Part 2
" အဟွတ်..အဟွတ် "
Yibo နိုးနိုးချင်း သူကိုငုံ့ပြီး စိုက်ကြည့်နေသော ကောင်လေးကို တွေ့ရသည်။
" မင်း...မင်း "
Yiboလှဲနေရာကနေ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
ကျယ်ပြန့်သော ပင်လယ်ပြင်ကို လှပစွာတွေ့ရသည်။
သူကအသက်မသေပဲ ကမ်းစပ်မှာ ရောက်နေတာပဲ နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ တောကြီးကိုတွေ့ရသည်။
" သ..ခင်..လေး "
သူကို ဖြေးညင်းစွာခေါ်တဲ့သူကို ကြည့်လိုက်မိသည်။ မျက်လုံးက ကြည်ပြာရောင်မျက်လုံးနဲ့ မျက်ခုံးထူထူ ဆံပင်ကလည်း အရှည်ကြီးပဲ လူမရှီတဲ့ ကျွန်းထဲမှာ နှစ်ရှည်စွာရောက်နေတဲ့ လူသားတစ်ယောက်လား
" မင်းက အရမ်းလှတာပဲ "
ရုတ်တရက် သူကျွန်တော့်ကို ဆွဲဖက်လိုက်ပြီး
ငိုယိုနေသည်။
" သခင်လေး အရင်တုန်းကလိုမျိုး ပြောပြန်ပြီ..အဟင့်..ဟင့် "
"မိုးတွေရွာလာပြီ စိတ်ပျက်လိုက်တာ "
သခင်လေးကိုတွေ့ပြီး ပျော်နေတာကြောင့်
ဝေ့ရင်းဖက်ပြီး မျက်ရည်ကျလာသည်။ သူငိုလိုက်တာနဲ့ မိုးရွာလာသည်။ သခင်လေးက စိတ်ပျက်စွာ ညည်းညူလိုက်တော့ ဝေ့ရင်းဖက်ထားရာကနေခွာပြီးမျက်ရည်တန်းသုတ်လိုက်သည်။
"ဟေး.. မိုးတိတ်သွားပြီ "
မိုးတိတ်သွားတာကို အရမ်းပျော်နေသော
သခင်လေးက အရင်လို တည်ငြိမ်တဲ့ပုံစံ မဟုတ်ပဲနဲကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေသည်။
"မင်းနာမည်ဘယ်သူလဲ ငါ့အသက်ကိုကယ်လို ကျေးဇူးတင်ပါတယ် "
"ဝေ့ရင်း "
" ဝေ့ရင်း နာမည်က တစ်မျိုးကြီးပဲ "
"ဒီမှာနေတာကြာပြီလား "
"နှစ်တွေအများကြီး အများကြီးကြာခဲ့တယ် "
" ဟင် အဲ့လို့လား အဲ့ဒါဆို ငါ့ဒီမှာ နှစ်တွေအများကြီး နေရမှာပေါ့..အဟင့်..ဟင့်..ပါးပါးကယ်ပါ ဖုန်းမရှီ အင်တာနက်မရှီပဲ သားကဘယ်လိုလုပ် ဒီမှာနေနိုင်မှာလဲ အဟင့်..ဟင့် "
တည်ကြည်ပြီး အရမ်းလေးစားစရာကောင်းတဲ့ သခင်လေးက အခုကလေးတစ်ယောက်လိုငိုနေတာကို သူမမှိတ်မသုန် ကြည့်နေမိသည်။ အရင်တုန်းက သခင်လေးကတော့ သူကိုယ့်သူ သေရမဲ့နေ့ကို သိတာတောင် တုန်လှုပ်ဖို့နေနေသာသာ မျက်ရည်တစ်စက်မှကျခဲ့ပေ။
" မင်းကဘာကြည့်နေတာလဲ ငါငိုတာကြည့်ကောင်းနေလား ဝေ့ရင်း "
"ဝေ့ရင်း?? "
သူနာမည်ခေါ်လို့ဝေ့ရင်းပျော်သွားပြီး သခင်လေးကို ထပ်ပြီးဖက်လိုက်သည်။ Yibo တွန်းထုပ်လိုက်ပြီး ညည်းညူစကားပြောလာ၏
" ဘာလို့ ခဏခဏလာဖက်နေတာလဲ အသက်ကယ်လို့ကျေးဇူးတင်ပေမဲ့ ခဏခဏလာမဖက်နဲ့လေ "
" ဟုတ်ကဲ့ သခင်လေး "
ဝေ့ရင်းတောင်ဆံပင်မညှပ်ဖြစ်အောင် ဒီလောက်ရှည်နေတာဆိုတော့ တောထဲမှာ နှစ်ပေါင်းများစွာ နေလာတယ်ဆိုတာ သေချာနေပြီပဲ သူဘာတွေစားပြီး ဘယ်လိုနေထိုင်နေပါ့လိမ့်
" ဝေ့ရင်း "
သူကိုခေါ်လိုက်တော့ ဝေ့ရင်း သခင်လေးကို ပြုံးပြီး ကြည့်လိုက်သည်။
" မင်း "
ဝေ့ရင်းပြုံးတာ ချစ်စရာအရမ်းကောင်းတာကြောင့် Yibo ဗိုက်ဆာတာတောင်မေ့ပြီး ကြောင်ကြည့်နေမိသည်။
" မင်း...မင်း တောထဲမှာ နှစ်ပေါင်းများစွာနေတာတောင် မင်းအသားရည်က လှတယ်နော်
အဲ့လိုဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမှာလဲ
ငါ့ကိုလည်း ထိန်းသိမ်းပေးနော် "
သခင်လေး စကားကြောင့် ဝေ့ရင်းပြုံးနေတုန်း သခင်လေးဗိုက်ထဲက အသံမြည်လာသည်။
" ဟီးဟီး..ဝေ့ရင်း..ငါ့ဗိုက်ဆာတယ် "
" ခဏလေးစောင့်..သခင်လေး "
ဝေ့ရင်းတောထဲပြေးဝင်သွားပြီး ဘယ်လောက်မှတောင်မကြာသေးပဲ ပြန်ရောက်လာပြီး အသီးအနှံတွေ သူရှေ့ချပေးသည်။ သူပျော်ပြီး သရက်သီးကို ကိုက်စားမလို့ ပါးစပ်ဟတုန်း
သူလက်ထဲက အသီးကို ဆွဲယူလိုက်တဲ့ ဝေ့ရင်း
သူဘာဖြစ်ပြန်ပြီလဲ?
"ဘာဖြစ်လို့လဲ "
ဝေ့ရင်းသူစားမဲ့ သရက်သီးကို ကိုက်စားပြီးမှ သူကိုပြန်ပေးသည်။
" မင်းလည်းဗိုက်ဆာလို့လား ဒီမှာအများကြီးရှီသေးတယ်လေ "
" အဆိပ်မိမှာ ဆိုးလို့ပါ "
" ဟင်?..အဲ့ဒါဆို မင်းကဘာလို့အရင်စားတာလဲ "
" သခင်လေးစားပါ "
ငှက်ပျော်သီးကို အခွံခွာပြီး သူတစ်ကိုက်စားပြီးမှ သခင်လေးကို ကျွေးလိုက်သည်။
သခင်လေးကို နောက်တစ်ခါထက်ပြီး
အဆုံးအရှူံးမခံနိုင်ပေ။ သခင်လေးကို သူအပြည့်အဝကာကွယ်ပြီး စောင့်ရှောက်ပေးမယ် အရမ်းချစ်တယ် သခင်လေး ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️