CAN I............(Completed!)

By K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 More

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

part 15(Unicode)

1.7K 109 2
By K-hyunee

ကို​နေ​သွေးခန့်နှင့်အတော်ကြာထိုင်ပြီးမှ
နေသွေးခန့်အရင်ပြန်သွားသောကြောင့် လျှမ်းဆက်တစ်ယောက်ထဲသာကျန်တော့သည်။
၃နာရီထိုးပြီ...
ဒီအိပ်​ပုတ်​ဝက်​စုတ်​ကိုနှိုးမှဖြစ်​တော့မည်​...မဟုတ်​ရင်​
ဒီ​ရွှေပြည်​မှာတင်​ညအိပ်​တော့မလားမသိ......

"ဒီ​ရေ...ဒီ​ရေ...."
လျှမ်းဆက်​မြက်​ခင်းကိုသူ့အိပ်​ရာကဲ့သို့သ​ဘောထားကာ နှစ်​ခြိုက်​စွာအိပ်​ပျော်​နေ​သော ဒီ​ရေအား နှိုးလို့မရသည့်​အဆုံး...
ဒီ​ရေ၏နားရွက်​ကားကား​လေး​တွေကိုလိမ်​ဆွဲပစ်​လိုက်​သည်​...

"အာားးး!!"
ထိုအခါမှဒီ​ရေအသံပြဲကြီးနဲ့ထ​အော်​ကာ အိပ်​ချင်​မူးတူးနှင့်​ထလာ​တော့သည်​...
ထို့​နောက်​အိပ်​မှုန်​စုံမွှားနှင့်​သူ့နားရွက်​အားဆွဲလိမ်​သောတရားခံကိုရှာလိုက်​သောအခါ...
​တွေ့ပါပြီ...လျှမ်းဆက်​ခ...
"လဒ...နှိုးတာ​ကောင်း​ကောင်းနှိုးပါလားဟ...ငါ့နားရွက်​လာလိမ်​ဆွဲရလား.."

"မင်းအိပ်​နေတာဆင်​အော်​တာ​တောင်​မနိုးဘူး​လေ...ည​နေ၃နာရီလည်းထိုး​တော့မယ်​...မင်းဒီမှာညအိပ်​မလို့လား..."

"ဘာာ!!...၃နာရီ? ဟုတ်​လား..."
ဒီ​ရေအလန့်​တကြားထ​အော်​မိသည်​...
ဒီ​နေ့Rhymeကိုစာသင်​ဖို့၃နာရီခွဲချိန်းထားသည်​လေ....

"သွားမယ်​...မြန်​မြန်​...ပြန်​မယ်​ပြန်​မယ်​..." ဒီ​ရေတစ်​ယောက်​
ပြန်​မယ်​ဟုတတွတ်​တွတ်​ပြောကာ လွယ်​အိတ်​ကြီးလွယ်​ပြီး​လိမ့်​ပတ်​လိမ့်​ပတ်​နှင့်​ပြေးသွား​လေသည်​..
လျှမ်းဆက်​မှာ​တော့ ဒီ​ရေစားပြီးပစ်​ထား​သောမုန့်​ခွံများကို​ကောက်​သိမ်းကာ ဒီ​ရေ​နောက်​အမီ​ပြေးလိုက်​ရ​တော့သည်​.....
သူ့guideအိမ်​ကိုလိုက်​ပို့ပြီးရင်​ကိုယ်​လည်းကိုယ့်​အချိန်​ပိုင်းအလုပ်​ဆီသွားရဦးမည်​လေ....

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဒီ​ရေ ..Rhymeအိမ်​ရောက်​တော့ Rhymeကအိမ်​ပြန်​ရောက်​နေပြီ...
​အောက်​ထပ်​မှာအန်​တီနန်းကို​တွေ့​တော့..အန်​တီနန်းက..
"​ဆရာ​လေး..​ရောက်​လာပြီလား..ဆရာ​လေးတပည့်​က​စော​စောကပြန်​ရောက်​ပြီး​ရေချိုး​နေတယ်​.."
"​အော်​..ဟုတ်​ကဲ့.."အန်​တီနန်းကိုတချက်​ပြုံးပြရင်းRhymeရှိရာအခန်းဆီတက်​လာခဲ့သည်​...

♪ ♪​မေရယ်​....အလှဆုံး​လေးမို့....
♪ ♪ ပိုင်​ဆိုင်​ဖို့လှမ်းဆွတ်​ဖို့ မ​တွေးရက်​ဘူး...~~

ဒီ​ရေအခန်းတံခါးဆွဲဖွင့်​ပြီးအခန်းထဲ​ရောက်​တော့​ရေချိုးခန်းဆီမှ​ရေကျသံများကြား​ဇော်​ပိုင်​ရဲ့ ပြည့်​စုံလွန်း သီချင်းကို keyမကိုက်​စွာ
အကျယ်​ကြီး​အော်​ဆို​နေ​သော Rhyme၏အသံ​ကြောင့်​ဒီ​ရေစိတ်​လေသွားသည်​...

*​ဇော်​ပိုင်​တော့သူ့သီချင်းကိုဒီလိုဆို​နေတာကြားရင်​မေ့လဲသွားမလားမသိ* ဒီ​ရေခပ်​တိုးတိုး​ရေရွတ်​မိသည်​...ထိုသို့​ရေရွတ်​ရင်းပြုံးလိုက်​မိသည်​ကို​တော့ဒီ​ရေကိုယ်​တိုင်​တောင်​သတိမထားမိလိုက်​ပေ...

ထို့​နောက်​ရေချိုးခန်းထဲမှ​ရေကျသံရပ်​သွားပြီး​ရေချိုးခန်းတံခါးဖွင့်​ကာထွက်​လာ​သောRhyme...​ရေလဲသဘက်​ကိုသာခါးမှာပတ်​ထားပြီးလစ်​ဟာ​နေ​သောအ​ပေါ်ပိုင်းမှာ​တော့ဖြူ​စွတ်​နေ​သောအသားအရည်​နှင့့်​ယောက်ျားပီသ​သောခန္ဓာကိုယ်​အချိုးအစားကို.ထင်​ရှားစွာမြင်​နေရသည်​...
သူများ​တွေကဲ့သို့Six Pack​တွေမရှိ​သော်​လည်း ဒီ​ရေ​လေးကဲ့သို့
One Packနှင့်​လည်းမဟုတ်​...ကြည့်​ကောင်းသည်​ဟုဆိုရမည်​..
​ခေါင်း​လျှော်​ထား၍​ရေမ​ခြောက်​သေး​တော့ဆံစတို့မှာ နှဖူး​ပေါ်ဝဲကျကာ.​ရေစက်​လေးများမှာလည်းဆံစများမှတစ်​ဆင့်​ပါးပြင်​ဆီသို့တွဲခိုလျက်​....
ဒီ​ရေအတန်​ကြာ​ငေး​နေမိသည်​..စိတ်​ထဲမှလည်း..*ငါလည်းအဲ့လိုခန္ဓာကိုယ်​မျိုး​လေးဆို​ကောင်းမယ်​...အဟင့်​..အခု​တော့..အဟင့်​..*.ဒီ​ရေမှာသူ့ရဲ့ပူ​နေ​သောဗိုက်​လေးကိုပြန်​ငုံ့ကြည့်​ကာ မျက်​နှာရှုံမဲ့လျက်​...
"ဟာ..ဟိုဒင်း..​ရောက်​နေတာကြာပြီလား.."

"အမ်​...​အေး..မင်း​အော်​ကြီးဟစ်​ကျယ်​သီချင်းဆို​နေတည်းက.."

"ဟာဗျာ...သူများခံစားချက်​အပြည့်​နဲ့ဆို​နေတာကို​အော်​ကြီးဟစ်​ကျယ်​တဲ့လား…."

"​တော်​ပြီ..မြန်​မြန်​အကျီင်္ီဝတ်​..စာလုပ်​မယ်​..အချိန်​ဆွဲမ​နေနဲ့.."

"ဟိုဒင်းကလည်း...ခုမှ​ကျောင်းကပြန်​ရောက်​တာ..နည်းနည်း​လေး နား နား နား....~"

Rhymeစကား​တောင်​မဆုံးလိုက်​..
"ခုကနား​နေရမယ့်​အချိန်​မဟုတ်​ဘူး..စာ​မေးပွဲက နီး​နေပြီ..ပြီး​တော့မင်းဆီကပြန်​ပြီးရင်​ငါ​နောက်​guideတန်းကိုသွား​ပေးရဦးမယ်​.."

"ဟုတ်​ပါပြီဗျာ..ဒါနဲ့.ဟိုဒင်း.."

"ဘာလဲ..!!!မပြီးနိုင်​တော့ဘူးလား.."

"မဟုတ်​ပါဘူးဗျာ...ဟို​နေ့ကအ​ကြောင်း အ​မေ့ကိုမတိုင်​နဲ့​နော်​.."
Rhyme​ပြော​တော့ ဒီ​ရေ​သေချာပြန်​စဉ်းစားရသည်​..

"ဘာအ​ကြောင်းလဲ..?"

"ဟာ..ဟိုဗျာ...​ကျ​နော့်​မေ အ​ကြောင်း.."

ထိုအခါမှဒီ​ရေသတိရသွားကာ..

"အာ..အဲဒါလား..တိုင်​ပြောခြင်းမ​ပြောခြင်းကမင်းအ​ပေါ်မူတည်​တယ်​..ဟို..မင်း​ပြောသလို" Give and Take​"​ပေါ့ကွာ.."

"😒ဘယ်​လိုမျိုးလဲ.."

"မင်းငါဆွဲထားတဲ့Timetableအတိုင်းစာကို​သေချာလုပ်​ပြီးAll Aရ​အောင်​ဖြေရင်​ငါမ​ပြောဘူး..မဟုတ်​လို့က​တော့.."ဒီ​ရေလူမိုက်​ပြုံးပြုံးကာ​ပြောလိုက်​သည်​...

"Huuu~~..ဟုတ်​ပြီဗျာ..ဟိုဒင်း​သ​ဘောပဲ.."
*ဟွန့်​..မာမီမုန့်​ဖိုးဖြတ်​မှာစိုးလို့သာနှုတ်​ပိတ်​ခိုင်းရတာ.* Rhymeစိတ်​ထဲမှမ​ကျေမနပ်​ရေရွတ်​မိသည်​....

"ဟုတ်​ပြီ..အာ့ဆိုအခုသင်္ချာတွက်​မယ်​..စာကြည့်​စားပွဲမှာလာထိုင်​လိုက်​ပါ.."ဒီ​ရေ​ပြော​တော့..
Rhymeတစ်​ယောက်​ဆောင့်​အောင့်​ကာစာကြည့်​စားပွဲဆီလာထိုင်​လေသည်​..ရုပ်​ကလည်းခရမ်းချဉ်​သီးမီးဖုတ်​ထားတာထက်​ဆိုးသည်​...
ရှုံ့တွလျက်​....
ဒီ​ရေလည်းထိုမျက်​နှာကြီးကိုကြည့်​ပြီးရယ်​ချင်​စိတ်​ကိုမနည်းထိန်းကာစာဆက်​သင်​လေ​တော့သည်​.....

•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
လျှမ်းဆက်​လည်းဒီ​ရေ့အားလိုက်​ပို့ပြီး အချိန်​ပိုင်းအလုပ်​ရှိရာ Cafeဆိုင်​လေးသို့ထွက်​လာခဲ့သည်​....

ဆိုင်​ထဲ​ရောက်​တော့ waiter​ကောင်​လေးမှနှုတ်​ဆက်​နေကျအတိုင်း..
"​ရောက်​လာပြီလား.အကို."

"​အေးကွ.."လျှမ်းဆက်​လည်းပြန်​ဖြေပြီး ဆိုင်​အလယ်​ရှိstageေ​ဆီသို့guitar​လေးကိုင်​ကာသွား​လေသည်​...

Stage​ပေါ်ရှိခုံတွင်​နေရာယူကာ guitarကြိုးညှိပြီး ဆိုင်​အတွင်းတစ်​ချက်​ဝေ့ကြည့်​မိ​တော့...ဆိုင်​၏​ထောင့်​အကျဆုံးတွင်​တစ်​ယောက်​တည်းထိုင်​ကာဖုန်းတစ်​လုံးနှင့်​အလုပ်​ရှုပ်​နေ​သော​နေ​သွေးခန့်​ကို​တွေ့​လေသည်​...
​နေ​သွေးခန့်​ခေါင်း​မော့ကြည့်​လာ​တော့ လျှမ်းဆက်​မျက်​နှာလွှဲကာမမြင်​ချင်​ယောင်​ဆောင်​လိုက်​သည်​...
*ပြန်​ခါနီးမှပဲသွားနှုတ်​ဆက်​လိုက်​ပါ​တော့မယ်​လေ*လျှမ်းဆက်​စိတ်​ထဲမှ​တွေးရင်း သီချင်းကိုသာစဆိုလိုက်​သည်​......

♪ ကမ္ဘာ​လောကကြီးခဏရပ်​တန့်​သွားသလိုပဲ.~~
♪ ငါထင်​တယ်​..မင်းနဲ့ဆုံတိုင်း​လေ~~
♪ အကြည့်​တွေ..ရင်​ဖိုလှိုက်​မောလို့​နေ..~~
♪ သာယာတယ်​..မင်းရဲ့..ရယ်​သံ​လေး.~~
♪ ရင်​ခွင်​ထဲအထပ်​ထပ်​ကြား​ယောင်​ရင်းနဲ့.~~
♪ ဘဝကိုသာယာယစ်​မူးလို့​နေ.~~♪ ♪

လျှမ်းဆက်သီချင်းဆိုပြီး duty offချိန်​ရာက်၍အန်တီ​လေးကိုနှုတ်​ဆက်​ကာထွက်​လာခဲ့သည်​...ဆိုင်​အပြင်​မ​ရောက်​မီ ဆိုင်​၏အတွင်းဖက်​ထောင့်​ကစားပွဲကိုကြည့်​မိ​တော့​နေ​သွေးခန့်​ကိုမ​တွေ့​တော့...

'ပြန်​သွားပြီထင်​တယ်​..´လျှမ်းဆက်​ရေရွတ်​ကာ guitarလွယ်​လျက်​ဆိုင်​ကယ်​ရပ်​ထားရာ​နေရာဆီသို့​လျှောက်​လာခဲ့သည်​...
ထို့​နောက်​ဆိုင်​ကယ်​စက်​နှိုးကာ Backမှန်​ကိုတစ်​ချက်​ကြည့်​မိ​တော့
ဆိုင်​ဘေးဘက်​အကွယ်​မှာလူတစ်​ယောက်​သူ့အားကြည့်​နေသည်​ကိုမြင်​လိုက်​သည်​...​သေချာ​အောင်​နောက်​လှည့်​ကြည့်​လိုက်​တော့ဘယ်​သူမှရှိမ​နေ....
'ငါအမြင်​မှားတာ​နေမှာပါ´လျှမ်းဆက်​ကိုယ့်​ခေါင်းကိုယ်​ခါရင်းသာဆိုင်​ကယ်​မောင်းထွက်​လာခဲ့သည်​....

လျှမ်းဆက်​အိမ်​ပြန်​ရောက်​တော့​ဒေါ်ကြီးက..
"ပြန်​လာပြီလား..သား​လေး..​ရေချိုးပြီးထမင်းစားဖို့ဆင်းလာခဲ့​နော်​
ဒီ​နေ့​ဒေါ်ကြီးသားကြိုက်​တဲ့ ပုစွန်​ထုပ်​ချဉ်​စပ်​ဟင်း​လေးချက်​ထားတယ်​.."

"ဟုတ်​ကဲ့..​ဒေါ်ကြီး..မာမီ​ရော.ပြန်​ရောက်​ပြီလား.."

"မမ​လေး ခရီးသွားတယ်​သား...မန္တ​လေးကပိုးထည်​လုပ်​ငန်းတစ်ခုဆီကိုယ်​တိုင်​ပိုးထည်​တွေသွားမှာမလို့တဲ့.."

"အဟက်​...ကျ​နော့်​ကို​တောင်​ဖုန်းမဆက်​ဘူး.."

"​အော်​..သား​လေးရယ်​...မမ​လေးကအလုပ်​ရှုပ်​တဲ့လူဆို​တော့သား​လေးနားလည်​ပေးလိုက်​ပါကွယ်​.."
​ဒေါ်ကြီး​ပြော​တော့ လျှမ်းဆက်​မျက်​ရည်​မကျ​အောင်​ထိန်ရင်း
"ဟုတ်​ကဲ့ပါ..​ဒေါ်ကြီးရယ်​..ကျ​နော်​ဒီ​နေ့ညစာမစား​တော့ဘူး​နော်​..
ပင်​ပန်းလာလို့နား​တော့မယ်​.."
လျှမ်းဆက်​ပြောပြီးပြီးလှည့်​ထွက်​လာခဲ့သည်​...မျက်​ဝန်းအိမ်​ထဲမှမျက်​ရည်​တစ်​စက်​က​ပေါက်​ခနဲ....

ကျ​နော်​လိုချင်​တာက ဂုဏ်​ပကာသန​တွေ ပိုက်​ဆံ​တွေ ချမ်းသာမှု
​တွေမဟုတ်​ဘူး..မာမီ..
မာမီ့ဆီက​နွေး​ထွေးမှု​လေးရရုံနဲ့ကျ​နော့်​ဘဝပြည့်​စုံပါပြီ...

လျှမ်းဆက်​အခန်းထဲဝင်​ကာ guitar​လေးအားကုတင်​ပေါ်ပစ်​တင်​သည်..ထို့​နောက်​စားပွဲ​ပေါ်က စီးကရက်​ဘူးကိုယူလိုက်​သည်​.. စီးကရက်​တစ်​လိပ်​ထုတ်​၍မီးညှိပြီးဖွာရှိုက်​ကာအ​ငွေ့များကိုမျက်​နှာကြက်​ဆီမှုတ်​ထုတ်​လိုက်​သည်​...

📱Ring Ring📱
ဖုန်းသံကြား၍ကြည့်​လိုက်​တော့..
Shinn......
"အား..စိတ်​ရှုပ်​လာပြီ..."လျှမ်းဆက်​ဖုန်းကိုချပစ်​လိုက်​သည်​..
ထိုအခါဒုတိယအကြိမ်​ဝင်​လာ​သောဖုန်းသံ...

ဒီတစ်​ခါ​တော့လျှမ်းဆက်​ကိုင်​လိုက်​တော့သည်​..ထိုအရှုပ်​ထုပ်​မကမကိုင်​မချင်း​ခေါ်​နေမှာ...

📱​ပြော..

📱ကို..​နေ့ခင်းက​ကျောင်းလည်းပြန်​မလာဘူး..ဘယ်​တွေသွား​နေတာလဲ...

📱ဒီလိုပဲ..ကိစ္စရှိလို့...​ဒါပဲမလား..​ပြောစရာမရှိရင်​ဖုန်းချလိုက်​ပြီ..

လျှမ်း​ဆက်​ဖုန်းချလိုက်​ပြီးဖုန်းကိုစားပွဲ​ပေါ်သို့ပစ်​တင်​လိုက်​သည်​..
*စိတ်​ရှုပ်​ရတဲ့အထဲ ဒင်းကတစ်​မျိုး....၁လပြည့်​ဖို့၃ရက်​ပဲလို​တော့တာပဲ...သည်းခံ သည်းခံ..*
လျှမ်းဆက်​လက်​ထဲမှစီးကရက်​ကိုသာဆက်​သောက်​နေလိုက်​သည်​
...
ထို့​နောက်​စားပွဲ​ပေါ်သို့ပစ်​တင်​ထား​သောဖုန်းကိုပြန်​ယူကာလိုင်းဖွင့်​လိုက်​သည်​.....*ဒီ​နေ့ဟိုဝက်​စုတ်​လေးက​ရွှေပြည်​မှာရိုက်​ထားတဲ့ပုံ​တွေကိုfbမှာတင်​မယ်​ပြောထားတာပဲ...*

လျှမ်းဆက်​fbဖွင့်​လိုက်​တော့ Friend Requestတစ်​ခုတက်​လာသည်​...ကြည့်​လိုက်​တော့..Acc nameက

Nay Thway Khant...
Profile photoနဲ့Cover Photoကိုကြည့်​လိုက်​တော့Likeက1k..
Followerက 3000​ကျော်​...
*ဒီလူ.Celeကြီးပဲ...*လျှမ်းဆက်​တစ်​ချက်​ပြုံးလိုက်​ကာ.လက်​များကအလို​လျောက်​Confirmဆို​သော​နေရာ​ပေါ်သို့....

______________❤Can I...?❤_______________

ကျ​နော်​အချစ်​စစ်​ကို​ကျောခိုင်းပြီး..
အတု​ယောင်​အချစ်​တွေကြားထဲ ကျ​နော့်​ကိုယ်​ကျ​နော်​
​ခြေချုပ်​ထားမိမှန်း​နောက်​မှသိလိုက်​ရတဲ့အခါ...
​နောင်​တများတ​ပွေ့တပိုက်​နဲ့....
ဒါဟာ..ကျ​နော့်​အတွက်​အချစ်​က​ပေးလိုက်​တဲ့အပြစ်​ဒဏ်​လား..?

............................
#TBC~~

Continue Reading

You'll Also Like

242K 33.7K 105
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
130K 16.1K 118
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
313K 22.8K 33
boy× boy Zawgyi အချစ်......အချစ်ဆိုတာဘာလဲတော့ကျွန်တော်မသိဘူးလူတွေကတော့အချစ်ဆိုတာကိုအမျိုးမျိုးအ...
4.5K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...