Dark Angel

De akyinnamon

415K 48.6K 2.7K

(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒ... Mai multe

အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13 (U & Z)
Part 14 (U&Z)
Part 16 (U&Z)
Part 17 (U&Z)
Part 18 (U&Z)
Part 19 (U&Z)
Part 20 (U&Z)
Part 21 (U&Z)
Part 22 (U&Z)
Part 23 (U&Z)
Part 24 (U&Z)
Part 25 (U&Z)
Part 26 (U&Z)
Part 27 (U&Z)
Part 28 (U&Z)
Part 29 (U&Z)
Part 30 (U&Z)
Part 31 (U&Z)
Part 32 (U&Z)
Part 33 (U&Z)
Part 34 (U&Z)
ဇာတ်သိမ်းပိုင်း
Thankyou
Teaser
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 1 (Zawgyi)
Extra 2 (Zawgyi)
Extra 3 (Zawgyi)
A/N

Part 15 (U&Z)

7.6K 1K 24
De akyinnamon

လှေကားထစ်ငယ်များလို မနိမ့်မမြင့်ဖြစ်နေသော ရေတံခွန်ငယ်လေးများကို ဖြတ်သန်းကာ စမ်းချောင်းရေသည် တသွင်သွင်စီးဆင်းနေသည်။ စိမ်းပြာရောင်လဲ့နေသော ရေပြင်သည် မှန်သားပြင်ကဲ့သို့ ကြည်လင်နေသည်။ ကျောက်တုံးငယ်များကြားတွင် ရွှေရောင်ငါးလေးများကို မြင်နေရသည်။ စမ်းချောင်းရေမျက်နှာပြင်အောက်မှ ကျောက်တုံးကျောက်ခဲငယ်များသည် ရေစီးကြောင်းမှာ တငြိမ့်ငြိမ့်လှုပ်ရှားနေသလို မှော်ပင်စိမ်းများမှာ လေညင်းကြားမှ သစ်ကိုင်းခက်များလို ယိမ်းနွဲ့နေသည်။ စမ်းချောင်းလေး၏ ဘေးတစ်ဖက်တစ်ချက်ရှိ သစ်ပင်မြင့်များ၏ အမြစ်များသည် မြေပြင်ထက်မှာ ရစ်ခွေသိုင်းကာ စာလုံးဖော်ထားသည်လား ထင်ရသည်။ ငှက်ငယ်လေးများ၏ တီတာသံလေးများကို ကြားနေရသည်။

ထိုငြိမ်းချမ်း သာယာသော ပတ်ဝန်းကျင်တစ်ခွင်လုံးကို အလှပဆုံးဖြစ်အောင် ဖန်တီးပေးနေသည်ကတော့ လွမ်းစရာကောင်းလွန်းသော ပလွေသံတစ်ခုဖြစ်သည်။ စမ်းချောင်းဘေးရှိ ကျောက်တုံးငယ်တစ်ခုပေါ်တွင် လူငယ်တစ်ယောက် ထိုင်နေသည်။ မသိမသာ ပွင့်ဟနေသော နီထွေးနေသည့် အောက်နှုတ်ခမ်းထောင့်တွင် ရိုးရာလုပ်ဖြစ်သော ၀ါးပုလွေငယ်တစ်ချောင်းရှိနေသည်။ သွယ်တန်းရှည်လျားလှသော လက်ချောင်းရှည်များသည် ကွေးရုံလေးတင်ထားသည်။ ညင်သာလှသော ရွေ့လျားပုံမှာ တောင်ပံခတ်နေသော လိပ်ပြာငယ်များလားဟု အထင်မှားစရာ။

လူငယ်၏ဖြောင့်တန်းရှည်လျားသော ရွှေရောင်ဆံပင်များမှာ ချောမွေ့ခန့်ညားလွန်းသော မျက်နှာကျသွယ်သွယ်ကို ဘောင်ခတ်ထားသည်။ ထိုဆံပင်ရှည်များသည် ကျောက်ဆောင်အောက်မှ မြေပြင်ပေါ်ထိ ကွေ့ဝိုက်စွာ ကျနေပုံမှာ ကြည်လင်သောစမ်းချာင်းငယ်ဘေးတွင် ရွှေရောင်စမ်းချောင်းငယ်နောက်တစ်ခု စီးဆင်းနေသလိုပင်။ နွေဦးရာသီ၏ ကောင်းကင်တစ်ခုနှယ် ပြာလွင်သော မျက်လုံးများက ဟိုးအဝေးသို့ငေးကြည့်နေသည်။ အလွမ်းသည်သာ အလှဆုံးဟု သမုတ်၍ရပါလျှင် ထိုစမ်းချောင်းငယ်၊ လူငယ်နှင့် ပုလွေသံတို့သည် တစ်လာကလုံးတွင် အလှပဆုံးမြင်ကွင်းတစ်ခုကို ချယ်မှုန်းပြသထားခြင်းပင်။

အဆုံးမသတ်သေးသော သံစဉ်ကို ရပ်တန့်လိုက်ရင်း လူငယ်သည် သူ့နောက်ဘက်သို့ မျက်နှာငဲ့ရုံ လှည့်ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်လေး လှုပ်ရှားရုံ ပြုံးလိုက်သည်။

"ဖရက်..."

ခေါ်သံတွင် မြတ်နိုးမှုအပြည့်။ ဖရက်ဒီသည် ဒန်နရယ်၏ နောက်နားတွင်ရပ်နေသည်။ ငွေရောင်သန်းသော ဆံပင်လိပ်တစ်ချို့သည် နဖူးပြင်ထက်မှသည် မျက်နှာပေါ်၀ဲကျနေသည်။ နဖူးပြင်ထက် မသိမသာထင်နေသော အရေးအကြောင်းသည် ခန့်ထည်ချောမောမှုကို အနှောင့်ယှက် မဖြစ်စေပါ။ ကျက်သရေတိုးအောင်ပင် ကူညီပေးနေသည်။

"ဘာလို့ရပ်လိုက်တာလဲ။"

ပလွေရှိရာ မေးငေါ့ပြသည်။ ဒန်နရယ်ထိုင်နေရာ ကျောက်တုံးဘေးနားထိ လျှောက်လာပြီး ယှဥ်ရပ်လိုက်သည်။ ဒန်နရယ် ထိုင်နေရာမှ ထကာ နေရာပေးဟန်ပြင်ချိန်တွင် ဖရက်ဒီသည် ဒန်နရယ့်ပခုံးကို ဖိလိုက်ကာ ထခွင့်မပေး။

"ငါ ဒီလောက် မအိုသေးပါဘူး ကောင်လေးရာ။"

ဒန်နရယ် ပြုံးရုံသာ ပြုံးဖြစ်သည်။ မျက်လုံးမှ၀မ်းနည်းမှုကို ချစ်ရသူမမြင်အောင် စမ်းချောင်းငယ်ရှိရာ အကြည့်လွှဲဖြစ်သည်။ သူတို့နှစ်ယောက်၏ဘဝသည် အေးချမ်းသာယာခဲ့သည်။ အသီးသီးထမ်းဆောင်ထားရသော တာဝန်ဝတ္တရာများကြောင့် ပျော်စရာအတိဖြစ်သည်ဟု မဆိုနိုင်ခဲ့သော်လည်း ချစ်ရသူ၏လက်ကိုတွဲရင်း ကြည်နူးစရာအတိဖြစ်ခဲ့သည်။

ဒန်နရယ်အတွက် လူသားအဖြစ်မှ နတ်ဘုရားတစ်ပါးအဖြစ် စွမ်းအားတန်ခိုးများကို ပိုင်ဆိုင်ရသည်မှာ မလွယ်ကူခဲ့ပါ။ ဖရက်ဒီ၏ လမ်းညွှန်ချက်၊ အကြံဉာဏ်များကြောင့်သာ အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ခဲ့သည်။ သတ္တဝါအားလုံးအတွက် အေးချမ်းသာယာသော လောကတစ်ခုဖြစ်လာအောင် သူတို့နှစ်ယောက်အတူလက်တွဲရင်း စွမ်းဆောင်နိုင်ခဲ့သည်။

"အဆင်ပြေရဲ့လား ဒန်နရယ်။ ဘာထူးသေးလဲ။"

"ဘာမှအထွေအထူးတော့ မရှိဘူး ဖရက်။ ဘာဖြစ်လို့လဲ။"

"ဟိုတစ်လောက နတ်ဆိုးတစ်ချို့ ပုန်ကန်တာမျိုးဖြစ်သေးတယ်ဆို။"

"အင်း.. ဟုတ်တယ်။ ကျွန်တော်သိတာတောင် နောက်ကျသွားတယ်။ နေနတ်ဘုရားနဲ့ လေနတ်ဘုရား နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်လိုက်နိုင်တယ်တဲ့။"

တကယ်တော့ ဒီအကြောင်းတွေကို ဖရက်ဒီကို မပြောချင်တော့ပါ။ ချစ်ရသူကို စိတ်မပူစေချင်တော့တာလည်းပါသည်။ ဖရက်ဒီသည် တစ်ချိန်ကလို ငယ်ရွယ်သူတစ်ယောက် မဟုတ်တော့။ လူသားတစ်ယောက်အဖြစ် အချိန်ဟူသည့် ကန့်သတ်မှုအောက်တွင် တဖြည်းဖြည်း ပြောင်းလဲလာသော ဖရက်ဒီကို အချိန်တိုင်းမှာ ငြိမ်းချမ်းအေးဆေးစွာ အနားယူနေစေချင်သည်။ ဒါပေမယ့် ဒန်နရယ်၏ချစ်သူဖရက်ဒီသည် မိမိကိုယ်ကိုထက် လောကသားများအပေါ် မေတ္တာထားပူပန်တတ်နေပြန်ပါသည်။

"သူတို့နှစ်ယောက် လက်တွဲမှတော့ မအောင်မြင်စရာ မရှိပါဘူး။ ဒါပေမဲ့ နတ်ဆိုးဆိုတာလည်း သတ္တဝါပဲ ဒန်နရယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ အသက်မဆုံးရှုံးစေချင်ဘူး။"

"ကျွန်တော်နားလည်ပါတယ်။ သူတို့လည်း မတတ်သာလို့သာ..."

"ကိုယ်.. မင်းကိုရော၊ သူတို့ကိုပါ အပြစ်တင်နေတာမဟုတ်ဘူးနော် ကောင်လေး။"

ဒီလိုခေါ်ခံရတိုင်း သူ့ရင်ထဲမှာ နွေးထွေးစွာ ခံစားရသည်ကို ဖရက်ဒီ မသိလေသလားမသိ။ ငုံ့ကြည့်ပြုံးပြနေသည့် ရီဝေသောမျက်လုံးများသည် မေတ္တာဓါတ်ဖြင့် နွေးထွေးနေသည်။

"မင်းစဥ်းစားကြည့်လေ။ အခုအချိန်မှာ သူတို့မှာခေါင်းဆောင်မရှိဘူး။ မြေအောက်မှာပဲ နေရတယ်။ အစာအတွက်ဆိုရင်လည်း လူသားတွေ ပေးသမျှနဲ့ တင်းတိမ်နေရတယ်။ တကယ်ဆို ငါတို့မတရားဘူးလို့တောင် ပြောလို့ရနေတယ် မဟုတ်လား။ ဘယ်အချိန်ထိ အဆင်ပြေနိုင်မလဲကွာ။ ဆယ်နှစ်လား၊ နှစ်တစ်ရာလား။ ဟူး.. မင်းကို ငါပေးခဲ့တဲ့တာ၀န်အတွက် ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေပြီ။"

ဒန်နရယ်သည် သူ့ပခုံးပေါ်မှ ဖရက်ဒီ၏လက်များကို ဆုပ်ကိုင်လိုက်သည်။ ခေါင်းကိုငဲ့ရင်း နှုတ်ခမ်းများနှင့် ထိနမ်းလိုက်သည်။

"ခင်ဗျားရဲ့အိပ်မက်ဟာ ကျွန်တော့်အတွက်တော့ ကိုးကွယ်ရာပဲ ဖရက်။ လူသားရယ် နတ်ဆိုးတွေရယ် နတ်ဘုရားတွေရယ်.. အားလုံးအေးအေးချမ်းချမ်းနေနိုင်ဖို့ ခင်ဗျားမျှော်လင့်ခဲ့တယ် မဟုတ်လား။ ဘယ်လောက်ကြာကြာ၊ ဘယ်အချိန်ရောက်ရောက် ဒီအတိုင်း ဖြစ်လာစေရမယ်။ ကျွန်တော် ကတိပေးတယ်။ ခင်ဗျားရော.. ကျွန်တော့်ကိုပေးခဲ့တဲ့ ကတိကို တည်မယ်မဟုတ်လား။ ဘယ်ဘ၀ရောက်ရောက် ကျွန်တော့်နားကို ပြန်လာခဲ့မယ်မဟုတ်လား။"

ဒန်နရယ်၏ပခုံးကို ဆုပ်ကိုင်ထားသော ဖရက်ဒီ၏လက်များ အားလျော့သွားသည်။ စကားသံသည် တိတ်ဆိတ်သွားပေမယ့် ရင်ထဲမှာတော့ ပေါက်ကွဲသံကိုယ်စီနှင့်ဖြစ်သည်။

"မင်း ခေါင်းမာလွန်းတယ် ဒန်နရယ်။"

မပြုံးချင်သော်လည်း ဒန်နရယ် ပြုံးဖြစ်သည်။

"ဒါက အခုမှ မဟုတ်ဘူးလေဗျာ။"

"ဒါပေမဲ့ အခုကိစ္စကို မင်းခေါင်းမာလို့မရဘူးလေ။"

ဒန်နရယ်၏ရှေ့တွင် ဖရက်ဒီ ဒူးထောက်ထိုင်ရင်း ငုံ့ထားသော မျက်နှာကို လှမ်းကြည့်သည်။ တင်းကြပ်နေသော ရင်ခွင်သည် နာကျင်ရလွန်းသည်။

"ငါ မင်းနားကို ပြန်မလာချင်ဘူး။ ဘယ်တော့မှ ပြန်မလာချင်တော့ဘူးဆိုတာ ငါ ထပ်ခါထပ်ခါ ပြောပြီးပြီလေ ကောင်လေးရာ။ ငါ့ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ ၀ိညာဉ်ဟာ ငါ တစ်ယောက်တည်းမဟုတ်တော့ဘူး။ ငါ လူသားတစ်ယောက်အနေနဲ့ ပြန်ပြီးမွေးဖွားလာခဲ့ရင် ငါတို့နှစ်ယောက်စလုံး အပင်ပန်းခံ ကြိုးစားရယူခဲ့တဲ့ ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးပစ်မယ့်သူဟာ ငါကိုယ်တိုင်ဖြစ်နေလိမ့်မယ်။"

မကြားချင်သော စကားများကို ထပ်ခါကြားရပြန်သည်။ မေ့ထားချင်သော အကြောင်းအရာသည် ချစ်ရသူနှစ်ယောက်ကြားတွင် အိပ်မက်ဆိုးတစ်ခုလို ခြောက်လှန့်နေသည်။

ဖရက်ဒီ အသိနောက်ကျခဲ့သည်။ စေတန်နတ်ဆိုးကို ဒန်နရယ် သတ်ဖြတ်လိုက်ချိန်တွင် ဖရက်ဒီ့ကို နတ်ဘုရားမ ပြန်လည်ကယ်တင်နိုင်ရန် အစွမ်းကုန်ကြိုးစားနေချိန်ဖြစ်သည်။ ယုတ်ညံ့ဉာဏ်များသောစေတန်သည် နောက်ဆုံးအချိန်တွင် ၎င်း၏ဝိညာဉ်အစိတ်အပိုင်းတစ်ချို့ကို သွေးချင်းတူသောသားဖြစ်သူ ဖရက်ဒီထံသို့ ပို့ဆောင်နိုင်ခဲ့သည်။ လက်ရှိဘ၀တွင် ဘာမှမလုပ်နိုင်။ သားဖြစ်သူ၏ ကိုယ်ခန္ဓာအတွင်း အသွေးအသားအတွင်းတွင် ပုန်းခိုနေရုံသာ။

သို့ပေမယ့် နောင်တစ်ချိန် လူသားအဖြစ် ပြန်လည်မွေးဖွားလာခဲ့မည်ဆိုလျှင်တော့..

"နောက်ဘဝမှာ ကိုယ်ပြန်လည်မွေးဖွားလာခဲ့ရင် ငါဟာ ဖရက်ဒီပဲ မဟုတ်တော့ဘူး ကောင်လေး။ မင်းကိုအရမ်းမုန်းတဲ့ ဖခင်နဲ့ငါဟာ ၀ိညာဉ်တစ်ခုတည်း၊ လူသားတစ်ယောက်တည်း ဖြစ်လာမှာ။ ဖခင်ဟာ မင်းကို ဘယ်လောက်မုန်းတီးနားကြည်းခဲ့လဲဆိုတာကို ငါ အသိဆုံး ဒန်နရယ်။"

"ဒါပေမယ့် ခင်ဗျားကိုယ်တိုင်လည်း ရှိနေမှာပဲ မဟုတ်လား။ ခင်ဗျားရဲ့ဝိညာဉ်လည်း ပျောက်သွားမှာမှ မဟုတ်တာ။ စေတန်ရဲ့အစအနတွေရှိနေဦးမယ်ဆိုရင်တောင် ခင်ဗျားလည်းရှိနေမှာပဲ။"

ရေနစ်သူအတွက်တော့ ကောက်ရိုးတစ်မျှင်သည်လည်း အားကိုးအားထားစရာတစ်ခုပင် မဟုတ်ပါလား။ ဒန်နရယ် အလျှော့မပေးနိုင်။ ဖရက်ဒီ၏ မျက်လုံးများသည် မြူဆိုင်းနေသော တောင်တန်းတစ်ခုလို တောက်ပမှုကင်းမဲ့နေသည်။

"ဖခင်က နတ်ဆိုးဘ၀နဲ့ သေဆုံးပြီး ငါကတော့ လူသားအဖြစ်နဲ့ သေဆုံးရမှာလေ။ ငါ သူ့ကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်ဟာ ၀ိညာဥ်တစ်ခုတည်း ဖြစ်နေပါစေဦး။ သူပဲ ကြီးစိုးမယ့် ၀ိညာဥ်။ နောက်ပြီး သူ့ရဲ့တန်ခိုးအစွမ်းတွေ ပြန်ရလာနိုင်တယ်။ ငါကတော့ ဘာဆိုဘာမှတတ်နိုင်မှာမဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို ကိုယ်ကိုယ်တိုင် ပြန်ပြီးဒုက္ခပေးမယ့် အသုံးမကျတဲ့.."

ဖရက်ဒီ၏စကားများ မဆုံးခင် နှုတ်ခမ်းများကို လက်ချောင်းများနှင့် ဖွဖွထိရင်း တားဖြစ်သည်။ သိပ်မကြာခင်မှာ ချစ်ရလွန်းသူကို နှုတ်ဆက်ရတော့မည်။ လူ့ဘ၀သက်တမ်းသည် ကုန်ဆုံးရန် မြန်ဆန်လွန်းသည်။ ဖရက်ဒီ သူ့နားပြန်လာမည်ဆိုသော မျှော်လင့်ချက်တစ်ခုနှင့် အထီးကျန်အချိန်ပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဒီမျှော်လင့်ချက်လေးကိုတော့ ဒန်နရယ် မစွန့်လွှတ်နိုင်။ သူသည်လည်း တစ်ကိုယ်ကောင်းဆန်ချင်ပါသေးသည်။

"မင်းကို ငါ ချစ်လွန်းလို့ပါကွာ။ မင်းကို နာကျင်အောင်လုပ်မယ့်သူမျိုး မဖြစ်ချင်လွန်းလို့ပါ။"

ဖရက်ဒီသည် လက်ညှိုးထိပ်ဖြင့် ဒန်နရယ်၏ မျက်လုံးထောင့်မှ မျက်ရည်စကို ဖယ်ပေးလိုက်သည်။ သူကိုယ်တိုင် မျက်ရည်မကျပေမယ့် ဖရက်ဒီသည် ဒန်နရယ့်ထက်ပင် ပိုပြီး နာကျင်နေရသည်။ နှုတ်ဆက်ရမည့် ချစ်သူအတွက် မျှော်လင့်ချက်လေးတစ်ခုပင် မထားခဲ့နိုင်။ ချစ်ရသူကို အကြိမ်ပေါင်းများစွာ ရင်ထဲမှ တိုးတိတ်စွာ တောင်းပန်ဖြစ်သည်။

"ငါ့ကို နောက်တစ်ကြိမ်ရှင်သန်ခွင့် မပေးပါဘူးလို့ ကတိပေးပါဦး ကောင်လေးရာ။ မင်း ကတိမပေးသ၍ ငါ စိတ်မဖြောင့်နိုင်ဘူး။"

တေးဆိုနေသော ငှက်ငယ်များသည်လည်း ဝမ်းနည်းစွာ တိတ်ဆိတ်သွားသည်ထင်သည်။ မကြာသေးမီအချိန်ကမှ သာယာနာပျော်ဖွယ်ကောင်းလှသော ရေတံခွန်မှ ရေကျသံသည်ပင် ငိုရှိုက်သံတစ်ခုလို ကြေကွဲဖွယ်ကောင်းနေခဲ့သည်။

.

.

ကြာခဲ့ဖြစ်သည်။ ထိုဖြစ်ရပ်များသည် နှစ်ပေါင်းထောင်ချီအောင်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဖရက်ဒီလိုချင်သော ကတိစကားကို ဒန်နရယ် မပေးနိုင်ခဲ့။ ချစ်ရသူသည် နောက်ဆုံးချိန်အထိ ကြိုးစားဖျောင်းဖျကာ တောင်းပန်ခဲ့ပေမယ့် ဒန်နရယ် မလိုက်လျောနိုင်ခဲ့။ ထိုအတွက် တစ်ခါတစ်ရံ မခံမရပ်နိုင်အောင် ၀မ်းနည်းမိပေမယ့်လည်း နောင်တတော့မရမိ။

..............

ေလွကားထစ္ငယ္မ်ားလို မနိမ့္မျမင့္ျဖစ္ေနေသာ ေရတံခြန္ငယ္ေလးမ်ားကို ျဖတ္သန္းကာ စမ္းေခ်ာင္းေရသည္ တသြင္သြင္စီးဆင္းေနသည္။ စိမ္းျပာေရာင္လဲ့ေနေသာ ေရျပင္သည္ မွန္သားျပင္ကဲ့သို႔ ၾကည္လင္ေနသည္။ ေက်ာက္တုံးငယ္မ်ားၾကားတြင္ ေရႊေရာင္ငါးေလးမ်ားကို ျမင္ေနရသည္။ စမ္းေခ်ာင္းေရမ်က္ႏွာျပင္ေအာက္မွ ေက်ာက္တုံးေက်ာက္ခဲငယ္မ်ားသည္ ေရစီးေၾကာင္းမွာ တၿငိမ့္ၿငိမ့္လႈပ္ရွားေနသလို ေမွာ္ပင္စိမ္းမ်ားမွာ ေလညင္းၾကားမွ သစ္ကိုင္းခက္မ်ားလို ယိမ္းႏြဲ႕ေနသည္။ စမ္းေခ်ာင္းေလး၏ ေဘးတစ္ဖက္တစ္ခ်က္ရွိ သစ္ပင္ျမင့္မ်ား၏ အျမစ္မ်ားသည္ ေျမျပင္ထက္မွာ ရစ္ေခြသိုင္းကာ စာလုံးေဖာ္ထားသည္လား ထင္ရသည္။ ငွက္ငယ္ေလးမ်ား၏ တီတာသံေလးမ်ားကို ၾကားေနရသည္။

ထိုၿငိမ္းခ်မ္း သာယာေသာ ပတ္ဝန္းက်င္တစ္ခြင္လုံးကို အလွပဆုံးျဖစ္ေအာင္ ဖန္တီးေပးေနသည္ကေတာ့ လြမ္းစရာေကာင္းလြန္းေသာ ပေလြသံတစ္ခုျဖစ္သည္။ စမ္းေခ်ာင္းေဘးရွိ ေက်ာက္တုံးငယ္တစ္ခုေပၚတြင္ လူငယ္တစ္ေယာက္ ထိုင္ေနသည္။ မသိမသာ ပြင့္ဟေနေသာ နီေထြးေနသည့္ ေအာက္ႏႈတ္ခမ္းေထာင့္တြင္ ရိုးရာလုပ္ျဖစ္ေသာ ၀ါးပုေလြငယ္တစ္ေခ်ာင္းရွိေနသည္။ သြယ္တန္းရွည္လ်ားလွေသာ လက္ေခ်ာင္းရွည္မ်ားသည္ ေကြး႐ုံေလးတင္ထားသည္။ ညင္သာလွေသာ ေရြ႕လ်ားပုံမွာ ေတာင္ပံခတ္ေနေသာ လိပ္ျပာငယ္မ်ားလားဟု အထင္မွားစရာ။

လူငယ္၏ေျဖာင့္တန္းရွည္လ်ားေသာ ေရႊေရာင္ဆံပင္မ်ားမွာ ေခ်ာေမြ႕ခန႔္ညားလြန္းေသာ မ်က္ႏွာက်သြယ္သြယ္ကို ေဘာင္ခတ္ထားသည္။ ထိုဆံပင္ရွည္မ်ားသည္ ေက်ာက္ေဆာင္ေအာက္မွ ေျမျပင္ေပၚထိ ေကြ႕ဝိုက္စြာ က်ေနပုံမွာ ၾကည္လင္ေသာစမ္းခ်ာင္းငယ္ေဘးတြင္ ေရႊေရာင္စမ္းေခ်ာင္းငယ္ေနာက္တစ္ခု စီးဆင္းေနသလိုပင္။ ေႏြဦးရာသီ၏ ေကာင္းကင္တစ္ခုႏွယ္ ျပာလြင္ေသာ မ်က္လုံးမ်ားက ဟိုးအေဝးသို႔ေငးၾကည့္ေနသည္။ အလြမ္းသည္သာ အလွဆုံးဟု သမုတ္၍ရပါလၽွင္ ထိုစမ္းေခ်ာင္းငယ္၊ လူငယ္ႏွင့္ ပုေလြသံတို႔သည္ တစ္လာကလုံးတြင္ အလွပဆုံးျမင္ကြင္းတစ္ခုကို ခ်ယ္မႈန္းျပသထားျခင္းပင္။

အဆုံးမသတ္ေသးေသာ သံစဥ္ကို ရပ္တန႔္လိုက္ရင္း လူငယ္သည္ သူ႔ေနာက္ဘက္သို႔ မ်က္ႏွာငဲ့႐ုံ လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ ႏႈတ္ခမ္းေထာင့္ေလး လႈပ္ရွား႐ုံ ျပဳံးလိုက္သည္။

"ဖရက္..."

ေခၚသံတြင္ ျမတ္နိုးမႈအျပည့္။ ဖရက္ဒီသည္ ဒန္နရယ္၏ ေနာက္နားတြင္ရပ္ေနသည္။ ေငြေရာင္သန္းေသာ ဆံပင္လိပ္တစ္ခ်ိဳ႕သည္ နဖူးျပင္ထက္မွသည္ မ်က္ႏွာေပၚ၀ဲက်ေနသည္။ နဖူးျပင္ထက္ မသိမသာထင္ေနေသာ အေရးအေၾကာင္းသည္ ခန႔္ထည္ေခ်ာေမာမႈကို အေႏွာင့္ယွက္ မျဖစ္ေစပါ။ က်က္သေရတိုးေအာင္ပင္ ကူညီေပးေနသည္။

"ဘာလို႔ရပ္လိုက္တာလဲ။"

ပေလြရွိရာ ေမးေငါ့ျပသည္။ ဒန္နရယ္ထိုင္ေနရာ ေက်ာက္တုံးေဘးနားထိ ေလၽွာက္လာၿပီး ယွဥ္ရပ္လိုက္သည္။ ဒန္နရယ္ ထိုင္ေနရာမွ ထကာ ေနရာေပးဟန္ျပင္ခ်ိန္တြင္ ဖရက္ဒီသည္ ဒန္နရယ့္ပခုံးကို ဖိလိုက္ကာ ထခြင့္မေပး။

"ငါ ဒီေလာက္ မအိုေသးပါဘူး ေကာင္ေလးရာ။"

ဒန္နရယ္ ျပဳံး႐ုံသာ ျပဳံးျဖစ္သည္။ မ်က္လုံးမွ၀မ္းနည္းမႈကို ခ်စ္ရသူမျမင္ေအာင္ စမ္းေခ်ာင္းငယ္ရွိရာ အၾကည့္လႊဲျဖစ္သည္။ သူတို႔ႏွစ္ေယာက္၏ဘဝသည္ ေအးခ်မ္းသာယာခဲ့သည္။ အသီးသီးထမ္းေဆာင္ထားရေသာ တာဝန္ဝတၱရာမ်ားေၾကာင့္ ေပ်ာ္စရာအတိျဖစ္သည္ဟု မဆိုနိုင္ခဲ့ေသာ္လည္း ခ်စ္ရသူ၏လက္ကိုတြဲရင္း ၾကည္ႏူးစရာအတိျဖစ္ခဲ့သည္။

ဒန္နရယ္အတြက္ လူသားအျဖစ္မွ နတ္ဘုရားတစ္ပါးအျဖစ္ စြမ္းအားတန္ခိုးမ်ားကို ပိုင္ဆိုင္ရသည္မွာ မလြယ္ကူခဲ့ပါ။ ဖရက္ဒီ၏ လမ္းညႊန္ခ်က္၊ အႀကံဉာဏ္မ်ားေၾကာင့္သာ အခက္အခဲမ်ားကို ေအာင္ျမင္ေက်ာ္လႊားနိုင္ခဲ့သည္။ သတၱဝါအားလုံးအတြက္ ေအးခ်မ္းသာယာေသာ ေလာကတစ္ခုျဖစ္လာေအာင္ သူတို႔ႏွစ္ေယာက္အတူလက္တြဲရင္း စြမ္းေဆာင္နိုင္ခဲ့သည္။

"အဆင္ေျပရဲ့လား ဒန္နရယ္။ ဘာထူးေသးလဲ။"

"ဘာမွအေထြအထူးေတာ့ မရွိဘူး ဖရက္။ ဘာျဖစ္လို႔လဲ။"

"ဟိုတစ္ေလာက နတ္ဆိုးတစ္ခ်ိဳ႕ ပုန္ကန္တာမ်ိဳးျဖစ္ေသးတယ္ဆို။"

"အင္း.. ဟုတ္တယ္။ ကၽြန္ေတာ္သိတာေတာင္ ေနာက္က်သြားတယ္။ ေနနတ္ဘုရားနဲ႔ ေလနတ္ဘုရား ႏွစ္ေယာက္ေပါင္းၿပီး တိုက္ခိုက္လိုက္နိုင္တယ္တဲ့။"

တကယ္ေတာ့ ဒီအေၾကာင္းေတြကို ဖရက္ဒီကို မေျပာခ်င္ေတာ့ပါ။ ခ်စ္ရသူကို စိတ္မပူေစခ်င္ေတာ့တာလည္းပါသည္။ ဖရက္ဒီသည္ တစ္ခ်ိန္ကလို ငယ္ရြယ္သူတစ္ေယာက္ မဟုတ္ေတာ့။ လူသားတစ္ေယာက္အျဖစ္ အခ်ိန္ဟူသည့္ ကန႔္သတ္မႈေအာက္တြင္ တျဖည္းျဖည္း ေျပာင္းလဲလာေသာ ဖရက္ဒီကို အခ်ိန္တိုင္းမွာ ၿငိမ္းခ်မ္းေအးေဆးစြာ အနားယူေနေစခ်င္သည္။ ဒါေပမယ့္ ဒန္နရယ္၏ခ်စ္သူဖရက္ဒီသည္ မိမိကိုယ္ကိုထက္ ေလာကသားမ်ားအေပၚ ေမတၱာထားပူပန္တတ္ေနျပန္ပါသည္။

"သူတို႔ႏွစ္ေယာက္ လက္တြဲမွေတာ့ မေအာင္ျမင္စရာ မရွိပါဘူး။ ဒါေပမဲ့ နတ္ဆိုးဆိုတာလည္း သတၱဝါပဲ ဒန္နရယ္။ ဘာပဲျဖစ္ျဖစ္ ဘယ္သူ႔ကိုမွ အသက္မဆုံးရႈံးေစခ်င္ဘူး။"

"ကၽြန္ေတာ္နားလည္ပါတယ္။ သူတို႔လည္း မတတ္သာလို႔သာ..."

"ကိုယ္.. မင္းကိုေရာ၊ သူတို႔ကိုပါ အျပစ္တင္ေနတာမဟုတ္ဘူးေနာ္ ေကာင္ေလး။"

ဒီလိုေခၚခံရတိုင္း သူ႔ရင္ထဲမွာ ေႏြးေထြးစြာ ခံစားရသည္ကို ဖရက္ဒီ မသိေလသလားမသိ။ ငုံ႔ၾကည့္ျပဳံးျပေနသည့္ ရီေဝေသာမ်က္လုံးမ်ားသည္ ေမတၱာဓါတ္ျဖင့္ ေႏြးေထြးေနသည္။

"မင္းစဥ္းစားၾကည့္ေလ။ အခုအခ်ိန္မွာ သူတို႔မွာေခါင္းေဆာင္မရွိဘူး။ ေျမေအာက္မွာပဲ ေနရတယ္။ အစာအတြက္ဆိုရင္လည္း လူသားေတြ ေပးသမၽွနဲ႔ တင္းတိမ္ေနရတယ္။ တကယ္ဆို ငါတို႔မတရားဘူးလို႔ေတာင္ ေျပာလို႔ရေနတယ္ မဟုတ္လား။ ဘယ္အခ်ိန္ထိ အဆင္ေျပနိုင္မလဲကြာ။ ဆယ္ႏွစ္လား၊ ႏွစ္တစ္ရာလား။ ဟူး.. မင္းကို ငါေပးခဲ့တဲ့တာ၀န္အတြက္ ငါ့ကိုယ္ငါ ခြင့္မလႊတ္နိုင္ေအာင္ ျဖစ္ေနၿပီ။"

ဒန္နရယ္သည္ သူ႔ပခုံးေပၚမွ ဖရက္ဒီ၏လက္မ်ားကို ဆုပ္ကိုင္လိုက္သည္။ ေခါင္းကိုငဲ့ရင္း ႏႈတ္ခမ္းမ်ားႏွင့္ ထိနမ္းလိုက္သည္။

"ခင္ဗ်ားရဲ့အိပ္မက္ဟာ ကၽြန္ေတာ့္အတြက္ေတာ့ ကိုးကြယ္ရာပဲ ဖရက္။ လူသားရယ္ နတ္ဆိုးေတြရယ္ နတ္ဘုရားေတြရယ္.. အားလုံးေအးေအးခ်မ္းခ်မ္းေနနိုင္ဖို႔ ခင္ဗ်ားေမၽွာ္လင့္ခဲ့တယ္ မဟုတ္လား။ ဘယ္ေလာက္ၾကာၾကာ၊ ဘယ္အခ်ိန္ေရာက္ေရာက္ ဒီအတိုင္း ျဖစ္လာေစရမယ္။ ကၽြန္ေတာ္ ကတိေပးတယ္။ ခင္ဗ်ားေရာ.. ကၽြန္ေတာ့္ကိုေပးခဲ့တဲ့ ကတိကို တည္မယ္မဟုတ္လား။ ဘယ္ဘ၀ေရာက္ေရာက္ ကၽြန္ေတာ့္နားကို ျပန္လာခဲ့မယ္မဟုတ္လား။"

ဒန္နရယ္၏ပခုံးကို ဆုပ္ကိုင္ထားေသာ ဖရက္ဒီ၏လက္မ်ား အားေလ်ာ့သြားသည္။ စကားသံသည္ တိတ္ဆိတ္သြားေပမယ့္ ရင္ထဲမွာေတာ့ ေပါက္ကြဲသံကိုယ္စီႏွင့္ျဖစ္သည္။

"မင္း ေခါင္းမာလြန္းတယ္ ဒန္နရယ္။"

မျပဳံးခ်င္ေသာ္လည္း ဒန္နရယ္ ျပဳံးျဖစ္သည္။

"ဒါက အခုမွ မဟုတ္ဘူးေလဗ်ာ။"

"ဒါေပမဲ့ အခုကိစၥကို မင္းေခါင္းမာလို႔မရဘူးေလ။"

ဒန္နရယ္၏ေရွ႕တြင္ ဖရက္ဒီ ဒူးေထာက္ထိုင္ရင္း ငုံ႔ထားေသာ မ်က္ႏွာကို လွမ္းၾကည့္သည္။ တင္းၾကပ္ေနေသာ ရင္ခြင္သည္ နာက်င္ရလြန္းသည္။

"ငါ မင္းနားကို ျပန္မလာခ်င္ဘူး။ ဘယ္ေတာ့မွ ျပန္မလာခ်င္ေတာ့ဘူးဆိုတာ ငါ ထပ္ခါထပ္ခါ ေျပာၿပီးၿပီေလ ေကာင္ေလးရာ။ ငါ့ရဲ့ ကိုယ္ထဲမွာ ရွိေနတဲ့ ၀ိညာဥ္ဟာ ငါ တစ္ေယာက္တည္းမဟုတ္ေတာ့ဘူး။ ငါ လူသားတစ္ေယာက္အေနနဲ႔ ျပန္ၿပီးေမြးဖြားလာခဲ့ရင္ ငါတို႔ႏွစ္ေယာက္စလုံး အပင္ပန္းခံ ႀကိဳးစားရယူခဲ့တဲ့ ၿငိမ္းခ်မ္းမႈေတြကို ဖ်က္ဆီးပစ္မယ့္သူဟာ ငါကိုယ္တိုင္ျဖစ္ေနလိမ့္မယ္။"

မၾကားခ်င္ေသာ စကားမ်ားကို ထပ္ခါၾကားရျပန္သည္။ ေမ့ထားခ်င္ေသာ အေၾကာင္းအရာသည္ ခ်စ္ရသူႏွစ္ေယာက္ၾကားတြင္ အိပ္မက္ဆိုးတစ္ခုလို ေျခာက္လွန႔္ေနသည္။

ဖရက္ဒီ အသိေနာက္က်ခဲ့သည္။ ေစတန္နတ္ဆိုးကို ဒန္နရယ္ သတ္ျဖတ္လိုက္ခ်ိန္တြင္ ဖရက္ဒီ့ကို နတ္ဘုရားမ ျပန္လည္ကယ္တင္နိုင္ရန္ အစြမ္းကုန္ႀကိဳးစားေနခ်ိန္ျဖစ္သည္။ ယုတ္ညံ့ဉာဏ္မ်ားေသာေစတန္သည္ ေနာက္ဆုံးအခ်ိန္တြင္ ၎၏ဝိညာဥ္အစိတ္အပိုင္းတစ္ခ်ိဳ႕ကို ေသြးခ်င္းတူေသာသားျဖစ္သူ ဖရက္ဒီထံသို႔ ပို႔ေဆာင္နိုင္ခဲ့သည္။ လက္ရွိဘ၀တြင္ ဘာမွမလုပ္နိုင္။ သားျဖစ္သူ၏ ကိုယ္ခႏၶာအတြင္း အေသြးအသားအတြင္းတြင္ ပုန္းခိုေန႐ုံသာ။

သို႔ေပမယ့္ ေနာင္တစ္ခ်ိန္ လူသားအျဖစ္ ျပန္လည္ေမြးဖြားလာခဲ့မည္ဆိုလၽွင္ေတာ့..

"ေနာက္ဘဝမွာ ကိုယ္ျပန္လည္ေမြးဖြားလာခဲ့ရင္ ငါဟာ ဖရက္ဒီပဲ မဟုတ္ေတာ့ဘူး ေကာင္ေလး။ မင္းကိုအရမ္းမုန္းတဲ့ ဖခင္နဲ႔ငါဟာ ၀ိညာဥ္တစ္ခုတည္း၊ လူသားတစ္ေယာက္တည္း ျဖစ္လာမွာ။ ဖခင္ဟာ မင္းကို ဘယ္ေလာက္မုန္းတီးနားၾကည္းခဲ့လဲဆိုတာကို ငါ အသိဆုံး ဒန္နရယ္။"

"ဒါေပမယ့္ ခင္ဗ်ားကိုယ္တိုင္လည္း ရွိေနမွာပဲ မဟုတ္လား။ ခင္ဗ်ားရဲ့ဝိညာဥ္လည္း ေပ်ာက္သြားမွာမွ မဟုတ္တာ။ ေစတန္ရဲ့အစအနေတြရွိေနဦးမယ္ဆိုရင္ေတာင္ ခင္ဗ်ားလည္းရွိေနမွာပဲ။"

ေရနစ္သူအတြက္ေတာ့ ေကာက္ရိုးတစ္မၽွင္သည္လည္း အားကိုးအားထားစရာတစ္ခုပင္ မဟုတ္ပါလား။ ဒန္နရယ္ အေလၽွာ့မေပးနိုင္။ ဖရက္ဒီ၏ မ်က္လုံးမ်ားသည္ ျမဴဆိုင္းေနေသာ ေတာင္တန္းတစ္ခုလို ေတာက္ပမႈကင္းမဲ့ေနသည္။

"ဖခင္က နတ္ဆိုးဘ၀နဲ႔ ေသဆုံးၿပီး ငါကေတာ့ လူသားအျဖစ္နဲ႔ ေသဆုံးရမွာေလ။ ငါ သူ႔ကို တြန္းလွန္နိုင္မွာ မဟုတ္ဘူး။ ငါတို႔ႏွစ္ေယာက္ဟာ ၀ိညာဥ္တစ္ခုတည္း ျဖစ္ေနပါေစဦး။ သူပဲ ႀကီးစိုးမယ့္ ၀ိညာဥ္။ ေနာက္ၿပီး သူ႔ရဲ့တန္ခိုးအစြမ္းေတြ ျပန္ရလာနိုင္တယ္။ ငါကေတာ့ ဘာဆိုဘာမွတတ္နိုင္မွာမဟုတ္ဘူး။ ကိုယ္ခ်စ္ရတဲ့သူတစ္ေယာက္ကို ကိုယ္ကိုယ္တိုင္ ျပန္ၿပီးဒုကၡေပးမယ့္ အသုံးမက်တဲ့.."

ဖရက္ဒီ၏စကားမ်ား မဆုံးခင္ ႏႈတ္ခမ္းမ်ားကို လက္ေခ်ာင္းမ်ားႏွင့္ ဖြဖြထိရင္း တားျဖစ္သည္။ သိပ္မၾကာခင္မွာ ခ်စ္ရလြန္းသူကို ႏႈတ္ဆက္ရေတာ့မည္။ လူ႔ဘ၀သက္တမ္းသည္ ကုန္ဆုံးရန္ ျမန္ဆန္လြန္းသည္။ ဖရက္ဒီ သူ႔နားျပန္လာမည္ဆိုေသာ ေမၽွာ္လင့္ခ်က္တစ္ခုႏွင့္ အထီးက်န္အခ်ိန္ေပါင္းမ်ားစြာကို ရင္ဆိုင္ရမည္ျဖစ္သည္။ ဒီေမၽွာ္လင့္ခ်က္ေလးကိုေတာ့ ဒန္နရယ္ မစြန႔္လႊတ္နိုင္။ သူသည္လည္း တစ္ကိုယ္ေကာင္းဆန္ခ်င္ပါေသးသည္။

"မင္းကို ငါ ခ်စ္လြန္းလို႔ပါကြာ။ မင္းကို နာက်င္ေအာင္လုပ္မယ့္သူမ်ိဳး မျဖစ္ခ်င္လြန္းလို႔ပါ။"

ဖရက္ဒီသည္ လက္ညႇိုးထိပ္ျဖင့္ ဒန္နရယ္၏ မ်က္လုံးေထာင့္မွ မ်က္ရည္စကို ဖယ္ေပးလိုက္သည္။ သူကိုယ္တိုင္ မ်က္ရည္မက်ေပမယ့္ ဖရက္ဒီသည္ ဒန္နရယ့္ထက္ပင္ ပိုၿပီး နာက်င္ေနရသည္။ ႏႈတ္ဆက္ရမည့္ ခ်စ္သူအတြက္ ေမၽွာ္လင့္ခ်က္ေလးတစ္ခုပင္ မထားခဲ့နိုင္။ ခ်စ္ရသူကို အႀကိမ္ေပါင္းမ်ားစြာ ရင္ထဲမွ တိုးတိတ္စြာ ေတာင္းပန္ျဖစ္သည္။

"ငါ့ကို ေနာက္တစ္ႀကိမ္ရွင္သန္ခြင့္ မေပးပါဘူးလို႔ ကတိေပးပါဦး ေကာင္ေလးရာ။ မင္း ကတိမေပးသ၍ ငါ စိတ္မေျဖာင့္နိုင္ဘူး။"

ေတးဆိုေနေသာ ငွက္ငယ္မ်ားသည္လည္း ဝမ္းနည္းစြာ တိတ္ဆိတ္သြားသည္ထင္သည္။ မၾကာေသးမီအခ်ိန္ကမွ သာယာနာေပ်ာ္ဖြယ္ေကာင္းလွေသာ ေရတံခြန္မွ ေရက်သံသည္ပင္ ငိုရွိုက္သံတစ္ခုလို ေၾကကြဲဖြယ္ေကာင္းေနခဲ့သည္။

.

.

ၾကာခဲ့ျဖစ္သည္။ ထိုျဖစ္ရပ္မ်ားသည္ ႏွစ္ေပါင္းေထာင္ခ်ီေအာင္ပင္ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ ဖရက္ဒီလိုခ်င္ေသာ ကတိစကားကို ဒန္နရယ္ မေပးနိုင္ခဲ့။ ခ်စ္ရသူသည္ ေနာက္ဆုံးခ်ိန္အထိ ႀကိဳးစားေဖ်ာင္းဖ်ကာ ေတာင္းပန္ခဲ့ေပမယ့္ ဒန္နရယ္ မလိုက္ေလ်ာနိုင္ခဲ့။ ထိုအတြက္ တစ္ခါတစ္ရံ မခံမရပ္နိုင္ေအာင္ ၀မ္းနည္းမိေပမယ့္လည္း ေနာင္တေတာ့မရမိ။

Continuă lectura

O să-ți placă și

382K 27K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
30.2K 1.6K 30
အချစ်လား။ ငါ့ရင်ခွင်ကို တံခါးလာခေါက်ပြီး ငါ့နှလုံးသားကို လှုပ်နှိုးသွားတယ်။ ဒါပေမဲ့ ... တိုးတိုးလေး။ ။ • ချစ်တာတွေ၊ မေတ္တာတွေ၊ ဘာတစ်ခုမှ ငါမသိဘူး။ ...
14.3K 1K 13
လက္ထပ္ခဲ့တာ မိန္းမပ်ိဳတစ္ေယာက္ေပမဲ့ မက္မက္ေမာေမာနမ္းရိႈက္မိတာက နတ္ဆိုးေလးတစ္ေယာက္ကိုရယ္~~~ လက်ထပ်ခဲ့တာ မိန်းမပျိုတစ်ယောက်ပေမဲ့ မက်မက်မောမောနမ်းရှိုက်...
154K 13.9K 24
အကယ္လို႔မ်ား ေမာင္ေသသြားခဲ့ရင္ေတာင္ ရတု အနားမွာ ဝိညာဥ္အျဖစ္ ရွိေနမွာ... အကယ္လို႔မ်ား ေမာင္ေသသြားခဲ့ရင္ေတာင္ ရတု အနားမွာ ဝိညာဥ္အျဖစ္ ရွိေနမွာ...