Part 10
" အခြေအနေဘယ်လိုနေလဲ ဒေါက်တာ "
" Yiboလေးကအားတော်တော်နည်းနေတယ် ဆေးသွင်းမှရမယ် ၃ရက်လောက်တော့ ကောင်းကောင်းအနားယူမှဖြစ်မယ် "
" ဟုတ်ကဲ့ ဒေါက်တာ "
ဦးကောင်းရန် သားလေးလက်ကိုကိုင်ထားကာ ပြန်ဖြေလိုက်သည်။ ဒေါက်တာက အပ်ထုပ်ပြီး ဆေးသွင်းဖိုးအကြောရှာနေစဉ် အပ်ကိုဆွဲယူပြီး ဒေါက်တာကို တွန်းလွှတ်လိုက်တဲ့ ဝေ့ရင်း၊ ဒေါက်တာကိုထပ်လုပ်မဲ့လုပ်တော့ သူခါးကို
ဖက်ပြီး တားလိုက်တဲ့ အားယွင့်" ဘာလုပ်တာလဲ! "
ပါးပါးက ဆရာဝန်ကိုထူပြီး လေသံမာနဲ့ မေးလိုက်တာကြောင့် Yibo ကုတင်ပေါ်က ဆင်းလာပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဝေ့ရင်း "
" သူက သခင်လေးကိုသတ်မှာ "
" မဟုတ်ဘူး ဆေးသွင်းတာ ငါအားရှီအောင်လို့ "
ဝေ့ရင်း ဒေါသမျက်ဝန်းက အရောင်ပြောင်းသွားပေမဲ့ သံသယစိတ်နဲ့ထပ်မေးသည်။
" တကယ်လား "
" တကယ်ပါ...ပါးပါး!..သူက တောထဲမှာနေတာ ကြာသွားလို့ အပ်ကိုမြင်တော့ ကြောက်သွားတာပါ တခြားဘာသဘောမှ မရှီပါဘူး "
ဝေ့ရင်းကိုပြောရင်း ပါးပါးကိုပါ လည့်ပြောလိုက်သည်။
"ကျွန်တော်ရပါတယ် Yiboလေး ဆေးသွင်းရအောင် "
ဒေါက်တာကနားလည်သွားကာဆိုသည်။
" ဟုတ်ကဲ့ "
Yibo ကုတင်ပေါ်တက်ပြီး ပြန်လှဲလိုက်သည်။ ဒေါက်တာလည်းဆေးသွင်းပေးပြီး ပြန်သွားသည်။
" သားနားချင်တယ် "
" နားလေသားလေးရဲ့ ပါးပါးစောင့်ပေးမယ် "
" ပါးပါးက ကျွန်တော့်တစ်ယောက်တည်း
ချစ်ရတာမလုံလောက်လို့ အရွယ်ရှိတဲ့ကလေးတွေအမေကို ယူတာလား "" မဟုတ်ပါဘူး သားလေးရယ် ပါးပါးသားကို ဘယ်လောက်ထိချစ်လဲ "
" ပါးပါးအပြင်ထွက်တော့ "
" သားလေး "
" မြေးလေး စိတ်ချမ်းသာအောင်ထားလိုက်ပါ "