CAN I............(Completed!)

By K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 More

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

part 9(Unicode)

2.1K 132 0
By K-hyunee

ယ​နေ့သည်​အစိုးရရုံးပ်ိတ်​ရက်​ကျောင်းပိတ်​ရက်​ဖြစ်​သော ခရစ္စမတ်​နေ့​လေးဖြစ်​သည်​....

ဒီလို​နေ့များတွင်​ဒီ​ရေ သည်​ရှိသမျှGuideတန်း​တွေအကုန်​နားကာအိမ်​တွင်​သာ​အေး​ဆေးအနားယူ​လေ့ရှိ​လေသည်​...ဒီ​ရေ့ရဲ့စိတ်​ချမ်းသာစရာ​ကောင်း​သော​နေ့ရက်​လေးဆိုလည်းမမှား....

"ငါလည်းဒီလိုပိတ်​ရက်​မျိုး​လေးမှပဲ​ကျောင်းကဟိုအရစ်​ကောင်​လျှမ်းဆက်​ခရဲ့ရစ်​ခြင်းလည်းမခံရ၊ ဟိုအရှုပ်​ကောင်​လေးRhymeရဲ့ရန်​တွေ့ခြင်းကိုလည်းမခံရတာ​ကြောင့်​ငါ့ဘ၀​လေးကသာယာ​အေးချမ်း​တော့တယ်​"ဒီ​ရေတစ်​ယောက်​ပြုံးစိစိနှင့်​ရေရွတ်​မိသည်​....

ထိုသို့​သော​နေ့များတွင်​ဒီ​ရေ တို့အိမ်​လေးလည်းတ​နေကုန်​မိသားစုစုံစုံလင်​လင်​ရှိ​လေသည်​...

ဒီ​ရေက​တော့မနက်​ခင်း​မေ​မေ​ဒေါ်​သော်​တာနှင့်​ဈေးလိုက်​၀ယ်​ပေးပြီးအိမ်​တွင်​လည်းချက်​ပြုတ်​သည်​များကိုကူညီ​ပေး​လေသည်​..

ဒီ​ရေ့​ဖေ​ဖေက​တော့ ဒီပိတ်​ရက်​မတိုင်​ခင်​ကမှ Companyက ကုန်​ပစ္စည်းအ၀င်​အထွက်​များခါတိုင်းထက်​ပိုများ​နေ၍ ကုန်​ပစ္စည်းစာရင်းမှတ်​သည့်​ဖိုင်​တွဲများကိုအိမ်​အထိသယ်​လာကာ နားရက်​မှာ​တောင်​အလုပ်​လုပ်​နေရသည်​...​ဦး​ကျော်​၏အလုပ်​သည်​အမှားခံလို့မဖြစ်​...နည်းနည်း​လေးမှားလျှင်​တောင်​မန်​နေဂျာ၏ဆူခြင်း​အော်​ငေါက်​ခြင်းခံရ​လေသည်​...

ဒီ​ရေမှာ​ဖေ​ဖေ့ကိုကြည့်​၍သနား​သော်​လည်း​ဖေ​ဖေ့အလုပ်​နှင့်​ပတ်​သက်​၍ဒီ​ရေဘာမှနားမလည်​သော​ကြောင့်​ကူညီ​ပေးလို့လည်းမရ။

ငယ်​လေးက​တော့ 1st pretestစာ​မေးပွဲနီးပြီဆို၍မနက်​တည်းကအခန်း​အောင်းစာကျက်​နေ​လေသည်​...
*Arrr..ဟုတ်​သား..1st pretest Exam​ဖြေရမယ့်​ရက်​တွေထွက်​နေပြီပဲ..ဟိုတစ်​ယောက်​ရော​စာကျက်​နေပါ့မလား..​နေ​ရောပြန်​ကောင်း​သေးရဲ့လားမသိဘူး..ထမင်းစားပြီးရင်​အန်​တီနန်းဆီph​ဆက်​သတင်းလှမ်း​မေးဦးမှပါ..*

ထမင်းစားပြီး​နောက်​ဒီ​ရေ အခန်းထဲဝင်​ကာစားပွဲ​ပေါ်ကဖုန်းကိုယူ၍Call LogထဲမှPh no.တစ်​ခုကိုဖုန်း​ခေါ်လိုက်​သည်​..
ဖုန်းဝင်​သွားပြီးခဏအကြာ....တစ်​ဖက်​မှ..

"Hello" ဟူ​သော​ဒေါ်နန်းသီ၏အသံ​ပေါ်လာ​လေသည်​..

"အန်​တီနန်း..ကျ​နော်​ဒီ​ရေ ပါ.."

"ဟုတ်​ကဲ့..ဆရာ​လေးဒီ​ရေ..ဘာကိစ္စများရှိလို့လဲရှင့်​နားရက်​ကြီးကို.."

"ဟို..Rhyme​နေပြန်​ကောင်းပြီလား..သက်​သာရဲ့လားသိချင်​လို့ပါ.."

"သက်သာသွားပါပြီ
အခုတောင်အပြင်သွားချင်တယ်ဆိုပြီး ဂျီကျနေလို့ ခဏဘဲရမယ်ဆိုပြီး လွှတ်လိုက်တယ်''

"aww...ဟုတ်​ကဲ့..1st pretest စာ​မေးပွဲလည်းနီးပြီဆို​တော့​နေမ​ကောင်းအကြာကြီးဖြစ်​နေမှာစိတ်​ပူလို့ပါ..ကျ​နော်​လည်းမနက်​ဖြန်​guideအတန်းယူ​ပေးပါ့မယ်​"

"ဟုတ်​ကဲ့ပါ..ဆရာ​လေးရယ်​..ဒီ​နေ့နားရက်​လေးကိုဆရာ​လေး​အေး​အေး​ဆေး​ဆေးနားပါ..သားRhymeကို ဆရာ​လေးဖုန်းဆက်​မေးတဲ့အ​ကြောင်းအန်​တီ​ပြောပြ~~~~"

​ဒေါ်နန်းသီ စကားပင်​မ​ဆုံးလိုက်​..ဒီ​ရေတစ်​ယောက်​ကပျာကယာဖြင့်​

"ရ ရပါတယ်​.အန်​တီ..သူ့ကိုမ​ပြောပါနဲ့​တော့..ကျ​နောက်​ကဒီတိုင်းသတင်းလှမ်း​မေးရုံပါ"

"​အေးပါကွယ်​.ဒါဆိုဒါပဲ​နော်​."

"ဟုတ်​ကဲ့ခင်​ဗျ.."

ဒီ​ရေလည်းphချပြီး phကိုsilent modeသို့​ပြောင်းကာစားပွဲ​ပေါ်ပြန်​တင်​ထားလိုက်​သည်​..ထို့​နောက်​ခုတင်​ခေါင်းရင်းရှိဖတ်​လက်​စ ဆရာချစ်​ဦးညို ရဲ့ လင်္ကာဒီပချစ်​သူ စာအုပ်​လေးကိုယူကာ စာမျက်​နှာမှတ်​ထား​သောဖဲကြိုး​လေးရှိရာကိုလှန်​လိုက်​ပြီး စာဆက်​ဖတ်​နေ​လေသည်​....
္က္ကဤစာအုပ်​ကိုဒီ​ရေ ဖတ်​တာ၂ကြိမ်​မက​တော့...ကြိုက်​လွန်း၍ပြန်​ပြန်​ဖတ်​ဖြစ်​သည်​..ဒီ​ရေ့ အတွက်​တော့ဘယ်​တော့ဖတ်​ဖတ်​မရိုးနိုင်​သောစာအုပ်​လေးပင်​....

အချိန်​အ​တော်​ကြာဒီ​ရေ စာဖတ်​နေရင်း အိမ်​ရှေ့ကဆို​င်​ကယ်​ဟွန်းတီးသံကြား၍ထွက်​ကြည့်​တော့ ဟိုအရစ်​ကောင်​လျှမ်း​လေး...
ဒင်း မနေ့ကမလာမိစေနဲ့ပြောတာကိုရောက်အောင်လာတယ်။
ဒင်းနဲ့ကိုယ်နဲ့တွေ့ပြီ...
နာရီကြည့်​လိုက်​တော့​နေ့လယ်​၂နာရီခွဲ...

"လျှမ်း...ဆက်...ခ မလာနဲ့ဆိုတာလာတယ်ပေါ့''
ဒီရေအခန်းထဲဝင်လာသောလျှမ်းဆက်ကို ချိုသာစွာခရီးဦးကြိုပြုသည်။

ဒီ​ရေ့အ​မေးကို လျှမ်းဆက်ကပြုံးဖြီးစွာ...

''ဟီး ......ကိုယ့်ရဲ့အသေးလေး
ရှက်ပြီးစိတ်ကောက်သွားတာဘဲ အာ့လာချော့တာလေကွာ''

''ညစ်ပတ်တဲ့ကောင်ကြီး......''
ဒီရေအော်ရင်း ခေါင်းအုံးနှင့်ကောက်ပေါက်လိုက်သည်ကိုပင်
ပန်းနှင့်ပေါက်သည့်အလားပြုံးစိစိမျက်နှာကမပြောင်းလဲသေး...

''သွား..အ၀တ်​အစားသွားလဲ..အပြင်​သွားမယ်​"

"မလိုက်ဘူး ......မသွားဘူး''

"Aheee...ရုပ်​ရှင်​သွားကြည့်​မယ်လေ့..ဒီ​နေ့ICONမှာ ANNABELLE ကားရုံတင်​နေတာ..Tralierထွက်​တည်းကငါကြည့်​ချင်​နေတာ.သွားကြည့်​ရ​အောင်​.."

အပိုတွေ သူ့လောက်သရဲကြောက်တာသူဘဲရှိတာ
ဒီရေစိတ်ထဲမှရေရွတ်လိုက်ပြီး......

"ဒီ​နေ့ ပိတ်​ရက်​ဆိုတော့ လူများမှာ......''

တကယ်တမ်းကြည့်ချင်နေသည်ကကိုယ်......
နည်းနည်းမူဦးမယ် အဲ့ အိုက်တင်ခံဦးမယ်...

"အာ့​အတွက်​မပုပါနဲ့..လျှမ်းတဲ့ တစ်​လျှမ်းပဲရှိတယ်​..တန့်​တန်​.."​ပြောလည်း​ပြော ပိုက်​ဆံအိတ်​ထဲမှ လက်​မှတ်​၂​စောင်​ကိုလည်းထုတ်​ပြ​လေသည်​...

"ငါတကယ်တော့မသွားချင်ပါဘူး
မင်းကအတင်းခေါ်နေတော့ အားနာလို့လိုက်မှာ''

''လိုက်ချင်နေပါတယ် ကိုယ့်အသေးလေးက သွား အင်္ကျီလေးသွားလဲခဲ့ ''

''မင်းအပြင်ထွက်လေ ဒါငါ့အခန်း ငါကအခန်းထဲမှာမလဲဘဲဘယ်မှာသွားလဲရမှာလဲ''

''ရှက်နေပြန်ပြီ တူတူပဲဟာကို''

''လျှမ်းလေး မင်းသွားမလားမသွားဘူးလား''
ပြောရင်းအခန်းဝတွင်ရပ်နေသော
လျှမ်းဆက်ကိုအပြင်တွန်းထုတ်ပြီး တံခါးဝုန်းခနဲ့ ဆောင့်ပိတ်ပစ်​လိုက်သည်။

5မိနစ်​ခန့်​ကြာ​သော်​..အ၀တ်​အစားလဲပြီးထွက်​လာ​သော ဒီ​ရေ့ကို လျှမ်း​လေးကြည့်​ပြီး​အော်​ရယ်​ကာ...

"ဒီ​ရေ ငါမင်းကိုKGသွားအပ်​မှာမဟုတ်​ဘူး​နော်​..ဝတ်​လာတာလည်းကြည့်​ဦးကွာ..က​လေးမဟုတ်​သူငယ်​မဟုတ်​နဲ့..မင်းသူငယ်​နာမစင်​သေးဘူးလားကွာ..haha"

လျှမ်းဆက်​ပြောလည်း​ပြောချင်​စရာပင်​..နဂိုတည်းက အသားကဖြူဖြူ လူ​လေးကပုလုံးလုံး မျက်​နှာက က​လေးရုပ်​လေးနှင့်​...အခု Micky Mouseအရုပ်​လေးပါ​သောHoddie အဖြူ​ရောင်​လေးကို ဒူး​အောက်​လောက်​သာရှိ​သောဂျင်း​ဘောင်းဘီမိုးပြာ​ရောင်​လေးနှင့်​တွဲဖက်​၀တ်​ဆင်ထား​သောဒီ​ရေ မှာ ပို၍က​လေးနှင့်​တူ​နေ​လေသည်​...

လျှမ်း တစ်​ယောက်​လည်း ဒီ​ရေ့ကိုကြည့်​ပြီး​အော်​ရယ်​လို့မဆုံး...

"ရယ်​နေတာရပ်​တော့..သွားမယ်​ဂျရှည်​ကောင်​.."

ဒီ​ရေသူ့အားကြည့်​ရင်းအရယ်​ကြောမသတ်​နိုင်​သော လျှမ်း အား​ငေါက်လိုက်​သည်​...ထိုအခါမှ လျှမ်း လည်းအရယ်​ရပ်​ကာ ဒီ​ရေ့အား ဆိုင်​ကယ်​ဦးထုပ်​ပေး၍ စီး​တော်​ယာဉ်​ဆိုင်​ကယ်​ကြီးကို​မောင်းနှင်​ကာ ICONဆီသို့.....

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•

ဒီ​ရေတို့ICON​ရောက်​တော့ရုပ်​ရှင်​က စပြ​နေ​လေပြီ...

လျှမ်းနဲ့ဒီ​ရေလည်းမုန့်​များဝယ်​ကာ ရုပ်​ရှင်​ရုံထဲသို့ဝင်​ပြီးလက်​မှတ်​ပြကာထိုင်​ရမည့်​ထိုင်​ခုံတွင်​၀င်​ထိုင်​လိုက်​ကြသည်​...

ဒီ​ရေတစ်​ယောက်​သူ့​ဘေးထိုင်​ခုံကလူကိုကြည့်​လိုက်​တော့.....👀👀

ဟိုအရှုပ်​ကေင်……

Rhymeလည်း ဒီ​ရေ့ကိုမြင်တော့
မမြင်ချင်ယောင်ဆောင်ကာရှေ့ပြန်လှည့်သွားသည်။
ဒီ​ရေ​ချောင်းတစ်​ချက်​ဟန့်​ကာ...

"အဟမ်း..မင်း​နေ​ကောင်းသွားပြီလား..."

ဒီ​ရေ​မေး​သော်လည်း ဘာမှပြန်​မ​ဖြေဘဲ​ရှေ့သို့သာကြည့်နေလေသည်​....

ဒီ​ရေက​တော့ "သူငါ့ကိုစိတ်​ဆိုး​နေတုန်းထင်​တယ်​..နက်​ဖြန်​မှပဲကြည့်​ရှင်းရမှာ​ပေါ့​လေ"ဟူ၍​တီးတိုး​ရေရွတ်​ကာ ရုပ်​ရှင်​ကိုသာပြန်​ကြည့်​နေလိုက်​လေသည်​...

အဲ့မှာပြဿနာကစပြီ။

သရဲကမထွက်​လာ​သေးဘူး..​ဘေးနားက၂​ကောင်​က ဒီ​ရေ့လက်​ကိုတစ်​ယောက်​တစ်​ဖက်​စီအတင်းဆွဲပြီး အသံပြဲကြီးနှင့်​ကမ္ဘာပျက်​သလိုအပြိုင်​အဆိုင်​ထ​အော်​နေကြသည်​။

​ဘေးနားက၂​ကောင်​ကဒီ​ရေ့လက်​မောင်းတစ်​ဖက်​စီကိုအတင်းဆွဲ​အော်​နေကြ​တော့ လက်​ထဲကိုင်​ထားတဲ့​ပေါက်​ပေါက်​ဘူးကလွတ်​ကျလို့လွတ်​ကျ..သရဲကိုမ​ကြောက်​ရဘဲ သူတို့၂​ကောင်​ရဲ့​အော်​သံကြီးကိုလန့်​ပြီး ပါးစပ်​ထဲကအာလူး​ကြော်​တွေထွက်​ကျလို့ထွက်​ကျနှင့်​ဒီ​ရေတစ်​ယောက်​ဒုက္ခများ​နေ​တော့သည်​...

"​ယောက်ျားကြီး​တွေတန်​မဲ့ ရုပ်​ရှင်​ထဲကသရဲကို​တောင်​ကြောက်​ရတယ်​လို့..​အော်​လိုက်​ကြတာကမ္ဘာပျက်​မတတ်​ဘဲ...ဟူးးးး."ဒီ​ရေသက်​ပြင်းချရင်းညည်းညူမိသည်​..

ဟိုနှစ်​ကောင်​က​တော့သူတို့​အော်​သံနဲ့သူတို့ ဒီ​ရေ့ ညည်းညူသံကို​တောင်​မကြား...

ရုပ်​ရှင်​ရုံထဲကထွက်​လာ​တော့လည်းတစ်​စခန်းထပြန်​ပြီ...

လျှမ်း​လေး က YKKOမှာ​ကြေးအိုးသွားစားမယ်​ဆိုပြီး ဒီ​ရေ့ကို​ခေါ်ကာသွားဖို့ပြင်​တော့...

အ​နောက်​မှ..
"​ဟေ့.​ဟေ့ ဟိုဒင်း.."

ဒီ​ရေ အသံကြား၍အ​နောက်​လှည့်​ကြည့်​တော့ ဟိုအရှုပ်​ကောင်​Rhyme...

"ဟိုဒင်း….ကျ​နော့်​ကိုChicken Powerမှာကြက်​ကြော်​၀ယ်​ကျွေးပါလား.."
Rhyme ခေါ်သည့်နာမ်စားကြားတော့ဒီရေရယ်ချင်မိသည်။ဟိုဒင်း တဲ့…သို့သော် ရယ်ချင်စိတ်ကိုထိန်းလျက်

"ဟမ်​.ငတိ.မင်းသူငယ်​ချင်း​တွေ​ရော"

​''ဟင့်အင်း တစ်ယောက်ထဲ''

ဒီ​ရေ စဉ်းစားရကြပ်​ပြီ..တစ်​ယောက်​က​ကြေးအိုး၊တစ်​ယောက်​ကကြက်​ကြော်​...
လျှမ်းဆက်က ဒီ​ရေ့အားတံတောင်ဖြင့်တွတ်ကာ ဘယ်သူလဲဆိုသည့်သဘောနှင့်​မေးသည်​...

''ဒါငါ guide လုပ်ပေးနေတဲ့သူကွ''
ဒီရေ လျှမ်းဆက်ဖက်လှည့်ကာမိတ်ဆက်ပေးသည်။

''Rhyme တဲ့ ဟေ့ သူကငါ့သူငယ်ချင်း……''

''နေပါဗျာ မသိချင်ပါဘူး''
Rhyme လျှမ်းဆက်ကိုတချက်​တောင်​လှည့်​မကြည့်​...

''အချေကောင်…''
လျှမ်းဆက် Rhyme ကြားအောင်ပြောရင်း

"ဒီ​ရေ..မရဘူး​နော်​..ငါနဲ့YKKOမှာ​ကြေးအိုးလိုက်​စားရမယ်​"

Rhymeကလည်း..မ​လျှော့..

"ကျနော် ခုမှနေကောင်းခါစနော်
ဟိုဒင်းကြောင့်နေမကောင်းဖြစ်ထားတာ
ကြက်ကြော်ဘဲလိုက်ကျွေး''

"ဒီ​ရေ ..မင်းကငါ့သူငယ်​ချင်းအရင်း​ခေါက်​ခေါက်​ကြီး​နော်​...ငါနဲ့လိုက်​ခဲ့​ပေးရမယ်​"

လျှမ်း နဲ့ Rhymeတို့ မျက်​လုံးချင်းစစ်​ဖြစ်​နေကြပြီ..

Rhymeက..

"မရဘူး..ကြက်​ကြော်​ပဲ."

လျှမ်းဆက်ကလည်းအ​လျှော့မ​ပေး..

"YKKO​ကြေးအိုးပဲ😌"

"ကြက်​ကြော်​!!"

"​ကြေးအိုး!!"

"ကြက်​ကြော်​..!!!!"

ဒီ​ရေ လည်းအလယ်​မှ​နေ၍ ကြက်​ကြော်​အော်​လိုက်​ကြေးအိုး​အော်​လိုက်​ဖြစ်​နေ​သော၂​ယောက်​ကိုကြည့်​ပြီးနား​တွေပူလာကာ...

"​တော်​ကြပါ​တော့ဟ!!!...နား​တွေအူလာပြီ...ဒါမင်းတို့အဖိုးပိုင်​တဲ့​နေရာမဟုတ်​ဘူး..လူလယ်​ခေါင်​ရန်​လာမဖြစ်​ကြနဲ့..!!!"

ဒီ​ရေ စိတ်​ပေါက်​ပေါက်​နဲ့​ငေါက်​ပစ်​လိုက်​သည်​။
ဝိုး​ဒေ😒ဒင်းတို့၂​ကောင်​ကြောင့်​ရုပ်​ရှင်​လည်း​ကောင်း​ကောင်းမကြည့်​ခဲ့ရဘူး...ခုလည်းလူကိုအလယ်​မှာထားပြီးတစ်​ယောက်​တစ်​ပေါက်​အော်​နေကြတာနား​တွေအူလာပြီ.....ဟူးးးးဒီ​ရေ အားကြီးစိတ်​ပိန်​တယ်​နော်​...

ထိုသို့​ဟောက်​လိုက်ေ​တာ့မှ ထိုငတိ၂​ကောင်​အသံတိတ်​သွား​လေသည်​..ဒါ​တောင်မီးဟုန်းဟုန်း​တောက်​မတတ်​မျက်​လုံးများနှင့်​တစ်​ယောက်​ကိုတစ်​ယောက်​ကြည့်​ကာ အကြည့်​ချင်းစစ်​ဖြစ်​နေဆဲ.....
ဒီ​ရေအခြေအနေကိုကြည့်ကာ…

"မင်းတို့နှစ်​ကောင်​လုံးအသံလုံးဝမထွက်​နဲ့..ကြက်​ကြော်​လည်းမစားဘူးYKKOလည်းမသွားဘူး..ငါစား​နေကျလိပ်​ပြာကန်​နားက သ​င်္ဘောသီး​ထောင်း ဆိုင်​သွားမယ်​..လို​က်​ချင်​လိုက်​ခဲ့ကြ..မလိုက်​ချင်​နေခဲ့ကြ..ဒါပဲ" ဒီ​ရေ​ဆောင့်​အောင့်​ပြောကာ​ရှေ့မှထွက်​သွား​လေသည်​။

အ​နောက်​ကိုလှည့်​မကြည့်​လည်းသိ​နေပါသည်​။ ဟိုအရစ်​ကောင်​နဲ့အရှုပ်​ကောင်​ဒီ​ရေ့ကို​မေတ္တာ​တွေတစ်​သီတစ်​တန်းကြီးပို့ပြီးလိုက်​လာကြသည်​ဆိုတာ.......
မနက်​က​ဒီ​ရေ​တွေး​ခဲ့တဲ့ဒီ​ရေရဲ့စ်ိတ်​ချမ်းသာစရာ​ကောင်း​သော​နေ့ရက်​လေးဟာဆိုရင်​ဖြင့်​.......

     _____________♥Can I...?♥_____________

*TBC~~~

(A/N..​ဒီအပိုင်းကို​တော့​ပေါ့​ပေါ့ပါးပါး​လေးပဲ​ရေးထားတယ်​😁😁
ဒီ​ရေ​လေးသနားပါတယ်​နော့်​😢😁က​လေးကို​နားရက်​လေး​တောင်​မချန်​ဒုက္ခ​ပေးကြတယ်​😅)
RhymeHline? or HlyanRhyme? or HlyanHline?🤔ဘယ်​လိုShip​စေချင်​လဲ😁
{A/N.Name​တွေရွတ်​ရတာ လျှာ​တွေလိပ်​တယ်​😒}

Continue Reading

You'll Also Like

2.4M 174K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
1K 89 25
ရိုးရိုးလေးပါပဲ။ အချစ်နှင့် တွေ့ဆုံစေခဲ့လို့ မိုးရာသီရောက်တိုင်း အမှတ်တရတွေပြန်တွေးရင်း ပျော်တတ်နေပြီ။ ရိုးရိုးလေးပါပဲ။ အချစ်နှင့် တွေ့ဆုံစေခဲ့လို့ မ...
569K 36.8K 31
story description>>>>> start-5/10/2021 end-1/1/2022