CAN I............(Completed!)

Da K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 Altro

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

part 21(Unicode)

1.9K 114 0
Da K-hyunee

"ကိုကို ကျ​နော်​ဒီ​နေ့အပြင်​မသွားဘူး ကိုကို​ရောဘာလုပ်​နေလဲ"

"ငါအိပ်​နေတာ "

"ဟုတ်​လား ဟီး ....."

"ဘာဟီးဟီး လဲ Rhyme စုတ်​ငါအိပ်​နေပါတယ်​ဆိုမှ "

"ကိုကို့အိပ်​ချင်​မူးတူးအသံ​လေးကချစ်​ဖို့​ကောင်းလို့ "

"​တော်​ပြီကွာ ငါပြန်​အိပ်​တော့မယ်​"

"ဟယ်​လို ကိုကို​ဟော ဖုန်းချသွားပြီ နှာ​ခေါင်းနီပြီရှက်​နေမှာမြင်​ယောင်​သေးတယ်​အား.....ချစ်​ဖို့​ကောင်းလိုက်​တာကွာ"

သံ​ယောဇဉ်​ရှိလာရင်း....
ကြာလာ​တော့ ချစ်​မိလာတယ်​..
ဒီ​ရေလှိုင်း.
...............................

ဤသို့ဖြင့်​6လပိုင်း​အောင်​စာရင်းတွင်​Rhyme ဂုဏ်​ထူး ၄ဘာသာဖြင့်​အောင်​သည်​။ထို့​နေ့တွင်​Rhyme သူငယ်​ချင်းများလာ​ခေါ်​သော်​လည်း ဒီ​ရေ့အိမ်​သို့သာဆိုက်ဆိုက်​မြိုက်​မြိုက်​ရောက်​လာသည်​။

"ဟို  အကိုဒီ​ရေလှိုင်း ရှိလားမသိဘူး"

" မင်းက "

"ကျ​နော်​Rhyme ပါ အန်​တီ "

"​အော်​Rhyme​လေး အန်​တီကနာမည်​ဘဲသိပြီး
လူ​တော့ခုမှ​တွေ့ဖူး​တော့ မသိတာ
သား​လေး လာအထဲဝင်​ထိုင်​ဒီ​ရေ​လေးအိပ်​နေတုန်းဘဲ သား​အောင်​စာရင်းထွက်​တယ်​မဟုတ်​လား "

"ဟုတ်​ဂုဏ်​ထူး ၄ခု​တောင်​ပါတယ်​အန်​တီ အဲ့ဒါ ကိုကို ဟို​ကျေးဇူးတင်​ချင်​လို့ "

"​အေး​အေး အန်​တီ​ခေါ်​ပေးမယ်​"

"အန်​တီ ဟို​လေ ကျ​နော်​ဂုဏ်​ထူးပါတယ်​ဆိုတာမ​ပြောနဲ့ဦး​နော်​ကျ​နော်​ကိုယ်​တိုင်​ပြောချင်​လို့ "

​ဒေါ်​သော်​တာ​ပြုံးကာ​ခေါင်းငြိမ့်​ပြပြီး အခန်းထဲဝင်​ကာ
အိပ်​ပျော်​နေ​သော​သား​တော်​မောင်​ကိုနှိုးရသည်​။
ဒါ​တောင်​တော်​တော်​နဲ့မထချင်​........

"ဘာတုန်းကွာ ......အိပ်​နေတာကို "

"ကိုကို "
​လေသံဖြင့်​အသံထွက်​ရုံသာ​ခေါ်​တော့ ဒီ​ရေကနားလည်​သလို​ခေါင်းငြိမ့်​ပြသည်​.....

"ကျ​နော်​ဂုဏ်​ထူး၎ခု​တောင်​ပါတယ်​ဗျ"

"ဟမ်​ဟုတ်​လား "

ဒီ​ရေမပွင့်​သောမျက်​လုံးတို့ပြူးကျယ်​သွား​တော့သည်​။

"ဟာ​တော်​လိုက်​တာ မင်းအရမ်း​တော်​တယ်​အန်​တီနန်း​ရောသိပြီပြီလား "

"အာ ဟုတ်​သားဘဲ ကျ​နော်​အ​မေ့ကို​ပြောဖို့​မေ့​နေတယ်​
ခဏ ကျ​နော်​ဖုန်းဆက်​လိုက်​ဦးမယ်​"

....
ထို့​နောက်​

" ဟို​လေ ကျ​နော်​နဲ့အပြင်​သွားမယ်​ရမလား"

"အင်း လိုက်​ခဲ့မယ်​ခဏ​စောင့်​"

အတန်​ကြာဧည့်​ခန်း​လေးတွင်​
Rhyme​စောင့်​နေပြီး​နောက်​...

ဒီ​ရေဝတ်​နေကြအတိုင်း​ဘောင်းဘီဒူးဖုံးနှင့်​
ခပ်​ပွပွ T-shirt ပန်းနု​ရောင်​လေးနှင့်​ထွက်​လာသည်​။

"ပါးစပ်​ပိတ်​ဦး လာသွားမယ်​ငါ့မားရှိတယ်​မြန်​မြန်​လာ"

ပါးစပ်​အ​ဟောင်းသားနှင့်​ကြည့်​နေ​သော Rhyme ကိုလက်​ဆွဲကာ​ခေါ်လာရသည်​။

"ဒီလိုကျ​တော့လည်း တစ်​မျိုးချစ်​ဖို့​ကောင်းတယ်​"

Rhyme စကားကိုမသိချင်​ယောင်​ဆောင်​ကာ......

"ကား​ရော "

"ဟို​ရှေ့နားမှာ ဝန်ထမ်းအိမ်​ယာဝန်းထဲကိုဝင်​လို့မရလို့ အပြင်​ဟိုဘက်​နားမှာ​စောင့်​နေခိုင်းလိုက်​တယ်​"

"​အော်​...."

>>>>

"ခုဘယ်​သွားမလဲ က​လေး​လေး "

ကား​ဆရာဦး​လေးက​မေး​တော့...

"Icon လိုက်​ပို့​ပေးပါဦး​လေး
ကျ​နော်​တို့ကြာမှာဆို​တော့ ဦး​လေးလုပ်​စရာရှိရင်​လုပ်​ထားလိုက်​နော်​ကျ​နော်​ပြန်​ခါနီးမှဖုန်းဆက်​လိုက်​မယ်​"

"​အေးပါကွယ်​"

"Rhyme "

"​ဗျာ ...."

"ဘာမှမဟုတ်​တော့ဘူး "

ကား​လေးက တ​ရွေ့​ရွေ့နှင့်​သွား​နေပြီဖြစ်​သည်​။

" ကိုကို ခု ၈နာရီဘဲရှိ​သေးတာ​ဆို​တော့
ကျ​နော်​တို့တခုခုအရင်​စားမယ်​နော်​"

"အွန်း ငါ​ဗိုက်​ဆာ​နေပြီ "

Rhyme မိမိ​ထက်​ခေါင်း​တလုံးစာပု​နေ​သော ဒီ​ရေ့
ပုခုံး​ပေါ်သို့
လက်​တင်​တယ်​ဆိုရုံမရဲတရဲတင်​သည်​။
ဒီ​ရေဘာမှမ​ပြော​တော့မှ

"ဟူး....."

သက်​ပြင်းချလာ​သောRhyme အား ဒီ​ရေ​မော့ကြည့်​ကာ

"ဘယ်​ဆိုင်​သွားမှာလဲ "

" အ​ပေါ်ထပ်​က Chincken power သွားမလား
Korea ဆိုင်​သွားမလား "

"Korea ဆိုင်​ကနဲနဲ​ညှော်​တယ်​Chicken power ဘဲသွားမယ်​"

"ဟုတ်​"

ဆိုင်​ရောက်​သော်​.....
ဒီရေကား menu စာရွက်​တရွက်​နှင့်​အလုပ်​ရှုပ်​နေသည်​။
ခပ်​ပွပွပန်းနု​ရောင်​T shirt​ကြောင့်​လားမသိ
လည်​ပင်းသားဖြူဖြူ​လေးသည်​ထင်းကာ​နေသည်​။
ဆံပင်ကနက်မှောင်နေပြီးဖြူစွတ်​နေ
သောအသားအရည်​ကို
ပိုပြီး​ပေါ်လွင်​စေသည်​။
မျက်​မှန်​ထူကြီး​အောက်မှစာအုပ်​ကိုကြည့်​နေ​သောမျက်​၀န်းဝိုင်း​လေးများမှာလည်းအရည်​၇ွှမ်းကာ​တောက်​ပ​နေ​လေသည်​။
​သွေး​ကြောမျှင်​စိမ်းစိမ်း​လေး​တွေနှင့်​မွှေးညှင်း​ရေး​ရေး​လေးများခစား​နေ​သောပါးပြင်​လေးမှာလည်း​ဖောင်း​ဖောင်း​လေးနှင့်​ဆွဲညှစ်​ချင်​စရာ​ကောင်းလှသည်​။
လက်​မှအ​ကြောစိမ်းများကလည်း​ယောက်ျားပီသမှုကို​ဖော်​ပြ​နေ​လေသည်​။
​ယောက်ျား​လေးလက်​ချောင်းများဟုမထင်​ရက်​နိုင်​စွာဖ​ယောင်းကဲ့သို့သွယ်​လျလျလက်​ချောင်း​လေးများနှင့်​အ​ရောင်​မတင်​ထား​၍ကြည်​လင်​နေ​သောလက်​သည်းခွံ​လေးများမှာလည်းဆွဲ​ဆောင်​မှုရှိလွန်းသည်​။

ထိုစဉ်​
"Rhyme မင်းအတွက်​မှာ​ပေးပြီးပြီး cola ဘဲမလား "

"​အမ်​အမ်​အွန်း"

"ဘာဖြစ်​နေတာလဲ "

Rhyem တစ်​ယောက်​ကိုယ့်​အဖြစ်​ကို​တွေးမိပြီး
​ခေါင်းကို​အောက်​သို့ငုံ့ကာတွင်​တွင်​ခါသည်​။

"ပါးစပ်​ကနားရွက်​တက်​ချိတ်​တော့မယ်​"

"Heeeeeeee"

ခဏကြာ​သော်​ကြက်​ကြော်​ရောက်​လာသည်​။

"ကိုကို​ပေ​နေပြီ "

ဒီ​ရေနှုတ်​ခမ်းတွင်အချဉ်​ရေ​တွေ​ပေ​နေ​သော​ကြောင့်​
Rhyem ဇာတ်​ကားထဲမှာ
မင်းသားကမင်းသမီးနှုတ်​ခမ်း​လေးကိုနုနုရွရွသုတ်​ပေးသလိုမျိုး သုတ်​ပေးမည်​ဟုအပီအပြင်​တွေပြီး
တစ်​ရှူးထုတ်​လိုက်​သော်​လည်း
လျင်​မြန်​လှ​သော ဒီ​ရေလက်​ကနှုတ်​ခမ်းထက်​နေရာယူကာသုတ်​ပြီး​ချေပြီ။

Rhyme ဒီ​ရေကိုကြည့်​ကာမရီဘဲမ​နေနိုင်​တော့
​တွေးထားတာနဲ့ ဖြစ်​လာတာနဲ့​တော်​တော်​လေးကိုလွဲ​နေသည်​လေ ။

"ကိုကို လက်​ပေး "

"ဟမ်​..​ရော "

"ဒီဘက်​မဟုတ်​ဘူး ဟိုဘက်​"

ဒီ​ရေကြက်​ကြော်​ကိုင်​မထားသည့်​လက်​ကို​ပေးလိုက်​သော်​လည်း အချဉ်​ရည်​ပေ​နေသည်​ကအဲ့လက်​မဟုတ်​။

"ဘာလုပ်​မို့လဲ ငါစား​နေတာကို "

" ခဏ​လေးပါ "

"​ရော့ကွာ ...."

Rhyme​ပေ​နေ​သောအချဉ်​ရည်​တို့ကိုသုတ်​ပေးပြီး​နောက်​

"ရပြီ "

"ကျ​နော်​တို့စားပြီးရင်​ရုပ်​ရှင်​သွားကြည့်​မယ်​နော်​"

"ဆယ်​နာရီဘဲခွဲ​နေပြီ လက်​မှတ်​ရပါ့မလား "

"ရတယ်​ကျ​နော်​ကြိုဝယ်​ထားတယ်​"

"အွန်း ပြီး​ရော သွားမယ်​အစပိုင်းမကြည့်​ရရင်​
​နောက်​ပိုင်းကြည့်​ရတာမ​ကောင်းဘူး "

ရုပ်​ရှင်​ရုံထဲ​ရောက်​သော်​

"ကိုကို ဘာဖြစ်​လို့လဲ ဆူပုတ်​နေ​တာဘဲ"

"ဘာဖြစ်​ရမှာလဲ မင်းဘာလို့ couple seat ဝယ်​တာလဲ "

"​ကျ​နော်​မသိဘူး​ဈေးအကြီးဆုံးမို့လို့ဝယ်​လိုက်​တာ "

(A/N ကိုယ်​တော့မထင်​ဘူး Rhyme​ရေ )

"မင်းမျက်​ခွက်​ကြီးက​ရောဘာလို့ဖြီး​နေတာလဲ"

"ကိုကိုစိတ်​ဆိုး​နေတာချစ်​ဖို့​ကောင်းလို့ "

"မမြင်​ရဘဲ​နဲ့အပို​တွေ​ပြောမ​နေနဲ့ ရုပ်​ရှင်​ကြည့်​တော့မယ်​သွား ငါ့နားမကပ်​နဲ့ "

"မရဘူး ကပ်​မှာဘဲ ဟိုဘက်​မှာလူမရှိဘူး
ကျ​နော်​ကြောက်​တယ်​"

ဤသို့ဖြင့်​Rhyme ဒီ​ရေနားကမခွာ​တော့ ...
ခဏအကြာ.......

"ဟာ Rhyme မင်းလက်​..."

"ဘာဖြစ်​လို့လဲ ကိုကို "

"မင်းလက်​ကငါ့ကိုဖက်​ထားတယ်​လေ "

"ဟုတ်​တယ်​လေ "

"ဟာ...မင်း "

"ကိုကို ကျ​နော့်​ကိုချစ်​လား "

"လွှတ်​ကွာ ငါရုပ်​ရှင်​ကောင်း​ကောင်းကြည့်​ပါရ​စေ "

"​ဖြေမှလွှတ်​မယ်​"

"မ​ဖြေဘူး "

"ရတယ်​ကျ​နော်​ဒီအတိုင်းဖက်​ထားမှာ တွဲ​နေတာဘဲ ၂လ​ကျော်​ပြီး ၃လထဲ​ရောက်​နေပြီ ခုချိန်​ထိ ကိုကို့ဆီကချစ်​တယ်​လို့တခါမှကျ​နော်​မကြားဖူးဘူး "

"........"

"ဘာလဲ ခုထိကျ​နော့်​ကိုမယုံ​သေးဘူးလား "

"မဟုတ်​ဘူး...."

"အဲ့ဒါဆိုဘာလို့လဲ ကျ​နော့်​ကိုမချစ်​ဘူးလား အဲ့ဒါဆိုလည်း
ပွင့်​ပွင့်​လင်းလင်း​ပြော ကျ​နော်​တို့လမ်းခွဲမယ်​"

Rhyme​ဒေါသတကြီး​ပြောလာသည်​မို့ ဒီ​ရေငိုမဲ့မဲ့ဖြစ်​လာ​ချေပြီ။

"ချစ်​တယ်​အင့်​....."

နှစ်​ကိုယ်​ကြားရုံတိုးတိုး​လေးဖြစ်​သော်​လည်း
Rhyme ပီပြင်​စွာကြားလိုက်​သည်​။
ရင်​ခွင်​ထဲတိုးကာငို​နေပြီဖြစ်​သော လူကြီးကိုပြန်​ချော့ရ​ပေးဦးမည်​။

"ကိုကို ဘယ်​လောက်​ဆိုးဆိုး ကျ​နော်​ခံမယ်​
ဒါ​ပေမဲ့ ကျ​နော့်​ကို​တော့မချစ်​လို့မရဘူး....."

ထိုအခါမှ ......
ရင်​ခွင်​ထဲမှ ထိုသူ ရင်​ခွင်​အစုံကိုတဘုန်းဘုန်းထုကာ

"​ငါကတကယ်​မှတ်​လို့ .....
အစုတ်​ပလုတ်​ကောင်​........အီးဟီး......"

°°°°°°°°°°°°°°°°°°°

"ကိုကိုက ကျ​နော့်​ရဲ့​နောက်​ဆုံး​သောအရာအားလုံးပါ "

°°°°°°°°°°°°°°°°°°°

D Rhyme ro တာသီးသန့်​ဖတ်​ပေးဦး​နောက်​အပိုင်းမှ
ဒန်​တန်​........😜
တဖြည်းဖြည်းနဲ့ ending​ရောက်​ပါ​တော့မယ်​
Love you 😚

Continua a leggere

Ti piacerà anche

Wine Da Stella

Storie d'amore

313K 22.8K 33
boy× boy Zawgyi အချစ်......အချစ်ဆိုတာဘာလဲတော့ကျွန်တော်မသိဘူးလူတွေကတော့အချစ်ဆိုတာကိုအမျိုးမျိုးအ...
282K 35K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
1K 63 7
အရှေ့မြောက်က ဆောင်းလေတွေတောင် ရောက်လာပြန်ပြီ... ငါ့ဆီကိုရော မင်းဘယ်တော့ရောက်လာမှာလဲ "ဂျွန်"... ငါမင်းကို အရမ်းလွမ်းတယ်.... Saw John Gabriel ❣ Min Se...
3.8K 85 31
❤❤❤❤❤ စ​တွေ့​တွေ့ချင်း တစ်​ယောက်နဲ့တစ်​ယောက်ကြည့်မရဖြစ်​နေကြတဲ့​ကောင်​လေးနှစ်​ယောက်၊ တစ်ကယ်တမ်းလည်းတွယ်တာမိကြ​ရော ​ဝေးရမဲ့အ​ကြောင်းကဖန်လာပြန် ၊ အချ...