Part 2" အဟွတ်..အဟွတ် "
Yibo နိုးနိုးချင်း သူကိုငုံ့ပြီး စိုက်ကြည့်နေသော ကောင်လေးကို တွေ့ရသည်။
" မင်း...မင်း "
Yiboလှဲနေရာကနေ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
ကျယ်ပြန့်သော ပင်လယ်ပြင်ကို လှပစွာတွေ့ရသည်။
သူကအသက်မသေပဲ ကမ်းစပ်မှာ ရောက်နေတာပဲ နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ တောကြီးကိုတွေ့ရသည်။" သ..ခင်..လေး "
သူကို ဖြေးညင်းစွာခေါ်တဲ့သူကို ကြည့်လိုက်မိသည်။ မျက်လုံးက ကြည်ပြာရောင်မျက်လုံးနဲ့ မျက်ခုံးထူထူ ဆံပင်ကလည်း အရှည်ကြီးပဲ လူမရှီတဲ့ ကျွန်းထဲမှာ နှစ်ရှည်စွာရောက်နေတဲ့ လူသားတစ်ယောက်လား
" မင်းက အရမ်းလှတာပဲ "
ရုတ်တရက် သူကျွန်တော့်ကို ဆွဲဖက်လိုက်ပြီး
ငိုယိုနေသည်။" သခင်လေး အရင်တုန်းကလိုမျိုး ပြောပြန်ပြီ..အဟင့်..ဟင့် "
"မိုးတွေရွာလာပြီ စိတ်ပျက်လိုက်တာ "
သခင်လေးကိုတွေ့ပြီး ပျော်နေတာကြောင့်
ဝေ့ရင်းဖက်ပြီး မျက်ရည်ကျလာသည်။ သူငိုလိုက်တာနဲ့ မိုးရွာလာသည်။ သခင်လေးက စိတ်ပျက်စွာ ညည်းညူလိုက်တော့ ဝေ့ရင်းဖက်ထားရာကနေခွာပြီးမျက်ရည်တန်းသုတ်လိုက်သည်။"ဟေး.. မိုးတိတ်သွားပြီ "
မိုးတိတ်သွားတာကို အရမ်းပျော်နေသော
သခင်လေးက အရင်လို တည်ငြိမ်တဲ့ပုံစံ မဟုတ်ပဲနဲကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေသည်။"မင်းနာမည်ဘယ်သူလဲ ငါ့အသက်ကိုကယ်လို ကျေးဇူးတင်ပါတယ် "
"ဝေ့ရင်း "
" ဝေ့ရင်း နာမည်က တစ်မျိုးကြီးပဲ "
"ဒီမှာနေတာကြာပြီလား "
"နှစ်တွေအများကြီး အများကြီးကြာခဲ့တယ် "
" ဟင် အဲ့လို့လား အဲ့ဒါဆို ငါ့ဒီမှာ နှစ်တွေအများကြီး နေရမှာပေါ့..အဟင့်..ဟင့်..ပါးပါးကယ်ပါ ဖုန်းမရှီ အင်တာနက်မရှီပဲ သားကဘယ်လိုလုပ် ဒီမှာနေနိုင်မှာလဲ အဟင့်..ဟင့် "