Notice : We are in a relation...
By HanXun
261K 31K 5.4K
- ကျွန်တော်တို့နှစ်ယောက်ကြား ဝင်လာတဲ့သူ ၊ ဝင်လာတဲ့အရာ မှန်သမျှကို ကျွန်တော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူးဆိုတ... More
Act 0.0 We Get Married
Act 1 : I Am Your Boss
Act 2 : It is interesting
Act 3 : Assistant Editor Byun Baekhyun
Act 4 : Do you have a death wish??
Act 5 : How I feel about You
Act 6 : Take you home
Act 6.5 : confess But....
Act 7 : LUHAN, THIS LITTLE RASCAL
Act 8 : Happy New Year Hyung
Act 8.5 : A moment
Act 9 : love you for the rest of my life
Act 10 : Moon, his ex
Act 11 : Jealousy
Act 12 : About to be Boyfriends
Act 13 : Mine
Act 14 : I am in danger zone
Act 15 : I am crazy in love with you
Act 16 : I miss you like you do
Act 17.1 : Blue Night
Act 17.2 : You are the one I love
Act 18 : My Responsibility
Act 19 : I will take your son as mine
Act 20 : I know I own you, Man
Act 21 : Meet my parents
Act 21.1 : The one I choose for life
Act 22 : Let me know when to propose to u
Act 23 : Believe us
Act 24 : L.O.V.E In Pattaya
Act 25 : Everything of me means Babe
Act 26 : There is no give up
4.7K 744 100
By HanXun
သုံးလမှာတအုပ်ဟုစာချုပ်ချုပ်ထားပါသော်လည်း
သည်။
သည်။
မှာကျန်ခဲ့သည်။
သည်။
သည်။
ဖိကပ်နမ်းလိုက်သည်။
"coffeeသောက်ချင်"
"OK"
"ရပါတယ်ဗျာ"
တယ်ထင်တယ် "
ပြောသွားသေးသည်က
ခေါ်သွားလိုက်သည်။
ရယ် Honey toastရယ်ပေး"
အမျိုးသမီးတယောက်ရောက်လာပါပြီး ထိုအမျိုးသမီးက
"ယားး Kim Se Yeon"
"အယ် Kristina Kim ??"
ပြန်သည်။
မတန်ဘူး"
ဂလားမ"
"သေချင်လို့ နင်"
"ဘာသင်တန်းလဲ babe"
"မပြောပါဘူး"
ဖြစ်ပါသည်။
သင်တန်းကိုရောက်တော့ ယောက်ျားလေးဆို၍ Baek
တတ်လို့လေ"
ထိတ်ခုန်ရသည်။
ရိုးရာဝတ်စုံဝတ်ထားသည့်အမျိုးသမီးငယ်လေးတယောက်
တော့။
ရှိသည်။
ဖြစ်သည်။
တော့လဲ "
မိပါသည်။
Hyunတက်သည်။
အဆင့်ဖြစ်သွားရပြီ။
သည်။
သည်။
ဆက်သည်။
တာမရှက်ဘူးလား"
"Jong Daeရှိသားပဲ ။ မရှက်ပါဘူးနော်"
ပြန်သည်။
"သဲလေး……"
ယားဖြစ်ရသေးသည်။ Chan Yeolမှာ အတောမသတ်
"သဲ ဒါက???"
သည်။
ရောက်လာသည်။
- 🖕🖕🖕
စစားလေသည်။
"wow သဲ ??"
"ကောင်းတယ်ပဲပြော "
သည်။
To Be ConTinued……………
LTNS :3
Chan Yeol နှင့် Baek Hyun တို့တတွေ
ပတ္တရားမှ ပြန်ရောက်လာသည့်အချိန်တွင် အုံပုန်းနိုင်လွန်းကြသည့် ဟိုအတွဲ၏ ပွင့်လင်းမြင်သာလာနိုင်မှုအတွက်အင်နှင့်အားနှင့်ကြိုးစားခဲ့ကြသေးသည်။
စာမေးပွဲဖြေပြီးဖြစ်ပါသောကြောင့် Baek Hyun
သည်လည်း ရုံးမှာအထိုင်များနေသည်။လက် ထောက်အယ်ဒီတာမှသည် အယ်ဒီတာအဖြစ် ရာထူးတိုးဖို့အတွက်လည်း အပတ်တကုတ်ကြိုးပမ်းရသေးသည်။
သူဌေးဖြစ်သူနှင့်ချစ်ကြိုးသွယ်သည့်အနေ အထားမှာရှိနေသည့်တိုင် ရိုးသားကြိုးစားနေဆဲဖြစ်သည့် Byun Baek Hyunသည် Park Publishin g၏ celeဖြစ်ပါသည်။ Baek Hyun သာမက teamတစ်ခုလုံး၏ကြိုးပမ်းမှုသည်မြိုင်လှသည့်အတွက် Highlightပြီးလျှင် ဒုတိယလိုက်သော Fiction Teamဖြစ်သည်။
ယခုလည်း Baek Hyunတို့တာဝန်ယူထားရသည့်
စာရေးဆရာမအသစ်လေး၏ ဒုတိယမြောက်စာအုပ်အတွက် အစည်းအဝေးထိုင်နေကြပါသည်။
သုံးလမှာတစ်အုပ်ဟုစာချုပ်ချုပ်ထားပါသော် လည်းအရေအတွက်ထက်အရည်အသွေးကိုပိုလိုလားကြသည့်အဖွဲ့သားများသည် ဆရာမ၏စိတ်တိုင်းမကျသေးသောစာမူကို အတင်းမတောင်းကြပါပဲ စာအုပ်ထွက်လာလျှင်လုပ်မည့်ပရိုမိုးရှင်းများကိုသာဝိုင်းဝန်းစဉ်းစားကြသည်။
"ဒီတခေါက်ဇာတ်လမ်းလေးကတော့မဆိုးဘူးနော်"
"ကျွန်တော်လည်းဖတ်လိုက်ရတယ် ဇာတ်မြူးလေးပဲ။အဲ့ဒါကျွန်တော်တွေးထားတာကလေ……"
Baek Hyunက တက်တက်ကြွကြွပင် laptopကို
မယူပြီး projectorနှင့်ချိတ်လိုက်သည်။ အရောင်
အသွေးစုံသည့် powerpoint slideများထဲမှာ
Baek Hyun၏အတွေးတွေကိုသစ်သစ်လေးတွေ့ရသည်။
"comic ဌာနနဲ့ချိတ်ပြီး promotionလုပ်မယ်လေ
ဇာတ်ကောင်မိတ်ဆက်ပဲဖြစ်ဖြစ် highlightတခန်းလောက်ပဲဖြစ်ဖြစ် ဆွဲခိုင်းပြီး websiteကနေတင်မယ်။ဝတ္ထုမထွက်ခင်တပတ်လောက်အလိုမှာပေါ့"
Baek Hyun၏အတွေးကိုထောက်ခံသူအများအပြားဖြင့်အစည်းအဝေးကိုသိမ်းလိုက်သည်။ comicဌာနနှင့်ချိတ်ဆက်ဖို့ တာဝန်ခံက Baek Hyunပင်ဖြစ်သွားပါသောကြောင့် ရှေ့လျှောက်အလုပ်လဲပိုများရတော့မည်။
အစ်မတွေအစည်းအဝေးခန်းထဲကထွက်သွားပြီးသည့်နောက် Baek Hyunတယောက်တည်း အခန်းထဲမှာကျန်ခဲ့သည်။
ယခုတလော ပင်ပန်းလွယ်နေသည့် Baek Hyunက laptopပိတ်ရင်းစာရွက်တွေသိမ်းနေရင်းမှ ပျင်းပျင်းရိရိနဲ့ပင် ခုံပေါ်ထိုင်ချကာ မျက်လုံးတို့မှိတ်ထားလိုက်ပြန်သည်။
ညဘက်တွေအိပ်ရေးမဝသည်မှာကြာပြီ။
မအိပ်ရ၍မဟုတ်ပဲ အိပ်လို့ကိုမဝတာဖြစ်သည်။ စာမေးပွဲရက်တွေတုန်းကမအိပ်ပဲနေထား၍လားမသိ။ ယခုရက်ပိုင်းအရမ်းတွေအိပ်ကောင်းနေ၍ Chan Yeolတောင်အခန်းထဲဝင်ဝင်မလာခင် သူကအိပ်မောကျသွားတတ်တာမျိုးဖြစ်သည်။
Baek Hyun မျက်လုံးမှိတ်ထားပြီးငြိမ်နေတုန်းမှာပဲဆံပင်တွေကြားနစ်ဝင်လာသည့်အနမ်းကြောင့်ပြုံးလိုက်မိ၏။ လှဲမှီထိုင်နေရာကနေ မတ်မတ်ပြန်ထိုင်နေသည့်နောက် လက်ဖဝါးကြီးကြီးများသည် Baek Hyun၏လည်တိုင်ကိုအသာအယာလာဆုပ်ကိုင်ပေးလာသည်။
"ကလေးလေး ပင်ပန်းနေပြီလား ?"
ဖွဖွလေးနဲ့ထိထိမိမိနှိပ်ပေးသွားသည့် Chan Yeol၏လက်ချောင်းတွေကြား Baek Hyun လည်တိုင်လေးမှာအံဝင်ခွင်ကျဝင်ရောက်နေသည်။
Baek Hyunမှာ စကားမပြောမဆိုမိပဲ ငြိမ်ငြိမ်လေးထိုင်နေရင်းကမှ Chan Yeol၏လက်တဖက်ကိုဆွဲယူပြီးဖိကပ်နမ်းလိုက်သည်။
"coffeeသောက်ချင်"
"လာလေ ကိုယ်ဝယ်တိုက်မယ်"
"OK"
Chan Yeolလက်ကိုလွှတ်ပေးပြီး Baek Hyun ကစားပွဲပေါ်ကပစ္စည်းတွေကိုကောက်သိမ်းသည်။ Chan Yeolမှာတပြုံးပြုံးနှင့် Baek Hyun
လုပ် ကိုင်သမျှ ကြည့်နေရင်းမှအခန်းဝသို့မျက်နှာ မူလိုက်ပြီး
" အတွင်းရေးမှူးလေးရေ ကိုယ့်သဲလေးရဲ့ ပစ္စည်းတွေကိုFictionဌာနဆီပို့ပေးပါဦး"
"ဟာ Hyungကလဲအားနာစရာကြီး"
"ရပါတယ်ဗျာ"
ပြုံးလျက်အခန်းထဲဝင်လာသည့်အတွင်း ရေးမှူးKim၏မျက်နှာမှာချိုနေပါသော်လည်း မျက်လုံးတွေကချိုမနေ။
Bossကိုတချက်ချက်ကြည့်လိုက်သည့်မျက်ဝန်းများသည်ဓားအစင်းစင်းပစ်ခွင်းလိုက်သည့်နှယ်ရှိလှသည်။
"သွားစမ်းပါ မင်းfictionဌာနဘေးနားက comic ကအဖွဲ့မှူး Juda Kim ကိုချိန်နေတာမလား ?"
"Boss ပေါက်တတ်ကရတွေမပြောနဲ့"
အတွင်းရေးမှူး Kim Jong Daeမှာ မျက်နှာအောင့်သက်သက်နှင့်ငြင်းလိုက်ပါသော်လည်း Baek Hyunကတော့ လူပျိုကြီး၏အချစ်ရေးကိုစိတ်ဝင်စားသွားသည်။
comicဌာနက အဖွဲ့မှူး Kim Juda က အခုခေတ်
အခေါ်အရ ထက်မြက်သည့်မိန်းမပေါ့လေ။ ယောကျ်ားလေးတွေကြိုက်လောက်သည့်ပုံစံပေမဲ့ Baek Hyunကတော့ Jong Daeကြွေနေသည်မှာသူလို့မထင်။
"ဒါပေမဲ့ ဒီနေ့ ဆရာKim Min Seokက ခွင့်ယူထားတယ်ထင်တယ် "
"ဟုတ်တယ်လေ Baek Hyun ssiရဲ့ ကျွန်တော်
မနေ့ကသွားတွေ့တော့ပြောသွားတယ် ။ "
Baek Hyun၏ပစ္စည်းများကိုမယူပြီး Fiction ဌာနကိုသွားတော့မည့် အတွင်းရေးမှူးက Bossကိုမော့ကြည့်လို့ နှာခေါင်းရှုံ့ပြသွားသေးသည်။ တိုးတိုးတိတ်တိတ်ပြောသွားသေးသည်က
"အဲ့Bossဘာမှလဲမသိပဲ" နဲ့တဲ့
"Kim Min Seok ? Devils from Heaven
manhwa ဆွဲတဲ့ ဆရာ Kim Min Seok?"
"အင်းလေ Hyungက အတွင်းရေးမှူးKim
Comicဌာနကိုသွားတာ အဖွဲ့မှူးJuda Kim ကြောင့်ထင်နေတာလား ? မဆိုးပါဘူး Kimတော့တူပါတယ်"
အလွဲကြီးလွဲပါသောကြောင့် အောင့်သက်သက်ဖြစ်သွားသည့် ချစ်ရသူ၏မျက်နှာကို Baek Hyunမှာ တိတ်တိတ်လေးခိုးရယ်ပြီး လက်မောင်းကိုဆွဲလို့ ကော်ဖီဆိုင်ကိုခေါ်သွားလိုက်သည်။
"Iced Americano ရယ် Iced Vanilla Latte
ရယ် Honey toastရယ်ပေး"
အချိုတွေမျိုးစုံစားသည့် Baek Hyunသည်
Chan Yeolကို အမေရိကာနိုတခွက်တိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်ထိုင်နေသည့် နားသို့အမျိုးသမီးတယောက်ရောက်လာပါပြီး ထိုအမျိူးသမီးကဝင်မထိုင်ခင်မှာပဲ Chan Yeol ၏လက်မောင်းကိုဖြတ်ကနဲအားဖြင့်ရိုက်ချလိုက်လေသည်။
"ယားး Kim Se Yeon"
"အယ် Kristina Kim ??"
တမြန်နေ့က အယ်ဒီတာချုပ်Oh Se Hun ကိုပိုင်ပိုင်နိုင်နိုင်ဖက်ပြီး စာပေတိုက်အတွင်းပွဲဆူသွားအောင်လုပ်သည့် Kristina Kimသည် Chan Yeol၏မိတ်ဆက်ပေးမှုအရ သူတို့တက္ကသိုလ်တုန်းကသူငယ်ချင်းဟုသိရသည်။ နောက် Oh Se Hun၏ ငယ်ကျွမ်းဆွေဟုသိရပြန်သည်။
ယခုသူမက Chan Yeolလက်မောင်းကိုဖြတ်ရိုက်ချပြီးBaek Hyunကိုပြုံးချိုစွာစိုက်ကြည့်သည်။
"Baek Hyuneeကချစ်စရာလေး PCYနဲ့တောင်
မတန်ဘူး"
"ဘာBaek Hyuneeလဲ အသုံးအနှုန်းပြင်စမ်း ဂလန်ဂလားမ"
"သေချင်လို့ နင်"
သူငယ်ချင်းနှစ်ယောက်၏ကလေးဆန်မှုကိုကြည့်ပြီးBaek Hyunကတော့ရယ်နေသည်။ အရင်က ငယ်ကျွမ်းဆွေခဲ့ပေမဲ့ ယခုKristina Kim ကတော့ Oh Se Hunနှင့် Lu Hanတို့၏ အုံ့ပုန်းဇာတ်လမ်းကို ပွင့်ထွက်သွားအောင်လုပ်ပေးမည့် Baek Hyunတို့တတွေစီစဉ်ထားသော ဇာတ် ကောင်လေးဖြစ်သည်။
စီစဉ်ထားသည့်ဇာတ်လမ်းကိုအင်တိုက်အားတိုက်နှင့်Chan Yeolကရှင်းပြနေသည်။ Baek Hyun
တယောက်ကသာ Honey Toastကိုစားလိုက် Latteသောက်လိုက်နှင့်ဇိမ်ကျလျက်ရှိသည်။
အစားအသောက်နှင့်မွေ့ပျော်နေသောသူ့ကလေးလေးကိုChan Yeolမှာ တချက်တချက် ပြုံးလို့လှည့်ကြည့်ရသေးသည်။ Baek Hyunne ကတော့ မုန့်တွေထပ်မှာစားပြီး နာရီဝက်လောက်နေကြာမှ
"Hyung ကျနော်ဒီနေ့အိမ်ပြန်နည်းနည်းနောက် ကျမယ်နော် သင်တန်းတခုအပ်ထားတာ ဒီနေ့စတက်ရမှာ"
"ဘာသင်တန်းလဲ babe"
"မပြောပါဘူး"
Baek Hyunက Chan Yeolအသည်းယားလောက်အောင် နှာခေါင်းလေးရှုံ့ကာဖြေပြလိုက်သည့်နောက်Kristinaကပါ နှာခေါင်းသွေးလျှံသွားသည်။
ထို့နောက်နားချိန်ပြည့်ပြီဆိုကာ Baek Hyunက မုန့်တွေလက်စသတ်စားပြီး ဌာနသို့ပြန်သွားပါသည်။
Baek Hyun တက်ဖို့စာရင်းပေးထားတာက ရိုးရာအစားအသောက်ချက်ပြုတ်သင်တန်းဖြစ်သည်။
Chan Yeolပြောဖူးသည့် သူအကြိုက်ဆုံးစားစရာကမေမေချက်ပေးသည့်ရိုးရာအစားအစာတွေဖြစ်သည်ဟုဆိုဖူးသည့်အတွက် Baek Hyunက နာမည်ကြီးလှသည့်ထိုသင်တန်းကိုမရရအောင်လိုက်အပ်ထားရခြင်းဖြစ်ပါသည်။
သင်တန်းကိုရောက်တော့ ယောကျ်ားလေးဆို၍ Baek Hyunတယောက်တည်းသာရှိသည်။ ရွယ်တူမိန်းကလေးလဲသိပ်မတွေ့ရပါပဲ အသက်ကြီးကြီးအမျိုးသမီးတွေသာရှိပြီး ထိုသူများကသင်တန်းလာတက်သည့်Baek Hyunကိုစိတ်ဝင်စားနေကြသည်။
"တူလေးကအချက်အပြုတ်ဝါသနာပါလို့လား ?"
"ဟုတ် ကျွန်တော့်ချစ်သူက ရိုးရာအစားအစာကြိုက်တတ်လို့လေ"
ပြုံးရယ်လျက်ဖြေသည့်Baek Hyunကို အဒေါ်ကြီးတွေကသဘောကျသွားကြသည်။ Baek Hyunကိုရထားသည့် မိန်းကလေးကတော့ ကံကောင်းလွန်းပါသည်ဟု ဝိုင်းဝန်းချီးကျူးကြပါသော်လည်း Baek Hyunပြုံးလျက်သာနေနေမိသည်။
နာမည်ကြီးသင်တန်းတခုဖြစ်သည့်အလျောက် သင်တန်းကBaek Hyunအပါအဝင်ငါးယောက်လောက်သာရှိ၏။ အေပရွန်ကိုသေချာဝတ်ဆင်ပြီး ဆရာမကြီးအလာကိုစောင့်နေရင်းနှင့်ပင် Baek Hyunရင်တွေ တထိတ်ထိတ်ခုန်ရသည်။
အခန်း၏အရှေ့ဘက် အလယ်တည့်တည့်တွင်
ဆရာမကြီး ကိုယ်တိုင်ချက်ပြမည့် မီးဖိုချောင်အသေးစားရှိပြီး နံရံကဖြန့်ချထားသည့်စာလိပ်ရှည်မှာတော့ သင်ကြားပေးမည့် ဟင်းလျာအမည်ကိုရေးထားသည်။
"ဆရာမကြီး လာပါပြီရှင့်"
ရိုးရာဝတ်စုံဝတ်ထားသည့်အမျိူးသမီးငယ်လေးတယောက်လာပြောသည့်အခါ တခြားသူတွေတော့မသိ Baek Hyunကတော့ တုံ့ကနဲဖြစ်သွားသည်။
အခန်းထဲလှမ်းလာသည့် ခြေသံမှန်မှန်ကိုကြားရချိန်တိုင်းမှာ Baek Hyunနှလုံးခုန်သံတွေမမှန်ချင်တော့။
"အားလုံးပဲ မင်္ဂလာပါ Lee Mi Youngပါ"
Baek Hyunသည် နှစ်ခုံကျော် ဒုတိယတန်းမှာ
နေရာယူထားသည့်အတွက် ဆရာမကြီးစားပွဲကနေကြည့်လျှင် ရှင်းရှင်းလင်းလင်းမြင်ရသည့်အကွာအဝေးမှာရှိသည်။
ထင်သည့်အတိုင်းပင် Baek Hyun မျက်နှာမော့
လိုက်သည်နှင့် ဆရာမကြီး တနည်းအားဖြင့် Chan Yeol မိခင် Mrs.Parkနှင့်မျက်လုံးချင်းဆုံမိတော့သည်။
တချက်လေးတောင်ပြုံးမပြပဲ Chan Yeolမိခင်သည်Baek Hyunကိုမြင်သောအခါ အေးစက်သွားခဲ့ပါသည်။
ပြဿနာမရှိ၊ အထွေအထူးခံစားမနေ။
Mrs.Park အနားမှာနေရဖို့က Baek Hyun ဒီ
သင်တန်းကိုရွေးချယ်ခဲ့သည့် ဒုတိယအကြောင်းအရင်းဖြစ်သည်။
"တအိမ်လုံးမှာ အမေဖြစ်သူရဲ့စကားကအတည်ဆုံးဆိုတော့လဲ "
Baek Hyunကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပြလိုက်မိပါသည်။
•We Are In A Relationship•
တပတ်မှာသုံးရက် ရိုးရာဟင်းချက်သင်တန်းကို Baek Hyunတက်သည်။
အခြေခံပင်မရှိသည့် Baek Hyunက ခဏခဏဓားရှသည်။အပူလောင်သည်။စားစရာတွေကိုဖျက်ဆီးပစ်သည်။
ယောက္ခမလောင်းဆီမှာ မျက်နှာမရပဲ ခြေ ထောက်ရနေပါသော်လည်း တတန်းတည်းတက်သည့်အဒေါ်ကြီးတွေကတော့ Baek Hyuneeကို သိပ်ဇွဲရှိတဲ့ကလေးဟု ချီးကျူးသဘောကျနေကြ၏။
ဘာပဲပြောပြော Baek Hyunကတော့ နှစ်ပတ်လောက်နီးပါးသင်လိုက်ရသည့် ဖက်ထုပ်ပြုတ်ကို ကျွမ်းကျင်အဆင့်ဖြစ်သွားရပြီ။
ယနေ့က စနေနေ့ဖြစ်သော်လည်း Park Chan Yeol Bossကစာပေတိုက်သို့သွားရသည်။ Baek Hyun တယောက် တမနက်လုံးပျင်းတွဲတွဲနေနေရာမှသူ၏တခုတည်းသောဟင်းချက်စွမ်းရည်ကိုကိုကို့ကိုပြဖို့အကြံရလေသည်။
အိမ်နားက Mart မှာ Shoppingထွက်ပြီး နေ့လည်ပိုင်းအချိန်တော်တော်များများကိုမီးဖိုခန်းထဲမှာဖြုန်းလိုက်သည်။
ဟင်းချက်ခြင်းသာမကမီးဖိုထိန်းသိမ်းခြင်းပါသင်ပေးသည့်ယောက္ခမလောင်း၏ပညာတွေကြောင့် ဖက်ထုပ်လုပ်ခြင်းအမှုပြီးစီးသွားသည့်တိုင် Baek Hyun၏မီးဖိုချောင်မှာသန့်သန့်ရှင်းရှင်းကျန်ရစ်ခဲ့လေသည်။
"Hyung ပြန်လာတော့မှာလား "
မပြုတ်ရသေးသည့်ဖက်ထုပ်လေးများကို ဗန်းထဲစီစီရီရီထည့်နေရင်း Baek Hyunက Chan Yeolဆီဖုန်းဆက်သည်။
"ပြန်လာတော့မှာ ချစ်လေးကိုလွမ်းလို့"
"ခင်ဗျားဘေးမှာလူမရှိဘူးလား အဲ့လိုစကားတွေပြောနေတာမရှက်ဘူးလား"
"Jong Daeရှိသားပဲ ။ မရှက်ပါဘူးနော်"
Baek Hyunကတော့ ပြောမရဆိုမရသည့်ရည်းစား ကြောင့် ခေါင်းခါလျက်ရယ်ပါသော် လည်း ပါးလေးနှစ်ဖက်ကတော့ရဲရဲစွေးနေသည်။
မြန်မြန်ပြန်လာဖို့မှာကာ ဖုန်းချလိုက်ပြီးနောက် Baek Hyunမှာရေချိူးရန်ပြင်ရသည်။ မနက်ကခေါင်းတခါလျှော်ပြီး၍ ထပ်လျှော်မနေတော့ပဲ ရေကိုခပ်သွက်သွက်ချိုးကာ ဖက်ထုပ်လေးတွေကိုပြုတ်ဖို့ မီးဖိုခန်းထဲပြေးရပြန်သည်။
ဟင်းချိုရည်လုပ်ဖို့အတွက် ကြက်အရိုး၊ အမဲသားသုံးလို့ရပါသော်လည်း Baek Hyunက ငါးပါးနီခြောက်ကိုရွေးသည်။ ယောက္ခမလောင်းက - အိမ်ကသားဆိုငါးပါးနီဟင်းချိုကိုပိုကြိုက်တယ် ခံတွင်းရှင်းလို့တဲ့- ဟုသင်ပေးတုန်းကဆိုထားဖူးတယ်လေ။
Baek Hyunတယောက်ကတော့ ယောက္ခမစကားမြေဝယ်မကျနားထောင်ကာ ဟင်းချိုရည်ကိုတည်တော့သည်။ မိနစ်နှစ်ဆယ်လောက်အကြာမှာ ဖက်ထုပ်ပြုတ်တပန်းကန်ရလာတော့မည်ဖြစ်သောကြောင့် Baek Hyunက မီးကိုပိတ်လိုက်ကာ ပန်းကန်စင်ပေါ်က ကြွေပန်း ကန်နှစ်လုံးကိုယူချလာသည်။
သစ်သားဗန်းပေါ်မှာ အောက်ခံပန်းကန်ပြားထက်ပန်းကန်လုံးကိုချထားရင်း ပြင်ဆင်နေသည့် Baek Hyunသည် သူ၏နောက်ကိုချဉ်းကပ်လာသည့် Chan Yeolခြေသံအားသတိမထားမိလိုက်။
"သဲလေး……"
ရုတ်တရတ်ကြီးခါးနားကနေပွေ့ချီခံလိုက်ရကာ လူကလေပေါ်မြှောက်တက်သွားရပါသော်လည်း Chan Yeolဆိုတာသိနေသည့်အတွက် Baek Hyunလန့်သွားခြင်းမရှိပဲ ရယ်မောနေခဲ့သည်။
နက်ကတိုင်ပြေလျော့လျော့နှင့်Chan Yeolပုံစံက နွမ်းနယ်နေပါသော်လည်း Baek Hyunကိုပြုံးပြလာသည့် မျက်နှာကတော့ချိုမြနေဆဲ။
လွမ်းနေပါတယ်ဆိုသည့် ကိုကိုသည် Baek Hyun၏ခေါင်းလုံးလုံးလေးကို တဝကြီးမွှေးကြူပစ်လိုက်သည်။
"ဟာ ညစ်ပတ်အိုးကွာ ခေါင်းလဲမလျှော်ထားဘူး"
"ဘာဖြစ်လဲ မရဘူး နမ်း……နမ်း"
အတင်းကိုခေါင်းငုံ့ကာ Chan Yeol နှာခေါင်းနား ခေါင်းထိုးပေးလာသည့် အသဲလေးကြောင့် အသည်းတယားယားဖြစ်ရသေးသည်။ Chan Yeolမှာ အတောမသတ်အောင်ရယ်မောမိရပါပြီး မျက်နှာလေးကိုအုပ်ကိုင်လို့ခေါင်းနံနံလေးအား တဝကြီးထပ်မွှေးကြူရလေသည်။
"ငါးခြောက်နံ့နဲ့အသဲလေး "
Baek Hyunမှာ မကြည်ကြည့်ဖြင့် Chan Yeol ကိုကြည့်ကာ တွန်းဖယ်ထွက်သွားပြီး ဖက်ထုပ်ပြုတ်နှစ်ပန်းကန်ထည့်ထားသည့်ဗန်းကိုမယူလာသည်။
တအံ့တသြဖြင့် Chan Yeolကတော့ ထမင်းစားပွဲမှာဝင်ထိုင်လိုက်ပြီးမှ Baek Hyunကိုကြည့်သည်။
"သဲ ဒါက???"
"စားကြည့် ပြီးရင်ကောင်းတယ်ပြောပေး"
မျက်လုံးလေးတွေကိုမှေးလို့ ပြုံးကာပြောရင်း ချစ်ရသူလေးကတောင်းဆိုလာသည်။ Chan Yeolသည်ကား စားပွဲပေါ်က ဖက်ထုပ်ပြုတ်ပန်းကန်ကိုကြည့်ပြီးကြည်ကြည်နူးနူးနဲ့ကိုပြုံးသည်။
ထိရက်စရာမရှိသည့်ဟင်းပွဲလေးကို ဓာတ်ပုံရိုက်ယူပြီးChan Yeolမှာ Oh Se Hunကိုလှမ်းကြွားရသေးသည်။
များမကြာလိုက် စာပေတိုက်မှာ အချိန်ပိုခေါင်းစဉ်ဖြင့်သောင်တင်နေသည့် အယ်ဒီတာချုပ်ဆီက ပြန်စာရောက်လာသည်။
- 🖕🖕🖕
Chan Yeolမှာ ခွက်ထိုးခွက်လန်ရယ်ပြီးကာမှ
သူ့သဲတုန်လေး၏ ပါးတဖက်ကို မချင့်မရဲဖျစ်လိုက်ပြီးကျေးဇူးစကားဆိုသည်။ ထို့နောက် ဖက်ထုပ်ပြုတ်ကိုစစားလေသည်။
"wow သဲ ??"
"ကောင်းတယ်ပဲပြော "
"အင်းကောင်းတယ် တကယ်ကောင်းတယ်
မေမေ့လက်ရာနဲ့တူတယ် မယုံနိုင်စရာပဲ"
နောက်ဆုံးစကားမှာ တိုးတိတ်ကျသွားသည့် Chan  Yeolကြောင့် Baek Hyun စိတ်မကောင်းဖြစ်သွားရသည်။ ဘယ်လောက်ပြတ်ပါသည်ဆိုဆို မိဘနဲ့သားသမီးဆိုတာ ခွဲလို့ရတာမှမဟုတ်တာ။
Chan Yeolကတော့ တပန်းကန်လုံးကိုကုန်အောင်
စားပြီး တလုတ်စားပြီးတိုင်းBaek Hyunကို လက်မထောင်ပြဖို့မမေ့။
"Hyung.…"
"ပြော Hyunee"
"ကျနော်တို့ကြိုးစားကြမယ်နော် Hyunee
ကိုယုံတယ်မလား"
ပြုံးလျက်ဆိုနေသည့် Baek Hyun၏ပါးတဖက်ကိုအသာထွေးပွေ့ယူရင်း Chan Yeolကခေါင်းငြိမ့်ပြသည်။
ဖွင့်မပြောဖြစ်တဲ့ပြဿနာတွေပေမဲ့ သူတို့မှာ လက်တွဲဖြေရှင်းရမည်ဆိုသော တူညီသည့်စိတ်လေးရှိနေပါသည်ဟု Baek Hyun ထင်ပါသည်လေ။
To Be ConTinued……………
Continue Reading
You'll Also Like
103K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
326K 76.2K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
9.1K 2.1K 39
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
141K 11K 60
ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jugkook >Top Taehyung>Bottom