CAN I............(Completed!)
נכתב על ידי K-hyunee
181K 6.4K 96
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 עוד
Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion
part 11(Unicode)
2K 127 0
נכתב על ידי K-hyunee
'' ရပြီ ကိုနေကြီး ဒီလောက်ဘဲ ''
နေသွေးခန့် လျှမ်းဆက်ပြဿ      နာဖြေရှင်းပေးပြီး
ဒီရေအားလမ်းကြုံလိုက်ပို့ခြင်းဖြစ်သည်။
''ဟမ် ရပြီလား ''
''အွန်း ရပြီ အထဲတော့ကျနော်လမ်းလျှောက်သွားလိုက်တော့မယ်''
ဒီရေလမ်းထိပ်တွင်သာဆိုင်ကယ်ရပ်စေပြီး
ဆိုင်ကယ်ပေါ်မှဆင်းကာ ဦးထုပ်ကိုပေးရင်း
''ကျေးဇူးတင်ပါတယ်ခင်ဗျာ Heeez''
''လူလည်လေး လာချွဲနေတယ်
အဲ့ဒါဆိုလည်းအကိုသွားပြီနော် ''
နေသွေးခန့်ပြုံးကာနှုတ်ဆက်လာသည်။
''ဟုတ်...''
ဒီရေလည်း လမ်းလျှောက်ရင်း Rhyme ရှိရာစီသို့...
''ကဲ Long time no see''
Rhyme အိမ်သို့ရောက်ပြီး Rhymeကိုမြင်မြင်ချင်းဒီရေနှုတ်ဆက်ခြင်းပင်...
Rhyme ဒီရေကိုတခဏမျှမော့ကြည့်သည်။
ထို့နောက်စာကြည့်စားပွဲသို့သာ ပြန်ကြည့်သည်။
''အလဲ့ ငတိ မင်းစာကျက်နေပါလား okokကျက်ပါကျက်ပါ ငါထိုင်နေပေးမယ်
မင်းရရင်လာဆိုနော် မသိတာရှိရင်မေး''
နေကောင်းသွားပြီးတည်းက Rhyme ပုံမှန်စာပြန်လုပ်နေသည်မှာ တစ်​ပတ်လောက်ပင်ရှိလေပြီ။
ဒီရေကိုတော့ထွေထွေထူးထူး ဂရုမစိုက်။
စကားလဲသိပ်မပြော။ဒီရေဆွဲပေးသောအချိန်ဇယားကို ကန့်လန့်လုပ်သည်။ မြန်မာစာအချိန်ဆိုအင်္ဂလိပ်စာကြည့်သည်။စာကျက်ပါဆိုသင်္ချာတွက်သည်။ ဒီရေလည်းစာလုပ်လျှင်ပြီးရော ဆိုပြီးလွှတ်ထားပေးသည်။အချိန်ဇယားကိုဖြုတ်မည်ဆိုတော့လည်းအဖြုတ်မခံ။
အလှကပ်ထားမည်တဲ့။
ဒီရေလည်းဖတ်နေကျစာအုပ်သာ
ထိုင်ဖတ်နေပေးသည်။
အန်တီနန်းလဲ စိတ်ချမ်းသာနေရသည်။
ထုံးစံအတိုင်းဒီရေကြိုက်တတ်သောအစားအစာတွေပြင်ပေးထားမြဲ...
စာဖတ်လိုက် မုန့်စားလိုက်နှင့် အဆင်ပြေနေသည်မှာ
ဒီရေလေးပင်...
''ဟို ဟို''
Rhyme တခုခုစိတ်ရှုပ်ထွေးနေရဟန် ဖြင့် ဒီရေ့ဘက်လှည့်ကာ စကားစ သည်။
ဒီရေလည်း ဖတ်လက်စ စာမျက်နှာကို ဖဲကြိုး​လေးဖြင့်ညှပ်ကာမှတ်သားပြီး
စာအုပ်ကိုပိတ်ကာ...
''ပြော ဘာလဲ''
''ဟို ဟိုဒင်းကို ကျနော်ဘယ်လိုခေါ်ရမှာလဲ''
Rhyme ဒီရေကိုလက်ညှိုးထိုးကာ မေးလာသည်။
''အာာ မင်းငါ့နာမည်မသိသေးဘူးလား''
ဒီရေ နှင့်မျက်လုံးချင်းဆုံကြည့်ကာခေါင်းခါပြသည်။
''ရပါတယ်လေ နာမည်သိစရာမလိုပါဘူး အကိုကြီးလို့ခေါ်ပေါ့ ''
''မခေါ်ချင်ပါဘူး ''
ခပ်ဆက်ဆက်ပြောကာမျက်နှာလွှဲသွားသောRhyme...
ဒီရေ သဘောတကျရယ်သည်။
''ဟုတ်တယ်လေ ငါမင်းထက်ကြီးတယ်ကွ''
''အသက်ကြီးတိုင်းခေါ်စရာလား သူကျတော့မူလတန်းကျောင်းသားရုပ်နဲ့''
''ဘာကွ တော်ပြီ စာလုပ်စရာရှိတာလုပ်
ငါနဲ့စကားလာများပြီးချောင်ခိုမနေနဲ့''
''မပြောလဲလုပ်မှာပါ မူလတန်းကျောင်းသားအကိုကြီးရဲ့''
''အေးလုပ် အထက်တန်းကျောင်းသားငတိရဲ့''
ဒီရေ ပြောသည်ကိုဘာမှပြန်ပြောမလာ
စာပြန်ကျက်နေလေပြီ။
ငါ့ကိုများမူလတန်းကျောင်းသားတဲ့
ကလေးရုပ်ပေါက်နေတယ်လို့ပြောချင်တာလား
ကလေးရုပ်နဲ့လူကြီးအကြောင်းသိဦးမယ်
ဒီရေRhymeနောက်မှပွစိပွစိနှင့်ရေရွတ်နေလေသည်။
''awww ဒါနဲ့လေ ''
''ဘာလဲ ငါမင်းကိုစာကျက်လို့ပြောတယ်မလား
သွား လာမခေါ်နဲ့ ''
ဒီရေ နှုတ်ခမ်းတထော်ထော်နှင့်ပြောနေသမျှ ထိုလူသားဂရုကိုမစိုက်
''မူလတန်းကျောင်းသားအကိုကြီးကိုဟိုနေ့ကလိုက်ပို့တဲ့ခပ်ချောချောအကိုကဘယ်သူလဲ''ဟူ၍မေးချင်သည်ကိုသာမေးနေလေတော့သည်။
''မဖြေဘူး ငါမသိဘူး ''
ဒီရေဆူစောင့်စောင့်နှင့်ဖြေသည်။
''မဖြေလည်းနေပေါ့ ''
အာ့ကစိတ်ဆိုးတယ်လို့ခေါ်တာလား
ယောက်ျားလေးဖြစ်ပြီးနှုတ်ခမ်းကဘဲနှုတ်ခမ်းလိုထော်ပြီးပြောနေတယ်။
ဘာဘဲဖြစ်ဖြစ် သူစိတ်ညစ်သွားတာမလား
သူစိတ်ညစ်သွားမှမလာတော့မှာ နောက်နေ့တွေပိုစ ရမယ်။ရယ်လည်းရယ်ရတယ်။
Rhyme ဒီရေကိုစ ရင်းပျော်နေတော့သည်။
''ဒါနဲ့လေ မူလတန်းကျောင်းသားအကိုကြီးက ''
Rhyme ပြောလက်စကိုရပ်ပြီးဒီရေ့ကိုတစ်ချက်လှန်းကျိသည်။
သူပြောသည်ကိုနားထောင်မထောင်စစ်ဆေးခြင်း။
ဒီရေ မျက်မှောင်ကြုံ့ လျက်မော့ကြည့်နေသည်မို့
စကားဆက်သည်။
''ဘာတက်နေတာလဲ''
''E major ''
ဒီရေ Rhymeကိုစိုက်ကြည့်လျက် ခပ်ပြတ်ပြတ်ပြောသည်။
''aww ကျနော် TUတက်ချင်တာဗျ ''
အမယ် အီဂဲဘိုယား
ငါ့ကိုရင်ဖွင့်နေတာလား
ဒီရေစိတ်ထဲမှာအံ့သြနေမိသည်။
အံ့သြမှုကိုမပြလို။
မသိသာစေရန်ချက်ချင်းပင်ဝိုင်းစက်သွားရသောမျက်ဝန်းအစုံကို မျက်စောင်းအဖြစ်အသွင်ပြောင်းသည်။
''စာကျတော့မကျက်ဘဲနဲ့များ......
ငါကဆေးအမှတ်မှီတယ် ငါမတက်ခဲ့တာ''
''ဘာလို့လဲ ...''
တကယ်ကြီးအံ့သြနေသူကRhyme...
''ဘာဖြစ်ဖြစ်ပေါ့ တော်ပြီ စာကျက်တော့''
''ဟွန့် ကပ်စေးနဲလိုက်တာ မူလတန်းကျောင်းသားအကိုကြီးက''
''မင်းမမောသေးဘူးလား......''
ဒီရေ မျက်စောင်းနှင့်အတူ
ခေါင်းခေါက်ရန်ထလာနေချေပြီ။
Rhymeကတော့မသိ ဘာထလုပ်မည်လဲဟုကြည့်၍သာနေသည်။
လက်ရွယ်လာတော့မှ
''ဒီမှာ ခေါင်းလာမခေါက်နဲ့နော် ဒီခေါင်းကစာတွေမှတ်နေတာ''
ထိုင်ခုံမှထကာ ရွယ်ထားသောဒီရေ့လက်တွေကိုအလျင်အမြန်ချုပ်ရင်းဆိုလာသည်။
''အားး ငါနာတယ် လွှတ် လွှတ်''
ငိုတော့မည့်အသံနှင့်ပြောလာသောဒီရေကြောင့်
Rhymeလန့်ကာလွှတ်ပေးလိုက်သည်။
''အင့်ကွာ မှတ်ပြီလား''
ခေါင်းမခေါက်နဲ့ဟုဆိုကာမတ်တပ်ရပ်နေသူကိုမမှီနိုင်သောကြောင့် မှီရာဗိုက်ကြောကိုဆွဲလိမ်ပေးလိုက်ခြင်းပင်......
''ငါ့ကို အကိုလို့ခေါ်ရင်ခေါ်မခေါ်ရင် ဟိုနာမည်လာမခေါ်နဲ့''
''အားး ''
Rhymeအလစ်ခံရ၍ရှုံ့မဲ့စွာ
စာပြန်ကျက်နေတော့သည်။
အရှုံးပေးတာမဟုတ်ဘူး
ရှေ့တစ်လှမ်းတိုးဖို့နောက်တစ်လှမ်းဆုတ်တာ...
အခန်းထဲတွင်Rhyme စာကျက်သံတိုးတိုးနှင့်
တချက်တချက် စာရွက်လှန်သံ တို့ကကြီးစိုးလျက်......
                    ******-*-*******
အားကစားပွဲတွေလဲပြီးသွားပြီး
ဒီရေတို့မေဂျာ တတိယနေရာသာရလိုက်သည်။
အားကစားပွဲမပျက်သွားတာတော်သေးသည်။
လျှမ်းဆက်ပြဿ      နာလည်းသေသေချာချာဖြေရှင်းပြီး
သွားသည်မို့သာ…
လျှမ်းဆက်ဒဏ်ရာတွေလည်း အတော်လေးသက်သာနေပြီဖြစ်သည်။
''ဒီရေ ငါမင်းကိုမိတ်ဆက်ပေးမလို့''
အတန်းချိန်စောပြီးလာမိ၍ဒီရေတစ်ယောက်တည်းcanteenထိုင်နေစဉ် မိန်းကလေးတစ်ယောက်နှင့်အတူ
ဒီရေထိုင်နေရာရှေ့ရောက်လာသောလျှမ်းဆက်...
''အဟွတ် အဟွတ် အေး ထိုင်လေ ''
သောက်နေသောအချိုရည်တွေပါသီးကုန်ပြီ။
လျှမ်းဆက် ဘေးမှဝင်ထိုင်သောသူကိုဒီရေသိသည်။
အတန်းထဲက Queen ဖြစ်မည်ဟုနာမည်ကြီးနေသော
ဖြူ စင်ရှင်းသန့်...
ဒီရေ လျှမ်းဆက်အား ဘာတွေလဲဟူ၍မျက်လုံးကိုအလုပ်ပေးကာမေးသည်။နားလည်လွယ်သောလျှမ်းဆက်က
''ဒါ ငါ့ကောင်မလေး ဖြူ စင်ရှင်းသန့်တဲ့
ရှင်း ဒါကို့သူငယ်ချင်း ဒီရေလှိုင်း''
ဖြူ နုသောအသားပေါ် ပန်းနုရောင်အလွှာဖုံးလျက်
အရမ်းကိုလိုက်ဖက်လွန်းသည်။
နှုတ်ခမ်းသားတို့ကပန်းရောင်သန်းစေရန်ဓာတုပစ္စည်းကူလျက်
ဆံသားတို့က မတိုမရှည် ကျောပြင်၌ဖြောင့်ဆင်းနေလေသည်။
အပြုံး ဒီရေမြင်လိုက်ရသည့် ထိုမိန်းကလေး၏အပြုံးသည် သူမ နာမည်ကဲ့သို့ဖြူ စင်မှု အလျင်းမပါ
ပထမဆုံး တွေ့ဆုံခြင်းမဟုတ်ပေမဲ့ ဒီရေ သူမကိုသဘောမကျ
မသက်သာစွာပြုံးပြရင်း
အရှေ့မှ အအေးကိုသာသောက်နေမိသည်။
ဘာတွေဖြစ်ကုန်တာလဲ။
**************
အတန်းချိန်ပြီးသွားပြီ။
ထုံးစံအတိုင်း လျှမ်းဆက်လိုက်ပို့မည်အထင်နှင့်ထွက်လာသော်လည်း
''ငါ ရှင်းကိုပြန်လိုက်ပို့ရဦးမယ် ဒီရေ''
''အေးအေး ငါကားနဲ့ဘဲသွားလိုက်မယ်''
မျက်နှာမကောင်းစွာထွက်သွားသော
ဒီရေကိုလျှမ်းဆက်မြင်နိုင်မည်မဟုတ်။
ဒီရေ ကစားစရာလုခံရသောကလေးပမာ
အော်ငိုချင်မိသည်။
တစ်ယောက်ထဲသောရှိသည့်သူငယ်ချင်းကို
ပေးလိုက်ရတဲ့ခံစားချက်ဘယ်လိုကြီးလဲဒီရေနားမလည်။
Rhyme အိမ်ရောက်သော်လည်း အိမ်ပေါက်ဝတွင်ငူငူငိုင်ငိုင်
အန်တီနန်းခေါ်မှ အသိပြန်ဝင်လာပြီးRhyme အခန်းရှိရာလာခဲ့သည်။
ဒီကောင်လေးသူ့စာသူလုပ်နေလို့တော်ပါသေးတယ်။
ဒီရေ Rhyme ဘေးတွင်ထိုင်ကာစားပွဲပေါ်ချထားသောလွယ်အိတ်ပေါ်ခေါင်းမှောက်နေသည်။
Rhyme တချက်မျှကြည့်ပြီး စာပြန်ကျက်သည်။
အချိန်ကြာသည်အထိခေါင်း ပြန်ထောင်မလာသောဒီရေ...
''ဟေ့ ဟေ့ ဟိုဒင်း ဘာဖြစ်နေတာလဲ''
Rhymeခေါ်ကြည့်သည်။
တော်ကြာမေ့မျောနေမှဖြင့်...
''စာမေးချင်လို့လား ငယ်''
ဒီရေခေါင်းမမော့ဘဲ အားမရှိသောအသံဖြင့်ဖြေလာသည်။
''ဟင် ငယ် ငယ် ဟုတ်လား ဟာ
ထပါဗျာ ဘာဖြစ်နေတာလဲ ကျနော်လန့်လာပြီ
ရောက်လာထဲကမှောက်နေတာ တစ်​နာရီလောက်ရှိတော့မယ်
ခုလည်း ငယ် ဟုတ်လား မူးလာတာလား''
ဒီရေ မော့ကြည့်လာပြီး
မျက်မှန်ကိုချွတ်ကာ Rhymeကိုပြုံးပြသည်။
''ငါဘာမှမဖြစ်ပါဘူး
ငါ့မှာ ညီလေးရှိတယ် သူ့ကိုငယ်လေးလို့ခေါ်တာ
မင်းကိုလည်း ငါ့ညီလေးလို့သဘောထားလို့ပါ''
မျက်မှန်ချွတ်ထားသည်မျက်နှာလေးကပို၍ပင်ကလေးနှင့်တူသည်။မျက်မှန်သမားတွေဆိုတာမျက်မှန်မပါလျှင်ကြည့်ရစိုးသည်ဟုသာRhymeကြားဖူးသည်။
ခုမျက်မှန်မပါလည်းသဘောကျဖို့ကောင်းသည့်မျက်နှာပိုင်ရှင်တစ်ယောက်တိုးလာပြီ။
တစ်ယောက်က Running man show ထဲက ယူဂျယ်ဆော့..
တစ်ယောက်က မျက်စိရှေ့ကဟိုဒင်း...
မျက်စံညို ညိုနှင့်ဖြူ ဥသောမျက်နှာကပြည့်စုံလွန်းစွာ...
ပြည့်ဖောင်းသောပါးနှစ်ဖက်ကကိုက်ချင်စရာ
တွေးရုံနဲ့တင်ကျလိကျလိဖြစ်လာပြီ...
ဟမ် Rhyme မင်းဘာတွေတွေးနေတာလဲ
Rhyme ခေါင်းတို့ကိုခါလျက်
''ပြီးရော......''
ဖျော့တော့စွာပြုံးလာသောသူ
မသိချင်ယောင်ဆောင်ကာစာကိုကျိတ်မှိတ်ပြီးကျက်သည်။အရင်က ဖတ်နေကြစာအုပ်လည်း မဖတ်။
အနည်းဆုံးတော့ သူ့ကိုနှုတ်ဆက်နေကြ။
ဒါလည်းသူမလုပ်။
ရန်စ လျှင်တောင် အချေအတင်ပြန်ပြောမည်မျက်နှာမဟုတ်။
ဒါ ဘယ်လိုအခြေအနေကြီးလဲ
စာလုပ်ရတာစိတ်မပါတော့ဘူး။
Rhyme စိတ်တွေကစာတွေမှတ်ဖို့လက်မခံ။
''စာကျက် ငယ် အကိုမျက်နှာသစ်ချင်တယ်''
Rhyme စာအုပ်ကိုကြည့်နေရင်းပင် ရေချိုးခန်းကိုလက်ညှိုးထိုးပြသည်။
'' စာကျက်ထားနော်''
ဒီရေ Rhyme ပုခုံးကိုဖွဖွဆုတ်ကိုင်ရင်းပြောကာ
ရေချိုးခန်းသို့ထလာသည်။
ဒီရေ ရေချိုးခန့်ဝင်သွားပြီးခဏအကြာ
အခန်းတံခါးကိုဖွင့်ကာဝင်လာသူ...
''ဟေ့ ရို့ ကိုကြီး ဘယ်ကလှည့်လာတာလဲ''
''ချစ်ရတဲ့ညီလေးဆီကိုလာတာပေါ့ ဟားဟားး''
ဒီရေ မျက်နှာသစ်ပြီးပြန်ထွက်အလာ အခန်းထဲတစ်ယောက်ယောက်ရှိနေပြီး
Rhyme ထိုသူနှင့်တရင်းတနှီးစကားပြောနေသည်။
ဒီရေကိုကျော်ခိုင်းကာရပ်နေသည်မို့ဘယ်သူမှန်း ဒီရေမသိ။
ရေချိုးခန်းတံခါးပိတ်သံကြား၍ကျောပေးနေရာမှ
လှည့်ကြည့်လာသည်။
''ဟင် ကိုနေကြီး''
''ဟာ ဒီရေ ဒီရေ နဲ့ညီလေးက ...''
''ဟိုဒင်းက ကျနော့်ကိုစာကြည့်ပေးရတဲ့ Guide လေ''
''ဘယ်ဒင်းလဲ...''
နေသွေးခန့်နားမလည်စွာမေးလာသည်။
ဒီရေ Rhyme ကိုမျက်စောင်းထိုးလျက်
''ကျနော်နာမည်သူမသိဘူးဆိုပြီး
အဲ့လိုဘဲခေါ်နေတယ်လေ''
''hahaha ဟုတ်ပါပြီကွာ အဲ့ဒါဆို အကိုပြန်တော့မယ် ညီလေးတို့ စာသေချာလုပ်နော်''
''ဟာ နေပါဦးဗျာ နိုင်ငံခြားကUncle​လေး​တောင်ချက်​ချင်းပြန်လာမယ်​ဆိုတာဖြစ်​ရင်​ဖြစ်​နိုင်​ဦးမယ်​..
ကိုကြီးကိုတစ်​ခါတစ်​ခါ​တွေ့ရဖို့က ဆူဠလိပ်​ရေထဲလွှတ်​လိုက်​သလိုပဲ ဘယ်​အချိန်​ပြန်​ပေါ်လာမယ်​မှန်းကိုမသိရ.."
Rhyme ဆူပုတ်ပုတ်နှင့်ပြောလာသည်။
တစ်ဦးတည်းသောသားလေး Rhyme အတွက်
နေသွေးခန့်သည် တစ်ဝမ်းကွဲပင်ဖြစ်သော်ငြား အကိုရင်းပမာဖြစ်ပင်ဖြစ်လေသည်။​နေ​သွေး က​လေးသဖွယ်​ဆုပုတ်​ပုတ်​နှင့်​ပြော​နေ​သော သူ့ညီငယ်​လေးကိုကြည့်​ရင်းပြုံးကာ...
''အကို သိပ်မအားလို့ပါကွာ... ဒီရေ အကို့ညီလေးကိုစာသေချာကြည့်ပေးပါကွာ
အားကိုးပါတယ်''
''အကို နဲ့ညီအစ်ကိုဆိုတာလုံးဝမထင်ရဘူး''
ဒီရေ Rhymeကိုကြည့်ကာဆိုလာသည်။
နေသွေးခန့် သဘောတကျရယ်လျက်
''သူကဆိုးတယ်မဟုတ်လား''
''တော်တော်လေးကိုဆိုးတာ''
ဒီရေ ခြေဖျားထောက်ကာ နေသွေးခန့်နားနားကပ်လျက်
Rhymeကြားအောင်တမင်ပြောလေသည်။
''ဟိုဒင်းမကောင်းဘူးဗျာ
ကျနော့်ကိုရှေ့ထားပြီးကျနော့အကြောင်းပြောနေရလား''
Rhyme ခေါင်းကိုကုတ်လျက်မျက်စောင်းထိုးလာသည်။
''ကဲသားတို့ ထမင်းစားကြမယ်
ဆရာလေးလည်း တခါထဲစားသွားတော့''
အန်တီနန်း အခန်းတံခါးဟ လျက်ထမင်းစားရန်လာခေါ်သည်။
နေသွေးခန့်ကိုပါကျွေးလို၍စောစော စားဖြစ်ကြသည်ထင်သည်။
ဒီရေ မငြင်းလိုတော့
ငြင်းစရာမှမဟုတ်တာ ဟီးးးး
နေသွေးခန့်လည်းမပြန်ဖြစ်တော့ဘဲထမင်းဝင်စားလိုက်ရတော့သည်။
''စားပြီးသွားပါပြီ ကျေးဇူးတင်ပါတယ် အန်တီနန်း
အဲ့ဒါဆို ကျနော်ပြန်လိုက်ဦးမယ် နောက်ကျတော့မားတို့စိတ်ပူနေမှာစိုးလို့''
''ဟာာ နေဦး ဒီရေ အကိုလိုက်ပို့မယ် ''
ဒီရေ စကားကို နေသွေးခန့်ကreplyပြန်သည်။
ဒေါ်နန်းသီကတော့
''အေးအေး သားတို့ကောင်းကောင်းပြန်ကြနော်
ဆိုင်ကယ်ဖြေးဖြေးမောင်း သားနေ''
နှစ်ယောက်သားပြိုင်တူ...
''ဟုတ်ကဲ့…''
ဆိုင်ကယ်ပေါ်ရောက်ထဲကအိမ်နေရာပြောပြီး
နေသွေးခန့်ကျောပြင်ကိုအိပ်ယာကြီးသဖွယ်
မှီလျက်စက်တော်ခေါ်လာသောဒီရေ...
''ဒီရေ ဒီရေ ''
နေသွေးခန့်ဆိုင်ကယ်ကိုအိမ်ရှေ့၌ရပ်ကာ
နှိုးနေသော်လည်းအရှင်မင်းသားလေးကနိုးမလား
နေသွေးခန့်ဆိုင်ကယ်ကိုသောခတ်ကာဒေါက်ထောက်သည်။နေသွေးခန့် ဒီရေကိုလက်တစ်ဖက်ဖြင်နောက်ပြန်ထိန်းကာဆိုင်ကယ်ပေါ်မှအရင်ဆင်းလိုက်သည်။
ဆင်တက်နင်းရင်တောင်နိုးမည်မဟုတ်သောဒီရေ အင့်ဟုသောအသံသာထွက်လာသည်။
ခန္ဓာကိုယ်ကယိမ်းလျက် ရှေ့သို့ယိုင်ကျလာသည်။
နေသွေးခန့် ဒီရေ့ကိုခက်ခဲစွာကုန်းပိုးယူကာအိမ်ထဲသို့ဝင်လာသည်။ဒီရေမေမေက ဆိုင်ကယ်ရပ်ထဲကတံခါးရှေ့ကိုမျှော်ကြည့်နေသူမို့
တံခါးလာဖွင့်ပေးသည်။
ဒီရေ့ကိုအရင်အခန်းထဲသွားပို့ကာ
''ကျနော်က ဒီရေ guideသင်ပေးတဲ့
ကောင်လေးရဲ့အကိုပါ အန်တီ
ဒီရေနဲ့ကျောင်းတူတူ မေဂျာလဲတူတူပါဘဲ
နေသွေးခန့်လို့ခေါ်ပါတယ်''
''အေးကွယ် ဒီကောင်လေးက အဲ့လိုဘဲ
ထမင်းစားခဲ့မယ်ဆိုပြီး အန်တီကိုဖုန်းဆက်တယ်
ဘယ်လောက်တောင်စားခဲ့လဲမသိဘူး
စားပြီးရင်အိပ်ရော အာ့နဲ့အဲ့ကိုယ်လုံးလေးဖြစ်နေတော့တာဘဲ''
နေသွေးခန့်ရယ်လျက်
''ဟုတ်ကဲ့ အန်တီအဲ့ဒါဆို ကျနော်လဲပြန်လိုက်ပါဦးမယ်''
''ဟယ် နောက်ကျနေပြီဘဲ
အားနာလိုက်တာကွယ်
နောက်လည်းအိမ်လာလည်နော်
အန်တီတို့အိမ်လည်းသိပြီမဟုတ်လား''
''ဟုတ်ကဲ့ ကျနော်လာခဲ့ပါမယ် ''
ဒေါ်သော်တာ အိမ်ရှေ့ထိလိုက်ပို့ပြီး
နှုတ်ဆက်စကားဆိုသည်။
''ဒီရေလေးကို လိုက်ပို့ပေးတာကျေးဇူးပါကွယ်''
''ရပါတယ် အန်တီ ကျနော်နောက်လာလည်ပါ့မယ်''
''အေးအေး ''
နေသွေးခန့်သွားတော့မှ ဒီရေကိုအင်္ကျီလဲပေးရန် အခန်းထဲဝင်လာသည်။
လပြည့်ပြန်ရောက်ပြီးစာကျက်နေလေသည်။
''မား သားလဲထား​ပေးပြီးပြီ''
အင်္ကျီထုတ်နေသော ဒေါ်သော်တာကိုစာကျက်နေရင်းမှလှမ်းပြောသည်။
''အော်''
ဒေါ်သော်တာ ဒီရေ့ကို ခြင်ထောင်သေချာဖိပေးပြီးစောင်ခြုံပေးသည်။
''သားငယ် တခုခုစားချင်ရင်ပြောနော် အရမ်းနောက်မကျစေနဲ့ စောစောအိပ်''
''ဟုတ် မား''
လပြည့်နဖူးကိုနမ်းကာအခန်းထဲကထွက်သွားတော့သည်။
****************
လျှမ်းဆက် Pov
''ကတောင်''
ညဖက်gameဆော့နေရင်းmessenger မှစာဝင်လာသည်။
gameဆော့နေသည်မို့အာရုံကgameတွင်သာရှိသည်။
''ကတောင် ကတောင် ကတောင် ကတောင် ''
''ဟာာာ ဘယ်သူလဲကွာ ဒီအချိန်ကြီး''
လျှမ်းဆက် gameပြီးအောင်အရင်ဆော့လိုက်ပြီးမှ
messengerထဲဝင်ကာစာပြန်တော့မည်ဟုတွေးကာ
gameဆက်ဆော့သည်။
''ring ring ring''
''ကျစ် ဘာဖြစ်နေတာလဲ ''
စာပို့ရုံမက messenger Ph callပါဝင်သည်။
call ended ကိုနှိပ်လိုက်သည်။
ဒီလိုနဲ့ဆက်ဆော့လို့ရမည်လဲမဟုတ်။
ဘယ်ကကောင်လဲကွာ
profile ကကာတွန်းရုပ်နဲ့ဆိုတော့ လျှမ်းဆက်ဘယ်သူမှန်းမသိ
messengerထဲဝင်တော့ ထိပ်ဆုံးမှshiNဟုသောaccountဆီသို့...
ဝင်လိုက်သည်နှင့်
''hi မအိပ်သေးဘူးလား ဘာလုပ်နေလဲ
ဟေ့ ''
''မင်းကဘယ်သူလဲ''
လျှမ်းဆက် Replyပြန်လိုက်သည်။
''ဒို့ကဖြူ စင်ရှင်းသန့်ပါ ''
တဖက်မှစာပြန်လာသည်။
''ဖြူ စင်ရှင်းသန့်ဆိုတာ အတန်းထဲကမဟုတ်လား''
''ဆက် ဒို့ကိုသိတယ်ဟုတ်လား''
(A/N အဲဒီ့ ဒို့ ကိုလည်ပင်းကြီးဘဲညှစ်ချင်)
''inn''
''ခင်ချင်လို့ပါ''
''ခင်လို့ရပါတယ် အိပ်တော့မယ် ''
လျှမ်းဆက် စာပြန်ပို့ပြီး onlineပိတ်မည်အပြု
''ဒို့နဲ့ တွဲပါ''
လျှမ်းဆက်အချစ်ကိုမယုံဘူး
မွေးသမိခင်ကတောင်မပေးနိုင်တဲ့အရာ
တခြားသူစိမ်းတစ်ယောက်ကပေးနိုင်မည်တဲ့လား
ကိုယ်ချစ်သလိုပြန်မချစ်လာတဲ့အခါ
ကိုယ်တိုင်ဘဲနာကျင်ရမည်ဆိုတာ လျှမ်းဆက်အတွက်
စာတွေ့ရောလက်တွေ့ပါနားလည်ပြီးသား
ထို့ကြောင့်
''hk why?''
''ဆက်နဲ့ ဒို့ game တစ်ခုကစားရအောင် ချစ်သူအဖြစ် ဒို့နဲ့တစ်လတွဲမယ် တကယ်ချစ်မိတဲ့သူကအရှုံး''
''လောင်းကြေးက''
''စိန်ခေါ်တာဘဲ လောင်းကြေးကဆက်ပြောပါ.........''
''okလေ လက်ခံတယ် ''
လျှမ်းဆက် ဘာရယ်မဟုတ်
အေးဆေးလက်ခံလိုက်သည်။
တကယ်ဆ်ုယောက်ျားလေးတစ်ယောက်အနေနဲ့အများကြီးမနစ်နာနိုင်ဘူးမဟုတ်လား…
ဒီရေနဲ့မိတ်ဆက်ပေးမည် ။
ချစ်သူတွေအဖြစ်တွဲရမှာ အသိပေးရမည်မဟုတ်လား။
တလအတွင်းတော့ သူမကိုဂရုစိုက်မှုတွေ
ပေးရမည်လေ။ Game ၏သဘောတရားအရ
သူမအသည်းကိုခြွေယူရမည်။
လျှမ်းဆက်တစ်ယောက် သွေးအေးအေးနှင့်သာplanချနေသည်။
သူ မသိလိုက်သည်က သူမတင်မဟုတ်ဘဲ
တစ်ယောက်သောသူပါ နာကျင်ရတော့မည်ဆိုတာ......
___________♥Can I...?"♥__________
*TBC~~~
המשך קריאה
You'll Also Like
271K 34K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...
1.3M 57K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
82K 8.6K 28
665K 62.9K 68
Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...