Dark Angel

akyinnamon द्वारा

415K 48.6K 2.7K

(Unicode & Zawgyi) Black Angel ရဲ့ Season 2 ဇာတ်လမ်းအဆက်ဖြစ်ပါတယ်။ ဒါ့ကြောင့် Black Angel ကို အရင်ဖတ်ပြီးမှ ဒ... अधिक

အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13 (U & Z)
Part 14 (U&Z)
Part 15 (U&Z)
Part 16 (U&Z)
Part 17 (U&Z)
Part 18 (U&Z)
Part 19 (U&Z)
Part 20 (U&Z)
Part 21 (U&Z)
Part 22 (U&Z)
Part 23 (U&Z)
Part 24 (U&Z)
Part 25 (U&Z)
Part 26 (U&Z)
Part 27 (U&Z)
Part 28 (U&Z)
Part 29 (U&Z)
Part 30 (U&Z)
Part 31 (U&Z)
Part 32 (U&Z)
Part 33 (U&Z)
Part 34 (U&Z)
ဇာတ်သိမ်းပိုင်း
Thankyou
Teaser
Extra 1 (Unicode)
Extra 2 (Unicode)
Extra 3 (Unicode)
Extra 1 (Zawgyi)
Extra 2 (Zawgyi)
Extra 3 (Zawgyi)
A/N

Part 12

8K 1K 10
akyinnamon द्वारा

Both Zawgyi and Unicode

Thanks for reading

Author

......

နတ်ဆိုးဂေါဒသည် အားလက်စ်ဖခင်ကို ပခုံးမှဆွဲကာ တွန်းဖယ်လိုက်သည်။ သွားချွန်များအားလုံးပေါ်လာသည်အထိ ပါးစပ်ကြီးကိုဖြဲကာပြုံးပြီး အားလက်စ်တို့ရှိရာ လျှောက်လာသည်။ အပေါက်အပြဲ အနာဒဏ်ရာများနှင့် ပြည့်နေသော တောင်ပံကြီးသည် နောက်မှာ တန်းလန်းကြီးပါလာသည်။

"ကလေးမလေးရဲ့ သွေးနံ့က မွှေးနေတာပဲ ဟဲ ဟဲ.."

ဖလော်ရာတို့တောထဲရောက်လာချိန်ကတည်းက ‌ဂေါဒနောက်ယောက်ခံလိုက်နေခဲ့ခြင်းဖြစ်သည်။ ဒန်နရယ်ကြောင့် လူသားများကို အန္တရာယ်မပြုရဲပေမယ့် သွေးနံ့ရတိုင်း ဆာလောင်မှုကို မထိန်းနိုင်။

"ဒါ..ဒါ.. ကျုပ်ရဲ့သားပါ အရှင်ဂေါဒ။ သူ ကျုပ်တို့အဖွဲ့၀င်မဟုတ်ဘူး။ ဒီအကြောင်းတွေလည်း ဘာမှမသိဘူး။"

အားလက်စ်ဖခင်မှာ လဲကျနေရာမှ ကုန်းရုန်းထနေသည်။ အားလက်စ်သည် ဖလော်ရာကိုကိုယ်နှင့်ကွယ်ရင်း မိမိရှေ့မှ နတ်ဆိုးကို မကြောက်မရွံ့ စိုက်ကြည့်နေသည်။ ဖလော်ရာလေးမှာမူ အားလက်စ်၏ အင်္ကျီကျောနေရာကို အတင်းဆုပ်ထားရင်း မျက်စိမဖွင့်ရဲ။

ဂေါဒ ခြေလှမ်းရပ်သွားသည်။ အားလက်စ်ကို ငုံ့ကြည့်နေသော မျက်လုံးများသည် ပြူးကျယ်လာသည်။ နှာခေါင်းကိုရှုံ့ပွရင်း လေထဲတွင် အနံ့ခံနေသည်။ ထိုနောက်တွင်တော့ မိမိရှေ့မှ အားလက်စ်ကို ပြန်ငုံ့ကြည့်သည်။ ဘေးနှစ်ဖက်မှ ခေါင်းများထံမှ အသံမျိုးစုံထွက်လာသည်။ ဘာမှနားမလည်နိုင်လောက်သည့် ထစ်ထစ်အအ စကားများဖြစ်သည်။ အချင်းချင်း အငြင်းပွားနေသည့်ဟန်တူသည်။

အားလက်စ်ကို အာရုံစူးစိုက်နေသော ဂေါဒသည် ရုတ်တရက် အာရုံပြောင်းသွားသည်။ တောစပ်နေရာကို လှမ်းကြည့်ရင်း မာန်ဖီသံကြီးပြုသည်။ ထို့နောက်တွင်တော့ အားလုံးကိုကျောခိုင်းကာ တောနက်ထဲသို့ တောင်ပံစုတ်ကြီးကို တရွတ်တိုက်ဆွဲကာ ပြေး၀င်သွားသည်။ သွေးများရှိနေသော သံဇလုံကြီးကိုပင် ယူသွားရန် သတိမရတော့။ ဂေါဒထွက်သွားသည်နှင့် အားလက်စ်ရှိရာသို့ ဖခင်ဖြစ်သူ ရောက်လာခဲ့သည်။

"သားတို့ဒီမှာ ဘာလုပ်နေတာလဲ။"

"ဒါ ကျွန်တော်မေးရမယ့် မေးခွန်း။"

"ဒါ..ဒါက.."

ဖခင်ဖြစ်သူသည် ဆွံ့အနေသည်။ အားလက်စ် တောက်တစ်ချက်ကို ကျယ်လောင်စွာ ခေါက်လိုက်သည်။

"ဖေဖေ ဘာတွေလုပ်နေလဲ။ ကျွန်တော့်ကိုပြော။ ဖေဖေ့တစ်သက်လုံး ဒီနတ်ဆိုးတွေကိုအစာကျွေးနေတဲ့ အလုပ်ကို လုပ်နေတာလား။ ကိုးကွယ်နေတာလား။ ဟုတ်လား။"

"မဟုတ်ဘူး သား။ ငါရော မင်းမေမေရောက အရှင်ဒန်နရယ်ကို ယုံကြည်ကိုးကွယ်ကြသူတွေ။ ဖေဖေတို့တင်မဟုတ်ဘူး။ ဘိုးဘွားစဥ်ဆက် ကိုးကွယ်လာကြတာ။ သား မသိသေးတာတွေ အများကြီးရှိတယ်။ အရှင်ဒန်နရယ်ကြောင့်သာ ငါတို့လူသားတွေအားလုံး အခုထိ.."

စကားသံများကို အားလက်စ် မကြားတော့။ ခေါင်းတွေ ထိုးကိုက်လာသည်။ အမြင်အာရုံများ‌‌ေ၀၀ါးလာသည်။ မြူမှုန်များ‌ကြားရောက်ရှိသွားသလို ဘယ်အရာကိုမျှ သဲကွဲစွာ မမြင်ရတော့။

"နင်.. နင်.. စေတန်.."

မီးတောက်များကြားမှ မိန်းမတစ်ယောက်။ မိမိကို လက်ညှိုးညွှန်နေသည်။ မုန်းတီးရွံရှာမှုများနှင့် ပြည့်နေသောမျက်လုံးများသည် လောင်ကျွမ်းနေသော မီးတောက်များလို ရဲရဲတောက်နေသည်။ တောင်ပံခတ်သံများကို ကြားနေရသည်။ မျက်လုံးနီများနှင့် ကျီးကန်းကြီးများ နေရာအနှံ့ပျံသန်းနေသည်။ ဦးခေါင်းထက်မှာ၊ ဘေးပတ်၀န်းကျင်မှာ။ ဘယ်နေရာမှမလွတ်။

"အားလက်စ်.. အားလက်စ်.."

"မမ.."

သူ့ပခုံးကို အတင်းလှုပ်ခါခေါ်နေသည့် ဖလော်ရာ။ အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသူတစ်ယောက်လို အားလက်စ် မောပန်းနေသည်။ အသက်ရှူမ၀။ ခါးသီးသောခံစားမှုတစ်ခုသည် လျှာဖျားမှသည် တစ်ကိုယ်လုံးကို ကူးစက်သွားသလိုပင်။

"မမ.. မေမေ.. ကျွန်တော့် အမေ.."

မိမိကို မုန်းတီးသည့် မိခင်။ မိမိကို ရွံရှာသည့် မိခင်။ မိမိကို စေတန်ဟု ခေါ်ကာ သေဆုံးသွားခဲ့သည့် မိခင်ကို အားလက်စ် မြင်ယောင်နေသည်။

"သား.. မင်း.. မင်း"

"ဟုတ်တယ် ဖေဖေ။ ကျွန်တော် သတိရပြီ။ ရွာက ကလေးတွေက မေမေ့ကို စုန်းမကြီးလို့ ခေါ်ကြတယ် မဟုတ်လား။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ဒီအကြောင်းတွေကို ကျွန်တော် မေ့နေရတာလဲ။"

"သူက စုန်းမ မဟုတ်ဘူး သား။ လူသားပေမယ့် နတ်ဘုရားတွေ ပေးခဲ့တဲ့ တန်ခိုးအစွမ်းကိုရခဲ့တဲ့ ဆွေစဥ်မျိုးဆက်က ဆင်းသက်လာတဲ့သူ။ သားအမေက စုန်းမ မဟုတ်သလို အရူးတစ်ယောက်လည်း မဟုတ်ဘူး သား။ သူ.. သူက.. အကြားအမြင်ရတဲ့သူ.."

အားလက်စ်ဖခင်၏ နောက်ဆုံးစကားသံများသည် တိုးသက်သွားသည်။

အကြားအမြင်ရတဲ့သူ..

အားလက်စ် ခေါင်းတွေ ပိုကိုက်လာသည်။ ခံရခက်သည့် ခါးသီးဆိုးရွားသည့် ခံစားချက်များသည် မိမိတစ်ကိုယ်လုံးက သွေးတွေကို ပွက်ပွက်ဆူလာစေသည်။ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ပူလာသည်။ မိခင်သည် သူ့ကို တစ်ချိန်လုံး မိစ္ဆာကောင်ဟု ခေါ်ခဲ့သည်။ အရှင်မထားသင့်ဟု အချိန်တိုင်းပြောခဲ့ဖူးသည်။ အခွင့်ရတိုင်း သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ထိုနေ့ကလည်း..

"သား... ဘာမှမစဥ်းစားနဲ့တော့။ အခု အဖေနဲ့ပြန်လိုက်ခဲ့။ ပြန်ကြရအောင်။"

"ဘယ်ပြန်မလို့လဲ နတ်ဆိုးကိုးကွယ်သူ ခေါင်းဆောင်ကြီးရဲ့.."

ဟိန်းထွက်လာသော စကားသံကြီးကြောင့် အားလုံးလန့်သွားသည်။ တောနက်သစ်ပင်ကွယ်များမှ လူများ အလျှိုလျှိုထွက်ပေါ်လာကြသည်။ မြို့ငယ်လေးမှ လူများဖြစ်သည်။ အားလက်စ်တို့၏ ဆိုင်ရှင်အပါအ၀င် ဖလော်ရာကို အပိုင်သိမ်းချင်နေသည့် လူ၀ကြီးလည်းပါသည်။ သူတို့အားလုံး နောက်ယောင်ခံ အသံတိတ်လိုက်လာကြဟန်တူသည်။ မီးတုတ်များကို ယခုမှ ထွန်းညှိနေကြသည်။ လူလေးဆယ်လောက်ရှိသည့် လူအုပ်ကြီးမှာ တုတ်များ၊ ဓါးများနှင့်ဖြစ်သည်။ အားလုံး၏မျက်နှာမှာ ခြောက်ခြားခြင်း၊ မှုန်းတီးခြင်းများနှင့် ကြောက်စရာကောင်းနေသည်။ အားလက်စ်၏ ဖခင်ဖြစ်သူမှာ စိုးရိမ်စွာ ရှင်းပြရန် ကြိုးစားလိုက်သည်။

"ဆ..ဆရာကြီးတို့ အထင်မှားနေကြပြီ။"

"ဘာမှအထင်မှားစရာအကြောင်းမရှိဘူး။ ကျုပ်တို့ခင်ဗျားကို မသင်္ကာတာ ကြာလှပြီ။ အခုတော့ လက်ပူးလက်ကြပ်မိပြီ။ ဒါတွေက ဘာတွေလဲ။"

သွေးများရှိနေသည့် သံဇလုံကြီးကို ခြေထောက်နှင့်ကန်ကာ လူ၀ကြီးက ပြောလိုက်သည်။ နတ်ဆိုး‌ဂေါဒထားခဲ့သော စားကြွင်းစားကျန်များသည် လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ လူအုပ်စုထဲမှ နားရွက်ကားကားနှင့် လူတစ်ယောက်သည် ရှေ့သို့ထွက်လာပြီး သံဇလုံနားမှ လူတစ်ယောက်ကို ဖမ်းဆွဲကာ လက်ဖျံမှ အ၀တ်စကို ဖယ်လိုက်သည်။ ဓါးနှင့်လှီးထားသော ဒဏ်ရာကြီးမှာ ထင်းနေသည်။

"ဒီမှာလေ။ အခုပဲ ကိုယ့်ကိုယ်ကိုယ် ယဇ်ပူဇော်ပြီး နတ်ဆိုးကို ကိုးကွယ်ထားတာ။ ခင်ဗျားတို့ ငြင်းဖို့ မကြိုးစားနဲ့။"

"ကျုပ်တို့နတ်ဆိုးတွေနဲ့ အဆက်အသွယ်ရှိတယ်။ ဒါပေမဲ့ ကိုးကွယ်တာ မဟုတ်ဘူး။ ကျုပ်တို့ကိုးကွယ်တာ နတ်ဘုရားဒန်နရယ်ကို.."

အားလက်စ်ဖခင်သည် မငြင်းသာတော့သဖြင့် အမှန်ကို ၀န်ခံလိုက်သည်။ သို့ပေမဲ့ လူအုပ်စုကြီးထံမှ လှောင်ရယ်သံများသာ ကြားလိုက်ရသည်။

"ခင်ဗျား သွေးရူးသွေးတန်း လျှောက်ပြောမနေနဲ့။"

"ကျုပ်တို့အုပ်စုဟာ နတ်ဘုရားတွေနဲ့ ထားခဲ့တဲ့ကတိကို စောင့်ထိန်းဖို့ ကြိုးစားနေကြသူတွေ။"

"တော်စမ်း။ သေခါနီး ကတောင်ချောင်ချားတွေ ပြောမနေနဲ့။ ခင်ဗျားကြီးကို ကျုပ်တို့စောင့်ကြည့်နေတာ ကြာလှပြီ။"

"အေးလေ။ ဒီမှာ.. နတ်ဆိုးတစ်ကောင် ဒီနေရာမှာ ရှိခဲ့တယ်ဆိုတာ သက်သေအပြည့်အ၀ရှိတယ်။ ခင်ဗျားပြောသလို နတ်ဘုရားကို ကိုးကွယ်တယ်ဆိုရင် အဲ့ဒီ့ နတ်ဘုရားဒန်နရယ်ကို ကိုယ်ထင်ပြခိုင်းလိုက်လေ ဟား ဟား.."

"အို.. အရှင်ဒန်နရယ်က ရှင်တို့ကိုယ်ထင်ပြခိုင်းတိုင်း ပြရမလား။"

"ဟေ့ ပြည့်တန်ဆာမ။ ညည်း၀င်မပါနဲ့။"

"သတ်ပစ်စမ်းကွာ။ ကြာတယ်။ တစ်ယောက်မှ အရှင်မထားနဲ့။"

"ကျန်တဲ့လူတွေ သတ်ပစ်။ ဟိုကောင်မကို အရှင်ထား။ ငါယူမယ်။ ဟား ဟား.."

လူ၀ကြီး၏ စကားအဆုံးတွင် လူအုပ်ကြီးသည် သွေးကြွလာကာ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ တစ်ယောက်ယောက်က စလိုက်သည်နှင့် မိမိပါ ပါ၀င်ရန် ဓါးများကို ခပ်ဆဆကိုင်ရင်း ရှေ့တိုးလာကြသည်။ အားလက်စ်၏ ဖခင်သည် လက်ထဲမှ ဓါးတိုကို အသင့်ကိုင်ရင်း နောက်ဘက်သို့ ခြေလှမ်းဆုတ်နေသည်။ အခြားသူများမှာလည်း အားလက်စ်ဖခင်နားတွင် စုရပ်ကာ ‌ချောက်ချားနေကြသည်။

"သား.. ပြေးတော့.. သမီးလေးကိုခေါ်ပြီး.."

စကားမဆုံးလိုက်။ ဓါးကြီး၀င့်ကာ ပြေး၀င်လာသော လူတစ်ယောက်ကို အားလက်စ် မြင်လိုက်ရသည်။ မျက်စိများပြာသွားသည်။ ဘာမှမမြင်တော့။ ထိုလူကို အတင်း၀င်လုံးလိုက်သောကြောင့် မြေပြင်ပေါ်သို့ နှစ်ယောက်လုံးလဲကျသွားသည်။ အားလက်စ်သည် လက်သီးကိုမြှောက်ကာ ထိုသူ၏ မျက်နှာကို ထိုးချလိုက်သည်။

"ခွပ်.."

ကြက်ဥပြုတ်တစ်လုံးပေါ်သို့ လေးလံသော ကျောက်ခဲတစ်လုံး ပြုတ်ကျသွားသလိုပင်။ ဓါးကိုင်ထားသူမှာ အသံပင် မထွက်နိုင်။ အားလက်စ်၏ လက်သီးချက်အောက်တွင် ဦးခေါင်းတစ်ခုလုံး မွမွကြေသွားသည်။ သွေးများ ဖြန်းခနဲ ပန်းထွက်ကာ ဦးနှောက်စများ၊ အရိုးစများသည် ‌‌ေ၀းလံသောနေရာများအထိ လွင့်စင်သွားသည်။

ဖလော်ရာ့မျက်နှာတွင် သွေးမရှိတော့။ ကျယ်လောင်စွာ အော်လိုက်ရင်း မတ်မတ်မရပ်နိုင်တော့သလို ယိုင်သွားသည်။ အားလက်စ်ကိုယ်တိုင်လည်း အံ့သြသင့်သွားသည်။ ကိုယ်ခန္ဓာအတွင်းမှ ခွန်အားများသည် ထိန်းမရလောက်အောင် တိုးလာသလိုပင်။ ‌ဒေါသနှင့် ခါးသီးမှုများသည် မိမိအသွေးအသားထဲမှာ ပူလောင်နေသည်။ မီးတောက်အတွက် လိုအပ်သော မီးစာများလို တွန်းအားပေးနေသည်။ လူတစ်ယောက် သူ့ကြောင့် သေဆုံးသွားသည်ကို မည်သို့မျှ မခံစားရ။ အားလက်စ်၏ မျက်လုံးနက်များသည် သွေးရောင်လွှမ်းလာသည်။

"သတ်ကြ.."

"မိစ္ဆာကောင်.."

"တစ်ယောက်မှအရှင်မထားနဲ့.."

အော်သံတွေ၊ ခေါ်သံတွေ။ နားထဲမှ ကြားနေရသည်။ သွေးနံ့ကိုရသည်။ သူ့လက်မှာ လူသေ၏ သွေးတွေရဲရဲနီအောင် ပေနေသည်။ စေးကပ်နေသည်။ ညှီစို့စို့မဟုတ်။ နှစ်လိုဖွယ်ရာပင်။ မိမိဘာလုပ်နေသည်ကို အားလက်စ်မသိတော့။ လျှာဖျားမှ စိမ့်နေအောင် နှစ်လိုဖွယ်အရသာတစ်ခုကို ခံစားလိုက်ရသည်။ သွေးများပေနေသော လက်ချောင်းများသည် အားလက်စ်၏ နှုတ်ခမ်းနားမှာ။ ၀မ်းဗိုက်တစ်နေရာမှ ဆူးချွန်နှင့်ထိုးခံလိုက်ရသလို ဆာလောင်လာသည်။

သူသည် လူသွေးကို တောင့်တနေသည်လား။

"သား.. သား ငယ်.. မလုပ်နဲ့.."

"အားလက်စ်.."

မိမိလက်မောင်းကို ဆုပ်ကိုင်ထားသော ဖခင်။ သွေးပေနေသောလက်ကို အားလက်စ်၏ ပါးစပ်နားမှ အတင်းဆွဲဖယ်နေသည်။ မျက်လုံး၀ိုင်းများနှင့် ပြူးကျယ်ကြောက်လန့်နေသော ဖလော်ရာ။ အားလက်စ် ခေတ္တခဏမျှ တွေ‌ေ၀သွားသည်။

"အား..."

အသံနက်ကြီးကို ကြားလိုက်ရသည်။ အားလက်စ်ဖခင်၏ နောက်လိုက်တစ်ယောက်ထံမှ ဖြစ်သည်။ အော်သံကြီးနှင့် မရှေးမနှောင်းမှာပါ ခေါင်းပြတ်ကြီးတစ်ခုသည် အားလက်စ်ခြေရင်းထိ လိမ့်လာသည်။ ထိုသူ၏ ခေါင်းမပါသောကိုယ်ခန္ဓာကြီးကတော့ မတ်မတ်ကြီးရပ်နေရာမှ ဒူးထောက်ကျသွားသည်။ ထို့နောက် ဗိုင်းခနဲလဲကျကာ အကြောလိုက်နေသည်။ စီးထွက်လာသော သွေးများသည် မြင်မကောင်းအောင်။ ချွဲပစ်‌စေးထန်းနေသည်။ လူအုပ်စုကြီးထံမှ ‌ေ၀းခနဲ ၀ါးခနဲ အားပေးသံများထွက်ပေါ်လာသည်။

"အားလုံးကို အသေသတ်"

"မိစ္ဆာကောင်ကို အရှင်မထားနဲ့။"

ထိုအမည်သည် သူနှင့်မစိမ်းသက်။ ဒီအသံတွေကို ကြားဖူးသည်။ ဒီလိုမျိုး လူအုပ်စုကြီးကို မြင်ဖူးသည်။ ထင်ရှူးတောထဲတွင် ကြောက်လန့်တကြားပြေးလွှားနေသော ကလေးငယ်တစ်ယောက်၏ ပုံရိပ်ကို မြင်ယောင်နေသည်။ မိမိပခုံးပေါ်မှ ဖခင်ဖြစ်သူ၏လက်ကို အားလက်စ် ဆွဲဖယ်လိုက်သည်။ မတ်မတ်ရပ်ကာ ရှေ့ခြေတစ်လှမ်းတိုးလိုက်သည်။ ဘာလက်နက်မှ မကိုင်ထား။ လက်နှစ်ဖက်ကို ဘေးမှာ သက်သောင့်သက်သာ ချထားသည်။ လူအုပ်ကြီးကို စူးစိုက်ကြည့်နေသော မျက်လုံးများတွင် ကြောက်လန့်မှု စိုးစဥ်းမျှမရှိ။ လက်ဖျားထိပ်မှ သွေးတစ်စက်သည် မြေပြင်ပေါ်သို့ တောက်ခနဲ ကျသွားသည်။

လူအုပ်ကြီးသည် ပြောင်လက်နေသော ဓါးရှည်ကြီးများကို၀င့်ကာ အားလက်စ်ရှိရာ ပြေးလာနေသည်။

..........


နတ္ဆိုးေဂါဒသည္ အားလက္စ္ဖခင္ကို ပခုံးမွဆြဲကာ တြန္းဖယ္လိုက္သည္။ သြားခၽြန္မ်ားအားလုံးေပၚလာသည္အထိ ပါးစပ္ႀကီးကိုျဖဲကာျပဳံးၿပီး အားလက္စ္တို႔ရွိရာ ေလၽွာက္လာသည္။ အေပါက္အျပဲ အနာဒဏ္ရာမ်ားႏွင့္ ျပည့္ေနေသာ ေတာင္ပံႀကီးသည္ ေနာက္မွာ တန္းလန္းႀကီးပါလာသည္။

"ကေလးမေလးရဲ့ ေသြးနံ့က ေမႊးေနတာပဲ ဟဲ ဟဲ.."

ဖေလာ္ရာတို႔ေတာထဲေရာက္လာခ်ိန္ကတည္းက ‌ေဂါဒေနာက္ေယာက္ခံလိုက္ေနခဲ့ျခင္းျဖစ္သည္။ ဒန္နရယ္ေၾကာင့္ လူသားမ်ားကို အႏၲရာယ္မျပဳရဲေပမယ့္ ေသြးနံ့ရတိုင္း ဆာေလာင္မႈကို မထိန္းနိုင္။

"ဒါ..ဒါ.. က်ဳပ္ရဲ့သားပါ အရွင္ေဂါဒ။ သူ က်ဳပ္တို႔အဖြဲ႕၀င္မဟုတ္ဘူး။ ဒီအေၾကာင္းေတြလည္း ဘာမွမသိဘူး။"

အားလက္စ္ဖခင္မွာ လဲက်ေနရာမွ ကုန္း႐ုန္းထေနသည္။ အားလက္စ္သည္ ဖေလာ္ရာကိုကိုယ္ႏွင့္ကြယ္ရင္း မိမိေရွ႕မွ နတ္ဆိုးကို မေၾကာက္မရြံ့ စိုက္ၾကည့္ေနသည္။ ဖေလာ္ရာေလးမွာမူ အားလက္စ္၏ အကၤ်ီေက်ာေနရာကို အတင္းဆုပ္ထားရင္း မ်က္စိမဖြင့္ရဲ။

ေဂါဒ ေျခလွမ္းရပ္သြားသည္။ အားလက္စ္ကို ငုံ႔ၾကည့္ေနေသာ မ်က္လုံးမ်ားသည္ ျပဴးက်ယ္လာသည္။ ႏွာေခါင္းကိုရႈံ႔ပြရင္း ေလထဲတြင္ အနံ့ခံေနသည္။ ထိုေနာက္တြင္ေတာ့ မိမိေရွ႕မွ အားလက္စ္ကို ျပန္ငုံ႔ၾကည့္သည္။ ေဘးႏွစ္ဖက္မွ ေခါင္းမ်ားထံမွ အသံမ်ိဳးစုံထြက္လာသည္။ ဘာမွနားမလည္နိုင္ေလာက္သည့္ ထစ္ထစ္အအ စကားမ်ားျဖစ္သည္။ အခ်င္းခ်င္း အျငင္းပြားေနသည့္ဟန္တူသည္။

အားလက္စ္ကို အာ႐ုံစူးစိုက္ေနေသာ ေဂါဒသည္ ႐ုတ္တရက္ အာ႐ုံေျပာင္းသြားသည္။ ေတာစပ္ေနရာကို လွမ္းၾကည့္ရင္း မာန္ဖီသံႀကီးျပဳသည္။ ထို႔ေနာက္တြင္ေတာ့ အားလုံးကိုေက်ာခိုင္းကာ ေတာနက္ထဲသို႔ ေတာင္ပံစုတ္ႀကီးကို တရြတ္တိုက္ဆြဲကာ ေျပး၀င္သြားသည္။ ေသြးမ်ားရွိေနေသာ သံဇလုံႀကီးကိုပင္ ယူသြားရန္ သတိမရေတာ့။ ေဂါဒထြက္သြားသည္ႏွင့္ အားလက္စ္ရွိရာသို႔ ဖခင္ျဖစ္သူ ေရာက္လာခဲ့သည္။

"သားတို႔ဒီမွာ ဘာလုပ္ေနတာလဲ။"

"ဒါ ကၽြန္ေတာ္ေမးရမယ့္ ေမးခြန္း။"

"ဒါ..ဒါက.."

ဖခင္ျဖစ္သူသည္ ဆြံ့အေနသည္။ အားလက္စ္ ေတာက္တစ္ခ်က္ကို က်ယ္ေလာင္စြာ ေခါက္လိုက္သည္။

"ေဖေဖ ဘာေတြလုပ္ေနလဲ။ ကၽြန္ေတာ့္ကိုေျပာ။ ေဖေဖ့တစ္သက္လုံး ဒီနတ္ဆိုးေတြကိုအစာေကၽြးေနတဲ့ အလုပ္ကို လုပ္ေနတာလား။ ကိုးကြယ္ေနတာလား။ ဟုတ္လား။"

"မဟုတ္ဘူး သား။ ငါေရာ မင္းေမေမေရာက အရွင္ဒန္နရယ္ကို ယုံၾကည္ကိုးကြယ္ၾကသူေတြ။ ေဖေဖတို႔တင္မဟုတ္ဘူး။ ဘိုးဘြားစဥ္ဆက္ ကိုးကြယ္လာၾကတာ။ သား မသိေသးတာေတြ အမ်ားႀကီးရွိတယ္။ အရွင္ဒန္နရယ္ေၾကာင့္သာ ငါတို႔လူသားေတြအားလုံး အခုထိ.."

စကားသံမ်ားကို အားလက္စ္ မၾကားေတာ့။ ေခါင္းေတြ ထိုးကိုက္လာသည္။ အျမင္အာ႐ုံမ်ား‌‌ေ၀၀ါးလာသည္။ ျမဴမႈန္မ်ား‌ၾကားေရာက္ရွိသြားသလို ဘယ္အရာကိုမၽွ သဲကြဲစြာ မျမင္ရေတာ့။

"နင္.. နင္.. ေစတန္.."

မီးေတာက္မ်ားၾကားမွ မိန္းမတစ္ေယာက္။ မိမိကို လက္ညႇိုးညႊန္ေနသည္။ မုန္းတီးရြံရွာမႈမ်ားႏွင့္ ျပည့္ေနေသာမ်က္လုံးမ်ားသည္ ေလာင္ကၽြမ္းေနေသာ မီးေတာက္မ်ားလို ရဲရဲေတာက္ေနသည္။ ေတာင္ပံခတ္သံမ်ားကို ၾကားေနရသည္။ မ်က္လုံးနီမ်ားႏွင့္ က်ီးကန္းႀကီးမ်ား ေနရာအႏွံ့ပ်ံသန္းေနသည္။ ဦးေခါင္းထက္မွာ၊ ေဘးပတ္၀န္းက်င္မွာ။ ဘယ္ေနရာမွမလြတ္။

"အားလက္စ္.. အားလက္စ္.."

"မမ.."

သူ႔ပခုံးကို အတင္းလႈပ္ခါေခၚေနသည့္ ဖေလာ္ရာ။ အိပ္မက္ဆိုးတစ္ခုမွ နိုးထလာသူတစ္ေယာက္လို အားလက္စ္ ေမာပန္းေနသည္။ အသက္ရႉမ၀။ ခါးသီးေသာခံစားမႈတစ္ခုသည္ လၽွာဖ်ားမွသည္ တစ္ကိုယ္လုံးကို ကူးစက္သြားသလိုပင္။

"မမ.. ေမေမ.. ကၽြန္ေတာ့္ အေမ.."

မိမိကို မုန္းတီးသည့္ မိခင္။ မိမိကို ရြံရွာသည့္ မိခင္။ မိမိကို ေစတန္ဟု ေခၚကာ ေသဆုံးသြားခဲ့သည့္ မိခင္ကို အားလက္စ္ ျမင္ေယာင္ေနသည္။

"သား.. မင္း.. မင္း"

"ဟုတ္တယ္ ေဖေဖ။ ကၽြန္ေတာ္ သတိရၿပီ။ ရြာက ကေလးေတြက ေမေမ့ကို စုန္းမႀကီးလို႔ ေခၚၾကတယ္ မဟုတ္လား။ ဘာျဖစ္လို႔လဲ။ ဘာျဖစ္လို႔ ဒီအေၾကာင္းေတြကို ကၽြန္ေတာ္ ေမ့ေနရတာလဲ။"

"သူက စုန္းမ မဟုတ္ဘူး သား။ လူသားေပမယ့္ နတ္ဘုရားေတြ ေပးခဲ့တဲ့ တန္ခိုးအစြမ္းကိုရခဲ့တဲ့ ေဆြစဥ္မ်ိဳးဆက္က ဆင္းသက္လာတဲ့သူ။ သားအေမက စုန္းမ မဟုတ္သလို အ႐ူးတစ္ေယာက္လည္း မဟုတ္ဘူး သား။ သူ.. သူက.. အၾကားအျမင္ရတဲ့သူ.."

အားလက္စ္ဖခင္၏ ေနာက္ဆုံးစကားသံမ်ားသည္ တိုးသက္သြားသည္။

အၾကားအျမင္ရတဲ့သူ..

အားလက္စ္ ေခါင္းေတြ ပိုကိုက္လာသည္။ ခံရခက္သည့္ ခါးသီးဆိုးရြားသည့္ ခံစားခ်က္မ်ားသည္ မိမိတစ္ကိုယ္လုံးက ေသြးေတြကို ပြက္ပြက္ဆူလာေစသည္။ ေခါင္းတစ္ခုလုံး ေပါက္ကြဲထြက္ေတာ့မတတ္ ပူလာသည္။ မိခင္သည္ သူ႔ကို တစ္ခ်ိန္လုံး မိစၧာေကာင္ဟု ေခၚခဲ့သည္။ အရွင္မထားသင့္ဟု အခ်ိန္တိုင္းေျပာခဲ့ဖူးသည္။ အခြင့္ရတိုင္း သတ္ျဖတ္ရန္ ႀကိဳးစားခဲ့သည္။ ထိုေန႔ကလည္း..

"သား... ဘာမွမစဥ္းစားနဲ႔ေတာ့။ အခု အေဖနဲ႔ျပန္လိုက္ခဲ့။ ျပန္ၾကရေအာင္။"

"ဘယ္ျပန္မလို႔လဲ နတ္ဆိုးကိုးကြယ္သူ ေခါင္းေဆာင္ႀကီးရဲ့.."

ဟိန္းထြက္လာေသာ စကားသံႀကီးေၾကာင့္ အားလုံးလန္႔သြားသည္။ ေတာနက္သစ္ပင္ကြယ္မ်ားမွ လူမ်ား အလၽွိုလၽွိုထြက္ေပၚလာၾကသည္။ ၿမိဳ႕ငယ္ေလးမွ လူမ်ားျဖစ္သည္။ အားလက္စ္တို႔၏ ဆိုင္ရွင္အပါအ၀င္ ဖေလာ္ရာကို အပိုင္သိမ္းခ်င္ေနသည့္ လူ၀ႀကီးလည္းပါသည္။ သူတို႔အားလုံး ေနာက္ေယာင္ခံ အသံတိတ္လိုက္လာၾကဟန္တူသည္။ မီးတုတ္မ်ားကို ယခုမွ ထြန္းညႇိေနၾကသည္။ လူေလးဆယ္ေလာက္ရွိသည့္ လူအုပ္ႀကီးမွာ တုတ္မ်ား၊ ဓါးမ်ားႏွင့္ျဖစ္သည္။ အားလုံး၏မ်က္ႏွာမွာ ေျခာက္ျခားျခင္း၊ မႈန္းတီးျခင္းမ်ားႏွင့္ ေၾကာက္စရာေကာင္းေနသည္။ အားလက္စ္၏ ဖခင္ျဖစ္သူမွာ စိုးရိမ္စြာ ရွင္းျပရန္ ႀကိဳးစားလိုက္သည္။

"ဆ..ဆရာႀကီးတို႔ အထင္မွားေနၾကၿပီ။"

"ဘာမွအထင္မွားစရာအေၾကာင္းမရွိဘူး။ က်ဳပ္တို႔ခင္ဗ်ားကို မသကၤာတာ ၾကာလွၿပီ။ အခုေတာ့ လက္ပူးလက္ၾကပ္မိၿပီ။ ဒါေတြက ဘာေတြလဲ။"

ေသြးမ်ားရွိေနသည့္ သံဇလုံႀကီးကို ေျခေထာက္ႏွင့္ကန္ကာ လူ၀ႀကီးက ေျပာလိုက္သည္။ နတ္ဆိုး‌ေဂါဒထားခဲ့ေသာ စားႂကြင္းစားက်န္မ်ားသည္ လတ္လတ္ဆတ္ဆတ္ ရွိေနေသးသည္။ လူအုပ္စုထဲမွ နားရြက္ကားကားႏွင့္ လူတစ္ေယာက္သည္ ေရွ႕သို႔ထြက္လာၿပီး သံဇလုံနားမွ လူတစ္ေယာက္ကို ဖမ္းဆြဲကာ လက္ဖ်ံမွ အ၀တ္စကို ဖယ္လိုက္သည္။ ဓါးႏွင့္လွီးထားေသာ ဒဏ္ရာႀကီးမွာ ထင္းေနသည္။

"ဒီမွာေလ။ အခုပဲ ကိုယ့္ကိုယ္ကိုယ္ ယဇ္ပူေဇာ္ၿပီး နတ္ဆိုးကို ကိုးကြယ္ထားတာ။ ခင္ဗ်ားတို႔ ျငင္းဖို႔ မႀကိဳးစားနဲ႔။"

"က်ဳပ္တို႔နတ္ဆိုးေတြနဲ႔ အဆက္အသြယ္ရွိတယ္။ ဒါေပမဲ့ ကိုးကြယ္တာ မဟုတ္ဘူး။ က်ဳပ္တို႔ကိုးကြယ္တာ နတ္ဘုရားဒန္နရယ္ကို.."

အားလက္စ္ဖခင္သည္ မျငင္းသာေတာ့သျဖင့္ အမွန္ကို ၀န္ခံလိုက္သည္။ သို႔ေပမဲ့ လူအုပ္စုႀကီးထံမွ ေလွာင္ရယ္သံမ်ားသာ ၾကားလိုက္ရသည္။

"ခင္ဗ်ား ေသြး႐ူးေသြးတန္း ေလၽွာက္ေျပာမေနနဲ႔။"

"က်ဳပ္တို႔အုပ္စုဟာ နတ္ဘုရားေတြနဲ႔ ထားခဲ့တဲ့ကတိကို ေစာင့္ထိန္းဖို႔ ႀကိဳးစားေနၾကသူေတြ။"

"ေတာ္စမ္း။ ေသခါနီး ကေတာင္ေခ်ာင္ခ်ားေတြ ေျပာမေနနဲ႔။ ခင္ဗ်ားႀကီးကို က်ဳပ္တို႔ေစာင့္ၾကည့္ေနတာ ၾကာလွၿပီ။"

"ေအးေလ။ ဒီမွာ.. နတ္ဆိုးတစ္ေကာင္ ဒီေနရာမွာ ရွိခဲ့တယ္ဆိုတာ သက္ေသအျပည့္အ၀ရွိတယ္။ ခင္ဗ်ားေျပာသလို နတ္ဘုရားကို ကိုးကြယ္တယ္ဆိုရင္ အဲ့ဒီ့ နတ္ဘုရားဒန္နရယ္ကို ကိုယ္ထင္ျပခိုင္းလိုက္ေလ ဟား ဟား.."

"အို.. အရွင္ဒန္နရယ္က ရွင္တို႔ကိုယ္ထင္ျပခိုင္းတိုင္း ျပရမလား။"

"ေဟ့ ျပည့္တန္ဆာမ။ ညည္း၀င္မပါနဲ႔။"

"သတ္ပစ္စမ္းကြာ။ ၾကာတယ္။ တစ္ေယာက္မွ အရွင္မထားနဲ႔။"

"က်န္တဲ့လူေတြ သတ္ပစ္။ ဟိုေကာင္မကို အရွင္ထား။ ငါယူမယ္။ ဟား ဟား.."

လူ၀ႀကီး၏ စကားအဆုံးတြင္ လူအုပ္ႀကီးသည္ ေသြးႂကြလာကာ လႈပ္လႈပ္ရွားရွားျဖစ္လာသည္။ တစ္ေယာက္ေယာက္က စလိုက္သည္ႏွင့္ မိမိပါ ပါ၀င္ရန္ ဓါးမ်ားကို ခပ္ဆဆကိုင္ရင္း ေရွ႕တိုးလာၾကသည္။ အားလက္စ္၏ ဖခင္သည္ လက္ထဲမွ ဓါးတိုကို အသင့္ကိုင္ရင္း ေနာက္ဘက္သို႔ ေျခလွမ္းဆုတ္ေနသည္။ အျခားသူမ်ားမွာလည္း အားလက္စ္ဖခင္နားတြင္ စုရပ္ကာ ‌ေခ်ာက္ခ်ားေနၾကသည္။

"သား.. ေျပးေတာ့.. သမီးေလးကိုေခၚၿပီး.."

စကားမဆုံးလိုက္။ ဓါးႀကီး၀င့္ကာ ေျပး၀င္လာေသာ လူတစ္ေယာက္ကို အားလက္စ္ ျမင္လိုက္ရသည္။ မ်က္စိမ်ားျပာသြားသည္။ ဘာမွမျမင္ေတာ့။ ထိုလူကို အတင္း၀င္လုံးလိုက္ေသာေၾကာင့္ ေျမျပင္ေပၚသို႔ ႏွစ္ေယာက္လုံးလဲက်သြားသည္။ အားလက္စ္သည္ လက္သီးကိုေျမႇာက္ကာ ထိုသူ၏ မ်က္ႏွာကို ထိုးခ်လိုက္သည္။

"ခြပ္.."

ၾကက္ဥျပဳတ္တစ္လုံးေပၚသို႔ ေလးလံေသာ ေက်ာက္ခဲတစ္လုံး ျပဳတ္က်သြားသလိုပင္။ ဓါးကိုင္ထားသူမွာ အသံပင္ မထြက္နိုင္။ အားလက္စ္၏ လက္သီးခ်က္ေအာက္တြင္ ဦးေခါင္းတစ္ခုလုံး မြမြေၾကသြားသည္။ ေသြးမ်ား ျဖန္းခနဲ ပန္းထြက္ကာ ဦးေႏွာက္စမ်ား၊ အရိုးစမ်ားသည္ ‌‌ေ၀းလံေသာေနရာမ်ားအထိ လြင့္စင္သြားသည္။

ဖေလာ္ရာ့မ်က္ႏွာတြင္ ေသြးမရွိေတာ့။ က်ယ္ေလာင္စြာ ေအာ္လိုက္ရင္း မတ္မတ္မရပ္နိုင္ေတာ့သလို ယိုင္သြားသည္။ အားလက္စ္ကိုယ္တိုင္လည္း အံ့ၾသသင့္သြားသည္။ ကိုယ္ခႏၶာအတြင္းမွ ခြန္အားမ်ားသည္ ထိန္းမရေလာက္ေအာင္ တိုးလာသလိုပင္။ ‌ေဒါသႏွင့္ ခါးသီးမႈမ်ားသည္ မိမိအေသြးအသားထဲမွာ ပူေလာင္ေနသည္။ မီးေတာက္အတြက္ လိုအပ္ေသာ မီးစာမ်ားလို တြန္းအားေပးေနသည္။ လူတစ္ေယာက္ သူ႔ေၾကာင့္ ေသဆုံးသြားသည္ကို မည္သို႔မၽွ မခံစားရ။ အားလက္စ္၏ မ်က္လုံးနက္မ်ားသည္ ေသြးေရာင္လႊမ္းလာသည္။

"သတ္ၾက.."

"မိစၧာေကာင္.."

"တစ္ေယာက္မွအရွင္မထားနဲ႔.."

ေအာ္သံေတြ၊ ေခၚသံေတြ။ နားထဲမွ ၾကားေနရသည္။ ေသြးနံ့ကိုရသည္။ သူ႔လက္မွာ လူေသ၏ ေသြးေတြရဲရဲနီေအာင္ ေပေနသည္။ ေစးကပ္ေနသည္။ ညႇီစို႔စို႔မဟုတ္။ ႏွစ္လိုဖြယ္ရာပင္။ မိမိဘာလုပ္ေနသည္ကို အားလက္စ္မသိေတာ့။ လၽွာဖ်ားမွ စိမ့္ေနေအာင္ ႏွစ္လိုဖြယ္အရသာတစ္ခုကို ခံစားလိုက္ရသည္။ ေသြးမ်ားေပေနေသာ လက္ေခ်ာင္းမ်ားသည္ အားလက္စ္၏ ႏႈတ္ခမ္းနားမွာ။ ၀မ္းဗိုက္တစ္ေနရာမွ ဆူးခၽြန္ႏွင့္ထိုးခံလိုက္ရသလို ဆာေလာင္လာသည္။

သူသည္ လူေသြးကို ေတာင့္တေနသည္လား။

"သား.. သား ငယ္.. မလုပ္နဲ႔.."

"အားလက္စ္.."

မိမိလက္ေမာင္းကို ဆုပ္ကိုင္ထားေသာ ဖခင္။ ေသြးေပေနေသာလက္ကို အားလက္စ္၏ ပါးစပ္နားမွ အတင္းဆြဲဖယ္ေနသည္။ မ်က္လုံး၀ိုင္းမ်ားႏွင့္ ျပဴးက်ယ္ေၾကာက္လန႔္ေနေသာ ဖေလာ္ရာ။ အားလက္စ္ ေခတၱခဏမၽွ ေတြ‌ေ၀သြားသည္။

"အား..."

အသံနက္ႀကီးကို ၾကားလိုက္ရသည္။ အားလက္စ္ဖခင္၏ ေနာက္လိုက္တစ္ေယာက္ထံမွ ျဖစ္သည္။ ေအာ္သံႀကီးႏွင့္ မေရွးမေႏွာင္းမွာပါ ေခါင္းျပတ္ႀကီးတစ္ခုသည္ အားလက္စ္ေျခရင္းထိ လိမ့္လာသည္။ ထိုသူ၏ ေခါင္းမပါေသာကိုယ္ခႏၶာႀကီးကေတာ့ မတ္မတ္ႀကီးရပ္ေနရာမွ ဒူးေထာက္က်သြားသည္။ ထို႔ေနာက္ ဗိုင္းခနဲလဲက်ကာ အေၾကာလိုက္ေနသည္။ စီးထြက္လာေသာ ေသြးမ်ားသည္ ျမင္မေကာင္းေအာင္။ ခၽြဲပစ္‌ေစးထန္းေနသည္။ လူအုပ္စုႀကီးထံမွ ‌ေ၀းခနဲ ၀ါးခနဲ အားေပးသံမ်ားထြက္ေပၚလာသည္။

"အားလုံးကို အေသသတ္"

"မိစၧာေကာင္ကို အရွင္မထားနဲ႔။"

ထိုအမည္သည္ သူႏွင့္မစိမ္းသက္။ ဒီအသံေတြကို ၾကားဖူးသည္။ ဒီလိုမ်ိဳး လူအုပ္စုႀကီးကို ျမင္ဖူးသည္။ ထင္ရႉးေတာထဲတြင္ ေၾကာက္လန႔္တၾကားေျပးလႊားေနေသာ ကေလးငယ္တစ္ေယာက္၏ ပုံရိပ္ကို ျမင္ေယာင္ေနသည္။ မိမိပခုံးေပၚမွ ဖခင္ျဖစ္သူ၏လက္ကို အားလက္စ္ ဆြဲဖယ္လိုက္သည္။ မတ္မတ္ရပ္ကာ ေရွ႕ေျခတစ္လွမ္းတိုးလိုက္သည္။ ဘာလက္နက္မွ မကိုင္ထား။ လက္ႏွစ္ဖက္ကို ေဘးမွာ သက္ေသာင့္သက္သာ ခ်ထားသည္။ လူအုပ္ႀကီးကို စူးစိုက္ၾကည့္ေနေသာ မ်က္လုံးမ်ားတြင္ ေၾကာက္လန႔္မႈ စိုးစဥ္းမၽွမရွိ။ လက္ဖ်ားထိပ္မွ ေသြးတစ္စက္သည္ ေျမျပင္ေပၚသို႔ ေတာက္ခနဲ က်သြားသည္။

လူအုပ္ႀကီးသည္ ေျပာင္လက္ေနေသာ ဓါးရွည္ႀကီးမ်ားကို၀င့္ကာ အားလက္စ္ရွိရာ ေျပးလာေနသည္။

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

399K 26.7K 23
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘာအမှားကိုမှမကျူးလွန်ခဲ့မိပါဘူး ငါဒီတိုင်...
220K 10.9K 57
မီလျံနာပေါက်စန့ဲ ဘီလျံနာsemeတို့ကြားကlove story အsweet တစ်လိုင်း [×××] No Translation #cv photo crd #10.12.2021ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့တွင် ပြီးမ...
648K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...