CAN I............(Completed!)
By K-hyunee
181K 6.4K 96
ဘာတွေကညီ့ရဲ့စိတ်တံခါးကိုပိတ်ထားစေတာလဲ ကိုယ်နားမလည်တော့ဘူး ညီ❤ ကိုကိုက ကျနော့်ရဲ့နောက်ဆုံးသောအရာအားလုံးပါ💕 More
Intro:♥
Part-1
PART-2
PART-3
PART-4
PART-5
PART-6
PART-7
PART-8
PART-9
PART-10
PART-11
PART-12
PART-13
PART- 14
PART-15
Part 16
part 17
ပထမဆုံးတွေ့ဆုံခြင်း
စိတ်၏စေစားရာ
စိုးရိမ်မှု
Part-18
part 19
part-20
part 21
part 22
Ending.
To reader ...
part 2(Unicode)
part 3(Unicode)
part 4(Unicode)
part 5 (Unicode)
part 6 (Unicode)
part 7(Unicode)
part 8 (Unicode)
part 9(Unicode)
part 10(Unicode)
part 11(Unicode)
part 12 (Unicode)
part 13(Unicode)
part 14(Unicode)
part 15(Unicode)
part 16(Unicode)
part 17(Unicode)
ပထမဆုံးတွေ့ဆုံခြင်း(Unicode)
စိတ်၏စေစားရာ(Unicode)
စိုးရိမ်မှု(Unicode)
part 18(Unicode)
part 19(Unicode)
part 20(Unicode)
part 21(Unicode)
part 22(Unicode)
Ending (Unicode)
To reader..(Unicode)
New one
Promotion
part 1(Unicode )
9.2K 296 1
By K-hyunee
At 2:45PM
Bago University
ENGLISH MAJOR ASSOSIATION:
​ကျောင်းဝန်းထဲတွင်​လူအ​တော်​ပင်​ရှင်း​နေ​လေပြီ။
အ​ဆောင်​တစ်​ခုလုံးတွင်​လည်းစာသင်​နေ​သေး​သောအခန်းမှာFirst Year Classတစ်​ခုတည်းသာ...
​နောက်​ဆုံးအချိန်​မှာမြန်​မာစာအချိန်​ဖြစ်​သော​ကြောင့်​မြန်​မာစာဆရာမ​ဒေါ်စန္ဒာသည်​၀တ္ထုတိုတစ်​ပုဒ်​အ​ကြောင်း​သေချာစွာသင်​ကြား​ပေး​နေသည်​။​စိတ်​ပါဝင်​စား​သောမိန်းက​လေး​ကျောင်းသူတချို့ရှိ​သော်​လည်းအများစုမှာမူအိပ်​ငိုက်​သူကငိုက်​၊
နာရီကြည့်​သူကကြည့်​နှင့်​အသီးသီးအလုပ်​ရှုပ်​နေကြသည်​။
ထိုသူများထဲတွင်​တစ်​ယောက်​သောသူမှာလည်းအတန်း​ရှေ့နံရံတွင်​ချိတ်​ထား​သောနာရီမှာစက္ကန့်​လက်​တံများကိုနှုတ်​မှတတွတ်​တွတ်​ရေတွက်​ရင်းမျက်​မှောင်​ကြုံ့ထား​လေသည်​.
"ကျစ်​မပြီး​သေးဘူးလားကွာ"
တိုးတိတ်​စွာ​ရေရွတ်​ရင်းသက်​ပြင်းချကာခုဏ​လေးတင်​ကမှကြည့်​ထား​သောနာရီကိုထပ်​၍ကြည့်​မိပြန်​သည်​။၅မိနစ်​အတွင်းနာရီကိုဘယ်​နှခါ​လောက်​ကြည့်​မိ​နေမှန်းလည်းမသိ​တော့...​သေချာသည်​ကဆရာမသင်​နေ​သောစာထဲတွင်​လုံးဝစိတ်​မ၀င်​စားပါ​လေ။
ဒီနေ့မှ ဆိုင်ကယ်လည်းယူမလာမိ။
​ကျောင်းမှအလုပ်​ဆီသွားရန်​လည်းအချိန်​ကြာ​သော​ကြောင့်​လိုင်းကားဖြင့်​သွားလျှင်​လိုင်းကားမရှိမှာလည်းပူရသေးသည်​..သို့​ကြောင့်​အ​တော်​ပင်​ဂဏာမငြိမ်​ဖြစ်​နေ​လေပြီ....
"ငြိမ်​ငြိမ်​နေပါလျှမ်း​လေးရာ ပြီး​တော့မှာပါ မင်းငြိမ်​ငြိမ်​မ​နေတာငါစာထဲကိုအာရုံစိုက်​လို့မရ​တော့ဘူး"
လျှမ်း​လေး...
နာမည်​အရင်းက လျှမ်းဆက်​ခ
ပထမနှစ်​အင်္ဂလိပ်​စာအထူးပြု တက္ကသိုလ်​ကျောင်းသား.....
အရပ်​၅​ပေ၈လက်​မ ......
​အင်္ဂလိပ်​စာအထူးပြု​ကျောင်းသား​တ​စ်​ယောက်​သည်​ဆံပင်​အ​ရောင်​ဆိုးခွင့်​မရှိ၍ဆံပင်​အနက်ေ၇ာင်​ဖြင့့်​သာ....
နက်မှောင်သောဆံပင်ကိုသေသပ်စွာဖြီးသင်ထား၍
အစက်အပြောက်မရှိသောမျက်နှာသည်ရှင်းလင်းစွာပေါ်နေလေသည်။
အရွယ်ရောက်ပြီးသောယောက်ျားတစ်​ယောက်သည်ဝက်ခြံတစ်စနှစ်စတော့ပေါက်မြဲဖြစ်သည်။
သို့သော်လျှမ်းဆက်အတွက်တော့ဝက်ခြံဆိုတာဂျိုနဲ့လားဟုမေးရလောက်အောင်ပင်မရှိပေ။
အသားနည်းနည်းလတ်​ပြီး​ခြေ​ထောက်​နှင့်​လက်​တို့တွင်​အ​မွှေး​ရေး​ရေးက​လေးများရှိသည်​...
တချက်​ကြည့်​လိုက်​ရုံဖြင့်​ထင်းခနဲဖြစ်​နေသည့်​ရုပ်​ရည်​မျိုးပိုင်​ဆိုင်​ထားသည်​
(A/N တခါ​တွေ့ရုံနဲ့မှတ်​မိ​နေနိုင်​သောမျက်​နှာကိုဆိုလိုပါသည်​)
မျက်ခုံးကောင်း၍မျက်တောင်ရှည်ရှည်လေးများရှိသည်။
ပန်းနုရောင်နှုတ်ခမ်းပါပါးတစ်စုံနှင့်......
သိတတ်​စအရွယ်​တွင်​လျှမ်းဆက်​၏​ဖေ​ဖေ ဦးလျှမ်းခ သည်​accidentတခုတွင်​ပါ၍ပြန်​လမ်းမရှိ​သောခရီးဖြစ်​ခဲ့​လေသည်​...
​လျှမ်းဆက်​၏​မေ​မေ​ဒေါ်မာလာ​သည်​မိဘ​အ​မွေဖြစ်​သောအိမ်နှင့်ခြံရှိကာ ပိုးထည်​လုပ်ငန်းကိုလည်းပိုင်​လေသည်​...
ကိုယ်တိုင်ကလဲနာမည်ကြီးdesignerတစ်​ယောက်ဖြစ်လေသည်။
လျှမ်းဆက်​၏​မေ​မေ​သည်​တစ်​ဦးတည်း​သောသား​လေးလည်းဖြစ်​၊ဖတဆိုး​လေးလည်းဖြစ်​သော လျှမ်းဆက်​အားအလိုလိုက်​၇ှာသည်​..
သို့သော် လျှမ်းဆက်နှင့်ဒေါ်မာလာတို့၏ဆက်ဆံရေးသည်နွေးထွေးမှုမရှိ။
uniကျောင်းသားဖြစ်သည့်အလျောက်
စာမေးပွဲနီးမှသာစာကျက်သည်အလေ့အကျင့်သည်ဘယ်စီနီယာများကစခဲ့သည်မသိ။
ဂျူနီယာလေးဖြစ်သောလျှမ်းဆက်သည်လည်းလိုက်နာကျင့်သုံးလျက်ရှိသည်။
လျှမ်းဆက်​မှာE-Majorကိုစိတ်​၀င်​စားလွန်း၍ယူသည်​မဟုတ်​..သူစိတ်​၀င်​စားသည်​မှာဂီတဘက်​တွင်​ဖြစ်​လေသည်​..၇န်​ကုန်​အနုပညာတက္ကသိုလ်​တွင်​တက်​ချင်​ပါ​သော်​လည်းအ​မေတစ်​ယောက်​တည်းပဲခူးမှာနေခဲ့ရန်စိတ်မချ​သော​ကြောင့့်​သာအိမ်​နှင့်​နီး​သောပဲခူးတက္ကသိုလ်​တွင်​သာတက်​ဖြစ်​လေသည်​....
စိတ်ထားနူးညံ့သော်လည်းမထင်ရလောက်အောင်ခေါင်းမာတတ်သေးသည်။
ခဏအကြာဆရာမထံမှဝတ္ထုတိုအားအဆုံးသတ်​နိဂုံးချုပ်​၍နှုတ်​ဆက်​လိုက်​သံကြားမှ လျှမ်းဆက်​တစ်​ယောက်​ပျော်​ရွှင်​သွားကာ"မင်္ဂလာပါ ဆရာမ​ကျေးဇူးတင်​ပါတယ်​ဆရာမ"ဟုတစ်​ခန်းလုံးနှင့်​အတူတညီတညာထဲနှုတ်​ဆက်​ကာဆရာမအတန်းပြင်​မ​ရောက်​ခင်​ပင်စာအုပ်​ကိုစာေ၇းခုံအံဆွဲထဲသို့ဖြစ်​သလိုထိုးထည့်​သိမ်းရင်းအတန်းခုံ​ဘေးနံ၇ံ​ထောင့်​တွင်​ကပ်​ထား​သောလျှမ်းဆက်၏လက်​ဆွဲ​တော်​guitar​လေးအားလွယ်​ကာအ​ပြေးတစ်​ပိုင်းဖြင့်​အခန်းထဲမှထွက်​၇င်း..
Guitar👈လျှမ်းဆက်​ဘယ်​သွားသွားအမြဲပါ​နေကျGuitar​လေး..ဆ၇ာမများမှာအတန်းထဲသို့ထိုကဲ့သို့ပစ္စည်းများယူခွင့်​မ၇ှိဟုတားမြစ်​သော်​လည်းမ၇​ပေ။
စာအုပ်တွေသာမပါရင်နေမည် Guitarကတော့မပါမဖြစ်.........
"ဒီ​ရေ..ငါပြန်​နှင့်​ပြီ​နော်​"
လျှမ်းဆက်​တစ်​ယောက်​အခန်းအပြင်​ဘက်​ရောက်​မှ​အော်​သွား​လေသည်​...
ဒီရေ....
နာမည်​အပြည့်​အစုံက ဒီ​ရေလှိုင်း
လျှမ်းဆက်​၏တစ်​ဦးတည်း​သောငယ်​သူငယ်​ချင်း၊ လျှမ်းဆက်​ဆိုးသမျှကိုသည်းခံ​ပေးရှာ​သောသူ​လည်းဖြစ်​သည်။​လျှမ်းဆက်​မှာငယ်​စဉ်​ကတည်းကအခုချိန်​ထိ ဒီ​ရေ မှလွဲ၍တခြား​သောသူများနှင့်​သိပ်​အ​ပေါင်းအသင်းမလုပ်​ချေ။ငယ်​စဉ်​ကတည်းကအခုချိန်​ထိ လျှမ်းဆက်​ခ ၏တစ်​ဦးတည်း​သောသူငယ်​ချင်း​နေရာတွင်​မပြောင်းမလဲ
တည်​ရှိနေသူမှာ ဒီ​ရေလှိုင်း ပင်​....
သို့​သော်​ဒီ​ရေ မှာ လျှမ်းဆက်​နှင့်​ဆန့်​ကျင်​ဘက်​..
လျှမ်းဆက်​မှာစာမကြိုးစား​သော်​လည်း ဒီ​ရေ မှာစာအလွန်​ကြိုးစား​သောစာဂျပိုး​လေးတစ်​ယောက်​ဖြစ်​၍​ကျောင်းတွင်​လည်းထူးချွန်​ကျောင်းသားအဖြစ်​သတ်​မှတ်​ခံရ​သော​ကျောင်းသားများထဲမှတစ်​ယောက်​အပါအ၀င်​ဖြစ်​သည်။​ငယ်​စဉ်​ကတည်းကအတန်းထဲတွင်​အဆင့်​၁​နေရာတွင်​အမြဲရပ်​တည်​ခဲ့သူ....
ဒီ​ရေ့ဖေဖေဦးကျော်နှင့်မေမေဒေါ်သော်တာတို့သည်​သာမန်​လခစားဝန်​ထမ်းများသာဖြစ်​ပြီး ဒီ​ရေ့ကိုအလွန်​လေးစားပြီးအားကျေ​နတတ်​သောလပြည့်​ဟု​ခေါ်​သောညီ​လေးတစ်ေ​ယာက်​ရှိသည်​...
လပြည့်​သည်​ရှစ်​တန်းကျောင်းသားဖြစ်သည်။
လပြည့်​၏ကျုရှင်​ခနှင့်​ဒီ​ရေ့​ကျောင်းစရိတ်​အတွက်​
အစပိုင်းတွင်အဆင်မပြေခဲ့ချေ ။
ဒီ​ရေ သည်​ဆယ်​တန်းကိုကျုရှင်​မတက်​ဘဲ​ဖြေကာ၎ဘာသာဂုဏ်​ထူးထွက်​ခဲ့သည်​...
​ဆေး​ကျောင်းအမှတ်​မှီ​သော်​လည်းမိဘကိုငဲ့ကာEnglish-majorသာယူခဲ့ပြီးတတ်​သမျှပညာနှင့်​ပိတ်ရက်တွင် guide လုပ်​ရင်းအပိုဝင်​ငွေရှာခဲ့၏။
မိသားစုအတွက်​အားတစ်​ခု​ဖြစ်​လာ​စေသည်​။
ဒီ​ရေ မှာ လျှမ်းဆက်​ထက်​အရပ်​က​လေးအနည်းငယ်​ပု​သော်​လည်း မေမေဒ်ါသော်တာသည်တရုတ်သွေးနှောသူဖြစ်၍ဒီရေသည်လည်းဒေါ်သော်တာသွေးအပြည့်အဝပါပြီးအသားဖြူ​လေသည်​...
ဒီ​ရေ့ မှာ​မွေး၇ာပါမျက်​စိအားနည်း​သော​ကြောင့်​ဒီ​ရေ ၏လှပ​သောမျက်​လုံးဝိုင်း​လေးများ​ပေါ်တွင်​အရွယ်​နှင့်​မလိုက်​စွာပါဝါလွန်​ကဲ​သောမျက်​မှန်​ထူကြီးက​နေ၇ာယူလျက်​...
ထို့ပြင်​ဒီ​ရေ တွင်​ကြက်ဥနှင့်​ဓာတ်​မတည့်​သောEGG Allegicလည်းရှိသည်။
ဒီရေမေမေသည်ဟင်းချက်ကောင်းသည်။
ထို့ကြောင့်အစားအစာနှင့်ပတ်သက်လျှင်
စိတ်ပူစရာမလို...
မတည့်သောအစားစာကိုရှောင်ကာဂရုတစိုက်ချက်ပြုတ်ပေးနိုင်သည်။
မိသားစုအတွက်အလုပ်တစ်​ဖက်​နှင့်ပင်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ပေးသောမေမေ့ကြောင့်
ဒီရေသည်ဝလုံးလေးလိုပုလုံးနေလေသည်
ဖြူ ဆွတ်ဆွတ်နှင့်TOM & JERRY cartoonထဲက JERRY၏တူလေး TUFFYနှင့်ပင်တူလေသည်။
ဒီ​ရေ တစ်​ယောက်​အခန်း​ပေါက်​၀မှအသံပြဲ ကြီးနှင့်​လှမ်း​အော်​သွား​သောသူ့သူငယ်​ချင်း လျှမ်းဆက်​ကိုကြည့်​ကာ​ခေါင်းခါယမ်းလျက်​..
'' လျှမ်း​လေး တစ်​ယောက်​က​တော့​လေ.."
ဟုရေရွတ်​ရင်းသာ...စာအုပ်​များကိုလွယ်​အိတ်​ထဲစနစ်​တကျသိမ်း၍သူ့အလုပ်​ရှိရာ guideသင်​ရမည့်​အိမ်​ဆီသို့....
ယ​နေ့ ဒီ​ရေ​ကျောင်းသားအသစ်​တစ်​ယောက်​အား guide လက်​ခံထား​လေသည်​...ယ​နေ့သူသင်​ရမည်​မှာသူ့အတွက်​ကျောင်းသားအသစ်​ဖြစ်​သော​ကြောင့်​စိတ်​တော့အနည်းငယ်​လှုပ်​၇ှားမိသည်​..
သင်​ရမည့်​နေရာမှာ မဟာမြိုင်​ရပ်​ကွက်​ဟု​ပြော​သော်​လည်းကိုယ်​နှင့်​မရင်းနှီး​သောရပ်​ကွက်​ဖြစ်​၍ guide သင်​ရမည့်​အိမ်​ကိုရှာရန်စာအုပ်တွေကိုသေချာသိမ်းရင်းခပ်မြန်မြန်သာထွက်လာခဲ့လိုက်သည်။
_____________♥Can I...♥_____________
📢{A/N..အခုမှပထမဆုံးစ​ရေးတဲ့fic​လေးမို့လိုအပ်​ချက်​လေး​တွေအများကြီးရှိတဲ့အတွက်​reader​လေး​တွေကစိတ်​တိုင်းမကျတဲ့အ​ရေးအသားမျိုး​လေး​တွေရှိရင်​ဝေဖန်​ပေးကြပါ​နော်​😔
​နောက်​အပိုင်း​တွေကိုလည်းလိုအပ်​ချက်​လေး​တွေသိပ်​မရှိ​အောင်​ကြိုးစားပြီး​ရေးသားပါ့မယ်​လို့😁...စိတ်​လည်းမပျက်​စေရပါဘူးလို့😚ဖတ်​ပေးတဲ့Reader​လေး​တွေကိုလည်း​ကျေးဇူးအများကြီးတင်​ပါတယ်​နော်​😘Love ya.....😘
Part1​လေးနည်းနည်းတိုသွားတယ်​ရယ်​...😔
မနက်​ဖြန်​မနက်​Part2တင်​ပါ့မယ်​..
အား​ပေးပါဦး​နော်​☺️..ပြီး​တော့..​ဝေဖန်​ထောက်​ပြ​ပေးကြပါ​နော်​😊}
_____________♥Can I....♥______________
*TBC~~~
Continue Reading
You'll Also Like
4.5K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...
1.3M 57K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
82K 8.6K 28
271K 34K 81
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...