မနေ့ကနေသွေးအိမ်ပြန်ရောက်ရောက်ချင်း ဖုန်းmissed call ပေါင်းများစွာကြောင့် စိုင်းကိုဖုန်းပြန်ဆက်ရသည်။
''အေး စိုင်းကောင် What's up?''
''WTFပဲ..ဟျောင့်..မင်းခုမှWhat's up လုပ်နေ ညနေက ငါတို့မေဂျာနဲ့ ဘူမိနဲ့ သောက်ပြဿ နာတက်ကြတယ်တဲ့''
''ဘာ......... ''
''အေး ဘာ နေ ခုမှ ဘာ နေ အကြီးအကျယ်ဘဲတဲ့ ဆွဲတာမြန်လို့တဲ့ မဟုတ်ရင် သေလို့ရတယ်တဲ့ကွာ''
''ဘယ်သူတဲ့လဲ''
မသိစိတ်က ထိပ်ဆုံးကစိတ်ပူပြီးသွားပြီ
မဟုတ်လောက်ပါဘူး
''ဘယ်သူတွေဆိုတာတော့သေချာမသိရသေးဘူး
နက်ဖြန် တီချယ်ကြီးခေါ်မယ်ထင်တယ် မင်းကleaderဆိုတော့ ''
''ငါတို့ဘက်ကခံလိုက်ရတာလား''
''ဘယ်ကလာ ငါတို့ဘက်ကကောင်စ ထိုးတာတဲ့''
စိုင်းကတက်ကြွစွာပြောနေသည်။
စိုင်းကိုယ်တိုင်လည်း ဘူမိ ဘက်ကိုကြည့်လို့မရ...
( A/N just plot ပါနော်)
''အေး ငါလည်း ခုမှပြီးလို့ပြန်လာတာ နည်းပြခိုင်းထားတာ''
''အေး အဲ့ဒါဆို နားတော့ ထမင်းရောစားပြီးပြီလား''
''ငါမစားတော့ဘူးကွာ မလှုပ်ချင်တော့ဘူး''
နေသွေးခန့် အသံကအားပင်မရှိတော့...
'' အဲ့လိုလုပ်မနေနဲ့ နက်ဖြန်ပြိုင်ရဦးမယ်
ထမင်းစားပြီး ဆေးလေးဘာလေးသောက်အိပ်
မင်းမချက်ချင်တော့ရင် ငါလာပို့ပေးရမလား''
အပြင်ထွက်ချင်သော စိုင်းကောင် လမ်းရှာနေတာသိသား...
''ရပါတယ်ကွာ ငါ မနက်ထဲကပြုတ်ကြော်လုပ်ထားတဲ့ကြက်သားရှိတယ် ပြန်ပြုတ်ပြီးခေါက်ဆွဲလေးနဲ့စားလိုက်မယ် ချက်နိုင်ပါသေးတယ်ကွ''
နေသွေးခန့် တစ်ယောက်ထဲနေသူမို့ဟင်းချက်ခြင်းကိုစာအုပ်ဖတ်ကာသင်ယူခဲ့သည်။
ကိုယ်တိုင်ကလည်းဝါသနာပါသောကြောင့်
အခုဆို သေသေချာချာချက်တတ်နေပြီဖြစ်သည်။
''အေး ပြီးတာဘဲ ငါ့ချစ်ချစ်ကိုဖုန်းဆက်တော့မယ် ဒါဘဲ
FA ကောင်''
''FAကောင်ဖြစ်တော့ဘာဖြစ်လဲ
အနဲဆုံးတော့ မင်းလိုဖုန်းbill မကုန်ဘူးပေါ့ကွာ''
နေသွေးခန့် စိုင်းစကားအားချေပရင်းတစုံတစ်ယောက်ကိုသတိရမိသွားကာ သက်ပြင်းတစ်ခုကိုချရင်း......
''ဒါဘဲနော် ငါရေချိုးတော့မယ်''
''အေး ဒါဘဲ''
စိုင်း စကားသည်ရင်ထဲကိုလေးလံသွားစေသည်။
ဘယ်သူမှန်းမသိရတဲ့သူကို''သူ''ဖြစ်နေမလာဆိုပြီး
စိတ်ပူနေပြီး တချိန်ထဲမှာဘဲမဟုတ်ဘူးလို့ငြင်းနေမိပြန်တယ်။
စွာကျယ်လေး မင်းကောင်းကောင်းရှိနေမှာပါနော်..
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
နေသွေးခန့် မနေ့ကရန်ပွဲအကြောင်းကြားမိပေမဲ့
ဘယ်သူဘယ်ဝါဆိုတာမသိရသေး...
တီချယ်ကြီးခေါ်တာ ဒီကိစ္စကြောင့်ဘဲဖြစ်နိုင်သည်။
နေသွေးခန့်ပါမောက္ခရုံးခန်းရှေ့ရောက်တော့ ၀င်ခွင့်တောင်းကာဝင်လာခဲ့သည်...
ပါမောက္ခရှေ့တွင်ခေါင်းငုံ့ကာတုပ်တုပ်မလှုပ်ကျောက်ရုပ်ကဲ့သို့ရပ်နေသောသူကိုကြည့်လိုက်တော့နေသွေး မျက်လုံးပြူးရသည်...
*စွာကျယ်လေး...*
နေသွေးအတွေးမမှန်ခဲ့မှန်း အခု ပါမောက္ခရုံးခန်းရောက်မှသိရတော့သည်....
ပါမောက္ခမှ..
"ကဲ..Leaderကြီး..ပြောပါဦး..ကိုယ့်အသင်းသားတစ်ယောက်လုံးသူများမေဂျာကလူနဲ့ရန်ဖြစ်တယ်
leaderဆိုတာ အုပ်ချုပ်နိုင်ရမယ်လေ
မင်းဘယ်ရောက်နေခဲ့တာလဲ''
နေသွေးခန့်ကြောင်အနေသည်..တကယ်တော့ မနေ့က နည်းပြကနောက်တစ်ပွဲအတွက်၀တ်ရမည့့်အားကစားအကျီင်္တွေဌာနမှာသွားယူခိုင်း၍ ပွဲပြီးပြီးချင်း နားတောင်မနားရဘဲထွက်လာခဲ့ရသည်..
စွာကျယ်လေး အဲ့လောက်စွာလိမ့်မည် မထင်မိ။
ဟိုကောင်တွေညစ်တာအသိသာကြီးဆိုတာနေသွေးခန့်လည်းသိသည်။
"ကျနော် တောင်းပန်ပါတယ် တီချယ်ကြီး အဖြစ်မှန်တွေကိုသေချာမသိရသေးပါဘူး''
အခုချိန်မှာ တီချယ်ကြီးဆူမှာကိုကြောက်ရတာထက်မျက်စိရှေ့ကဒဏ်ရာဒဏ်ချက်တွေနဲ့သူကိုသာအာရုံစိုက်နေမိသည်။
တီချယ်ကြီးမှ...
"မင်းအဲ့ကိစ္စကိုသေချာသိအောင်လုပ်ပြီး ငါ့ကိုပြန်လာပြော..ဘယ်သူကစမှားလို့ဘယ်ကစဖြစ်တာလဲဆိုတာကို.."
"ဟုတ်ကဲ့..ကျနော်သေချာစုံစမ်းပါ့မယ်.."
"အေး..အဲဒါသိပြီးရင်ဟ်ိုဘက်မေဂျာကပါမောက္ခနဲ့တွေ့ပြီးသူတို့စိတ်တိုင်းကျတောင်းပန်ရမှာ.."
"ဘာလို့လဲ တီချယ်ကြီး....တကယ်ဆိုကျနော်တို့ဘက်ကလဲထိခိုက်တာဘဲလေ''
နေသွေးခန့် အထွန့်မတက်စဖူး အထွန့်တက်မိသည်။
''ဟဲ့ နင့်အသင်းသားကလုပ်ထဲ့လိုက်တာ ဟိုမှာ ဆန်ပြုတ်သောက်နေရပြီ မျက်လုံးလဲအခန့်မသင့်ရင်ကန်းသွားနိုင်တယ်တဲ့ ဒင်းကတော့ဒီအတိုင်း''
ဒီရေကတော့ သိပ်မထူးဆန်းသလိုပင်..လျှမ်းဆက်အကြောင်းသိပြီးသား...
နေသွေးခန့်.တစ်ယောက်ကတော့ ကြက်သီးတွေထပြီးသွားတွေပါကြိမ်းရသည်အထိ...
နူးညံ့တဲ့လက်အစုံကguitarကိုတီးခတ်နိုင်ရုံမက
ပြင်းထန်သည့်ဒဏ်ရာတချို့ကိုလည်းပေးနိုင်သည်တဲ့လေ။
နေသွေး စိတ်ထဲမှတွေးနေရင်း
ဘေးမှ ဒီရေကိုသတိထားမိသွားသည်။
ဟိုတနေ့ကလည်း သူတို့နှစ်ယောက်တူတူစကားပြောနေသည်ကိုတွေ့သည်။သွားတန်းလေးတွေပေါ်သည့်အထိပြုံးရယ်နေသည့်မျက်နှာကိုပါ ထိုနေ့ကတွေ့လိုက်ရသည်။
အခုလည်း ဒီရေက ဘေးတွင် အတူတူရပ်ကာအဆူခံပေးနေသည်။
''ဟုတ် ကျနော်သေချာမေးလိုက်ပါဦးမယ် ကျနော်တို့ကိုသွားခွင့်ပြုပါဦး''
ဆက်၍ငြင်းခုံမနေချင်တော့သောကြောင့် လျှမ်းဆက်နှင့် ဒီရေကိုပါခေါ်ပြီး အပြင်ထွက်လာခဲ့သည်။
ကန်တင်းသွားမည်ဆိုသော်လည်း စွာကျယ်လေးကဒီမျက်နှာနဲ့မသွားချင်ဘူးဟုဆိုကာ
cafe ဆိုင်သို့သွားကြသည်။
အချိန်က နေ့တပိုင်းကျိုးနေပြီ
အတန်းတွေလဲ တက်မနေတော့။
လျှမ်းဆက်ဆိုင်ကယ်မမောင်းနိုင်၍
နေသွေးခန့် နှင့် လိုက်စီးသည်။
ဒီရေကတော့ ဆိုင်ကယ်မမောင်းတတ်တာကြောင့်
လျှမ်းဆက်အိမ်ကိုဖုန်းဆက်ကာဆိုင်ကယ်လာယူခိုင်း
ပြီး ကားဖြင့်သာလိုက်လာခဲ့တော့သည်။
ဆိုင်ရောက်သည်နှင့် တီလေး စက်သေနတ်ပစ်သလိုအမေးများကို ဒီရေဒိုင်ခံဖြေပေးနေရသည်။
နေသွေးခန့်လည်းလျှမ်းဆက်ကို
သူထိုင်နေကြနေရာလေးသို့ခေါ်လာသည်။
ဟိုရက်တွေကနေသွေးခန့် နေ့တိုင်းလာနေသောကြောင့်ဆိုင်မှဝန်ထမ်းများနှင့်ပင်ခင်နေချေပြီ။
''ဟာာ အကို ဘာသောက်မလဲ Espresso ဘဲလား''
''နေနေ အကိုမသောက်သေးဘူး''
''ဟုတ်ကဲ့အကိုထိုင်ပါ''
လျှမ်းဆက်ကိုတော့မမေးရဲ။
''ကဲ ပြောပါဦး ဘယ်လိုဖြစ်ရတာလဲ''
''အဲ့ကောင်တွေညစ်တာ leaderလဲသိတယ်မဟုတ်လား
penalty တမင်ရအောင်ညစ်သွားတာ
အာ့ကြောင့်မဟုတ်ရင် သရေကျမှာ''
''အာ့နဲ့ဘဲ သွားဆွဲထိုးရောလား ''
'' ကျနော်အရင်စ ခဲ့တာမဟုတ်ပါဘူး''
''ကျနော့်သူငယ်ချင်းကိုရှာဖို့အပြင်ထွက်လာတာ
အဲ့ကောင်က ဇောင်းကြွပြီး
ဗလိုင်းကြီးလာဆဲတာ အာ့နဲ့ကျနော်လဲကျွေးပစ်လိုက်တာ''
မိမိရှေ့မှအားမာန်အပြည့်ဖြစ်ပြောနေသေးသော
စွာကျယ်လေးကိုတကယ်လက်ပါမကအကုန်လုံးပါလန်ချင်သည်။
(A/N မျက်ဖြူ မျက်ဖြူ )
''ပြစမ်း ဒီကို ''
နေသွေးခန့်ခါးကုန်းကာ လျှမ်းဆက်မျက်နှာကိုမေးဖျားမှကိုင်ကာမော့စေသည်။
'' မျက်နှာဘဲလား တခြားဘယ်နားနာသေးလဲ''
ရင်ဘတ်ထဲမှစိတ်ပူမှုများသည်မမျိုသိပ်နိုင်စွာပွင့်အံလာသည်။
လျှမ်းဆက် မေးဖျားမှလက်ကိုဖယ်စေကာ
''ကျနော်ဘာမှမဖြစ်ပါဘူး ဒီလောက်ကတော့အေးဆေးဘဲ ခုအဲ့ကောင်မှတ်သွားပြီ
နောက်မလုပ်ရဲတော့ဘူး''
ရေတစ်ခွက်ကိုသောက်ချလိုက်ခြင်းအားဖြင့်အပူတစ်ချို့ကိုငြိမ်းစေသည်။ခက်သည်က ပို၍ပင်ပူလာရသည်။
နောက်တကြိမ်များထပ်ပြီးရန်ဖြစ်နိုင်သေးတာလား...
တိတ်ဆိတ်သွားရသည့်စကားဝိုင်းလေး...
''လျှမ်းလေး ငါပြန်တော့မယ် guideချိန်နောက်တောင်ကျနေပြီ''
ဒီရေ ထိုင်နေသောစားပွဲရှိရာလျှောက်လာကာလျှမ်းဆက်ကိုနှုတ်ဆက်သည်။
''ငါလိုက်ပို့လို့လည်းမရဘူး မျက်လုံးကကိုက်နေတာမို့လို့''
ခုဏကတော့ဘာမှမဖြစ်ဘူးတဲ့လား ညီ
ဟုတ်တာပေါ့ သူငယ်ချင်းတွေလည်းမဟုတ်ဘူး
leaderနဲ့ memberဘဲ ဒါကလဲ ပြိုင်ပွဲပြီးသွားပြီဆိုရင်တော့ မဟုတ်တော့ဘူး
ဘာမှမဟုတ်တော့ဘူး
အသေးစိတ်ခံစားချက်တွေပြောပြဖို့အတွက်မရင်းနှီးကြဘူး
နေသွေးခန့်စိတ်မကောင်းဖြစ်မိသည်။စွာကျယ်လေးကိုသံယောဇဉ်တွယ်မိနေပြီ။
''အကိုနဲ့လိုက်ခဲ့လေ အကိုလိုက်ပို့ပေးမယ်''
''အားနာစရာကြီး စီနီယာ......''
အားနာနေပေမဲ့ ပြုံးဖြီးနေသောဒီရေမျက်နှာလေးက လိုက်ပို့ပေးပါဟုပြောနေလေသည်။
''လာ သွားကြမယ်''
နေသွေးခန့် ဒီရေခေါင်းလေးကိုပုတ်ကာ ဆိုင်ကယ်သော့ယူလျက်ထိုင်နေရာမှထသည်။
''မင်းဆေးသေချာသောက်ဦးနော် ထမင်းစားပြီးမှလည်းသောက်နော်''
နောက်ကျောဘက်မှ
ဒီရေ့အသံ.........
_____________♥Can I...?♥___________
*TBC~~~
နေ့အပိုင်းလေးက ဒီမှာတင်ရပ်လိုက်ပါပြီ
ဒီလောက်ဆိုနေ့ဘက်ကခံစားချက်ကိုနားလည်လို့ရမယ်ထင်ပါတယ်။
နောက်အပိုင်းကစပြီး plotပြန်စ ပါတော့မယ်နော်။
အဆင်မပြေရင်ပြောပေးကြပါ။😘