Notice : We are in a relation...

By HanXun

261K 31K 5.4K

- ကြ်န္ေတာ္တို႔ႏွစ္ေယာက္ၾကား ဝင္လာတ့ဲသူ ၊ ဝင္လာတ့ဲအရာ မွန္သမွ်ကို ကြ်န္ေတာ္က ဒီအတိုင္းၾကည့္ေနမွာ မဟုတ္ဘူးဆိုတ... More

Act 0.0 We Get Married
Act 1 : I Am Your Boss
Act 2 : It is interesting
Act 3 : Assistant Editor Byun Baekhyun
Act 4 : Do you have a death wish??
Act 5 : How I feel about You
Act 6 : Take you home
Act 6.5 : confess But....
Act 7 : LUHAN, THIS LITTLE RASCAL
Act 8 : Happy New Year Hyung
Act 8.5 : A moment
Act 9 : love you for the rest of my life
Act 10 : Moon, his ex
Act 11 : Jealousy
Act 12 : About to be Boyfriends
Act 13 : Mine
Act 14 : I am in danger zone
Act 15 : I am crazy in love with you
Act 16 : I miss you like you do
Act 17.1 : Blue Night
Act 17.2 : You are the one I love
Act 18 : My Responsibility
Act 19 : I will take your son as mine
Act 20 : I know I own you, Man
Act 21 : Meet my parents
Act 21.1 : The one I choose for life
Act 22 : Let me know when to propose to u
Act 23 : Believe us
Act 24 : L.O.V.E In Pattaya
Act 26 : There is no give up

Act 25 : Everything of me means Babe

5.2K 722 65
By HanXun

ပတၱရား၏ညနက္သန္းေခါင္သည္ ရွိရွိသမွ်၂၄နာရီတြင္
လႈပ္ရွားအတက္ၾကြဆုံးအခ်ိန္ျဖစ္သည္။
ထိန္လင္းေနသည့္မီးတန္းမ်ား…စီတန္းေနသည့္
ဆိုင္တန္းမ်ားႏွင့္ေအာ္ဟစ္ရယ္ေမာျမဴးထူးေနသည့္
လူအုပ္စုမ်ားမနည္းမေနာရွိသည္။

"အရမ္းမေသာက္နဲ႕…"

"ဟုတ္ပါျပီ Babeရယ္"

Baek Hyunစကားကိုျပံဳးျပံဳးၾကီးနားေထာင္ျပီး
ေနာက္ ဝီစကီခြက္ကိုျပန္ခ်ကာ Baek Hyun
ႏွာေခါင္းေလးအား သူ႔ႏွာေခါင္းျဖင့္ ပြတ္သပ္က်ီစယ္
ျပေနေသာ Boss Parkေၾကာင့္ Lu Han
ပ်ိဳ႕အန္ခ်င္သလိုအမူအရာလုပ္ျပလိုက္သည္။

Lu Han့အမူအရာကိုBaek Hyunကရယ္ေသာ္
လည္း Boss Parkကေတာ့ မ်က္ေမွာင္ၾကီး
က်ဳံ႕ကာ

"Oh Se Hunကဒီေန႔ပဲေရာက္လာတယ္ မင္းက
ဒီေန႔ပဲ ဗိုက္ၾကီးသြားျပီလား"

"ဟမ္… အယ္ဒီတာခ်ဳပ္Ohကဒီေရာက္ေနတာလား??"

Baek Hyun၏တအ့ံတၾသအေမးကို Boss Park Chan Yeolက တိုက္ရိုက္မေျဖပဲ Lu Han့ကို
သာေမးေငါ့ျပရင္းေျဖလိုက္သည္။

ဟုတ္ေတာ့လဲဟုတ္သည္။ ပူအိုက္သည့္ရာသီဥတု
ေၾကာင့္ ရွပ္အက်ႋီပါးပါးကိုၾကယ္သီးျဖဳတ္ကာဝတ္ထား
ရသျဖင့္ Lu Han့လည္ပင္းႏွင့္ရင္ဘတ္အေပၚပိုင္း
တခ်ိဳ႕တေလကို လြတ္လြတ္လပ္လပ္ျမင္ရသည္။

ျဖဴဆြတ္ေနသည့္အသားအရည္ထက္မွာ တကယ္
ျမင္မေကာင္းသည့္အမွတ္အသားတခ်ိဳ႕က
လတ္လတ္ဆတ္ဆတ္ကိုရွိေနသည့္အတြက္ Baek Hyun မ်က္လုံးျပဴးသြားရေခ်သည္။

Lu Hanဝင္ထိုင္လိုက္တည္းက ထိုအနီမွတ္မ်ားကို
ျမင္လိုက္ေသာ္လည္း Lu Hanသည္ ဘန္ေကာက္မွာ
တည္းက ေကာင္မေလးေတြတေယာက္ျပီးတေယာက္
ဟိုတယ္ခန္းထဲေခၚသြင္းသည္ကို သူသိျပီးသားမို႔
အမႈမ့ဲအမွတ္မ့ဲသာ။

ေသခ်ာသတိထားၾကည့္ပါမွ ဒီအရာေတြက
ဘယ္လိုမွမိန္းကေလးတေယာက္ဆီက ရႏိုင္မည္
မဟုတ္သည္ကို သိရေတာ့ သေဘာေပါက္သြားသလို
ေခါင္းတညိမ့္ညိမ့္။

ထိုအခ်ိန္မွာအခ်ိန္ကိုက္ပင္ဆိုင္တြင္းသို႕ဝင္လာသည့္
Se Hunက သူတို႔ထိုင္ေနသည့္စားပြဲဆီတည့္တည့္
မတ္မတ္ေလွ်ာက္လာသည္။

အာရွတိုက္သားအခ်င္းခ်င္းေပမ့ဲ ယပလက္မ်ားၾကား
ထဲတမူထူးကာ ဆြဲေဆာင္မႈအားၾကီးလြန္းသည့္
အတြက္ ဆိုင္တြင္းက်ားမ မေရြး အာရုံမ်ားသည္ 
Oh Se Hun ေနာက္ကို ရိုက္ေခၚစရာမလိုပဲ
ကပ္ပါသြားေတာ့သည္။

"အေနအထားကထူးဆန္းတယ္ ငါ့အေၾကာင္းေျပာ
ေနၾကတာမလား ???"

ခပ္ျပံဳးျပံဳးျဖင့္ Lu Han့ေဘးနားဝင္ထိုင္လိုက္ေသာ
Oh Se Hunသည္ ဘားဘက္လွည့္ကာ ဘီယာ
တခြက္ လွမ္းမွာလိုက္သည္။

Lu Hanကေတာ့ Se Hunကိုဂရုမစိုက္ပဲ
တဝိုင္းေက်ာ္မွ ထိုင္းပ်ိဳျဖဴေလးကို ကလူ၏ျမဴ၏
လုပ္ေနေလသည္။

"လည္ပင္းကအမွတ္ေတြအားနာဦး စာေရးဆရာရဲ႕"

"နားရြက္ေနာက္မွာရွိေသးတယ္"

Chan Yeolမ်က္စိေနာက္ေနာက္ျဖင့္ေျပာသည္ကို
Se Hunကဝင္ေထာက္သည္။ အမွန္ပင္
Lu Han့ဘယ္ဘက္နားရြက္ေနာက္မွာ
ခရမ္းေရာင္ဘက္ေရာက္လုေအာင္အေရာင္ေတာက္
ေနသည့္ အမွတ္အသားတစ္ခု။ စုပ္ထားရုံပင္မကပဲ
ကိုက္ဆြဲထားျခင္းျဖစ္ေၾကာင္းသိသာလွသည္မို႔
အခုမွထိုဟာကို ျမင္လိုက္ေသာChan Yeolသည္
ေခါင္းကိုက္ခ်င္ေယာင္ေဆာင္ကာနားထင္ေၾကာကို
ဟန္ေဆာင္ဖိရင္း

"မင္း သူ႔ကိုဝါးမ်ားစားထားတာလား
Oh Se Hunရယ္ ေသကုန္ေတာ့မွာပဲ"

ထိုစကားေၾကာင့္ Se Hunမွာသေဘာတက်
ရယ္ျပန္သည္။ ထို႔ေနာက္ သေဘာတက်ျဖင့္
မ်က္ခုံးပင့္လ်က္ Baek Hyunဆီေမးဆတ္ျပသည္။

ရုတ္တရတ္လန္႔သြားရေသာ Baek Hyunမွာ
အက်ႋီေကာ္လံကို လည္ပင္းလုံေအာင္ဆြဲတင္ရျပီး
Chan Yeol၏ဗိုက္ကို တံေတာင္ျဖင့္ ထိုးခ်လိုက္ေလ
သည္။

နာသြားပါေသာBossက မ်က္လုံးျပဴးလ်က္ သူဘာမ်ား
အမွားလုပ္မိေလသလဲဟု Baek Hyunကို အသံတိတ္
ေမးသည္။

- Lu Han့ကိုမ်ားဝါးစားထားသလား သူမ်ားကို
သြားေမးေန ? သူက် Baek Hyunကို
ဝါးစားရုံသာမက ! မေျပာခ်င္ေတာ့ပါဘူးေလ ။

"အသဲေလးကလဲ "

"မထိပါနဲ႕ "

"ok မထိဘူး နမ္းမယ္"

ကိုရီးယားမွာလို သတိထားရမ့ဲသူေတြ မရွိပါဘူးဆိုျပီး
Chan Yeolမွာ လက္ရဲဇက္ရဲ အရမ္းႏိုင္လွသည္။

အားလုံးကကိုယ့္အာရုံႏွင့္ကို ေထြျပားေနၾကသည့္အတြက္
Baek Hyun တမ်က္ႏွာလုံးကို ေနရာအႏွံ႕နမ္းရႈံ႕ေန
သည့္ Chan Yeolအား မည္သူမွၾကည့္ရႈမေနၾက။

တခ်က္ခ်က္ သေဘာတက်လွည့္ၾကည့္က်သူမ်ားေတာ့
ရွိသည္။

ပါးႏွစ္ဖက္လုံးကို နီရဲေနေအာင္ အနမ္းေျခြျပီး ႏႈတ္ခမ္း
ကို အသက္ရႈရပ္ေလာက္ေအာင္အလြတ္မေပးသည့္
Chan Yeolအား Baek Hyun က ရင္ဘတ္ကေန
တြန္းထုတ္ေလသည္။

- ဒီလူၾကီး ဘာလို႔ အ့ဲဒီေလာက္ တက္ၾကြေနသလဲ မသိ-

ထိုအခိုက္မွာပင္ Se Hunႏွင့္ Lu Hanက စားပြဲမွထ
ရပ္သည္။ တေကာင္အရိပ္ျပ သုံးေကာင္ေလာက္ျမင္
သည့္ Chan Yeolက ေဘာင္းဘီအိတ္ကပ္ထဲမွေန
Se Hunလိုေလာက္မည့္ဟာကိုထုတ္ေပးေလသည္။

"ဒါယူသြားဦး မင္းတို႔ေကာင္ေတြ"

Lu Hanႏွင့္Se Hun စားပြဲေပၚေရာက္လာသည့္
ပစၥည္းကိုၾကည့္ရင္းျပိဳင္တူမ်က္ႏွာမ့ဲလိုက္မိသည္။

"က်ေနာ္တို႔ကအ့ဲဒါေတြမသုံးဘူး Boss"

"ဟမ္ မင္းတို႔ေတြ အကာအကြယ္မရွိဘာမရွိ???"

အ့ံၾသနပမ္းေျပာလိုက္ေသာ Chan Yeolကို Se Hun
သည္ေခါင္းတခါခါျဖင့္ ၾကည့္လိုက္ျပီး ပစ္ေပး
လိုက္သည့္condomကို Chan Yeol
ဘက္ျပန္တိုးေပးရင္း

"Chan Yeol ေဟ်ာင့္ မင္း မိုးကာဝတ္စုံဝတ္ျပီး
မိုးေရခ်ိဳးဖူးလား?"

"ဟ အရူး! မိုးကာဝတ္စုံဝတ္ျပီးမိုးေရခ်ိဳးစရာလား??"

"ေအး အ့ဲဒါသုံးရင္ အ့ဲလိုfeelingၾကီးပဲ"

ေျပာျပီးျပီးခ်င္း မ်က္စိတဖက္မွိတ္ျပကာဆိုင္ထဲမွထြက္သြားျပီျဖစ္ေသာ Luhan့ေနာက္ကို Sehun အမွီ
လိုက္သြားေလသည္။

Chan Yeolမွာသာပါးစပ္အေဟာင္းသားျဖင့္
က်န္ခ့ဲေလေတာ့မွ Baek Hyunသည္ သေဘာ
တက်ရယ္မိေတာ့သည္။

"Hyung ဘာျဖစ္တာလဲ??"

"ဒီေကာင္ေတြ က်န္းမာေရးအသိလဲမရွိဘူး။
အကာအကြယ္မသုံးပဲေနၾကတာ မေတာ္တဆ ……… "

"ေၾသာ္ Hyungကလဲ သူတို႔ကိုယ္သူတို႔
ေရာဂါကင္းရွင္းေၾကာင္းစိတ္ခ်ၾကလို႕ေနမွာေပါ့"

"ဟင္း………ဒီေခတ္ကေလးေတြမလြယ္ဘူး"

ေခါင္းတရမ္းရမ္းျဖင့္သက္ျပင္းခ်ကာေျပာေနေသာ
သူ႔ခ်စ္သူအဖိုးအိုေပါက္စကိုၾကည့္လို႔ Baek Hyun
ႏွစ္ႏွစ္ျခိဳက္ျခိဳက္ရယ္မိျပန္သည္။

ရယ္လို႔ဝကာမွ တစုံတရာကို ေတြးမိလိုက္ဟန္ျဖင့္ Chan Yeol၏ပခုံးတဖက္ေပၚေခါင္းမွီတြယ္လိုက္
ျပီးသည့္ေနာက္

"Hyung……"

"အင္း Babe ေျပာ"

"Hyungေရာ အယ္ဒီတာခ်ဳပ္Ohက က်ေနာ္တို႔
Luhanကို ခ်စ္ေနတယ္ထင္လားဟင္ ????"

Baek Hyunကေတာ႔ရွင္းသည္။ ထိုသူကိုေတြ႔ခ်င္
သည္။ မေတြ႔လွ်င္ လြမ္းရသည္။ အနမ္းမ်ားကိုတမ္းတ
သည္။ အတူတူေနခ်င္သည္။ ဆင္တူလက္စြပ္ဝတ္ျပီး
ေန႔တိုင္းေန႔တိုင္းကိုျဖတ္သန္းခ်င္သည္။ ဒါကို အခ်စ္ဟု
သူသတ္မွတ္သည္။

သူ႕သူငယ္ခ်င္း Lu Hanကေရာ ဘာကိုအခ်စ္လို႔
သတ္မွတ္သနည္း ? Se Hunကေရာ ဘယ္လိုပံု
မ်ိဳးႏွင့္ Lu Han့အနားမွာ ေနေနသနည္း ?

ေဝခြဲရခက္ေနသည့္မ်က္ႏွာေလးႏွင့္ သူ၏ခ်စ္သူကို
Chan Yeolက ျပံဳးလ်က္ၾကည့္ပါျပီး ရင္ခြင္ထဲေပြ႔ထား
ရင္းမွ ဆံႏြယ္ညိဳေလးမ်ားကိုထိုးဖြလိုက္သည္။

"ဒါဆို Babeရဲ႕Luhanကေရာ ကိုယ္တို႔Sehun
ကိုခ်စ္သလား ?"

Chan Yeol ၏ အခ်စ္ကိုသတ္မွတ္ခ်က္ကေတာ့
ရိုးရိုးေလး။ သူ႔အခ်စ္သည္ သူ၏သည္းပြတ္ကေလး
Baek Hyunျဖစ္သည္။

Baek Hyunကေတာ့ အေျဖခ်က္ခ်င္းမလာပဲ 
မိနစ္ေတာ္ေတာ္ၾကာျငိမ္က်သြားသည္။

Chan Yeolက သူေဆာ့ကစားေနခ့ဲသည့္ ဆံပင္
ညိဳညိဳေလးေတြကို ငုံ႕ယူနမ္းလိုက္ေလမွ Baek Hyunသည္ သက္ျပင္းသ့ဲသ့ဲခ်လ်က္

"မသိဘူးရယ္ Lu Hanကသိပ္လွ်ိဳ႕ဝွက္တာပဲ"

ထင္ထားျပီးသားအေျဖျဖစ္တာေၾကာင့္ Chan Yeol ျပံဳးလိုက္မိသည္။ ထို႔ေနာက္ သူသည္လဲ သက္ျပင္းခ်လို္က္ကာ

"ကိုယ္လဲအတူတူပါပဲ Se Hunကိုခန္႔မွန္းရတာ
သိပ္ရႈပ္ေထြးတယ္"

Se Hunသည္ သူႏွင့္အက်င့္စရိုက္ တူလြန္းေသာ
သူငယ္ခ်င္းတေယာက္ျဖစ္သည္။ ညီအစ္ကိုဟု သတ္မွတ္
၍ပင္ရသည့္ သူတို႔ဆက္ဆံေရးသည္ Lu Hanႏွင့္
Baek Hyunတို႔၏ ဆက္ဆံေရးကို မမွီလွ်င္ေတာင္မွ
အရမ္းနိမ့္ေနမည္ေတာ့မဟုတ္ေပ။

ေလာေလာဆယ္ေတာ့ Chan Yeol၏ အသည္းႏွလုံး
ေလးသည္ သူ႕သူငယ္ခ်င္းေကာင္ေလးကို ပူပန္လြန္းစြာ
ျဖင့္ မ်က္ႏွာအိုက်ေနသည္။

"ကိုယ္တို႔ Se Hun  က Lu Han့ကို စိတ္ညစ္ေအာင္
လုပ္သြားမွာစိုးရိမ္ေနတာလား ?"

"ဟင့္အင္း သူတို႔ အခ်င္းခ်င္းျငင္းေနရင္းက အျပန္
အလွန္စိတ္ဒုကၡေရာက္ေအာင္လုပ္မိမွာစိုးရိမ္ေနတာ
နည္းနည္းေလာက္ေရွ႕တိုးလိုက္ၾကရင္ သူတို႔ခ်စ္သူျဖစ္
ႏိုင္ျပီကို"

အလိုမက်သလို ႏႈတ္ခမ္းေလးဆူေျပာသည့္ ေကာင္ေလး
သည္ ပီဘိကေလးေလးပင္။

Chan Yeolမွာ အသည္းတယားယားျဖင့္ ရင္ခြင္ထဲက
လႊတ္ေပးမိျပီး ေမးေထာက္ၾကည့္ေနရုံသာတတ္ႏိုင္
ေတာ့သည္။

မဟုတ္လွ်င္ ဒီလူရႈပ္ေနသည့္ ဝန္းက်င္မွာ အသည္းေလး
ကို သူ အသည္းတယားယားျဖင့္ ဘာလုပ္မိမည္မသိ။

"ဒီလိုလုပ္ေလ ကိုယ္တို႔ႏွစ္ေယာက္ လဲ အခုအားေန
တာဆိုေတာ့ သူတို႔ကို ျမန္ျမန္ေလးၾကိဳက္သြားေအာင္
ကူညီေပးလိုက္မယ္ေလ "

"တကယ္ ?? တကယ္လား ?? လုပ္မယ္ လုပ္မယ္"

ဝါသနာကမေသးေသာ Baek Hyunသည္ ခ်က္ခ်င္း
ၾကီးကို ေထာက္ခံသည္။

အသည္းယားသြားျပန္ပါေသာ Chan Yeolက
Baek Hyun ေမးဖ်ားေလးကို ဆြဲညွစ္ပစ္လိုက္ပါျပီး

"အသည္းေလးက ကိုယ္အရမ္းပြင့္လင္းျပီး ေရွ႕ဇြတ္တိုး
ခ့ဲတုန္းကေတာ့ကိုယ့္ကိုခ်က္ခ်င္းလက္မခံဘူးေနာ္"

"စလာျပန္ျပီ ခင္ဗ်ားက ကြ်န္ေတာ့္ကို မူလြန္းတယ္
ေျပာခ်င္တာလား"

လက္သီးရြယ္လ်က္ ေအာ္မွပင္ Chan Yeolျငိမ္က်သြား
ျပီး Baek Hyunကိုဆက္မစေတာ့ပဲထိုင္ေနလိုက္သည္။

ေကာက္ေတးက ဒီတခြန္းေလးစမိသည္ကို ေတာ္ေတာ္
ႏွင့္ စိတ္ဆိုးမေျပပဲရွိသည့္အတြက္ Boss Parkမွာ
အခန္းထဲတြင္ အတိုးခ် ေခ်ာ့လိုက္ရပါေသးသည္။

•We Are In A Relationship•

ေနာက္တေန႔မနက္တြင္ပင္ Chan Yeolက ခ်က္ခ်င္း
ျမွားနတ္ေမာင္ကိစၥကို အေကာင္အထည္စေဖာ္သည္။

ပတၲရားေရာက္ေနသည့္ ရက္ေလးပဲ သူ႔မွာ အားယားလို႔
သူမ်ားကိစၥလိုက္လုပ္ေပးႏိုင္မွာေလ။

ဒါေတာင္ သူ႔Babeေလး မ်က္ႏွာမေကာင္းပါလို႔ လိုက္
ေလ်ာေပးတာ။ Oh Se Hun ကိစၥသပ္သပ္သာဆို
ဒီေကာင္ Lu Han့ကို ရည္းစားစကားမေျပာလိုက္ရပဲ
ဟိုကသူမ်ားေနာက္ပါသြားမွ လာခံစားျပရင္ ပစ္ပစ္ႏွစ္ႏွစ္
ေျပာေပးဖို႔စီစဥ္ထားတာခ်ည္း။

"မင္းကေတာ့တကယ္မလြယ္ေၾကာေနာ္ Oh Se Hun"

ပင္လယ္ဘက္မ်က္ႏွာမူလို႔ ကမ္းေျခတြင္ ေအးေအး
လူလူအပန္းေျဖေနရင္းမွ ဒ့ဲဖ့ဲလာသည့္ Chan Yeol
ကို Se Hunက မသိနားမလည္သည့္မ်က္ႏွာေပးျဖင့္
ၾကည့္သည္။

Chan Yeolသည္ေခါင္းတခါခါျဖင့္ ခ်ထားသည့္
ဘီယာဘူးေတြထဲမွတဘူးကိုဆြဲယူဖြင့္ေသာက္ရင္း
အေနာက္ဘက္ဆီလက္ညိဳးထိုးျပသည္။

Se Hun ေနကာမ်က္မွန္ကိုဆြဲခြ်တ္ကာ Chan Yeol
ညႊန္ျပသည့္ေနရာဆီၾကည့္မိေလေတာ့ သူတို႔ရွိရာ
ကမ္းေျခဘက္ဆီေလွ်ာက္လာသည့္ Lu Hanႏွင့္
Baek Hyunမွလြဲ ထူးထူးျခားျခားဘာမွမေတြ႔ရသည့္
အတြက္

"ဘာကိုျပခ်င္တာလဲဟ??"

"Lu Han နဲ႕ သူ႕ရဲ႕ အသစ္အသစ္ပြားလာတ့ဲ
လတ္လတ္ဆတ္ဆတ္အမွတ္အသားေလးေတြေလ"

"ေၾသာ္.……"

"ေၾသာ္ ??? ……"

"အင္းေလ…… ေၾသာ္……"

Chan Yeol တခုခုေျပာဖို႔ၾကံေနသည့္အခ်ိန္မွာပင္
Lu Hanႏွင့္Baek Hyunတို႔အနားကိုေရာက္
လာေသာေၾကာင့္ ပါးစပ္ပိတ္သြားသည္။

Se Hunသည္ ပင္လယ္ဘက္ကိုမ်က္ႏွာမူကာဟိုဟို
ဒီဒီေလွ်ာက္ၾကည့္လ်က္ေနစဥ္ Baek Hyunက
Chan Yeol၏ပါးႏွစ္ဖက္ႏွင့္ႏႈတ္ခမ္းတို႔ကိုငုံ႕နမ္း
လိုက္ျပီး

"Babe ပင္လယ္ထဲဆင္းမို႔…ျဖစ္တယ္မလား Hyung"

လုပ္ေဆာင္ခ်က္တစ္အရ - အဆိုပါႏွစ္ေယာက္အေရွ႕
တြင္ ခ်စ္သူဘဝျဖင့္ေနရတာ ဘယ္ေလာက္ေနေပ်ာ္
စရာေကာင္းေၾကာင္း အေခၚအေဝၚေလးေတြျဖင့္ ၾကည္ႏူး
ေစခ်င္သည့္အတြက္ Baek Hyunက သူ႔ကိုယ္သူ
Babeဟု တမင္သုံးႏႈန္းခ့ဲသည္။

Se Hun ႏွင့္ Lu Han ထိမထိေတာ့မသိေပမ့ဲ
Chan Yeol သြားေဖြးလြန္းလွပါေၾကာင္း ကမ္းေျခရွိ
လူကုန္သိေလျပီျဖစ္သည္။

"ျဖစ္တာေပါ့။ ဒါေပမ့ဲ Babe အက်ႋီမခြ်တ္ရဘူးေနာ္"

"ဟာ…Boss အက်ႋီမခြ်တ္ပဲနဲ႕ ဘာလို႕ေရဆင္းကူး
မွာတုန္း"

"ငါ မင္းကိုမေျပာဘူး Lu Han… ဒါမ့ဲ မင္းလဲ
အက်ႋီဝတ္ထားသင့္တယ္မထင္ဘူးလား ဟမ္??"

ၾကည္ႏူးမႈပါးပါးေလးေပ်ာက္လ်က္ Chan Yeol
သည္ Lu Han့ကို စူးစူးရဲရဲၾကည့္သည္။

ရွပ္အက်ႋီပါးပါးတထည္ကိုၾကယ္သီးလုံးဝမတပ္ပဲ
ဝတ္ထားသည့္ Lu Hanသည္ Chan Yeolစကားအဆုံး၌ ရွပ္ကိုခြ်တ္ခ်လိုက္ျပီးပင္လယ္ဘက္အာရုံ
စိုက္ေနဆဲျဖစ္ေသာOh Se Hunေပၚကို
လွမ္းပစ္တင္လိုက္သည္။

"က်စ္……Luhan."

Se Hunမ်က္ႏွာမူလိုက္ကာမေက်မခ်မ္းေရရြတ္လိုက္
ပါမွ ပခုံးတြန္႔ျပရင္း Baek Hyunလက္ကိုဆြဲလို႕
ပင္လယ္ဆီေအာ္ဟစ္ဆင္းသြားသည္။

Chan Yeolကေတာ့စိတ္ပ်က္လက္ပ်က္ေခါင္းခါ
ရင္းျဖင့္သာ ဘီယာေတြတငုံျပီးတငုံေသာက္ေနသည္။

ျမွားနတ္ေမာင္တာေတြ မေမာင္တာေတြခဏေခါက္။
Lu Han့သာသူ႕ညီေလးဆိုလွ်င္ Oh Se Hun
ႏွင့္တသက္လုံးမေတြ႔ရေအာင္ အိပ္ခန္းထဲတံခါးပိတ္
ေသာ့ခတ္ထည့္ထားလိုက္မည္ျဖစ္သည္။

ဘယ္ႏွယ့္ လူပုံၾကည့္ေတာ့ အထိမခံႏိုင္ေလာက္သည့္
ေၾကြရုပ္ပုံစံႏွင့္။

"ဒီမွာ Boss Park Chan Yeol ဒီလိုကိစၥမ်ိဳး
ကႏွစ္ဦးသေဘာတူမွျဖစ္တာ ငါ့တေယာက္တည္း
အျပစ္မဟုတ္ဘူး…………ၾကည့္ဦးမလား"

"ေတာ္ေတာ္ ေတာ္ျပီ"

ရွပ္ၾကယ္သီးေတြကိုတလုံးစီျဖဳတ္ပစ္ရင္း Se Hun
ေျပာေတာ့Chan Yeolအတင္းအက်ပ္လက္ခါျငင္း
လိုက္ရသည္။

Lu Han့ထက္မေလ်ာ့ေသာ ကာလာလွလွေလးေတြ
Se Hun လည္ပင္းႏွင့္ရင္ဘတ္တဝိုက္မွာရွိေန
ႏိုင္ေၾကာင္း မၾကည့္ပဲနဲ႕ကို Chan Yeolေျပာႏိုင္
သည္ေလ။

ထို႔ေနာက္ မတိုင္ပင္ပါပဲ ႏွစ္ေယာက္သား Lu Han
တို႔ေရကစားေနသည့္ေနရာဆီၾကည့္မိၾကသည္။

Boss ကေတာ့ သူ႔ရည္းစားသူငမ္းသည္မို႔ထားပါေတာ့ !

ေနကာမ်က္မွန္ၾကီးေအာက္ကေန Lu Han့ကိုခ်ည္း
စိုက္ၾကည့္ေနသည့္ အယ္ဒီတာခ်ဳပ္ၾကီးက်ေတာ့ေရာ ?

အခ်ိန္အခါသင့္ေနျပီျဖစ္လို႔ Chan Yeolက ေခ်ာင္း
တခ်က္ဟန္႔သည္။ ထို႔ေနာက္မွာ

"Se Hun…မင္းဒီကိုဘာလာလုပ္တာလဲ??"

"Shit…^ မင္းကိုယ္တိုင္ေလယာဥ္လက္မွတ္ပို႔ျပီး
ငါ့လာခိုင္းတာေလ ရိုက္ကြင္းလာၾကည့္ဆို"

မေက်မခ်မ္းျဖင့္Se Hunေျဖသည့္အခါ Chan Yeol
သည္ စိတ္ကသိကေအာက္ျဖစ္ေလာက္ေအာင္
ရယ္လိုက္ျပီး Se Hunလက္ေမာင္းကိုလွမ္းထိုး
ေလသည္။

"မင္းက……Oh Se Hunဆိုတ့ဲမင္းက…?
ငါPark Chan Yeolေလယာဥ္လက္မွတ္ပို႔ေပးတာ
နဲ႕ေငါက္ခနဲထလိုက္လာတယ္ေပါ့။ရိုက္ကြင္း
ၾကည့္ရေအာင္ အ့ဲဒါမင္းအလုပ္မွမဟုတ္တာ"

ခပ္ျပံဳးျပံဳးေျပာလိုက္သည့္ Chan Yeolစကားေၾကာင့္ Se Hunမ်က္ေမွာင္က်ဳံ႕သြားသည္။

"က်စ္……မင္း ဘာေျပာခ်င္တာလဲ Park …
ဒ့ဲေျပာ ငါ့ကိုလာစားမေနနဲ႕"

"မင္း Lu Han့ကိုခ်စ္လား"

"What the fuck … Woah … Park
မင္းတကယ္ အေရးမပါတာေတြေတာ္ေတာ္ေျပာ
လာတယ္ tsk … အ့ဲBaekh Hyunဆိုတ့ဲ
ေကာင္ေလးကမင္းေခါင္းထဲကို မဟုတ္မဟတ္
အေတြးေတြထည့္ေပးေနတာပဲ"

Se Hunကို ေဝဝါးေစဖို႔ ရည္ရြယ္ခ်က္ျဖင့္ Chan Yeol
စခ့ဲေသာ္လည္း Baek Hyun နာမည္ပါလာသည့္
အခါ ျမဴးထူးေနေသာစိတ္သည္ ရင္ခုန္သံျမန္ျမန္ျဖင့္
ျငိမ္က်သြားသည္။

နာမည္ေလးကေတာင္ သူ႔ကို အခ်စ္ေတြျဖစ္ေစပါရဲ႕။

"အဟင္း……ငါ Baek Hyunကိုတကယ္ခ်စ္တာ
Se Hun"

ေသာင္ျပင္ေပၚလက္ေထာက္ရင္း ကမ္းေျခမွာေရ
ကစားေနသည့္Baek Hyunရွိရာဆီေငးၾကည့္ေနေသာ Chan Yeol၏မ်က္လုံးမ်ားသည္သာမန္မဟုတ္။

ခ်စ္သူကိုၾကည့္သည္ထက္ ပိုလြန္ျပီးျမတ္ႏိုးမႈတို႔ကို
အတိုင္းထက္အလြန္ျမင္ေနရသည္။

Se Hunကို စကားေတြလႊတ္ဖို႕ စီစဥ္ထားသည့္သူ
ၾကီးက ခုက်ေတာ့ Baek Hyunကို ၾကည္ၾကည္ႏူးႏူး
ၾကည့္ျပီး သူ႔အနာဂတ္ အစီအစဥ္ေတြကိုခ်ျပေလ၏။

"ငါ သူ႔ကိုလက္ထပ္မွာ…"

"အမ္…ဘယ္လို.…ဘာေျပာတာ?"

"လက္ထပ္မွာလို႔…Baek Hyunကို
ငါ့ရဲ႕အိမ္ေထာင္ဖက္အျဖစ္တရားဝင္လက္ထပ္မွာ"

"မင္းအေဖကိုဘယ္လိုလုပ္မလဲ??ေနာက္ျပီး……
ေဟ့ေကာင္ ခုခ်ိန္ထိ ေယာက်္ားအခ်င္းခ်င္း
လက္ထပ္တာလြယ္တ့ဲကိစၥမဟုတ္ဘူးဟ"

ေတာ္ရုံတန္ရုံစိတ္မလႈပ္ရွားတတ္သည့္Se Hun
သည္ Chan Yeolစကားေၾကာင့္ အၾကီးအက်ယ္ဖ်ားသြားသည္။

စကားေတြျမန္ျမန္သြက္သြက္ေျပာျဖစ္သြားသည္ကို
ကိုယ္တိုင္ေတာင္သတိမထားမိေပမ့ဲ Chan Yeol
ကေတာ့ သတိထားမိစြာရယ္ရင္း

"ငါအေဖ့ကိုလဲေျပာျပီးသြားျပီ။ ေနာက္ျပီး ငါ
သူ႔သားမဟုတ္ေတာ့ဘူး"

"အေမြျပတ္စြန္႔လႊတ္လိုက္တာလား"

"အင္း…Baek Hyunကိုလက္ထပ္ပါ့
မယ္လို႔ေျပာျပီး ေနာက္တေန႔ပဲ"

Chan Yeolက သေဘာတက်ရယ္ေနေပမ့ဲ
Se Hunသည္ လက္လန္သြားသည့္ပုံျဖင့္ သူငယ္ခ်င္း
ျဖစ္သူကိုမၾကည့္ေတာ့ပဲမ်က္ႏွာလႊဲလိုက္ပါသည္။

ကမ္းေျခတြင္ကစားေနသည့္Baek Hyun
သည္ Chan Yeolကို လက္လွမ္းျပရင္းရယ္ေမာ
ေနေလသည္။

"ဒါမ့ဲ ေဟ့ေကာင္ ငါကမင္းBossပဲကြ။ စာေပတိုက္က
ငါပိုင္တာ။ Baek Hyunနဲ႕ခ်စ္သူစျဖစ္တ့ဲ
လြန္ခ့ဲတ့ဲတႏွစ္ေလာက္တည္းက
အေဖ့ဆီကစာခ်ဳပ္စာတမ္းနဲ႕ျပန္ဝယ္ထားျပီးသား"

"ေတာ္စမ္းပါကြာ "

Se Hun ၏ စိတ္ပ်က္လက္ပ်က္အသံေၾကာင့္ Chan
Yeolက ရယ္ျပန္ပါသည္။

အင္းေလ ။ သိန္းသန္းခ်ီတန္သည့္ပိုင္ဆိုင္မႈမ်ားကို
Chan Yeolက Baek Hyun တေယာက္တည္းႏွင့္
လဲပစ္ခ့ဲသည္။ အေဖႏွင့္အေမရွိသည့္ မိသားစုထဲကေန
Baek Hyun ဘဝထဲကိုတိုးဝင္ခ့ဲသည္။

"Byun Baek Hyunကအ့ဲေလာက္အေရးပါ
လို႔လား Chan Yeol…"

Se Hun၏ ေမးခြန္းကရိုးရိုးကေလးပင္။ ေခါင္းျငိမ့္
ပစ္လိုက္ဖို႔အင္မတန္လြယ္ကူေနခ့ဲသည္။

ထို႔ေၿကာင့္ Chan Yeolက ျပံဳးလို႔သာေနသည္။

မိနစ္အတန္ၾကာ Chan Yeolဆီမွအေျဖစကား
မလာသျဖင့္ Se Hun င့ဲေစာင္းၾကည့္မိလိုက္သည္။

Baek Hyunကိုၾကည့္ျပီး ရပ္တန္႔မရေသာ
Chan Yeolအျပံဳးေတြေၾကာင့္ ဘာအေျဖမွ
မလိုေတာ့မွန္း သိသာပါေသာ္လည္း

"အ့ဲထက္ပိုတယ္ Se Hun…။ သူကငါ့ရဲ႕အရာရာပဲ"

ထိုစကားအဆုံး Se Hun သက္ျပင္းအၾကီးၾကီးခ်ကာ
ရယ္ေမာမိလိုက္ပါျပီး ေခါင္းကိုကုတ္လိုက္သည္။

ပင္လယ္ဘက္ဆီၾကည့္မိသည့္အခါ Lu Han့
ကိုေနာက္မွာထားခ့ဲျပီး Chan Yeolဆီ
ေျပးလာေနသည့္Baek Hyunကိုေတြ႔ရေလသည္။

"ေက်ာင္းတက္တုန္းက ေကာင္မေလးေတြ
ထည္လဲတြဲျပီး one night standေတြ
မိႈလိုေပါက္ရွိခ့ဲတ့ဲ Park Chan Yeol
ဘယ္ေရာက္သြားတုန္း ။ ငါ့သူငယ္ခ်င္းPark
Chan Yeolေလး"

"အ့ဲေကာင္ေသျပီေလ။ ခုက Byun Baek Hyun
တေယာက္တည္းကိုပဲ ရိုးေျမက်ခ်စ္မ့ဲ
Park Chan Yeolပဲရွိေတာ့တယ္"

"fuck you…"

"Sorry…မင္းကငါ့typeမဟုတ္ဘူး။ ေနာက္ျပီး
ငါကပိုင္ရွင္ရွိတယ္"

Se Hun သည္ သည္းမခံႏိုင္ပုံျဖင့္ သဲလက္တဆုပ္
ယူကာ Chan Yeolဆီ ပစ္ေပါက္မိလိုက္သည္။ ျပီး
ကာမွ Chan Yeolႏွင့္ Se Hun ၂ေယာက္သား
အားပါးတရရယ္မိပါသည္။

Chan Yeolသည္ကား သူ႔ဆီသို႔ ျပံဳးကာေျပးလာ
သည့္ သူ၏အရာအားလုံးပိုင္ရွင္ေလးကို လက္ႏွစ္ဖက္
ဆန္႔တန္းကာျပံဳးလို႔ၾကိဳဆိုေနလိုက္ေတာ့သည္။

Se Hun အား အခ်စ္အေၾကာင္းအသိဝင္ဖို႔လုပ္ကာမွ
Baek Hyunအေပၚထားရွိသည့္ သူ၏အခ်စ္ေတြကို
အကုန္အစင္ျပသမိသည့္ေန႔ျဖစ္ပါသည္။

To Be ConTinued……………

ပတ္တရား၏ညနက်သန်းခေါင်သည် ရှိရှိသမျှ ၂၄နာရီတွင် လှုပ်ရှားအတက်ကြွဆုံးအချိန်ဖြစ်သည်။

ထိန်လင်းနေသည့်မီးတန်းများ…စီတန်းနေသည့်
ဆိုင်တန်းများနှင့်အော်ဟစ်ရယ်မောမြူးထူးနေသည့်လူအုပ်စုများမနည်းမနောရှိသည်။

"အရမ်းမသောက်နဲ့…"

"ဟုတ်ပါပြီ Babeရယ်"

Baek Hyunစကားကိုပြုံးပြုံးကြီးနားထောင်ပြီး
နောက် ဝီစကီခွက်ကိုပြန်ချကာ Baek Hyun
နှာခေါင်းလေးအား သူ့နှာခေါင်းဖြင့် ပွတ်သပ်ကျီစယ်ပြနေသော Boss Parkကြောင့် Lu Han
ပျို့အန်ချင်သလိုအမူအရာလုပ်ပြလိုက်သည်။

Lu HanအမူအရာကိုBaek Hyunကရယ်သော်
လည်း Boss Parkကတော့ မျက်မှောင်ကြီး
ကျုံ့ကာ

"Oh Se Hunကဒီနေ့ပဲရောက်လာတယ် မင်းက
ဒီနေ့ပဲ ဗိုက်ကြီးသွားပြီလား"

"ဟမ်… အယ်ဒီတာချုပ်Ohကဒီရောက်နေတာလား??"

Baek Hyun၏တအံ့တသြအမေးကို Boss Park Chan Yeolက တိုက်ရိုက်မဖြေပဲ Lu Hanကို
သာမေးငေါ့ပြရင်းဖြေလိုက်သည်။

ဟုတ်တော့လဲဟုတ်သည်။ ပူအိုက်သည့်ရာသီ ဥတုကြောင့် ရှပ်အင်္ကျီပါးပါးကိုကြယ်သီးဖြုတ်ကာဝတ်ထားရသဖြင့် Lu Hanလည်ပင်းနှင့်ရင်ဘတ်အပေါ်ပိုင်း တချို့တလေကို လွတ်လွတ်လပ်လပ်မြင်ရသည်။

ဖြူဆွတ်နေသည့်အသားအရည်ထက်မှာ တကယ်
မြင်မကောင်းသည့်အမှတ်အသားတချို့က
လတ်လတ်ဆတ်ဆတ်ကိုရှိနေသည့်အတွက် Baek Hyun မျက်လုံးပြူးသွားရချေသည်။

Lu Hanဝင်ထိုင်လိုက်တည်းက ထိုအနီမှတ်များကို မြင်လိုက်သော်လည်း Lu Hanသည် ဘန် ကောက်မှာတည်းက ကောင်မလေးတွေတယောက်ပြီးတယောက် ဟိုတယ်ခန်းထဲခေါ်သွင်းသည်ကို သူသိပြီးသားမို့ အမှုမဲ့အမှတ်မဲ့သာ။

သေချာသတိထားကြည့်ပါမှ ဒီအရာတွေက
ဘယ်လိုမှမိန်းကလေးတယောက်ဆီက ရနိုင်မည်
မဟုတ်သည်ကို သိရတော့ သဘောပေါက်သွားသလို ခေါင်းတညိမ့်ညိမ့်။

ထိုအချိန်မှာအချိန်ကိုက်ပင်ဆိုင်တွင်းသို့ဝင်လာသည့် Se Hunက သူတို့ထိုင်နေသည့်စားပွဲဆီတည့်တည့်မတ်မတ်လျှောက်လာသည်။

အာရှတိုက်သားအချင်းချင်းပေမဲ့ ယပလက်များကြားထဲတမူထူးကာ ဆွဲဆောင်မှုအားကြီးလွန်းသည့်အတွက် ဆိုင်တွင်းကျားမ မရွေး အာရုံများသည်  Oh Se Hun နောက်ကို ရိုက်ခေါ်စရာ
မလိုပဲကပ်ပါသွားတော့သည်။

"အနေအထားကထူးဆန်းတယ် ငါ့အကြောင်းပြောနေကြတာမလား ???"

ခပ်ပြုံးပြုံးဖြင့် Lu Hanဘေးနားဝင်ထိုင်လိုက်သော Oh Se Hunသည် ဘားဘက်လှည့်ကာ ဘီယာ တခွက် လှမ်းမှာလိုက်သည်။

Lu Hanကတော့ Se Hunကိုဂရုမစိုက်ပဲ တ ဝိုင်း ကျော်မှ ထိုင်းပျိုဖြူလေးကို ကလူ၏မြူ၏ လုပ်နေလေသည်။

"လည်ပင်းကအမှတ်တွေအားနာဦး စာရေးဆရာရဲ့"

"နားရွက်နောက်မှာရှိသေးတယ်"

Chan Yeolမျက်စိနောက်နောက်ဖြင့်ပြောသည်ကို Se Hunကဝင်ထောက်သည်။ အမှန်ပင်
Lu Hanဘယ်ဘက်နားရွက်နောက်မှာ
ခရမ်း ရောင်ဘက်ရောက်လုအောင်အရောင်တောက်နေသည့် အမှတ်အသားတစ်ခု။ စုပ်ထားရုံပင်မကပဲ ကိုက်ဆွဲထားခြင်းဖြစ်ကြောင်းသိသာလှသည်မို့ အခုမှထိုဟာကို မြင်လိုက်သောChan Yeolသည်ခေါင်းကိုက်ချင်ယောင်ဆောင်ကာနားထင်ကြောကိုဟန်ဆောင်ဖိရင်း

"မင်း သူ့ကိုဝါးများစားထားတာလား
Oh Se Hunရယ် သေကုန်တော့မှာပဲ"

ထိုစကားကြောင့် Se Hunမှာသဘောတကျ
ရယ်ပြန်သည်။ ထို့နောက် သဘောတကျဖြင့်
မျက်ခုံးပင့်လျက် Baek Hyunဆီမေးဆတ်ပြသည်။

ရုတ်တရတ်လန့်သွားရသော Baek Hyunမှာ
အင်္ကျီကော်လံကို လည်ပင်းလုံအောင်ဆွဲတင်ရပြီး
Chan Yeol၏ဗိုက်ကို တံတောင်ဖြင့် ထိုးချလိုက်လေသည်။

နာသွားပါသောBossက မျက်လုံးပြူးလျက် သူဘာများအမှားလုပ်မိလေသလဲဟု Baek Hyunကို အသံတိတ်မေးသည်။

- Lu Hanကိုများဝါးစားထားသလား သူများကို
သွားမေးနေ ? သူကျ Baek Hyunကို
ဝါးစားရုံသာမက ! မပြောချင်တော့ပါဘူးလေ ။

"အသဲလေးကလဲ "

"မထိပါနဲ့ "

"ok မထိဘူး နမ်းမယ်"

ကိုရီးယားမှာလို သတိထားရမဲ့သူတွေ မရှိပါဘူးဆိုပြီးChan Yeolမှာ လက်ရဲဇက်ရဲ အရမ်းနိုင်လှသည်။

အားလုံးကကိုယ့်အာရုံနှင့်ကို ထွေပြားနေကြသည့်အတွက်Baek Hyun တမျက်နှာလုံးကို နေရာအနှံ့နမ်းရှုံ့နေသည့် Chan Yeolအား မည်သူမှကြည့်ရှုမနေကြ။

တချက်ချက် သဘောတကျလှည့်ကြည့်ကျသူများတော့ရှိသည်။

ပါးနှစ်ဖက်လုံးကို နီရဲနေအောင် အနမ်းခြွေပြီး နှုတ်ခမ်းကို အသက်ရှုရပ်လောက်အောင်အလွတ်မပေးသည့်Chan Yeolအား Baek Hyun က ရင်ဘတ်ကနေ တွန်းထုတ်လေသည်။

- ဒီလူကြီး ဘာလို့ အဲ့ဒီလောက် တက်ကြွနေသလဲ မသိ-

ထိုအခိုက်မှာပင် Se Hunနှင့် Lu Hanက စားပွဲမှထရပ်သည်။ တကောင်အရိပ်ပြ သုံးကောင်လောက်မြင်သည့် Chan Yeolက ဘောင်းဘီအိတ်ကပ်ထဲမှနေSe Hunလိုလောက်မည့်ဟာကိုထုတ်ပေးလေသည်။

"ဒါယူသွားဦး မင်းတို့ကောင်တွေ"

Lu Hanနှင့်Se Hun စားပွဲပေါ်ရောက်လာသည့်
ပစ္စည်းကိုကြည့်ရင်းပြိုင်တူမျက်နှာမဲ့လိုက်မိသည်။

"ကျနော်တို့ကအဲ့ဒါတွေမသုံးဘူး Boss"

"ဟမ် မင်းတို့တွေ အကာအကွယ်မရှိဘာမရှိ???"

အံ့သြနပမ်းပြောလိုက်သော Chan Yeolကို Se Hunသည်ခေါင်းတခါခါဖြင့် ကြည့်လိုက်ပြီး ပစ်ပေးလိုက်သည့်condomကို Chan Yeol
ဘက်ပြန်တိုးပေးရင်း

"Chan Yeol ဟျောင့် မင်း မိုးကာဝတ်စုံဝတ်ပြီး
မိုးရေချိုးဖူးလား?"

"ဟ အရူး! မိုးကာဝတ်စုံဝတ်ပြီးမိုးရေချိုးစရာလား??"

"အေး အဲ့ဒါသုံးရင် အဲ့လိုfeelingကြီးပဲ"

ပြောပြီးပြီးချင်း မျက်စိတဖက်မှိတ်ပြကာဆိုင်ထဲမှထွက်သွားပြီဖြစ်သော Luhanနောက်ကို Se Hun အမှီလိုက်သွားလေသည်။

Chan Yeolမှာသာပါးစပ်အဟောင်းသားဖြင့်
ကျန်ခဲ့လေတော့မှ Baek Hyunသည် သဘော
တကျရယ်မိတော့သည်။

"Hyung ဘာဖြစ်တာလဲ??"

"ဒီကောင်တွေ ကျန်းမာရေးအသိလဲမရှိဘူး။
အကာအကွယ်မသုံးပဲနေကြတာ မတော်တဆ ……… "

"သြော် Hyungကလဲ သူတို့ကိုယ်သူတို့
ရောဂါကင်းရှင်းကြောင်းစိတ်ချကြလို့နေမှာပေါ့"

"ဟင်း………ဒီခေတ်ကလေးတွေမလွယ်ဘူး"

ခေါင်းတရမ်းရမ်းဖြင့်သက်ပြင်းချကာပြောနေသော သူ့ချစ်သူအဖိုးအိုပေါက်စကိုကြည့်လို့ Baek Hyun နှစ်နှစ်ခြိုက်ခြိုက်ရယ်မိပြန်သည်။

ရယ်လို့ဝကာမှ တစုံတရာကို တွေးမိလိုက်ဟန်ဖြင့် Chan Yeol၏ပခုံးတဖက်ပေါ်ခေါင်းမှီတွယ်လိုက်
ပြီးသည့်နောက်

"Hyung……"

"အင်း Babe ပြော"

"Hyungရော အယ်ဒီတာချုပ်Ohက ကျနော်တို့
Luhanကို ချစ်နေတယ်ထင်လားဟင် ????"

Baek Hyunကတော့ရှင်းသည်။ ထိုသူကိုတွေ့ချင်သည်။ မတွေ့လျှင် လွမ်းရသည်။ အနမ်းများကိုတမ်းတသည်။ အတူတူနေချင်သည်။ ဆင်တူလက်စွပ်ဝတ်ပြီးနေ့တိုင်းနေ့တိုင်းကိုဖြတ်သန်းချင်သည်။ ဒါကို အချစ်ဟုသူသတ်မှတ်သည်။

သူ့သူငယ်ချင်း Lu Hanကရော ဘာကိုအချစ်လို့
သတ်မှတ်သနည်း ? Se Hunကရော ဘယ်လိုပုံ
မျိုးနှင့် Lu Hanအနားမှာ နေနေသနည်း ?

ဝေခွဲရခက်နေသည့်မျက်နှာလေးနှင့် သူ၏ချစ်သူကိုChan Yeolက ပြုံးလျက်ကြည့်ပါပြီး ရင်ခွင်ထဲပွေ့ထားရင်းမှ ဆံနွယ်ညိုလေးများကိုထိုးဖွလိုက်သည်။

"ဒါဆို Babeရဲ့Luhanကရော ကိုယ်တို့Sehun
ကိုချစ်သလား ?"

Chan Yeol ၏ အချစ်ကိုသတ်မှတ်ချက်ကတော့
ရိုးရိုးလေး။ သူ့အချစ်သည် သူ၏သည်းပွတ်ကလေးBaek Hyunဖြစ်သည်။

Baek Hyunကတော့ အဖြေချက်ချင်းမလာပဲ 
မိနစ်တော်တော်ကြာငြိမ်ကျသွားသည်။

Chan Yeolက သူဆော့ကစားနေခဲ့သည့် ဆံပင်
ညိုညိုလေးတွေကို ငုံ့ယူနမ်းလိုက်လေမှ Baek Hyunသည် သက်ပြင်းသဲ့သဲ့ချလျက်

"မသိဘူးရယ် Lu Hanကသိပ်လျှို့ဝှက်တာပဲ"

ထင်ထားပြီးသားအဖြေဖြစ်တာကြောင့် Chan Yeol ပြုံးလိုက်မိသည်။ ထို့နောက် သူသည်လဲ သက်ပြင်းချလိုက်ကာ

"ကိုယ်လဲအတူတူပါပဲ Se Hunကိုခန့်မှန်းရတာ
သိပ်ရှုပ်ထွေးတယ်"

Se Hunသည် သူနှင့်အကျင့်စရိုက် တူလွန်းသော
သူငယ်ချင်းတယောက်ဖြစ်သည်။ ညီအစ်ကိုဟု သတ်မှတ်၍ပင်ရသည့် သူတို့ဆက်ဆံရေးသည်
Lu Hanနှင့်Baek Hyunတို့၏ ဆက်ဆံရေးကို မမှီလျှင်တောင်မှအရမ်းနိမ့်နေမည်တော့မဟုတ်ပေ။

လောလောဆယ်တော့ Chan Yeol၏ အသည်း နှလုံးလေးသည် သူ့သူငယ်ချင်းကောင်လေးကို ပူပန်လွန်းစွာဖြင့် မျက်နှာအိုကျနေသည်။

"ကိုယ်တို့ Se Hun  က Lu Hanကို စိတ်ညစ်အောင်လုပ်သွားမှာစိုးရိမ်နေတာလား ?"

"ဟင့်အင်း သူတို့ အချင်းချင်းငြင်းနေရင်းက အပြန်အလှန်စိတ်ဒုက္ခရောက်အောင်လုပ်မိမှာစိုးရိမ်နေတာနည်းနည်းလောက်ရှေ့တိုးလိုက်ကြရင် သူတို့ချစ်သူဖြစ်နိုင်ပြီကို"

အလိုမကျသလို နှုတ်ခမ်းလေးဆူပြောသည့် ကောင်လေးသည် ပီဘိကလေးလေးပင်။

Chan Yeolမှာ အသည်းတယားယားဖြင့် ရင်ခွင်ထဲကလွှတ်ပေးမိပြီး မေးထောက်ကြည့်နေရုံသာတတ်နိုင်တော့သည်။

မဟုတ်လျှင် ဒီလူရှုပ်နေသည့် ဝန်းကျင်မှာ အသည်းလေးကို သူ အသည်းတယားယားဖြင့် ဘာလုပ်မိမည်မသိ။

"ဒီလိုလုပ်လေ ကိုယ်တို့နှစ်ယောက် လဲ အခုအားနေတာဆိုတော့ သူတို့ကို မြန်မြန်လေးကြိုက်သွားအောင်ကူညီပေးလိုက်မယ်လေ "

"တကယ် ?? တကယ်လား ?? လုပ်မယ် လုပ်မယ်"

ဝါသနာကမသေးသော Baek Hyunသည် ချက်ချင်းကြီးကို ထောက်ခံသည်။

အသည်းယားသွားပြန်ပါသော Chan Yeolက
Baek Hyun မေးဖျားလေးကို ဆွဲညှစ်ပစ်လိုက်ပါပြီး

"အသည်းလေးက ကိုယ်အရမ်းပွင့်လင်းပြီး ရှေ့ဇွတ်တိုးခဲ့တုန်းကတော့ကိုယ့်ကိုချက်ချင်းလက်မခံဘူးနော်"

"စလာပြန်ပြီ ခင်ဗျားက ကျွန်တော့်ကို မူလွန်းတယ် ပြောချင်တာလား"

လက်သီးရွယ်လျက် အော်မှပင် Chan Yeolငြိမ်ကျသွားပြီး Baek Hyunကိုဆက်မစတော့ပဲထိုင်နေလိုက်သည်။

ကောက်တေးက ဒီတခွန်းလေးစမိသည်ကို တော်တော်နှင့် စိတ်ဆိုးမပြေပဲရှိသည့်အတွက် Boss Parkမှာအခန်းထဲတွင် အတိုးချ ချော့လိုက်ရပါသေးသည်။

•We Are In A Relationship•

နောက်တနေ့မနက်တွင်ပင် Chan Yeolက ချက်ချင်းမြှားနတ်မောင်ကိစ္စကို အကောင် အထည်စဖော်သည်။

ပတ္တရားရောက်နေသည့် ရက်လေးပဲ သူ့မှာ
အားယားလို့သူများကိစ္စလိုက်လုပ်ပေးနိုင်မှာလေ။

ဒါတောင် သူ့Babeလေး မျက်နှာမကောင်းပါလို့ လိုက်လျောပေးတာ။ Oh Se Hun ကိစ္စသပ်သပ်သာဆိုဒီကောင် Lu Hanကို ရည်းစားစကားမပြောလိုက်ရပဲဟိုကသူများနောက်ပါသွားမှ လာခံစားပြရင် ပစ်ပစ်နှစ်နှစ်ပြောပေးဖို့စီစဉ်ထားတာချည်း။

"မင်းကတော့တကယ်မလွယ်ကြောနော် Oh Se Hun"

ပင်လယ်ဘက်မျက်နှာမူလို့ ကမ်းခြေတွင် အေးအေးလူလူအပန်းဖြေနေရင်းမှ ဒဲ့ဖဲ့လာသည့် Chan Yeolကို Se Hunက မသိနားမလည်သည့်မျက်နှာပေးဖြင့်ကြည့်သည်။

Chan Yeolသည်ခေါင်းတခါခါဖြင့် ချထားသည့်
ဘီယာဘူးတွေထဲမှတဘူးကိုဆွဲယူဖွင့်သောက်ရင်း အနောက်ဘက်ဆီလက်ညိုးထိုးပြသည်။

Se Hun နေကာမျက်မှန်ကိုဆွဲချွတ်ကာ Chan Yeolညွှန်ပြသည့်နေရာဆီကြည့်မိလေတော့ သူတို့ရှိရာကမ်းခြေဘက်ဆီလျှောက်လာသည့် Lu Hanနှင့်Baek Hyunမှလွဲ ထူးထူးခြားခြားဘာမှမတွေ့ရသည့်အတွက်

"ဘာကိုပြချင်တာလဲဟ??"

"Lu Han နဲ့ သူ့ရဲ့ အသစ်အသစ်ပွားလာတဲ့
လတ်လတ်ဆတ်ဆတ်အမှတ်အသားလေးတွေလေ"

"သြော်.……"

"သြော် ??? ……"

"အင်းလေ…… သြော်……"

Chan Yeol တခုခုပြောဖို့ကြံနေသည့်အချိန်မှာပင် Lu Hanနှင့်Baek Hyunတို့အနားကိုရောက်
လာသောကြောင့် ပါးစပ်ပိတ်သွားသည်။

Se Hunသည် ပင်လယ်ဘက်ကိုမျက်နှာမူကာဟိုဟိုဒီဒီလျှောက်ကြည့်လျက်နေစဉ် Baek Hyun က  Chan Yeol၏ပါးနှစ်ဖက်နှင့်နှုတ်ခမ်းတို့ကိုငုံ့နမ်းလိုက်ပြီး

"Babe ပင်လယ်ထဲဆင်းမို့…ဖြစ်တယ်မလား Hyung"

လုပ်ဆောင်ချက်တစ်အရ - အဆိုပါနှစ်ယောက်အရှေ့တွင် ချစ်သူဘဝဖြင့်နေရတာ ဘယ် လောက်နေပျော်စရာကောင်းကြောင်း အခေါ်အဝေါ်လေးတွေဖြင့် ကြည်နူးစေချင်သည့်အတွက် Baek Hyunက သူ့ကိုယ်သူ Babeဟု တမင်သုံးနှုန်းခဲ့သည်။

Se Hun နှင့် Lu Han ထိမထိတော့မသိပေမဲ့
Chan Yeol သွားဖွေးလွန်းလှပါကြောင်း ကမ်းခြေရှိလူကုန်သိလေပြီဖြစ်သည်။

"ဖြစ်တာပေါ့။ ဒါပေမဲ့ Babe အင်္ကျီမချွတ်ရဘူးနော်"

"ဟာ…Boss အင်္ကျီမချွတ်ပဲနဲ့ ဘာလို့ရေဆင်းကူး
မှာတုန်း"

"ငါ မင်းကိုမပြောဘူး Lu Han… ဒါမဲ့ မင်းလဲ
အင်္ကျီဝတ်ထားသင့်တယ်မထင်ဘူးလား ဟမ်??"

ကြည်နူးမှုပါးပါးလေးပျောက်လျက် Chan Yeol
သည် Lu Hanကို စူးစူးရဲရဲကြည့်သည်။

ရှပ်အင်္ကျီပါးပါးတထည်ကိုကြယ်သီးလုံးဝမတပ်ပဲဝတ်ထားသည့် Lu Hanသည် Chan Yeol စကားအဆုံး၌ ရှပ်ကိုချွတ်ချလိုက်ပြီးပင်လယ်ဘက်အာရုံစိုက်နေဆဲဖြစ်သောOh Se Hunပေါ်ကိုလှမ်းပစ်တင်လိုက်သည်။

"ကျစ်……Luhan."

Se Hunမျက်နှာမူလိုက်ကာမကျေမချမ်းရေရွတ်လိုက်ပါမှ ပခုံးတွန့်ပြရင်း Baek Hyunလက်ကိုဆွဲလို့ ပင်လယ်ဆီအော်ဟစ်ဆင်းသွားသည်။

Chan Yeolကတော့စိတ်ပျက်လက်ပျက်ခေါင်းခါ
ရင်းဖြင့်သာ ဘီယာတွေတငုံပြီးတငုံသောက်နေသည်။

မြှားနတ်မောင်တာတွေ မမောင်တာတွေခဏခေါက်။Lu Hanသာသူ့ညီလေးဆိုလျှင် Oh Se Hunနှင့်တသက်လုံးမတွေ့ရအောင် အိပ်ခန်းထဲတံခါးပိတ်သော့ခတ်ထည့်ထားလိုက်မည်ဖြစ်သည်။

ဘယ်နှယ့် လူပုံကြည့်တော့ အထိမခံနိုင်လောက်သည့်ကြွေရုပ်ပုံစံနှင့်။

"ဒီမှာ Boss Park Chan Yeol ဒီလိုကိစ္စမျိုး
ကနှစ်ဦးသဘောတူမှဖြစ်တာ ငါ့တယောက်တည်းအပြစ်မဟုတ်ဘူး…………ကြည့်ဦးမလား"

"တော်တော် တော်ပြီ"

ရှပ်ကြယ်သီးတွေကိုတလုံးစီဖြုတ်ပစ်ရင်း Se Hunပြောတော့Chan Yeolအတင်းအကျပ်လက်ခါငြင်းလိုက်ရသည်။

Lu Hanထက်မလျော့သော ကာလာလှလှလေးတွေ Se Hun လည်ပင်းနှင့်ရင်ဘတ်တဝိုက်မှာရှိနေနိုင်ကြောင်း မကြည့်ပဲနဲ့ကို Chan Yeolပြောနိုင်သည်လေ။

ထို့နောက် မတိုင်ပင်ပါပဲ နှစ်ယောက်သား Lu Hanတို့ရေကစားနေသည့်နေရာဆီကြည့်မိကြသည်။

Boss ကတော့ သူ့ရည်းစားသူငမ်းသည်မို့ထားပါတော့ !

နေကာမျက်မှန်ကြီးအောက်ကနေ Lu Hanကိုချည်းစိုက်ကြည့်နေသည့် အယ်ဒီတာချုပ်ကြီးကျတော့ရော ?

အချိန်အခါသင့်နေပြီဖြစ်လို့ Chan Yeolက ချောင်းတချက်ဟန့်သည်။ ထို့နောက်မှာ

"Se Hun…မင်းဒီကိုဘာလာလုပ်တာလဲ??"

"Shit…^ မင်းကိုယ်တိုင်လေယာဉ်လက်မှတ်ပို့ပြီး
ငါ့လာခိုင်းတာလေ ရိုက်ကွင်းလာကြည့်ဆို"

မကျေမချမ်းဖြင့်Se Hunဖြေသည့်အခါ Chan Yeolသည် စိတ်ကသိကအောက်ဖြစ်လောက်အောင်ရယ်လိုက်ပြီး Se Hunလက်မောင်းကိုလှမ်းထိုးလေသည်။

"မင်းက……Oh Se Hunဆိုတဲ့မင်းက…?
ငါPark Chan Yeolလေယာဉ်လက်မှတ်ပို့ပေးတာနဲ့ငေါက်ခနဲထလိုက်လာတယ်ပေါ့။ရိုက်ကွင်း
ကြည့်ရအောင် အဲ့ဒါမင်းအလုပ်မှမဟုတ်တာ"

ခပ်ပြုံးပြုံးပြောလိုက်သည့် Chan Yeolစကားကြောင့် Se Hunမျက်မှောင်ကျုံ့သွားသည်။

"ကျစ်……မင်း ဘာပြောချင်တာလဲ Park …
ဒဲ့ပြော ငါ့ကိုလာစားမနေနဲ့"

"မင်း Lu Hanကိုချစ်လား"

"What the fuck … Woah … Park
မင်းတကယ် အရေးမပါတာတွေတော်တော်ပြော
လာတယ် tsk … အဲ့Baekh Hyunဆိုတဲ့
ကောင်လေးကမင်းခေါင်းထဲကို မဟုတ်မဟတ်
အတွေးတွေထည့်ပေးနေတာပဲ"

Se Hunကို ဝေဝါးစေဖို့ ရည်ရွယ်ချက်ဖြင့်
Chan Yeolစခဲ့သော်လည်း Baek Hyun နာမည်ပါလာသည့်အခါ မြူးထူးနေသောစိတ်သည် ရင်ခုန်သံမြန်မြန်ဖြင့်ငြိမ်ကျသွားသည်။

နာမည်လေးကတောင် သူ့ကို အချစ်တွေဖြစ်စေပါရဲ့။

"အဟင်း……ငါ Baek Hyunကိုတကယ်ချစ်တာ
Se Hun"

သောင်ပြင်ပေါ်လက်ထောက်ရင်း ကမ်းခြေမှာရေ
ကစားနေသည့်Baek Hyunရှိရာဆီငေးကြည့်နေသော Chan Yeol၏မျက်လုံးများသည်သာမန်မဟုတ်။

ချစ်သူကိုကြည့်သည်ထက် ပိုလွန်ပြီးမြတ်နိုးမှုတို့ကိုအတိုင်းထက်အလွန်မြင်နေရသည်။

Se Hunကို စကားတွေလွှတ်ဖို့ စီစဉ်ထားသည့်သူ
ကြီးက ခုကျတော့ Baek Hyunကို ကြည်ကြည်နူးနူးကြည့်ပြီး သူ့အနာဂတ် အစီအစဉ်တွေကိုချပြလေ၏။

"ငါ သူ့ကိုလက်ထပ်မှာ…"

"အမ်…ဘယ်လို.…ဘာပြောတာ?"

"လက်ထပ်မှာလို့…Baek Hyunကို ငါ့ရဲ့ အိမ်ထောင်ဖက်အဖြစ်တရားဝင်လက်ထပ်မှာ"

"မင်းအဖေကိုဘယ်လိုလုပ်မလဲ??နောက်ပြီး……
ဟေ့ကောင် ခုချိန်ထိ ယောကျ်ားအချင်းချင်း
လက်ထပ်တာလွယ်တဲ့ကိစ္စမဟုတ်ဘူးဟ"

တော်ရုံတန်ရုံစိတ်မလှုပ်ရှားတတ်သည့်Se Hun
သည် Chan Yeolစကားကြောင့် အကြီးအကျယ်ဖျားသွားသည်။

စကားတွေမြန်မြန်သွက်သွက်ပြောဖြစ်သွားသည်ကိုကိုယ်တိုင်တောင်သတိမထားမိပေမဲ့ Chan Yeolကတော့ သတိထားမိစွာရယ်ရင်း

"ငါအဖေ့ကိုလဲပြောပြီးသွားပြီ။ နောက်ပြီး ငါ
သူ့သားမဟုတ်တော့ဘူး"

"အမွေပြတ်စွန့်လွှတ်လိုက်တာလား"

"အင်း…Baek Hyunကိုလက်ထပ်ပါ့မယ်လို့ ပြောပြီး နောက်တနေ့ပဲ"

Chan Yeolက သဘောတကျရယ်နေပေမဲ့
Se Hun သည် လက်လန်သွားသည့်ပုံဖြင့် သူငယ်ချင်းဖြစ်သူကိုမကြည့်တော့ပဲမျက်နှာလွှဲလိုက်ပါသည်။

ကမ်းခြေတွင်ကစားနေသည့်Baek Hyun
သည် Chan Yeolကို လက်လှမ်းပြရင်းရယ်မော
နေလေသည်။

"ဒါမဲ့ ဟေ့ကောင် ငါကမင်းBossပဲကွ။ စာပေတိုက်ကငါပိုင်တာ။ Baek Hyunနဲ့ချစ်သူစဖြစ်တဲ့ လွန်ခဲ့တဲ့တနှစ်လောက်တည်းကအဖေ့ ဆီကစာချုပ်စာတမ်းနဲ့ပြန်ဝယ်ထားပြီးသား"

"တော်စမ်းပါကွာ "

Se Hun ၏ စိတ်ပျက်လက်ပျက်အသံကြောင့် Chan Yeolက ရယ်ပြန်ပါသည်။

အင်းလေ ။ သိန်းသန်းချီတန်သည့်ပိုင်ဆိုင်မှုများကိုChan Yeolက Baek Hyun တယောက်တည်းနှင့်လဲပစ်ခဲ့သည်။ အဖေနှင့်အမေရှိသည့် မိသား စုထဲကနေBaek Hyun ဘဝထဲကိုတိုးဝင်ခဲ့သည်။

"Byun Baek Hyunကအဲ့လောက်အရေးပါ
လို့လား Chan Yeol…"

Se Hun၏ မေးခွန်းကရိုးရိုးကလေးပင်။ ခေါင်းငြိမ့်ပစ်လိုက်ဖို့အင်မတန်လွယ်ကူနေခဲ့သည်။

ထို့ကြောင့် Chan Yeolက ပြုံးလို့သာနေသည်။

မိနစ်အတန်ကြာ Chan Yeolဆီမှအဖြေစကား
မလာသဖြင့် Se Hun ငဲ့စောင်းကြည့်မိလိုက်သည်။

Baek Hyunကိုကြည့်ပြီး ရပ်တန့်မရသော
Chan Yeolအပြုံးတွေကြောင့် ဘာအဖြေမှ
မလိုတော့မှန်း သိသာပါသော်လည်း

"အဲ့ထက်ပိုတယ် Se Hun…။ သူကငါ့ရဲ့အရာရာပဲ"

ထိုစကားအဆုံး Se Hun သက်ပြင်းအကြီးကြီးချကာ ရယ်မောမိလိုက်ပါပြီး ခေါင်းကိုကုတ်လိုက်သည်။

ပင်လယ်ဘက်ဆီကြည့်မိသည့်အခါ Lu Hanကိုနောက်မှာထားခဲ့ပြီး Chan Yeolဆီပြေး လာနေသည့်Baek Hyunကိုတွေ့ရလေသည်။

"ကျောင်းတက်တုန်းက ကောင်မလေးတွေ
ထည်လဲတွဲပြီး one night standတွေ
မှိုလိုပေါက်ရှိခဲ့တဲ့ Park Chan Yeol
ဘယ်ရောက်သွားတုန်း ။ ငါ့သူငယ်ချင်းPark
Chan Yeolလေး"

"အဲ့ကောင်သေပြီလေ။ ခုက Byun Baek Hyun
တယောက်တည်းကိုပဲ ရိုးမြေကျချစ်မဲ့
Park Chan Yeolပဲရှိတော့တယ်"

"fuck you…"

"Sorry…မင်းကငါ့typeမဟုတ်ဘူး။ နောက်ပြီး
ငါကပိုင်ရှင်ရှိတယ်"

Se Hun သည် သည်းမခံနိုင်ပုံဖြင့် သဲလက်တဆုပ်ယူကာ Chan Yeolဆီ ပစ်ပေါက်မိလိုက်သည်။ ပြီးကာမှ Chan Yeolနှင့် Se Hun ၂ယောက်သား အားပါးတရရယ်မိပါသည်။

Chan Yeolသည်ကား သူ့ဆီသို့ ပြုံးကာပြေးလာ
သည့် သူ၏အရာအားလုံးပိုင်ရှင်လေးကို လက်နှစ်ဖက်ဆန့်တန်းကာပြုံးလို့ကြိုဆိုနေလိုက်တော့သည်။

Se Hun အား အချစ်အကြောင်းအသိဝင်ဖို့လုပ်ကာမှBaek Hyunအပေါ်ထားရှိသည့် သူ၏ အချစ်တွေကိုအကုန်အစင်ပြသမိသည့်နေ့ဖြစ်ပါသည်။

To Be ConTinued……………


Continue Reading

You'll Also Like

47.8K 8.6K 44
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
183K 12.9K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
103K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
178K 3.2K 6
ကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡