" အသက်ကလေး "
ချစ်ရတဲ့သူရဲ့ဖုန်းလေးကိုလက်နှင့်ဆုပ်ကိုင်ရင်းအရူးတစ်ယောက်လိုချစ်ရသူလေးအားအိမ်ထဲနှံ့အောင်ကျွန်တော်ပတ်ရှာနေမိသည် ။
အမြဲလိုလိုနာကျင်စရာတွေကိုပဲဖန်တီးတတ်တဲ့ကျွန်တော်က တကယ်ပဲသူပြောသလိုသူနဲ့မတန် ။
သို့သော်လည်း ကိုယ်နဲ့မတန်တဲ့အမြင့်မှာပဲလှပစွာဖူးပွင့်နေသည့်ပန်းကလေးကိုတုံးခုပြီးခူးဆွတ်ပန်းဆင်နမ်းရှိူက်ချင်မိသည်မှာ နှလုံးသား၏အကြီးမားဆုံးအလိုဆန္ဒ တစ်ရပ်ပင်ဖြစ်သည် ။
" အသက်ကလေး "
တိတ်ဆိတ်နေသောအိမ်အတွင်းကျယ်လောင်စွာဟိန်းထွက်လာခဲ့သောခေါ်သံ ။ မီးဖိုချောင်ထဲမှာပဲရှိနေလိမ့်မည်ဟုထင်ခဲ့မိသောချစ်ရသူမှာ တစ်အိမ်လုံးနှံ့နေပြီဖြစ်သော်လည်း ဘယ်ဆီဘယ်ဝယ်မှမတွေ့ရတာကြောင့်စိတ်အလုံးစုံတို့မှာတစ်စတစ်စပူပန်ရှုပ်ထွေးလာခဲ့သည် ။
မဟုတ်မှ ... ဟင့်အင်း .. မဟုတ်လောက်ပါဘူးလေ ။ သူ ကျွန်တော့်ကိုစိတ်နာပြီး ထပ်ထားသွားခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူးလေ ။
" ဟင့်အင်း ... မဟုတ်ဘူး ... မဖြစ်နိုင်ဘူး !!! "
" ဟျောင့် သေချင်းဆိုးနားကား .. ဘာလဲ .. ဆေးမသောက်ရလို့ ဂေါက်သွားပြီလား ကြောင်တောင်တောင်နဲ့ တစ်ယောက်တည်းစကားတွေပြောနေတာ "
ကိုယ့်ဟာကိုမေး ကိုယ့်ဟာကိုခေါင်းတခါခါဖြင့်ပြန်ဖြေနေမိစဉ်အနောက်ကျောဘက်မှကြားလိုက်ရသောစကားသံလေးကြောင့် အနောက်သို့သမင်လည်ပြန်လေးပြန်လှည့်ကြည့်လိုက်တော့ တွေ့လိုက်ရသည့် လက်နှစ်ဖက်တွင် ဟင်းစားအိတ်အကြီးအငယ်ကိုင်ဆွဲထားပြီး ကျွန်တော့်အားမျက်ထောင့်နီနီဖြင့်စူးစိုက်ကာရပ်ကြည့်နေသောချစ်ရသူ ။
ဘုတ် !!!
ဝမ်းသာအားရဖြင့်ချစ်ရသူလေး၏ကိုယ်လုံးလေးအားရင်ခွင်ထဲသို့ဆွဲသွင်းလိုက်မိတော့ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သော သနားစရာဟင်းစာအိတ်လေးတို့ ။
" အ့ ! ... ဘယ်လိုဖြစ်လို့လူကိုအသေလာဖက်နေရတာလဲ .. ငါအသက်ရှူကျပ်လာပြီ .. သေချင်းဆိုးနားကား အစုတ်ပလုတ် .. ငါ့ကိုလွှတ် ! ! အွင်း ... "
ထွေးဖက်ထားရာမှရင်ခွင်ထဲမှအတင်းရုန်းကန်နေသောချစ်ရသူလေး၏နှုတ်ခမ်းထက်သို့၁၅၀၀အချစ်လွှမ်း အနမ်းတစ်ပွင့်တံဆိပ်ခတ်နိပ်လိုက်သောအခါကိုယ့်ရင်ဘတ်သို့လက်တစ်စုံဖြင့်ထုရိုက်ကာရုန်းကန်မြဲရုန်းကန်နေသောချစ်ရသူလေး ။
တောင်းပန်ပါတယ် ။ ခွင့်လွှတ်ဖို့မထိုက်တန်တဲ့နာကျင်မှုတွေ တစ်ကြိမ်မကပေးမိခဲ့လို့ ။
ဘယ်လောက်ပဲကိုယ့်ကိုယ်ကိုယ်ပြန်ညာခဲ့ညာခဲ့ ။ လမ်းမပေါ်မှာသွားလာနေတဲ့များစွာသောလူတွေတောင်ဘယ်လိုမှတားမရတဲ့ ချစ်ရသူကိုချစ်မိတဲ့အစအဆုံးမရှိတဲ့အချစ်တွေကြောင့်နှစ်များစွာပုန်းအောင်းနေရာမှရဲရဲဝံ့ဝံ့ပြန်ထွက်ပေါ်လာခဲ့သောသတ္တိလေး ။
ယနေ့မှစ နှစ်တစ်ရာတိုင်သည်အထိ ချစ်ရသူတစ်ဦးတစ်ယောက်တည်းသာကိုယ့်နှလုံးသားလေးရဲ့ အရှင်သခင်အဖြစ်ကမ္ဗည်းထိုးသွားမှာမို့ ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးလို့ရနိုင်မလား ? ။
" တောင်းပန်ပါတယ် "
အနမ်းတို့တစ်ခန်းရပ်လိုက်သည်နှင့် ချစ်ရသူ၏ပုလဲမျက်ရည်ကြည်တို့ဖြင့်အလှဆင်ထားသော ပါပီမျက်ဝန်းလေးတစ်စုံအားစိုက်ကြည့်ပြီးတောင်းပန်စကားဆိုလိုက်စဉ် ရင်ဘတ်ပေါ်သို့မဆိုင်းမတွကျရောက်လာခဲ့သောလက်သီးဆုပ်လေးတွေ ။
ထပ်မံကြားရသောရင်ထဲစို့နစ်စေသည့်ချစ်ရသူ၏ငိုသံဖြင့်ပြောလာသောစူးနှင့်တူသည့်စကားလုံးများ ။
" မကောင်းတဲ့ကောင် .. သေနာကြီး .. သေချင်းဆိုးကြီး ... နားကားအစုတ်ပလုတ် .. ငါ့နှလုံးသားကိုယုံကြည်မှုအပြည့်မရှိတဲ့ကောင် .. မုန်းတယ် .. မုန်းတယ် .. ငါ့ကိုရက်ရက်စက်စက်လမ်းခွဲပြီးထားရက်ခဲ့တဲ့ ကောင်စုတ် .. ငါ့ကိုအမြဲငိုအောင်လုပ်တဲ့ကောင် .. အမြဲလိုလို ငါ့ကိုစိတ်ပူစရာတွေနဲ့ရင်နာစရာတွေပဲရွေးပြီး ပေးတတ်တဲ့အကျင့်မကောင်းတဲ့ကောင် အဲ့လိုသောက်ကျင့်လုံးဝမကောင်းတဲ့မင်းလိုကောင်ကိုမှမမုန်းရက်နိုင်ပဲချစ်မိတဲ့ငါ့ကိုယ်ငါလည်းမုန်းတယ် ... အရမ်းမုန်းတယ် .... အဟင့် !!! "
" သိပ်ချစ်တယ် အသက်ကလေး ... ပြီးတော့ .. တောင်းပန်ပါတယ် "
ရိုးအီနေလောက်ပြီထင်သောထိုဝါကျနှစ်ကြောင်းသာနှုတ်ကတဖွဖွသီဆိုမိလျက် ကိုယ့်ကြောင့်ငိုကြွေးရပြီးမောဟိုက်နေသောချစ်ရသူ၏ကိုယ်လုံးလေးအားရင်ခွင်ထဲသို့တစ်ဖန်ထည့်ကာတင်းတင်းကျပ်ကျပ်လေးထွေးဖက်မိရင်းစိတ်ထဲတိတ်တခိုးလေးတောင်းဆုပြုမိသည် ။
We can go back again ... ?
🍓 S .T . R . A . W . B . E . R . R . Y 🍓
" အဟန့် .. အဟန့် .. ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုမှာ အရမ်းချောအရမ်းလှတဲ့အရောင်အဆင်းပြည့်စုံပြီးအရမ်းတောက်ပလွန်းတဲ့ရွှေသမင်လေးတစ်ကောင်နဲ့ အရမ်းရုပ်ဆိုးပြီးအရမ်းဖင်ကောက်ပြီးဘယ်ဘဝကအကုသိုလ်တွေကြောင့် အရမ်းအရမ်းကိုအရပ်တွေဇွတ်ရှည်နေတဲ့ဝံပုလွေဆိုးကြီးတစ်ကောင်ရှိတယ်တဲ့ "
တာဝန်ကျရာလူနာကလေးတွေရှိသောအခန်းထဲ၌လူနာကလေးလေးတွေကိုစိတ်ရောကိုယ်ပါခြေဟန်လက်ဟန်ဖြင့်ပုံပြင်ပြောပြနေသောချစ်ရတဲ့အူကြောင်ကြားဒေါက်တာသမင်ပေါက်စကိုအခန်းဘောင်ကိုပခုံးဖြင့်မှီပြီးလက်တစ်စုံကိုပိုက်ကာရပ်ကြည့်ရင်းပြုံးနေမိသည့်Oh Sehun ။
မွေးမိခင်ဆီမှအမှာကြားလိုက်သောနှစ်ဖက်မိသားစုညစာအတူစားရန် ချိန်းဆိုထားသောHotelသို့ သူချစ်ရသောသမင်ပေါက်စလေးနဲ့အတူသွားရန်ရည်ရွယ်ပြီးဆေးရုံသို့လာခဲ့မိတဲ့ဖြစ်ခြင်းသည် သူ့အတွက်တော့မူ တကယ်ကိုအဖိုးဖြတ်မရသောရတနာတစ်ပါးကဲ့သို့သက်ရောက်သွားခဲ့ရသည် ။
အဘယ်ကြောင့်ဆိုသော် ပြန်တွေးတိုင်းပျော်လည်းပျော်ရသလို ဝမ်းလည်းနည်းရတဲ့အထက်တန်းကျောင်းတုန်းက သူ့အနောက်သို့ "My Ball .. My Ball " ဆိုတဲ့ချစ်စရာကောင်းတဲ့အမည်နာမလေးတစ်လုံးသာနှုတ်မှ တတွတ်တွတ်ဖြင့်သီဆိုပြီးတကောက်ကောက်လိုက်ခဲ့တဲ့ အကြောင်းတို့ကို သူချစ်ရတဲ့သမင်ပေါက်စလေးက လူနာကလေးလေးတို့ကိုယုံတမ်းပုံပြင်တစ်ခုအဖြစ် ကိုယ်တိုင်ပုံသွင်းပြုပြင်ပြီးပြောပြနေခြင်းကြောင့်ပင် ဖြစ်သည် ။
" ဒါဆို My ballဆိုတဲ့ဝံပုလွေဆိုးဖင်ကောက်ကြီးကို သမင်လေးကထားသွားခဲ့တာပေါ့ ဟုတ်လား ဒေါက်ဒေါက် "
" ဟုတ်တာပေါ့ "
" အဟက် "
'ဒေါက်တာ'ဟူသောအမည်နာမကိုအပြည့်အစုံမခေါ်ဆိုပဲ 'ဒေါက်ဒေါက်'ဟုအဖျားစွပ်ခေါ်လို့ရယ်ချင်မိရာမှ ထို၆နှစ်သားလူနာကလေးလေးမေးလာသော အမေးအားနှုတ်ခမ်းလေးကိုဆူထော်ပြီးခေါင်းလေး တညိတ်ညိတ်နဲ့ ကလေးသဖွယ်ပြန်ဖြေပြသောချစ်ရတဲ့ သမင်ပေါက်စကြောင့် သူ့ခင်ဗျာ ရယ်ချင်စိတ်တို့အား ဘယ်လိုမှမထိန်းနိုင်တော့သည့်အဆုံး အသံထွက်ကာ ရယ်လိုက်မိပြီးနောက် သူ့ရယ်သံကျယ်ကျယ်မထွက်သွားနိုင်အောင် သူ့ခင်ဗျာ သူ့ပါးစပ်ကိုသူ့လက်ဖြင့်အမြန်ပြန်အုပ်ထားရတဲ့အဖြစ် ။
" တာတာ သားသားမသိလို့တစ်ခုလောက်မေးမယ်နော် "
တစ်ဖန်ထပ်ကြားရပြန်သော 'ဒေါက်တာ'ကိုအဖျားစွပ်ခေါ်သည့် 'တာတာ'ဆိုသောအမည်နာမတစ်ခု ။
" မေးပါဗျာ "
အနိုင်မခံအရှုံးမပေးကလေးနဲ့လုပြီးအထော်ပြိုင်နေသောသမင်ပေါက်စအား သူမျက်တောင်မခတ်တမ်းအချစ်တွေရွှန်းနေသောမျက်ဝန်းတစ်စုံဖြင့်သာစိုက်ကြည့်နေမိသည် ။
" ဟိုလေ .. သမင်လေးကသူ့ကိုဝံပုလွေဆိုးကြီးမကြိုက်တုန်းကကျတော့အနောက်ကနေတကောက်ကောက်လိုက်နေပြီး တကယ်တမ်း သူချစ်ခဲ့တဲ့ဝံပုလွေကြီးက သူ့ကိုပြန်လိုချင်ပြန်ချစ်လာတဲ့အချိန်ကျမှ ဘာလို့ပဲတွေအသေအလဲများပြနေရတာလဲ ! ဟင် ! "
" အမ် ? "
လက်တစ်စုံကိုဆရာကြီးဆိုဒ်နဲ့ပိုက်ပြီးကလေးအတွေးဖြင့်မေးချလိုက်သောလူနာကလေးလေးအမေးကြောင့်ပါးစပ်ကြီးဟကာကြောင်အသွားမိသောသူ့ရဲ့သမင်ပေါက်စကိုကြည့်ပြီးအရယ်မပျက်ဖြစ်နေရသောOh Sehunရဲ့ကျောပြင်အားအနောက်မှလက်ဖဝါးဖြင့်သာသာလေးတစ်ချက်ရိုက်လိုက်သောTao ။
လက်တစ်စုံကိုစတိုင်ကျကျပိုက်ထားလျက်သူ့မျက်နှာကိုတစ်ချက်ပြန်ငဲ့ကြည့်လာသောSehunအား သူငယ်ချင်းဖြစ်သူLuhanဘက်သို့မေးပြန်မော့ပြလိုက်ကာ ...
" ဒါမျိုးပေါ့ ... ကိုယ့်အပြောနဲ့ကိုယ်ပြန်ထိတယ်ဆိုတာ "
ငယ်သူငယ်ချင်းပီတစွာဖြင့် သူငယ်ချင်းအချင်းချင်းပြန်ဖဲ့ပြနေသောTaoစကားအဆုံး မျက်စိရှေ့တွင်တွေ့နေရသောတခဏကြောင်အမ်းနေမိသည့် သမင်ပေါက်စရဲ့ချစ်စရာကောင်းသောအမူအရာလေးတို့အား သူသေချာစိုက်ကြည့်ရင်းနှုတ်ခမ်းတစ်စုံအားအပေါ်သို့ ညီညာစွာတွန့်ကွေးလိုက်မိသည် ။
" ချစ်စရာမကောင်းလွန်းဘူးလားကွာ "
ပြုံးစိစိဖြင့်ပြောလိုက်သောသူ့စကားဆုံးသည်နှင့် သူ့မျက်နှာကိုတစ်ချက်ပြန်စောင်းကြည့်ပြီးခေါင်းတခါခါခါပြလာသော Tao ။
" ချစ်စရာမကောင်းလွန်းဘူးလား ? အဟက် ... ငဆယ် .. မင်းဒီကောင်ငလုရဲ့ဘယ်နေရာကိုကြည့်ပြီး ချစ်စရာမကောင်းလွန်းဘူးလားလို့ပြောလိုက်တာလဲ ! ဟင် ! မျက်နှာကိုလား ? ဒါမှမဟုတ် အကျင့်ကိုလား ?"
တစ်ဖန်သူ့ထံသို့အမေးဆန်ဆန်ပြန်ပြောလာသောTao ။
" အားလုံး "
" အားလုံး ? "
" အင်း ... အားလုံး "
" ဒါဆို ဘာလို့မင်းသူ့ကိုအထက်တန်းတုန်းကတည်းကလက်မခံပေးခဲ့ရတာလဲ ? "
" အမှန်တိုင်းပြောရရင် အဲ့ချိန်တုန်းကတည်း ငါသူ့အပေါ်ကိုစိတ်ပြန်ဝင်စားနေမိခဲ့တာမှန်ခဲ့ပေမယ့် အဲ့ဒီသူ့အပေါ်ကိုပြန်ဝင်စားနေမိတဲ့စိတ်ကတကယ်လား တကယ်မဟုတ်ဘူးလားဆိုတဲ့မထင်မရှားနဲ့ဝေဝါးနေခဲ့တဲ့စိတ်ကြောင့်ပဲ သူ့ကိုလက်မခံပေးခဲ့မိဘူး "
" ထားလိုက်ပါတော့ .. အတိတ်ကိုအတိတ်မှာပဲချန်ထားခဲ့လိုက် .. လက်ရှိဖြစ်တဲ့အခုပစ္စုန်ပ္ပန်မှာမင်းငါတို့သမင်ပေါက်လေးကိုပဲမြတ်နိုးပြီးချစ်ပေးပြီးကာကွယ်ပေး ငါမင်းကိုဒါပဲပြောချင်တယ် "
" စိတ်ချ Tao .. Xiao Luhanဆိုတဲ့သူ့ကိုငါ့ရင်ဘတ်ထဲကနှလုံးသားသိုလှောင်ရုံထဲမှာအပြီးသော့ခတ်ပြီးသိမ်းဆည်းထားလိုက်ပြီမို့ ငါ့အသက်ထက်ကိုပိုပြီးသူ့ကိုမြတ်နိုးပြီးချစ်ပြီးကာကွယ်ပေးသွားမှာ "
" မင်းဆီက အခုလိုငါတို့သမင်ပေါက်လေးကို မြတ်နိုးတယ် ချစ်တယ်လို့ကြားရလို့ဝမ်းသာပါတယ် ကံကောင်းပါစေ ငဆယ် "
🍓 S .T . R . A . W . B . E . R . R . Y 🍓
" အင်းပါ Na Youngရယ် ကိုယ့်ကြောင့် အလုပ်ရှုပ်သွားစေခဲ့လို့တောင်းပန်ပါတယ်ကွာ ... နောက်မှပဲလက်ထပ်ပွဲပြီးမှပဲမလုပ်လိုက်ရတဲ့ Fan Meetingပွဲကိုတစ်ဖန်ပြန်လုပ်ကြတာပေါ့ မဟုတ်ဘူးလား "
" ....................... "
" ကိုယ်သိပါတယ် Na Youngပြောနေတာကိုယ့်အတွက်ဆိုတာကိုယ်သိတယ် ... CEOဘက်ကလည်းကိုယ့်သဘောကိုသဘောတူတာမို့ မန်နေဂျာပီပီကိုယ့်ကိုဘာမှထပ်ပြီးဆူပြမနေနဲ့တော့ ဟုတ်ပြီလား "
တီ !!!!
အိပ်မပျော်လို့ ခေါင်းထဲဝင်လာသောသံစဉ်တစ်ချို့တို့ကြောင့် Studioထဲတွင်သောင်တင်နေသောကျွန်တော် ။ ညကြီးအချိန်မတော်ဝင်လာသော Na Youngဖုန်းအားလက်ခံပြောဆိုပြီးတီခနဲနဲ့ကျွန်တော့်ဘက်မှဖုန်းကိုအလျင် ချပစ်လိုက်ပြီးသည်နှင့် ဖျတ်ခနဲမျက်ထောင့်စွန်းတွင်တွေ့လိုက်ရသောအရိပ်လေးတစ်ခုကြောင့်အခန်းဝဘက်သို့ မျက်နှာတစ်ချက်မူလိုက်စဉ် တွေ့လိုက်ရသော ကျွန်တော့်ရဲ့အသက်ကလေး ။
မမြင်ရတာနှစ်အတော်ကြာပြီဖြစ်သည့်ဘဲနှုတ်သီးဆူဆူလေး ။ တစ်ခုခုကိုအလိုမကျလို့ပုတ်သိုးနေတဲ့ မျက်နှာထားနှင့် လက်ထဲမှာလည်းtabletတစ်လုံးကိုင်ထားလို့ ။ အဟက် ... ကြည့်ရတာ ထုံးစံအတိုင်း ဂိမ်းရှုံးလာပြန်ပြီထင်သည် ။
" ဘာလဲ အသက်ကလေး .. ထုံးစံအတိုင်း ရှုံးပြန်ပြီလား ! "
မေးသောလည်းပြန်မဖြေ ။ Piano အရှေ့တွင်ထိုင်နေသော ကျွန်တော့်အရှေ့သို့သာခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်လာခဲ့တဲ့အသက်ကလေး ။ ရုတ်ချည်းပင် ကျွန်တော့်လည်ပင်းသို့သူ့လက်တစ်စုံဖြင့်သိုင်းဖက်လျက် မမျှော်လင့်ထားခဲ့သောငယ်စဉ်ကတည်းကသူ့ကြောင့် အမှတ်တစ်ခုအနေနှင့်ခန္ဓာကိုယ်ပေါ်တွင်နေရာယူထားခဲ့သောပခုံးပေါ်ကသွားအကွင်းလိုက်အမာရွတ်ပေါ်သို့ တစ်ထပ်တည်းကျအောင်သွားဖြင့်ကြိတ်ကိုက်လာသောအသက်ကလေး ။ အဟက် ... တွေ့တယ်မလား ။ Park Chanyeolမှန်းရင်လွဲခဲပါတယ်လို့ ။
~ အ့ ! ~
နာသော်လည်းနာတယ်လို့မှတ်မယူနိုင် ။ အော်ချင်သော်လည်းအော်ခွင့်မပြုသည့် နှုတ် ။ ချစ်ရတဲ့ အသက်ကလေးနှင့်၆နှစ်ကျော်ကြာပြီးမှပထမဆုံး အနေအဖြစ်နဲ့ ယနေ့ညမှပူပူနွေးနွေးလေးအဆင်ပြန်ပြေထားရတာမို့ ။ ဘာမှမဟုတ်တဲ့အသေးအမွှားကိစ္စလေးတွေလောက်နဲ့ပြန်ပြီးမသင့်မြတ်တာတွေဖြစ်သွားမှာကိုမလိုလား ။
" နားကားအစုတ်ပလုတ် .. မင်းကငါ့ကိုဂိမ်းဆော့တိုင်းအမြဲတမ်းရှုံးရှုံးနေတဲ့ကောင်လို့သွယ်ဝိုက်နည်းနဲ့ပြောလိုက်တာမဟုတ်လား "
ချစ်ရသူရဲ့အိစက်စက်ပါးပြင်လေးအားကျွန်တော့်ပါးပြင်လေးဖြင့်ထိတွေ့ပွတ်တိုက်စားရင်းချစ်ရသူ၏ နောက်စေ့လေးအားလက်ကလေးဖြင့်ထိန်းကိုင်ရင်းတင်းကြပ်စွာထွေးပိုက်မိသည် ။
" အဲ့လောက်ကိုယ့်ကိုမတရားကြီးမစွပ်စွဲလိုက်ပါနဲ့ကွာ .. ကိုယ်ကဒီအတိုင်း .. ကိုယ့်အသက်ကလေးရဲ့မျက်နှာထားအမူအရာကိုကြည့်ပြီးမတက်တစ်ခေါက် မှန်းခြေနဲ့ ပြောလိုက်မိတာပါ "
" တကယ်လား ! "
" တကယ်ပါဗျာ "
" ငါကမယုံဘူးဆိုရင်ရော "
" အဲ့ဒါဆိုရင် ကိုယ်အသက်ကလေးကိုကျိန်ပြမယ်လေ "
" ဘယ်လိုမျိုးလဲ "
" အင်းးးး . . . တကယ်လို့ .. ကိုယ်လိမ်ပြောခဲ့လို့ရှိရင် ကိုယ့်အသက်ကလေးနဲ့ ထပ်ဝေး .... "
" တော်ပြီ ..... မကျိန်ပြနဲ့ .. ငါမကြိုက်ဘူး Chanyeol ... ငါမင်းနဲ့ထပ်ပြီးမဝေးနိုင်ဘူး .. ငါမင်းနဲ့သာနောက်တစ်ကြိမ်ထပ်ပြီးဝေးရရင် ငါတကယ်သေသွားလိမ့်မယ်ထင်တယ် "
စကားအားဆုံးခန်းတိုင်အောင်ပြောခွင့်မပေးပဲနှုတ်ခမ်းထက်သို့လက်ချောင်းလေးတွေဖြင့်ဟန့်တားပိတ်လျက်ခေါင်းတခါခါဖြင့်ပြောလာသောအသက်ကလေး ။
တွေ့ကြပြီမလား ။ ကျွန်တော်အရမ်းချစ်ရတဲ့အသက်ကလေးက အဲ့လိုမျိုးလေးတွေကလေးဆန်ပြီးချစ်ဖို့ကောင်းတယ်ဆိုတာ ။
ကျွန်တော့်အပြောနဲ့တင်မဟုတ်ဘူး ။ အခုလက်တွေ့ တွေ့ကြပြီမလား ။
" ဟုတ်ပြီ ... ဟုတ်ပြီ ... ကိုယ့်အသက်ကလေးကကိုယ်ကျိန်ပြတာမကြိုက်ဘူးဆိုကိုယ်မကျိန်ပြတော့ဘူးနော် .. ဒါနဲ့လေ .. စကားမစပ် အသက်ကလေး "
" ဟင် ! ... ဘာလဲ ? "
" ဒီနေ့ရာသီဥတုကသိပ်သာယာတာပဲသိလား "
" အဲ့တော့ဘာဖြစ်လဲ "
သိပ်ကိုအပေါဆန်စွာပြောလိုက်မိသည့်မည်းမှောင်နေသောညကောင်းကင်ယံအားတစ်ချက်မှမကြည့်ပဲကျွန်တော့်မျက်ဝန်းတစ်စုံကိုသာစိုက်ကြည့်ပြီးနှုတ်ခမ်းဆူဆူလေးဖြင့်ခပ်မြန်မြန်ဖြေပေးလာသောအသက်လေး ။ တကယ်ကိုအသဲယားလွန်းလို့ချစ်လို့ကိုမဝနိုင် ။
" အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အသက်ကလေးကိုယ့်ကိုpopoလေးမပေးချင်ဘူးလားလို့ "
" ဘာ ! ! ! "
ဆက်ရန် ...
13.9.2019
REN JO JO
------------------------------------------
" အသက္ကေလး "
ခ်စ္ရတဲ့သူရဲ႕ဖုန္းေလးကိုလက္ႏွင့္ဆုပ္ကိုင္ရင္းအ႐ူးတစ္ေယာက္လိုခ်စ္ရသူေလးအားအိမ္ထဲႏွံ႕ေအာင္ကြၽန္ေတာ္ပတ္ရွာေနမိသည္ ။
အၿမဲလိုလိုနာက်င္စရာေတြကိုပဲဖန္တီးတတ္တဲ့ကြၽန္ေတာ္က တကယ္ပဲသူေျပာသလိုသူနဲ႕မတန္ ။
သို႔ေသာ္လည္း ကိုယ္နဲ႕မတန္တဲ့အျမင့္မွာပဲလွပစြာဖူးပြင့္ေနသည့္ပန္းကေလးကိုတုံးခုၿပီးခူးဆြတ္ပန္းဆင္နမ္းရွိူက္ခ်င္မိသည္မွာ ႏွလုံးသား၏အႀကီးမားဆုံးအလိုဆႏၵ တစ္ရပ္ပင္ျဖစ္သည္ ။
" အသက္ကေလး "
တိတ္ဆိတ္ေနေသာအိမ္အတြင္းက်ယ္ေလာင္စြာဟိန္းထြက္လာခဲ့ေသာေခၚသံ ။ မီးဖိုေခ်ာင္ထဲမွာပဲရွိေနလိမ့္မည္ဟုထင္ခဲ့မိေသာခ်စ္ရသူမွာ တစ္အိမ္လုံးႏွံ႕ေနၿပီျဖစ္ေသာ္လည္း ဘယ္ဆီဘယ္ဝယ္မွမေတြ႕ရတာေၾကာင့္စိတ္အလုံးစုံတို႔မွာတစ္စတစ္စပူပန္ရႈပ္ေထြးလာခဲ့သည္ ။
မဟုတ္မွ ... ဟင့္အင္း .. မဟုတ္ေလာက္ပါဘူးေလ ။ သူ ကြၽန္ေတာ့္ကိုစိတ္နာၿပီး ထပ္ထားသြားခဲ့တာေတာ့ မျဖစ္နိုင္ေလာက္ပါဘူးေလ ။
" ဟင့္အင္း ... မဟုတ္ဘူး ... မျဖစ္နိုင္ဘူး !!! "
" ေဟ်ာင့္ ေသခ်င္းဆိုးနားကား .. ဘာလဲ .. ေဆးမေသာက္ရလို႔ ေဂါက္သြားၿပီလား ေၾကာင္ေတာင္ေတာင္နဲ႕ တစ္ေယာက္တည္းစကားေတြေျပာေနတာ "
ကိုယ့္ဟာကိုေမး ကိုယ့္ဟာကိုေခါင္းတခါခါျဖင့္ျပန္ေျဖေနမိစဥ္အေနာက္ေက်ာဘက္မွၾကားလိုက္ရေသာစကားသံေလးေၾကာင့္ အေနာက္သို႔သမင္လည္ျပန္ေလးျပန္လွည့္ၾကည့္လိုက္ေတာ့ ေတြ႕လိုက္ရသည့္ လက္ႏွစ္ဖက္တြင္ ဟင္းစားအိတ္အႀကီးအငယ္ကိုင္ဆြဲထားၿပီး ကြၽန္ေတာ့္အားမ်က္ေထာင့္နီနီျဖင့္စူးစိုက္ကာရပ္ၾကည့္ေနေသာခ်စ္ရသူ ။
ဘုတ္ !!!
ဝမ္းသာအားရျဖင့္ခ်စ္ရသူေလး၏ကိုယ္လုံးေလးအားရင္ခြင္ထဲသို႔ဆြဲသြင္းလိုက္မိေတာ့ ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားခဲ့ေသာ သနားစရာဟင္းစာအိတ္ေလးတို႔ ။
" အ့ ! ... ဘယ္လိုျဖစ္လို႔လူကိုအေသလာဖက္ေနရတာလဲ .. ငါအသက္ရႉက်ပ္လာၿပီ .. ေသခ်င္းဆိုးနားကား အစုတ္ပလုတ္ .. ငါ့ကိုလႊတ္ ! ! အြင္း ... "
ေထြးဖက္ထားရာမွရင္ခြင္ထဲမွအတင္း႐ုန္းကန္ေနေသာခ်စ္ရသူေလး၏ႏႈတ္ခမ္းထက္သို႔၁၅၀၀အခ်စ္လႊမ္း အနမ္းတစ္ပြင့္တံဆိပ္ခတ္နိပ္လိုက္ေသာအခါကိုယ့္ရင္ဘတ္သို႔လက္တစ္စုံျဖင့္ထုရိုက္ကာ႐ုန္းကန္ၿမဲ႐ုန္းကန္ေနေသာခ်စ္ရသူေလး ။
ေတာင္းပန္ပါတယ္ ။ ခြင့္လႊတ္ဖို႔မထိုက္တန္တဲ့နာက်င္မႈေတြ တစ္ႀကိမ္မကေပးမိခဲ့လို႔ ။
ဘယ္ေလာက္ပဲကိုယ့္ကိုယ္ကိုယ္ျပန္ညာခဲ့ညာခဲ့ ။ လမ္းမေပၚမွာသြားလာေနတဲ့မ်ားစြာေသာလူေတြေတာင္ဘယ္လိုမွတားမရတဲ့ ခ်စ္ရသူကိုခ်စ္မိတဲ့အစအဆုံးမရွိတဲ့အခ်စ္ေတြေၾကာင့္ႏွစ္မ်ားစြာပုန္းေအာင္းေနရာမွရဲရဲဝံ့ဝံ့ျပန္ထြက္ေပၚလာခဲ့ေသာသတၱိေလး ။
ယေန႕မွစ ႏွစ္တစ္ရာတိုင္သည္အထိ ခ်စ္ရသူတစ္ဦးတစ္ေယာက္တည္းသာကိုယ့္ႏွလုံးသားေလးရဲ႕ အရွင္သခင္အျဖစ္ကမၺည္းထိုးသြားမွာမို႔ ။ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးလို႔ရနိုင္မလား ? ။
" ေတာင္းပန္ပါတယ္ "
အနမ္းတို႔တစ္ခန္းရပ္လိုက္သည္ႏွင့္ ခ်စ္ရသူ၏ပုလဲမ်က္ရည္ၾကည္တို႔ျဖင့္အလွဆင္ထားေသာ ပါပီမ်က္ဝန္းေလးတစ္စုံအားစိုက္ၾကည့္ၿပီးေတာင္းပန္စကားဆိုလိုက္စဥ္ ရင္ဘတ္ေပၚသို႔မဆိုင္းမတြက်ေရာက္လာခဲ့ေသာလက္သီးဆုပ္ေလးေတြ ။
ထပ္မံၾကားရေသာရင္ထဲစို႔နစ္ေစသည့္ခ်စ္ရသူ၏ငိုသံျဖင့္ေျပာလာေသာစူးႏွင့္တူသည့္စကားလုံးမ်ား ။
" မေကာင္းတဲ့ေကာင္ .. ေသနာႀကီး .. ေသခ်င္းဆိုးႀကီး ... နားကားအစုတ္ပလုတ္ .. ငါ့ႏွလုံးသားကိုယုံၾကည္မႈအျပည့္မရွိတဲ့ေကာင္ .. မုန္းတယ္ .. မုန္းတယ္ .. ငါ့ကိုရက္ရက္စက္စက္လမ္းခြဲၿပီးထားရက္ခဲ့တဲ့ ေကာင္စုတ္ .. ငါ့ကိုအၿမဲငိုေအာင္လုပ္တဲ့ေကာင္ .. အၿမဲလိုလို ငါ့ကိုစိတ္ပူစရာေတြနဲ႕ရင္နာစရာေတြပဲေ႐ြးၿပီး ေပးတတ္တဲ့အက်င့္မေကာင္းတဲ့ေကာင္ အဲ့လိုေသာက္က်င့္လုံးဝမေကာင္းတဲ့မင္းလိုေကာင္ကိုမွမမုန္းရက္နိုင္ပဲခ်စ္မိတဲ့ငါ့ကိုယ္ငါလည္းမုန္းတယ္ ... အရမ္းမုန္းတယ္ .... အဟင့္ !!! "
" သိပ္ခ်စ္တယ္ အသက္ကေလး ... ၿပီးေတာ့ .. ေတာင္းပန္ပါတယ္ "
ရိုးအီေနေလာက္ၿပီထင္ေသာထိုဝါက်ႏွစ္ေၾကာင္းသာႏႈတ္ကတဖြဖြသီဆိုမိလ်က္ ကိုယ့္ေၾကာင့္ငိုေႂကြးရၿပီးေမာဟိုက္ေနေသာခ်စ္ရသူ၏ကိုယ္လုံးေလးအားရင္ခြင္ထဲသို႔တစ္ဖန္ထည့္ကာတင္းတင္းက်ပ္က်ပ္ေလးေထြးဖက္မိရင္းစိတ္ထဲတိတ္တခိုးေလးေတာင္းဆုျပဳမိသည္ ။
We can go back again ... ?
. . . . . . . . .
" အဟန႔္ .. အဟန႔္ .. ဟိုးေရွးေရွးတုန္းက ေတာအုပ္ႀကီးတစ္ခုမွာ အရမ္းေခ်ာအရမ္းလွတဲ့အေရာင္အဆင္းျပည့္စုံၿပီးအရမ္းေတာက္ပလြန္းတဲ့ေ႐ႊသမင္ေလးတစ္ေကာင္နဲ႕ အရမ္း႐ုပ္ဆိုးၿပီးအရမ္းဖင္ေကာက္ၿပီးဘယ္ဘဝကအကုသိုလ္ေတြေၾကာင့္ အရမ္းအရမ္းကိုအရပ္ေတြဇြတ္ရွည္ေနတဲ့ဝံပုေလြဆိုးႀကီးတစ္ေကာင္ရွိတယ္တဲ့ "
တာဝန္က်ရာလူနာကေလးေတြရွိေသာအခန္းထဲ၌လူနာကေလးေလးေတြကိုစိတ္ေရာကိုယ္ပါေျခဟန္လက္ဟန္ျဖင့္ပုံျပင္ေျပာျပေနေသာခ်စ္ရတဲ့အူေၾကာင္ၾကားေဒါက္တာသမင္ေပါက္စကိုအခန္းေဘာင္ကိုပခုံးျဖင့္မွီၿပီးလက္တစ္စုံကိုပိုက္ကာရပ္ၾကည့္ရင္းၿပဳံးေနမိသည့္Oh Sehun ။
ေမြးမိခင္ဆီမွအမွာၾကားလိုက္ေသာႏွစ္ဖက္မိသားစုညစာအတူစားရန္ ခ်ိန္းဆိုထားေသာHotelသို႔ သူခ်စ္ရေသာသမင္ေပါက္စေလးနဲ႕အတူသြားရန္ရည္႐ြယ္ၿပီးေဆး႐ုံသို႔လာခဲ့မိတဲ့ျဖစ္ျခင္းသည္ သူ႕အတြက္ေတာ့မူ တကယ္ကိုအဖိုးျဖတ္မရေသာရတနာတစ္ပါးကဲ့သို႔သက္ေရာက္သြားခဲ့ရသည္ ။
အဘယ္ေၾကာင့္ဆိုေသာ္ ျပန္ေတြးတိုင္းေပ်ာ္လည္းေပ်ာ္ရသလို ဝမ္းလည္းနည္းရတဲ့အထက္တန္းေက်ာင္းတုန္းက သူ႕အေနာက္သို႔ "My Ball .. My Ball " ဆိုတဲ့ခ်စ္စရာေကာင္းတဲ့အမည္နာမေလးတစ္လုံးသာႏႈတ္မွ တတြတ္တြတ္ျဖင့္သီဆိုၿပီးတေကာက္ေကာက္လိုက္ခဲ့တဲ့ အေၾကာင္းတို႔ကို သူခ်စ္ရတဲ့သမင္ေပါက္စေလးက လူနာကေလးေလးတို႔ကိုယုံတမ္းပုံျပင္တစ္ခုအျဖစ္ ကိုယ္တိုင္ပုံသြင္းျပဳျပင္ၿပီးေျပာျပေနျခင္းေၾကာင့္ပင္ ျဖစ္သည္ ။
" ဒါဆို My ballဆိုတဲ့ဝံပုေလြဆိုးဖင္ေကာက္ႀကီးကို သမင္ေလးကထားသြားခဲ့တာေပါ့ ဟုတ္လား ေဒါက္ေဒါက္ "
" ဟုတ္တာေပါ့ "
" အဟက္ "
'ေဒါက္တာ'ဟူေသာအမည္နာမကိုအျပည့္အစုံမေခၚဆိုပဲ 'ေဒါက္ေဒါက္'ဟုအဖ်ားစြပ္ေခၚလို႔ရယ္ခ်င္မိရာမွ ထို၆ႏွစ္သားလူနာကေလးေလးေမးလာေသာ အေမးအားႏႈတ္ခမ္းေလးကိုဆူေထာ္ၿပီးေခါင္းေလး တညိတ္ညိတ္နဲ႕ ကေလးသဖြယ္ျပန္ေျဖျပေသာခ်စ္ရတဲ့ သမင္ေပါက္စေၾကာင့္ သူ႕ခင္ဗ်ာ ရယ္ခ်င္စိတ္တို႔အား ဘယ္လိုမွမထိန္းနိုင္ေတာ့သည့္အဆုံး အသံထြက္ကာ ရယ္လိုက္မိၿပီးေနာက္ သူ႕ရယ္သံက်ယ္က်ယ္မထြက္သြားနိုင္ေအာင္ သူ႕ခင္ဗ်ာ သူ႕ပါးစပ္ကိုသူ႕လက္ျဖင့္အျမန္ျပန္အုပ္ထားရတဲ့အျဖစ္ ။
" တာတာ သားသားမသိလို႔တစ္ခုေလာက္ေမးမယ္ေနာ္ "
တစ္ဖန္ထပ္ၾကားရျပန္ေသာ 'ေဒါက္တာ'ကိုအဖ်ားစြပ္ေခၚသည့္ 'တာတာ'ဆိုေသာအမည္နာမတစ္ခု ။
" ေမးပါဗ်ာ "
အနိုင္မခံအရႈံးမေပးကေလးနဲ႕လုၿပီးအေထာ္ၿပိဳင္ေနေသာသမင္ေပါက္စအား သူမ်က္ေတာင္မခတ္တမ္းအခ်စ္ေတြ႐ႊန္းေနေသာမ်က္ဝန္းတစ္စုံျဖင့္သာစိုက္ၾကည့္ေနမိသည္ ။
" ဟိုေလ .. သမင္ေလးကသူ႕ကိုဝံပုေလြဆိုးႀကီးမႀကိဳက္တုန္းကက်ေတာ့အေနာက္ကေနတေကာက္ေကာက္လိုက္ေနၿပီး တကယ္တမ္း သူခ်စ္ခဲ့တဲ့ဝံပုေလြႀကီးက သူ႕ကိုျပန္လိုခ်င္ျပန္ခ်စ္လာတဲ့အခ်ိန္က်မွ ဘာလို႔ပဲေတြအေသအလဲမ်ားျပေနရတာလဲ ! ဟင္ ! "
" အမ္ ? "
လက္တစ္စုံကိုဆရာႀကီးဆိုဒ္နဲ႕ပိုက္ၿပီးကေလးအေတြးျဖင့္ေမးခ်လိဳက္ေသာလူနာကေလးေလးအေမးေၾကာင့္ပါးစပ္ႀကီးဟကာေၾကာင္အသြားမိေသာသူ႕ရဲ႕သမင္ေပါက္စကိုၾကည့္ၿပီးအရယ္မပ်က္ျဖစ္ေနရေသာOh Sehunရဲ႕ေက်ာျပင္အားအေနာက္မွလက္ဖဝါးျဖင့္သာသာေလးတစ္ခ်က္ရိုက္လိုက္ေသာTao ။
လက္တစ္စုံကိုစတိုင္က်က်ပိဳက္ထားလ်က္သူ႕မ်က္ႏွာကိုတစ္ခ်က္ျပန္ငဲ့ၾကည့္လာေသာSehunအား သူငယ္ခ်င္းျဖစ္သူLuhanဘက္သို႔ေမးျပန္ေမာ့ျပလိုက္ကာ ...
" ဒါမ်ိဳးေပါ့ ... ကိုယ့္အေျပာနဲ႕ကိုယ္ျပန္ထိတယ္ဆိုတာ "
ငယ္သူငယ္ခ်င္းပီတစြာျဖင့္ သူငယ္ခ်င္းအခ်င္းခ်င္းျပန္ဖဲ့ျပေနေသာTaoစကားအဆုံး မ်က္စိေရွ႕တြင္ေတြ႕ေနရေသာတခဏေၾကာင္အမ္းေနမိသည့္ သမင္ေပါက္စရဲ႕ခ်စ္စရာေကာင္းေသာအမူအရာေလးတို႔အား သူေသခ်ာစိုက္ၾကည့္ရင္းႏႈတ္ခမ္းတစ္စုံအားအေပၚသို႔ ညီညာစြာတြန႔္ေကြးလိုက္မိသည္ ။
" ခ်စ္စရာမေကာင္းလြန္းဘူးလားကြာ "
ၿပဳံးစိစိျဖင့္ေျပာလိုက္ေသာသူ႕စကားဆုံးသည္ႏွင့္ သူ႕မ်က္ႏွာကိုတစ္ခ်က္ျပန္ေစာင္းၾကည့္ၿပီးေခါင္းတခါခါခါျပလာေသာ Tao ။
" ခ်စ္စရာမေကာင္းလြန္းဘူးလား ? အဟက္ ... ငဆယ္ .. မင္းဒီေကာင္ငလုရဲ႕ဘယ္ေနရာကိုၾကည့္ၿပီး ခ်စ္စရာမေကာင္းလြန္းဘူးလားလို႔ေျပာလိုက္တာလဲ ! ဟင္ ! မ်က္ႏွာကိုလား ? ဒါမွမဟုတ္ အက်င့္ကိုလား ?"
တစ္ဖန္သူ႕ထံသို႔အေမးဆန္ဆန္ျပန္ေျပာလာေသာTao ။
" အားလုံး "
" အားလုံး ? "
" အင္း ... အားလုံး "
" ဒါဆို ဘာလို႔မင္းသူ႕ကိုအထက္တန္းတုန္းကတည္းကလက္မခံေပးခဲ့ရတာလဲ ? "
" အမွန္တိုင္းေျပာရရင္ အဲ့ခ်ိန္တုန္းကတည္း ငါသူ႕အေပၚကိုစိတ္ျပန္ဝင္စားေနမိခဲ့တာမွန္ခဲ့ေပမယ့္ အဲ့ဒီသူ႕အေပၚကိုျပန္ဝင္စားေနမိတဲ့စိတ္ကတကယ္လား တကယ္မဟုတ္ဘူးလားဆိုတဲ့မထင္မရွားနဲ႕ေဝဝါးေနခဲ့တဲ့စိတ္ေၾကာင့္ပဲ သူ႕ကိုလက္မခံေပးခဲ့မိဘူး "
" ထားလိုက္ပါေတာ့ .. အတိတ္ကိုအတိတ္မွာပဲခ်န္ထားခဲ့လိုက္ .. လက္ရွိျဖစ္တဲ့အခုပစၥဳန္ပၸန္မွာမင္းငါတို႔သမင္ေပါက္ေလးကိုပဲျမတ္နိုးၿပီးခ်စ္ေပးၿပီးကာကြယ္ေပး ငါမင္းကိုဒါပဲေျပာခ်င္တယ္ "
" စိတ္ခ် Tao .. Xiao Luhanဆိုတဲ့သူ႕ကိုငါ့ရင္ဘတ္ထဲကႏွလုံးသားသိုေလွာင္႐ုံထဲမွာအၿပီးေသာ့ခတ္ၿပီးသိမ္းဆည္းထားလိုက္ၿပီမို႔ ငါ့အသက္ထက္ကိုပိုၿပီးသူ႕ကိုျမတ္နိုးၿပီးခ်စ္ၿပီးကာကြယ္ေပးသြားမွာ "
" မင္းဆီက အခုလိုငါတို႔သမင္ေပါက္ေလးကို ျမတ္နိုးတယ္ ခ်စ္တယ္လို႔ၾကားရလို႔ဝမ္းသာပါတယ္ ကံေကာင္းပါေစ ငဆယ္ "
. . . . . . . . .
" အင္းပါ Na Youngရယ္ ကိုယ့္ေၾကာင့္ အလုပ္ရႈပ္သြားေစခဲ့လို႔ေတာင္းပန္ပါတယ္ကြာ ... ေနာက္မွပဲလက္ထပ္ပြဲၿပီးမွပဲမလုပ္လိုက္ရတဲ့ Fan Meetingပြဲကိုတစ္ဖန္ျပန္လုပ္ၾကတာေပါ့ မဟုတ္ဘူးလား "
" ....................... "
" ကိုယ္သိပါတယ္ Na Youngေျပာေနတာကိုယ့္အတြက္ဆိုတာကိုယ္သိတယ္ ... CEOဘက္ကလည္းကိုယ့္သေဘာကိုသေဘာတူတာမို႔ မန္ေနဂ်ာပီပီကိုယ့္ကိုဘာမွထပ္ၿပီးဆူျပမေနနဲ႕ေတာ့ ဟုတ္ၿပီလား "
တီ !!!!
အိပ္မေပ်ာ္လို႔ ေခါင္းထဲဝင္လာေသာသံစဥ္တစ္ခ်ိဳ႕တို႔ေၾကာင့္ Studioထဲတြင္ေသာင္တင္ေနေသာကြၽန္ေတာ္ ။ ညႀကီးအခ်ိန္မေတာ္ဝင္လာေသာ Na Youngဖုန္းအားလက္ခံေျပာဆိုၿပီးတီခနဲနဲ႕ကြၽန္ေတာ့္ဘက္မွဖုန္းကိုအလ်င္ ခ်ပစ္လိုက္ၿပီးသည္ႏွင့္ ဖ်တ္ခနဲမ်က္ေထာင့္စြန္းတြင္ေတြ႕လိုက္ရေသာအရိပ္ေလးတစ္ခုေၾကာင့္အခန္းဝဘက္သို႔ မ်က္ႏွာတစ္ခ်က္မူလိုက္စဥ္ ေတြ႕လိုက္ရေသာ ကြၽန္ေတာ့္ရဲ႕အသက္ကေလး ။
မျမင္ရတာႏွစ္အေတာ္ၾကာၿပီျဖစ္သည့္ဘဲႏႈတ္သီးဆူဆူေလး ။ တစ္ခုခုကိုအလိုမက်လိဳ႕ပုတ္သိုးေနတဲ့ မ်က္ႏွာထားႏွင့္ လက္ထဲမွာလည္းtabletတစ္လုံးကိုင္ထားလို႔ ။ အဟက္ ... ၾကည့္ရတာ ထုံးစံအတိုင္း ဂိမ္းရႈံးလာျပန္ၿပီထင္သည္ ။
" ဘာလဲ အသက္ကေလး .. ထုံးစံအတိုင္း ရႈံးျပန္ၿပီလား ! "
ေမးေသာလည္းျပန္မေျဖ ။ Piano အေရွ႕တြင္ထိုင္ေနေသာ ကြၽန္ေတာ့္အေရွ႕သို႔သာေျခလွမ္းက်ယ္က်ယ္ျဖင့္ ေလွ်ာက္လာခဲ့တဲ့အသက္ကေလး ။ ႐ုတ္ခ်ည္းပင္ ကြၽန္ေတာ့္လည္ပင္းသို႔သူ႕လက္တစ္စုံျဖင့္သိုင္းဖက္လ်က္ မေမွ်ာ္လင့္ထားခဲ့ေသာငယ္စဥ္ကတည္းကသူ႕ေၾကာင့္ အမွတ္တစ္ခုအေနႏွင့္ခႏၶာကိုယ္ေပၚတြင္ေနရာယူထားခဲ့ေသာပခုံးေပၚကသြားအကြင္းလိုက္အမာ႐ြတ္ေပၚသို႔ တစ္ထပ္တည္းက်ေအာင္သြားျဖင့္ႀကိတ္ကိုက္လာေသာအသက္ကေလး ။ အဟက္ ... ေတြ႕တယ္မလား ။ Park Chanyeolမွန္းရင္လြဲခဲပါတယ္လို႔ ။
~ အ့ ! ~
နာေသာ္လည္းနာတယ္လို႔မွတ္မယူနိုင္ ။ ေအာ္ခ်င္ေသာ္လည္းေအာ္ခြင့္မျပဳသည့္ ႏႈတ္ ။ ခ်စ္ရတဲ့ အသက္ကေလးႏွင့္၆ႏွစ္ေက်ာ္ၾကာၿပီးမွပထမဆုံး အေနအျဖစ္နဲ႕ ယေန႕ညမွပူပူႏြေးႏြေးေလးအဆင္ျပန္ေျပထားရတာမို႔ ။ ဘာမွမဟုတ္တဲ့အေသးအမႊားကိစၥေလးေတြေလာက္နဲ႕ျပန္ၿပီးမသင့္ျမတ္တာေတြျဖစ္သြားမွာကိုမလိုလား ။
" နားကားအစုတ္ပလုတ္ .. မင္းကငါ့ကိုဂိမ္းေဆာ့တိုင္းအၿမဲတမ္းရႈံးရႈံးေနတဲ့ေကာင္လို႔သြယ္ဝိုက္နည္းနဲ႕ေျပာလိုက္တာမဟုတ္လား "
ခ်စ္ရသူရဲ႕အိစက္စက္ပါးျပင္ေလးအားကြၽန္ေတာ့္ပါးျပင္ေလးျဖင့္ထိေတြ႕ပြတ္တိုက္စားရင္းခ်စ္ရသူ၏ ေနာက္ေစ့ေလးအားလက္ကေလးျဖင့္ထိန္းကိုင္ရင္းတင္းၾကပ္စြာေထြးပိုက္မိသည္ ။
" အဲ့ေလာက္ကိုယ့္ကိုမတရားႀကီးမစြပ္စြဲလိုက္ပါနဲ႕ကြာ .. ကိုယ္ကဒီအတိုင္း .. ကိုယ့္အသက္ကေလးရဲ႕မ်က္ႏွာထားအမူအရာကိုၾကည့္ၿပီးမတက္တစ္ေခါက္ မွန္းေျခနဲ႕ ေျပာလိုက္မိတာပါ "
" တကယ္လား ! "
" တကယ္ပါဗ်ာ "
" ငါကမယုံဘူးဆိုရင္ေရာ "
" အဲ့ဒါဆိုရင္ ကိုယ္အသက္ကေလးကိုက်ိန္ျပမယ္ေလ "
" ဘယ္လိုမ်ိဳးလဲ "
" အင္းးးး . . . တကယ္လို႔ .. ကိုယ္လိမ္ေျပာခဲ့လို႔ရွိရင္ ကိုယ့္အသက္ကေလးနဲ႕ ထပ္ေဝး .... "
" ေတာ္ၿပီ ..... မက်ိန္ျပနဲ႕ .. ငါမႀကိဳက္ဘူး Chanyeol ... ငါမင္းနဲ႕ထပ္ၿပီးမေဝးနိုင္ဘူး .. ငါမင္းနဲ႕သာေနာက္တစ္ႀကိမ္ထပ္ၿပီးေဝးရရင္ ငါတကယ္ေသသြားလိမ့္မယ္ထင္တယ္ "
စကားအားဆုံးခန္းတိုင္ေအာင္ေျပာခြင့္မေပးပဲႏႈတ္ခမ္းထက္သို႔လက္ေခ်ာင္းေလးေတြျဖင့္ဟန႔္တားပိတ္လ်က္ေခါင္းတခါခါျဖင့္ေျပာလာေသာအသက္ကေလး ။
ေတြ႕ၾကၿပီမလား ။ ကြၽန္ေတာ္အရမ္းခ်စ္ရတဲ့အသက္ကေလးက အဲ့လိုမ်ိဳးေလးေတြကေလးဆန္ၿပီးခ်စ္ဖို႔ေကာင္းတယ္ဆိုတာ ။
ကြၽန္ေတာ့္အေျပာနဲ႕တင္မဟုတ္ဘူး ။ အခုလက္ေတြ႕ ေတြ႕ၾကၿပီမလား ။
" ဟုတ္ၿပီ ... ဟုတ္ၿပီ ... ကိုယ့္အသက္ကေလးကကိုယ္က်ိန္ျပတာမႀကိဳက္ဘူးဆိုကိုယ္မက်ိန္ျပေတာ့ဘူးေနာ္ .. ဒါနဲ႕ေလ .. စကားမစပ္ အသက္ကေလး "
" ဟင္ ! ... ဘာလဲ ? "
" ဒီေန႕ရာသီဥတုကသိပ္သာယာတာပဲသိလား "
" အဲ့ေတာ့ဘာျဖစ္လဲ "
သိပ္ကိုအေပါဆန္စြာေျပာလိုက္မိသည့္မည္းေမွာင္ေနေသာညေကာင္းကင္ယံအားတစ္ခ်က္မွမၾကည့္ပဲကြၽန္ေတာ့္မ်က္ဝန္းတစ္စုံကိုသာစိုက္ၾကည့္ၿပီးႏႈတ္ခမ္းဆူဆူေလးျဖင့္ခပ္ျမန္ျမန္ေျဖေပးလာေသာအသက္ေလး ။ တကယ္ကိုအသဲယားလြန္းလို႔ခ်စ္လို႔ကိုမဝနိုင္ ။
" အဲ့ကိစၥနဲ႕ပတ္သတ္ၿပီး အသက္ကေလးကိုယ့္ကိုpopoေလးမေပးခ်င္ဘူးလားလို႔ "
" ဘာ ! ! ! "
ဆက္ရန္ ...
13.9.2019
REN JO JO