CAN I............(Completed!)

By K-hyunee

181K 6.4K 96

ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 More

Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 1(Unicode )
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion

part 7(Unicode)

2.3K 125 1
By K-hyunee

''ခင်ဗျားကြောင့်...''

''ငါ့ကြောင့်တဲ့လား ဘာမှလည်းမဆိုင်တာကွာ
သူ့ဘာသူ Gameဆော့နေတာလေ
ငါစာကျက်ဖို့ပြောသားဘဲ
ဟုတ်တယ် ငါ့ကြောင့်မဟုတ်ဘူး
ဘာလို့ငါ့ကြောင့်ဖြစ်ရမှာလဲ''
ဒီရေ စိတ်ထဲမှရေရွတ်ရင်း

''ဟုတ်တယ်''
ရောင်ရမ်းကာဒီရေထအော်လိုက်သည်။

အတန်းထဲတွင် paper 1သင်နေခြင်းဖြစ်ပြီး
တစ်ယောက်ချင်းစီဘာသာထပြန်နေခြင်းဖြစ်သည်။
တိတ်ဆိတ်နေသောတတန်းလုံးတွင် ဒီရေအသံကြီးပြဲထွက်လာသည်။
ဘေးမှအိပ်ငိုက်နေသော လျှမ်းဆက်ပင်လန့်သွားသည်။

ဒီရေသည်နောက်ဆုံးတန်းတွင်ဖြစ်သောကြောင့်
အကုန်လုံးကလှည့်ကြည့်လာသည်။
အရမ်းကြောက်ရသော paper 1ဆရာမ၏အကြည့်ပါဒီရေ့စီသို့......

ဒီရေ ဘာလုပ်ရမှန်းမသိခင်မှာပင်

''ဟဲ့ သေးသေးလေး ထစမ်း......''

ဆရာမခေါ်လိုက်သောအခေါ်အဝေါ်ကြောင့်
တစ်တန်းလုံးခွီးးးးခနဲ
ဘေးနာကကောင်ဆို ပြောမနေနဲ့တော့…
အမြင်ကပ်စရာ......
လျှမ်းဆက်ကိုမျက်စောင်းတစ်ချက်မျှထိုးလိုက်ပြီး
ဒီရေ မတ်တပ်ရပ်လိုက်သည်။

''ကဲပြော ဘာသာပြန်နေတာဘယ်ထိရောက်ပြီလဲ''

သေပြီ ဒီရေ အတွေးလွန်နေကာစာဘယ်ရောက်သွားမှန်းမသိ
လျှမ်းဆက်ကိုမေးဖို့ဆိုတာကလည်း
သင်နေတုန်း အတန်းရှေ့ကဖြတ်သွားတဲ့တစ်ယောက်ယောက်ကိုမေးရင်တောင်သိနိုင်ဦးမည်။
လျှမ်းဆက်ဆိုသည့်အကောင်ကအတန်းထဲထိုင်ပြီးတစ်လုံးမှမသိ......

''မေးနေတယ်လေ ......''

''ဟို .........''
ရှေ့တန်းကထက်ပိုင်ပြနေသော်လည်း
ဒီမျက်လုံးကအဝေးမှုန်ပြီး အနီးကမမြင်ရဘူးလေ

''မသိဘူး တီချယ်''

''စာသင်နေတာကိုလိုက်ကြည့်မနေဘူး
တော်ပြီထိုင်တော့''

ဟူး......တော်ပါသေးရဲ့
ဒီရေသက်ပြင်းချကာ
ခပ်တိုးတိုးပြောမိသည်။

ဆရာမရစ်လျှင်မလွယ်
မတ်တပ်လည်းအကြာကြီးမရပ်ခိုင်းတာပိုကျေးဇူးတင်စရာကြီး
တီချယ်က ငါ့ကိုမြင်မြင်ချင်းချစ်သွားလို့ဖြစ်မယ်
ငါကလည်းချစ်စရာကောင်းနေတာကို

ဒီရေတွေးရင်းပြုံးစိစိဖြစ်နေပြန်သည်။
သည်တခါတော့ လျှမ်းဆက်အကန်ခံလိုက်ရပါပြီ။
ခုံအောက်မှခြေထောက်ဖြင့်ကန်ရင်း
မျက်နှာရိပ်မျက်နှာကဲဖြင့်
ငြိမ်ငြိမ်နေဟူသည့်သဘော

အမယ် သူကဆရာမကိုဂရုစိုက်ရမှန်းတေသိလို့ပါလား။
စာကိုအာရုံစိုက်စမ်း ဒီရေ…
ကိုယ့်ကိုယ်ကိုသတိပေးကာ
စာတွေသေချာလိုက်မှတ်နေလေတော့သည်။
ထမင်းစားချိန်ရောက်တော့လည်း ကန်တင်းကိုရှေ့မှသုတ်သုတ်သုတ်သုတ်နှင့်သွားသည်

''အရှင်မင်းကြီးပွဲတော်တည်ဖို့ရန်ကျနော်မျိုးကြီးပြင်ဆင်လို့ပြီးပါပြီ''

လျှမ်းဆက် ထမင်းချိုင့်ကိုဖွင့်ရင်း
ဟင်းခွက်တွေနေရာချကာ
ဇွန်းကိုင်ကာအသင့်စောင့်နေသော
ဒီရေ့ကိုရွဲ့နေလေသည်။

''ဟီးဟီးးးး လျှမ်းလေးကလည်း''

လျှမ်းဆက်တစ်ယောက်ဆူပုတ်ပုတ်နှင့်

''ရော့ မျို''

ဒီရေကိုလည်းပြောကာ
ကိုယ်တိုင်လည်း ထမင်းချိုင့်ထဲကထမင်းတွေပါ
ပါးစပ်ထဲအများကြီးသွပ်ထည့်နေသည်။

ဒီရေ မိမိရှေ့မှမစားရမသောက်ရ
ကောင်လေးခုမှထမင်းစားနေသလိုအဆက်မပြတ်ထိုးထည့်နေသော လျှမ်းဆက်ကိုကြည့်ပြီး
တဟားဟားအော်ရယ်နေလေသည်။

''ဟားဟား လျှမ်းလေး မင်းကလေကုလားအုတ်ကြီးအစာစားနေသလိုဘဲ
ထမင်းစေ့ကပါးမှာကပ်နေသးတယ် ဟား......''

''​ငါမနက်ကဘာမှမစားလာရဘူး ဝက်ပုရဲ့
စားမှာသာစားစမ်းပါကွာ…''

လျှမ်းဆက်ကပ်နေသောထမင်းစေ့ကိုခွာကာမျက်စောင်းတွေထိုးရင်းပြောလာသည်။
ထမင်းတွေကပါးစပ်ထဲတွင်မကုန်သေးသောကြောင့်
စကားသံကလည်းမပီ...

ဒီရေအရယ်ပိုးမသတ်နိုင်သေး...
ပြုံးစိစိနှင့်

''အင်း''

''ဝရင်ထမင်းစားတော့ အတန်းနောက်ကျမယ်''

ဒီရေထမင်းမြန်မြန်စားပြီး အတန်းတက်ရန်
အခန်းထဲသို့သာပြန်လာခဲ့သည်။
အတန်းထဲတွင်လူစုံနေပြီ။
ဒီရေတို့ရောက်ပြီးခဏကြာတော့
Third yearမှ basketball တွင်ပါသော စီနီယာတွေကလေ့ကျင့်ရန်လာခေါ်သည်။
လျှမ်းဆက်တစ်ကောင်ခြေထောက်ထော့နဲ့ထော့နဲ့နှင့်ပါသွားသည်။
မနက်ထဲကစိတ်နှင့်လူနှင့်မကပ်သည်မို့လျှမ်းဆက်ကိုသတိမထားမိခဲ့... ညကျမှသက်သာလားဖုန်းဆက်ပေးရမည်။

•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•

လျှမ်းဆက် ကသူပြီးတဲ့ထိမစောင့်နေဖို့ပြောသွားသောကြောင့်
ဒီရေတစ်ယောက်ထဲသာပြန်ဖို့ဖြစ်လာသည်။
အတန်းပြီးမှဖုန်းကိုကြည့်လိုက်တော့
MISSED CALL တစ်ခု ......
ကားဂိတ်သုိ့လမ်းလျှောက်ရင်း ပြန်ခေါ်ကြည့်သည်။

''လူကြီးမင်းခေါ်ဆိုသော...............''
လူကြီးမင်းနှင့်တိုးပြီးပြန်ချလိုက်သည်။

''ခေါ်တုန်းကခေါ်ပြီး ပြန်ခေါ်တော့မကိုင်ဘူး
​ခေါ်ဘူးကွာ''

ဒီရေဖုန်းကိုပိတ်ပြီး လွတ်အိတ်ထဲထည့်လိုက်သည်။
လွယ်အိတ်ထဲကိုဖုန်းရောက်
လွယ်အိတ်လည်းဇစ်ပိတ်
သေချာလည်းပြန်လွယ်ပြီးရော

''Down Down Baby .........''

''ကျစ်''
ဒီရေစိတ်မရှည်စွာလွယ်အိတ်ကိုပြန်ဖွင့်ပြီးဖုန်းကိုထုတ်ကာ

'HELLO'
ထူးသံကဟိုဘက်ကလူတော့မသိ
ဘေးနားကဖြတ်လျှောက်သွားတဲ့သူတွေပါလန့်သွားသည်။ဖုန်းနံပါတ်ကမသိတဲ့ဖုန်း...
မတတ်နိုင်စိတ်ကမရှည်ဘူး......
(A/N လူကလည်းမရှည်ပြန်ဘူး)

''hello ဒါ ဆရာလေးဒီရေလှိုင်းရဲ့ဖုန်းပါလား''
တဖက်မှအမျိုးသမီးကမရဲတရဲနှင့်ဆိုလာသည်။

ထိုအခါမှ ဒီရေအသံကိုလျှော့ကာ
''ဟုတ်ပါတယ် ကျနော် ဒီရေလှိုင်းပါ ဘယ်သူလဲမသိဘူး''

''အန်တီနန်းပါ ဆရာလေး''

ထို့နောက်ဒေါ်နန်းသီကပင်ဆက်၍

''ဒီမှာလေ Rhyme မနေ့ညနေ မင်းပြန်သွားထဲကရေချိုးခန်းထဲဝင်သွားတာထင်တယ်
ညထမင်းစားမှအန်တီသွားခေါ်တော့ကိုယ်တွေပူကျစ်ပြီးမေ့လဲနေတယ်
ခုကျောင်းတောင်မတတ်နိုင်ဘူး
အဲ့ဒါဆရာလေး အိမ်ကိုဒီနေ့မလာဖို့​လှမ်း​ပြောတာပါ
ဆရာလေးဖုန်းနံပါတ်ပဲ​ပေးထားပြီး အိမ်ကဖုန်းနံပါတ်ကိုမယူထားဘူးထင်တယ် ''

''အာ ဟုတ်တယ်ခင်ဗျ ကျနော်မမှတ်ထားမိဘူး
သူသက်သာရဲ့လား''

''သက်သာပါတယ် ဆရာဝန်ခေါ်ပြီးဆေးထိုးထားရတယ်
တညလုံးချမ်းလို့တုန်နေတယ်
ခုတော့ဆေးသောက်ပြီးဆေးအရှိန်နဲ့ပြန်အိပ်ပျော်သွားပြီ''

''ဟုတ်ကဲ့အန်တီ နေကောင်းအောင်အရင်ဂရုစိုက်လိုက်ပါဦး
ကျနော်သူနေပြန်ကောင်းမှလာခဲ့ပါ့မယ်''

''အေးပါကွယ် အဲ့ဒါဆိုအန်တီဖုန်းချလိုက်တော့မယ်နော်''

''ဟုတ် အန်တီနန်း''

အန်တီနန်းဖုန်းချသွားမှသက်ပြင်းချရင်းလူကကားဂိတ်သို့ရောက်မှန်းမသိရောက်နေသည်။
ကားပေါ်တတ်ရန်ကားနားအသွား

''ဒီရေ ............ ''

အော်သံနှင့်အတူဆိုင်ကယ်ဟွန်းသံဆူညံလျက်...
ဒီရေလည်း ကားပေါ်မတက်တော့ဘဲ
လျှမ်းဆက်ဆိုင်ကယ်နှင့်သာလိုက်ခဲ့သည်။
ကမ်းပေးသောဆိုင်ကယ်ဦးထုပ်အဖြူလေးကိုဆောင်းကာ......

''မင်း ဆိုင်သွားမှာလား''

''ငါ့ရဲ့ ရုပ်နာမ်ကိုလည်းကြည့်ဦးလေကွာ
ဆိုင်သွားနိုင်တဲ့ရုပ်လားလို့''

''အာ့ဆိုငါတို့လိပ်ပြာကန်သွားပြီး ငါးစာသွားကျွေးရအောင် ''

''သွားမယ်လေ လာ တက်......''
ဒီရေ လျှမ်းဆက်နောက်မှခွထိုင်လိုက်ပြီး

''ဟေ့ကောင် မင်းအသည်းလေးရော......''

အသည်းလေး ဆိုသည်မှာ လျှမ်းဆက်၏guitarဖြစ်သည်။
လျှမ်းဆက် ဒီနေ့guitarပါမလာ။
လေ့ကျင့်ရေးဆင်းနေရတာရယ်
ဆိုင်ကလည်းမသွားဖြစ်တာရယ်ကြောင့်
သူရဲ့လက်စွဲတော်ဘော်ဒါကြီးကို
အခန်းနံရံတွင်သာထောင်ထားခဲ့ရသည်။

''အိမ်မှာထားခဲ့တယ်လေကွာ
မနက်ကလည်းတခါမေးပြီးပြီကို''

လျှမ်းဆက် ဆိုင်ကယ်မောင်းနေရင်းမှ
ခေါင်းအနည်းငယ်စောင်းကာအော်ပြောနေလေသည်။
ဒီရေ့စီမှပြန်ဖြေသံတော့ထွက်မလာ...

အမြဲတမ်းလုပ်နေကြအရာတွေဆိုတာ
မသိလိုက်ခင်မှာပင်လုပ်ပြီးသွားတာမျိုး
မလုပ်ရင်မဖြစ်ဘူးဆိုပြီးသတ်မှတ်ထားတဲ
့စည်းကမ်းချက်လိုမျိုး......
ခုလည်း ဒီရေ၏လက်ဖောင်းဖောင်းလေးများက လျှမ်းဆက်၏ကျစ်လစ်သောခါးထက်
တွင်နေသားတကျချိတ်ဆက်လျက် .........

ကန်အလယ်ရေပြင်ထက်တွင် ရှင်ဥပဂုတ္တပြဿ      ဒ်ဆောင်ရှိပြီး အဆောင်တော်သို့သွားရာအဝင်ဝတွင်
ကန်အတွင်းမှငါးများအတွက်ပေါင်မုန့်များ/ပေါက်ပေါက်များရောင်းချနေသည်။

ဒီရေဆိုင်ကယ်ဦးထုပ်ကိုလျှမ်းဆက်အားပေးကာရှေ့ဦးစွာဝင်သွားနှင့်သည်။
လျှမ်းဆက်လည်းကမ်းပေးလာသောဆိုင်ကယ်ဦးထုပ်ကိုဆိုင်ကယ်ဖင်ထိုင်ခုံအောက်ထဲထည့်ကာ ဆိုင်ကယ်ကိုသတ်မှတ်ထားသောနေရာတွင်ရပ်ပြီးသော့သေချာခတ်ကာထားခဲ့သည်။
ရှေ့မှဝင်သွားသောဒီရေကိုအမှီလိုက်ရင်း
ဘေးချင်းယှဉ်လျှောက်သည်။
သူကလည်ကတုံးအဖြူ
ပုဆိုးအပြာနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့
အားကစားဘောင်းဘီအတိုအနုမြူ စိမ်းတောက်တောက်နဲ့ အင်္ကျီအမဲလက်ပြတ်......

''ခွိ...''
ဈေးသည်ကောင်မလေးများစီမှရယ်သံအချို့

လျှမ်းဆက်ချွေးစိုနေသောဆံပင်စေးကပ်ကပ်တို့ကိုသပ်တင်လိုက်ပြီး

''အဟမ်းအဟမ်း ဒီရေ ငါးစာကျွေးမှာမလား
ပေါင်မုန့်ဝယ်ရအောင်''

ဒီရေလည်းခုမှသတိရသွားကာ
''အေး...... အေး ဝယ်မယ်လေ''

ပေါင်မုန့်လေးထုပ်ဝယ်ကာ
ပြဿ      ဒ်စီသို့အရင်ဝင်လာပြီး
ဖူးမြှော်သည်။
ရှိခိုးပြီးမှ လျှောက်လမ်းလေးအတိုင်းပြန်ထွက်လာပြီး
လူရှင်းသော ကန်ထောင့်နားတွင် ဒီရေငါးစာကျွေးနေလေသည်။
ထိုစဉ်လျှမ်းဆက်မှ

''ဒီရေ ငါ့ဖိနပ်ရော......''
ဒီရေအရင်ထွက်လာခဲ့သည်မို့လျှမ်းဆက်ဖိနပ်ကိုသတိမထားမိ...
ပေါင်မုန့်ကိုသေးသေးလေးများဖဲ့ကာပစ်ကျွေးနေရင်းမှ
လျှမ်းဆက်ကိုလှည့်ကြည့်ကာ

''ငါမသိဘူးလေကွာ......''

လျှမ်းဆက်ခေါင်းကိုတဗျင်းဗျင်းနှင့်ကုတ်ကာ
ဖိနပ်မပါဘဲ ဒီရေ့ရှိရာနားသို့လျှောက်လာသည်။
ထိုနားမှ ခုံတန်းရှည်လေးတွင်စိတ်ပျက်ပျက်နှင့်ထိုင်ကာရှေ့မှကန်ရေပြင်ကိုငေးနေမိသည်။
ဒီရေကျွေးသောပေါင်မုန့်များကိုလာစားနေကြသောငါးအကြီးကြီးများကြောင့် ရေပြင်သည်လှုပ်ခပ်နေသည်။
ဒီရေမှာမူ ပေါင်မုန့်များကိုငါးလဲကျွေးရင်ကိုယ်တိုင်
ဝင်စားနေလေသည်။
လျှမ်းဆက်ပြုံးမိပါသည်။
အစားအသောက်နှင့်ပတ်သက်လျှင်
ဖြစ်သွားတတ်သည့် ဒီရေ၏ကလေးဆန်မှုတွေကို
သူသဘောကျပါသည်။
ဒီရေကလျှမ်းဆက်ထက် ၃လခန့်ငယ်သည်မို့ညီလေးတစ်ယောက်လိုချစ်သည်။

ဒီရေကတော့သူ့ကိုညီလေးလိုဆက်ဆံလျှင်မကြိုက်
၃လတောင်ကြီးတယ်ဟုပြောလျှင်လည်း
၂လနဲ့၂၆ရက်ထြဲကီးတာပါကွာဟု ပြန်လည်ချေပတတ်သေးသည်။
ခုလည်းလည်ကတုံးနှင့်ပုဆိုးဝတ်ထားသော
လူကြီး ကလေး ကိုခေါ်ကာအိမ်ပြန်ရမည်။
(A/N လူကြီးလေး မဟုတ်ပါဘူးနော် လူကြီး ကလေး လို့ခွဲဖတ်ပေးပါနော်)
နေလည်းတော်တော်စောင်းနေပြီ။
ဖိနပ်လည်းရှာချင်သေးသည်။

''ဒီရေကုန်ရင်ပြန်ရအောင် ငါဖိနပ်သွားပြန်ရှာလိုက်ဦးမယ်''

လျှမ်းဆက်အပြောကို ဒီရေ ပြုံးရင်းသာခေါင်းငြိမ့်ပြလိုက်သည်။
ညနေကထိငါ့ကြောင့်မဟုတ်ပါဟုတွေးနေပြီးမှ
သူကနေမကောင်းပါဖြစ်သည်ဆိုတော့
စိတ်တွေလေးလံလာပြန်သည်။
စိတ်ပြေလက်ပျောက်ငါးစာလာကျွေးကာမှ
လျှမ်းဆက်အရစ်ကောင်ဖိနပ်ကလည်း
ဖိနပ်ပျောက်သွားသေးသည်။

''သွားကူရှာပေးဦးမှပါ ......''
တစ်ကိုယ်တည်းရေရွတ်ရင်း
လျှမ်းဆက်အနားသို့လာခဲ့သည်။

လျှမ်းဆက်ခေါင်းတကုတ်ကုတ်နှင့်လျှောက်လမ်းတစ်လျှောက်ဖိနပ်ရှာပုံတော်ဖွင့်နေသည်။
ခဏအကြာ ဒီရေပါလာပြီးကူရှာပေးသည်။
အားကစားဖိနပ်အသစ်လေးတရံကတော့ပျောက်ချင်းမလှပျောက်နေလေသည်။
ရှာမတွေ့သည့်အဆုံး လျှမ်းဆက်လက်လျှော့လိုက်ကာ

''ငါ့ကိုဆယ်တန်းအောင်လို့ မေမေဝယ်ပေးထားတာ......''

လျှမ်းဆက်မျက်နှာငယ်နှင့်ပြောလာတာကြောင့်

''ငါ ငါ ငါတောင်းပန်ပါတယ်ကွာ ငါ့ကြောင့် ငါ့ကိုလိုက်ပေးရင်းပျောက်သွားတာ ............ အီး.........ဟီး......''

ငိုချင်လျက်လက်တို့ တော့ဖြစ်ပြီ။
ဒီရေမျက်ရည်ဘူးသီးလုံးကြီးများတတောက်တောက်ကျကာငိုနေလေသည်။
အစကအဲ့လိုမှန်းမသိ၍
လျှမ်းဆက်ဘောစိကဖိနပ်တစ်ရံလောက်တော့အေးဆေးပါဟုတွေးကာ စိတ်မပူခဲ့......
ခုတော့ လျှမ်းဆက်ရဲ့adidas အဖြူ ရောင် sport shoesလေးက ရေထဲပစ်ချလိုက်သည့်ခဲလုံးလို
ပလုံဆိုပြီး ဘယ်ရောက်သွားမှန်းမသိ

''အီး......ဟီး......''

လျှမ်းဆက်တို့ငါးပါးမှောက်လေပြီ။
ညနေစောင်းလာပြီဖြစ်၍ လိပ်ပြာကန်တွင်လူစည်လာနေပြီ။
မကြာသေးမှီကမှတပ်ဆင်ထားသောရေပန်းကြောင့်
လာရောက်ကြည့်ရှုသူများ နှင့် ဈေးသည်များလည်းတဖွဲဖွဲနှင့်ရောက်လာနေကြသည်။
ဒီရေကတော့ငုတ်တုတ်ထိုင်ကာဒူးခေါင်းပေါ်ခေါင်းမှောက်ရင်းအော်ငိုနေသည်။
ဘေးလူတွေကိုလည်းသူမမြင်......

သူတို့နှစ်ယောက်ကို လူတွေ့သတိထားမိကာကြည့်သွားကြတာမို့
လျှမ်းဆက်ရှက်လာသည်။
ဒီရေကလဲ အငိုမတိတ်......

''ငါ ပြန်ဝယ်ပေးပါ့မယ်ကွာ အီး...
ငါအစထဲကဒီကိုမလာသင့်ဘူး ......ဟီး......ဟင့်''

''ဒီ ဒီရေ ငါတို့ပြန်ရအောင်လေ ငါရပါတယ်
ပြန်လည်းမဝယ်ပေးနဲ့ ထ လူတွေလည်းများလာပြီ
လာနော် မငိုနဲ့ ''

သူ့ရှေ့တွင်ငုတ်တုတ်ထိုင်ကာကျောကိုပွတ်ရင်း
ချော့တော့မှ ဟင့် ဟူသော အသံနှင့်အတူ ခေါင်းမော့လာသည်။
နှာခေါင်းလုံးလုံးလေးရော ပါးဖောင်းဖောင်းလေးပါနီရဲနေလေသည်။
လျှမ်းဆက် ရယ်ချင်စိတ်ကိုထိန်းကာ

''လာ ထ မငိုနဲ့တော့ ငါဘာမှမဖြစ်ဘူး
မင်းကငယ်ငယ်တုန်းကလိုဘဲ အငိုသန်တုန်းဘဲ''
ဟုဆိုကာ မနေနိုင်မထိုင်နိုင် နှာခေါင်းကိုဖွဖွလေးညှစ်မိတော့

''ဟင့် မင်းနော် ......
ပြန်မယ် ဘာလုပ်နေတာလဲ''

နှာခေါင်းကိုရှုံ့ကာ ရှေ့မှစောင့်ကြီးအောင့်ကြီးထွက်သွားသူ...
နောက်မှပြုံးရယ်ကာ​ရှေ့က​ကောင်​လေး​နောက်​ပြေးလိုက်သွားသူ...
ကန်​ရေပြင်​ထဲမှအထက်​အောက်​မြူးထူးခုန်​ပေါက်​ကာအစာများကိုလုစား​နေကြ​သော အ​ရောင်​အ​သွေးစုံလှ​သောငါး​လေးများ...
​ကောင်းကင်​ထက်​မှအိပ်​တန်းတက်​ရန်​အ​နောက်​ဖက်​သို့ပျံသန်းသွားကြ​သောငှက်​လေးတစ်​စု.....
ဤသို့ဖြင့်​ညနေဆည်းဆာအလှ​လေးသည်ကားပြည့်စုံလှသည်။
       _____________♥Can I...?♥_____________

*TBC~~~

လိပ်​ပြာကန်​....
ရှင်စောပုမင်းလက်ထက်တွင်
ဓမ္မဓရဘွဲ့ခံရဟန်းတော်တစ်ပါးကို ဥယျာဉ်ကြီးတစ်ခုနှင့်ကျောင်းဆောင်လှူ ရာ
ဥယျာဉ်အမည်မှာလေပျံဥယျာဉ်ဖြစ်သည်။
ရဟန်းလူထွက်သည့် ဓမ္မစေတီမင်းနန်းတက်ချိန်တွင်
ဥယျာဉ်နှင့်ပနံတင့်စေရန် ရေကန်ကို ၁၄၇၅ခုနှစ်တွင်တူးဖော်စေခဲ့သည်။
လေပျံကန်ဟုပင်အမည်တွင်စေခဲ့သည်။
နောင်အခါတွင် လေပျံကန်မှ လိပ်ပြာကန်ဖြစ်လာခဲ့သည်။
၉.၆၇ဧက (၃၉၁၃၃စတုရန်းမီတာ) ကျယ်ဝန်းပြီးကန်ထက်တွင်
ရှင်ဥပဂုတ္တပြဿဒ်ဆောင်တည်ထားကိုးကွယ်သည်။
(A/N ဖတ်မိသလောက် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။)
........................................................................








Continue Reading

You'll Also Like

236K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
1K 63 7
အရှေ့မြောက်က ဆောင်းလေတွေတောင် ရောက်လာပြန်ပြီ... ငါ့ဆီကိုရော မင်းဘယ်တော့ရောက်လာမှာလဲ "ဂျွန်"... ငါမင်းကို အရမ်းလွမ်းတယ်.... Saw John Gabriel ❣ Min Se...
360K 10.6K 12
Zawgyi(Z&U) သစ်ရွက်ဝေလည်း ရွက်ကုန်ကြွေ လွင့်ထွက်လေတဲ့ မုန်တိုင်းကိုလေ ကျွန်ုပ်မုန်းသည်။ Unicode(U&Z) သစ်ရွက်ဝေလည်း ရွက်ကုန်ကြွေ လွင့်ထွက်လေတဲ့ မုန်တိ...
1.3M 58.9K 28
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။