Notice : We are in a relation...

By HanXun

261K 31K 5.4K

- ကြ်န္ေတာ္တို႔ႏွစ္ေယာက္ၾကား ဝင္လာတ့ဲသူ ၊ ဝင္လာတ့ဲအရာ မွန္သမွ်ကို ကြ်န္ေတာ္က ဒီအတိုင္းၾကည့္ေနမွာ မဟုတ္ဘူးဆိုတ... More

Act 0.0 We Get Married
Act 1 : I Am Your Boss
Act 2 : It is interesting
Act 3 : Assistant Editor Byun Baekhyun
Act 4 : Do you have a death wish??
Act 5 : How I feel about You
Act 6 : Take you home
Act 6.5 : confess But....
Act 7 : LUHAN, THIS LITTLE RASCAL
Act 8 : Happy New Year Hyung
Act 8.5 : A moment
Act 9 : love you for the rest of my life
Act 10 : Moon, his ex
Act 11 : Jealousy
Act 12 : About to be Boyfriends
Act 13 : Mine
Act 14 : I am in danger zone
Act 15 : I am crazy in love with you
Act 16 : I miss you like you do
Act 17.1 : Blue Night
Act 17.2 : You are the one I love
Act 18 : My Responsibility
Act 19 : I will take your son as mine
Act 20 : I know I own you, Man
Act 21 : Meet my parents
Act 21.1 : The one I choose for life
Act 23 : Believe us
Act 24 : L.O.V.E In Pattaya
Act 25 : Everything of me means Babe
Act 26 : There is no give up

Act 22 : Let me know when to propose to u

5.6K 801 113
By HanXun


ကတိအထပ္ထပ္ေတာင္းျပီးသည့္ေနာက္မွာ Chan Yeolသည္ Baek Hyunကို ႒ာနသို႔ကိုယ္တိုင္ျပန္ပို႔
ေပးခ့ဲသည္။

Lu Han ၏ စူးစမ္းသလိုအၾကည့္ကို ခပ္ႏြမ္းႏြမ္းျပံဳးကာ
တုံ႕ျပန္ျဖစ္သည့္ေနာက္ Lu Hanက သက္ျပင္းေမာကိုခ်
သည္။

"က်ေနာ္ ညေနက်ရင္ Baek Hyun ကိုခဏေခၚသြား
လို႕ရမလား?"

Baek Hyunလက္ကိုဆြဲျပီး Lu Han ကခြင့္ေတာင္း
လာသည္။ Chan Yeol ေခါင္းညိမ့္လိုက္မိသည့္အခါ
Lu Han က ေက်းဇူးတင္ေၾကာင္းေျပာလို႔ Hyunee
ကိုေခၚျပီး ႒ာနထဲသို႕ဝင္သြားသည္။

ရင္ထဲေလးလွသည္။ ကေလးကို သူကာကြယ္မေပးႏိုင္မွာ
ဆိုးသည္။ ရွိသမွ် ေရစက္ေတြျဖတ္ထုတ္ျပီးသည့္တိုင္
သူ႕အေပၚလက္မေလွ်ာ့ႏိုင္ၾကသည့္ မိသားစုဝင္မ်ားကို
သူထိပ္တိုက္ေတြ႕မွျဖစ္ေတာ့မည္။

"Boss ??"

"အင္း !"

"အစ္မ Yooraဖုန္းဆက္လာတယ္ ညေနက်ရင္
အိမ္လာခ့ဲပါတ့ဲ "

ရုံးခန္းသို႔ေျခခ်သည္ႏွင့္ အတြင္းေရးမွဴးKim ကထို
စကားကိုဆီးေျပာသည္။ မ်က္ႏွာမသာမယာႏွင့္မို႔ သူ႔
အတြင္းေရးမွဴး စိတ္အေျခအေနမေကာင္းဟု Chan Yeol သတိထားမိပါသည္။ ဒါကလည္း သူႏွင့္ပတ္သတ္
ေနမည္ဟုထင္ရျပန္သည္။

"ေျပာ Jong Daeဘာျဖစ္လို႔လဲ ?"

စကားတခြန္းမဆိုပဲ မ်က္စိေရွ႕ထုိးျပလာသည့္ Tablet
ေပၚတြင္ သတင္းတခ်ိဳ႕ကိုေတြ႔ရသည္။ စာလုံးအၾကီး
ၾကီးေတြျဖင့္ ေရးသားထားသည္က Park Group
၏ ဆက္ခံသူသည္ ေယာက်္ားေလးတေယာက္ကိုတြဲေန
ပါသည္ဆိုသည့္သတင္း ။ထို႔ေနာက္ Chan Yeol
ဦးေဆာင္ထားသည့္ ပတၱရားက Hotel Projectတြင္
ရင္းႏွီးျမဳပ္ႏွံသူေတြထြက္သြားသည့္သတင္း ။

Chan Yeol တခ်က္ျပံဳးသည္။

"စီနီယာ Chan Yeol"

"ေအး ေျပာ"

"စီနီယာ အ့ဲေကာင္ေလးကို တကယ္ခ်စ္တာလား ?"

အတြင္းေရးမွဴးစကားေၾကာင့္ Chan Yeol မ်က္ခုံးပင့္
သည္။ သူ႔ဆီတြင္ အတြင္းေရးမွဴးအျဖစ္ အလုပ္ဝင္
သည့္အခ်ိန္ကစျပီး ကိုယ္ေရးကိုယ္တာမ်ားကို
တခြန္းေတာင္ဝင္မစြက္ဖက္ခ့ဲသည့္ Kim Jong Dae
ကထိုသို႔ေမးလာပါသည္တ့ဲ။

"ဘာလို႕ေမးတာတုန္းဟ"

"က်ေနာ္သိတ့ဲ Park Chan Yeol က ခ်စ္တယ္ဆို
တာကို နားလည္တ့ဲသူမဟုတ္ဘူး။ ေနာက္ျပီး ခ်စ္တယ္
ဆိုတာနဲ႕ အကုန္လုံးကိုစြန္႔လႊတ္မ့ဲသူမဟုတ္ဘူး က်ေနာ့္
အျမင္ပါ"

"Jong Dae မင္းကတကယ္ရယ္ရတ့ဲေကာင္"

ရယ္ကာေမာကာဆိုေတာ့ အတြင္းေရးမွဴးKim မ်က္ႏွာ
စူပုတ္သြားျပီး Tabletကိုေဆာင့္ၾကီးေအာင့္ၾကီးသိမ္း
သည္။ Chan Yeolကေတာ့ မ်က္ရည္မ်ားဆို႔သည္
ထိရယ္ေမာေနပါျပီးေနာက္ Jong Daeကိုခပ္ဖြဖြျပံဳး
ၾကည့္ျပီး

"ငါအကုန္လုံးကိုစြန္႔လႊတ္မယ္မေျပာပါဘူး
ငါရသင့္ရထိုက္တာကို ငါအကုန္ယူဦးမွာ
အင္း မလႊဲသာလို႔ စြန္႔လႊတ္ရမယ္ဆိုရင္လဲ ငါစြန္႔လႊတ္
ႏိုင္တယ္"

အတြင္းေရးမွဴး Kim မွ မ်က္ေမွာင္က်ဳံ႕ကာသက္ျပင္းေမာခ်လ်က္ သူ၏သူေဌးကိုၾကည့္သည္။ သူ႔အၾကည့္ထဲ
တြင္ အခ်စ္ရူးရူးေနျပီျဖစ္ေသာBossအား အင္မတန္
သနားေနမႈမ်ားပါဝင္သည္။

"Jong Dae "

"ဟုတ္ "

"ငါ့ကိုမသနားပဲ ဒီအရြယ္ထိအျဖစ္မရွိေသးတ့ဲ ကို္ယ့္
ဟာကိုသာ သနားစမ္းပါ"

"ဟာ BOSSS"

အရိႈက္ကိုပင့္ထိုးလိုက္သည့္ႏွယ္ ေျပာဆိုျပီးေနာက္
၄င္း Bossသည္ သာသာယာယာပင္အခန္းထဲဝင္
သြားေလေတာ့သည္။

• We Are in a Relationship •

ေခၚသြားမည္ဆိုျပီး Lu Han ဆြဲေခၚလာတာ သူတို႔
တက္ခ့ဲသည့္အထက္တန္းေက်ာင္းျဖစ္သည္။

ေက်ာင္းသားေတြမရွိေတာ့သည့္ အထက္တန္းေက်ာင္း၏
ညဘက္ေရာက္ခါစအခ်ိန္သည္ လွ်ပ္စစ္မီးတိုင္မ်ားျဖင့္
သာလင္းေနသည္။

လက္တဖက္က စားစရာ ေသာက္စရာအျပည့္ပါသည့္
အိတ္ကိုဆြဲျပီး တျခားတဖက္က Baek Hyunလက္ကို
ဆြဲျပီး Lu Han ကေဘာလုံးကြင္းရွိရာသို႔ဦးေဆာင္ေခၚ
သြားသည္။

ေက်ာင္း၏ေဘာလုံးကြင္းက သူတို႔အတြက္ အမွတ္တရ
အင္မတန္မ်ားသည္။ စာမွစာ တစာစာလုပ္ခ့ဲေသာ
Baek Hyunကို Lu Hanက ဂုတ္ကေနအတင္း
ဆြဲမလို႕ သူေဘာလုံးကန္တာကိုလာၾကည့္ေစဖူးသည္။

ဘီယာမဟုတ္ေပမ့ဲ တေယာက္ ေခ်ာကလက္ႏို႔တဘူးစီ
ျဖင့္ကိုင္လ်က္ ညၾကီးမင္းၾကီးလဲ ေဘာလုံးကြင္းကို
ေငးၾကည့္ဖူးသည္။

"ေဘာလုံးသမားျဖစ္ခ်င္တ့ဲေကာင္က ခုေတာ့
စာေရးဆရာျဖစ္လို႔"

Baek Hyunစကားကို Lu Han ကဟက္ဟက္
ပက္ပက္ရယ္သည္။ ငယ္ငယ္တုန္းကျဖစ္ခ်င္တ့ဲဆႏၵ
အတိုင္း ျဖစ္လာရတယ္ဆိုတာ အလြန္ရွားပါးျပီး တန္ဖိုး
ရွိသည့္တိုက္ဆိုင္မႈတစ္ခုဟု Lu Han ထင္သည္။

Beerျမဳပ္ေတြ ႏႈတ္ခမ္းထက္တင္ေနသည့္ Baek Hyunကို Lu Hanကေဘးတိုက္ေငးေမာသည္။

ဒီေကာင္ေလးကို ငယ္ငယ္တည္းက Lu Hanမွာ
တန္ဖိုးထားခ့ဲရသည္။ မိေဝးဖေဝး ေနခ့ဲသည့္သူအတြက္
Baek Hyunက မိသားစုဝင္ျဖစ္သည္။ သူငယ္ခ်င္း
ျဖစ္သည္။ အစ္ကိုျဖစ္သည္။ ညီလဲျဖစ္သည္။

ဆိုလိုခ်င္တာက Baek Hyun စိတ္ထိခိုက္မွာကို
မၾကည့္ရက္ႏိုင္သည့္သူထဲတြင္ Lu Han လဲပါဝင္
သည္။

"Park Chan Yeolတို႔ဘက္က မင္းကိုဘယ္လိုမွ
လက္မခံဘူးမလား ?"

"အင္း "

တိုးေနေသာ္လည္းအက္ရွေနသည့္ေလသံသည္ Lu Han့နားထဲ သံရည္ပူေတြေလာင္းခ်လိုက္သလိုစီးသြား
သည္။ မွတ္မွတ္ရရ Baek Hyun ငိုတာကို Lu Han
တခါလားပဲၾကံဳဖူးသည္။ သူ႔ေမေမ ေဆးရုံတက္ရသည္
ဟုၾကားရေသာအခ်ိန္ တခ်ိန္တည္းသာ Baek Hyun
ငိုတာကိုေတြ႔ဖူးသည္။ ယခုေတာ့ျဖင့္ ဒုတိယအၾကိမ္
ေတြ႔ရေတာ့မည္ထင္သည္။

"ဟြ်န္းနီ "

"ငါငိုရင္ Hyung စိတ္မေကာင္းျဖစ္မွာဆိုးလို႔ ငါမငိုဘူး
"

အဆက္မျပတ္လႈပ္ရွားလာသည့္ မ်က္ေတာင္ေတြေနာက္
မွာ Lu Han က Baek Hyun ကိုေပြ႔ဖက္ထားလိုက္
ေတာ့သည္။ အားကိုးရွိသြားသည့္ႏွယ္ ရိႈက္ၾကီးတငင္
ငိုေၾကြးလာေလ Lu Han မွာ Park မိသားစုကိုအမႈန္႔
က်ိတ္ပစ္ခ်င္လာေလပင္။

"ငါကဘာေတြမျပည့္စုံလို႕လဲ ? ဟန္ရယ္ "

"ငါ ပါပါးကိုလွမ္းေျပာလိုက္မယ္ မင္းကို ငါတို႔
အိမ္ေထာင္စုစာရင္းထဲထည့္ဖို႔။ ျပီးရင္ အ့ဲဒီအိမ္ကို
ပိုက္ဆံေတြ နဲ႕ပစ္ေပါက္ျပီး မင္းအတြက္ Park Chan
Yeolကိုေတာင္းခိုင္းမယ္"

အတည္ေပါက္ၾကီးဆိုသည့္ Lu Hanေၾကာင့္ Baek
Hyun ငိုေနမိရာကေန မ်က္ရည္မ်ားသုတ္ပစ္လိုက္ျပီး
ရယ္ေမာလာသည္။ Lu Han က သူ႕ရင္ခြင္ထဲကေန
ငိုလိုက္ ရယ္လိုက္ျဖစ္ေနေသာ Baek Hyunကို
မေက်မခ်မ္းငုံ႕ၾကည့္သည္။

"ပါပါးဟန္ေတာ့ေသြးအန္မွာပဲ သူ႔သားအရင္းေရာ
ေမြးစားသားေရာက မိန္းမယူမွာမဟုတ္လို႔ေလ"

"လခြီးပဲ ငါကမိန္းမမယူလို႔ ဘာယူရမွာလဲ"

"အယ္ဒီတာခ်ဳပ္Ohကိုယူရမွာေလ"

"fuck ပဲ BYUN BAEK HYUN"

ၾကင္ၾကင္နာနာေထြးေပြ႕ထားရာမွ Lu Han သည္
Baek Hyunကိုအားကုန္သုံးျပီး ေဆာင့္တြန္းပစ္
လိုက္သည္။ မ်က္ရည္မ်ားျဖင့္ေကာင္ငယ္ေလးသည္
ရယ္လို႕မဆုံးေတာ့ပဲ မ်က္ရည္မ်ားကိုပင့္ပင့္သုတ္သည္။

Lu Hanကေတာ့ ႏႈတ္သီးဆူကာ တဖက္လွည့္ေနဆဲ
ျဖစ္လို႕ Baek Hyunကပင္ ေခ်ာ့ေမာ့ကာ ဘီယာေအး
ေအးတဘူးကိုအဆင္သင့္ေဖာက္လို႔ကမ္းေပးရျပန္သည္။

"အ့ဲေပါက္ကရေကာင္အေၾကာင္းထပ္ေျပာရင္ မင္းနဲ႕
ငါအျပတ္ပဲ "

"အင္းပါ သဲေလးရယ္ စိတ္ဆတ္ေနလိုက္တာ"

Lu Han မ်က္ေစာင္းထပ္ခ်ီေတာ့ ႏွစ္ေယာက္သား
ျပိဳင္တူၾကည့္မိၾကသည္။ ေနာက္ေတာ့လဲ အေၾကာင္း
ျပခ်က္မရွိပဲ ဝါးလုံးကြဲေအာ္ရယ္မိၾကျပန္သည္။

ေဘာလုံးကြင္းဘက္ျခမ္းတြင္လုံျခံဳေရးမရွိတတ္သည့္
အတြက္ေတာ္ေသးသည္။ မဟုတ္လွ်င္ သူတို႔ ရယ္ေမာ
ေနပုံမ်ိဳးႏွင့္ လုံျခံဳေရးက သရဲေျခာက္သည္ဆိုကာ
ေၾကာက္လန္႔ေနဦးမည္။

"ငါ မာစတာဆက္တက္မယ္ ။ ေက်ာင္းတက္ရင္း
အလုပ္လုပ္ရင္း သင့္ေတာ္တ့ဲအခ်ိန္တစ္ခုေရာက္ရင္
ကိုယ္ပိုင္စီးပြားေရးတခုလုပ္မယ္"

"ေအာ္ ေယာက်္ားယူဖို႕အတြက္ ရည္မွန္းခ်က္ေတြ
ၾကီးသြားလိုက္တာ"

"မသက "

ကုန္သြားသည့္ဘီယာဘူးခြံျဖင့္ပစ္ေပါက္ျပီး Baek
Hyunကက်ိန္ဆဲသည္။ ထို႔ေနာက္တြင္ ၾကယ္အျပည့္
မရွိသည့္ ေကာင္းကင္ကိုေမာ့ၾကည့္လို႔ သူ႔ခ်စ္သူ
အေၾကာင္းေတြးသည္။

ဟိုးေကာင္းကင္က တပြင့္တည္းေသာ ၾကယ္လိုပဲ
သူ လက္လွမ္းမမွီသည့္ေနရာတြင္ရွိေနသည့္ သူ႔ခ်စ္သူ။

"Park Chan Yeolကလည္းမင္းကိုခ်စ္ပါတယ္"

"အင္း ငါသိတယ္ ။ ဒါေၾကာင့္လည္း ငါသူ႔ကိုမစြန္႔လႊတ္
ႏိုင္တာေပါ့"

ထိုညက သူတို႕ စကားေတြအမ်ားၾကီးေျပာျဖစ္ၾကသည္။

အမ်ားဆုံးေျပာသူက Baek Hyunျဖစ္ျပီး ေျပာျဖစ္
သည့္အေၾကာင္းေတြက Chan Yeolသူ႔ကို
ဘယ္ေလာက္ခ်စ္သည္ဆိုတာပင္။ ေနာက္ ......
Chan Yeol အခ်စ္ကို သူမစြန္႔လႊတ္ရဖို႔ ဘာေတြ
ဘယ္လို ၾကိဳးစားပစ္မည္ဟုလည္းပါေသးသည္။

သူကေတာ့ျဖင့္ ဘယ္ေလာက္ခ်စ္ပါသည္ဟု မဆိုခ့ဲေပ
မ့ဲ ခ်စ္ရသည့္အေၾကာင္းကိုေတာ့ သူ႔အျပံဳးေတြက
တဆင့္ Lu Han ရွာေဖြ႔ေတြ႔ရွိခ့ဲသည့္ ညလည္းျဖစ္ပါ
ေတာ့သည္။

• We Are in a Relationship •

"Hyung Hyunggg Hyung"

မနက္တိုင္း Baek Hyun တို႔အိမ္ငယ္သည္ ဆူညံ
ပြက္ေလာရိုက္သည္။ မနက္ပိုင္းေစာေစာအတန္းခ်ိန္
မ်ားကိုယူထားသည့္ Baek Hyunေၾကာင့္ Chan
Yeolမွာလည္း တခါမွအိပ္ေရးဝဝအိပ္ရသည္မရွွိ။

သူ႕ကေလးမႏိုးခင္ထျပီး ေရမိုးခ်ိဳး ၊ အဝတ္အစားလဲဖို႔
အတြက္လုပ္ေပးရသည္။ အတန္းခ်ိန္ဇယားမ်ားအလိုက္
စာအုပ္စီေပးျပီး မနက္စာျပင္ေပးရသည္။ ထို႔ေနာက္
ကေလးကို ႏိႈးခ့ဲကာ သူကေရေျပးခ်ိဳးသည္။ သူေရခ်ိဳး
လို႕ျပီးခ်ိန္ Baek Hyunက လုံးလုံးလ်ားလ်ားႏိုးေန
ျပီ။

အိပ္ယာထဲေငါင္ေနေသးသည့္ ေကာင္စုတ္ေလးကို
အနမ္းတခ်က္ေပးကာ ေပြ႔ခ်ီျပီးေနာက္ ေရခ်ိဳးဇလုံထဲ
ခ်ေပးရသည္။

"ျမန္ျမန္ခ်ိဳး အသဲ ဒီေန႔အသဲၾကိဳက္တ့ဲ ၾကက္သား
ေခါက္ဆြဲျပဳတ္ထားေပးတယ္"

Baek Hyun ေက်ာင္းျပန္တက္သည့္ အစပိုင္းေန႔မ်ား
မွာေတာ့ Chan Yeol ထိုသို႔ျပင္ဆင္ေပးတာကို
လက္မခံပဲ မလုပ္ပါႏွင့္ဟု တားဆီးသည္။ ေနာက္ေတာ့
လည္း ေန႔စဥ္ရက္ဆက္အလိုလိုက္ခံရမႈမ်ားမွာ Baek
Hyun အက်င့္ျဖစ္သြားေတာ့သည္။

ပင္ပန္းမွာဆိုးလို႕ အလုပ္ပါမလုပ္ေစခ်င္ေပမ့ဲ Baek
Hyunက အတန္းခ်ိန္ျပီးသည္ႏွင့္ companyကို
လာသည္။ ထို႔ေနာက္ ထိုတေန႔အတြက္ အလုပ္ခ်ိန္ ရွစ္
နာရီျပည့္ေအာင္လုပ္ေပးသည္။

"Hyung က်ေနာ့္ဖုန္း !"

"ဒီမွာ "

အေပၚထပ္ေလာင္းကုတ္ကို ကိုယ္တိုင္ကိုယ္က်ဝတ္ေပး
ျပီး Chan Yeolက ေလာင္းကုတ္၏အိပ္ကပ္ထဲတြင္
ထည့္ထားသည့္ဖုန္းကိုပုတ္ျပသည္။ Baek Hyunက
လည္ျပန္ၾကည့္လ်က္ Boss ပါးကိုတခ်က္ေမႊးေတာ့
သြားေတြအျပည့္ေပၚသည့္အျပံဳးၾကီးက ျဖစ္လာျပန္သည္။

"အာ အ့ဲလိုမျပံဳးနဲ႕ဗ်ာ ရုပ္ဆိုးတယ္ "

"မင္းေတာ့"

ရုပ္ဆိုးတယ္ဟုအေျပာခံလိုက္ရသျဖင့္ ကိုၾကီးက
Hyunee၏ နားရြက္ပါးပါးေလးကိုကိုက္ခ်ပစ္ပစ္လိုက္
သည္။ နီရဲသြားေသာနားရြက္ေလးက က်ေနာ္ပိုင္ရွင္ရွိပါ
သည္ဟု ေျပာေနသည့္ႏွယ္ပင္။

မနက္စာစားျပီးသည့္ေနာက္ Chan Yeolက ကိုယ္တိုင္
ကိုယ္က် ေက်ာင္းကိုလိုက္ပို႔သည္။ စကားမစပ္ Baek Hyun၏ကားေလးသည္ ဂိုေထာင္ထဲတြင္ အရိုးေဆြးေန
ျပီျဖစ္သည္။

"ဒီေန႔ ဆယ့္တစ္ အတန္းဆင္းမွာ ?"

"အင္း "

"ကိုယ္လာေခၚမယ္"

"အမ္ ဘာလို႔လဲ "

"မင္းကိုခိုးေျပးမလို႔"

Baek Hyunက သက္ျပင္းခ်ကာေခါင္းခါယမ္းျပီး
ကားေပၚမွဆင္းဖို႕ျပင္သည္။ Chan Yeolမွာ လက္
ေမာင္းေလးကိုအတင္းလွမ္းဆြဲေတာ့ အူတူတူရုပ္ေလး
ျဖင့္လွည့္ၾကည့္ေလသည္။

"Babe ေမ့ေနတာလား "

"ကေလးကလားနဲ႕"

အထာႏွပ္သြားသည့္ Baek Hyunက Chan Yeol
ႏႈတ္ခမ္းကိုတခ်က္နမ္းလာသည္။ Chan Yeol ႏႈတ္ခမ္း
ေတြျပံဳးသြားေပမ့ဲ ခဏၾကာေတာ့ ကားေနာက္ခန္း
ထဲက ေက်ာပိုးအိတ္ကိုလွမ္းယူေပးလိုက္ကာ
Baek Hyunႏႈတ္ခမ္းေလးကိုတခ်က္ျပန္နမ္းျပီးေနာက္

"ကိုယ္ေျပာတာ ကေလးေက်ာပိုးအိတ္ယူဖို႔ေမ့ေနတာ
လို႕"

"ခင္ဗ်ား ေတြ႔မယ္"

မ်က္ႏွာကေလးနီရဲေအာင္ ေဒါသထြက္ အရွက္သည္း
သြားသည့္ Baek Hyunကေတာ့ ကားေပၚကေန
ဝုန္းဒိုင္းက်ဲဆင္းခ်သြားေလသည္။

Chan Yeolမွာေတာ့ အခ်စ္ကေလးကိုၾကည့္ကာ
ရယ္ေမာမျပတ္ပါေလ။

စာေပတိုက္ကို ေရာက္လာသည့္ေနာက္ အလုပ္ေတြက
ဆီးၾကိဳေနသည္။ စာေပတိုက္သည္ သူ႔နာမည္ႏွင့္
သူ႔အပိုင္ျဖစ္ျပီး တႏွစ္ေက်ာ္အၾကာမွာ ပိုလို႔ ေအာင္ျမင္
လာသည္ဟု ေျပာ၍ရသည္။ Park Group ဆက္ခံ
သူအျဖစ္တုန္းက အာရုံစိုက္ေပးေနရသည့္လုပ္ငန္း
ေတြမရွိပါေတာ့ပဲ စာေပတိုက္တခုတည္းကိုသာ ေဇာက္
ခ်လုပ္ကိုင္ခ့ဲေသာေၾကာင့္ျဖစ္လိမ့္မည္။

"ေနာက္လက်ရင္ ဘန္ေကာက္မွာ ေဆြးေႏြးပြဲတစ္ခု
သြားတက္ဖို႕ ကမ္းလွမ္းထားပါတယ္ Boss"

"အင္း အေသးစိတ္mailပို႔ေပး"

"ဟုတ္ ေနာက္ျပီး"

ေျပာသင့္မေျပာသင့္ခ်ီတုံခ်တုံျဖစ္ေနသည့္ အတြင္း
ေရးမွဴးကို Boss ကလွမ္းၾကည့္သည္။ ေမးဆတ္ျပ
လိုက္ကာမွ

"ျပီးခ့ဲတ့ဲ ေျခာက္လတုန္းက Bossထြက္ခ့ဲတ့ဲ ပတၱရား
Hotel Projectေလ "

"အင္း "

"Bossကိုျပန္ကမ္းလွမ္းလာတယ္ "

Park Chan Yeol ေလတခ်က္ခြ်န္လိုက္သည္။
Park Chan Yeolမွ မဟုတ္လွ်င္ ဆက္လုပ္လို႔မရ
တာကို ထိုသူေတြ ေျခာက္လအၾကာမွ သိတာေတာ့ သိပ္
ညံ႔ဖ်င္းလြန္းအားၾကီးသည္။

"က်ေနာ္လက္ခံလိုက္ေတာ့မယ္ေနာ္"

"ေနစမ္းပါဦး တလေလာက္ေတာ့မူပါဦးဟ"

အတြငး္ေရးမွဴးKimက မ်က္ေစာင္းေစြၾကည့္သည္။
ခုခ်က္ခ်င္းပင္လက္ခံခ်င္သည့္ပုံေပၚေနျပီး မူပါဦးမတ့ဲ။

စိတ္ေလေနသည့္အခ်ိန္မွာပင္ Bossခိုင္းထားသည့္
ကိစၥတခုကိုသတိရျပန္သည္။ ထို႔ေၾကာင့္ပင္ ညာဘက္
အိတ္ကပ္ထဲ အသင့္ထည့္ထားသည့္ ေသာ့တေခ်ာင္းကို
Bossဆီကမ္းေပးသည္။

"ေဘာစိ ဒီမွာ ဒီမွာ"

ေသာ့လက္ထဲေရာက္လာသည္ႏွင့္ Boss မ်က္ႏွာမွာ
ဝင္းပသြားျပီး အတြင္းေရးမွဴးKimကို မ်က္စိတဖက္မွိတ္
ျပလို႕ လက္မေထာင္ျပလိုက္ေလသည္။

ထို႔ေနာက္ ခပ္တည္တည္ပင္ ခ်ိတ္ထားသည့္ ကုတ္ကို
ေကာက္ဝတ္ကာ ဆယ္နာရီပင္မခြဲခ်င္ေသးေသာနာရီ
ကိုေမာ့ၾကည့္လို႔

"ငါရုံးဆင္းျပီ"

"ဗ်ာ............"

အလင္းထက္ျမန္ေသာအရွိန္ျဖင့္ Boss မွာ ရုံးခန္းထဲက
ထြက္သြားေတာ့သည္။

စာေပတိုက္ကေနျပီး ဆိုးလ္တကၠသိုလ္ကိုေရာက္ဖို႔
ဘယ္ေလာက္မွမေမာင္းရ။ Baek Hyun ရွိေနႏိုင္
ေလာက္မည့္ အေဆာင္ေရွ႕တြင္ ကားထိုးရပ္လိုက္ျပီး
Chan Yeolတို႔ သူ႔သည္းပြတ္ေလးကိုေစာင့္သည္။

ထြက္လာပါျပီ။ စာအုပ္မႏိုင္မနင္းနဲ႕ ။ ေလွ်ာက်ေန
သည့္မ်က္မွန္ေလးကိုပင့္ကာပင့္ကာႏွင့္။ ေအးသျဖင့္
ႏွာေခါင္းေတြရဲရဲနီေနသည္မွာ ခ်က္ခ်င္း Park Chan
Yeol ေျပးေပြ႔ခ်င္ေလာက္သည္အထိပင္။

ဟြန္းမတီးပဲ Chan Yeolက ကားေပၚမွဆင္းလာ
သည္။ Chan Yeolကျမင္ေတာ့ Baek Hyunက
ျပံဳးျပသည္။ ထို႔ေနာက္ ေက်ာပိုးအိတ္ကိုျပင္လြယ္ျပီး
Chan Yeolဆီမေျပးရုံတမယ္ေလွ်ာက္လာသည္။

"တကယ္လာတာပဲ "

"အင္းေလ ခိုးေျပးမလို႔ပါဆို"

"မလိုက္ဘူး"

"ဟာ လိုက္ရမယ္ေလ မင္း ကိုယ့္ကိုတာဝန္ယူရမယ္"

အသံအက်ယ္ၾကီးျဖင့္ထေအာ္သည့္ေနာက္ Baek Hyunမွာ မ်က္လုံးျပဴးလ်က္ လက္ျဖင့္ပါးစပ္ကိုလွမ္း
ပိတ္သည္။ လက္ေသးေသးေလးက Chan Yeol ၏
ျဖီးေနေသာႏႈတ္ခမ္းကိုအျပည့္မဖုံးႏိုင္။ သို႔ေသာ္လည္း
Chan Yeol ပါးစပ္ပိတ္သြားသည္။

"လာ တက္!!"

Chan Yeol အခ်က္ျပသည့္ေနာက္ Baek Hyun
ကတြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ ကားေပၚတက္သည္။
Park Chan Yeolသည္ ထိုအခါမွ အခ်စ္ကေလးကို
တင္လ်က္ ေက်ာင္းဝန္းထဲကေန ကားကိုေပ်ာ္ေပ်ာ္ၾကီး
ေမာင္းထြက္ခ့ဲေတာ့သည္။

ဆယ္မိနစ္ေလာက္ေမာင္းျပီးသည့္ေနာက္မွာ အိမ္ယာဝင္း
တခုသို႕ေရာက္သည္။ အိမ္ယာဆိုေသာ္လည္း အိမ္
တိုင္း အိမ္တိုင္းက သူ႔ျခံႏွင့္သူ တသီးတသန္႔ျဖစ္ေန
သည္။

Chan Yeol ကားထိုးရပ္လိုက္သည့္ေနရာက အသစ္
စက္စက္ေဆာက္ျပီးဟန္တူေသာ ႏွစ္ထပ္တိုက္အိမ္
တလုံး၏ ျခံဝန္းေရွ႕မွာျဖစ္သည္။

"Hyung !"

"လာ ဆင္းၾကမယ္"

ျခံဝန္းတံခါးကိုဖြင့္လို႔ အိမ္ထဲသို႔ဝင္သည္။ Chan Yeol
က Baek Hyunလက္ကိုခပ္တင္းတင္းဆုပ္ကိုင္ထား
သည္။

အိမ္ထဲတြင္ အိမ္ေထာင္ပရိေဘာဂမရွိ။ ယခုမွ အသစ္
ေဆာက္ျပီးသားအေနအထားတိုင္းရွိေနသည္ကသိသာ
လြန္းသည္။

အေပၚထပ္သို႔ဆက္ထားသည့္ေၾကာင္လိမ္ေလွကားသည္
ဧည့္ခန္းအလယ္တြင္ရွိသည္။ ထိုေလွကားေဘးတြင္ခ်
ထားသည္က ထိုအိမ္ထဲရွိတခုတည္းေသာအိမ္ေထာင္
ပရိေဘာဂျဖစ္သည့္ ဆိုဖာျဖစ္ျပီး Chan Yeolက
Baek Hyunကို ထိုသို႔ေခၚသြားသည္။

"Hyung"

"အင္း ဒီအိမ္ကကိုယ္တို႔လက္ထပ္ျပီးရင္ေနဖို႔အိမ္"

Baek Hyun ဘာစကားမွမေျပာႏိုင္ေတာ့။ Chan Yeolကေတာ့ Baek Hyun နဖူးေပၚဝဲက်ေနသည့္
ဆံပင္မ်ားကိုသပ္တင္ေပးျပီး ႏူးႏူးည့ံည့ံျပံဳးျပသည္။

"ကိုယ္က အိမ္ဝယ္ေပးျပီးျပီဆိုေတာ့ အခ်စ္က အိမ္
ေထာင္ပရိေဘာဂေတြ ဝယ္ျဖည့္ေပါ့ေနာ္"

သူ႔နဖူးေပၚဝဲေနသည့္လက္ကို ဖမ္းယူဆုပ္ကိုင္လိုက္ျပီး
Baek Hyunက သူ႔ေပါင္ေပၚတင္ထားလိုက္သည္။

"Hyung "

"ကိုယ္ ေစာင့္ႏိုင္တာမိုု႕ BaekHyunee အဆင္သင့္
ျဖစ္ရင္ လက္ထပ္ခြင့္ေတာင္းဖို႔ကိုယ့္ကိုေျပာေနာ္"

Baek Hyun က ျပံဳးရင္း မ်က္ရည္ေတြဝဲရင္း ေခါင္း
ကိုအဆက္မျပတ္ညိမ့္ျပသည္။

တုန္ေနသည့္ႏႈတ္ခမ္းေလးကို Chan Yeol ႏႈတ္ခမ္း
ေတြနဲ႕ထပ္တူက်ေစလိုက္သည့္ေနာက္ ကေလးတကုိယ္
လုံးသည္ သူ႕ဘက္သို႔ ပိုပိုတိုးကပ္လာသည္။

ႏႈတ္ခမ္းတို႔ထုံလာသည့္ေနာက္ Chan Yeol သတိ
ဝင္လာမိတာက Baek Hyunမွာ သူ႔ေပါင္ေပၚတြင္
က်က်နနေနရာဝင္ယူထားႏွင့္ေနျပီ။

"ဒီဆိုဖာက Jong Dae ဝယ္ထားတာ"

"အာ ဒါဆို က်ေနာ္တို႔"

"ရတယ္ ကိုယ္ အသစ္ျပန္ဝယ္ေပးလိုက္မယ္"

Baek Hyun ၏ အားနာမႈေလး မၾကီးထြားလာခင္မွာ
ပင္ Chan Yeolက Baek Hyunကို ဆိုဖာထက္လွဲ
ခ်ေစလိုက္ျပီး တေလာကလုံးကိုေမ့သြားျပီး သူ႔ပဲ
ၾကည့္ေနေအာင္ ၾကံရြယ္လိုက္ပါေတာ့သည္။




To Be ConTinued...............

ကတိအထပ်ထပ်တောင်းပြီးသည့်နောက်မှာ Chan Yeolသည် Baek Hyunကို ဋ္ဌာနသို့ကိုယ်တိုင်ပြန်ပို့ပေးခဲ့သည်။

Lu Han ၏ စူးစမ်းသလိုအကြည့်ကို ခပ်နွမ်းနွမ်းပြုံးကာတုံ့ပြန်ဖြစ်သည့်နောက် Lu Hanက သက်ပြင်းမောကိုချသည်။

"ကျနော် ညနေကျရင် Baek Hyun ကိုခဏခေါ်သွားလို့ရမလား?"

Baek Hyunလက်ကိုဆွဲပြီး Lu Han ကခွင့်တောင်းလာသည်။ Chan Yeol ခေါင်းညိမ့်လိုက်မိသည့်အခါLu Han က ကျေးဇူးတင်ကြောင်းပြောလို့ Hyuneeကိုခေါ်ပြီး ဋ္ဌာနထဲသို့ဝင်သွားသည်။

ရင်ထဲလေးလှသည်။ ကလေးကို သူကာကွယ်မပေးနိုင်မှာဆိုးသည်။ ရှိသမျှ ရေစက်တွေဖြတ်ထုတ်ပြီးသည့်တိုင်သူ့အပေါ်လက်မလျှော့နိုင်ကြသည့် မိသားစုဝင်များကိုသူထိပ်တိုက်တွေ့မှဖြစ်တော့မည်။

"Boss ??"

"အင်း !"

"အစ်မ Yooraဖုန်းဆက်လာတယ် ညနေကျရင်
အိမ်လာခဲ့ပါတဲ့ "

ရုံးခန်းသို့ခြေချသည်နှင့် အတွင်းရေးမှူးKim ကထိုစကားကိုဆီးပြောသည်။ မျက်နှာမသာမယာနှင့်မို့ သူ့အတွင်းရေးမှူး စိတ်အခြေအနေ
မကောင်းဟု Chan Yeol သတိထားမိပါသည်။ ဒါကလည်း သူနှင့်ပတ်သတ်နေမည်ဟုထင်ရပြန်သည်။

"ပြော Jong Daeဘာဖြစ်လို့လဲ ?"

စကားတခွန်းမဆိုပဲ မျက်စိရှေ့ထိုးပြလာသည့် Tabletပေါ်တွင် သတင်းတချို့ကိုတွေ့ရသည်။ စာလုံးအကြီးကြီးတွေဖြင့် ရေးသားထားသည်က Park Group၏ ဆက်ခံသူသည် ယောကျ်ားလေးတယောက်ကိုတွဲနေပါသည်ဆိုသည့်သတင်း ။ထို့နောက် Chan Yeol ဦးဆောင်ထားသည့် ပတ္တရားက Hotel Projectတွင် ရင်းနှီးမြုပ်နှံသူတွေထွက်သွားသည့်သတင်း ။

Chan Yeol တချက်ပြုံးသည်။

"စီနီယာ Chan Yeol"

"အေး ပြော"

"စီနီယာ အဲ့ကောင်လေးကို တကယ်ချစ်တာလား ?"

အတွင်းရေးမှူးစကားကြောင့် Chan Yeol မျက်ခုံးပင့်သည်။ သူ့ဆီတွင် အတွင်းရေးမှူးအဖြစ် အ လုပ်ဝင်သည့်အချိန်ကစပြီးကိုယ်ရေးကိုယ်တာများကိုတခွန်းတောင်ဝင်မစွက်ဖက်ခဲ့သည့် Kim Jong Daeကထိုသို့မေးလာပါသည်တဲ့။

"ဘာလို့မေးတာတုန်းဟ"

"ကျနော်သိတဲ့ Park Chan Yeol က ချစ်တယ်ဆို
တာကို နားလည်တဲ့သူမဟုတ်ဘူး။ နောက်ပြီး ချစ်တယ်ဆိုတာနဲ့ အကုန်လုံးကိုစွန့်လွှတ်မဲ့သူမဟုတ်ဘူး ကျနော့်အမြင်ပါ"

"Jong Dae မင်းကတကယ်ရယ်ရတဲ့ကောင်"

ရယ်ကာမောကာဆိုတော့ အတွင်းရေးမှူးKim မျက်နှာစူပုတ်သွားပြီး Tabletကိုဆောင့် ကြီးအောင့်ကြီးသိမ်းသည်။ Chan Yeolကတော့ မျက် ရည်များဆို့သည်ထိရယ်မောနေပါပြီးနောက် Jong Daeကိုခပ်ဖွဖွပြုံးကြည့်ပြီး

"ငါအကုန်လုံးကိုစွန့်လွှတ်မယ်မပြောပါဘူး
ငါ ရသင့်ရထိုက်တာကို ငါအကုန်ယူဦးမှာ
အင်း မလွှဲသာလို့ စွန့်လွှတ်ရမယ်ဆိုရင်လဲ ငါစွန့်လွှတ်နိုင်တယ်"

အတွင်းရေးမှူး Kim မှ မျက်မှောင်ကျုံ့ကာသက်ပြင်းမောချလျက် သူ၏သူဌေးကိုကြည့်သည်။ သူ့အကြည့်ထဲတွင် အချစ်ရူးရူးနေပြီဖြစ်သောBossအား အင်မတန်သနားနေမှုများပါဝင်သည်။

"Jong Dae "

"ဟုတ် "

"ငါ့ကိုမသနားပဲ ဒီအရွယ်ထိအဖြစ်မရှိသေးတဲ့ ကိုယ့်ဟာကိုသာ သနားစမ်းပါ"

"ဟာ BOSSS"

အရှိုက်ကိုပင့်ထိုးလိုက်သည့်နှယ် ပြောဆိုပြီးနောက်၎င်း Bossသည် သာသာယာယာပင်အခန်းထဲဝင်သွားလေတော့သည်။

• We Are in a Relationship •

ခေါ်သွားမည်ဆိုပြီး Lu Han ဆွဲခေါ်လာတာ သူတို့တက်ခဲ့သည့်အထက်တန်းကျောင်းဖြစ်သည်။

ကျောင်းသားတွေမရှိတော့သည့် အထက် တန်းကျောင်း၏ညဘက်ရောက်ခါစအချိန်သည် လျှပ်စစ်မီးတိုင်များဖြင့်သာလင်းနေသည်။

လက်တဖက်က စားစရာ သောက်စရာအပြည့်ပါသည့်အိတ်ကိုဆွဲပြီး တခြားတဖက်က Baek Hyunလက်ကိုဆွဲပြီး Lu Han ကဘောလုံးကွင်းရှိရာသို့ဦးဆောင်ခေါ်သွားသည်။

ကျောင်း၏ဘောလုံးကွင်းက သူတို့အတွက် အမှတ်တရအင်မတန်များသည်။ စာမှစာ တစာစာလုပ်ခဲ့သော Baek Hyunကို Lu Hanက ဂုတ်ကနေအတင်းဆွဲမလို့ သူဘောလုံးကန်တာကိုလာကြည့်စေဖူးသည်။

ဘီယာမဟုတ်ပေမဲ့ တယောက် ချောကလက်နို့တဘူးစီဖြင့်ကိုင်လျက် ညကြီးမင်းကြီးလဲ ဘောလုံးကွင်းကိုငေးကြည့်ဖူးသည်။

"ဘောလုံးသမားဖြစ်ချင်တဲ့ကောင်က ခုတော့
စာရေးဆရာဖြစ်လို့"

Baek Hyunစကားကို Lu Han ကဟက်ဟက်
ပက်ပက်ရယ်သည်။ ငယ်ငယ်တုန်းကဖြစ်ချင်တဲ့ဆန္ဒအတိုင်း ဖြစ်လာရတယ်ဆိုတာ အလွန်ရှားပါးပြီး တန်ဖိုးရှိသည့်တိုက်ဆိုင်မှုတစ်ခုဟု Lu Han ထင်သည်။

Beerမြုပ်တွေ နှုတ်ခမ်းထက်တင်နေသည့် Baek Hyunကို Lu Hanကဘေးတိုက်ငေးမောသည်။

ဒီကောင်လေးကို ငယ်ငယ်တည်းက Lu Hanမှာ
တန်ဖိုးထားခဲ့ရသည်။ မိဝေးဖဝေး နေခဲ့သည့်သူအတွက်Baek Hyunက မိသားစုဝင်ဖြစ်သည်။ သူငယ်ချင်းဖြစ်သည်။ အစ်ကိုဖြစ်သည်။ ညီလဲဖြစ်သည်။

ဆိုလိုချင်တာက Baek Hyun စိတ်ထိခိုက်မှာကို
မကြည့်ရက်နိုင်သည့်သူထဲတွင် Lu Han လဲပါဝင်သည်။

"Park Chan Yeolတို့ဘက်က မင်းကိုဘယ်လိုမှ
လက်မခံဘူးမလား ?"

"အင်း "

တိုးနေသော်လည်းအက်ရှနေသည့်လေသံသည် Lu Hanနားထဲ သံရည်ပူတွေလောင်းချလိုက်သလိုစီးသွားသည်။ မှတ်မှတ်ရရ Baek Hyun ငိုတာကို Lu Hanတခါလားပဲကြုံဖူးသည်။ သူ့မေမေ ဆေးရုံတက်ရသည်ဟုကြားရသောအချိန် တချိန်တည်းသာ Baek Hyunငိုတာကိုတွေ့ဖူးသည်။ ယခုတော့ဖြင့် ဒုတိယအကြိမ်တွေ့ ရတော့မည်ထင်သည်။

"ဟျွန်းနီ "

"ငါငိုရင် Hyung စိတ်မကောင်းဖြစ်မှာဆိုးလို့
ငါမငိုဘူး"

အဆက်မပြတ်လှုပ်ရှားလာသည့် မျက်တောင်တွေနောက်မှာ Lu Han က Baek Hyun ကိုပွေ့ဖက်ထားလိုက်တော့သည်။ အားကိုးရှိသွားသည့်နှယ် ရှိုက်ကြီးတငင်ငိုကြွေးလာလေ Lu Han မှာ Park မိသားစုကိုအမှုန့်ကျိတ်ပစ်ချင်လာလေပင်။

"ငါကဘာတွေမပြည့်စုံလို့လဲ ? ဟန်ရယ် "

"ငါ ပါပါးကိုလှမ်းပြောလိုက်မယ် မင်းကို ငါတို့
အိမ်ထောင်စုစာရင်းထဲထည့်ဖို့။ ပြီးရင် အဲ့ဒီအိမ်ကိုပိုက်ဆံတွေ နဲ့ပစ်ပေါက်ပြီး မင်းအတွက် Park Chan Yeolကိုတောင်းခိုင်းမယ်"

အတည်ပေါက်ကြီးဆိုသည့် Lu Hanကြောင့် Baek Hyun ငိုနေမိရာကနေ မျက်ရည်များသုတ်ပစ်လိုက်ပြီးရယ်မောလာသည်။ Lu Han က သူ့ရင်ခွင်ထဲကနေငိုလိုက် ရယ်လိုက်ဖြစ်နေသော Baek Hyunကိုမကျေမချမ်းငုံ့ကြည့်သည်။

"ပါပါးဟန်တော့သွေးအန်မှာပဲ သူ့သားအရင်းရောမွေးစားသားရောက မိန်းမယူမှာမဟုတ်လို့လေ"

"လခွီးပဲ ငါကမိန်းမမယူလို့ ဘာယူရမှာလဲ"

"အယ်ဒီတာချုပ်Ohကိုယူရမှာလေ"

"fuck ပဲ BYUN BAEK HYUN"

ကြင်ကြင်နာနာထွေးပွေ့ထားရာမှ Lu Han သည်
Baek Hyunကိုအားကုန်သုံးပြီး ဆောင့်တွန်းပစ်
လိုက်သည်။ မျက်ရည်များဖြင့်ကောင်ငယ်လေးသည်ရယ်လို့မဆုံးတော့ပဲ မျက်ရည်များကိုပင့်ပင့်သုတ်သည်။

Lu Hanကတော့ နှုတ်သီးဆူကာ တဖက်လှည့်နေဆဲဖြစ်လို့ Baek Hyunကပင် ချော့မော့ကာ ဘီယာအေးအေးတဘူးကိုအဆင်သင့်ဖောက်လို့ကမ်းပေးရပြန်သည်။

"အဲ့ပေါက်ကရကောင်အကြောင်းထပ်ပြောရင် မင်းနဲ့ငါအပြတ်ပဲ "

"အင်းပါ သဲလေးရယ် စိတ်ဆတ်နေလိုက်တာ"

Lu Han မျက်စောင်းထပ်ချီတော့ နှစ်ယောက်သားပြိုင်တူကြည့်မိကြသည်။ နောက်တော့လဲ အကြောင်းပြချက်မရှိပဲ ဝါးလုံးကွဲအော်ရယ်မိကြပြန်သည်။

ဘောလုံးကွင်းဘက်ခြမ်းတွင်လုံခြုံရေးမရှိတတ်သည့်အတွက်တော်သေးသည်။ မဟုတ်လျှင် သူတို့ ရယ်မောနေပုံမျိုးနှင့် လုံခြုံရေးက သရဲခြောက်သည်ဆိုကာကြောက်လန့်နေဦးမည်။

"ငါ မာစတာဆက်တက်မယ် ။ ကျောင်းတက်ရင်း
အလုပ်လုပ်ရင်း သင့်တော်တဲ့အချိန်တစ်ခုရောက်ရင်ကိုယ်ပိုင်စီးပွားရေးတခုလုပ်မယ်"

"အော် ယောကျ်ားယူဖို့အတွက် ရည်မှန်းချက်တွေ
ကြီးသွားလိုက်တာ"

"မသက "

ကုန်သွားသည့်ဘီယာဘူးခွံဖြင့်ပစ်ပေါက်ပြီး Baek Hyunကကျိန်ဆဲသည်။ ထို့နောက်တွင် ကြယ်အပြည့်မရှိသည့် ကောင်းကင်ကိုမော့ကြည့်လို့ သူ့ချစ်သူအကြောင်းတွေးသည်။

ဟိုးကောင်းကင်က တပွင့်တည်းသော ကြယ်လိုပဲ
သူ လက်လှမ်းမမှီသည့်နေရာတွင်ရှိနေသည့် သူ့ချစ်သူ။

"Park Chan Yeolကလည်းမင်းကိုချစ်ပါတယ်"

"အင်း ငါသိတယ် ။ ဒါကြောင့်လည်း ငါသူ့ကိုမစွန့်လွှတ်နိုင်တာပေါ့"

ထိုညက သူတို့ စကားတွေအများကြီးပြောဖြစ်ကြသည်။

အများဆုံးပြောသူက Baek Hyunဖြစ်ပြီး ပြောဖြစ်သည့်အကြောင်းတွေက Chan Yeolသူ့ကို
ဘယ်လောက်ချစ်သည်ဆိုတာပင်။ နောက် ......
Chan Yeol အချစ်ကို သူမစွန့်လွှတ်ရဖို့ ဘာတွေ
ဘယ်လို ကြိုးစားပစ်မည်ဟုလည်းပါသေးသည်။

သူကတော့ဖြင့် ဘယ်လောက်ချစ်ပါသည်ဟု မဆိုခဲ့ပေမဲ့ ချစ်ရသည့်အကြောင်းကိုတော့ သူ့အပြုံးတွေကတဆင့် Lu Han ရှာဖွေ့တွေ့ရှိခဲ့သည့် ညလည်းဖြစ်ပါတော့သည်။

• We Are in a Relationship •

"Hyung Hyunggg Hyung"

မနက်တိုင်း Baek Hyun တို့အိမ်ငယ်သည် ဆူညံ
ပွက်လောရိုက်သည်။ မနက်ပိုင်းစောစောအတန်းချိန်များကိုယူထားသည့် Baek Hyunကြောင့် Chan Yeolမှာလည်း တခါမှအိပ်ရေးဝဝအိပ်ရသည်မရှိ။

သူ့ကလေးမနိုးခင်ထပြီး ရေမိုးချိုး ၊ အဝတ် အစားလဲဖို့အတွက်လုပ်ပေးရသည်။ အတန်းချိန်ဇယားများအလိုက်စာအုပ်စီပေးပြီး မနက်စာပြင်ပေးရသည်။ ထို့နောက်ကလေးကို နှိုးခဲ့ကာ သူကရေပြေးချိုးသည်။ သူရေချိုးလို့ပြီးချိန် Baek Hyunက လုံးလုံးလျားလျားနိုးနေပြီ။

အိပ်ယာထဲငေါင်နေသေးသည့် ကောင်စုတ်လေးကိုအနမ်းတချက်ပေးကာ ပွေ့ချီပြီးနောက် ရေချိုးဇလုံထဲချပေးရသည်။

"မြန်မြန်ချိုး အသဲ ဒီနေ့အသဲကြိုက်တဲ့ ကြက်သားခေါက်ဆွဲပြုတ်ထားပေးတယ်"

Baek Hyun ကျောင်းပြန်တက်သည့် အစပိုင်းနေ့များမှာတော့ Chan Yeol ထိုသို့ပြင်ဆင်ပေးတာကိုလက်မခံပဲ မလုပ်ပါနှင့်ဟု တားဆီးသည်။ နောက်တော့လည်း နေ့စဉ်ရက်ဆက်အလိုလိုက်ခံရမှုများမှာ Baek Hyun အကျင့်ဖြစ်သွားတော့သည်။

ပင်ပန်းမှာဆိုးလို့ အလုပ်ပါမလုပ်စေချင်ပေမဲ့ Baek Hyunက အတန်းချိန်ပြီးသည်နှင့် companyကိုလာသည်။ ထို့နောက် ထိုတနေ့အတွက် အလုပ်ချိန် ရှစ်နာရီပြည့်အောင်လုပ်ပေးသည်။

"Hyung ကျနော့်ဖုန်း !"

"ဒီမှာ "

အပေါ်ထပ်လောင်းကုတ်ကို ကိုယ်တိုင်ကိုယ်ကျဝတ်ပေးပြီး Chan Yeolက လောင်းကုတ်၏အိပ်ကပ်ထဲတွင်ထည့်ထားသည့်ဖုန်းကိုပုတ်ပြသည်။ Baek Hyunကလည်ပြန်ကြည့်လျက် Boss ပါးကိုတချက်မွှေးတော့သွားတွေအပြည့်ပေါ်သည့်အပြုံးကြီးက ဖြစ်လာပြန်သည်။

"အာ အဲ့လိုမပြုံးနဲ့ဗျာ ရုပ်ဆိုးတယ် "

"မင်းတော့"

ရုပ်ဆိုးတယ်ဟုအပြောခံလိုက်ရသဖြင့် ကိုကြီးက
Hyunee၏ နားရွက်ပါးပါးလေးကိုကိုက်ချပစ်ပစ်လိုက်သည်။ နီရဲသွားသောနားရွက်လေးက ကျနော်ပိုင်ရှင်ရှိပါသည်ဟု ပြောနေသည့်နှယ်ပင်။

မနက်စာစားပြီးသည့်နောက် Chan Yeolက ကိုယ်တိုင်ကိုယ်ကျ ကျောင်းကိုလိုက်ပို့သည်။ စကားမစပ် Baek Hyun၏ကားလေးသည် ဂိုထောင်ထဲတွင် အရိုးဆွေးနေပြီဖြစ်သည်။

"ဒီနေ့ ဆယ့်တစ် အတန်းဆင်းမှာ ?"

"အင်း "

"ကိုယ်လာခေါ်မယ်"

"အမ် ဘာလို့လဲ "

"မင်းကိုခိုးပြေးမလို့"

Baek Hyunက သက်ပြင်းချကာခေါင်းခါယမ်းပြီးကားပေါ်မှဆင်းဖို့ပြင်သည်။ Chan Yeolမှာ လက်မောင်းလေးကိုအတင်းလှမ်းဆွဲတော့ အူတူတူရုပ်လေးဖြင့်လှည့်ကြည့်လေသည်။

"Babe မေ့နေတာလား "

"ကလေးကလားနဲ့"

အထာနှပ်သွားသည့် Baek Hyunက Chan Yeol
နှုတ်ခမ်းကိုတချက်နမ်းလာသည်။ Chan Yeol နှုတ်ခမ်းတွေပြုံးသွားပေမဲ့ ခဏကြာတော့ ကားနောက်ခန်းထဲက ကျောပိုးအိတ်ကိုလှမ်းယူပေးလိုက်ကာ Baek Hyunနှုတ်ခမ်းလေးကိုတချက်ပြန်နမ်းပြီးနောက်

"ကိုယ်ပြောတာ ကလေးကျောပိုးအိတ်ယူဖို့မေ့နေတာလို့"

"ခင်ဗျား တွေ့မယ်"

မျက်နှာကလေးနီရဲအောင် ဒေါသထွက် အရှက်သည်းသွားသည့် Baek Hyunကတော့ ကားပေါ်ကနေဝုန်းဒိုင်းကျဲဆင်းချသွားလေသည်။

Chan Yeolမှာတော့ အချစ်ကလေးကိုကြည့်ကာ
ရယ်မောမပြတ်ပါလေ။

စာပေတိုက်ကို ရောက်လာသည့်နောက် အလုပ်တွေကဆီးကြိုနေသည်။ စာပေတိုက်သည် သူ့နာမည်နှင့်သူ့အပိုင်ဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပိုလို့ အောင်မြင်လာသည်ဟု ပြော၍ရသည်။ Park Group ဆက်ခံသူအဖြစ်တုန်းက အာ ရုံစိုက်ပေးနေရသည့်လုပ်ငန်းတွေမရှိပါတော့ပဲ စာပေတိုက်တခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သောကြောင့်ဖြစ်လိမ့်မည်။

"နောက်လကျရင် ဘန်ကောက်မှာ ဆွေးနွေးပွဲတစ်ခုသွားတက်ဖို့ ကမ်းလှမ်းထားပါတယ် Boss"

"အင်း အသေးစိတ်mailပို့ပေး"

"ဟုတ် နောက်ပြီး"

ပြောသင့်မပြောသင့်ချီတုံချတုံဖြစ်နေသည့် အတွင်းရေးမှူးကို Boss ကလှမ်းကြည့်သည်။ မေးဆတ်ပြလိုက်ကာမှ

"ပြီးခဲ့တဲ့ ခြောက်လတုန်းက Bossထွက်ခဲ့တဲ့
ပတ္တရားHotel Projectလေ "

"အင်း "

"Bossကိုပြန်ကမ်းလှမ်းလာတယ် "

Park Chan Yeol လေတချက်ချွန်လိုက်သည်။
Park Chan Yeolမှ မဟုတ်လျှင် ဆက်လုပ်လို့မရတာကို ထိုသူတွေ ခြောက်လအကြာမှ သိတာတော့ သိပ်ညံ့ဖျင်းလွန်းအားကြီးသည်။

"ကျနော်လက်ခံလိုက်တော့မယ်နော်"

"နေစမ်းပါဦး တလလောက်တော့မူပါဦးဟ"

အတွင်းရေးမှူးKimက မျက်စောင်းစွေ ကြည့် သည်။ခုချက်ချင်းပင်လက်ခံချင်သည့်ပုံပေါ်နေပြီး မူပါဦးမတဲ့။

စိတ်လေနေသည့်အချိန်မှာပင် Bossခိုင်းထားသည့်ကိစ္စတခုကိုသတိရပြန်သည်။ ထို့ကြောင့်ပင် ညာဘက်အိတ်ကပ်ထဲ အသင့်ထည့်ထားသည့် သော့တချောင်းကိုBossဆီကမ်းပေးသည်။

"ဘောစိ ဒီမှာ ဒီမှာ"

သော့လက်ထဲရောက်လာသည်နှင့် Boss မျက်နှာမှာဝင်းပသွားပြီး အတွင်းရေးမှူးKimကို မျက်စိတဖက်မှိတ်ပြလို့ လက်မထောင်ပြလိုက်လေသည်။

ထို့နောက် ခပ်တည်တည်ပင် ချိတ်ထားသည့် ကုတ်ကိုကောက်ဝတ်ကာ ဆယ်နာရီပင်မခွဲချင်သေးသောနာရီကိုမော့ကြည့်လို့

"ငါရုံးဆင်းပြီ"

"ဗျာ............"

အလင်းထက်မြန်သောအရှိန်ဖြင့် Boss မှာ ရုံးခန်းထဲကထွက်သွားတော့သည်။

စာပေတိုက်ကနေပြီး ဆိုးလ်တက္ကသိုလ်ကိုရောက်ဖို့ဘယ်လောက်မှမမောင်းရ။ Baek Hyun ရှိနေနိုင်လောက်မည့် အဆောင်ရှေ့တွင် ကားထိုးရပ်လိုက်ပြီးChan Yeolတို့ သူ့သည်းပွတ်လေးကိုစောင့်သည်။

ထွက်လာပါပြီ။ စာအုပ်မနိုင်မနင်းနဲ့ ။ လျှောကျနေသည့်မျက်မှန်လေးကိုပင့်ကာပင့်ကာနှင့်။ အေးသဖြင့်နှာခေါင်းတွေရဲရဲနီနေသည်မှာ ချက်ချင်း Park Chan  Yeol ပြေးပွေ့ချင်လောက်သည်အထိပင်။

ဟွန်းမတီးပဲ Chan Yeolက ကားပေါ်မှဆင်းလာ
သည်။ Chan Yeolကမြင်တော့ Baek Hyunက
ပြုံးပြသည်။ ထို့နောက် ကျောပိုးအိတ်ကိုပြင်လွယ်ပြီးChan Yeolဆီမပြေးရုံတမယ်လျှောက်လာသည်။

"တကယ်လာတာပဲ "

"အင်းလေ ခိုးပြေးမလို့ပါဆို"

"မလိုက်ဘူး"

"ဟာ လိုက်ရမယ်လေ မင်း ကိုယ့်ကိုတာဝန်ယူရမယ်"

အသံအကျယ်ကြီးဖြင့်ထအော်သည့်နောက် Baek Hyunမှာ မျက်လုံးပြူးလျက် လက်ဖြင့်ပါးစပ်ကိုလှမ်းပိတ်သည်။ လက်သေးသေးလေးက Chan Yeol ၏ဖြီးနေသောနှုတ်ခမ်းကိုအပြည့်မဖုံးနိုင်။ သို့သော်လည်းChan Yeol ပါးစပ်ပိတ်သွားသည်။

"လာ တက်!!"

Chan Yeol အချက်ပြသည့်နောက် Baek Hyun
ကတွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကားပေါ်တက်သည်။
Park Chan Yeolသည် ထိုအခါမှ အချစ်ကလေးကိုတင်လျက် ကျောင်းဝန်းထဲကနေ ကားကိုပျော်ပျော်ကြီးမောင်းထွက်ခဲ့တော့သည်။

ဆယ်မိနစ်လောက်မောင်းပြီးသည့်နောက်မှာ အိမ်ယာဝင်းတခုသို့ရောက်သည်။ အိမ်ယာဆိုသော်လည်း အိမ်တိုင်း အိမ်တိုင်းက သူ့ခြံနှင့်သူ တသီးတသန့်ဖြစ်နေသည်။

Chan Yeol ကားထိုးရပ်လိုက်သည့်နေရာက အသစ်စက်စက်ဆောက်ပြီးဟန်တူသော နှစ်ထပ်တိုက်အိမ်တလုံး၏ ခြံဝန်းရှေ့မှာဖြစ်သည်။

"Hyung !"

"လာ ဆင်းကြမယ်"

ခြံဝန်းတံခါးကိုဖွင့်လို့ အိမ်ထဲသို့ဝင်သည်။ Chan Yeolက Baek Hyunလက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားသည်။

အိမ်ထဲတွင် အိမ်ထောင်ပရိဘောဂမရှိ။ ယခုမှ အသစ်ဆောက်ပြီးသားအနေအထားတိုင်းရှိနေသည်ကသိသာလွန်းသည်။

အပေါ်ထပ်သို့ဆက်ထားသည့်ကြောင် လိမ်လှေကားသည်ဧည့်ခန်းအလယ်တွင်ရှိသည်။ ထိုလှေကားဘေးတွင်ချထားသည်က ထိုအိမ်ထဲရှိတခုတည်းသောအိမ်ထောင်ပရိဘောဂဖြစ်သည့် ဆိုဖာဖြစ်ပြီး Chan Yeolက Baek Hyun ကို ထိုသို့ခေါ်သွားသည်။

"Hyung"

"အင်း ဒီအိမ်ကကိုယ်တို့လက်ထပ်ပြီးရင်နေဖို့အိမ်"

Baek Hyun ဘာစကားမှမပြောနိုင်တော့။ Chan Yeolကတော့ Baek Hyun နဖူးပေါ်ဝဲကျနေသည့်ဆံပင်များကိုသပ်တင်ပေးပြီး နူးနူးညံ့ညံ့ပြုံးပြသည်။

"ကိုယ်က အိမ်ဝယ်ပေးပြီးပြီဆိုတော့ အချစ်က အိမ်ထောင်ပရိဘောဂတွေ ဝယ်ဖြည့်ပေါ့နော်"

သူ့နဖူးပေါ်ဝဲနေသည့်လက်ကို ဖမ်းယူဆုပ်ကိုင်လိုက်ပြီးBaek Hyunက သူ့ပေါင်ပေါ်တင်ထားလိုက်သည်။

"Hyung "

"ကိုယ် စောင့်နိုင်တာမို့ BaekHyunee အဆင် သင့်ဖြစ်ရင် လက်ထပ်ခွင့်တောင်းဖို့ကိုယ့်ကိုပြောနော်"

Baek Hyun က ပြုံးရင်း မျက်ရည်တွေဝဲရင်း ခေါင်းကိုအဆက်မပြတ်ညိမ့်ပြသည်။

တုန်နေသည့်နှုတ်ခမ်းလေးကို Chan Yeol နှုတ်ခမ်းတွေနဲ့ထပ်တူကျစေလိုက်သည့်နောက် ကလေးတကိုယ်လုံးသည် သူ့ဘက်သို့ ပိုပိုတိုးကပ်လာသည်။

နှုတ်ခမ်းတို့ထုံလာသည့်နောက် Chan Yeol သတိဝင်လာမိတာက Baek Hyunမှာ သူ့ပေါင်ပေါ်တွင်ကျကျနနနေရာဝင်ယူထားနှင့်နေပြီ။

"ဒီဆိုဖာက Jong Dae ဝယ်ထားတာ"

"အာ ဒါဆို ကျနော်တို့"

"ရတယ် ကိုယ် အသစ်ပြန်ဝယ်ပေးလိုက်မယ်"

Baek Hyun ၏ အားနာမှုလေး မကြီးထွားလာခင်မှာပင် Chan Yeolက Baek Hyunကို ဆိုဖာထက်လှဲချစေလိုက်ပြီး တလောကလုံးကိုမေ့သွားပြီး သူ့ပဲကြည့်နေအောင် ကြံရွယ်လိုက်ပါတော့ သည်။



To Be ConTinued...............


Continue Reading

You'll Also Like

66.9K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
242K 43.6K 55
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
3.6K 639 17
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
295K 28.9K 30
A sunflower said she found love where she saw the brave daisy.