Dark Angel

By akyinnamon

415K 48.6K 2.7K

(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒ... More

အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13 (U & Z)
Part 14 (U&Z)
Part 15 (U&Z)
Part 16 (U&Z)
Part 17 (U&Z)
Part 18 (U&Z)
Part 19 (U&Z)
Part 20 (U&Z)
Part 21 (U&Z)
Part 22 (U&Z)
Part 23 (U&Z)
Part 24 (U&Z)
Part 25 (U&Z)
Part 26 (U&Z)
Part 28 (U&Z)
Part 29 (U&Z)
Part 30 (U&Z)
Part 31 (U&Z)
Part 32 (U&Z)
Part 33 (U&Z)
Part 34 (U&Z)
ဇာတ်သိမ်းပိုင်း
Thankyou
Teaser
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 1 (Zawgyi)
Extra 2 (Zawgyi)
Extra 3 (Zawgyi)
A/N

Part 27 (U&Z)

7.6K 1.1K 92
By akyinnamon

သစ်သားတိုင်ကို မြေကြီးထဲသို့ စိုက်၀င်အောင် ထုရိုက်သံသည် တစ်ချက်တစ်ချက် ထွက်ပေါ်နေသည်။ ချွေးစို့နေသော ကျောပြင်မှ ကြွက်သားစိုင်များသည် သစ်သားတိုင်ကို ထုရိုက်နေသည့် သစ်လုံးကြီးကို မယူလိုက်တိုင်း ကျစ်လျစ်ကျဥ်းမြောင်းသွားသည်။ နေလောင်ထားသော အသားအရေသည် ကြေးနီရောင်တောက်နေသည်။ လိပ်ခွေနေသော ဆံပင်နက်များသည် ချွေးများဖြင့် စိုရွှဲနေသည်။

"ဒန်နရယ်.. ငါပြောနေတယ်.. မင်း ဘေးဖယ်နေ.."

"ကျွန်တော် ဘာလုပ်နေလို့လဲ။"

"အေး.. ဘာမှမလုပ်နဲ့။ လုပ်လို့ကတော့ မင်း သေမယ်။"

"ဟာဗျာ.. ဘာတစ်ခုမှ မလုပ်ရသေးဘဲ အလကားဟောက်ခံနေရပါလား။"

"မင်း မလုပ်ပေမယ့် စိတ်ကူးနေတယ် မဟုတ်လား။"

"ခင်ဗျားကို မပင်ပန်းစေချင်လို့လေ။ ချစ်လို့စိတ်ပူတာကို မရဘူးလား။"

ဖရက်ဒီ အပြုံးနှင့်လှည့်ကြည့်သည်။ နေလောင်ထားသည့် နှာခေါင်းထိပ်သည် ခပ်ရဲရဲဖြစ်နေသည်။

"မင်း ငါ့ကိုတကယ်မချစ်ပါဘူး။"

"ဟာ.. ဒီကိစ္စမပြီးသေးဘူးလား။"

စမ်းချောင်းငယ်ဘေးတွင် ထိုင်နေသည့် ဒန်နရယ်သည် လက်နှစ်ဖက်ကို နောက်ပစ်ရင်း ရယ်လိုက်သည်။ ဖရက်ဒီသည် စမ်းချောင်းငယ်ကို ကူးဖြတ်သည့်တံတားကို ကိုယ်တိုင်ဆောက်ချင်သည်ဆိုကာ ဆောက်နေခဲ့သည်မှာ ရက်ပေါင်းကြာလှပြီဖြစ်သည်။ ဘာမှ၀င်မကူရဆိုသည့် အမိန့်ကိုနာခံကာ ဒန်နရယ်သည် ဘေးတွင် ငုတ်တုတ်သာ ထိုင်နေရသည်။ လူတစ်ကိုယ်စာရှိသည့် သစ်ပင်ကြီးများကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ခုတ်သည်။ သစ်ကိုင်းများကို နေ့ရက်များစွာ ကြာသည်အထိ စိတ်ရှည်လက်ရှည် ချိုင်သည်။ ပင်ပင်ပန်းပန်း နေရာရွှေ့သည်။

မည်သည့်အစွမ်းမှမသုံးဘဲ သာမာန်လူတစ်ယောက်လို ကူညီပေးပါမည်ဆိုတာကိုပင် လက်မခံ။ ဒန်နရယ်ထင်ထားသည်မှာ သူတို့နှစ်ယောက်ထဲတွင် ခေါင်းမာသူမှာ မိမိဖြစ်သည်။ တံတားဆောက်သည့်ကိစ္စမှာတော့ ဖရက်ဒီသည် ဘယ်လိုမှချော့ပြောခြောက်ပြောလို့မရအောင် ခေါင်းမာနေသည်။ ထို့အပြင် မင်း ငါ့ကိုတကယ်မချစ်ပါဘူးဆိုသည့် ပြဿနာကလည်း မသေး။ တစ်နေ့တစ်နေ့ ဖြေရှင်းဖို့ခက်နေရသည်။ ဖရက်ဒီ့ကို ပိုပြီး ဂရုစိုက်သည်။ ပိုပြီးချစ်ခင်ကြင်နာသည်။ မအောင်မြင်။ အခုနောက်ပိုင်း ဒီစကားသည် ဖရက်ဒီ၏ လက်သုံးစကားဖြစ်နေသည်။ နာနာကြည်းကြည်း ပြောနေခြင်းမျိုးမဟုတ်တော့လည်း နားလည်ရခက်ပြန်သည်။

"ဖရက်..နားဦးဗျာ။ မပင်ပန်းသေးဘူးလား။"

"အေး.. မောတယ်ကွ။ ဟား ဟား"

အေးမြသော ရေကြည်ကို အငမ်းမရ ခပ်သောက်နေသည့် ချစ်ရသူကိုကြည့်ရင်း သူပါမောရသည်။ ချွေးတွေတစ်ကိုယ်လုံးစိုရွှဲနေသည်မှာ ဖျားဦးမည်လားဟု စိတ်ပူရသည်။ ဖရက်ဒီကတော့ သူ့အတွေးကို ရိပ်မိဟန်မတူ။ စမ်းရေစက်များဖြင့် လှမ်းပက်ရင်း ရယ်နေသည်။ ခန့်ညားသောနှုတ်ခမ်းများမှ အပြုံးလှလှသည် စွဲမက်စရာကောင်းသည်ထက်ပိုသည်။ ရိပ်ခနဲထင်သွားသော နှစ်ထပ်ပါးချိုင့်လေးကြောင့် ရင်ခုန်နှုန်းမြန်လာစေသည်။

"ဖရက်.. ကျွန်တော် ခင်ဗျားကိုချစ်တယ်။"

"မဟုတ်ပါဘူး။"

"တကယ်ပါ ဖရက်ရာ။ ကျိန်ပြောရမှာလား။"

"ဘယ်နတ်ဘုရားကို တိုင်တည်ပြီး ကျိန်မှာလဲ။"

ခပ်သွယ်သွယ် မေးစေ့ကို ကိုင်လှုပ်ရင်း မေးသည်။ အကြည့်ချင်းဆုံချိန်တိုင်းမှာ အပြုံးများသည် အလိုအလျောက် ဖြစ်ပေါ်လာတတ်သည်မှာ မထူးဆန်းပါ။

"ခင်ဗျားကိုလေ။ ခင်ဗျားက ကျွန်တော့်ရဲ့ ကိုးကွယ်ရာပဲဟာ.."

ဖရက်ဒီ၏ မျက်နှာမှအပြုံးသည် ပျောက်ကွယ်သွားသည်။

"အဲ့ဒါ့ကြောင့် မင်း ငါ့ကိုတကယ်မချစ်ဘူးလို့ပြောတာ ကောင်လေးရ။ ဘာလို့လဲ။ ငါကဘာလို့ မင်းရဲ့ ကိုးကွယ်ရာ ဖြစ်ရမှာလဲ။ ငါ မင်းရဲ့ကိုးကွယ်ရာ မဖြစ်ချင်ဘူး။"

"ဖရက်ရာ.. ပြောရခက်လိုက်တာ။ ခင်ဗျားဘာတွေတွေးနေလဲ ကျွန်တော် တကယ်နားမလည်ဘူး။"

လှိုက်ခနဲခံစားလိုက်ရသည့် ၀မ်းနည်းမှုများသည် ပြင်းထန်သော လက်သီးချက်လိုပင်။ ချစ်ရသူ ယုံကြည်အောင် မည်သည့်အရာနှင့်မဆို သက်သေပြဖို့ အဆင်သင့်ဖြစ်နေ၍လည်း မိမိကိုယ်ကို သံသယမရှိ။ သူ့အတွက် ဖရက်ဒီသည် ပထမဆုံးနှင့် အချစ်ရဆုံး ချစ်သူတစ်ယောက်။

သူတို့နှစ်ယောက်ထိုင်နေသည့်နေရာနားရှိ သစ်ပင်ကြီး၏ သစ်ကိုင်းများမှ လေမြစ်များသည် မြေပြင်ထိ ရှည်မျောမျော ကျရောက်နေသည်။ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် သစ်ပင်ကြီးသည် မြေပြင်ထက်တွင် နေရာချဲ့ရန် စေတမန်များ စေလွှတ်နေသလိုပင်။ ထိုသစ်မြစ်များကို တွယ်ကပ်ပေါက်နေသည့် နွယ်ပင်မှ အပြာနှင့်ခရမ်းရောင် ခေါင်းလောင်းပန်းလေးကို ဖရက်ဒီကိုင်ကြည့်သည်။ မခူးပါ။ လက်ဖျားနှင့်ထိရုံကိုင်ကြည့်ပြီး ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက် ဒန်နရယ်၏ လက်ဖ၀ါးများကို ဆုပ်ကိုင်သည်။

"ငါ့ကိုတကယ်ချစ်နိုင်ဖို့ဆိုတာ မင်းကိုယ်မင်း မမုန်းတော့မှ ဖြစ်နိုင်လိမ့်မယ်။"

ဖရက်ဒီ့၏လက်များသည် အေးနေသည်။ ရှရာများနှင့် ပြည့်နေသည့် လက်ကြမ်းကြမ်းသည် ကြင်နာမှုဖြင့် နူးညံ့နေသည်။

"ငါ့ကြောင့် မင်းကိုယ်မင်း ခွင့်မလွှတ်သေးဘူး မဟုတ်လား ဒန်နရယ်။"

ဒန်နရယ် ဖရက်ဒီ့ကိုလှည့်အကြည့် သူ့ကိုငေးကြည့်နေသည့် မျက်လုံးညိုများကို ရင်ဆိုင်လိုက်ရသည်။

"ငါ သိတယ်။ ငါ ခံစားလို့ရတယ်။ ငါနဲ့ပတ်သက်ပြီး ကြုံခဲ့ရသမျှအတွက် မင်းကိုယ်မင်း အပြစ်တင်နေတယ်။ ငါ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့အတွက်၊ ငါ့ရဲ့အချစ်တွေကို နားမလည်ခဲ့တဲ့အတွက်၊ ငါ့ရဲ့တန်ခိုးတွေကို မင်းက ပိုင်ဆိုင်ရပြီး ငါကတော့ လူသားတစ်ယောက်ဖြစ်နေတဲ့အတွက် မင်းကိုယ်မင်း ခွင့်မလွှတ်နိုင်အောင် ဖြစ်နေတယ်။ ဟုတ်တယ်မဟုတ်လား ကောင်လေး။"

"ဒါကတော့ဗျာ.."

သွေးထွက်အောင် မှန်နေသော စကားများဖြစ်သောကြောင့် ဒန်နရယ် ငြင်းပိုင်ခွင့်မရှိ။ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့သည်မှာ ကြာခဲ့ပြီ။ အဖြစ်မှန်တွေကို နားလည်ရချိန်ထက် ဖရက်ဒီ၏အစွမ်းများ ရယူခဲ့ချိန်မှာ ထပ်တူခံစားခဲ့ရသည့် ခံစားချက်များသည် ပျောက်ကင်းဖို့ရန် ခက်လွန်းသည့် ဒဏ်ရာများဖြစ်ခဲ့သည်။ ချစ်ရသူကို လေးစားမိသလောက် မိမိကိုယ်ကို မုန်းတီးမိသည့် ခံစားချက်လောက် ခံရခက်သည့် ခံစားချက်မျိုး ရှိမည်မထင်။

"မင်းအတွက် မင်း ဘယ်တော့မှ မစဥ်းစားဘူး။ လောကရဲ့ အဆိုးအကောင်းမှန်သမျှကို မင်းမှာ တာ၀န်ရှိနေသလို မင်း ခံယူထားတယ်။ မင်းရဲ့အစွမ်းတွေကို မင်းကိုယ်တိုင် ထိခိုက်နိုင်လောက်အောင် မင်း သုံးတယ်။ ကောင်းဖို့အတွက်ပဲလို့ ငါ့ကိုအကြောင်းမပြနဲ့ ဒန်နရယ်။ ငါသိတယ်။ ကောင်းဖို့အတွက်ပဲ။ ဒါပေမဲ့ မင်းမှာလည်း ခံနိုင်ရည်ဆိုတာရှိတယ်။ အနားယူချိန်ဆိုတာ လိုတယ်။ မင်း စိတ်သက်သာရာရဖို့ လိုအပ်တာတွေရှိတယ်။ မင်း ငါနဲ့ ရှိနေရင် စိတ်ချမ်းသာတယ် မဟုတ်လား။"

ဒန်နရယ် ခေါင်းညိတ်သည်။ သူ့အတွက် ဖရက်ဒီ့နားမှာ ရှိနေရချိန်တိုင်းသည် စိတ်ကြည်နူးစရာ အပြည့်ဖြစ်သည်။ ပျော်ရွှင်စရာအတိဖြစ်သည်။ ငြင်းစရာမလိုသည့် အမှန်တရားများပင်။

"ဒါပေမဲ့ မင်းဘ၀မှာ တာ၀န်ကိုဦးစားပေးနေတယ် မဟုတ်လား။ ငါ့ရဲ့အစွမ်းတွေကို ယူထားလို့ ငါ့ကိုယ်စား တာ၀န်ကျေရမယ်လို့ မင်းတွေးပြီး အပင်ပန်းခံ လုပ်နေတယ် မဟုတ်လား ကောင်လေး။ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါ့နားမှာ အချိန်များများနေပါလား ဒန်နရယ်။ လောကကြီးတစ်ခုလုံးကို မင်းတာ၀န်ယူနေပေမယ့် မင်းနေချင်နေတဲ့နေရာမှာလည်း နေခွင့်ရှိတာပဲ။"

နဖူးပေါ်၀ဲကျနေသည့် ချစ်ရသူ၏ ဆံပင်လိပ်ကို ဒန်နရယ် အသာအယာသပ်တင်ပေးလိုက်သည်။ နားထင်စပ်မှ ချွေးစက်များကို ၀တ်ရုံအနားစဖြင့် ဖိသုတ်ဖြစ်သည်။ ရုတ်တရက် ငိုချင်လာသလို ၀မ်းနည်းလာသည်။ သူ အမှန်ပင် ဖရက်ဒီ့နားမှာ အချိန်တိုင်း ရှိချင်သည်။ ဖရက်ဒီ့ကိုမြင်တိုင်း မိမိကိုယ်ကို မုန်းနေမိသည့် ခံစားချက်ခါးခါးကို ပျောက်စေချင်သည်။ ချစ်ရသူသည် မင်းငါ့ကိုတကယ်မချစ်ပါဘူးဟု အကြိမ်ကြိမ်ပြောနေပေမယ့် သူ့ကိုပိုချစ်ဖို့ ဆိုလိုနေခြင်းမဟုတ်။ မိမိကိုသာ စိတ်ချမ်းသာစေလိုခြင်းပင်။ သူချစ်ရသည့် ဖရက်ဒီသည် သူ့ကို ဒီလောက်တောင်ချစ်သည်ပဲဖြစ်သည်။

"ကျွန်တော်ကြိုးစားပါ့မယ် ဖရက်ရာ။ ကျွန်တော့်ကိုယ်ကျွန်တော် မမုန်းအောင် ကြိုးစားပါ့မယ်။"

"ငါ မင်းကိုသိပ်ချစ်တယ်။ ဒါပေမဲ့ မင်းကို ပေးခဲ့တဲ့တာ၀န်တွေဟာ မင်းအတွက်တကယ့်၀န်ထုပ်၀န်ပိုးတွေပဲ။ လောကသားအားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ငါ ဆုံးဖြတ်ခဲ့ပေမယ့် မင်းအတွက် ဘယ်လောက်တောင် ခက်ခဲလိမ့်မလဲဆိုတာ ငါ မတွေးမိတဲ့နေ့ မရှိဘူး။ တစ်နေ့နေ့ကျရင်.. မင်းကိုငါ တစ်ယောက်တည်း ထားခဲ့ရဦးမှာ။"

တစ်နေ့နေ့ကျရင်.. ဆိုသည့်စကားကြောင့် ဆောက်လက်စ တံတားငယ်၏ သစ်လုံးတိုင်များကို ဒန်နရယ် လှမ်းကြည့်ဖြစ်သည်။ ဖရက်ဒီသည် ဒီတံတားငယ်ကို သူ့အတွက် ဆောက်ပေးနေခဲ့သည်ကို နားလည်ရတော့ ရင်ထဲမှာ လှိုက်တက်ဆို့နစ်လာသည်။ ယခုအချိန်မှာ ဒန်နရယ်သည် နတ်ဘုရားတစ်ပါးဖြစ်သည်။ မြေပြင်နှင့် ခြေဖ၀ါးများ ထိစရာပင်မလိုဘဲ ဒီစမ်းချောင်းငယ်ကို ဖြတ်ကူးနိုင်သည်။ သို့ပေမယ့် ဖရက်ဒီသည် သူ့ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြနိုင်ရန် အပင်ပန်းခံ ဆောက်လုပ်နေခြင်းပင်။ တံတားငယ်ပေါ်မှ ဖြတ်လျှောက်ချိန်တိုင်း၊ တံတားငယ်ကို မြင်ရချိန်တိုင်း သူ့ကို ချစ်ခဲ့သူတစ်ယောက်ရှိခဲ့ကြောင်း သတိရစေချင်ပါလိမ့်မည်။ သူ့ကို ဒန်နရယ် လွမ်းစေချင်တာမျိုးမဟုတ်။ မိမိကိုသာ အထီးကျန်ခြင်းဆိုသည့် ဆိုး၀ါးသည့်ခံစားချက်မျိုး မရှိစေချင်တာဖြစ်သည်။

ဆုပ်ကိုင်ထားသည့် လက်ဖ၀ါးကို နှုတ်ခမ်းနားထိ မယူလာပြီး နင့်နဲစွာ နမ်းရှိုက်ဖြစ်သည်။ စမ်းရေကြည်စက်လေးများကျန်နေသေးသည့် ဖရက်ဒီ၏ လက်ဖ၀ါးသည် ထင်းရှူးနံ့သင်းပျံ့မွှေးနေသည်။ ပွေ့ဖက်လိုက်သော လက်နှစ်ဖက်မှ ခွန်အားသည် မိမိတစ်ကိုယ်လုံးမှ သောကအားလုံး ပျောက်ကွယ်သွားစေအောင် အစွမ်းရှိသည်။

"တစ်ချိန်က ငါ ရွေးခဲ့တဲ့လမ်းဟာ လူသားတွေအတွက် ငြိမ်းချမ်းစေဖို့ ဖြစ်ခဲ့ပေမယ့် မင်းအတွက်တော့ သိပ်ပင်ပန်းခက်ခဲမယ့်လမ်းတစ်ခုလေ ကောင်လေးရာ။ ဒီ့အတွက် ငါ့ကိုယ်ငါ အပြစ်တင်နေရင် မင်းနဲ့နေခွင့်ရှိမယ့်အချိန်တွေကို အလဟဿဖြုန်းတီးနေသလိုပဲ ဖြစ်မှာပေါ့။ အဲ့ဒီ့အတွက် နောင်တရနေမယ့်အစား ငါ မင်းကို အစွမ်းရှိသလောက် ချစ်သွားချင်တယ်။ ငါ မရှိတော့ရင်တောင် ငါ့ရဲ့အချစ်တွေကို မင်းအမြဲတမ်းခံစားလို့ရလောက်တဲ့အထိ.. ငါ မင်းကိုချစ်သွားမယ်။"

တိုးလျသောစကားသံများသည် နှလုံးသားကို လေပြည်ညင်းလို ရိုက်ခတ်စေသည်။

..........................

မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ မိမိကို ထွေးပွေ့ထားသည့် လက်များ၏ သန်မာမှုကို ပထမဦးစွာခံစားရသည်။ အိပ်မက်လား။ ပုံရိပ်ယောင်တွေလား။ နတ်ဘုရားတစ်ပါးဖြစ်သည့် မိမိသည် အိပ်ပျော်နိုင်သူတစ်ယောက်မဟုတ်ဟု ဒန်နရယ်သိထားခဲ့သည်။ မြင်ယောင်ခဲ့သည့် ဖြစ်ရပ်များသည် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ရပ်မှန်များပင်။ အခိုးအငွေ့များလို မြင်ယောင်ခဲ့သည်။ နေရောင်အောက်မှ မြူနှင်းမှုန်များလို ကွယ်ပျောက်ခဲ့သည်။ သို့ပေမယ့် ချစ်ရသူ၏ မြင့်မြတ်ခိုင်မာသော ချစ်ခြင်းတရားသည် ယခုတိုင် တည်ရှိနေဆဲ။ မိမိ၏နှလုံးသားကိုထွေးပွေ့ထားဆဲ။

"သက်သာလားဗျ.."

ကြမ်းရှရှမေးသံကြောင့် ခေါင်းမော့ကြည့်ဖြစ်သည်။ စိုးရိမ်မှုရောသော ပတ္တမြားရောင်မျက်လုံးအစုံသည် တောက်ပမှုမရှိဘဲ ဖျော့တော့နေသည်။

"အားလက်စ်.."

သူသည် အားလက်စ်၏ ရင်ခွင်ထဲမှာဖြစ်သည်။ စိမ့်အေးသော စမ်းရေကြည်သည် နောက်ကျိချင်နေသည်။ ဒန်နရယ်၏ဒဏ်ရာသည် ပျောက်ကင်းခဲ့ပြီဖြစ်သော်လည်း အားလက်စ်သည် အားနည်းသူတစ်ယောက်လို မျက်နှာတစ်ခုလုံး ဖြူဖွေးနေသည်။ စမ်းရေအေးသည် မိစ္ဆာသွေးရောသည့် အားလက်စ်အတွက် မည်သည့်ကောင်းခြင်းမျိုးမှ ယူဆောင်လာနိုင်မည်မဟုတ်ပါ။

"မင်း အခုထိ ဒီမှာ ဘာလုပ်နေတာလဲ။ ရေကန်ထဲက မြန်မြန်ထွက်.. မင်း သေချင်နေလား။"

"မသိဘူး။ ကျွန်တော် ထကြည့်တာ ရပ်လို့မရဘူး။ ခေါင်းထဲမှာ မူးနောက်နောက်နဲ့။"

"အေး.. မင်း ဘယ်တော့မှ ငါ့စကားနားမထောင်နဲ့။"

စိုးရိမ်မှုသည် ဒေါသဖြစ်လာသည်။ ဒန်နရယ် စိတ်မတိုဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယခုတော့ စဥ်းစားဆင်ခြင်နိုင်မှု မရှိသည့် အားလက်စ်ကို ဒေါသမဖြစ်ဘဲ မနေနိုင်။ ချိုင်းနှစ်ဖက်အောက်မှ မယူကာ ရေကန်ထဲမှဆွဲထုတ်ဖြစ်သည်။ ဒဏ်ရာများ ပျောက်ကင်းသွားပေမယ့် ကိုယ်ခန္ဓာထဲမှ အစွမ်းများသည် ငြိမ်းခါနီး မီးတောက်တစ်ခုလို အားနည်းနေသေးသည်။ အသက်ရှူမ၀သလို မောဟိုက်နေသည်က သာမာန်လူတစ်ယောက်လို။ အားလက်စ်၏ကိုယ်ခန္ဓာက လေးလံလွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် ငြိမ်ငြိမ်သက်သက် ဆွဲလာခဲ့ရသည်မဟုတ်။ ယက်ကန်ကန်နှင့် လိုက်ပါလာသည့် အားလက်စ်သည် ကမ်းစပ်ရောက်သည်နှင့် မြေစိုင်ခဲများကို ကန်ချသည်။

"သေချင်းဆိုး ငါးတွေ။ ဒင်းတို့ကတော့ ဘာမှမဖြစ်ဘူး။"

"ဟာ.. မင်းနဲ့တော့ကွာ.."

နှစ်ယောက်စလုံး ရေကန်ထဲ ပြန်ကျတော့မလို ဖြစ်သွားသောကြောင့် ဒန်နရယ် စိတ်ညစ်သွားသည်။ အားလက်စ်သည် လှုပ်မရဖြစ်နေပေမယ့် လေသံကတော့ မာဆဲပင်။

"ဖြည်းဖြည်းလုပ်ပါလားဗျ။ အငြိုးနဲ့ ဆောင့်ဆွဲနေသလား ထင်ရတယ်။"

"မင်း ငြိမ်ငြိမ်နေပါလား။ ကန်ထဲက ငါးတွေနဲ့ ဖက်ပြီးရန်ဖြစ်နေတော့ ငါ ဘယ်လိုလုပ်ရမလဲ။"

"သူတို့က ပြီတီတီနဲ့ ကြည့်နေတာကို။"

"အားလက်စ်.. မင်း စိတ်မှမှန်သေးရဲ့လား။"

"တကယ်ပြောနေတာဗျ။ ပြုံးစိစိ ပြီတီတီနဲ့.. ရုပ်တွေကိုက ကျက်သရေမရှိတာ။"

နားကြားလွဲသည်အထင်နှင့် ထပ်မေးမိမှ ပိုဆိုးသည်။ နေရာမှာပင် စိတ်ပျက်လက်ပျက် ထိုင်ချဖြစ်သည်။ ဒီနေရာလေးသည် သူ့အတွက် သာယာငြိမ်းချမ်းလွန်းသည့် နေရာလေးဖြစ်သည်။ မောပန်းသမျှပြေပျောက်စေသည့် တစ်ခုတည်းသောနေရာ။ အခုတော့ နောက်တစ်ချိန်လာရမှာကိုပင် စိတ်မသန့်တော့။ ကန်ထဲက ငါးလေးတွေကို တယုတယ အစာကျွေးချိန်မှာ ဒီကောင်လေးအပြောကို မတွေးမိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အသည်းအသန်တွေးနေပေမယ့် အဖြေမရှိ။ ဒန်နရယ် စိတ်မသက်မသာ ပြုံးဖြစ်သည်။

......

No update for sat and sun. I am so sorry. See you on Monday fri. Love u all. (A/N)

..........

သစ္သားတိုင္ကို ေျမႀကီးထဲသို႔ စိုက္၀င္ေအာင္ ထုရိုက္သံသည္ တစ္ခ်က္တစ္ခ်က္ ထြက္ေပၚေနသည္။ ေခၽြးစို႔ေနေသာ ေက်ာျပင္မွ ႂကြက္သားစိုင္မ်ားသည္ သစ္သားတိုင္ကို ထုရိုက္ေနသည့္ သစ္လုံးႀကီးကို မယူလိုက္တိုင္း က်စ္လ်စ္က်ဥ္းေျမာင္းသြားသည္။ ေနေလာင္ထားေသာ အသားအေရသည္ ေၾကးနီေရာင္ေတာက္ေနသည္။ လိပ္ေခြေနေသာ ဆံပင္နက္မ်ားသည္ ေခၽြးမ်ားျဖင့္ စိုရႊဲေနသည္။

"ဒန္နရယ္.. ငါေျပာေနတယ္.. မင္း ေဘးဖယ္ေန.."

"ကၽြန္ေတာ္ ဘာလုပ္ေနလို႔လဲ။"

"ေအး.. ဘာမွမလုပ္နဲ႔။ လုပ္လို႔ကေတာ့ မင္း ေသမယ္။"

"ဟာဗ်ာ.. ဘာတစ္ခုမွ မလုပ္ရေသးဘဲ အလကားေဟာက္ခံေနရပါလား။"

"မင္း မလုပ္ေပမယ့္ စိတ္ကူးေနတယ္ မဟုတ္လား။"

"ခင္ဗ်ားကို မပင္ပန္းေစခ်င္လို႔ေလ။ ခ်စ္လို႔စိတ္ပူတာကို မရဘူးလား။"

ဖရက္ဒီ အျပဳံးႏွင့္လွည့္ၾကည့္သည္။ ေနေလာင္ထားသည့္ ႏွာေခါင္းထိပ္သည္ ခပ္ရဲရဲျဖစ္ေနသည္။

"မင္း ငါ့ကိုတကယ္မခ်စ္ပါဘူး။"

"ဟာ.. ဒီကိစၥမၿပီးေသးဘူးလား။"

စမ္းေခ်ာင္းငယ္ေဘးတြင္ ထိုင္ေနသည့္ ဒန္နရယ္သည္ လက္ႏွစ္ဖက္ကို ေနာက္ပစ္ရင္း ရယ္လိုက္သည္။ ဖရက္ဒီသည္ စမ္းေခ်ာင္းငယ္ကို ကူးျဖတ္သည့္တံတားကို ကိုယ္တိုင္ေဆာက္ခ်င္သည္ဆိုကာ ေဆာက္ေနခဲ့သည္မွာ ရက္ေပါင္းၾကာလွၿပီျဖစ္သည္။ ဘာမွ၀င္မကူရဆိုသည့္ အမိန႔္ကိုနာခံကာ ဒန္နရယ္သည္ ေဘးတြင္ ငုတ္တုတ္သာ ထိုင္ေနရသည္။ လူတစ္ကိုယ္စာရွိသည့္ သစ္ပင္ႀကီးမ်ားကို တစ္ေယာက္တည္း ခက္ခက္ခဲခဲ ခုတ္သည္။ သစ္ကိုင္းမ်ားကို ေန႔ရက္မ်ားစြာ ၾကာသည္အထိ စိတ္ရွည္လက္ရွည္ ခ်ိဳင္သည္။ ပင္ပင္ပန္းပန္း ေနရာေရႊ႕သည္။

မည္သည့္အစြမ္းမွမသုံးဘဲ သာမာန္လူတစ္ေယာက္လို ကူညီေပးပါမည္ဆိုတာကိုပင္ လက္မခံ။ ဒန္နရယ္ထင္ထားသည္မွာ သူတို႔ႏွစ္ေယာက္ထဲတြင္ ေခါင္းမာသူမွာ မိမိျဖစ္သည္။ တံတားေဆာက္သည့္ကိစၥမွာေတာ့ ဖရက္ဒီသည္ ဘယ္လိုမွေခ်ာ့ေျပာေျခာက္ေျပာလို႔မရေအာင္ ေခါင္းမာေနသည္။ ထို႔အျပင္ မင္း ငါ့ကိုတကယ္မခ်စ္ပါဘူးဆိုသည့္ ျပႆနာကလည္း မေသး။ တစ္ေန႔တစ္ေန႔ ေျဖရွင္းဖို႔ခက္ေနရသည္။ ဖရက္ဒီ့ကို ပိုၿပီး ဂ႐ုစိုက္သည္။ ပိုၿပီးခ်စ္ခင္ၾကင္နာသည္။ မေအာင္ျမင္။ အခုေနာက္ပိုင္း ဒီစကားသည္ ဖရက္ဒီ၏ လက္သုံးစကားျဖစ္ေနသည္။ နာနာၾကည္းၾကည္း ေျပာေနျခင္းမ်ိဳးမဟုတ္ေတာ့လည္း နားလည္ရခက္ျပန္သည္။

"ဖရက္..နားဦးဗ်ာ။ မပင္ပန္းေသးဘူးလား။"

"ေအး.. ေမာတယ္ကြ။ ဟား ဟား"

ေအးျမေသာ ေရၾကည္ကို အငမ္းမရ ခပ္ေသာက္ေနသည့္ ခ်စ္ရသူကိုၾကည့္ရင္း သူပါေမာရသည္။ ေခၽြးေတြတစ္ကိုယ္လုံးစိုရႊဲေနသည္မွာ ဖ်ားဦးမည္လားဟု စိတ္ပူရသည္။ ဖရက္ဒီကေတာ့ သူ႔အေတြးကို ရိပ္မိဟန္မတူ။ စမ္းေရစက္မ်ားျဖင့္ လွမ္းပက္ရင္း ရယ္ေနသည္။ ခန႔္ညားေသာႏႈတ္ခမ္းမ်ားမွ အျပဳံးလွလွသည္ စြဲမက္စရာေကာင္းသည္ထက္ပိုသည္။ ရိပ္ခနဲထင္သြားေသာ ႏွစ္ထပ္ပါးခ်ိဳင့္ေလးေၾကာင့္ ရင္ခုန္ႏႈန္းျမန္လာေစသည္။

"ဖရက္.. ကၽြန္ေတာ္ ခင္ဗ်ားကိုခ်စ္တယ္။"

"မဟုတ္ပါဘူး။"

"တကယ္ပါ ဖရက္ရာ။ က်ိန္ေျပာရမွာလား။"

"ဘယ္နတ္ဘုရားကို တိုင္တည္ၿပီး က်ိန္မွာလဲ။"

ခပ္သြယ္သြယ္ ေမးေစ့ကို ကိုင္လႈပ္ရင္း ေမးသည္။ အၾကည့္ခ်င္းဆုံခ်ိန္တိုင္းမွာ အျပဳံးမ်ားသည္ အလိုအေလ်ာက္ ျဖစ္ေပၚလာတတ္သည္မွာ မထူးဆန္းပါ။

"ခင္ဗ်ားကိုေလ။ ခင္ဗ်ားက ကၽြန္ေတာ့္ရဲ့ ကိုးကြယ္ရာပဲဟာ.."

ဖရက္ဒီ၏ မ်က္ႏွာမွအျပဳံးသည္ ေပ်ာက္ကြယ္သြားသည္။

"အဲ့ဒါ့ေၾကာင့္ မင္း ငါ့ကိုတကယ္မခ်စ္ဘူးလို႔ေျပာတာ ေကာင္ေလးရ။ ဘာလို႔လဲ။ ငါကဘာလို႔ မင္းရဲ့ ကိုးကြယ္ရာ ျဖစ္ရမွာလဲ။ ငါ မင္းရဲ့ကိုးကြယ္ရာ မျဖစ္ခ်င္ဘူး။"

"ဖရက္ရာ.. ေျပာရခက္လိုက္တာ။ ခင္ဗ်ားဘာေတြေတြးေနလဲ ကၽြန္ေတာ္ တကယ္နားမလည္ဘူး။"

လွိုက္ခနဲခံစားလိုက္ရသည့္ ၀မ္းနည္းမႈမ်ားသည္ ျပင္းထန္ေသာ လက္သီးခ်က္လိုပင္။ ခ်စ္ရသူ ယုံၾကည္ေအာင္ မည္သည့္အရာႏွင့္မဆို သက္ေသျပဖို႔ အဆင္သင့္ျဖစ္ေန၍လည္း မိမိကိုယ္ကို သံသယမရွိ။ သူ႔အတြက္ ဖရက္ဒီသည္ ပထမဆုံးႏွင့္ အခ်စ္ရဆုံး ခ်စ္သူတစ္ေယာက္။

သူတို႔ႏွစ္ေယာက္ထိုင္ေနသည့္ သစ္ပင္ႀကီး၏ သစ္ကိုင္းမ်ားမွ ေလျမစ္မ်ားသည္ ေျမျပင္ထိ ရွည္ေမ်ာေမ်ာ က်ေရာက္ေနသည္။ ႏွစ္ေပါင္းမ်ားစြာ တည္ရွိခဲ့သည့္ သစ္ပင္ႀကီးသည္ ေျမျပင္ထက္တြင္ ေနရာခ်ဲ႕ရန္ ေစတမန္မ်ား ေစလႊတ္ေနသလိုပင္။ ထိုသစ္ျမစ္မ်ားကို တြယ္ကပ္ေပါက္ေနသည့္ ႏြယ္ပင္မွ အျပာႏွင့္ခရမ္းေရာင္ ေခါင္းေလာင္းပန္းေလးကို ဖရက္ဒီကိုင္ၾကည့္သည္။ မခူးပါ။ လက္ဖ်ားႏွင့္ထိ႐ုံကိုင္ၾကည့္ၿပီး ျပန္လႊတ္ေပးလိုက္သည္။ ထို႔ေနာက္ ဒန္နရယ္၏ လက္ဖ၀ါးမ်ားကို ဆုပ္ကိုင္သည္။

"ငါ့ကိုတကယ္ခ်စ္နိုင္ဖို႔ဆိုတာ မင္းကိုယ္မင္း မမုန္းေတာ့မွ ျဖစ္နိုင္လိမ့္မယ္။"

ဖရက္ဒီ့၏လက္မ်ားသည္ ေအးေနသည္။ ရွရာမ်ားႏွင့္ ျပည့္ေနသည့္ လက္ၾကမ္းၾကမ္းသည္ ၾကင္နာမႈျဖင့္ ႏူးညံ့ေနသည္။

"ငါ့ေၾကာင့္ မင္းကိုယ္မင္း ခြင့္မလႊတ္ေသးဘူး မဟုတ္လား ဒန္နရယ္။"

ဒန္နရယ္ ဖရက္ဒီ့ကိုလွည့္အၾကည့္ သူ႔ကိုေငးၾကည့္ေနသည့္ မ်က္လုံးညိဳမ်ားကို ရင္ဆိုင္လိုက္ရသည္။

"ငါ သိတယ္။ ငါ ခံစားလို႔ရတယ္။ ငါနဲ႔ပတ္သက္ၿပီး ၾကဳံခဲ့ရသမၽွအတြက္ မင္းကိုယ္မင္း အျပစ္တင္ေနတယ္။ ငါ့ကိုသတ္ဖို႔ႀကိဳးစားခဲ့တဲ့အတြက္၊ ငါ့ရဲ့အခ်စ္ေတြကို နားမလည္ခဲ့တဲ့အတြက္၊ ငါ့ရဲ့တန္ခိုးေတြကို မင္းက ပိုင္ဆိုင္ရၿပီး ငါကေတာ့ လူသားတစ္ေယာက္ျဖစ္ေနတဲ့အတြက္ မင္းကိုယ္မင္း ခြင့္မလႊတ္နိုင္ေအာင္ ျဖစ္ေနတယ္။ ဟုတ္တယ္မဟုတ္လား ေကာင္ေလး။"

"ဒါကေတာ့ဗ်ာ.."

ေသြးထြက္ေအာင္ မွန္ေနေသာ စကားမ်ားျဖစ္ေသာေၾကာင့္ ဒန္နရယ္ ျငင္းပိုင္ခြင့္မရွိ။ သူ႔ကိုယ္သူ ခြင့္မလႊတ္နိုင္ခဲ့သည္မွာ ၾကာခဲ့ၿပီ။ အျဖစ္မွန္ေတြကို နားလည္ရခ်ိန္ထက္ ဖရက္ဒီ၏အစြမ္းမ်ား ရယူခဲ့ခ်ိန္မွာ ထပ္တူခံစားခဲ့ရသည့္ ခံစားခ်က္မ်ားသည္ ေပ်ာက္ကင္းဖို႔ရန္ ခက္လြန္းသည့္ ဒဏ္ရာမ်ားျဖစ္ခဲ့သည္။ ခ်စ္ရသူကို ေလးစားမိသေလာက္ မိမိကိုယ္ကို မုန္းတီးမိသည့္ ခံစားခ်က္ေလာက္ ခံရခက္သည့္ ခံစားခ်က္မ်ိဳး ရွိမည္မထင္။

"မင္းအတြက္ မင္း ဘယ္ေတာ့မွ မစဥ္းစားဘူး။ ေလာကရဲ့ အဆိုးအေကာင္းမွန္သမၽွကို မင္းမွာ တာ၀န္ရွိေနသလို မင္း ခံယူထားတယ္။ မင္းရဲ့အစြမ္းေတြကို မင္းကိုယ္တိုင္ ထိခိုက္နိုင္ေလာက္ေအာင္ မင္း သုံးတယ္။ ေကာင္းဖို႔အတြက္ပဲလို႔ ငါ့ကိုအေၾကာင္းမျပနဲ႔ ဒန္နရယ္။ ငါသိတယ္။ ေကာင္းဖို႔အတြက္ပဲ။ ဒါေပမဲ့ မင္းမွာလည္း ခံနိုင္ရည္ဆိုတာရွိတယ္။ အနားယူခ်ိန္ဆိုတာ လိုတယ္။ မင္း စိတ္သက္သာရာရဖို႔ လိုအပ္တာေတြရွိတယ္။ မင္း ငါနဲ႔ ရွိေနရင္ စိတ္ခ်မ္းသာတယ္ မဟုတ္လား။"

ဒန္နရယ္ ေခါင္းညိတ္သည္။ သူ႔အတြက္ ဖရက္ဒီ့နားမွာ ရွိေနရခ်ိန္တိုင္းသည္ စိတ္ၾကည္ႏူးစရာ အျပည့္ျဖစ္သည္။ ေပ်ာ္ရႊင္စရာအတိျဖစ္သည္။ ျငင္းစရာမလိုသည့္ အမွန္တရားမ်ားပင္။

"ဒါေပမဲ့ မင္းဘ၀မွာ တာ၀န္ကိုဦးစားေပးေနတယ္ မဟုတ္လား။ ငါ့ရဲ့အစြမ္းေတြကို ယူထားလို႔ ငါ့ကိုယ္စား တာ၀န္ေက်ရမယ္လို႔ မင္းေတြးၿပီး အပင္ပန္းခံ လုပ္ေနတယ္ မဟုတ္လား ေကာင္ေလး။ မင္းစိတ္ခ်မ္းသာမယ္ဆိုရင္ ငါ့နားမွာ အခ်ိန္မ်ားမ်ားေနပါလား ဒန္နရယ္။ ေလာကႀကီးတစ္ခုလုံးကို မင္းတာ၀န္ယူေနေပမယ့္ မင္းေနခ်င္ေနတဲ့ေနရာမွာလည္း ေနခြင့္ရွိတာပဲ။"

နဖူးေပၚ၀ဲက်ေနသည့္ ခ်စ္ရသူ၏ ဆံပင္လိပ္ကို ဒန္နရယ္ အသာအယာသပ္တင္ေပးလိုက္သည္။ နားထင္စပ္မွ ေခၽြးစက္မ်ားကို ၀တ္႐ုံအနားစျဖင့္ ဖိသုတ္ျဖစ္သည္။ ႐ုတ္တရက္ ငိုခ်င္လာသလို ၀မ္းနည္းလာသည္။ သူ အမွန္ပင္ ဖရက္ဒီ့နားမွာ အခ်ိန္တိုင္း ရွိခ်င္သည္။ ဖရက္ဒီ့ကိုျမင္တိုင္း မိမိကိုယ္ကို မုန္းေနမိသည့္ ခံစားခ်က္ခါးခါးကို ေပ်ာက္ေစခ်င္သည္။ ခ်စ္ရသူသည္ မင္းငါ့ကိုတကယ္မခ်စ္ပါဘူးဟု အႀကိမ္ႀကိမ္ေျပာေနေပမယ့္ သူ႔ကိုပိုခ်စ္ဖို႔ ဆိုလိုေနျခင္းမဟုတ္။ မိမိကိုသာ စိတ္ခ်မ္းသာေစလိုျခင္းပင္။ သူခ်စ္ရသည့္ ဖရက္ဒီသည္ သူ႔ကို ဒီေလာက္ေတာင္ခ်စ္သည္ပဲျဖစ္သည္။

"ကၽြန္ေတာ္ႀကိဳးစားပါ့မယ္ ဖရက္ရာ။ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ မမုန္းေအာင္ ႀကိဳးစားပါ့မယ္။"

"ငါ မင္းကိုသိပ္ခ်စ္တယ္။ ဒါေပမဲ့ မင္းကို ေပးခဲ့တဲ့တာ၀န္ေတြဟာ မင္းအတြက္တကယ့္၀န္ထုပ္၀န္ပိုးေတြပဲ။ ေလာကသားအားလုံးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ငါ ဆုံးျဖတ္ခဲ့ေပမယ့္ မင္းအတြက္ ဘယ္ေလာက္ေတာင္ ခက္ခဲလိမ့္မလဲဆိုတာ ငါ မေတြးမိတဲ့ေန႔ မရွိဘူး။ တစ္ေန႔ေန႔က်ရင္.. မင္းကိုငါ တစ္ေယာက္တည္း ထားခဲ့ရဦးမွာ။"

တစ္ေန႔ေန႔က်ရင္.. ဆိုသည့္စကားေၾကာင့္ ေဆာက္လက္စ တံတားငယ္၏ သစ္လုံးတိုင္မ်ားကို ဒန္နရယ္ လွမ္းၾကည့္ျဖစ္သည္။ ဖရက္ဒီသည္ ဒီတံတားငယ္ကို သူ႔အတြက္ ေဆာက္ေပးေနခဲ့သည္ကို နားလည္ရေတာ့ ရင္ထဲမွာ လွိုက္တက္ဆို႔နစ္လာသည္။ ယခုအခ်ိန္မွာ ဒန္နရယ္သည္ နတ္ဘုရားတစ္ပါးျဖစ္သည္။ ေျမျပင္ႏွင့္ ေျခဖ၀ါးမ်ား ထိစရာပင္မလိုဘဲ ဒီစမ္းေခ်ာင္းငယ္ကို ျဖတ္ကူးနိုင္သည္။ သို႔ေပမယ့္ ဖရက္ဒီသည္ သူ႔ရဲ့ခ်စ္ျခင္းေမတၱာကို ေဖာ္ျပနိုင္ရန္ အပင္ပန္းခံ ေဆာက္လုပ္ေနျခင္းပင္။ တံတားငယ္ေပၚမွ ျဖတ္ေလၽွာက္ခ်ိန္တိုင္း၊ တံတားငယ္ကို ျမင္ရခ်ိန္တိုင္း သူ႔ကို ခ်စ္ခဲ့သူတစ္ေယာက္ရွိခဲ့ေၾကာင္း သတိရေစခ်င္ပါလိမ့္မည္။ သူ႔ကို ဒန္နရယ္ လြမ္းေစခ်င္တာမ်ိဳးမဟုတ္။ မိမိကိုသာ အထီးက်န္ျခင္းဆိုသည့္ ဆိုး၀ါးသည့္ခံစားခ်က္မ်ိဳး မရွိေစခ်င္တာျဖစ္သည္။

ဆုပ္ကိုင္ထားသည့္ လက္ဖ၀ါးကို ႏႈတ္ခမ္းနားထိ မယူလာၿပီး နင့္နဲစြာ နမ္းရွိုက္ျဖစ္သည္။ စမ္းေရၾကည္စက္ေလးမ်ားက်န္ေနေသးသည့္ ဖရက္ဒီ၏ လက္ဖ၀ါးသည္ ထင္းရႉးနံ့သင္းပ်ံ႕ေမႊးေနသည္။ ေပြ႕ဖက္လိုက္ေသာ လက္ႏွစ္ဖက္မွ ခြန္အားသည္ မိမိတစ္ကိုယ္လုံးမွ ေသာကအားလုံး ေပ်ာက္ကြယ္သြားေစေအာင္ အစြမ္းရွိသည္။

"တစ္ခ်ိန္က ငါ ေရြးခဲ့တဲ့လမ္းဟာ လူသားေတြအတြက္ ၿငိမ္းခ်မ္းေစဖို႔ ျဖစ္ခဲ့ေပမယ့္ မင္းအတြက္ေတာ့ သိပ္ပင္ပန္းခက္ခဲမယ့္လမ္းတစ္ခုေလ ေကာင္ေလးရာ။ ဒီ့အတြက္ ငါ့ကိုယ္ငါ အျပစ္တင္ေနရင္ မင္းနဲ႔ေနခြင့္ရွိမယ့္အခ်ိန္ေတြကို အလဟႆျဖဳန္းတီးေနသလိုပဲ ျဖစ္မွာေပါ့။ အဲ့ဒီ့အတြက္ ေနာင္တရေနမယ့္အစား ငါ မင္းကို အစြမ္းရွိသေလာက္ ခ်စ္သြားခ်င္တယ္။ ငါ မရွိေတာ့ရင္ေတာင္ ငါ့ရဲ့အခ်စ္ေတြကို မင္းအျမဲတမ္းခံစားလို႔ရေလာက္တဲ့အထိ.. ငါ မင္းကိုခ်စ္သြားမယ္။"

တိုးလ်ေသာစကားသံမ်ားသည္ ႏွလုံးသားကို ေလျပည္ညင္းလို ရိုက္ခတ္ေစသည္။

..........................

မ်က္လုံးမ်ားကို ျဖည္းညင္းစြာ ဖြင့္လိုက္သည္။ မိမိကို ေထြးေပြ႕ထားသည့္ လက္မ်ား၏ သန္မာမႈကို ပထမဦးစြာခံစားရသည္။ အိပ္မက္လား။ ပုံရိပ္ေယာင္ေတြလား။ နတ္ဘုရားတစ္ပါးျဖစ္သည့္ မိမိသည္ အိပ္ေပ်ာ္နိုင္သူတစ္ေယာက္မဟုတ္ဟု ဒန္နရယ္သိထားခဲ့သည္။ ျမင္ေယာင္ခဲ့သည့္ ျဖစ္ရပ္မ်ားသည္ လြန္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာက ျဖစ္ရပ္မွန္မ်ားပင္။ အခိုးအေငြ႕မ်ားလို ျမင္ေယာင္ခဲ့သည္။ ေနေရာင္ေအာက္မွ ျမဴႏွင္းမႈန္မ်ားလို ကြယ္ေပ်ာက္ခဲ့သည္။ သို႔ေပမယ့္ ခ်စ္ရသူ၏ ျမင့္ျမတ္ခိုင္မာေသာ ခ်စ္ျခင္းတရားသည္ ယခုတိုင္ တည္ရွိေနဆဲ။ မိမိ၏ႏွလုံးသားကိုေထြးေပြ႕ထားဆဲ။

"သက္သာလားဗ်.."

ၾကမ္းရွရွေမးသံေၾကာင့္ ေခါင္းေမာ့ၾကည့္ျဖစ္သည္။ စိုးရိမ္မႈေရာေသာ ပတၱျမားေရာင္မ်က္လုံးအစုံသည္ ေတာက္ပမႈမရွိဘဲ ေဖ်ာ့ေတာ့ေနသည္။

"အားလက္စ္.."

သူသည္ အားလက္စ္၏ ရင္ခြင္ထဲမွာျဖစ္သည္။ စိမ့္ေအးေသာ စမ္းေရၾကည္သည္ ေနာက္က်ိခ်င္ေနသည္။ ဒန္နရယ္၏ဒဏ္ရာသည္ ေပ်ာက္ကင္းခဲ့ၿပီျဖစ္ေသာ္လည္း အားလက္စ္သည္ အားနည္းသူတစ္ေယာက္လို မ်က္ႏွာတစ္ခုလုံး ျဖဴေဖြးေနသည္။ စမ္းေရေအးသည္ မိစၧာေသြးေရာသည့္ အားလက္စ္အတြက္ မည္သည့္ေကာင္းျခင္းမ်ိဳးမွ ယူေဆာင္လာနိုင္မည္မဟုတ္ပါ။

"မင္း အခုထိ ဒီမွာ ဘာလုပ္ေနတာလဲ။ ေရကန္ထဲက ျမန္ျမန္ထြက္.. မင္း ေသခ်င္ေနလား။"

"မသိဘူး။ ကၽြန္ေတာ္ ထၾကည့္တာ ရပ္လို႔မရဘူး။ ေခါင္းထဲမွာ မူးေနာက္ေနာက္နဲ႔။"

"ေအး.. မင္း ဘယ္ေတာ့မွ ငါ့စကားနားမေထာင္နဲ႔။"

စိုးရိမ္မႈသည္ ေဒါသျဖစ္လာသည္။ ဒန္နရယ္ စိတ္မတိုျဖစ္ခဲ့သည္မွာ ၾကာခဲ့ၿပီျဖစ္သည္။ ယခုေတာ့ စဥ္းစားဆင္ျခင္နိုင္မႈ မရွိသည့္ အားလက္စ္ကို ေဒါသမျဖစ္ဘဲ မေနနိုင္။ ခ်ိဳင္းႏွစ္ဖက္ေအာက္မွ မယူကာ ေရကန္ထဲမွဆြဲထုတ္ျဖစ္သည္။ ဒဏ္ရာမ်ား ေပ်ာက္ကင္းသြားေပမယ့္ ကိုယ္ခႏၶာထဲမွ အစြမ္းမ်ားသည္ ၿငိမ္းခါနီး မီးေတာက္တစ္ခုလို အားနည္းေနေသးသည္။ အသက္ရႉမ၀သလို ေမာဟိုက္ေနသည္က သာမာန္လူတစ္ေယာက္လို။ အားလက္စ္၏ကိုယ္ခႏၶာက ေလးလံလြန္းေသာေၾကာင့္လည္း ျဖစ္နိုင္သည္။ ထို႔အျပင္ ၿငိမ္ၿငိမ္သက္သက္ ဆြဲလာခဲ့ရသည္မဟုတ္။ ယက္ကန္ကန္ႏွင့္ လိုက္ပါလာသည့္ အားလက္စ္သည္ ကမ္းစပ္ေရာက္သည္ႏွင့္ ေျမစိုင္ခဲမ်ားကို ကန္ခ်သည္။

"ေသခ်င္းဆိုး ငါးေတြ။ ဒင္းတို႔ကေတာ့ ဘာမွမျဖစ္ဘူး။"

"ဟာ.. မင္းနဲ႔ေတာ့ကြာ.."

ႏွစ္ေယာက္စလုံး ေရကန္ထဲ ျပန္က်ေတာ့မလို ျဖစ္သြားေသာေၾကာင့္ ဒန္နရယ္ စိတ္ညစ္သြားသည္။ အားလက္စ္သည္ လႈပ္မရျဖစ္ေနေပမယ့္ ေလသံကေတာ့ မာဆဲပင္။

"ျဖည္းျဖည္းလုပ္ပါလားဗ်။ အၿငိဳးနဲ႔ ေဆာင့္ဆြဲေနသလား ထင္ရတယ္။"

"မင္း ၿငိမ္ၿငိမ္ေနပါလား။ ကန္ထဲက ငါးေတြနဲ႔ ဖက္ၿပီးရန္ျဖစ္ေနေတာ့ ငါ ဘယ္လိုလုပ္ရမလဲ။"

"သူတို႔က ၿပီတီတီနဲ႔ ၾကည့္ေနတာကို။"

"အားလက္စ္.. မင္း စိတ္မွမွန္ေသးရဲ့လား။"

"တကယ္ေျပာေနတာဗ်။ ျပဳံးစိစိ ၿပီတီတီနဲ႔.. ႐ုပ္ေတြကိုက က်က္သေရမရွိတာ။"

နားၾကားလြဲသည္အထင္ႏွင့္ ထပ္ေမးမိမွ ပိုဆိုးသည္။ ေနရာမွာပင္ စိတ္ပ်က္လက္ပ်က္ ထိုင္ခ်ျဖစ္သည္။ ဒီေနရာေလးသည္ သူ႔အတြက္ သာယာၿငိမ္းခ်မ္းလြန္းသည့္ ေနရာေလးျဖစ္သည္။ ေမာပန္းသမၽွေျပေပ်ာက္ေစသည့္ တစ္ခုတည္းေသာေနရာ။ အခုေတာ့ ေနာက္တစ္ခ်ိန္လာရမွာကိုပင္ စိတ္မသန႔္ေတာ့။ ကန္ထဲက ငါးေလးေတြကို တယုတယ အစာေကၽြးခ်ိန္မွာ ဒီေကာင္ေလးအေျပာကို မေတြးမိေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အသည္းအသန္ေတြးေနေပမယ့္ အေျဖမရွိ။ ဒန္နရယ္ စိတ္မသက္မသာ ျပဳံးျဖစ္သည္။

Continue Reading

You'll Also Like

290K 29.3K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
697K 48K 48
တကယ္လုိ႔ ကေလး နဲ႔ သာမဆံုျဖစ္ခဲ့ရင္ ဦး ကံၾကမၼာလဲ ဘာေတြဆက္ျဖစ္မယ္ဆုိတာ ဦးမေတြးဝံ့ႏုိင္ဘူး ဥိီးမင္းေသြးပုိင္ဆုိတဲ့ လူရဲ႕ဘဝမွာလဲ နာမည္နဲ႔လူိက္ေအာင္ လု...
8.8K 971 21
Psychopath တစ်ယောက်နဲ့ စာရေးဆရာ တစ်ယောက်တို့ရဲ့ ပဋိပက္ခ အကြောင်းလေးပါ။ အပိုင်းဆယ်ပိုင်းသာ ပါဝင်သော ဝတ္ထုလတ်လေးပါပဲ။ BL မဟုတ်။ Bromance မဟုတ်။ Normal...
508K 32.6K 29
#Unicode မလွှဲမရှောင်သာတဲ့အခြေအနေကြောင့် စံအိမ်တစ်အိမ်မှာ အိမ်အကူလုပ်နေရတဲ့ကောင်လေး- Shinn Htet Aung မောက်မာတတ်ပြီး ဘုကလန့်ပြောတတ်တဲ့ကောင်လေး- Wunna...