဘူးလို႔ျပန္သာေျပာေနရတာ...
ထိုင္ရမလိုထကူညီရမလိုႏွင့္ကလိကလိျဖစ္ေနသည့္ စည္း' ကိုသူရယ္ခ်င္လြန္းလို႔ေအာင့္ထညးလို႔မႏိုင္ေတာ့တဲ့အထိ။
'မင္းကဧည့္သည္ပဲေလ...ေအးေဆးထိုင္သာထိုင္ေနပါ...ငါကဝန္ထမ္း..လုပ္စရာရွိတာလုပ္ရတာမဆန္းဘူးေလ..ဒါေပမယ့္..မင္းကကူညီခ်င္ေနတာဆိုဝမ္းသာတာေပါ့...
ဒါေပမယ့္လည္း....ဘာမွမလုပ္လဲရတယ္။
ဒီအခင္းပိုင္းေလးပဲသယ္ၿပီးထားေပးေနာ္၊
ဒီတိုင္းစားပြဲေပၚတင္ထားရံုပဲ။
ငါ...ငါးမွ်ားခ်ိတ္ဝင္ယူအံုးမယ္"
ေနာက္ဆံုးသယ္လာတဲ့စားပြဲခင္းပိုင္းကိုစည္းရဲ႕လက္ထဲထည့္ေပးၿပီးဒီဘက္လွည့္သည္ႏွင့္'ခြိ'ကနဲသြားၿဖဲကာပင္လယ္သည္ခပ္တိုးတိုးရယ္ေလသည္။
ဒါကိုစည္းလည္းၾကားျဖစ္ေအာင္ၾကားလိုက္ေတာ့...
တမင္လုပ္တာမွန္းပိုေသခ်ာသြားသည္။
'ေခြးဝဲစားေလး... ဒီတိုင္းကူညီပါလို႔ေျပာလိုက္ရင္ဘာျဖစ္မွာမို႔လဲ'
ေက်ာခိုင္းသြားတဲ့ပင္လယ့္ကိုစည္းမ်က္ေစာင္းလွမ္းတြတ္ေလသည္။
တကယ္က ထိုင္ခံုေတြသယ္မထုတ္ခင္ ထင္းတံုးေတြသြားထားၿပီးကတည္းကေရခ်ိဳးၿပီးထြက္လာတဲ့စည္း'ကိုသူျမင္ထားတာပါ။
ေရွ႕ဝါရန္တာမွာထြက္ထိုင္မည္ဟုလည္းတြက္ဆထားၿပီးသား။
ေအးေအးလူလူထိုင္ေနတဲ့စည္းကိုသူကလိခ်င္မိလို႔တမင္တကာဒီပစၥည္းေတြကိုေစာေစာသယ္ထုတ္ေနျဖစ္တာ။
ေရႊ႐ုပ္တို႔ျပန္လာမွသယ္ထုတ္ျကမယ္လို႔ေျပာထားေပမယ့္...
စည္းကိုသူစ,ေနာက္ခ်င္လို႔အဲဒီလိုေတြျဖစ္သြားခဲ့သည္။
ဒီညအတြက္ ညေနစာကိုမျပင္ေတာ့ဘဲ အသားကင္ၾကမည္။
တနဂၤေႏြေန႔ဆိုရင္ဒိုင္းမြန္းေဟာက္စ္အေရွ႕မွာဘာဘီက်ဴးပြဲလုပ္ေနက်ျဖစ္သည္။
ဧည့္သည္ျဖစ္ေနသည့္စည္းကိုသူမခိုင္းခ်င္ေပမယ့္တေယာက္ထဲလုပ္ေနရေတာ့ပ်င္းသည္ေလ။
ပင္လယ္ကတကယ္ကိုအေဖာ္မက္တတ္သည္။
စကားေျပာေဖာ္မရွိရင္သူတစ္ေယာက္ထဲေသေတာ့မည့္အတိုင္းတကယ္ေနမတတ္တာ အက်င့္ျဖစ္ေနငည့္အျပင္...
ခပ္တည္တည္ႏွင့္ေနတတ္သည့္စည္း'ကိုလည္း ဘာရယ္မဟုတ္ဘဲ သူခင္မင္ခ်င္ေနမိတာ...
စည္း'ကစကားနည္းလြန္းလို႔မ်ား သူအူယားေနသလားေတာ့မသိေပမယ့္...
စည္း'ကိုဆိုရင္သူကပ္ေစးေစးလုပ္ခ်င္ေနမိတာအေသအခ်ာ။
ဘာလို႔မ်ားမႈန္ကုပ္ကုပ္ေလးေနတတ္တဲ့စည္း'ကိုသူအသည္းယားေနမိသလဲ...
အေၾကာင္းျပခ်က္ကိုမသိေပ။
Unicode
စေစားတဲ့စိတ်
စည်းကရေချိုးပြီးတာနဲ့ဝါရန်တာဘက်ထွက်ခဲ့သည်။
ပုစွန်ဆီရောင်တောက်တဲ့ညနေဆည်းဆာကိုငေးပြီးအေးအေးလူလူထိုင်ချဖို့ပြင်လိုက်မှ...
ဘာရယ်မဟုတ်ဘဲရှေ့မှာပုံထားတဲ့ထင်းတုံးတွေဆီမျက်စိရောက်မိသည်။
ခါတိုင်းလိုမျိုး တည်းခိုခန်းရှေ့ကလေဟာပြင်ကရှင်းလင်းမနေဘဲ...
သဲပြင်ဆီမှာအပြင်ဆင်တချို့ရှိနေတာသတိထားမိသည်။
လူလေးယောက်ထိုင်စားပွဲကိုနှစ်လုံးကိုဆက်၍ခင်းချထားကာ မီးဖိုလေးရဲ့ဘေးမှာ...တုတ်ချောင်းတွေ၊ ထင်းတွေနဲ့အကင်ကင်မယ့်ပုံစံလေးမို့ဒီညတော့ခုခုလုပ်မှာသေချာ၏။
ဘာလုပ်မလို့လဲဟုစူးစမ်းကြည့်လိုသော်လည်းစည်း'ထိုင်ရာမှထမသွားချင်။
နောက်ပြီးအဲဒီနားမှာဘယ်သူမှမရှိတော့လည်း ဒီတိုင်းပဲကြည့်နေဖို့ကြံသည်။
ကိုယ်ကဧည့်သည်ပဲမို့ ဒီမှာဘာလုပ်လုပ်သိပ်တော့မဆိုင်သလိုပဲ။
မစပ်စုတော့ဘူးလို့တွေးပြီးငြိမ်သက်စွာတယောက်ထဲပင်လယ်ပြင်ဆီငေးနေလိုက်သည်။
ခဏကြာတော့...
ပင်လယ်ကထိုင်ခုံသုံးလေးလုံးကိုဆင့်ပြီးသယ်လာကာသူ့ဘေးမှဖြတ်ဆင်းသွားတာတွေ့ရသည်။
ခုနကစားပွဲရှည်ကြီးရဲ့အနားမှာ
ထိုင်ခုံလေးတွေသွားချပြီးအိမ်ထဲတစ်ခေါက်ပြန်ဝင်လာ၏။
ထို့နောက်တခုခုထည့်ထားပုံရသောစက္ကူပုံးကြီးနှစ်လုံးကိုဆင့်ကာသယ်လာပြန်သည်။
ဘာတွေထည့်ထားမှန်းမသိပေမယ့်လေးလံတဲ့ပုံပါပဲ။
တအီးအီး...တအင့်အင့်နဲ့အသံပေါင်းစုံထွက်လာသယ်ထုတ်လာတဲ့ပင်လယ့်မျက်နှာဟာမနိုင်မနင်းတဲ့ဟန်လေးနဲ့ပါ။
လဒကောင်...တုံးတာ။
အရမ်းလေးနေရင်လည်းတစ်ပုံးချင်းသယ်ထုတ်လည်းရတာပဲကို...
မျက်လုံးအေးအေးတွေနဲ့စည်းကကြည့်နေပေမယ့်၊
သူ့အတွေးထဲမှာတော့မအေးဆေး။
ပင်လယ်ကစက္ကူပုံးတွေကိုသယ်ပြီးထွက်လာကတည်းကကူပေးလိုက်ရမလားလို့တွေးနေခဲ့တာ။
ဒါပေမယ့်...
ကူညီပါလို့လည်းမပြောလာတော့...
သူအဆင်ပြေနေတယ်လို့ပဲတွေးလိုက်သည်။
နောက်ပြီးတော့...အိမ်ထဲကသယ်ထုတ်လာတာပုံမှန်ဖြစ်ပေမယ့်...
သူ့ရှေ့ရောက်တော့မှအသံဗလံပေါင်းစုံထွက်လာတာမို့လို့၊
ငနဲကောင်တမင်တကာလုပ်နေတယ်လို့ထင်သွားမိတာပါ။
ကူညီပါ'လို့ပြောမနေသော်လည်းမျက်လုံးအမူအရာကတော့...
ကယ်ပါ၊ ကူပါဆိုတဲ့ဒီဇိုင်းနဲ့။
တခုခုသယ်ပြီးနံဘေးမှဖြတ်သွားတိုင်း....
'ပူလိုက်တာ'
'ဟင်း'
'သယ်ရလေးတာ'
'မောလိုက်တာ'
အဲလိုလေးညည်းသံပေါင်းစုံကြားရတာကြောင့်...
ငြိမ်သက်နေတဲ့စည်းလည်းစိတ်ထဲမှာမရိုးမရွဖြစ်လာခဲ့ကာ....
'ပင်လယ်...မင်း...ဘာပြောချင်နေတာလဲ...ပွင့်ပွင့်လင်းလင်းပြောကွာ...အကူညီလိုအပ်တာလား'
'ဟင်...ငါအခုအဲလိုပုံပေါက်နေတာလား..အဆင်ပြေပါတယ်ကွာ...ငါ့အလုပ်ငါလုပ်နေတာပဲကို..မဟုတ်ဘူးလား..'
တကယ်ဆို....သူ...
စည်းရှေ့ကနေဖြတ်တိုင်းအမျိုးစုံအောင်ညည်းမိတာတကယ့်ကိုတမင်တကာပါ။
မနက်ကတည်းကကော်ဖီကိစ္စကတည်းကစည်းကိုသူသိပ်ကြည်တာမှမဟုတ်တာ။
'ငါကဧည့်သည်လေ'ဆိုတဲ့စကားလုံးကိုသူ့စိတ်ထဲအနည်းငယ်တင်းနေမိကာ...
စည်းကိုဘယ်လိုပညာပြရမလဲလို့ကြံမိကြံရာကြံနေခြင်းပါ။
နောက်ပြီးတော့...
သူ့တယောက်ထဲလုပ်နေရတာပျင်းလာပါပြီ။
စည်းကနဂိုကတည်းကစကားသိပ်မပြောတတ်တာနဲ့၊
အခုဧည့်သည်ဖြစ်သွားတော့ပိုဆိုးနေသည်။
ဒါကြောင့်တမင်တကာ...သူသတိထားမိအောင်လုပ်နေတာပါ။
ပါးစပ်ကသာအကူညီမလိုအပ်ဘူးလို့ပြန်သာပြောနေရတာ...
ထိုင်ရမလိုထကူညီရမလိုနှင့်ကလိကလိဖြစ်နေသည့် စည်း' ကိုသူရယ်ချင်လွန်းလို့အောင့်ထညးလို့မနိုင်တော့တဲ့အထိ။
'မင်းကဧည့်သည်ပဲလေ...အေးဆေးထိုင်သာထိုင်နေပါ...ငါကဝန်ထမ်း..လုပ်စရာရှိတာလုပ်ရတာမဆန်းဘူးလေ..ဒါပေမယ့်..မင်းကကူညီချင်နေတာဆိုဝမ်းသာတာပေါ့...
ဒါပေမယ့်လည်း....ဘာမှမလုပ်လဲရတယ်။
ဒီအခင်းပိုင်းလေးပဲသယ်ပြီးထားပေးနော်၊
ဒီတိုင်းစားပွဲပေါ်တင်ထားရုံပဲ။
ငါ...ငါးမျှားချိတ်ဝင်ယူအုံးမယ်"
နောက်ဆုံးသယ်လာတဲ့စားပွဲခင်းပိုင်းကိုစည်းရဲ့လက်ထဲထည့်ပေးပြီးဒီဘက်လှည့်သည်နှင့်'ခွိ'ကနဲသွားဖြဲကာပင်လယ်သည်ခပ်တိုးတိုးရယ်လေသည်။
ဒါကိုစည်းလည်းကြားဖြစ်အောင်ကြားလိုက်တော့...
တမင်လုပ်တာမှန်းပိုသေချာသွားသည်။
'ခွေးဝဲစားလေး... ဒီတိုင်းကူညီပါလို့ပြောလိုက်ရင်ဘာဖြစ်မှာမို့လဲ'
ကျောခိုင်းသွားတဲ့ပင်လယ့်ကိုစည်းမျက်စောင်းလှမ်းတွတ်လေသည်။
တကယ်က ထိုင်ခုံတွေသယ်မထုတ်ခင် ထင်းတုံးတွေသွားထားပြီးကတည်းကရေချိုးပြီးထွက်လာတဲ့စည်း'ကိုသူမြင်ထားတာပါ။
ရှေ့ဝါရန်တာမှာထွက်ထိုင်မည်ဟုလည်းတွက်ဆထားပြီးသား။
အေးအေးလူလူထိုင်နေတဲ့စည်းကိုသူကလိချင်မိလို့တမင်တကာဒီပစ္စည်းတွေကိုစောစောသယ်ထုတ်နေဖြစ်တာ။
ရွှေရုပ်တို့ပြန်လာမှသယ်ထုတ်ကြမယ်လို့ပြောထားပေမယ့်...
စည်းကိုသူစ,နောက်ချင်လို့အဲဒီလိုတွေဖြစ်သွားခဲ့သည်။
ဒီညအတွက် ညနေစာကိုမပြင်တော့ဘဲ အသားကင်ကြမည်။
တနင်္ဂနွေနေ့ဆိုရင်ဒိုင်းမွန်းဟောက်စ်အရှေ့မှာဘာဘီကျူးပွဲလုပ်နေကျဖြစ်သည်။
ဧည့်သည်ဖြစ်နေသည့်စည်းကိုသူမခိုင်းချင်ပေမယ့်တယောက်ထဲလုပ်နေရတော့ပျင်းသည်လေ။
ပင်လယ်ကတကယ်ကိုအဖော်မက်တတ်သည်။
စကားပြောဖော်မရှိရင်သူတစ်ယောက်ထဲသေတော့မည့်အတိုင်းတကယ်နေမတတ်တာ အကျင့်ဖြစ်နေငည့်အပြင်...
ခပ်တည်တည်နှင့်နေတတ်သည့်စည်း'ကိုလည်း ဘာရယ်မဟုတ်ဘဲ သူခင်မင်ချင်နေမိတာ...
စည်း'ကစကားနည်းလွန်းလို့များ သူအူယားနေသလားတော့မသိပေမယ့်...
စည်း'ကိုဆိုရင်သူကပ်စေးစေးလုပ်ချင်နေမိတာအသေအချာ။
ဘာလို့များမှုန်ကုပ်ကုပ်လေးနေတတ်တဲ့စည်း'ကိုသူအသည်းယားနေမိသလဲ...
အကြောင်းပြချက်ကိုမသိပေ။