❝𝐏 𝐀 𝐍 𝐍 𝐇 𝐋 𝐀 𝐘❞

Av mermaid_mochi

416K 49.7K 10K

အချစ်ပုံပြင်တိုင်းက လှပတယ်လို့ပြောရင် ခင်ဗျားတို့ယုံမလား။ အခ်စ္ပံုျပင္တိုင္းက လွပတယ္လို႔ေျပာရင္ ခင္ဗ်ားတို႔ယံ... Mer

အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
I am Home
Flower Tea
A Trip to Wanju

အပိုင်း ၁

62.1K 2.9K 722
Av mermaid_mochi

What is Love?

"ဗျာ !အိမ်ထောင်ပြုရမယ်?"

ဘုန်း။

လက်ထဲက စာအုပ်ကိုပစ်ချလိုက်ရင်းက JEON JUNGKOOK သရဲတွေ့သလို အော်ဟစ်မေးလိုက်မိသည်။ရုတ်တရက်ကြီး ကမ္ဘာကြီးကပူနွေးလာသည်ဟု ခံစားလိုက်ရသည်။

"မဟုတ်သေးဘူးလေ ဒါကြီးက.....ဟား"

ခေါင်းက ဆံပင်တွေဆွဲဖွဖို့ ပြင်လိုက်ပေမဲ့ ပြန်ဖြီးနေရမှာစိုးတာ​ကတစ်ကြောင်း၊ ကလေးတွေလို အာဗြဲနဲ့ငိုယိုလို့ကလည်း မဖြစ်တာမို့ မကျေနပ်ချက်မှန်သမျှကို စားပွဲပုလေးပေါ်က စာအုပ်ကိုသာမဲပြီး တဖုန်းဖုန်းရိုက်ချလိုက်သည်။

"အဖေနဲ့အမေ ကျွန်တော် မလုပ်နိုင်ဘူးနော်။ နောက်ပြီး ကျွန်တော်က အိမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့လား? အဲ့ဒါကြောင့် အိမ်ထောင်ချပေးတာလား?"

"အဲ အဲ့ဒါက အဲ့လိုတော့ မဟုတ်ဘူးထင်တယ်"

မိဘနှစ်ပါးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်ဖြေလာသည်။Jungkook အကြီးအကျယ် စိတ်ညစ်ရပါ၏။ဒါတွေအကုန် ချစ်လှစွာသော အဘိုးရဲ့စနက်ပဲ။

"မဟုတ်သေးပါဘူး ဒါကြီးကဘယ်လိုအခြေအမြစ်မရှိတာကြီးလဲ!"

"ဘာက အခြေအမြစ်မရှိတာလဲ!"

"အဖေ"

"အဘိုး"

အဘိုးဖြစ်သူရောက်လာတော့ Jungkookခဏတော့ ငြိမ်သွားသည်။သို့ပေမဲ့ တွေးလေတွေးလေ တနုံ့နုံ့ဖြစ်လေမို့ ရုပ်ကပုပ်သထက်ပုပ်ကာ အညိုရောင်ပင်သန်းလာသည်။

"အဘိုး! ကျွန်တော်မိန်းမ မယူနိုင်ဘူး! ဒါ ကျွန်တော့်ဘက်က သဘောထားအမှန်ပဲ"

Jungkook တစ်ထစ်ချပြောပြီးသည်နှင့် တပြိုင်နက် အခန်းလေးထဲက ထွက်သွားဖို့ ဖင်ကြွလိုက်သည်။ ဆက်ထိုင်နေရင် လက်မခံမချင်း နားချနေဦးမှာ ကြိုသိပြီးသား။

"မင်းကို မိန်းမပေးစားမယ်လို့ ဘယ်သူပြောလဲ"

"ဗျာ?"

ကြွလက်စတင်ပါးက ကြမ်းပြင်နဲ့နောက်တစ်ကြိမ် ပြန်ထိကပ်သွားသည်။ ဘာလဲ လူကြီးတွေက ဒီကိစ္စကို နောက်စရာမှတ်နေတာလား။ခုပဲ ပေးစားမယ်ပြောလိုက် ခုပဲ မယူရဘူးပြောလိုက်နဲ့။

"မင်း မိန်းမ,မယူရပါဘူးကွ"

"တကယ်လား အဘိုး "

"အေး"

Jungkook အခုမှ အပူလုံးကြီးကျသွားရသည်။အဘိုးကလေ အသက်ကြီးမှ သိပ်နောက်တာပဲ။

"ဒါပေမဲ့ တစ်ခုရှိတယ်"

"ဘာ...ဘာကိုလဲဟင်"

"မိန်းမမယူရဘူး။ ဒါပေမဲ့ လက်ထပ်ရမယ်"

ဘာတုန်း ဘာကြီးတုန်း ဘာတွေပြောနေကြတာလဲ။ တစ်ယောက်ယောက်လောက် သေချာရှင်းမပြကြချင်ဘူးလား။ထိုအခါ မနေနိုင်တဲ့ မိခင်ဖြစ်သူက ဝင်ပြောတော့သည်။

"အဖေကလည်း အဖေ့မြေးကို တိုက်ရိုက်ပြောလိုက်ပါတော့ "

"ဒါဆိုလည်း ပြောရတာပေါ။ ကဲ Jungkook မင်းလက်ထပ်ရမှာ မင်းလို အမျိုးသားပဲ"

ဘာ!

"အဘိုးနော် ဒါနောက်စရာမဟုတ်ဘူး။ ဘယ်လိုလုပ် ယောကျာ်းလေးချင်း လက်ထပ်ရမှာလဲ? မဖြစ်နိုင်တာ"

Jungkook ဟာသဖြစ်ပါစေဆိုသည့် အတွေးနှင့် တဟားဟားနဲ့ လုပ်ကြံရယ်လိုက်သည်။သို့သော်လည်း မိမိရှေ့မှ လူကြီးသုံးဦးကတော့ အမှန်တကယ်ပင် serious ဖြစ်နေသည့် မျက်နှာထားများမို့ ဝအောင်ပင်မရယ်လိုက်ရ။

"အား! အဘိုး အဖေ အမေ ကျွန်တော်ရူးသွားတာမြင်ချင်လို့လား!? လုံးဝမဖြစ်ဘူး လုံးဝမှလုံးဝပဲ!"

Jungkook တစ်ယောက် အသဲအသန်ခဲမှန်သလို ငြင်းသည်။ တစ်ယောက်မှ တုတ်တုတ်ပင်မလှုပ်။တအား ရက်စက်လွန်းမနေဘူးလား။

"အရင်ဆုံး လူချင်းတွေ့ကြည့်ပါလား သားရယ်"

မိခင်ဖြစ်သူက ချော့ချော့မော့မော့ပြောနေလည်း သူလက်မခံနိုင်။ ဘယ့်နှယ့် နှစ်ဆယ့်​သုံးနှစ်ဆိုသည့် အသက်အရွယ်က အိမ်ထောင်ပြုဖို့အရမ်းမစောလွန်းဘူးလား။ နောက်ပြီး ယောကျာ်းလေးတစ်ယောက်နဲ့ဆိုတာက မဟုတ်မှလွဲရော။

"အဘိုးနော် မမေးမမြန်းနဲ့ ဗြုန်းစားကြီး အတင်းယောက်ျားပေးစားနေတာ လူကြားလို့တောင်မကောင်းဘူး။ ဘာလဲ အကြွေးမပေးနိုင်လို့ မြေးကို ထိုးကျွေးနေတာလား"

"Jungkook မင်း...."

"ဟဲ့ သား ဘာတွေလျှောက်ပြောနေတာလဲ"

"မသိဘူး ပြီးတော့ ကျွန်တော့်ကို အဘိုးတို့ အဖေတို့မှ မကူညီရင် မစွံတော့ဘူးလို့ရော ထင်နေတာလား"

"ဟဲ့ သားငယ်"

"လုံးဝဆန့်ကျင်တယ်"

ဒီတစ်ခါတော့ အဘိုးဖြစ်သူအလှည့်။ ပေါက်ကရတွေချည်းပြောကာ အသေခံပြီး ဆက်တိုက်ငြင်းနေဦးမဲ့ မြေး​ပုံစံကြောင့် စိတ်ပူစပြုလာသော်လည်း ဟန်မပြတ်ထိန်းထားသည်။

"ဆန့်ကျင်ရတဲ့ အကြောင်းအရင်းက?"

"အဘိုးလည်း သိနေတာပဲ။ ကျွန်တော်က အသန့်အပြန့်ကြိုက်တယ်လေ။ လုံးဝမဖြစ်ပါဘူး"

ငြင်းပုံကြီးက ခပ်ကြောင်ကြောင်နိုင်တာသိပေမဲ့ Jungkook သွေးပူစွာပဲ ပြောလိုက်မိသည်။

"ဒါပဲလား"

"ဘယ်,ကမလဲ အစားအသောက်လည်းကျန်သေးတယ်။ နောက်ပြီး အိပ်ရင်ဟောက်တာမကြိုက်ဘူး။ ကျွန်တော်စာရေးရင် တိတ်ဆိတ်နေမှ၊ ဆူညံနေရင်လည်း မကြိုက်..."

"တိတ်စမ်း! ကလေးမဆန်စမ်းနဲ့! "

Jungkook အမှန်ပင် စိတ်ဓာတ်ကျသွားရသည်။ဒါ ကလေးဆန်တာမှမဟုတ်တာ။ သူ့ဘက်က အဆင်မပြေတဲ့အကြောင်းတွေကို အမှန်တိုင်းပြောပြနေတာ။

"ဒါဆို အဘိုးတို့ရဲ့အကြောင်းအရင်းကရော?"

သူ တည်တည်ငြိမ်ငြိမ်ပဲမေးလိုက်သည်။ချက်ချင်းအေးစက်သွားတဲ့ ပတ်ဝန်းကျင်မှာ သူသာလျှင်ရင်ပူနေရသူ။

"လက်ထပ်သင့်တဲ့အရွယ်မို့ လက်ထပ်ခိုင်းတာပေါ့"

"လိမ်နေတာ"

"ဒီကောင်လေး လူကြီးကို အဲ့လိုပြောစရာလား"

"ဧကန္တ မီဆုကြောင့်?"

Jungkookရဲ့စကားတောင်မဆုံးသေး။ လူကြီးတွေအကုန်လုံးက မျက်နှာတွေလွှဲကာ မသိချင်ယောင်ဆောင်ကုန်တာမို့ စိတ်တိုတိုနဲ့နှာမှုတ်လိုက်မိသည်။

"မီဆုနဲ့က အဘိုးတို့ထင်သလိုမဟုတ်ပါဘူးဆို။ ဘယ်နှစ်ခါရှင်းပြနေရမှာလဲ?!"

တစ်ယောက်မှ တုတ်တုတ်မလှုပ်ကြ။ တကယ်ပဲ အကုန်လုံး သရဲဝင်ပူးနေတာမို့ ဗြုန်းစားကြီး လက်ထပ်ခိုင်းနေတာလား။

"ဖြေကြဦးလေ! ကျွန်တော်တို့ ဒီအတိုင်းရိုးရိုးသားသား"

"ရိုးသားသည်ဖြစ်စေ မရိုးသားသည်ဖြစ်စေ ဆန့်ကျင်ဘက်လူနှစ်ဦးက တပူးပူးတကပ်ကပ်မရှိသင့်ဘူး။ ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်။ ပြီးတော့ မင်း လက်ထပ်ကိုထပ်ရမယ်။ ငြင်းခဲ့ရင်မင်းကိုပေးထားသမျှ အကုန်ပြန်သိမ်းမယ်။ အဲ့တော့ လက်ခံဖို့ပဲတွေးထား"

​Jungkook လုံးဝဆွံ့အသွားရသည်။ မီဆုနဲ့ အနေအထိုင်ဆင်ခြင်စေလိုတာနဲ့ပဲ သူ့ကိုဟင်းရွက်ကန်စွန်းလို ထိုးပေးရသလား။

"ရလား ရလား အခုလိုပြောချင်ရာပြောပြီးထထွက်သွားလို့ရလား!"

Jungkook ဒေါသူပုန်ထကာ သောင်းကျန်းပြပေမဲ့ အားလုံးကဘေးမဲ့ပေးထားကြလေသည်။ ဘဝမှာ ပထမဆုံး မိမိကိုယ်ကို သနားစရာသတ္တဝါအဖြစ် တွေးမိခြင်း။

"ဒါ အိမ်တွင်းအကြမ်းဖက်မှုပဲ။ လုံးဝသည်းမခံနိုင်ဘူး!"

"အဲ့တော့ အိမ်ပေါ်ကဆင်းမလို့လား?"

မီဆုစကားကြောင့် Jungkook ဆတ်ခနဲတွန့်သွားသည်။ သူလို တက်သစ်စ,စာရေးဆရာတစ်ယောက်အနေနဲ့ အိမ်ခြေရာမဲ့အမည်တော့ မတွင်ချင်လှ။

"ငါ့ကြောင့်ရော ပါတယ်မလား?"

မီဆုက အကုန်လုံးကိုသိနေသည့်ဟန် အပိုင်ပြောသည်။ Jungkook လိမ်ဖို့စဥ်းစားလိုက်ပေမဲ့ မပြောဖြစ်ဘဲ ဟုတ်မှန်သည့်သဘော ငြိမ်နေလိုက်သည်။

"လူကြီးတွေကလည်း ရှေးရိုးဆန်လိုက်တာ။ ဒီဘက်ခေတ်ကြီးထဲမှာ ကျား၊မသူငယ်ချင်းဖြစ်တာ ထူးမှမထူးဆန်းတာ။ နောက်ပြီး ငါကဓာတ်ပုံဆရာလေ။ နင်လိုကောင်ချောလေးတွေကို အသေအချာရိုက်ပေးရမှာပဲကို မဟုတ်ဘူးလား?"

မီဆုပေါက်ကွဲသမျှ ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်နေမိသည်။ အဘိုးတို့က သိပ်ကိုခေတ်နောက်ပြန်ဆွဲလွန်းတယ်။

"အခု ငါလမ်းပျောက်နေပြီ"

Jungkook သက်ပြင်းတွေကို မကြာခဏဆိုသလို ချနေမိသည်။ ခဏလောက်သေလိုက်ရရင်ကောင်းမယ်။ ဒါမှ ငါ့သားလေး အိမ်ထောင်မပြုချင်လို့ ဘဝတစ်ပါး​တောင်ပြောင်းရှာတယ်ဆိုပြီး အသိတရားဝင်ကြမှာ။

"ဒါနဲ့ အဲ့လူကဘယ်သူလဲ? ဘယ်ကလဲ? ဘာအလုပ်လုပ်တာလဲ?"

"မသိဘူး"

မထူးဆန်းတော့ပါဘူးဆိုသည့် အကြည့်ကို မီဆုဆီမှရရှိလိုက်သည်။

"Kakao IDတော့ ရှိတယ် အဘိုးပေးခိုင်းလိုက်တာ"

"ပြစမ်း ရှာကြည့်ရအောင်"

တက်ကြွနေသည့် မီဆုကို Jungkook စိတ်ပျက်စွာကြည့်လိုက်သည်။ ပုခုံးလောက်ဆံပင်၊အရပ်မနိမ့်မမြင့်နှင့် ယူမီဆုဆိုတာ Jungkookရဲ့ ပြောမနာဆိုမနာငယ်သူငယ်ချင်းမတစ်ဦးသာ။ ထို့ထက်မပိုသည့် သူတို့နှစ်ဦးကို လူကြီးတွေက ဘယ်လိုတွေဆန်းဆန်းပြားပြား မြင်နေကြပါလိမ့်။

"ID ရိုက် ရိုက် "

"ဘာတဲ့လဲ? "

"pjm009"

မီဆုပြောသည့်IDကို စိတ်မပါလက်မပါရိုက်ချလိုက်သည်။ သို့သော်ငြား ပုံဆိုးပန်းဆိုးကြီးမဖြစ်စေဖို့ ကြိတ်ဆုတောင်းနေရသည်။ နို့မို့ဆိုရင် နေ့တိုင်းဒူးနဲ့မျက်ရည်သုတ်ရတယ် ဆိုသည့်စကားက သူ့အတွက်ဖြစ်လာမှာပင်။

"ဟဲ့ ဟဲ့ Jungkook သူမလား ကြည့်စမ်း!"

"အင်း ဟုတ်မယ်ထင်တယ်"

"အကျိုးနည်း! သူကအရမ်းချောတယ်ဟ"

မီဆုစကားကြောင့် Jungkook ပြူးပြဲကြည့်လိုက်မိသည်။ အင်း မဆိုးပါဘူး သူ့ကိုမမှီပေမဲ့ပေါ့။

"ဟဲ့ ယူလိုက်တော့ ရုပ်ရည်နဲ့တင်ရှယ်တန်နေပြီ"

"စိတ်ပျက်လိုက်တာ"

Jungkook မျက်နှာပေါ်ကရှိသမျှနေရာအကုန်နီးပါး မဲ့ရွဲ့ပြလိုက်သည်။ ထို့နောက် ဖုန်းကိုဆက်မကြည့်တော့ဘဲ အဝေးကိုငေးနေလိုက်သည်။ အမြင့်မှာဆောက်ထားတဲ့ ရိုးရာအိမ်အကြီးဖြစ်တာမို့ ကုန်းဆင်းလမ်းလေးပေါ်မှာ လှုပ်လီလှုပ်လဲ့သွားနေတဲ့ အဖွားအိုတစ်ဦးနဲ့ကလေးငယ်တစ်ယောက်ကို လှမ်းမြင်နေရသည်။

"ကျောင်းဆရာလေးထင်တယ်။ ကျောင်းပြန်တက်ချင်သွားပြီ။ ဒီလိုဆရာမျိုးနဲ့သာဆိုငါအတန်းမပျက်တော့ဘူး"

အား ကျက်သရေတုံးလိုက်တဲ့မီဆု။

"ပေးစမ်း နင်ပြန်လို့ရပြီ အိုကေနော် ငါစာရေးရဦးမယ် အရမ်းအလုပ်ရှုပ်နေတယ် ဟုတ်ပြီလား!?"

"တွန့်တိုလိုက်တာ"

"Go go"

ဘိလပ်ပြန်ဒီဇိုင်းနဲ့ မနားတမ်းနှင်ထုတ်နေတဲ့Jungkookကြောင့် မီဆုခမျာလည်း လည်တပြန်ပြန်နဲ့ထွက်သွားရတော့သည်။ မီဆုပြန်သွားသည်နှင့် အခန်းထဲကို မကျေမနပ်ဝင်ခဲ့လိုက်သည်။ စားလိုက်တဲ့ အာရုံဆိုတာ။

*သား အချိန်ရရင် သူနဲ့မိတ်ဆွေလုပ်ထားလိုက်နော်*
*နောက် အတူနေရမဲ့အတူတူ ကြိုပြီးစကားပြောကြည့်ပေါ့*

Jeon Jungkook ရေ သေ သေ သေ ဒီမှာတင် လဲသေလိုက်။ ဘာတဲ့ မိတ်ဆွေလုပ်ထားရမယ် ဝေးပါသေးတယ်။ ရန်သူမဖြစ်တာပဲ တော်လှပြီ။

စားပွဲပေါ်တင်တုန်း မတော်တဆပွင့်သွားတဲ့ ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာပေါ်နေတဲ့ ထိုလူ့ပုံ။ ခင်ဗျားဘယ်လောက်ပဲ ကြည့်ကောင်းကောင်း ဘယ်လောက်ပဲချောချော ကျွန်တော့်အတွက်တော့ ရုပ်ဆိုးတယ်ဆိုတာသိလား။

Jungkook စိတ်ထဲမှ အော်ဟစ်လိုက်ပြီးသည်နှင့် ဖုန်းကိုအကြမ်းပတမ်းပိတ်ချလိုက်သည်။ ဒါနဲ့ ဒီလူက အဲ့လောက်ကြည့်ကောင်းနေတာ သူ့မှာရည်ငံနေတဲ့သူရှိနိုင်တာပဲ။ Jungkookတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ဉာဏ်နီဉာဏ်နက်တို့ထုတ်ရန် စဥ်းစားနေတော့သည်။

Pann Hlay

"ဟဲ့ ဒီကလေး အခုထိအဲ့မှာဘာလုပ်နေတာလဲ!"

"ထိုင်နေတာလေ စားပါဦး"

"တိတ်စမ်း!!"

စားလက်စ အချဥ်သီးခမျာ အဘိုးဖြစ်သူရဲ့ ပုတ်ထုတ်လိုက်မှုကြောင့် မြေပြင်ပေါ်ဖုတ်ခနဲ အလုံးလိုက်လေးကျသွားသည်။ နှမြောစရာကြီး။

"အဘိုးကလည်း ဒီအသီးက မနက်ကမှမြေးကိုယ်တိုင် တက်ခူးထားတာလေးကို"

"ဆွန်းဂျာ! ဒီကိုလာခဲ့ဦး"

အဲ အဘိုးကဘာလို့ ဆွန်းဂျာကို လှမ်းခေါ်တာပါလိမ့်?။ ပြုတ်ကျသွားတဲ့ အချဥ်သီးကို လှမ်းကောက်နေတုန်းမှာပဲ တလှုပ်လှုပ်ပြေးလာတဲ့ ဆွန်းဂျာလေးကိုမြင်လိုက်ရသည်။

ငါ့လခွမ်း သူ့လက်ထဲက အဘိုးရဲ့တောင်ဝှေးကြီးမလား! မဟုတ်မှလွဲရော.....Jungkookမျက်လုံးထဲ ငယ်ငယ်တုန်းက ကျောင်းမှာရည်းစားစာကို ပိုက်ဆံနဲ့အငှားလိုက်ရေးပေးချိန်က တောင်ဝှေးနဲ့အရိုက်ခံခဲ့ရတာကို ပြန်မြင်ယောင်လာသည်။

"မင်း နာဖို့သာပြင် အခုထိမသွားသေးဘူးလား"

"အား...!!! ရက်စက်လိုက်တဲ့အဘိုး ကြားလို့မြင်လို့ကောင်းသေးရဲ့လား? မြေးတစ်ယောက်တည်းရှိတာကို နှိပ်စက်နေပါတယ် အားရိုးရိုး"

လုပ်ကြံအော်ပြောနေတဲ့အသံသာ ကြားလိုက်ရပြီး လူကအိမ်ကြီးရဲ့ရှေ့ဘက် တမျှော်တခေါ်လမ်းရှည်လေးဘက်ကို ရောက်သွားခဲ့ပြီ။

Jeon မိသားစုလေးရဲ့ အငယ်ဆုံး မျိုးဆက်ဖြစ်သည့် Jeon Jungkookဆိုသည်မှာ ထိုကဲ့သို့ ပလီပလာလည်း ပြောတတ်လေ၏။

"ဟဲ့!! ဘယ်သူလဲမှတ်တယ် နင်ပဲလားဟ"

"ဘာလဲ ငါအရမ်းချောနေလို့လား"

ထိုထိုကဲ့သို့သော အော့အန်ချင်စရာစကားများကိုလည်း ဆိုတတ်သူ။

"နင့်...ဒီမှာဘာထိုင်လုပ်နေတာလဲ?"

"အဘိုးတို့က ဟိုလူကိုသွားကြိုခိုင်းလို့"

"ဟယ် မသွားဘူးပေါ့"

"အေး"

Jungkookနံဘေးမှာ မီဆုလည်း အထုတ်အထည်အကုန်ဘေးထားကာ ဝင်ထိုင်ချလိုက်သည်။

"ဘယ်ကတည်းကလဲ?"

"မနက်ကတည်းက"

ဘုရားရေ။

"နင် တကယ်သွားမကြိုဘူးလား?"

"မကြိုပါဘူးဆို"

ပန်းခင်းကြီးထဲမှာ လာထိုင်တော်မူသည့် ကိုယ်တော်။ အချိန်ကြည့်တော့လည်း နေပင်အတော်မွန်းတည့်နေပြီ။ ကိုယ်နဲ့လက်ထပ်ရမဲ့ တစ်ဖက်လူကိုကြိုဖို့တာဝန်ရှိသော်လည်း တစ်စက်လေးမှ ပူပန်ကြောင့်ကြဟန်မရှိသည့် Jeon Jungkook။

"ခုလောက်ဆို ကားဂိတ်ရောက်နေလောက်ပြီ"

"နားစမ်းပါ"

ဒင်းကို ပန်းခင်းကြီးထဲပဲ ကန်ချခဲ့လိုက်ရမလား။ မေတ္တာအတုံးလိုက်အတစ်လိုက် တုံးလွန်းတယ်။

"ဒါနဲ့ ပုံကရော ဒီတစ်သက်ရဦးမှာလား?"

"အေး အဲ့ဒါ အဲ့ဒါ ရပြီ ဒီမှာ"

"ဘယ်ဆိုးလို့လဲ ငါချောသားပဲ"

ဓာတ်ပုံတွေကို တပုံချင်းစီ​​ဖြည်ထုတ်ကြည့်ရင်း Jungkook သဘောအကျကြီးကျနေမိသည်။ သူ့ဆီမိတ်ဆက်စာပို့လာနေကျ ကောင်မလေးတွေဆီ ပြန်ပို့ဖို့ပုံအတွက် ဒီလိုအနေအထားနဲ့ဆို အကိုက်ပဲ။

"ဒါ ကျပျောက်သွားတဲ့ဟာတွေလား? နောက်ထပ်အသစ်လား?"

"အသစ်ပေါ့ဟဲ့ ကျသွားတာတွေက ဘယ်သူကြွက်​ခြောက်ဖို့ယူသွားလဲတောင် မသိတော့ဘူး"

Jungkookဆီမှ မျက်စောင်းတချက်က ဒိုင်းခနဲရောက်လာသည်။ ထို့နောက် ယပ်တောင်ကို တဗြန်းဗြန်းခပ်ကာနေပြန်သည်။ ငကြောင်လို့ပြောရင်လည်း ကြိုက်မှာမဟုတ်ဘူး နေပူထဲထိုင်ပြီး ယပ်တောင်ခပ်နေရတယ်လို့။

"ငါ သွားပြီ"

"အေး သွားသွား"

မီဆုထွက်သွားသည်နှင့် ပုံတွေကိုသေချာပြန်ထည့်လိုက်ပြီး Jungkookက ထိုနေရာမှာပဲဆက်ထိုင်နေလိုက်သည်။ အငြိမ်မနေဘဲ ပန်းပင်တွေဆွဲနှုတ်နေသည်မှာလည်း သူထိုင်နေသည့်တနေရာတည်း ပန်းခင်းက ကွက်ပြီးကတုံးဖြစ်မတတ်ပင်။

"တစ်မိသားစုလုံး ငါ့ကိုပဲရက်စက်နေကြတယ် ဝဋ်ကြွေးပဲ"

မြေလမ်းကလေးရဲ့ခပ်လှမ်းလှမ်းဆီက ကားစက်သံကြောင့် Jungkookသည် ခေါင်းဆတ်ခနဲထောင်လိုက်မိသည်။ ဒီနယ်ဘက်မှာ ကားနဲ့သွားလာသူဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။

ဖုန်ထူရသည့်ကြားထဲ မြေလမ်းပေမို့ အများစုက ကားသုံးဖို့ရှောင်ကြဥ်ကြလေသည်။ ယခုမူ လမ်းအတိုင်းတည့်တည့်လာနေသည့် ကားကြောင့် စပ်စပ်စုစုပင် Jungkookတို့က မတ်တပ်ရပ်လိုက်သည်။

ကားမှန်ပြတင်း တဖြေးဖြေးလျှောသွားပြီး သူ့အနားထိုးရပ်လာတာမို့ ဘာလဲဟ ဟုပင်ရေရွတ်လိုက်မိသည်။ မျက်မှန်အနက်ဝတ်ဆင်ထားသည့် လူတစ်ဦးက ကားခေါင်းခန်းထဲမှ သူ့အားမေးခွန်းလှမ်းမေးလာသည်။

"ကိုယ့်လူ ဒီတည့်တည့်သွားရင် ဘယ်ရောက်လဲဗျ?"

တည့်တည့်သွားမှတော့ သူတို့အိမ်တော်ရောက်မှာပေါ့။ Jungkook ယပ်တောင်ကိုမျက်နှာမှာကပ်လိုက်ရင်း ကားထဲကို ဝေ့ဝဲကြည့်ကာ စပ်စုလိုက်သည်။

"ခင်ဗျားတို့က ဘယ်ကိုသွားမလို့လဲ?"

"ဂန္ဓမာလက်ဖက်ရည်ကြမ်းလုပ်တဲ့ စံအိမ်ပါ"

အဲ အဲ့ဒါ ငါ့အိမ်မဟုတ်ဘူးလားဟ။ ကားရှေ့ခန်းကလူအစား ဝင်ဖြေလိုက်တဲ့ ကားနောက်ခန်းကလူဆီ မှန်ပြင်ကတစ်ဆင့် တချက်တိုးကြည့်လိုက်သည်။

လျှောခနဲကျသွားတဲ့ မှန်ချပ်ကြောင့် လန့်သွားပေမဲ့ ဟန်ကိုယ့်ဖို့ထားကာ ယပ်တောင်တဖျတ်ဖျတ်ခပ်နေလိုက်သည်။

"ကျေးဇူးပြုပြီး လမ်းညွှန်ပေးလို့ရမလား?"

နေပါဦး ဒီလူကို ငါတနေရာမှာ မြင်ဖူးသလိုပဲ။ ဘယ်မှာ မြင်ဖူးတာပါလိမ့်။ စဥ်းစားစမ်း စဥ်းစားစမ်း။

ယပ်တောင်ကြီးကွယ်ကာ ဘာတွေလုပ်နေမှန်းမသိတဲ့လူကြောင့် ကားနောက်ခန်းကလူက စိတ်မရှည်ချင်လှစွာ ကားဆရာကို ဆက်မောင်းခိုင်းဖို့ပြင်လိုက်သည်။

လခွမ်း ဒါ အဘိုးပြောတဲ့ ငါနဲ့ပေးစားမဲ့သူမလား! Jungkook ခေါင်းထဲ လက်ခနဲတချက်ဖြစ်သွားကာ ကားမထွက်ခင် အချိန်မှီတားလိုက်ရတော့သည်။

"နေ နေကြပါဦး အဲ့အိမ်ကိုကျွန်တော်သိတယ်။ ဒီလိုလုပ်လေ ကျွန်တော်ပါလိုက်ခဲ့ပြီး ခင်ဗျားတို့ကိုလမ်းပြပေးမယ် ကျွန်တော်လည်းအဲ့ကိုသွားမှာမို့"

ယခုအချိန်ထိ ယပ်တောင်ကို မျက်နှာကမဖယ်သေးဘဲ ကြောင်တောင်တောင်လုပ်နေတဲ့ Jungkookကို ခေါ်သင့်မခေါ်သင့် ကားထဲကလူနှစ်ယောက်လုံးက အကဲခတ်နေကြသည်။

နောက်မှ မည်မျှဝေးကြောင်း လမ်းရှုပ်ကြောင်း Jungkook တခမ်းတနားပြောလိုက်မှ ကားပေါ်တက်ခွင့်ရတော့သည်။ ဟွန့် တွေ့ဦးမယ် ငါနဲ့။

"ဒီဘက်ချိုး"

"ဟိုလမ်းထဲဝင်"

ခေါင်းချာချာလည်မတတ် လမ်းညွှန်မှုနောက် ကားလေးက အီနေအောင် ပြေးရလေသည်။ နောက်ဆုံး ၎င်းဂန္ဓမာစံအိမ်ရောက်သည့်အချိန်တွင် ညနေပင်အတော်စောင်းနေခဲ့ပြီဖြစ်သည်။

"ကဲ ဆင်း ကားနဲ့သွားလို့မရတော့ဘူး။ ကိုယ်တိုင်ခြေလျင်သွားမှရတော့မယ်"

"ဟင် သွားရဦးမှာလား"

"ဒါပေါ့"

ထိုလူ့မျက်နှာဆီမှ စိတ်ပျက်သွားမှုကို အထင်းသားတွေ့လိုက်ရတာမို့ Jungkookပျော်သွားရသည်။

"ကဲ လာပါ ခဏလေးပဲကြာမှာ"

"ဒါကြီးက အိမ်ရောဟုတ်လို့လား?"

ဟောင်းနွမ်းကာ သစ်သားတွေပင်ပိုးထိုးနေပြီဖြစ်တဲ့ အပေါက်ဝကြောင့် ထိုလူ့ကိုယ်လေး တွန့်ခနဲဖြစ်သွားရသည်။

"ခင်ဗျားလိုက်မှာလား မလိုက်ဘူးလား? ဒီနယ်ကမှောင်ရင် ကောင်းတာမဟုတ်ဘူးနော်"

Jungkookရဲ့ ဖြဲခြောက်မှုကြောင့်နဲ့ ထိုလူခမျာ အဝတ်အိတ်ကြီးဒရွတ်ဒရွတ်နှင့် သူ့နောက်ကလိုက်ပါလာတော့သည်။ သူကတော့ ကျော့လို့မော့လို့ ယပ်တောင်ကလေးတဖျတ်ဖျတ်နှင့်ပင်။

"ခဏလေးနေပါဦး နားရအောင်လေ မောနေပြီ"

"သဘောလေ"

ထိုလူ့စကားကို Jungkookလည်း မေတ္တာရှေ့ထားကာ လက်ခံလိုက်ပြီး ပန်းခင်းဘေး ခေတ္တနားရန် ရပ်လိုက်ကြသည်။

"ဘာလို့ လာခဲ့တဲ့လမ်းနဲ့ဆင်နေတာပါလိမ့်?"

ထိုလူရဲ့ တီးတိုးရေရွတ်သံကို Jungkook မကြားချင်ယောင်ဆောင်လိုက်ရင်း ဆက်သွားဖို့ ဆော်ဩလိုက်တော့သည်။ Jungkookကောင်းမှုနှင့် အိမ်တော်ဆီသို့ ညခုနှစ်နာရီဝန်းကျင်တွင် ရောက်သွားခဲ့သည်။

ထိုလူကို ကြည့်လိုက်တော့ အတော်လေးနွမ်းဖတ်ကာ ဖြူစုတ်နေလေပြီ။ အဟိ မှတ်ထား နောက်ဆို ဒီ့ထက်ပိုဆိုးမယ်။

"ရောက်ပြီ ခင်ဗျားလည်း ကိုယ့်လမ်းကိုယ်သွား ကျွန်တော်လည်း ကိုယ့်လမ်းကိုယ်သွားမယ် ဘိုင့်ဘိုင်"

မည်သည့်အဖြေကိုမှ မစောင့်တော့ဘဲ Jungkookတစ်ယောက် ကော့တော့ကော့တော့နှင့် ထွက်သွားလိုက်သည်။ ယပ်တောင်တဖျတ်ဖျတ်က မပါမဖြစ်။

"ဒုတ်"

"အား!"

ဟိုလူကို ပညာပေးလာရလို့ပျော်နေသည့် အပျော်ပင်မဆုံးသေး ခေါင်းပေါ်ကျလာသည့် တုတ်ချက်ကြောင့် Jungkook ပြဲလန်နေအောင် အော်လိုက်သည်။

"အား အဘိုး ဘာလို့ရိုက်တာလဲဗျ!"

"ဘယ်မလဲ ဧည့်သည်က"

"ရိုးရိုးမေးလို့မရဘူးလား ! မြေးသေသွားရင်ဘယ်လိုလုပ်မလဲ အဘိုးကြောင့်နော် "

"တိတ်စမ်း သေတော့လည်းမြစ်ထဲမျှောလိုက်မှာပေါ့။ မေးတာအရင်ဖြေ ကောင်လေးဘယ်မှာလဲ?"

"အပေါက်မှာပေါ့လို့! တကယ်ပဲ"

ပြောပြောဆိုဆိုနှင့် ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားတဲ့ မြေးဖြစ်သူ။ တော်ပါသေးရဲ့ သွားကြိုဖော်တော့ရသေးလို့။ ဤသို့စိတ်သက်သာသွားသည်မှာ မြေးလုပ်သူ၏စနက်ကို မသိသေးသောကြောင့် ဖြစ်တန်ရာ၏။

"Jeon Jungkook!!"

Pann Hlay

Note
လက်ကမြင်းမိပြန်ပြီ Zzzz
အမှန်ကရေးချင်နေတာကြာပြီရယ်။

Unicodeနဲ့ဖတ်စေချင်တယ် ပြင်တာဘာညာက သူ့ကိုပဲလုပ်တာမို့လို့။ အပေါ်မှာ ပုံတွေအကုန်ထည့်ပေးထားတယ်နော်။

Settingက BTS Summer Package 2019ထဲကပါ။ သူတို့ရဲ့ Characterကလည်း အဲ့ထဲကအတိုင်းပါပဲလို့။ အဓိကသုံးမဲ့ပန်းကတော့ Siberian ဂန္ဓမာတွေပါ Korea Daisyလို့ လူသိများပါတယ်။ Intro ဒီလောက်ဆို လုံလောက်ပြီထင်တယ်။

ပေါ့ပေါ့ပါးပါးပဲရေးမှာပါ ယုံတယ်မလား။
နောက်ကျမှ အသေးစိတ်ပြောပြတာပေါ့။
See You ဖတ်ဖတ်တို့။

Zawgyi

What is Love?

"ဗ်ာ !အိမ္ေထာင္ျပဳရမယ္?"

ဘုန္း။

လက္ထဲက စာအုပ္ကိုပစ္ခ်လိုက္ရင္းက JEON JUNGKOOK သရဲေတြ့သလို ေအာ္ဟစ္ေမးလိုက္မိသည္။ရုတ္တရက္ႀကီး ကမ႓ာႀကီးကပူေနြးလာသည္ဟု ခံစားလိုက္ရသည္။

"မဟုတ္ေသးဘူးေလ ဒါႀကီးက.....ဟား"

ေခါင္းက ဆံပင္ေတြဆြဲဖြဖို႔ ျပင္လိုက္ေပမဲ့ ျပန္ၿဖီးေနရမွာစိုးတာ​ကတစ္ေၾကာင္း၊ ကေလးေတြလို အာၿဗဲနဲ႔ငိုယိုလို႔ကလည္း မျဖစ္တာမို႔ မေက်နပ္ခ်က္မွန္သမ်ွကို စားပြဲပုေလးေပၚက စာအုပ္ကိုသာမဲၿပီး တဖုန္းဖုန္းရိုက္ခ်လိုက္သည္။

"အေဖနဲ႔အေမ ကြၽန္ေတာ္ မလုပ္ႏိုင္ဘူးေနာ္ ေနာက္ၿပီး ကြၽန္ေတာ္က အိမ္အတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနလို႔လား အဲ့ဒါေၾကာင့္ အိမ္ေထာင္ခ်ေပးတာလား"

"အဲ အဲ့ဒါက အဲ့လိုေတာ့ မဟုတ္ဘူးထင္တယ္"

မိဘႏွစ္ပါးက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ျပန္ေျဖလာသည္။Jungkook အႀကီးအက်ယ္ စိတ္ညစ္ရပါ၏။ဒါေတြအကုန္ ခ်စ္လွစြာေသာ အဘိုးရဲ့စနက္ပဲ။

"မဟုတ္ေသးပါဘူး ဒါႀကီးကဘယ္လိုအေျခအျမစ္မရိွတာႀကီးလဲ!"

"ဘာက အေျခအျမစ္မရိွတာလဲ!"

"အေဖ"

"အဘိုး"

အဘိုးျဖစ္သူေရာက္လာေတာ့ Jungkookခဏေတာ့ ၿငိမ္သြားသည္။သို႔ေပမဲ့ ေတြးေလေတြးေလ တႏံု႔ႏံု့ျဖစ္ေလမို႔ ရုပ္ကပုပ္သထက္ပုပ္ကာ အညိုေရာင္ပင္သန္းလာသည္။

"အဘိုး! ကြၽန္ေတာ္မိန္းမ မယူႏိုင္ဘူး! ဒါ ကြၽန္ေတာ့္ဘက္က သေဘာထားအမွန္ပဲ"

Jungkook တစ္ထစ္ခ်ေျပာၿပီးသည္ႏွင့္ တၿပိဳင္နက္ အခန္းေလးထဲက ထြက္သြားဖို႔ ဖင္ႂကြလိုက္သည္။ဆက္ထိုင္ေနရင္ လက္မခံမခ်င္း နားခ်ေနဦးမွာ ႀကိဳသိၿပီးသား။

"မင္းကို မိန္းမေပးစားမယ္လို႔ ဘယ္သူေျပာလဲ"

"ဗ်ာ?"

ႂကြလက္စတင္ပါးက ၾကမ္းျပင္နဲ႔ေနာက္တစ္ႀကိမ္ ျပန္ထိကပ္သြားသည္။ဘာလဲ လူႀကီးေတြက ဒီကိစၥကို ေနာက္စရာမွတ္ေနတာလား။ခုပဲ ေပးစားမယ္ေျပာလိုက္ ခုပဲ မယူရဘူးေျပာလိုက္နဲ႔။

"မင္း မိန္းမ,မယူရပါဘူးကြ"

"တကယ္လား အဘိုး "

"ေအး"

Jungkook အခုမွ အပူလံုးႀကီးက်သြားရသည္။အဘိုးကေလ အသက္ႀကီးမွ သိပ္ေနာက္တာပဲ။

"ဒါေပမဲ့ တစ္ခုရိွတယ္"

"ဘာ...ဘာကိုလဲဟင္"

"မိန္းမမယူရဘူး ဒါေပမဲ့လက္ထပ္ရမယ္"

ဘာတုန္း ဘာႀကီးတုန္း ဘာေတြေျပာေနၾကတာလဲ။တစ္ေယာက္ေယာက္ေလာက္ ေသခ်ာရွင္းမျပၾကခ်င္ဘူးလား။ထိုအခါ မေနႏိုင္တဲ့ မိခင္ျဖစ္သူက ဝင္ေျပာေတာ့သည္။

"အေဖကလည္း အေဖ့ေျမးကို တိုက္ရိုက္ေျပာလိုက္ပါေတာ့ "

"ဒါဆိုလည္း ေျပာရတာေပါ့ Jungkook မင္းလက္ထပ္ရမွာ မင္းလို အမ်ိဳးသားပဲ"

ဘာ!

"အဘိုးေနာ္ ဒါေနာက္စရာမဟုတ္ဘူး ဘယ္လိုလုပ္ ေယာက်ာ္းေလးခ်င္း လက္ထပ္ရမွာလဲ မျဖစ္ႏိုင္တာ"

Jungkook ဟာသျဖစ္ပါေစဆိုသည့္ အေတြးႏွင့္ တဟားဟားနဲ႔လုပ္ႀကံရယ္လိုက္သည္။သို႔ေသာ္လည္း မိမိေရ႔ွမွ လူႀကီးသံုးဦးကေတာ့ အမွန္တကယ္ပင္ serious ျဖစ္သည့္ မ်က္ႏွာထားမ်ားမို႔ ဝေအာင္ပင္မရယ္လိုက္ရ။

"အား! အဘိုး အေဖ အေမ ကြၽန္ေတာ္ရူးသြားတာျမင္ခ်င္လို႔လား လံုးဝမျဖစ္ဘူး လံုးဝမွလံုးဝပဲ"

Jungkook တစ္ေယာက္ အသဲအသန္ခဲမွန္သလို ျငင္းသည္။တစ္ေယာက္မွ တုတ္တုတ္ပင္မလႈပ္။တအား ရက္စက္လြန္းမေနဘူးလား။

"အရင္ဆံုး လူခ်င္းေတြ့ၾကည့္ပါလား သားရယ္"

မိခင္ျဖစ္သူက ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေျပာေနလည္း သူလက္မခံႏိုင္။ဘယ့္ႏွယ့္ ႏွစ္ဆယ့္​သံုးႏွစ္ဆိုသည့္ အသက္အရြယ္က အိမ္ေထာင္ျပဳဖို႔အရမ္းမေစာလြန္းဘူးလား။ေနာက္ၿပီး ေယာက်ာ္းေလးတစ္ေယာက္နဲ႔ဆိုတာက မဟုတ္မွလြဲေရာ။

"အဘိုးေနာ္ မေမးမျမန္းနဲ႔ ျဗဳန္းစားႀကီး အတင္းေယာက္်ားေပးစားေနတာ လူၾကားလို႔ေတာင္မေကာင္းဘူး။ ဘာလဲ အေႂကြးမေပးႏိုင္လို႔ ေျမးကို ထိုးေကြၽးေနတာလား"

"Jungkook မင္း...."

"ဟဲ့ သား ဘာေတြေလွ်ာက္ေျပာေနတာလဲ"

"မသိဘူး ၿပီးေတာ့ ကြၽန္ေတာ့္ကို အဘိုးတို႔ အေဖတို႔မွ မကူညီရင္ မစြံေတာ့ဘူးလို႔ေရာ ထင္ေနတာလား"

"ဟဲ့ သားငယ္"

"လုံးဝဆန္႔က်င္တယ္"

ဒီတစ္ခါေတာ့ အဘိုးျဖစ္သူအလွည့္။ ေပါက္ကရေတြခ်ည္းေျပာကာ အေသခံၿပီး ဆက္တိုက္ျငင္းေနဦးမဲ့ ေျမး​ပုံစံေၾကာင့္ စိတ္ပူစျပဳလာေသာ္လည္း ဟန္မျပတ္ထိန္းထားသည္။

"ဆန္႔က်င္ရတဲ့ အေၾကာင္းအရင္းက?"

"အဘိုးလည္း သိေနတာပဲ ကြၽန္ေတာ္က အသန္႔အျပန္႔ႀကိဳက္တယ္ေလ လံုးဝမျဖစ္ပါဘူး"

ျငင္းပံုႀကီးက ခပ္ေၾကာင္ေၾကာင္ႏိုင္တာသိေပမဲ့ Jungkook ေသြးပူစြာပဲေျပာလိုက္မိသည္။

"ဒါပဲလား"

"ဘယ္,ကမလဲ အစားအေသာက္လည္းက်န္ေသးတယ္ ေနာက္ၿပီး အိပ္ရင္ေဟာက္တာမႀကိဳက္ဘူး ကြၽန္ေတာ္စာေရးရင္ တိတ္ဆိတ္ေနမွ ဆူညံေနရင္လည္း မႀကိဳက္..."

"တိတ္စမ္း ကေလးမဆန္စမ္းနဲ႔ "

Jungkook အမွန္ပင္ စိတ္ဓာတ္က်သြားရသည္။ဒါ ကေလးဆန္တာမွမဟုတ္တာ။သူ႔ဘက္က အဆင္မေျပတဲ့အေၾကာင္းေတြ အမွန္တိုင္းေျပာျပေနတာ။

"ဒါဆို အဘိုးတို႔ရဲ့အေၾကာင္းအရင္းကေရာ?"

သူ တည္တည္ၿငိမ္ၿငိမ္ပဲေမးလိုက္သည္။ခ်က္ခ်င္းေအးစက္သြားတဲ့ ပတ္ဝန္းက်င္မွာ သူသာလ်ွင္ရင္ပူေနရသူ။

"လက္ထပ္သင့္တဲ့အရြယ္မို႔ လက္ထပ္ခိုင္းတာေပါ့"

"လိမ္ေနတာ"

"ဒီေကာင္ေလး လူႀကီးကို အဲ့လိုေျပာစရာလား"

"ဧကႏၲ မီဆုေၾကာင့္?"

Jungkook စကားေတာင္မဆံုးေသး။လူႀကီးေတြအကုန္လံုးက မ်က္ႏွာေတြလႊဲကာ မသိခ်င္ေယာင္ေဆာင္ကုန္တာမို႔ စိတ္တိုတိုနဲ႔ႏွာမႈတ္လိုက္မိသည္။

"မီဆုနဲ႔က အဘိုးတို႔ထင္သလိုမဟုတ္ပါဘူးဆို ဘယ္ႏွစ္ခါရွင္းျပေနရမွာလဲ"

တစ္ေယာက္မွ တုတ္တုတ္မလႈပ္ၾက။တကယ္ပဲ အကုန္လံုး သရဲဝင္ပူးေနတာမို႔ ျဗဳန္းစားႀကီး လက္ထပ္ခိုင္းေနတာလား။

"ေျဖၾကဦးေလ ကြၽန္ေတာ္တို႔ ဒီအတိုင္းရိုးရိုးသားသား"

"ရိုးသားသည္ျဖစ္ေစ မရိုးသားသည္ျဖစ္ေစ ဆန္႔က်င္ဘက္လူႏွစ္ဦးက တပူးပူးတကပ္ကပ္မရိွသင့္ဘူး ပတ္ဝန္းက်င္ဆိုတာရိွေသးတယ္ ၿပီးေတာ့ မင္း လက္ထပ္ကိုထပ္ရမယ္ ျငင္းခဲ့ရင္မင္းကိုေပးထားသမ်ွ အကုန္ျပန္သိမ္းမယ္ အဲ့ေတာ့လက္ခံဖို႔ပဲေတြးထား"

​Jungkook လံုးဝဆြံ႔အသြားရသည္။မီဆုနဲ႔ အေနအထိုင္ဆင္ျခင္ေစလိုတာနဲ႔ပဲ သူ႔ကိုဟင္းရြက္ကန္စြန္းလို ထိုးေပးရသလား။

"ရလား ရလား အခုလိုေျပာခ်င္ရာေျပာၿပီးထထြက္သြားလို႔ရလား"

Jungkook ေဒါသူပုန္ထကာ ေသာင္းက်န္းျပေပမဲ့ အားလံုးကေဘးမဲ့ေပးထားၾကေလသည္။ဘဝမွာ ပထမဆံုး မိမိကိုယ္ကို သနားစရာသတၲဝါအျဖစ္ ေတြးမိျခင္း။

"ဒါ အိမ္တြင္းအၾကမ္းဖက္မႈပဲ လံုးဝသည္းမခံႏိုင္ဘူး!"

"အဲ့ေတာ့ အိမ္ေပၚကဆင္းမလို႔လား"

မီဆုစကားေၾကာင့္ Jungkook ဆတ္ခနဲတြန္႔သြားသည္။သူလို တက္သစ္စ,စာေရးဆရာတစ္ေယာက္အေနနဲ႔ အိမ္ေျခရာမဲ့အမည္ေတာ့ မတြင္ခ်င္လွ။

"ငါ့ေၾကာင့္ေရာ ပါတယ္မလား"

မီဆုက အကုန္လံုးကိုသိေနသည့္ဟန္ အပိုင္ေျပာသည္။Jungkook လိမ္ဖို႔စဥ္းစားလိုက္ေပမဲ့ မေျပာျဖစ္ဘဲ ဟုတ္မွန္သည့္သေဘာ ၿငိမ္ေနလိုက္သည္။

"လူႀကီးေတြကလည္း ေရွးရိုးဆန္လိုက္တာ ဒီဘက္ေခတ္ႀကီးထဲမွာ က်ား၊မသူငယ္ခ်င္းျဖစ္တာ ထူးမွမထူးဆန္းတာ ေနာက္ၿပီး ငါကဓာတ္ပံုဆရာေလ နင္လိုေကာင္ေခ်ာေလးေတြကို အေသအခ်ာရိုက္ေပးရမွာပဲကို မဟုတ္ဘူးလား"

မီဆုေပါက္ကြဲသမ်ွ ေခါင္းတၿငိမ့္ၿငိမ့္နဲ႔နားေထာင္ေနမိသည္။အဘိုးတို႔က သိပ္ကိုေခတ္ေနာက္ျပန္ဆြဲလြန္းတယ္။

"အခု ငါလမ္းေပ်ာက္ေနၿပီ"

Jungkook သက္ျပင္းေတြကို မၾကာခဏဆိုသလို ခ်ေနမိသည္။ခဏေလာက္ေသလိုက္ရရင္ေကာင္းမယ္။ဒါမွ ငါ့သားေလး အိမ္ေထာင္မျပဳခ်င္လို႔ ဘဝတစ္ပါး​ေတာင္ေျပာင္းရွာတယ္ဆိုၿပီး အသိတရားဝင္ၾကမွာ။

"ဒါနဲ႔ အဲ့လူကဘယ္သူလဲ ဘယ္ကလဲ ဘာအလုပ္လုပ္တာလဲ"

"မသိဘူး"

မထူးဆန္းေတာ့ပါဘူးဆိုသည့္ အၾကည့္ကို မီဆုဆီမွရရိွလိုက္သည္။

"Kakao IDေတာ့ ရိွတယ္ အဘိုးေပးခိုင္းလိုက္တာ"

"ျပစမ္း ရွာၾကည့္ရေအာင္"

တက္ႂကြေနသည့္ မီဆုကို Jungkook စိတ္ပ်က္စြာၾကည့္လိုက္သည္။ပုခံုးေလာက္ဆံပင္၊အရပ္မနိမ့္မျမင့္ႏွင့္ ယူမီဆုဆိုတာ Jungkookရဲ့ ေျပာမနာဆိုမနာငယ္သူငယ္ခ်င္းမတစ္ဦးသာ။ထို႔ထက္မပိုသည့္ သူတို႔ႏွစ္ဦးကို လူႀကီးေတြက ဘယ္လိုေတြဆန္းဆန္းျပားျပား ျမင္ေနၾကပါလိမ့္။

"ID ရိုက္ ရိုက္ "

"ဘာတဲ့လဲ "

"pjm009"

မီဆုေျပာသည့္IDကို စိတ္မပါလက္မပါရိုက္ခ်လိုက္သည္။သို႔ေသာ္ျငား ပံုဆိုးပန္းဆိုးႀကီးမျဖစ္ေစဖို႔ ႀကိတ္ဆုေတာင္းေနရသည္။ႏို႔မို႔ဆိုရင္ ေန့တိုင္းဒူးနဲ႔မ်က္ရည္သုတ္ရတယ္ ဆိုသည့္စကားက သူ႔အတြက္ျဖစ္လာမွာပင္။

"ဟဲ့ ဟဲ့ Jungkook သူမလား ၾကည့္စမ္း"

"အင္း ဟုတ္မယ္ထင္တယ္"

"အက်ိဳးနည္း သူကအရမ္းေခ်ာတယ္ဟ"

မီဆုစကားေၾကာင့္ Jungkook ျပဴးၿပဲၾကည့္လိုက္မိသည္။အင္း မဆိုးပါဘူး သူ႔ကိုမမွီေပမဲ့ေပါ့။

"ဟဲ့ ယူလိုက္ေတာ့ ရုပ္ရည္နဲ႔တင္ရွယ္တန္ေနၿပီ"

"စိတ္ပ်က္လိုက္တာ"

Jungkook မ်က္ႏွာေပၚကရိွသမ်ွေနရာအကုန္နီးပါး မဲ့ရြဲ႔ျပလိုက္သည္။ထို႔ေနာက္ ဖုန္းကိုဆက္မၾကည့္ေတာ့ဘဲ အေဝးကိုေငးေနလိုက္သည္။အျမင့္မွာေဆာက္ထားတဲ့ ရိုးရာအိမ္အႀကီးျဖစ္တာမို႔ ကုန္းဆင္းလမ္းေလးေပၚမွာ လႈပ္လီလႈပ္လဲ့သြားေနတဲ့အဖြားအိုတစ္ဦးနဲ႔ကေလးငယ္တစ္ေယာက္ကို လွမ္းျမင္ေနရသည္။

"ေက်ာင္းဆရာေလးထင္တယ္ ေက်ာင္းျပန္တက္ခ်င္သြားၿပီ ဒီလိုဆရာမ်ိဳးနဲ႔သာဆိုငါအတန္းမပ်က္ေတာ့ဘူး"

အား က်က္သေရတံုးလိုက္တဲ့မီဆု။

"ေပးစမ္း နင္ျပန္လို႔ရၿပီ အိုေကေနာ္ ငါစာေရးရဦးမယ္ အရမ္းအလုပ္ရႈပ္ေနတယ္ ဟုတ္ၿပီလား"

"တြန္႔တိုလိုက္တာ"

"Go go"

ဘိလပ္ျပန္ဒီဇိုင္းနဲ႔ မနားတမ္းႏွင္ထုတ္ေနတဲ့Jungkookေၾကာင့္ မီဆုခမ်ာလည္း လည္တျပန္ျပန္နဲ႔ထြက္သြားရေတာ့သည္။မီဆုျပန္သြားသည္ႏွင့္ အခန္းထဲကို မေက်မနပ္ဝင္ခဲ့လိုက္သည္။စားလိုက္တဲ့ အာရံုဆိုတာ။

*သား အခ်ိန္ရရင္ သူနဲ႔မိတ္ေဆြလုပ္ထားလိုက္ေနာ္*
*ေနာက္ အတူေနရမဲ့အတူတူ ႀကိဳၿပီးစကားေျပာၾကည့္ေပါ့*

JEON JUNGKOOK ေရ ေသ ေသ ေသ ဒီမွာတင္လဲေသလိုက္။ဘာတဲ့ မိတ္ေဆြလုပ္ထားရမယ္ ေဝးပါေသးတယ္။ရန္သူမျဖစ္တာပဲ ေတာ္လွၿပီ။

စားပြဲေပၚတင္တုန္း မေတာ္တဆပြင့္သြားတဲ့ ဖုန္းရဲ့မ်က္ႏွာျပင္ေပၚမွာေပၚေနတဲ့ ထိုလူပံု။ခင္ဗ်ားဘယ္ေလာက္ပဲ ၾကည့္ေကာင္းေကာင္း ဘယ္ေလာက္ပဲေခ်ာေခ်ာ ကြၽန္ေတာ့္အတြက္ေတာ့ ရုပ္ဆိုးတယ္ဆိုတာသိလား။

Jungkook စိတ္ထဲမွ ေအာ္ဟစ္လိုက္ၿပီးသည္ႏွင့္ ဖုန္းကိုအၾကမ္းပတမ္းပိတ္ခ်လိုက္သည္။ဒါနဲ႔ ဒီလူက အဲ့ေလာက္ၾကည့္ေကာင္းေနတာ သူ႔မွာရည္ငံေနတဲ့သူရိွႏိုင္တာပဲ။Jungkook ကိုယ့္အေတြးနဲ႔ကိုယ္ ဉာဏ္နီဉာဏ္နက္တို႔ထုတ္ရန္ စဥ္းစားေနေတာ့သည္။

Pan Hlay

"ဟဲ့ မင္းအခုထိအဲ့မွာဘာလုပ္ေနတာလဲ!"

"ထိုင္ေနတာေလ စားပါဦး"

"တိတ္စမ္း!!"

စားလက္စ အခ်ဥ္သီးခမ်ာ အဘိုးျဖစ္သူရဲ့ ပုတ္ထုတ္လိုက္မႈေၾကာင့္ ေျမျပင္ေပၚဖုတ္ခနဲ အလံုးလိုက္ေလးက်သြားသည္။ ႏွေျမာစရာႀကီး။

"အဘိုးကလည္း ဒီအသီးက မနက္ကမွေျမးကိုယ္တိုင္ တက္ခူးထားတာေလးကို"

"ဆြန္းဂ်ာ! ဒီကိုလာခဲ့ဦး"

အဲ အဘိုးကဘာလို႔ ဆြန္းဂ်ာကို လွမ္းေခၚတာပါလိမ့္?။ ျပဳတ္က်သြားတဲ့ အခ်ဥ္သီးကို လွမ္းေကာက္ေနတုန္းမွာပဲ တလႈပ္လႈပ္ေျပးလာတဲ့ ဆြန္းဂ်ာေလးကိုျမင္လိုက္ရသည္။

ငါ့လခြမ္း သူ႔လက္ထဲက အဘိုးရဲ့ေတာင္ေဝွးႀကီးမလား! မဟုတ္မွလြဲေရာ.....Jungkookမ်က္လံုးထဲ ငယ္ငယ္တုန္းက ေက်ာင္းမွာရည္းစားစာကို ပိုက္ဆံနဲ႔အငွားလိုက္ေရးေပးခ်ိန္က ေတာင္ေဝွးနဲ႔အရိုက္ခံခဲ့ရတာကို ျပန္ျမင္ေယာင္လာသည္။

"မင္း နာဖို႔သာျပင္ အခုထိမသြားေသးဘူးလား"

"အား...!!! ရက္စက္လိုက္တဲ့အဘိုး ၾကားလို႔ျမင္လို႔ေကာင္းေသးရဲ့လား ေျမးတစ္ေယာက္တည္းရိွတာကို ႏိွပ္စက္ေနပါတယ္ အားရိုးရိုး"

လုပ္ႀကံေအာ္ေျပာေနတဲ့အသံသာ ၾကားလိုက္ရၿပီး လူကအိမ္ႀကီးရဲ့ေရ႔ွဘက္ တေမ်ွာ္တေခၚလမ္းရွည္ေလးဘက္ကို ေရာက္သြားခဲ့ၿပီ။

Jeon မိသားစုေလးရဲ့  အငယ္ဆုံး မ်ိဳးဆက္ျဖစ္သည့္ Jeon Jungkookဆိုသည္မွာ ထိုကဲ့သို႔ ပလီပလာလည္း ေျပာတတ္ေလ၏။

"ဟဲ့!! ဘယ္သူလဲမွတ္တယ္ နင္ပဲလားဟ"

"ဘာလဲ ငါအရမ္းေခ်ာေနလို႔လား"

ထိုထိုကဲ့သို႔ေသာ ေအာ့အန္ခ်င္စရာစကားမ်ားကိုလည္း ဆိုတတ္သူ။

"နင့္...ဒီမွာဘာထိုင္လုပ္ေနတာလဲ"

"အဘိုးတို႔က ဟိုလူကိုသြားႀကိဳခိုင္းလို႔"

"ဟယ္ မသြားဘူးေပါ့"

"ေအး"

Jungkookနံေဘးမွာ မီဆုလည္း အထုတ္အထည္အကုန္ေဘးထားကာ ဝင္ထိုင္ခ်လိုက္သည္။

"ဘယ္ကတည္းကလဲ"

"မနက္ကတည္းက"

ဘုရားေရ။

"နင္ တကယ္သြားမႀကိဳဘူးလား"

"မႀကိဳပါဘူးဆို"

ပန္းခင္းႀကီးထဲမွာ လာထိုင္ေတာ္မူသည့္ ကိုယ္ေတာ္။ အခ်ိန္ၾကည့္ေတာ့လည္း ေနပင္အေတာ္မြန္းတည့္ေနၿပီ။ ကိုယ္နဲ႔လက္ထပ္ရမဲ့ တစ္ဖက္လူကိုႀကိဳဖို႔တာဝန္ရိွေသာ္လည္း တစ္စက္ေလးမွ ပူပန္ေၾကာင့္ၾကဟန္မရိွသည့္ Jeon Jungkook။

"ခုေလာက္ဆို ကားဂိတ္ေရာက္ေနေလာက္ၿပီ"

"နားစမ္းပါ"

ဒင္းကို ပန္းခင္းႀကီးထဲပဲ ကန္ခ်ခဲ့လိုက္ရမလား။ ေမတၲာအတံုးလိုက္အတစ္လိုက္ တံုးလြန္းတယ္။

"ဒါနဲ႔ ပံုကေရာ ဒီတစ္သက္ရဦးမွာလား"

"ေအး အဲ့ဒါ အဲ့ဒါ ရၿပီ ဒီမွာ"

"ဘယ္ဆိုးလို႔လဲ ငါေခ်ာသားပဲ"

ဓာတ္ပံုေတြကို တပံုခ်င္းစီ​​ျဖည္ထုတ္ၾကည့္ရင္း Jungkook သေဘာအက်ႀကီးက်ေနမိသည္။ သူ႔ဆီမိတ္ဆက္စာပို႔လာေနက် ေကာင္မေလးေတြဆီ ျပန္ပို႔ဖို႔ပံုအတြက္ ဒီလိုအေနအထားနဲ႔ဆို အကိုက္ပဲ။

"ဒါ က်ေပ်ာက္သြားတဲ့ဟာေတြလား ေနာက္ထပ္အသစ္လား"

"အသစ္ေပါ့ဟဲ့ က်သြားတာေတြက ဘယ္သူႂကြက္​ေျခာက္ဖို႔ယူသြားလဲေတာင္ မသိေတာ့ဘူး"

Jungkookဆီမွ မ်က္ေစာင္းတခ်က္က ဒိုင္းခနဲေရာက္လာသည္။ ထို႔ေနာက္ ယပ္ေတာင္ကို တျဗန္းျဗန္းခပ္ကာေနျပန္သည္။ ငေၾကာင္လို႔ေျပာရင္လည္း ႀကိဳက္မွာမဟုတ္ဘူး ေနပူထဲထိုင္ၿပီး ယပ္ေတာင္ခပ္ေနရတယ္လို႔။

"ငါ သြားၿပီ"

"ေအး သြားသြား"

မီဆုထြက္သြားသည္ႏွင့္ ပံုေတြကိုေသခ်ာျပန္ထည့္လိုက္ၿပီး Jungkook ထိုေနရာမွာပဲဆက္ထိုင္ေနလိုက္သည္။ အၿငိမ္မေနဘဲ ပန္းပင္ေတြဆြဲႏႈတ္ေနသည္မွာလည္း သူထိုင္ေနသည့္တေနရာတည္း ပန္းခင္းက ကြက္ၿပီးကတံုးျဖစ္မတတ္ပင္။

"တစ္မိသားစုလံုး ငါ့ကိုပဲရက္စက္ေနၾကတယ္ ဝဋ္ေႂကြးပဲ"

ေျမလမ္းကေလးရဲ့ခပ္လွမ္းလွမ္းဆီက ကားစက္သံေၾကာင့္ Jungkook ေခါင္းဆတ္ခနဲေထာင္လိုက္မိသည္။ ဒီနယ္ဘက္မွာ ကားနဲ႔သြားလာသူဆိုသည္မွာ မရိွသေလာက္ပင္ျဖစ္သည္။

ဖုန္ထူရသည့္ၾကားထဲ ေျမလမ္းေပမို႔ အမ်ားစုက ကားသံုးဖို႔ေရွာင္ၾကဥ္ၾကေလသည္။ ယခုမူ လမ္းအတိုင္းတည့္တည့္လာေနသည့္ ကားေၾကာင့္ Jungkook မတ္တပ္ရပ္လိုက္သည္။

ကားမွန္ျပတင္း တေျဖးေျဖးေလ်ွာသြားၿပီး သူ႔အနားထိုးရပ္လာတာမို႔ ဘာလဲဟ ဟုပင္ေရရြတ္လိုက္မိသည္။ မ်က္မွန္အနက္ဝတ္ဆင္ထားသည့္ လူတစ္ဦးက ကားေခါင္းခန္းထဲမွ သူ႔အားေမးခြန္းလွမ္းေမးလာသည္။

"ကိုယ့္လူ ဒီတည့္တည့္သြားရင္ ဘယ္ေရာက္လဲဗ်"

တည့္တည့္သြားမွေတာ့ သူတို႔အိမ္ေတာ္ေရာက္မွာေပါ့။ Jungkook ယပ္ေတာင္ကိုမ်က္ႏွာမွာကပ္လိုက္ရင္း ကားထဲကို ေဝ့ဝဲၾကည့္ကာ စပ္စုလိုက္သည္။

"ခင္ဗ်ားတို႔က ဘယ္ကိုသြားမလို႔လဲ"

"ဂႏၶမာလက္ဖက္ရည္ၾကမ္းလုပ္တဲ့ စံအိမ္ပါ"

အဲ အဲ့ဒါ ငါ့အိမ္မဟုတ္ဘူးလားဟ။ ကားေရ႔ွခန္းကလူအစား ဝင္ေျဖလိုက္တဲ့ ကားေနာက္ခန္းကလူဆီ မွန္ျပင္ကတစ္ဆင့္ တခ်က္တိုးၾကည့္လိုက္သည္။

ေလ်ွာခနဲက်သြားတဲ့ မွန္ခ်ပ္ေၾကာင့္ လန္႔သြားေပမဲ့ ဟန္ကိုယ့္ဖို႔ထားကာ ယပ္ေတာင္တဖ်တ္ဖ်တ္ခပ္ေနလိုက္သည္။

"ေက်းဇူးျပဳျပီး လမ္းၫႊန္ေပးလို႔ရမလား"

ေနပါဦး ဒီလူကို ငါတေနရာမွာ ျမင္ဖူးသလိုပဲ။ ဘယ္မွာ ျမင္ဖူးတာပါလိမ့္။ စဥ္းစားစမ္း စဥ္းစားစမ္း။

ယပ္ေတာင္ႀကီးကြယ္ကာ ဘာေတြလုပ္ေနမွန္းမသိတဲ့လူေၾကာင့္ ကားေနာက္ခန္းကလူက စိတ္မရွည္ခ်င္လွစြာ ကားဆရာကို ဆက္ေမာင္းခိုင္းဖို႔ျပင္လိုက္သည္။

လခြမ္း ဒါ အဘိုးေျပာတဲ့ ငါနဲ႔ေပးစားမဲ့သူမလား! Jungkook ေခါင္းထဲ လက္ခနဲတခ်က္ျဖစ္သြားကာ ကားမထြက္ခင္ အခ်ိန္မွီတားလိုက္ရေတာ့သည္။

"ေန ေနၾကပါဦး အဲ့အိမ္ကိုကြၽန္ေတာ္သိတယ္ ဒီလိုလုပ္ေလ ကြၽန္ေတာ္ပါလိုက္ခဲ့ၿပီး ခင္ဗ်ားတို႔ကိုလမ္းျပေပးမယ္ ကြၽန္ေတာ္လည္းအဲ့ကိုသြားမွာမို႔"

ယခုအခ်ိန္ထိ ယပ္ေတာင္ကို မ်က္ႏွာကမဖယ္ေသးဘဲ ေၾကာင္ေတာင္ေတာင္လုပ္ေနတဲ့ Jungkookကို ေခၚသင့္မေခၚသင့္ ကားထဲကလူႏွစ္ေယာက္လံုးက အကဲခတ္ေနၾကသည္။

ေနာက္မွ မည္မ်ွေဝးေၾကာင္း လမ္းရႈပ္ေၾကာင္း Jungkook တခမ္းတနားေျပာလိုက္မွ ကားေပၚတက္ခြင့္ရေတာ့သည္။ ဟြန္႔ ေတြ့ဦးမယ္ ငါနဲ႔။

"ဒီဘက္ခ်ိဳး"

"ဟိုလမ္းထဲဝင္"

ေခါင္းခ်ာခ်ာလည္မတတ္ လမ္းၫႊန္မႈေနာက္ ကားေလးက အီေနေအာင္ ေျပးရေလသည္။ ေနာက္ဆံုး ၄ဂႏၶမာစံအိမ္ေရာက္သည့္အခ်ိန္တြင္ ညေနပင္အေတာ္ေစာင္းေနခဲ့ၿပီျဖစ္သည္။

"ကဲ ဆင္း ကားနဲ႔သြားလို႔မရေတာ့ဘူး ကိုယ္တိုင္ေျခလ်င္သြားမွရေတာ့မယ္"

"ဟင္ သြားရဦးမွာလား"

"ဒါေပါ့"

ထိုလူ႔မ်က္ႏွာဆီမွ စိတ္ပ်က္သြားမႈကို အထင္းသားေတြ့လိုက္ရတာမို႔ Jungkookေပ်ာ္သြားရသည္။

"ကဲ လာပါ ခဏေလးပဲၾကာမွာ"

"ဒါႀကီးက အိမ္ေရာဟုတ္လို႔လား"

ေဟာင္းႏြမ္းကာ သစ္သားေတြပင္ပိုးထိုးေနၿပီျဖစ္တဲ့ အေပါက္ဝေၾကာင့္ ထိုလူ႔ကိုယ္ေလး တြန္႔ခနဲျဖစ္သြားရသည္။

"ခင္ဗ်ားလိုက္မွာလား မလိုက္ဘူးလား ဒီနယ္ကေမွာင္ရင္ ေကာင္းတာမဟုတ္ဘူးေနာ္"

Jungkookရဲ့ ၿဖဲေျခာက္မႈေၾကာင့္နဲ႔ ထိုလူခမ်ာ အဝတ္အိတ္ႀကီးဒရြတ္ဒရြတ္ႏွင့္ သူ႔ေနာက္ကလိုက္ပါလာေတာ့သည္။ သူကေတာ့ ေက်ာ့လို႔ေမာ့လို႔ ယပ္ေတာင္ကေလးတဖ်တ္ဖ်တ္ႏွင့္ပင္။

"ခဏေလးေနပါဦး နားရေအာင္ေလ ေမာေနၿပီ"

"သေဘာေလ"

ထိုလူ႔စကားကို Jungkookလည္း ေမတၲာေရ႔ွထားကာ လက္ခံလိုက္ၿပီး ပန္းခင္းေဘး ေခတၲနားရန္ ရပ္လိုက္ၾကသည္။

"ဘာလို႔ လာခဲ့တဲ့လမ္းနဲ႔ဆင္ေနတာပါလိမ့္"

ထိုလူရဲ့ တီးတိုးေရရြတ္သံကို Jungkook မၾကားခ်င္ေယာင္ေဆာင္လိုက္ရင္း ဆက္သြားဖို႔ ေဆာ္ဩလိုက္ေတာ့သည္။ Jungkookေကာင္းမႈႏွင့္ အိမ္ေတာ္ဆီသို႔ ညခုႏွစ္နာရီဝန္းက်င္တြင္ ေရာက္သြားခဲ့သည္။

ထိုလူကို ၾကည့္လိုက္ေတာ့ အေတာ္ေလးႏြမ္းဖတ္ကာ ျဖဴစုတ္ေနေလၿပီ။ အဟိ မွတ္ထား ေနာက္ဆို ဒီ့ထက္ပိုဆိုးမယ္။

"ေရာက္ၿပီ ခင္ဗ်ားလည္း ကိုယ့္လမ္းကိုယ္သြား ကြၽန္ေတာ္လည္း ကိုယ့္လမ္းကိုယ္သြားမယ္ ဘိုင့္ဘိုင္"

မည္သည့္အေျဖကိုမွ မေစာင့္ေတာ့ဘဲ Jungkookတစ္ေယာက္ ေကာ့ေတာ့ေကာ့ေတာ့ႏွင့္ ထြက္သြားလိုက္သည္။ ယပ္ေတာင္တဖ်တ္ဖ်တ္က မပါမျဖစ္။

"ဒုတ္"

"အား!"

ဟိုလူကို ပညာေပးလာရလို႔ေပ်ာ္ေနသည့္ အေပ်ာ္ပင္မဆံုးေသး ေခါင္းေပၚက်လာသည့္ တုတ္ခ်က္ေၾကာင့္ Jungkook ၿပဲလန္ေနေအာင္ ေအာ္လိုက္သည္။

"အား အဘိုး ဘာလို႔ရိုက္တာလဲဗ်"

"ဘယ္မလဲ ဧည့္သည္က"

"ရိုးရိုးေမးလို႔မရဘူးလား ! ေျမးေသသြားရင္ဘယ္လိုလုပ္မလဲ အဘိုးေၾကာင့္ေနာ္ "

"တိတ္စမ္း ေသေတာ့လည္းျမစ္ထဲေမ်ွာလိုက္မွာေပါ့ ေမးတာအရင္ေျဖ ေကာင္ေလးဘယ္မွာလဲ"

"အေပါက္မွာေပါ့လို႔! တကယ္ပဲ"

ေျပာေျပာဆိုဆိုႏွင့္ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ထြက္သြားတဲ့ ေျမးျဖစ္သူ။ ေတာ္ပါေသးရဲ့ သြားႀကိဳေဖာ္ေတာ့ရေသးလို႔။ ဤသို႔စိတ္သက္သာသြားသည္မွာ ေျမးလုပ္သူ၏စနက္ကို မသိေသးေသာေၾကာင့္ ျဖစ္တန္ရာ၏။

"Jeon Jungkook!!"

Pan Hlay

Note
လက္ကျမင္းမိျပန္ၿပီ Zzzz
အမွန္ကေရးခ်င္ေနတာၾကာၿပီရယ္။

Unicodeနဲ႔ဖတ္ေစခ်င္တယ္ ျပင္တာဘာညာက သူ႔ကိုပဲလုပ္တာမို႔လို႔။ အေပၚမွာ ပံုေတြအကုန္ထည့္ေပးထားတယ္ေနာ္။

Settingက BTS Summer Package 2019ထဲကပါ။ သူတို႔ရဲ့ Characterကလည္း အဲ့ထဲကအတိုင္းပါပဲလို႔။ အဓိကသံုးမဲ့ပန္းကေတာ့ Siberian ဂႏၶမာေတြပါ Korea Daisyလို႔ လူသိမ်ားပါတယ္။ Intro ဒီေလာက္ဆို လံုေလာက္ၿပီထင္တယ္။

ေပါ့ေပါ့ပါးပါးပဲေရးမွာပါ ယံုတယ္မလား။
ေနာက္က်မွ အေသးစိတ္ေျပာျပတာေပါ့။
See You ဖတ္ဖတ္တို႔။

Fortsett å les

You'll Also Like

133K 15.7K 22
[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ေဆာင္က်န္ကြမ္ေက်ာင္းေတာ္ကို ဗဟ...
55.2K 14.7K 52
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
76.7K 9.3K 25
အချစ်ဟာဘာလဲမေး မင်းရဲ့ရွှေရောင်ဆံနွယ်လေးတွေလို့ ကိုယ်ဖြေဆိုမယ် အခ်စ္ဟာဘာလဲေမး မင္းရဲ႕ေရႊေရာင္ဆံႏြယ္ေလးေတြလို႔ ကိုယ္ေျဖဆိုမယ္
99.6K 6.1K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥