ေကာ္ဖီတစ္ခြက္
စည္းက...စာအုပ္ကိုပဲလွန္ေနၿပီးမ်က္ႏွာကိုေမာ္မၾကည့္ဘဲပင္လယ္ဘက္သို႔ေခါင္းကိုေစာင္းရံုေစာင္းၿပီးလွမ္းမွာသည္။
'ဟိုေကာင္ ငါ့ကိုေကာ္ဖီတခြက္ေလာက္'
စည္းရဲ႕အသံကိုပင္လယ္ကမၾကားခ်င္ေယာင္ေဆာင္ကာအင္းမလုပ္အဲမလုပ္။
ဒါကိုလည္း စည္းကသိပါသည္။
'ဧည့္သည္ကေျပာေနတာက္ိုဝန္ထမ္းကလုပ္ေပးရမွာမဟုတ္ဘူးလား..မင္းဘယ္လ္ိုဝန္ထမ္းလဲကြာ'
စည္းဆီကေဟာက္သံေလးထြက္လာေတာ့မွေျခဦးကိုလွည့္ၿပီးမီးဖိုေခ်ာင္ဘက္သို႔ဝင္သည္။
'အင္း..ခဏ..ယူေပးမယ္'
ပင္လယ္စားဖိုခန္းထဲဝင္သြားၿပီးခဏျပန္ထြက္လာေတာ့ေကာ္ဖီအေအးတစ္ခြက္ကိုင္ကာစည္းေရွ႕ျပန္ေရာကလာသည္။
မ်က္စိေရွ႕မွာေရခဲတံုးေတြေပၚေလာေမွ်ာေနတဲ့ေကာ္ဖီခြက္ကိုစည္းကတခ်က္ၾကည့္ၿပီးမ်က္ႏွာထားကမၾကည္ခ်င္။
'မင္းကိုေကာ္ဖီအေအးလို႔မွငါမေျပာလိုက္တာကြာ..ငါကအပူမွေသာက္တာ..
ေနာက္တခြက္ျပန္ေဖ်ာ္ခဲ့ေပး'
'ဟင္...'
ေရွ႕ကခြက္ကိုတြန္းထုတ္ပစ္ရင္းေျပာလာခဲ့တဲ့စည္းကိုပင္လယ္ကျပန္ၿပီးျပဴးၾကည့္ေတာ့၏။
'မဟင္နဲ႔...မေသာက္ဘူး၊ အပူပဲ'
ေျပာၿပီးတာနဲ႔တဖက္လြဲသြားတဲ့စည္းရဲ႕မ်က္ႏွာဟာခပ္တည္တည္ေလး။
ပင္လယ္ကသူ႔ကိုၾကည့္ၿပီးမေက်နပ္ဘဲႏွာေခါင္းကိုရံႈ႕သည္။
'ဟာ့....အေအးလဲေကာ္ဖီအပူလဲေကာ္ဖီပဲေလ..ဒါပဲေသာက္'
'မရဘူး...အပူပဲ"
'ဟာ...ရာသီဥတုကပူတဲ့အခ်ိန္မွာေရခဲထည့္ေဖ်ာ္ထားတဲ့ေကာ္ဖီေအးကအေကာင္းဆံုးပဲ..အပူေသာက္ရင္ေခြ်းထြက္တယ္...အေအးပဲေသာက္...အစားအေသာက္ကိုရာသီဥတုေပၚမူတည္ၿပီးေျပာင္းသင့္တာေျပာင္းေပးရတယ္'
'ပင္လယ္....မင္းလွ်ာရွည္လွခ်ည္လား...ငါကဧည့္သည္...ငါ..ဒါပဲဆိုရင္..ဒါနဲ႔ပဲေတာ္လိုက္ေလ...အပူဆိုရင္အပူယူလာခဲ့ေပါ့..သြား...ျပန္ေဖ်ာ္ခဲ့'
ခပ္တည္တည္နဲ႔ေဟာက္တဲ့စည္းရဲ႕စကားအဆံုးမွာ..
ဟားခနဲအသံၾကားလိုက္ရၿပီးပင္လယ္ေပ်ာက္သြားသည္။
ခဏၾကာေတာ့ေကာ္ဖီအပူတခြက္နဲ႔...အတူျပန္ေရာက္လာခဲ့၏။
အေငြ႕တေထာင္းေထာင္းထေနတဲ့ေကာ္ဖီခြက္ကိုျမင္မွစည္းကျပံဳးေတာ့သည္။
'ေက်းဇူး'
တိမ္ကင္းစင္သြားတဲ့စည္းရဲ႕မ်က္ႏွာဟာၾကည္လင္သြားတာဟာေခတၱမွ်သာ။
ေရွ႕ကေကာ္ဖီကိုတငံုမွ်ယူေသာက္လိုက္ၿပီးခဏစည္းရဲ႕မ်က္ႏွာဟာမဲ့က်လို႔သြားခဲ့တာ...
ခ်ိဳလြန္းေနတဲ့ေကာ္ဖီေၾကာင့္ပါ။
'ခ်ိဳလိုက္တာ...
ေကာ္ဖီထဲသျကားဗူးေမွာက္က်လာတာလား...ဖီး.....မင္းဘာသာေသာက္ၾကည့္အံုး'
ခြက္ကိုစားပြဲေပၚေဆာင့္ခ်လို႔ပင္လယ့္ကိုမာန္မဲေလေတာ့သည္။
'မဟုတ္တာ...ငါသျကားနဲနဲပဲထည့္ထားတာပါ'
'အရမ္းခ်ိဳပါတယ္ဆို၊ မင္းမျမည္းၾကည့္ခဲ့ဘူးလား
ငါေျပာတာမွန္မမွန္ေသာက္ျကည့္လိုက္စမ္းပါ'
ေသာက္ဆိုေတာ့လည္းပင္လယ္ကခ်က္ခ်င္းယူေသာက္ၾကည့္လိုက္ပါတယ္။
သၾကားလဲအမ်ားႀကီးထည့္မိလိုက္တာလဲမဟုတ္ေတာ့ သိပ္လဲခ်ိဳမေနပါဘူး။
'ဟင္....ပံုမွန္ပါပဲ...မခ်ိဳပါဘူး..'
ပင္လယ္ကဇေဝဇဝါျဖစ္လို႔ေနာက္ထပ္တငံုေသာက္ၾကည့္ၿပီးေအာက္နႈတ္ခမ္းကိုဖိကိုက္ကာလွ်ာျဖင့္သပ္လိုက္ရင္း...
'စည္း...မင္းပါးစပ္ပ်က္ေနတာလား...အရမ္းႀကီးမခ်ိဳပါဘူးကြာ..ျပန္ျမည္းၾကည့္ပါအံုး'
'မသိဘူး..အခ်ိဳမ်ားတယ္...သၾကားမထည့္ဘဲႏို႔နည္းနည္းနဲ႔ျပန္ေဖ်ာ္ခဲ့ေပး'
ဘာ...ထပ္ေဖ်ာ္ေပးတဲ့.....
စည္းကအတည္ေပါက္ႀကီးျဖစ္ေနတဲ့မ်က္ႏွာမို႔ပင္လယ္စိတ္ေလသြားသည္။
ဒါနဲ႔ပါဆိုသူေသာက္ေနတာသံုးခြက္ေျမႇာက္ျဖစ္ေတာ့မည္။
အဲဒါေၾကာင့္ အရဲစြန္႔ၿပီးပင္လယ္ကေစာဒကတက္လိုက္မိသည္။
'ဟင္...ငါ...ထပ္...ထပ္ေဖ်ာ္ရမွာလား..မင္းမလြန္ဘူးလားကြာ...ဒါခ်ိဳမွမခ်ိဳတာကို'
'မေဖ်ာ္ေပးဘူးလား...အလုပ္ကိုမလုပ္ခ်င္တာလား'
ေငါ့ေတာ့ေတာ့စည္းရဲ႕စကားကိုျပန္မေျဖေတာ့ဘဲမ်က္ႏွာႀကီးရွစ္ေခါက္ခ်ိဳးကာေနပင္လယ္ဘာမွအသံမထြက္ႏိုင္ေတာ့ဘဲ...
မီးဖိုခန္းထဲသို႔ေနာက္တေခါက္ထပ္ဝင္ရျပန္ေလသည္။
'အား...တကယ္ကိုပဲ...
သည္းခံၿပီးေသာက္လိုက္လဲရတာကို...
ဇီဇာကိုေၾကာင္တယ္...'
ပြစိပြစိေရရြတ္ရင္းေကာ္ဖီေဖ်ာ္ေနတဲ့ပင္လယ့္မ်က္ႏွာသည္ မႈန္ကုပ္ေနလ်က္။
စည္းဆိုသည့္သူသည္ထိုကဲ့သို႔ဇီဇာေၾကာင္ေလသည္။
Unicode
ကော်ဖီတစ်ခွက်
စည်းက...စာအုပ်ကိုပဲလှန်နေပြီးမျက်နှာကိုမော်မကြည့်ဘဲပင်လယ်ဘက်သို့ခေါင်းကိုစောင်းရုံစောင်းပြီးလှမ်းမှာသည်။
'ဟိုကောင် ငါ့ကိုကော်ဖီတခွက်လောက်'
စည်းရဲ့အသံကိုပင်လယ်ကမကြားချင်ယောင်ဆောင်ကာအင်းမလုပ်အဲမလုပ်။
ဒါကိုလည်း စည်းကသိပါသည်။
'ဧည့်သည်ကပြောနေတာက်ိုဝန်ထမ်းကလုပ်ပေးရမှာမဟုတ်ဘူးလား..မင်းဘယ်လ်ိုဝန်ထမ်းလဲကွာ'
စည်းဆီကဟောက်သံလေးထွက်လာတော့မှခြေဦးကိုလှည့်ပြီးမီးဖိုချောင်ဘက်သို့ဝင်သည်။
'အင်း..ခဏ..ယူပေးမယ်'
ပင်လယ်စားဖိုခန်းထဲဝင်သွားပြီးခဏပြန်ထွက်လာတော့ကော်ဖီအအေးတစ်ခွက်ကိုင်ကာစည်းရှေ့ပြန်ရောကလာသည်။
မျက်စိရှေ့မှာရေခဲတုံးတွေပေါ်လောမျှောနေတဲ့ကော်ဖီခွက်ကိုစည်းကတချက်ကြည့်ပြီးမျက်နှာထားကမကြည်ချင်။
'မင်းကိုကော်ဖီအအေးလို့မှငါမပြောလိုက်တာကွာ..ငါကအပူမှသောက်တာ..
နောက်တခွက်ပြန်ဖျော်ခဲ့ပေး'
'ဟင်...'
ရှေ့ကခွက်ကိုတွန်းထုတ်ပစ်ရင်းပြောလာခဲ့တဲ့စည်းကိုပင်လယ်ကပြန်ပြီးပြူးကြည့်တော့၏။
'မဟင်နဲ့...မသောက်ဘူး၊ အပူပဲ'
ပြောပြီးတာနဲ့တဖက်လွဲသွားတဲ့စည်းရဲ့မျက်နှာဟာခပ်တည်တည်လေး။
ပင်လယ်ကသူ့ကိုကြည့်ပြီးမကျေနပ်ဘဲနှာခေါင်းကိုရှုံ့သည်။
'ဟာ့....အအေးလဲကော်ဖီအပူလဲကော်ဖီပဲလေ..ဒါပဲသောက်'
'မရဘူး...အပူပဲ"
'ဟာ...ရာသီဥတုကပူတဲ့အချိန်မှာရေခဲထည့်ဖျော်ထားတဲ့ကော်ဖီအေးကအကောင်းဆုံးပဲ..အပူသောက်ရင်ချွေးထွက်တယ်...အအေးပဲသောက်...အစားအသောက်ကိုရာသီဥတုပေါ်မူတည်ပြီးပြောင်းသင့်တာပြောင်းပေးရတယ်'
'ပင်လယ်....မင်းလျှာရှည်လှချည်လား...ငါကဧည့်သည်...ငါ..ဒါပဲဆိုရင်..ဒါနဲ့ပဲတော်လိုက်လေ...အပူဆိုရင်အပူယူလာခဲ့ပေါ့..သွား...ပြန်ဖျော်ခဲ့'
ခပ်တည်တည်နဲ့ဟောက်တဲ့စည်းရဲ့စကားအဆုံးမှာ..
ဟားခနဲအသံကြားလိုက်ရပြီးပင်လယ်ပျောက်သွားသည်။
ခဏကြာတော့ကော်ဖီအပူတခွက်နဲ့...အတူပြန်ရောက်လာခဲ့၏။
အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်ကိုမြင်မှစည်းကပြုံးတော့သည်။
'ကျေးဇူး'
တိမ်ကင်းစင်သွားတဲ့စည်းရဲ့မျက်နှာဟာကြည်လင်သွားတာဟာခေတ္တမျှသာ။
ရှေ့ကကော်ဖီကိုတငုံမျှယူသောက်လိုက်ပြီးခဏစည်းရဲ့မျက်နှာဟာမဲ့ကျလို့သွားခဲ့တာ...
ချိုလွန်းနေတဲ့ကော်ဖီကြောင့်ပါ။
'ချိုလိုက်တာ...
ကော်ဖီထဲသကြားဗူးမှောက်ကျလာတာလား...ဖီး.....မင်းဘာသာသောက်ကြည့်အုံး'
ခွက်ကိုစားပွဲပေါ်ဆောင့်ချလို့ပင်လယ့်ကိုမာန်မဲလေတော့သည်။
'မဟုတ်တာ...ငါသကြားနဲနဲပဲထည့်ထားတာပါ'
'အရမ်းချိုပါတယ်ဆို၊ မင်းမမြည်းကြည့်ခဲ့ဘူးလား
ငါပြောတာမှန်မမှန်သောက်ကြည့်လိုက်စမ်းပါ'
သောက်ဆိုတော့လည်းပင်လယ်ကချက်ချင်းယူသောက်ကြည့်လိုက်ပါတယ်။
သကြားလဲအများကြီးထည့်မိလိုက်တာလဲမဟုတ်တော့ သိပ်လဲချိုမနေပါဘူး။
'ဟင်....ပုံမှန်ပါပဲ...မချိုပါဘူး..'
ပင်လယ်ကဇဝေဇဝါဖြစ်လို့နောက်ထပ်တငုံသောက်ကြည့်ပြီးအောက်နှုတ်ခမ်းကိုဖိကိုက်ကာလျှာဖြင့်သပ်လိုက်ရင်း...
'စည်း...မင်းပါးစပ်ပျက်နေတာလား...အရမ်းကြီးမချိုပါဘူးကွာ..ပြန်မြည်းကြည့်ပါအုံး'
'မသိဘူး..အချိုများတယ်...သကြားမထည့်ဘဲနို့နည်းနည်းနဲ့ပြန်ဖျော်ခဲ့ပေး'
ဘာ...ထပ်ဖျော်ပေးတဲ့.....
စည်းကအတည်ပေါက်ကြီးဖြစ်နေတဲ့မျက်နှာမို့ပင်လယ်စိတ်လေသွားသည်။
ဒါနဲ့ပါဆိုသူသောက်နေတာသုံးခွက်မြှောက်ဖြစ်တော့မည်။
အဲဒါကြောင့် အရဲစွန့်ပြီးပင်လယ်ကစောဒကတက်လိုက်မိသည်။
'ဟင်...ငါ...ထပ်...ထပ်ဖျော်ရမှာလား..မင်းမလွန်ဘူးလားကွာ...ဒါချိုမှမချိုတာကို'
'မဖျော်ပေးဘူးလား...အလုပ်ကိုမလုပ်ချင်တာလား'
ငေါ့တော့တော့စည်းရဲ့စကားကိုပြန်မဖြေတော့ဘဲမျက်နှာကြီးရှစ်ခေါက်ချိုးကာနေပင်လယ်ဘာမှအသံမထွက်နိုင်တော့ဘဲ...
မီးဖိုခန်းထဲသို့နောက်တခေါက်ထပ်ဝင်ရပြန်လေသည်။
'အား...တကယ်ကိုပဲ...
သည်းခံပြီးသောက်လိုက်လဲရတာကို...
ဇီဇာကိုကြောင်တယ်...'
ပွစိပွစိရေရွတ်ရင်းကော်ဖီဖျော်နေတဲ့ပင်လယ့်မျက်နှာသည် မှုန်ကုပ်နေလျက်။
စည်းဆိုသည့်သူသည်ထိုကဲ့သို့ဇီဇာကြောင်လေသည်။