ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

Bởi doubleuwxyz

42.4K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... Xem Thêm

(1)
(2)
(3)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(4)

555 27 0
Bởi doubleuwxyz

ပင္လယ္ရဲ႕ေတာင္ပံတစ္ျခမ္း

'ေက်ာင္းသြားၿပီ...အဘိုးေရ'
စက္ဘီးေခါင္းေလာင္းသံေလးၾကားရၿပီးေတာ့ေရႊ႐ုပ္အသံပါေပ်ာက္သြားသည္။
စည္းက...စားေသာက္ၿပီးသားပန္းကန္ေတြစုထပ္ၿပီးေဆးေနေသာပင္လယ္ကိုတခ်က္ၾကည့္ကာ...

'ယူကီေရွာဂ်ိနဲ႔...ယူကီေဂ်ာဂ်ီကိုမင္းအမွတ္မွားေနတာထင္တယ္...
စက္႐ုပ္ကယူကီေဂ်ာဂ်ီပါ'

႐ုတ္တရက္ပန္းကန္ေဆးေနရင္းနဲ႔ထြက္လာတဲ့စည္းရဲ႕စကားသံေၾကာင့္...
ပင္လယ္ကေခါင္းသာမကတကိုယ္လံုးသူ႔ဘက္လွည့္လာခဲ့သည္။

'အာ့...မင္းနားေထာင္ေနခဲ့တယ္ေပါ့...အိပ္ေပ်ာ္ေယာင္ေဆာင္တယ္ေပါ့...
ညကမင္းအိပ္သြားၿပီထင္ခဲ့တာ..အ႐ူးလိုငါ့တေယာက္ထဲစကားေတြေျပာခဲ့ရတယ္ထင္ၿပီးေၾကကြဲေနတာ.."

ေရကိုပိတ္၊ လက္ကိုသုတ္ၿပီးစည္းေဘးကိုခ်က္ခ်င္းသူေရာက္သြားသည္။

'အေဖာ္ရွိေနတာေတာင္ေျပာစရာစကားမရွိတာမ်ိဳးကသိပ္နာက်င္ဖို႔ေကာင္းတာ...ငါကလည္း...အေဖာ္မရွိရင္မေနတတ္တာဆိုးတယ္...ဒီေနရာေလးမွာမင္းနဲ႔ေတြ႕ရတာတကယ္ေရစက္ရွိလို႔ငါထင္တယ္'

စည္းရဲ႕ပုခံုးထက္ကိုသူ႔လက္ေမာင္းတဖက္ျဖင့္ဖက္လိုက္ၿပီး...ရယ္ျပသည္။

'မင္းနဲ႔ငါသူငယ္ခ်င္းေနာ္....ေရွ႕ဆက္ကူညီေပးပါအံုး'

ပင္လယ္က သူ႔ဘာသာလက္တစ္ဖက္ကိုဆြဲနႈတ္ဆက္စကားေျပာကာေဘစင္ဘက္ျပန္လွည့္သြားတဲ့အထိ၊
စည္း'မ်က္ႏွာကခပ္တည္တည္ျဖစ္ေနဆဲ။
သူငယ္ခ်င္းျဖစ္သြားၿပီဆိုၿပီးလက္ဆြဲပါနႈတ္ဆက္သြားခဲ့တာ...
တကယ္ဆို သူ အင္း'လဲမခံရေသးဘူးေလ။
သူငယ္ခ်င္းျဖစ္ၿပီလို႔သူတဖက္သတ္ေျပာတာေလာက္နဲ႔ၿပီးသြားေရာလား။
အံ့ၾသပါ့။
စည္းကေခါင္းကိုခါလိုက္ၿပီးသက္ျပင္းခ်မိေတာ့သည္။

xxxxx

ေက်ာင္းမွာသမိုင္းသင္ရတဲ့အခ်ိန္ဆိုေရႊ႐ုပ္အေသပ်င္းေတာ့အိပ္ေနတာကမ်ားသည္။
သမိုင္းဆရာမကလည္း စာသင္တာစိတ္ဝင္စားဖို႔မေကာင္းေတာ့
သမိုင္းခ်ိန္ဆိုသူမေလးအလြန္စိတ္ညစ္ရသည္။

'အား...အခ်ိန္ျမန္ျမန္ကုန္ပါေတာ့'

တီးတိုးေရရြတ္ရင္းစာေရးစားပြဲေပၚေမွာက္ေနရင္းေရႊ႐ုပ္အိပ္ေပ်ာ္ေလသည္။

ထိုစဥ္ေက်ာင္းခန္းတံခါးေရွ႕မွာတီရွပ္အျဖဴႏွင့္အသားေရာင္ေဘာင္းဘီဝတ္ထားတဲ့ဆံပင္ကုတ္ဝဲႏွင့္လူငယ္တစ္ဦးေရာက္လာ၏။
အသားျဖဴျဖဴနဲ႔ထူးျခားေခ်ာေမာတဲ့႐ုပ္သ႑န္ကထင္းလင္းလို႔ေနသည္။

သူ႔လက္ထဲမွာေတာ့ထမင္းဗူးတစ္ဗူးကိုကိုင္ထားကာ...
ေက်ာင္းခန္းထဲကိုဝင္မလာဘဲအခန္းဝမွာရပ္ရင္း...ပါးစပ္မွေအာ္ေနတာ...

' ေရႊ႐ုပ္ေရ...ေရႊ႐ုပ္ေလး'

အသံၿဗဲနဲ႔အခန္းဝကေနေအာ္ေတာ့...
ေက်ာင္းခန္းထဲကကေလးေတြကမ်က္လံုးေလးေတြျပဴးလို႔...
သူ႔ကိုအထူးတဆန္းလွမ္းျကည့္ၾကသည္။
အဲဒီလူငယ္နဲ႔ေရႊ႐ုပ္နဲ႔ဘာေတာ္သလဲဆိုတဲ့စပ္စုတဲ့အၾကည့္ေလးေတြနဲ႔ တိုးတိုးတိုးတိုးေမးျမန္းသံေလးေတြကဟိုတစဒီတစၾကားရသည္။

ေနာက္ဆံုးတန္းမွာအိပ္ေပ်ာ္ေနတဲ့ေရႊ႐ုပ္ကေတာ့ဘာမွမသိ။
ေထာင္လာတဲ့ေခါင္းေလးေတြကိုပင္လယ္ကေစ့ေစ့စပ္စပ္ၾကည့္ၿပီးေတာ့ေရႊ႐ုပ္ကိုရွာသည္။
မေတြ႕။
ေထာင့္မွာေခါင္းငံု႔ၿပီးအိပ္ေနတဲ့ကေလးတစ္ေယာက္သာက်န္ေတာ့
အဲဒီေကာင္မေလးအိပ္ေပ်ာ္ေနတာလို႔သိလိုက္သည္။
ဟြန္႔...စာသင္ခ်ိန္မွာအိပ္ေနတာ
ေကာင္မဆိုးေလး။

'ဝင္လိုက္မယ္ေနာ္'

ဝင္ခြင့္ေတာင္းေပမယ့္...
ခြင့္ျပဳေၾကာင္းဆရာမကေျပာတဲ့အထိပင္လယ္ကအခန္းဝမွာရပ္မေန။

ခြင့္ေတာင္းၿပီးၿပီေလ၊ ခြင့္ျပဳျပဳမျပဳျပဳဝင္ဖို႔ရွိတာဝင္မွာပဲဆိုတဲ့အခ်ိဳးေလးနဲ႔ အခန္းထဲေလွ်ာက္လို႔ဝင္လာကာ...
ေရႊ႐ုပ္အိပ္ေနသည့္စားပြဲခံုေရွ႕ေရာက္သြားတာေစြ႕ကနဲ။

ေရႊ႐ုပ္ရဲ႕စားပြဲကိုလက္နဲ႔တေတာက္ေတာက္ေခါက္ကာႏိုးေပမယ့္ ေရႊ႐ုပ္ကႏိုးမလာေတာ့...
အသံၿဗဲနဲ႔နာမည္ကိုေအာ္ေပးလိုက္ရသည္။

'ဦးေနာင္ေနာင္ေျမးေရႊ႐ုပ္ေရ'

'ဟုတ္ကဲ့'

အိပ္ခ်င္မေျပသည့္မ်က္လံုးက္ိုပြတ္ရင္းဆရာမေခၚသည္ထင္ၿပီးလန္႔တၾကားထရပ္ကာေရႊ႐ုပ္ထူးလာေတာ့...
ပင္လယ္ကခြက္ထိုးခြက္လန္ေအာ္ရယ္ေတာ့၏။

'ဟား...ဟာ့...ငါ...ငါ...ေနပင္လယ္'

အဲဒီေတာ့မွေရႊ႐ုပ္ေလးကမ်က္လံုးေလးျပဴးလာခဲ့၏။

'ဟင္...ကိုပင္လယ္...ဘာျဖစ္တာလဲ၊
ဘာလာလုပ္တာလဲဟင္..."

'နင္ထမင္းဗူးေမ့က်န္ခဲ့တာလာေပးတာ..ငါခ်က္ထားတဲ့ဟင္းေတြမို႔လို႔ႏွေမ်ာလို႔ယူလာတာ၊
အမ်ားႀကီးစားေနာ္...'

ေရႊ႐ုပ္ကိုေခါင္းေလးပုတ္ၿပီးေျပာရင္းခ်က္ခ်င္းျပန္လွည့္ထြက္ကာ...
အခန္းဝနားေရာက္ေတာ့မွ...
တခုခုကိုသတိတရနဲ႔ျပန္လွည့္ၾကည့္သည္။
ေက်ာင္းသားေလးေတြကိုျပံဳးရင္းနဲ႔ေျပာလိုက္တာ...

'ေရႊ႐ုပ္ကိုဂ႐ုစိုက္ေပးပါဦး'တဲ့။

ၿပီးမွအားလံုးကိုမ်က္လံုးေလးတဖက္မွိတ္ျပလို႔လွည့္ထြက္ခဲ့၏။
သန္႔ရွင္းခန္႔ညားေနတဲ့ခပ္ေခ်ာေခ်ာအစ္ကိုႀကီးကိုဝိုင္းေငးေနတဲ့ေက်ာင္းသူေလးေတြဆိုတာတခိခိနဲ႔၊
ေရႊ႐ုပ္ဆီကပ္သြားၾကၿပီးဝိုင္းေမးေတာ့၏။

'နင္နဲ႔ဘာေတာ္လဲ'

ဧည့္သည္လို႔ေျဖရမလား၊ အိမ္ကအလုပ္သမားလို႔ေျဖရမလား၊
ေရႊ႐ုပ္ကေတာ့ထမင္းဗူးကိုင္ၿပီးေယာင္ေတာင္ေပါင္ေတာင္ျဖစ္ဆဲ။
မနက္ကအျမန္လိုၿပီးေက်ာင္းတက္လာခဲ့တာထမင္းဗူးကိုေမ့ခဲ့ေၾကာင္းခုမွသတိရမိသည္။

ဒီေန႔ထမင္းမငတ္လို႔ ကိုပင္လယ္ကိုေက်းဇူးတင္ပါ၏။
ခါတိုင္းဆိုခဏခဏေမ့က်န္ခဲ့တာမို႔...
ေက်ာင္းကေနအိမ္အထိမိနစ္ႏွစ္ဆယ္ေလာက္စက္ဘီးနင္းျပန္ၿပီးထမင္းသြားစားရသည္။

ေက်ာင္းျပန္ေရာက္ခ်ိန္ဆိုရင္စားထားသမွ်အကုန္ေပ်ာက္လို႔ဗိုက္ကျပန္ဆာတာနဲ႔ဘယမွမထူးေပ။
ထမင္းဗူးေမ့က်န္တဲ့ေန႔ေတြဆိုရင္သူမေလးေက်ာင္းမွာပဲေတြ႕တာဝယ္စားၿပီးေနလိုက္ေတာ့တာအက်င့္ျဖစ္ေနၿပီ။
အခုေတာ့...
ဒီလိုလာပို႔ေပးတာေလးကိုၾကည္ႏူးမိသလိုလို၊
ေမြးခ်င္းေမာင္ႏွမမရွိဘဲမိဘနဲ႔ေဝးေဝးေနရေတာ့...
တကယ္ပါ...ဒီလိုဂ႐ုစိုက္မႈမ်ိဳးဆိုရင္ထဲမွာေႏြးေထြးသည္။

'ေက်းဇူးပါ...ကိုပင္လယ္'

ေတြးေနရင္းနဲ႔ပင္လယ္ျပန္မယ့္လမ္းကိုသူမရဲ႕ခံုနံေဘးကျပတင္းေပါက္ေလးကေနျမင္ရေတာ့...
ဘာရယ္မဟုတ္ဘဲလွမ္းၾကည့္မိေတာ့...
ျပန္ဖို႔ျပင္ေနတဲ့ကိုပင္လယ္ကိုေတြ႕ရသည္။
လမ္းေလွ်ာက္တဲ့ပံုစံခပ္ႏြဲ႕ႏြဲ႕နဲ႔စက္ဘီးတြန္းၿပီးျပန္သြားတဲ့ပင္လယ့္ေနာက္ေက်ာေလးကအားကိုးခ်င္စရာေကာင္းလ်က္။

သူမလဲအစ္ကိုတစ္ေယာက္ျဖစ္ျဖစ္လိုခ်င္လိုက္တာ။
ေရႊ႐ုပ္ေငးေနတုန္းမွာ...
ေရကူးကန္နဲ႔တင္းနစ္ကြင္းေနရာေရာက္ေတာ့မွ႐ုတ္တရက္ပင္လယ္ကေျခလွမ္းေလးေတြရပ္ကုန္သည္။

နံေဘးကိုလွည့္ေငးတဲ့ေဘးတေစာင္းမ်က္ႏွာက
ေန႔ခင္းေနပူပူနဲ႔ေရကန္ျပာျပာရဲ႕အလင္းဟပ္မႈေၾကာင့္...ခပ္ေဝးေဝးကေနေသခ်ာမျမင္ရေပ။
ဒါေပမယ့္ ကိုပင္လယ္ကေရကူးကနါဆီကိုေသခ်ာရပ္တန္႔ေငးေနတာကိုေတာ့သိသည္။

ေရကူးကန္ကဘာျဖစ္လို႔လဲမသိဘူး။
သူမေလးျပန္လဲမအိပ္ျဖစ္ေတာ့ဘဲဆရာမစာရွင္းျပေနတာကိုလဲနားမေထာင္ႏိုင္ေတာ့ဘဲ၊
ျပတင္းေပါက္ကေနျမင္ေနရတဲ့ပင္လယ့္ဆီပဲေငးေနမိသည္။
စက္ဘီးကိုေဒါက္ေထာက္ထားခဲ့ၿပီးေနပင္လယ္ကေရကူးကန္နားဆီေရာက္ေနပါၿပီ။

ေရျပင္ျပာလဲ့လဲ့ကိုပင္လယ္ကေရကန္ေပါင္ေပၚအၾကာႀကီးရပ္ကာေငးေနတာ တခုခုစဥ္းစားေနပံုရ၏။
ေခါင္းငံု႔ခ်ၿပီးခဏတာၿငိမ္သက္ၿပီးေတာ့မွ...
ေျခလွမ္းေတြကိုတျဖည္းျဖည္းခ်င္းလွမ္းေနရင္း တန္းစီးဘေလာက္တံုးေပၚေရာက္ေတာ့မည္။
သူဘာလုပ္မလဲဆိုတာကိုပဲ ေရႊ႐ုပ္စိတ္ဝင္စားေနဆဲ။

ပင္လယ္ကေတာ့ မ်က္လံုးေရွ႕ကေရျပာျပာကိုျမင္ေတာ့အေတြးတို႔ကတားမႏိုင္ဆီးမရေတာ့ဘဲ...
မိမိကိုယ္ကိုကုန္းေပၚေရာက္ေနတဲ့ငါးတစ္ေကာင္လိုထင္ျမင္လာခဲ့ၿပီး ရင္ဘတ္ေတြကအသက္ရွဴမဝေတာ့ဘဲေမာဟိုက္ခ်င္ေနပါၿပီ။
ဝမ္း၊ တူး၊ သရီး ဆိုတဲ့နံပတ္စဥ္ေတြကိုလဲေရတြက္ေနျဖစ္ရင္းနဲ႔ ေျခဖဝါးေတြကိုအျပားလိုက္တည္ၿငိမ္ခိုင္ခန္႔ေအာင္ထားေနမိရင္း...အသက္ကိုဝဝရွဴဖို႔ႀကိဳးစားရသည္။

ေရျပင္ဆီကိုဆင္းသက္ဖို႔အသင့္အေနအထားျပင္ဆင္ထားမႈဟာ ဟိုအရင္ကသူလုပ္ေနက်အရာ။

တန္းစီတဲ့ေနရာေလးေရာက္မွတီရွပ္ကိုဆြဲခြ်တ္ကာပံုသည္။
ေရျပင္က်ယ္ကိုျမင္ရတိုင္းသူ႔ေသြးသားမွာလိႈက္ခုန္လာတဲ့ေသြးခုန္ႀကိမ္နႈန္းေတြဟာျပင္းထန္သထက္ပိုျပင္းထန္လာခဲ့၏။

'ပင္လယ္.....ပင္လယ္....ပင္လယ္'

ေရကန္နားမွာဘယ္သူမွရွိမေနေပမယ့္...
သူ႔မ်က္လံုးစံုမွိတ္လိုက္ေတာ့နားထဲလက္ေခါက္မႈတ္သံႏွင့္ သူ႔နာမည္ကိုေအာ္ဟစ္ၿပီးအားေပးသီဆိုသံမ်ားအားၾကားေယာင္လာသလိုခံစားရသည္။
လူအုပ္ႀကီးရဲ႕အားေပးမႈမွာခဏတာစီးေမ်ာျဖစ္ရင္း...
အသင့္အေနအထားကေန
ေရျပာျပာကိုဒိုင္ဗင္ထိုးကာထိုးခြဲကူးခတ္လိုက္ေတာ့...
ပင္လယ္ဟာ ငါးတစ္ေကာင္လို။
ျမန္ဆန္စြာ၊ ကြ်မ္းက်င္စြာ၊ လွပစြာ။

'ဝါး...အိုးမိုင္ေဂါ့'

ေက်ာင္းခန္းထဲမွေက်ာင္းသူေလးေတြရဲ႕ေအာ္သံကဟိန္းေနလ်က္။
ေရကန္ထဲမွာကူးေနတဲ့ပင္လယ့္ကိုၾကည့္ေနတာေရႊ႐ုပ္တစ္ေယာက္ထဲမဟုတ္ေတာ့ပါ။
ျပတင္းတံခါးေလးနားမွာအတန္းေဖာ္ေတြပါစုျပံဳတိုးေဝွ႕ေနလ်က္။

ေရျပင္ျပာျပာကိုထိုးခြဲလ်က္ကန္တစ္ဖက္ဆီကူးခတ္သြားပံုကေခ်ာေမြ႕ျမန္ဆန္လြန္းေတာ့...
ၾကည့္ေနေသာေက်ာင္းသားေလးမ်ားသည္လည္းအံ့ၾသမွင္သက္ေနလ်က္။

'ဘာလဲ...ေတာ္လိုက္တာ'

'ဟာ့...ရမ္းမိုက္တာပဲ'

'ေရကူးတာျမန္လိုက္တာ..တို႔ေက်ာင္းကလက္ေရြးစင္ေရကူးသမားေတာင္သူ႔ေလာက္မျမန္ဘူး'

တေယာက္တေပါက္နဲ႔ကေလးမ်ား၏အသံမ်ားဆူညံလ်က္...
မအံ့ၾသဘဲေနမလား၊
အားကစားပြဲမွာေရကူးကလပ္ထဲကေရႊဆုရထားတဲ့အတန္းေဖာ္ေလးေတာင္ဒီလိုမျမန္ဘူးေလ။

'ေရႊ႐ုပ္...နင္နဲ႔ဘာေတာ္လဲ၊ မိတ္ဆက္ေပးဟာ'

'ေတာ္လိုက္တာ၊ ဘယ္သူလဲဟင္'

ေရႊ႐ုပ္ဆီဝိုင္းေမးေနၾကတဲ့အတန္းေဖာ္ေတြကိုျပန္ေျဖစရာအေျဖမရွိ။
သူမလဲမေန႔ကမွပင္လယ္နဲ႔စေတြ႕ရတာေလ။
နာမည္ကလြဲၿပီးဘာသိတာရွိလို႔လဲ။
ဂ်စ္ကန္ကန္ေလး၊ ပရမ္းပတာေလးလို႔သူမထင္ေနခဲ့တာ။
ခပ္ေပါ့ေပါ့လူသားလို႔သူမႏွာေခါင္းရံႈ႕ခဲ့မိတာ၊
အခုေတာ့...ကိုပင္လယ္မွာထူးခြ်န္ေျပာင္ေျမာက္တဲ့စြမ္းရည္ရွိေနသည္ပဲ။

'ေရကူးတာျမန္ခ်က္...အမိုက္စားပဲ'

ဒီလိုမ်ိဳးေရကူးကြ်မ္းက်င္တဲ့သူဆိုတာ သူမတို႔ေက်ာင္းမွာလက္ခ်ိဳးေရလို႔ရသည္။
ေက်ာင္းအားကစားပြဲေတြဆိုေက်ာင္းရဲ႕ကိုယ္စားထြက္ၿပိဳင္ႏိုင္တဲ့ေက်ာင္းသားဆိုတာသိပ္မရွိပါ။
သူမေလးတို႔လဲေရကူးက်င့္ေပမယ့္...ထူးခြ်န္ေျပာင္ေျမာက္ျခင္းေတာ့မရွိ။

ကိုပင္လယ္ကအမိုက္စားစြမ္းရည္ေတြနဲ႔...
စိတ္ဝင္စားစရာေကာင္းသားပဲ။
ေတြးေနရင္းနဲ႔မွကိုပင္လယ့္အေၾကာင္းပိုသိခ်င္လာသည္။
သူ...ဘာလို႔အခုလိုေပါ့ေပါ့ေနေနရတာလဲ...
သူယူလာတဲ့စားပြဲခံုေပၚကထမင္းဗူးေလးကိုပဲေငးၾကည့္ရင္းေရႊ႐ုပ္ေတြးရင္းၿငိမ္သက္လို႔။

'ကိုပင္လယ္...ဘယ္သူလဲ၊ ဘာလဲ"

Unicode

ပင်လယ်ရဲ့တောင်ပံတစ်ခြမ်း

'ကျောင်းသွားပြီ...အဘိုးရေ'
စက်ဘီးခေါင်းလောင်းသံလေးကြားရပြီးတော့ရွှေရုပ်အသံပါပျောက်သွားသည်။
စည်းက...စားသောက်ပြီးသားပန်းကန်တွေစုထပ်ပြီးဆေးနေသောပင်လယ်ကိုတချက်ကြည့်ကာ...

'ယူကီရှောဂျိနဲ့...ယူကီဂျောဂျီကိုမင်းအမှတ်မှားနေတာထင်တယ်...
စက်ရုပ်ကယူကီဂျောဂျီပါ'

ရုတ်တရက်ပန်းကန်ဆေးနေရင်းနဲ့ထွက်လာတဲ့စည်းရဲ့စကားသံကြောင့်...
ပင်လယ်ကခေါင်းသာမကတကိုယ်လုံးသူ့ဘက်လှည့်လာခဲ့သည်။

'အာ့...မင်းနားထောင်နေခဲ့တယ်ပေါ့...အိပ်ပျော်ယောင်ဆောင်တယ်ပေါ့...
ညကမင်းအိပ်သွားပြီထင်ခဲ့တာ..အရူးလိုငါ့တယောက်ထဲစကားတွေပြောခဲ့ရတယ်ထင်ပြီးကြေကွဲနေတာ.."

ရေကိုပိတ်၊ လက်ကိုသုတ်ပြီးစည်းဘေးကိုချက်ချင်းသူရောက်သွားသည်။

'အဖော်ရှိနေတာတောင်ပြောစရာစကားမရှိတာမျိုးကသိပ်နာကျင်ဖို့ကောင်းတာ...ငါကလည်း...အဖော်မရှိရင်မနေတတ်တာဆိုးတယ်...ဒီနေရာလေးမှာမင်းနဲ့တွေ့ရတာတကယ်ရေစက်ရှိလို့ငါထင်တယ်'

စည်းရဲ့ပုခုံးထက်ကိုသူ့လက်မောင်းတဖက်ဖြင့်ဖက်လိုက်ပြီး...ရယ်ပြသည်။

'မင်းနဲ့ငါသူငယ်ချင်းနော်....ရှေ့ဆက်ကူညီပေးပါအုံး'

ပင်လယ်က သူ့ဘာသာလက်တစ်ဖက်ကိုဆွဲနှုတ်ဆက်စကားပြောကာဘေစင်ဘက်ပြန်လှည့်သွားတဲ့အထိ၊
စည်း'မျက်နှာကခပ်တည်တည်ဖြစ်နေဆဲ။
သူငယ်ချင်းဖြစ်သွားပြီဆိုပြီးလက်ဆွဲပါနှုတ်ဆက်သွားခဲ့တာ...
တကယ်ဆို သူ အင်း'လဲမခံရသေးဘူးလေ။
သူငယ်ချင်းဖြစ်ပြီလို့သူတဖက်သတ်ပြောတာလောက်နဲ့ပြီးသွားရောလား။
အံ့သြပါ့။
စည်းကခေါင်းကိုခါလိုက်ပြီးသက်ပြင်းချမိတော့သည်။

xxxxx

ကျောင်းမှာသမိုင်းသင်ရတဲ့အချိန်ဆိုရွှေရုပ်အသေပျင်းတော့အိပ်နေတာကများသည်။
သမိုင်းဆရာမကလည်း စာသင်တာစိတ်ဝင်စားဖို့မကောင်းတော့
သမိုင်းချိန်ဆိုသူမလေးအလွန်စိတ်ညစ်ရသည်။

'အား...အချိန်မြန်မြန်ကုန်ပါတော့'

တီးတိုးရေရွတ်ရင်းစာရေးစားပွဲပေါ်မှောက်နေရင်းရွှေရုပ်အိပ်ပျော်လေသည်။

ထိုစဉ်ကျောင်းခန်းတံခါးရှေ့မှာတီရှပ်အဖြူနှင့်အသားရောင်ဘောင်းဘီဝတ်ထားတဲ့ဆံပင်ကုတ်ဝဲနှင့်လူငယ်တစ်ဦးရောက်လာ၏။
အသားဖြူဖြူနဲ့ထူးခြားချောမောတဲ့ရုပ်သဏ္ဍန်ကထင်းလင်းလို့နေသည်။

သူ့လက်ထဲမှာတော့ထမင်းဗူးတစ်ဗူးကိုကိုင်ထားကာ...
ကျောင်းခန်းထဲကိုဝင်မလာဘဲအခန်းဝမှာရပ်ရင်း...ပါးစပ်မှအော်နေတာ...

' ရွှေရုပ်ရေ...ရွှေရုပ်လေး'

အသံဗြဲနဲ့အခန်းဝကနေအော်တော့...
ကျောင်းခန်းထဲကကလေးတွေကမျက်လုံးလေးတွေပြူးလို့...
သူ့ကိုအထူးတဆန်းလှမ်းကြည့်ကြသည်။
အဲဒီလူငယ်နဲ့ရွှေရုပ်နဲ့ဘာတော်သလဲဆိုတဲ့စပ်စုတဲ့အကြည့်လေးတွေနဲ့ တိုးတိုးတိုးတိုးမေးမြန်းသံလေးတွေကဟိုတစဒီတစကြားရသည်။

နောက်ဆုံးတန်းမှာအိပ်ပျော်နေတဲ့ရွှေရုပ်ကတော့ဘာမှမသိ။
ထောင်လာတဲ့ခေါင်းလေးတွေကိုပင်လယ်ကစေ့စေ့စပ်စပ်ကြည့်ပြီးတော့ရွှေရုပ်ကိုရှာသည်။
မတွေ့။
ထောင့်မှာခေါင်းငုံ့ပြီးအိပ်နေတဲ့ကလေးတစ်ယောက်သာကျန်တော့
အဲဒီကောင်မလေးအိပ်ပျော်နေတာလို့သိလိုက်သည်။
ဟွန့်...စာသင်ချိန်မှာအိပ်နေတာ
ကောင်မဆိုးလေး။

'ဝင်လိုက်မယ်နော်'

ဝင်ခွင့်တောင်းပေမယ့်...
ခွင့်ပြုကြောင်းဆရာမကပြောတဲ့အထိပင်လယ်ကအခန်းဝမှာရပ်မနေ။

ခွင့်တောင်းပြီးပြီလေ၊ ခွင့်ပြုပြုမပြုပြုဝင်ဖို့ရှိတာဝင်မှာပဲဆိုတဲ့အချိုးလေးနဲ့ အခန်းထဲလျှောက်လို့ဝင်လာကာ...
ရွှေရုပ်အိပ်နေသည့်စားပွဲခုံရှေ့ရောက်သွားတာစွေ့ကနဲ။

ရွှေရုပ်ရဲ့စားပွဲကိုလက်နဲ့တတောက်တောက်ခေါက်ကာနိုးပေမယ့် ရွှေရုပ်ကနိုးမလာတော့...
အသံဗြဲနဲ့နာမည်ကိုအော်ပေးလိုက်ရသည်။

'ဦးနောင်နောင်မြေးရွှေရုပ်ရေ'

'ဟုတ်ကဲ့'

အိပ်ချင်မပြေသည့်မျက်လုံးက်ိုပွတ်ရင်းဆရာမခေါ်သည်ထင်ပြီးလန့်တကြားထရပ်ကာရွှေရုပ်ထူးလာတော့...
ပင်လယ်ကခွက်ထိုးခွက်လန်အော်ရယ်တော့၏။

'ဟား...ဟာ့...ငါ...ငါ...နေပင်လယ်'

အဲဒီတော့မှရွှေရုပ်လေးကမျက်လုံးလေးပြူးလာခဲ့၏။

'ဟင်...ကိုပင်လယ်...ဘာဖြစ်တာလဲ၊
ဘာလာလုပ်တာလဲဟင်..."

'နင်ထမင်းဗူးမေ့ကျန်ခဲ့တာလာပေးတာ..ငါချက်ထားတဲ့ဟင်းတွေမို့လို့နှမျောလို့ယူလာတာ၊
အများကြီးစားနော်...'

ရွှေရုပ်ကိုခေါင်းလေးပုတ်ပြီးပြောရင်းချက်ချင်းပြန်လှည့်ထွက်ကာ...
အခန်းဝနားရောက်တော့မှ...
တခုခုကိုသတိတရနဲ့ပြန်လှည့်ကြည့်သည်။
ကျောင်းသားလေးတွေကိုပြုံးရင်းနဲ့ပြောလိုက်တာ...

'ရွှေရုပ်ကိုဂရုစိုက်ပေးပါဦး'တဲ့။

ပြီးမှအားလုံးကိုမျက်လုံးလေးတဖက်မှိတ်ပြလို့လှည့်ထွက်ခဲ့၏။
သန့်ရှင်းခန့်ညားနေတဲ့ခပ်ချောချောအစ်ကိုကြီးကိုဝိုင်းငေးနေတဲ့ကျောင်းသူလေးတွေဆိုတာတခိခိနဲ့၊
ရွှေရုပ်ဆီကပ်သွားကြပြီးဝိုင်းမေးတော့၏။

'နင်နဲ့ဘာတော်လဲ'

ဧည့်သည်လို့ဖြေရမလား၊ အိမ်ကအလုပ်သမားလို့ဖြေရမလား၊
ရွှေရုပ်ကတော့ထမင်းဗူးကိုင်ပြီးယောင်တောင်ပေါင်တောင်ဖြစ်ဆဲ။
မနက်ကအမြန်လိုပြီးကျောင်းတက်လာခဲ့တာထမင်းဗူးကိုမေ့ခဲ့ကြောင်းခုမှသတိရမိသည်။

ဒီနေ့ထမင်းမငတ်လို့ ကိုပင်လယ်ကိုကျေးဇူးတင်ပါ၏။
ခါတိုင်းဆိုခဏခဏမေ့ကျန်ခဲ့တာမို့...
ကျောင်းကနေအိမ်အထိမိနစ်နှစ်ဆယ်လောက်စက်ဘီးနင်းပြန်ပြီးထမင်းသွားစားရသည်။

ကျောင်းပြန်ရောက်ချိန်ဆိုရင်စားထားသမျှအကုန်ပျောက်လို့ဗိုက်ကပြန်ဆာတာနဲ့ဘယမှမထူးပေ။
ထမင်းဗူးမေ့ကျန်တဲ့နေ့တွေဆိုရင်သူမလေးကျောင်းမှာပဲတွေ့တာဝယ်စားပြီးနေလိုက်တော့တာအကျင့်ဖြစ်နေပြီ။
အခုတော့...
ဒီလိုလာပို့ပေးတာလေးကိုကြည်နူးမိသလိုလို၊
မွေးချင်းမောင်နှမမရှိဘဲမိဘနဲ့ဝေးဝေးနေရတော့...
တကယ်ပါ...ဒီလိုဂရုစိုက်မှုမျိုးဆိုရင်ထဲမှာနွေးထွေးသည်။

'ကျေးဇူးပါ...ကိုပင်လယ်'

တွေးနေရင်းနဲ့ပင်လယ်ပြန်မယ့်လမ်းကိုသူမရဲ့ခုံနံဘေးကပြတင်းပေါက်လေးကနေမြင်ရတော့...
ဘာရယ်မဟုတ်ဘဲလှမ်းကြည့်မိတော့...
ပြန်ဖို့ပြင်နေတဲ့ကိုပင်လယ်ကိုတွေ့ရသည်။
လမ်းလျှောက်တဲ့ပုံစံခပ်နွဲ့နွဲ့နဲ့စက်ဘီးတွန်းပြီးပြန်သွားတဲ့ပင်လယ့်နောက်ကျောလေးကအားကိုးချင်စရာကောင်းလျက်။

သူမလဲအစ်ကိုတစ်ယောက်ဖြစ်ဖြစ်လိုချင်လိုက်တာ။
ရွှေရုပ်ငေးနေတုန်းမှာ...
ရေကူးကန်နဲ့တင်းနစ်ကွင်းနေရာရောက်တော့မှရုတ်တရက်ပင်လယ်ကခြေလှမ်းလေးတွေရပ်ကုန်သည်။

နံဘေးကိုလှည့်ငေးတဲ့ဘေးတစောင်းမျက်နှာက
နေ့ခင်းနေပူပူနဲ့ရေကန်ပြာပြာရဲ့အလင်းဟပ်မှုကြောင့်...ခပ်ဝေးဝေးကနေသေချာမမြင်ရပေ။
ဒါပေမယ့် ကိုပင်လယ်ကရေကူးကနါဆီကိုသေချာရပ်တန့်ငေးနေတာကိုတော့သိသည်။

ရေကူးကန်ကဘာဖြစ်လို့လဲမသိဘူး။
သူမလေးပြန်လဲမအိပ်ဖြစ်တော့ဘဲဆရာမစာရှင်းပြနေတာကိုလဲနားမထောင်နိုင်တော့ဘဲ၊
ပြတင်းပေါက်ကနေမြင်နေရတဲ့ပင်လယ့်ဆီပဲငေးနေမိသည်။
စက်ဘီးကိုဒေါက်ထောက်ထားခဲ့ပြီးနေပင်လယ်ကရေကူးကန်နားဆီရောက်နေပါပြီ။

ရေပြင်ပြာလဲ့လဲ့ကိုပင်လယ်ကရေကန်ပေါင်ပေါ်အကြာကြီးရပ်ကာငေးနေတာ တခုခုစဉ်းစားနေပုံရ၏။
ခေါင်းငုံ့ချပြီးခဏတာငြိမ်သက်ပြီးတော့မှ...
ခြေလှမ်းတွေကိုတဖြည်းဖြည်းချင်းလှမ်းနေရင်း တန်းစီးဘလောက်တုံးပေါ်ရောက်တော့မည်။
သူဘာလုပ်မလဲဆိုတာကိုပဲ ရွှေရုပ်စိတ်ဝင်စားနေဆဲ။

ပင်လယ်ကတော့ မျက်လုံးရှေ့ကရေပြာပြာကိုမြင်တော့အတွေးတို့ကတားမနိုင်ဆီးမရတော့ဘဲ...
မိမိကိုယ်ကိုကုန်းပေါ်ရောက်နေတဲ့ငါးတစ်ကောင်လိုထင်မြင်လာခဲ့ပြီး ရင်ဘတ်တွေကအသက်ရှူမဝတော့ဘဲမောဟိုက်ချင်နေပါပြီ။
ဝမ်း၊ တူး၊ သရီး ဆိုတဲ့နံပတ်စဉ်တွေကိုလဲရေတွက်နေဖြစ်ရင်းနဲ့ ခြေဖဝါးတွေကိုအပြားလိုက်တည်ငြိမ်ခိုင်ခန့်အောင်ထားနေမိရင်း...အသက်ကိုဝဝရှူဖို့ကြိုးစားရသည်။

ရေပြင်ဆီကိုဆင်းသက်ဖို့အသင့်အနေအထားပြင်ဆင်ထားမှုဟာ ဟိုအရင်ကသူလုပ်နေကျအရာ။

တန်းစီတဲ့နေရာလေးရောက်မှတီရှပ်ကိုဆွဲချွတ်ကာပုံသည်။
ရေပြင်ကျယ်ကိုမြင်ရတိုင်းသူ့သွေးသားမှာလှိုက်ခုန်လာတဲ့သွေးခုန်ကြိမ်နှုန်းတွေဟာပြင်းထန်သထက်ပိုပြင်းထန်လာခဲ့၏။

'ပင်လယ်.....ပင်လယ်....ပင်လယ်'

ရေကန်နားမှာဘယ်သူမှရှိမနေပေမယ့်...
သူ့မျက်လုံးစုံမှိတ်လိုက်တော့နားထဲလက်ခေါက်မှုတ်သံနှင့် သူ့နာမည်ကိုအော်ဟစ်ပြီးအားပေးသီဆိုသံများအားကြားယောင်လာသလိုခံစားရသည်။
လူအုပ်ကြီးရဲ့အားပေးမှုမှာခဏတာစီးမျောဖြစ်ရင်း...
အသင့်အနေအထားကနေ
ရေပြာပြာကိုဒိုင်ဗင်ထိုးကာထိုးခွဲကူးခတ်လိုက်တော့...
ပင်လယ်ဟာ ငါးတစ်ကောင်လို။
မြန်ဆန်စွာ၊ ကျွမ်းကျင်စွာ၊ လှပစွာ။

'ဝါး...အိုးမိုင်ဂေါ့'

ကျောင်းခန်းထဲမှကျောင်းသူလေးတွေရဲ့အော်သံကဟိန်းနေလျက်။
ရေကန်ထဲမှာကူးနေတဲ့ပင်လယ့်ကိုကြည့်နေတာရွှေရုပ်တစ်ယောက်ထဲမဟုတ်တော့ပါ။
ပြတင်းတံခါးလေးနားမှာအတန်းဖော်တွေပါစုပြုံတိုးဝှေ့နေလျက်။

ရေပြင်ပြာပြာကိုထိုးခွဲလျက်ကန်တစ်ဖက်ဆီကူးခတ်သွားပုံကချောမွေ့မြန်ဆန်လွန်းတော့...
ကြည့်နေသောကျောင်းသားလေးများသည်လည်းအံ့သြမှင်သက်နေလျက်။

'ဘာလဲ...တော်လိုက်တာ'

'ဟာ့...ရမ်းမိုက်တာပဲ'

'ရေကူးတာမြန်လိုက်တာ..တို့ကျောင်းကလက်ရွေးစင်ရေကူးသမားတောင်သူ့လောက်မမြန်ဘူး'

တယောက်တပေါက်နဲ့ကလေးများ၏အသံများဆူညံလျက်...
မအံ့သြဘဲနေမလား၊
အားကစားပွဲမှာရေကူးကလပ်ထဲကရွှေဆုရထားတဲ့အတန်းဖော်လေးတောင်ဒီလိုမမြန်ဘူးလေ။

'ရွှေရုပ်...နင်နဲ့ဘာတော်လဲ၊ မိတ်ဆက်ပေးဟာ'

'တော်လိုက်တာ၊ ဘယ်သူလဲဟင်'

ရွှေရုပ်ဆီဝိုင်းမေးနေကြတဲ့အတန်းဖော်တွေကိုပြန်ဖြေစရာအဖြေမရှိ။
သူမလဲမနေ့ကမှပင်လယ်နဲ့စတွေ့ရတာလေ။
နာမည်ကလွဲပြီးဘာသိတာရှိလို့လဲ။
ဂျစ်ကန်ကန်လေး၊ ပရမ်းပတာလေးလို့သူမထင်နေခဲ့တာ။
ခပ်ပေါ့ပေါ့လူသားလို့သူမနှာခေါင်းရှုံ့ခဲ့မိတာ၊
အခုတော့...ကိုပင်လယ်မှာထူးချွန်ပြောင်မြောက်တဲ့စွမ်းရည်ရှိနေသည်ပဲ။

'ရေကူးတာမြန်ချက်...အမိုက်စားပဲ'

ဒီလိုမျိုးရေကူးကျွမ်းကျင်တဲ့သူဆိုတာ သူမတို့ကျောင်းမှာလက်ချိုးရေလို့ရသည်။
ကျောင်းအားကစားပွဲတွေဆိုကျောင်းရဲ့ကိုယ်စားထွက်ပြိုင်နိုင်တဲ့ကျောင်းသားဆိုတာသိပ်မရှိပါ။
သူမလေးတို့လဲရေကူးကျင့်ပေမယ့်...ထူးချွန်ပြောင်မြောက်ခြင်းတော့မရှိ။

ကိုပင်လယ်ကအမိုက်စားစွမ်းရည်တွေနဲ့...
စိတ်ဝင်စားစရာကောင်းသားပဲ။
တွေးနေရင်းနဲ့မှကိုပင်လယ့်အကြောင်းပိုသိချင်လာသည်။
သူ...ဘာလို့အခုလိုပေါ့ပေါ့နေနေရတာလဲ...
သူယူလာတဲ့စားပွဲခုံပေါ်ကထမင်းဗူးလေးကိုပဲငေးကြည့်ရင်းရွှေရုပ်တွေးရင်းငြိမ်သက်လို့။

'ကိုပင်လယ်...ဘယ်သူလဲ၊ ဘာလဲ"

Đọc tiếp

Bạn Cũng Sẽ Thích

17.8K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
78.1K 6.9K 14
အဆံုးမ႐ွိ‌ႏုိင္‌ေသာ အခ်စ္‌တို႔ျဖင္‌့ ကြၽန္‌ေတာ္‌ သူ႕ကို ခ်စ္‌သည္‌....
92.4K 8.7K 20
က်​ေတာ္​သည္​ သူ႔ကို ဘယ္​​ေသာအခါမွ မခ်စ္​ခဲ့
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."