(#Flash Back)Rhyme's POV....
guideဆရာဆိုသည့်လူပြန်သွားပြီးနောက်
Rhymeထိုင်နေရာမှထကာ ရေချိုးခန်းထဲဝင်လာခဲ့သည်။
ရေချိုးခန်းဆိုသည်မှာ
စိတ်ညစ်သမျှစိတ်ပင်ပန်းသမျှကိုဖြေဖျောက်ရန်အကောင်းဆုံးသောနေရာတစ်ခုဖြစ်သည်ဟုRhymeလက်ခံထားသည်။
အဝတ်အစားတို့ကိုမချွတ်ဘဲ
ရေပန်းကိုဖွင့်ကာရေပန်းအောက်တွင်မတ်တပ်ရပ်လျှက်ခေါင်းမော့ကာ မျက်နှာပေါ်ကျလာသောရေစက်တို့ကိုမျိက်စိမှိတ်လျက်
့ခံယူနေမိသည်။
ခုဆိုဆော့စရာဖုန်းလည်းမရှိတော့။
မုန့်ဖိုးလည်းဖြတ်ထားသည်မို့ သူငယ်ချင်းတွေနှင့်လျှောက်သွားဖို့ဆိုတာဝေးစွ......
မိမိဘာသာစာလုပ်နိုင်ပါသော်လည်း
မိမိကိုမယုံကြည်ကြသောမေမေနှင့်ဖေဖေကြောင့်
မသင်ချင်သောguideတွေနှင့်စာလုပ်ရသည်။အမြဲတမ်း ဖေဖေနှင့်
မေမေကလည်း မိမိကိုအလိုလိုက်ခဲ့သည်။
အရင်ကလိုအမေ့ကိုသွားချွဲပြီးဖုန်းပြန်တောင်းတာတောင်ပြန်မပေးတော့ဘူး
အမေ့ကိုသူဘာတွေနဲ့စည်းရုံးထားတာလဲ
အမေကရောငါ့ကိုမချစ်တော့ဘူးလား
Rhyme နဖူးပေါ်သို့ကျနေသောဆံပင်စိုစိုတို့ကိုသပ်တင်ပြီးကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။
အချိန်မည်မျှကြာသွားသည်မသိ
မေမေအခန်းတံခါးကိုလာခေါက်မှ
အသိပြန်ဝင်လာကာရေချိုးခန်းထဲကထွက်ရန်
မတ်တပ်ရပ်လိုက်ခါမှ
''ဝုန်း.!!!.....''
************
ဒေါ်နန်းသီ ထမင်းစားပွဲပြင်ဆင်ပြီး
ညနေကဖုန်းမပေးလို့စိတ်ကောက်ကာအခန်းထဲမှထွက်မလာသော Rhymeကိုခေါ်ရန် အိမ်ပေါ်သို့တက်လာသည်။
အခန်းတံခါးကိုခေါက်ရင်း
''သား ထမင်းစားမယ်လေ ''
ထိုစဉ်အခန်းထဲမှ "ဝုန်း!!!.." ဟူသောအသံကြား၍
ဒေါ်နန်းသီအထိတ်တလန့်နှင့်အခန်းထဲဝင်လာသည်။
အခန်းထဲတွင်Rhymeမရှိ။
ရေချိုးခန်းတွင်ရေသံကြားနေသည်မို့
တံခါးဖွင့်ကြည့်မိသည်။
ဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်ကား
Shampoo ဘူးတွေ မျက်နှာသစ်ဆေးဘူးတွေ ပျံ့ကျဲနေပြီး......
တံခါးနားတွင်မေ့လဲနေသောRhyme......
ဒေါ်နန်းသီ Rhymeအနားသွားကာ
Rhymeကိုပွေ့ထူရင်း
''သား သားဘာဖြစ်လဲ
သား......အကိုရေ သားကိုခေါ်လို့မရတော့ဘူး
လာပါဦး''
ထမင်းစားဝိုင်းတွင်ထိုင်နေသောဦးဇေယျာ လက်ထဲမှဖုန်းတွင်နံပါတ်အချို့ကို
နှိပ်ရင်း အပေါ်ထပ်Rhymeအခန်းသို့လာခဲ့သည်။
Rhyme ကိုခုတင်ပေါ်ကိုထမ်းတင်ပြီး
ဒေါ်နန်းသီကရေစိုအဝတ်များကိုလဲလှဲပေးသည်။
ခဏကြာတော့ Rhymeတို့ရဲ့Family Doctorရောက်လာကာ
စမ်းသပ်ပြီးဆေးထိုးပေးသွားသည်။
Rhymeကတော့နှုတ်ခမ်းတွေဖြူ စွတ်ကာမျက်နှာမှာလည်းဖြူဖပ်ဖြူရော်နှင့်သွေးမရှိတော့သလိုပင်....
Rhymeကိုကိုယ်ဝန်ဆောင်စဉ်က Rhymeတစ်ယောက်တည်မဟုတ်ခဲ့ပါ။
ဒေါ်နန်းသီသည်အမြွှာကိုယ်ဝန်လွယ်ခဲ့သည်။
သို့သော် Rhyme၏အမြွှာလေးသည် လူ့လောကသို့မရောက်ခင်ပင်
ဆုံးပါးသွားခဲ့၍ ဒေါ်နန်းသီမှာ မအိပ်နိုင်မစားနိုင်
တော်တော်လေးစိတ်ဆင်းရဲခဲ့ရသည်။
ထိုဒဏ်များသည်Rhymeကိုထိခိုက်စေခဲ့သည်။
Rhyme ၏ နှလုံးသည်
စိတ်ဆင်းရဲမှုဒဏ်ကိုခံနိုင်ရည်မရှိခဲ့ပါ ။
အထီးကျန်တတ်ကာ စိတ်အားလည်းငယ်တတ်သေးသည်။
မိခင်ဒေါ်နန်းသီက အစစအရာရာ စိတ်ချမ်းသာအောင်ထားခဲ့သည်။
ဤသည်ကိုအခွင့်ကောင်းယူကာ
Rhymeဆိုသည်မှာလည်း လူဆိုးလေးဖြစ်နေသည်။
သား၏ မျက်နှာပေါ်မှဆံစတို့ကိုသိမ်းရင်း
ဒေါ်နန်းသီမျက်ရည်တို့စီးကျလာသည်။
ဆရာဝန်ကဖိအားအရမ်းများပြီး
အအေးဒဏ်ကြောင့်
အားနည်းပြီးမေ့လဲသွားခြင်းဖြစ်ကြောင်း
ဆေးထိုးပေးခဲ့သည်မို့
အနားယူပြီးလျှင်နိုးလာမည်ဟုပြောကာပြန်သွားသည်။
သောက်ရန်ဆေးများလဲပေးထားခဲ့သည်။
''ဆေးသောက်ဖို့ကြောက်တဲ့ဒီကောင်လေးကိုဘယ်လိုလုပ်ရမလဲ အကိုရယ်...''
ဒေါ်နန်းသီမျက်ရည်စို့လျက် ခင်ပွန်းဖြစ်သူအားမော့ကာဆိုလေသည်။
ဦးဇေယျာကဒေါ်နန်းသီးပုခုံးကိုခပ်ဖွဖွညှစ်ရင်း
''သိပ်လည်းမစိုးရိမ်ပါနဲ့ကွာ
သားလေးသက်သာသွားမှာပါ
နေမကောင်းမဖြစ်အောင်စောင့်ရှောက်လာခဲ့တော့
သားလေးနေမကောင်းဖြစ်တာကိုထူးဆန်းပြီး
စိတ်ပူနေတာပါကွာ
ကိုယ်တို့သားက ကြံ့ခိုင်တဲ့ကောင်ပါကွာ''
စိတ်ပူနေရှာသောဇနီးသည်ကိုနှစ်သိမ့်ပြီး
ထမင်းချော့ကျွေးရသည်။
ချစ်တတ်သောယောက်ျားတို့မည်သည်
ဘယ်လောက်ပဲအလုပ်တွေလုပ်ပြီးဘယ်လောက်ပဲပင်ပန်းနေပါစေ
အချိန်တွေကြာပြီးဘယ်လောက်ပဲအိုမင်းနေပါစေ
ချစ်ရသူအပေါ် အကောင်းမွန်ဆုံးအနွေးထွေးဆုံးမေတ္တာတွေပေးနိုင်သည်မဟုတ်လား။
ထမင်းနည်းနည်းသာစားပြီး
သားကိုနဖူးသွားစမ်းသည်။
ကိုယ်ပူမကျသေး......
''အကို ဒီည နန်း သားနဲ့တူတူအိပ်လိုက်မယ်
ရေပတ်လည်းထတိုက်ပေးရဦးမှာဆိုတော့''
ဦးဇေယျာခေါင်းအသာငြိမ့်ကာ
''...''
'' ပင်ပန်းနေရင်နားတော့လေ အကို''
ဦးဇေယျာအခန်းတံခါးကိုခပ်ဖွဖွလေးပိတ်ကာထွက်လာခဲ့သည်။
Rhyme တစ်ညလုံးအဖျားတွေတက်ကာ
မေ့မျောနေဆဲ
တခါတခါယောင်ယမ်းပြီး
''မေ ...မေ...''
ချွေးစေးတွေပါပြန်ကာ
ခပ်တိုးတိုးညည်းသံကြောင့် ဒေါ်နန်းသီ
မှေးခနဲ့အိပ်ပျော်ရာမှနိုးလာသည်။
တစ်ကိုယ်လုံးချွေးတွေထွက်နေသည်။
ရေချိုးခန်းထဲမှ ရေဇလုံနှင့်အဝတ်တစ်ခုကိုယူကာ
တစ်ကိုယ်လုံးကိုရေပတ်တိုက်ပေးသည်။
ချွေးစိုတိုင်း ချွေးအအေးပတ်မည်စိုး၍
အဝတ်တွေလဲခဏခဏလဲနေပေးနေရသည်။
ချွေးစေးတွေသာထွက်နေသော်လည်း လူကချမ်းလွန်းလို့တုန်နေသည်။
မနက်လင်းခါနီးမှ
Rhymeလဲ နွေးသွားသည်ထင်
စောင်တွေကြားတွင်အိပ်ပျော်သွားသည်။
ဒေါ်နန်းသီလဲ မျက်နှာသစ်ကာ ဆန်ဆေးပြီးပေါင်းအိုးထဲထည့်ကာ
ထမင်းအိုးတည်ထားခဲ့သည်။
ဘုရာရှိခိုးဝတ်ပြု ပြီးတော့
ထမင်းအိုးကျက်ပြီ အဆင်သင့်......
ဆန်အနည်းငယ်ကိုယူကာRhymeအတွက် ဆန်ပြုတ်ပြုတ်ရန်ပြင်သည်။
ခင်ပွန်းသည်အတွက်လည်းဟင်းချက်ရန်ပြင်သည်။
ဦးဇေယျာ ရုံးသွားရန်ပြင်ဆင်ပြီး
အပေါ်ထပ်မှဆင်းလာသည်။
''အကို လာ မနက်စာစားသွားဦး
သားကျောင်းကိုလဲ ခွင့်တိုင်ပေးဦးနော်''
ဦးဇေယျာ ပြုံးရင်ခေါင်းအသာငြိမ့်ပြသည်။
''စိတ်ချပါ သားကိုဂရုစိုက်လိုက်ဦး''
ထမင်းစားပြီးဒေါ်နန်းသီ Rhymeကိုကြည့်ရန်အခန်းထဲဝင်လာသည်။
''သား နိုးလာပြီလား''
ဒေါ်နန်းသီ အသံပြုမှ ခုတင်ပေါ်တွင်ထိုင်၍ပြတင်းပေါက်ကိုငေးနေရာမှ
တံခါးစီလှည့်ကြည့်လာသော Rhyme ......
ဒေါ်နန်းသီ Rhymeအနားသွားကာ
အားနည်းနေသော ကိုယ်လေးအားရင်ခွင်ထဲ
ထည့်ထားလိုက်ပြီး
ဆံသားပျော့ပျော့လေးများကိုသပ်ပေးနေသည်။
''နေကောင်းရဲ့လား သား ''
ရင်ခွင်ထဲမှခွေးပေါက်လေးက
ရင်ခွင်ထဲကိုအတင်းတိုးဝင်ကာခါးကိုဖက်လာသည်။
သူသက်သာနေပါပြီ စိတ်မပူပါနဲ့ဆိုသည့်သဘော......
တစ်ညလုံးမေမေပြုစုပေးနေတာကို သတိရတချက်မရတချက်နှင့် သိနေသည်။
မေမေ့အပေါ်အထင်လွဲခဲ့မိတယ်။
''အမေ သားဗိုက်ဆာတယ် ''
'အမေ့ရဲ့ ခွေးပေါက်လေးအတွက်
အမေဆန်ပြုတ်ပြုတ်ထားတယ်......''
''ဟွန်း.........ဆန်ပြုတ်မှမစားချင်တာ......''
ရင်ခွင်ထဲမှမော့ကြည့်ကာ
နှုတ်ခမ်းဆူပြီး ဂျီကျနေသော ကလေးငယ်......
''မစားချင်လို့မရဘူး မင်းကြိုက်တဲ့ကြက်သားဆန်ပြုတ်နော်
အမေ ကြက်သားတွေအများကြီးနဲ့ပြုတ်ထားတာ
ဘယ်လိုလဲ ''
ထိုအခါမှ
''တကယ်လား အမေ အာ့ဆိုစားမယ်''
တကယ်နေလို့ကောင်းသွားပြီထင်တယ်။
ကလေးလေးတစ်ယောက်လိုပြုံးရယ်ရင်းပြောလာသည်။
ထမင်းစားခန်းထဲရောက်သော်
ထိုင်ခုံပေါ်တွင်ထိုင်ကာ
စားပွဲပေါ်မေးတင်ပြီး
ဆန်ပြုတ်အလာကိုစောင့်လေသည်။
''ရပြီ...''
ဒေါ်နန်းသီ ဆန်ပြုတ်ကိုပူအောင်ပြန်နွှေးပြီး
Rhymeရှေ့သို့ချပေးလာသည်။
''ခွံ့ကျွေး......''
ကလေးဆန်ဆန်တောင်းဆိုလာပြန်သောRhymeဆံပင်တို့ကိုဖွလိုက်ပြီးဒေါ်နန်းသီခွံ့ကျွေးရန်ပြင်ရတော့သည်။...
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
''လျှမ်းလေး မင်းခြေထောက်သက်သာသွားပြီလား
ဖိနပ်ရော......''
လျှမ်းဆက် ဒီရေနောက်လိုက်ကာဖိနပ်ပျောက်သွားခြင်းကို
ဒီရေ အိမ်ပြန်ရောက်မှဖုန်းဆက်ကာအခြေအနေပြန်မေးနေခြင်းဖြစ်သည်။
''ခြေထောက်ကသက်သာပါတယ်
ဖိနပ်ကတော့ ...............''
ဒီရေဘာပြန်ပြောရမည်မသိ......
စိတ်ထဲကတကယ်မကောင်း......
ခဏအကြာ လျှမ်းဆက်ဆီမှ အသံထွက်လာသည်။
''ဟီး......... တကယ်တော့လေ ငါ လေ
ဟီးးး ''
''ငါ ဘာဖြစ်လဲ ဆက်ပြောလေ ''
''ငါ ဖိနပ်ကို အားကစားကွင်းကပြန်ထွက်လာထဲကနာလို့ ချွတ်ပြီး
ဦးထုပ်ထည့်တဲ့အံထဲထည့်ထားတာ ဟီး
အဲ့ဒါ အိမ်ပြန်တော့ငါဆီဝင်ထည့်သေးတယ်
အဲ့ဒီမှာ ဖင်ထိုင်ခုံဖွင့်လိုက်ရော
အဲ့မှာ ......ဘွားခနဲဖိနပ်ကြီးမြင်လိုက်တာ
ဟီး...အဲ့ဒါ ...''
''လျှမ်း...ဆက်...ခ အေး မင်းသေမယ်
နက်ဖြန်ကျောင်းပိတ်လို့ပေါ့ကွာ မဟုတ်ရင်မင်းနက်ဖြန်သေပြီမှတ်ပါ
မင်းငါ့အိမ်မလာမိစေနဲ့ ဒါဘဲ ''
''မင်းကလည်းကွာ Hello...Hello ..
ကြည့် စိတ်ကောက်သွားပြီ
နက်ဖြန်ကျမှဘဲချော့ရတော့မယ်
ညနေက နှပ်တွေကျပြီး ငိုနေတဲ့ပုံတောင်မျက်စိထဲကမထွက်သေးဘူး ''
လျှမ်းဆက် ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး
အိပ်ရန်ပြင်သည်။
မနက်ကလည်း မေမေနဲ့ မနက်စာတူတူစားဖြစ်တယ်
ညစာတော့တူတူမစားဖြစ်ပေမဲ့
မေမေစောစောပြန်လာပေးတယ် ။
တဖြည်းဖြည်းနဲ့တော့အဆင်ပြေသွားမှာပါ။
လျှမ်းဆက်တွေးရင်းအိပ်ပျော်သွားတော့သည်။
_____________♥Can I...?♥_____________
*TBC~~~