CAN I............(Completed!)

By K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 More

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

part 16(Unicode)

1.6K 107 0
By K-hyunee

မနေ့ညက လျှမ်းဆက် lineသုံးရင်း ညဉ့်နက်သွား၍ ကျောင်းကို နေ့တ၀က်ထမင်းစားချိန်မှရောက်လေသည်..
ဌာနလှေကားထိပ်တွင်ကန်တင်းသွားရန်ဆင်းလာသော ဒီရေနှင့် တွေ့သောအခါ.....

"လဒ..ငါကမင်း သေများသေသွားပြီလားလို့..ကျောင်းကိုစာသင်ဖို့လာတာလား..ထမင်းစားဖို့လာတာလား."
ကျောင်းရောက်ရောက်ချင်း ကိုယ့်သူငယ်ချင်းအားတအားချစ်ရှာသော ဝက်ပုပ်ရဲ့ မေတ္တာပို့သံက ကျယ်လောင်စွာ...

လျှမ်းဆက်လည်း ဒီရေ့အားမျက်စောင်းတစ်ချက်ထိုးကာ
"အေးပါ..၀က်ပုပ်ရာ..ငါကတော့ ကိုယ့်သူငယ်ချင်းလေးထမင်းတစ်ယောက်တည်းစားရမှာစိုးလို့ ဒေါ်ကြီးကိုထမင်းချိုင့်အမြန်ပြင်ခိုင်းပြီး အသည်းအသန်လာခဲ့ရတာ..ခုတော့..😏"

ထိုသို့ပြောလိုက်မှ ဒီရေတစ်ယောက် လျှမ်းဆက်လက်ထဲမှထမင်းချိုင့်ကိုကြည့်က စပ်ဖြီးဖြီးမျက်နှာပေးဖြင့်.....
"ဟီး..လျှမ်းလေးကလည်းကွာ..ငါကမင်းမလာတော့တစ်ယောက်တည်းစာသင်ရတာပျင်းလို့ပါကွာ...လာလေ..ကန်တင်းမြန်မြန်သွားရအောင်.."

၀က်ပုပ်ဆိုသည်မှာ..လိုလျှင်တစ်မျိုးမလိုလျှင်တစ်မျိုး..အမျိုးမျိုး....
လျှမ်းဆက်မှာငယ်ငယ်တည်းကခုထိဒီသူငယ်ချင်းတစ်ယောက်တည်းရှိသလို သူဆိုးသမျှသည်းခံရှာသောသူငယ်ချင်းလေးပေမို့ မေတ္တာမပျက်နိုင်...
လျှမ်းဆက် စိတ်ထဲကကောက်ချက်ချရင်း ဒီရေ ဆွဲခေါ်ရာနောက်သို့ ကန့်လန့်ကန့်လန့်နှင့်ပါသွားလေသည်...

ကန်တင်းရောက်သော်..
လျှမ်းဆက် လက်ထဲမှထမင်းချိုင့်ကို အလျှင်အမြန်ပင်ဖွင့်ကာ ပုစွန်ချဉ်စပ်သုပ်နှင့်ထမင်းတစ်လုတ်ကိုပါးစပ်ထဲ ပလုတ်ပလောင်းထိုးထည့်ရင်း...
"လျှမ်းလေး..မင်းကိုသတင်းကောင်းပြောရဦးမယ်.."

လျှမ်းဆက်လည်း ထမင်းစားရင်း
"ဘာသတင်းကောင်းလဲ.."

"မနက်က King&Queen Selectionတွေရွေးသွားပြီ..အဲ့ထဲမှာမင်းပါတယ်သိလား.."

လျှမ်းဆက်က မအံ့သြတော့သည့်ပုံဖြင့်..
"ငါရူပါဖြောင့်တာငါသိပြီးသားပါကွာ.."

ဒီရေကတော့ လျှမ်းဆက်အပြောကိုမကြားသလိုနေကာဆက်၍..
"ပြီးတော့ Welcomeမှာ ဖျော်ဖြေမယ့်သူတွေ ညနေRehersalတဲ့.."

"Aww..Omm..ငါသွားလိုက်မယ်လေ..ဒါနဲ့မင်းညနေတစ်ယောက်တည်းပြန်လို့ဖြစ်ရဲ့လား.."

"ရပါတယ်ကွာ..ငါလည်းငါ့Guideအိမ်သွားရဦးမယ်..သူတို့လည်းစာမေးပွဲနီးနေပြီလေ"

"Okok..မြန်မြန်စား..ပြီးရင် အတန်းတက်ရဦးမယ်.."

    ***********************************

ညနေအတန်းပြီးတော့ လျှမ်းဆက်လည်း ဒီရေ့အား နှုတ်ဆက်ကာ Guitarအိတ်လေးလွယ်ကာ Rehersalလေ့ကျင့်ရာအခန်းသို့ဦးတည်လျက်...

အခန်းထဲတွင်လူအတော်ပင်စုံနေလေသည်....
လျှမ်းဆက်ကိုမြင်သော နေသွေးက..

"ညီ..လာလေ..ခဏနေရင် ညီ့အလှည့်.."

"Aww. ဟုတ်."

လျှမ်းဆက်ပြန်ဖြေရင်း နေသွေး ထိုင်နေသည့်အနားတွင်သာ သွားထိုင်လိုက်တော့သည်..ခုံနေရာအလွတ်ကလည်း ထိုတစ်နေရာတည်းသာရှိလေသည်...

"Congratulationနော် ညီ..King Selectionထဲပါတယ်
ကြားတယ်.."
လျှမ်းဆက်ပြုံး၍သာခေါင်းညိမ့်ပြလိုက်သည်..ဘာမှတော့ပြန်မဖြေဖြစ်..

ခဏနေ လျှမ်းဆက်အလှည့်ရောက်လာတော့ လျှမ်းဆက်လည်းGuitarကိုင်ကာ ဆိုရမည့်နေရာဆီသို့သွားခဲ့သည်..
လျှမ်းဆက် အတွက် Guitarတီးသီချင်းဆိုသည်က ဝါသနာတစ်ခုဖြစ်သည့်အပြင် လူကြားထဲတွင်ဆိုရသည်မှာကျင့်သားရနေ၍ စိတ်လှုပ်ရှားခြင်းမရှိပေ..
လျှမ်းဆက် လေ့ကျင့်နေချိန် စင်အောက်တစ်နေရာမှ လျှမ်းဆက်အား
တစိမ့်စိမ့်ကြည့်နေသောလူတစ်ယောက်ရှိနေသည်ကိုတော့ လျှမ်းဆက်မမြင်ပါချေ...

🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤

ကိုယ်​သာ​နေကြာပန်းဆိုရင်​
မင်းက​နေမင်း ညီ...
​နေကြာပန်းဆိုတာ​နေမင်းကြီးရှိရာအရပ်​ကိုသာ
အမြဲမျက်​နှာမူတယ်​....
ကိုယ်​လည်း.........

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

Fresher Welcome ကစ လို့နေပြီ
လျှမ်းဆက်တစ်ယောက်ကိုမနက်စောစောထဲက
အိပ်ယာထဲက
ဆွဲထုတ်လာတာကတော်ကာကြသွားသည်။
ဒင်းဘာသာဆို ညနေမှ
လောက်မှရောက်မည်။
အိပ်ယာထတာတစ်နာရီ
မျက်နှာသစ်ပြီး မှန်ကြည့်တာက တစ်နာရီ
ခေါင်းဖီးတာက တစ်နာရီ.......

King selectionရော Qureen selection ပါ
လျှမ်းဆက်ရောက်တော့စုံနေပြီ။
make up artist ပုံပုံက လျှမ်းဆက်အားအနည်းငယ်
ပြင်ဆင်ပေးပြီးနောက်
အကုန်လုံး state ရှိရာစီသွားကြရသည်။
ဒီရေတစ်ယောက် လျှမ်းဆက်ကို
စင်အောက်မှကြည့်နေမည်ဖြစ်ကြောင်း
ပြောပြီး ထိုင်ခုံတွေရှိရာစီသွားကာ
ကောင်းကောင်းမြင်နိုင်လောက်မည့်နေရာကို
သွားထိုင်နေလေသည်။

KING QUEEN ရွေးချယ်ခြင်းကို
မဲပေးခြင်း စနစ်ဖြင့်ပြုလုပ်ခြင်းဖြစ်ရာ
ဒီရေတစ်ယောက် လျှမ်းတက်အား မဲပေး၇န်
မဲလိုက်ဆွယ်နေပြန်ပါသည်။

Result ထွက်ချိန်တွင်လည်း အငြိမ်မနေနိုင်
စိတ်ထဲမှရသမျှဘုရားစာကိုရွတ်ရင်း
အကြိမ်အကြိမ်ဆုတောင်းနေတာနဲ့အလုပ်များ
နေပြန်တော့သည်။

State ပေါ်မှ MCဖြစ်သူက

"KING ကိုအရင်သိချင်လား
Queen ကိုအရင်သိချင်လား"

အောက်မှ တညီတညာထဲအော်သံအောက်
ဒီရေ၏ "King ....."ဟူသောအသံပျောက်သွားတော့သည်။

"Queenကတော့......
ဘယ်သူလို့ထင်လဲဗျ"

"hrrrrrrrr....."

"ညီမလေး   ဖြူ စင်ရှင်းသန့်ပါဗျာ ဂုဏ်ယူပါတယ်
ညီမလေးရေ"

"yay....."

ဖွန်ကြောင်နေသောပုရိသတစ်သိုက်အား ဒီရေမျက်စောင်းထိုးပြစ်ကာစိတ်ထဲမှလည်း

"လျှမ်းရေ Please ငါမဲဆွယ်ထားတာလေးကိုငဲ့ပြီးမင်းkingဖြစ်ပေးနော်"

"အခုဆိုရင်တော့ king အလှည့်ပေါ့နော့်"
MCမမ ၏ပြစ်ချွဲချွဲ အသံအောက်အားလုံးတိတ်ဆိတ်သွားကာ...

ထိုMCကပင်
"ဟုတ်ပါတယ် မောင်လေး လျှမ်းဆက်ခ ပါ လက်ခုပ်တီးပေးကြပါဦး ခဏနေရင်မောင်လေးကဖျော်ဖြေဖို့ ရှိတာမို့
အားပေးကြဖို့ ပြောချင်ပါတယ်"

KING နှင့် QUEEN အား Crown ပေးအပ်ပြီးနောက်
ဖျော်ဖြေရေးအစီအစဉ်တွေစ ဖို့ပြင်နေကြပါပြီ။
လျှမ်းဆက် ဝတ်ထားသည့်အင်္ကျီကပူလောင်နေပြီ
ဖြစ်တာကြောင့် ဖျော်ဖြေရမည့်အလှည့်ကိုလဲကာ
အရင်ဆုံးဖျော်ဖြေရန်ဖြစ်လာသည်။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
(A/N ကြားဖြတ်ဝင်ရောက်မိခြင်းအတွက် တောင်းပန်ပါတယ်နော်
Background music အနေနဲ့
perfect- Ed shreen (acoustic version)
ငြိမ့်ငြိမ့်လေးကိုနားဆင်ပြီး ဆက်လက်ဖတ်ရှုပေးစေချင်ပါတယ်)
.
.
.
.
.
.
.
.
.
.
.
.
.စပါပြီ
.
.
.

"I found the love for me....
Darling just diver right  in and follow my lead
Well I found the one beautiful and sweet
Oh I never knew you were the someone waiting for me..."

"We are still kids but we're so in love
Fighting against all odds
I know we'll be alright this time
Darling just hold my hand
Be my one I'll be your man....''

"I see my future in your eye......"

"I don't desver this you look perfect to night ....''

ညင်သာငြိမ့်ငြောင်းသော အသံ၏အဆုံးတွင်
ကျနော့် နှလုံးသားတစ်ခုလုံးဟာ
ကျနော်မပိုင်တော့မှန်း လုံးဝသေချာသွားခဲ့လေပြီ......

            ❣️❣️❣️❣️❣️❣️❣️❣️

"ညီ ကိုယ်မင်းကိုမြတ်နိုးနေမိပြီ..."

"ဗျာ....."
             💕💕💕💕💕💕💕💕

Continue Reading

You'll Also Like

1.9K 110 3
ငါရဲ့ အနှစ်သက်ဆုံးသောအရောင်ဟာ အဝါရောင်ဖြစ်တယ်...
570K 36.8K 31
story description>>>>> start-5/10/2021 end-1/1/2022
51.4K 3.9K 22
Zawgyi ''သည်းငယ် ပျော်ဖို့ မောင် ဘာမဆိုဖြည့်ဆည်းပေးမယ်။'' ပြောတော့ သည်းငယ်က ရယ်ပြီး ''မင်းငါ့ဘဝထဲ ဝင်လာကတည်းက ပျော်ရွှင်မှုဆိုတာ ပျောက်ဆုံးသွားတာ။ ''တဲ...
3.8K 85 31
❤❤❤❤❤ စ​တွေ့​တွေ့ချင်း တစ်​ယောက်နဲ့တစ်​ယောက်ကြည့်မရဖြစ်​နေကြတဲ့​ကောင်​လေးနှစ်​ယောက်၊ တစ်ကယ်တမ်းလည်းတွယ်တာမိကြ​ရော ​ဝေးရမဲ့အ​ကြောင်းကဖန်လာပြန် ၊ အချ...