Part 6"ဘယ်လိုနေလဲ သမားတော် "
" အဖြေရှာမတွေ့ဘူး အားကတော့ တော်တော်နည်းနေတယ် "
သမားတော်စကားကြောင့် လန်ကျန့်ပြုံးလိုက်သည်။
"ကျွန်တော့်ဘာမှမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့ အစ်ကိုတော် "
ဇယ်ဝူကျွင်း မျက်နှာမှာ ပူပန်စိတ်တွေ ပြည့်နှံနေသည်။ စစ်ကျွေးရိပ်မိသွားပြီး
"ဘာမှမဖြစ်ဘူးဆိုတာ မဟုတ်ဘူးမဟုတ်လား
ဇယ်ဝူကျွင်း "ဇယ်ဝူကျွင်း ခေါင်းရမ်းလိုက်ပြီး
သက်ပြင်းချမိသည်။" ဘယ်မှမသွားပဲ နားနေပါ "
" ကျွန်တော့် တစ်နေရာတော့ သွားစရာရှီတယ် "
" ဝမ့်ကျီး! "
" ကျွန်တော့်ဘာမှမဖြစ်ပါဘူး အစ်ကိုတော် "
ခေါင်းမာလွန်းတဲ့ ညီတော်ကို ဘာမှမပြောတော့ပဲ သက်ပြင်းချကာ အခန်းထဲက ထွက်လာလိုက်သည်၏
" စစ်ကျွေး အဝတ်အစားယူပေးပါအုန်း "
" ဘယ်သွားမလို့လဲ သခင်လေး "
ဝေ့ရင်း ပူပန်ပြီးမေးလိုက်သည်။
"မင်းသိတယ်လေ "
"သခင်လေး! "
" ဟန်ကွမ့်ကျွင်း အိပ်ရာထဲမှာ တစ်ရက်လောက်တော့ နားပါ "
" ဟုတ်တယ် သခင်လေး မနေ့ညက သခင်လေး သတိတောင်မေ့သွားတာ နားရပါမယ် "
စစ်ကျွေးနဲ့ ဝေ့ရင်း စိတ်ပူစွာ ပြောနေပေမဲ့
နားမထောင်ပဲ အဝတ်လဲဖို့ အပြင်ထွက်ခိုင်းလိုက်သည်။" သခင်လေး! "
ဝေ့ရင်း သခင်လေးနာက်လိုက်နေပေမဲ့ သခင်လေးကို စိတ်အရမ်းပူနေသည်။ သမားတော်တောင် အဖြေရှာမရတဲ့ ရောဂါ ဘာရောဂါလဲ.. မဟုတ်နိုင်ပါဘူး ရောဂါမဟုတ်နိုင်ဘူး အဲ့တာဆို ဘာများလဲ
" ဝေ့ရင်း..ဝေ့ရင်း "
အတွေးလွန်နေတဲ့ ဝေ့ရင်းကို လန်ကျန့်
ပြန်မထူမချင်းခေါ်လိုက်သည်"ဟုတ်ကဲ့ "
" ဘာတွေစဉ်းစားနေတာလဲ "
" သခင်လေး အဲ့ဒီနေရာကို အရမ်းနှစ်သက်တယ်နော် "