သူသိစေ🍁[Completed]

LinnWathan tarafından

46.8K 1.7K 60

ကိုယ့်ရဲ့ အချစ်တွေကို မင်းသိပါစေ ကလေးငယ်🍁 #L👀 Daha Fazla

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21(ဇာတ္သိမ္းပိုင္း)
Note
Note

Part 17

1K 41 4
LinnWathan tarafından

#Zawgyi

ေလးလံေနေသာ မ်က္ခံြမ်ားမွာ ႐ုတ္တရက္ပြင့္သြားေသာအခါ
အ႐ိုးကဲြမတတ္ခံစားရေသာ နာက်င္မႈတို႔ကပါ အရိပ္ကဲ့သို႔တစ္ခါတည္းလိုက္ပါလာေတာ့သည္ကို ဘုန္းမိုးႀကိတ္မိွတ္ခံစားေနရသည္

"ညီေလး...ႏိုးလာၿပီလား
သက္သာရဲ႕လား"
ကုတင္ေဘး၌ ဘုန္းမိုးကိုစိုးရိမ္စိတ္အျပည့္ျဖင့္ ေမးေနသူက ဝဏၰ...

"အား...ကြၽတ္ ကြၽတ္...
အကို ညီေလးကို အကိုက္အခဲေပ်ာက္ေဆးေလးယူေပးပါလား"
ဘုန္းမိုး လက္တစ္ဖက္က နားထင္ကို ႏိွပ္ကာ တစ္ဖက္က စားပဲြေပၚတြင္ရိွေသာ ေဆးကဒ္ကို လက္ညိဳွးထိုးျပလိုက္သည္...

"ညီေလး... ဒါေတြေသာက္ေနရံုနဲ႔ မင္းေခါင္းကိုက္တာေပ်ာက္မယ္လို႔ထင္ေနတာလား
မူးေတာင္လဲရတယ္လို႔ ဘယ္ခ်ိန္တည္းကျဖစ္ေနတာလဲ"
ဝဏၰ စိုးရိမ္သံသာမက က႐ုဏာေဒါသသံႏွင့္ပါ ေမးလိုက္သည္

"ယူေပးမွာသာ ေပးပါဗ်ာ ကြၽန္ေတာ္စကားေတြအမ်ားႀကီးမေျပာႏိုင္ဘူး"
ဘုန္းမိုး စုတ္တစ္ခ်က္သပ္လိုက္ၿပီး ဝဏၰကိုစိတ္ညစ္စြာျပန္၍အေျဖေပးလိုက္သည္

"ေဆးခန္းထိေခၚသြားဖို႔ ငါမင္းကို ကုန္းပိုးေသးတယ္
ဒါေပမဲ့ အဆင္မေျပဘူး အကူအညီေတာင္းလို႔ရတဲ့
ေက်ာင္းသားေတြကလည္းေက်ာင္းေရာက္ေနၿပီ
ဆရာဝန္ေခၚဖို႔ကလည္း ကိုယ္လည္းအသိဆရာဝန္မရိွဘူး
အေဆာင္မႉးကလည္း ညတည္းကျပန္မလာလို႔
ညီေလး ေဘးမွာ ထိုင္မရထမရျဖစ္ေနတာ
မင္းနည္းနည္းေလာက္သက္သာရင္ ကိုယ္နဲ႔ေဆးခန္းသြားၾကမယ္ေလ"

"ရပါတယ္ အကိုရယ္ အကိုလည္းကြၽန္ေတာ့္ေၾကာင့္အတန္းမတက္ရေတာ့ဘူး
ကြၽန္ေတာ္ဒီေန႔တစ္ရက္ေလာက္နားလိုက္ရင္ေကာင္းသြားမွာပါ
ေဆးခန္းသြားစရာမလိုဘူး မ်က္မွန္တပ္ရေတာ့မယ္ထင္တယ္
ျမင္ေနရတာေတြကလည္း ပံုရိပ္ေတြကႏွစ္ထပ္ျဖစ္ေနတယ္
ေနာက္ေန႔ မ်က္စိေဆးခန္းသြားလိုက္မယ္ ကြၽန္ေတာ့္ကိုစိတ္မပူနဲ႔"

ဘုန္းမိုးအသံမွာ အားမရိွႏိုင္...
နာက်င္လွေသာ ဦးေခါင္းမွဒဏ္ရာသဖြယ္ခံစားခ်က္ႏွင့္
မူးေဝလွေသာ မ်က္လံုးတို႔မွာ မ်က္စိေ႐ွ႕မွ ပံုရိပ္တို႔ကိုတိက်ျပတ္သားစြာ ပံုမေဖာ္ႏိုု္င္ေတာ့...

"ကိုယ္ ညီေလးစားဖို႔ တစ္ခုခုသြားဝယ္လိုက္ဦးမယ္
ေဆးမေသာက္နဲ႔ဦး စားၿပီးမွေသာက္ရမယ္ ၾကားလား"
ဘုန္းမိုး ဝဏၰေျပာသည္ကို ေခါင္းသာညိတ္ျပလိုက္ေတာ့သည္
ဝဏၰတစ္ေယာက္ စားစရာဝယ္ရန္ ဘုန္းမိုးအခန္းထဲမွ ထြက္သြားေတာ့သည္...
ထိုစဥ္...
"တီ...တီ...တီ..."
အသံျမည္ လာသည့္ဖုန္းေၾကာင့္ ဘုန္းမိုးအၾကည့္မ်ားစားပဲြေပၚသို႔ေရာက္သြားသည္...
"ကိုကို"ဟူေသာ နာမည္ႏွင့္ဝင္လာေသာဖုန္းေၾကာင့္ ဝမ္းသာအားရျဖင့္ မဆိုင္းမတြေကာက္ကိုင္လိုက္သည္

"ဟဲလို...ကိုယ္ရဲ႕အသည္းေလး
ထမင္းစားၿပီးၿပီလား "

"ဟင့္အင္း... မစားရေသးဘူးကိုကို"
ဝမ္းသာေနေသာ္လည္း ႏႈတ္မွထြက္လာေသာအားမရိွသည့္အသံမွာထင္႐ွားလွသျဖင့္

"ကေလး... အသံလည္းမေကာင္းပါလား
ဘာျဖစ္တာလဲ ကိုယ့္ကိုေျပာဦး ေနမေကာင္းဘူးလား"
မင္းခန္႔လည္း စိုးရိမ္တႀကီးျဖင့္ ပ်ာပ်ာသလဲ ေမးမိေတာ့သည္

"ကြၽန္ေတာ္ဒီေန႔ေက်ာင္းမတက္ဘူး"

"ဘာျဖစ္လို႔လဲ ကေလး
ဖ်ားၿပီမလား... ေရခ်ိဳးရင္အၾကာႀကီးခ်ိဳးတာကို...
ဒီကကိုကိုစကားကို ဘယ္ေတာ့မွနားမေထာင္ဘူး"

"ခဏေနပါဦးလားဗ်ာ.. ဘာမွန္းေတာင္မသိေသးဘူး
အျပစ္တင္ဖို႔ကအရင္"
ဘုန္းမိုးစိတ္တိုသြားသျဖင့္ မင္းခန္႔လည္းေလသံကိုျပန္၍ေလ်ွာ့ရေတာ့သည္

"ဘာျဖစ္တာလဲ"

"မနက္က အိပ္ရာထတည္းက ေခါင္းေတြအရမ္းကိုက္ေနတာ...
ေက်ာင္းသြားခါနီး မူးလဲသြားလို႔"

"ဟင္... အခုအေဆာင္မွာမလား ကိုယ္အခုလာခဲ့မယ္..."

"ရတယ္... အကိုဝဏၰ ရိွတယ္ သူလည္းေက်ာင္းမတက္ဘူး
ခင္ဗ်ားသာစာကို ေသခ်ာသင္... အတန္းမတက္ခ်င္တိုင္းကြၽန္ေတာ့္ေၾကာင့္ဆိုၿပီး ေခါင္းစဥ္တပ္မေနနဲ႔"

"ကေလးကလည္း... ကေလးအခုလိုမူးေတာင္လဲတာ
အနားမွာ ကိုယ္ရိွေနမွေပါ့ အခုမလာခဲ့နဲ႔ဆိုရင္ေတာင္ ခဏေနကိုယ္ေက်ာင္းဆင္းေတာ့မွာ အ့က်လာခဲ့မယ္ေနာ္"

"အင္းပါ ရတယ္... စိတ္မပူနဲ႔"

"ဒါဆိုကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ေနာ္
အရမ္းခ်စ္တယ္ ကေလးေလး...တာ့တာ"

"ဟုတ္"

ဖုန္းခ်လိုက္သည္ႏွင့္
ကြၽန္ေတာ့္ရင္ထဲတြင္ပါေနလို႔မေကာင္းျဖစ္လာရသည္...
မြန္းၾကပ္သလိုလို... အသက္႐ွဴလို႔မဝသလိုလိုႏွင့္
ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဘာေတြျဖစ္ေနလဲဆိုတာကြၽန္ေတာ္ကိုယ္တိုင္မသိပါ...
စိတ္ထဲတြင္အလိုလိုျဖစ္လာေသာ ဝမ္းနည္းမႈမ်ားကို
ပါးျပင္ေပၚမွ ပူေႏြးေနေသာ မ်က္ရည္မ်ားကသက္ေသျပလ်က္ပင္

"ငါဘာေတြျဖစ္ေနတာလဲ...
ဘာလို႔ ဒီေခါင္းကေရာအဲ့ဒီေလာက္ေတာင္ေသမတတ္ကိုက္ေနရတာလဲ...
ငါ....ငါေသေတာ့မွာေတာ့မဟုတ္ပါဘူးေနာ္
မ်က္လံုးမေကာင္းတာျဖစ္မွာပါ...မ်က္မွန္တပ္မွရေတာ့မယ္
မျဖစ္ဘူး ငါေသလို႔မွမျဖစ္တာ...
ငါ့ကိုခ်စ္တဲ့သူအတြက္ ငါ႐ွင္သန္ရဦးမယ္
သူနဲ႔ပိုၿပီးနီးစပ္ေအာင္ ငါႀကိဳးစားရဦးမယ္ေလ...
ဘုန္းမိုးသြင္...မင္းေယာက်္ား...
စိတ္ကိုေတာင့္ထားစမ္းပါ... အားလံုးအဆင္ေျပသြားမွာ"

ဘုန္းမိုး၏ေရရြတ္သံမွလဲြ၍ အရာအားလံုးမွာတိတ္ဆိတ္လ်က္ရိွသည္
သူကိုယ္တိုင္ပင္.... တိတ္ဆိတ္ေနေသာအခန္းထဲ၌ မ်က္လံုးကိုစံုမိွတ္ကာလဲေလ်ာင္းလိုက္ေတာ့သည္....

.................................................

"သားက တကယ္ပဲ အျမင္အာရံုေတြေဝဝါးေနတာလား
ပံုရိပ္ေတြကေရာ တကယ္ပဲႏွစ္ထပ္ျဖစ္ေနတာလား..."

"ဟုတ္ကဲ့ ေဒါက္တာ...ကြၽန္ေတာ္ ပါဝါမ်ားေနပီလား"
မ်က္စိဆရာဝန္မ၏ အေမးကို ဘုန္းမိုးနားမလည္...
ေျဖလိုက္မိေသာအေျဖမွာလည္း ဆီေလ်ာ္မႈမရိွသျဖင့္
ေဒါက္တာက ဘုန္းမိုးကိုေသခ်ာၾကည့္ၿပီးမွ...

"ေဒါက္တာအခုစစ္လိုက္တာကေတာ့ သားမ်က္မွန္တပ္ဖို႔လံုးဝမလိုဘူး သားေျပာသလို ပါဝါမ်ားဖို႔ဆိုတာအေဝးႀကီး... ေဒါက္တာ့အထင္ေတာ့ သားကမ်က္လံုးမွာျပႆနာရိွတာမဟုတ္ဘဲ ခႏၶာကိုယ္ကအားနည္းေနတာေၾကာင့္ တစ္ခ်က္တစ္ခ်က္အျမင္ေဝဝါးသြားတာျဖစ္ႏိုင္တယ္...
ဒါမွမဟုတ္ရင္ေတာ့ ဦးေႏွာက္အာရံုေၾကာနဲ႔ဆိုင္လိမ့္မယ္သား...
အျမင္အာရံုခ်ိဳ႕ယြင္းလာရင္မ်က္မွန္တပ္ဖို႔လိုလာတဲ့အတြက္
ေခါင္းကိုက္တာေတြ မူးလဲတာေတြျဖစ္တတ္ေပမဲ့
အျမင္အာရံုေၾကာကေတာ့ အခုထိ နည္းနည္းေလးေတာင္ခ်ိဳ႕ယြင္းမႈမရိွေသးဘူးဆိုေတာ့...
သား ဓာတ္မွန္႐ိုက္ၾကည့္တာအေကာင္းဆံုးပဲ"

"ဟုတ္...ဟုတ္ကဲ့ ေဒါက္တာ
အားနာလိုက္တာေဒါက္တာရယ္...
ကြၽန္ေတာ္ဓာတ္မွန္႐ိုက္လိုက္ပါ့မယ္ ေက်းဇူးတင္ပါတယ္ ေဒါက္တာ
ခြင့္ျပဳပါဦးေနာ္..."

ဘုန္းမိုး မ်က္စိအထူးကုေဆးခန္းမွ အျပင္သို႔ထြက္လာၿပီးသည့္ေနာက္
ပတ္ဝန္းက်င္ကို ေဝ့ဝိုက္ၾကည့္လိုက္ေသာအခါ အေကာင္းတိုင္းပင္ျဖစ္ေနေတာ့သည္... ေခါင္းနည္းနည္းကိုက္တာကလဲြရင္ အားလံုးအဆင္ေျပေနသည္

"ကဲ အကိုေတာ္....ဓာတ္မွန္သြား႐ိုက္မယ္လာ..."
ဝဏၰ ဘုန္းမိုးကို ေဆးရံုထပ္သြားရန္လက္ဆဲြလိုက္ေသာအခါ

"ကြၽန္ေတာ္ ဒီေန႔ေတာ့မသြားခ်င္ေသးဘူးအကိုရာ...
ကြၽန္ေတာ္သြားစရာရိွေသးလို႔ပါ"

"ခ်က္ခ်င္းႀကီးဘယ္ကိုလဲ ဒီေန႔ေက်ာင္းလည္းပိတ္ရဲ႕သားနဲ႔"

"ခ်ိန္းထားတာရိွလို႔ပါ အကိုအေဆာင္ျပန္လိုက္ေတာ့ေလ...
ကြၽန္ေတာ္စကားေျပာစရာကိစၥရိွလို႔ ၾကာမွာ အကိုမလိုက္ခဲ့နဲ႔ေတာ့"

"မင္းေဆးရံုမသြားဘူးဆိုရင္ေတာင္ မင္းသြားတဲ့ေနရာကိုယ္လိုက္ခဲ့မယ္ဘုန္းမိုး....
ညီေလး မင္းေခါင္းမမာသင့္ေတာ့ဘူးေနာ္ ေဆးရံုသြားဖို႔ေဝ့လည္ေၾကာင္ပတ္လုပ္ေနတယ္ ဒီကေလး"

"ကြၽန္ေတာ္တကယ္ ခ်ိန္းထားတာရိွလို႔ပါ အကိုရ...ေနာ္...
အခုတစ္ရက္တည္းေလ...ေဆးရံုကေနာက္တစ္ပတ္သြားမွာေပါ့ေနာ္"
ဘုန္းမိုးမ်က္ႏွာငယ္ေလးႏွင့္ေျပာေတာ့ ဝဏၰ လည္းဘာမွမတတ္ႏိုင္ဘဲ လက္ေလ်ွာ့ရေတာ့သည္...

"မေန႔ကပိတ္ေတာ့လည္း သြားဖို႔ေခၚမရ အခန္းထဲေအာင္းၿပီးေတာ့...
က်န္းမာေရးေနာ္ ဘုန္းမိုး... ေနာက္တစ္ပတ္မွမသြားရင္ေတာ့ မင္းနဲ႔ငါနဲ႔ေတြ႔မယ္...ဒါဆိုငါသြားၿပီ...ၾကာမေနနဲ႔ ေစာေစာျပန္လာ
ထမင္းစားဖို႔ေစာင့္ေနမယ္"

"ဟုတ္ ဒါမွ ငါ့ရဲ႕အကိုႀကီး..."
ဘုန္းမိုးမနည္းျပံဳးကာျဖင့္ ေျပာလိုက္မွ ဝဏၰမ်က္ေစာင္းထိုးကာ

"အခုမွလာခြၽဲမေနနဲ႔...သြားၿပီ"

"ဟုတ္"

...............................................

ဝဏၰကိုျပန္ခိုင္းလိုက္ေသာ္လည္း
အမွန္တကယ္မွာ... ဘုန္းမိုးမည္သူႏွင့္မ်ွမခ်ိန္းထား...
တစ္ဦးတည္းသာေဆးရံုသြား၍ အေျခအေနကိုစမ္းသပ္ခ်င္သည္သာျဖစ္သည္အတြက္ တံုကင္ယူကာထိုင္ေစာင့္ေနခ်ိန္တြင္ သူနာျပဳမွ ဓာတ္မွန္႐ိုက္ရန္လာေခၚေတာ့သည္...
ဘုန္းမိုးအလွည့္ေရာက္လာသျဖင့္
ဓာတ္မွန္ႏွင့္အတူ အေထြေထြေရာဂါကုဆရာဝန္ႀကီး
ရိွရာအခန္းထဲသို႔ ဘုန္းမိုးဝင္သြားမိလိုက္ေတာ့သည္...

"သား... မင္းစိတ္ေအးေအးထားကြာ
ဆရာေျပာတာကို မင္းေသခ်ာေလးနားေထာင္
ဒါလိုမ်ိဳးေတြက မင္းစိတ္ခိုင္ခိုင္ထားမွရမယ့္ကိစၥကြ..."
ဆရာဝန္ႀကီး ဓာတ္မွန္ကိုကိုင္ကာ ေျပာေနပံုကို ဘုန္းမိုးလံုးဝနားမလည္ေပ...

"စိတ္ခိုင္ခိုင္ထားရမယ္....
ဘာအတြက္လဲ... ဘာလို႔ ဆရာ့မ်က္ႏွာကေရာမေကာင္းရတာလဲ"
ဘုန္းမိုး စိတ္ထဲမွအေတြးကိုေဖ်ာက္ဖ်က္ပစ္လိုက္ကာ...

"ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး ဆရာ...
ေျပာပါ...ကြၽန္ေတာ္ရပါတယ္..."
တုန္ယင္ေနေသာအသံတို႔က ႏႈတ္ဖ်ားမွထြက္လာသည့္စကားတို႔၏ခိုင္မာမႈကို ဖ်က္စီးေနသည့္အလား....
ဆရာဝန္ႀကီးမွာ ဘုန္းမိုးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး

"သားရဲ႕ ဦးေႏွာက္မွာ Glioblastoma ဆိုတဲ့ ဦးေႏွာက္အႀကိတ္ေတြအမ်ားႀကီးပြားေနၿပီ...
အဆင့္3ဆိုေတာ့... အႀကိတ္ေတြရဲ႕႐ွင္သန္မႈက အရမ္းကိုဆိုးဆိုးရြားရြားျဖစ္ေနတာ..."

"ဗ်ာ...."
ဘုန္းမိုး တစ္ကိုယ္လံုးတုန္ယင္လာၿပီး ေဝ့ဝိုက္လာေသာ မ်က္ရည္မ်ားက မ်က္ခမ္းတြင္တဲြလဲခိုကပ္ေနသည္...

"သားအရင္က ကားအက္ဆီးဒင့္ျဖစ္ဖူးတာေၾကာင့္
ဒီအႀကိတ္ေတြက ဦးေႏွာက္ထဲမွာ တြယ္ကယ္လာတာ...
အဆင့္1နဲ႔2နဲ႔ဆိုရင္ေတာင္ အႀကိတ္ေတြခဲြထုတ္ၿပီး ထပ္မပြားေအာင္တားလို႔ရေပမဲ့ ေစာေစာမသိတဲ့အခါက်ေတာ့
အခုဆို တစ္ႏွစ္ေလာက္အသက္႐ွည္ဖို႔ေတာင္ မေသခ်ာေတာ့ဘူး
အဆင့္3နဲ႔4မွာ ရသေလာက္အႀကိတ္ေတြကိုခဲြထုတ္ၿပီး ဓာတ္ေရာင္ျခည္ေပးမယ္...Temozolomideဆိုတဲ့ ကင္ဆာေဆးနဲ႔ ကုမယ္ဆိုရင္ေတာ့ တစ္ႏွစ္ဆိုတဲ့သက္တမ္းကိုဆဲြဆန္႔လို႔ေတာ့ ရတယ္ဆိုေပမဲ့
ဒီအႀကိတ္ေတြက လံုးဝေပ်ာက္ကြယ္သြားမွာေတာ့မဟုတ္ဘူး
ဒါေၾကာင့္...."

"ေတာ္...ေတာ္ပါေတာ့ဆရာရယ္....မေျပာပါနဲ႔ေတာ့....
ကြၽန္ေတာ္က.....ဘယ္လိုပဲျဖစ္ျဖစ္ေသမွာပဲမဟုတ္လား...
ကြၽန္...ကြၽန္ေတာ္သိပါၿပီ...."

"စိတ္မေကာင္းပါဘူးသား...."

ခါးသီးရက္စက္လြန္းသည့္ ကံၾကမၼာဆိုးႀကီးမွာ
ဘုန္းမိုးတစ္ေယာက္တည္းကိုသာဝဋ္ေႂကြးမ်ား အလံုးလိုက္အရင္းလိုက္ျဖင့္ ဒုကၡေပးေနသည့္အလား...

ဘုန္းမိုးမ်က္စိထဲဘာမွမျမင္ႏိုင္ေတာ့ေပ...
မြန္းၾကပ္လာေသာ ႏွလံုးသားထဲမွ ေသြးေၾကာမ်ားက လည္ပင္းကိုအသက္႐ႈ၍မရေလာက္ေအာင္ ရစ္ပတ္ေနလြန္းလွသည္...

ဘယ္ဘက္ရင္ဘတ္အျခမ္းထဲရိွေနရာမွ ခ်က္ခ်င္းေအာင့္တက္လာၿပီး
မထူႏိုင္ေလာက္ေအာင္ ေခါင္းကပါပို၍ႏိွပ္စက္သကဲ့သို႔ ကိုက္ခဲလာ၍
အံကိုႀကိတ္ကာ စီးက်လာသည့္မ်က္ရည္မ်ားကိုပင္မသုတ္မိ...
တစ္ကိုယ္လံုးပူထူသြားၿပီး လံုးဝမလႈပ္ႏိုင္မကိုင္ႏိုင္ျဖင့္ ကံၾကမၼာဆိုး၏လွည့္စားမႈဒဏ္မ်ားကို အလူးအလိွမ့္ခံစားရေတာ့မည္သာျဖစ္သည္....

#L👀

ကဲ ဘုန္းမိုးေလးကေတာ့ ဒန္တန္႔တန္😁
ပံုေဖာ္မႈေတြမပီျပင္ရင္ေျပာပါေနာ္...Lအမွားပါ...
ပီျပင္ေအာင္မေရးႏိုင္ေသးတဲ့ Lကိုအျပစ္တင္ၾကပါ🖤
ေဝဖန္မႈေလးေတြ ေစာင့္ေနတယ္ေနာ္😍

#Unicode

လေးလံနေသော မျက်ခံွများမှာ ရုတ်တရက်ပွင့်သွားသောအခါ
အရိုးကွဲမတတ်ခံစားရသော နာကျင်မှုတို့ကပါ အရိပ်ကဲ့သို့တစ်ခါတည်းလိုက်ပါလာတော့သည်ကို ဘုန်းမိုးကြိတ်မှိတ်ခံစားနေရသည်

"ညီလေး...နိုးလာပြီလား
သက်သာရဲ့လား"
ကုတင်ဘေး၌ ဘုန်းမိုးကိုစိုးရိမ်စိတ်အပြည့်ဖြင့် မေးနေသူက ဝဏ္ဏ...

"အား...ကျွတ် ကျွတ်...
အကို ညီလေးကို အကိုက်အခဲပျောက်ဆေးလေးယူပေးပါလား"
ဘုန်းမိုး လက်တစ်ဖက်က နားထင်ကို နှိပ်ကာ တစ်ဖက်က စားပွဲပေါ်တွင်ရှိသော ဆေးကဒ်ကို လက်ညိုှးထိုးပြလိုက်သည်...

"ညီလေး... ဒါတွေသောက်နေရုံနဲ့ မင်းခေါင်းကိုက်တာပျောက်မယ်လို့ထင်နေတာလား
မူးတောင်လဲရတယ်လို့ ဘယ်ချိန်တည်းကဖြစ်နေတာလဲ"
ဝဏ္ဏ စိုးရိမ်သံသာမက ကရုဏာဒေါသသံနှင့်ပါ မေးလိုက်သည်

"ယူပေးမှာသာ ပေးပါဗျာ ကျွန်တော်စကားတွေအများကြီးမပြောနိုင်ဘူး"
ဘုန်းမိုး စုတ်တစ်ချက်သပ်လိုက်ပြီး ဝဏ္ဏကိုစိတ်ညစ်စွာပြန်၍အဖြေပေးလိုက်သည်

"ဆေးခန်းထိခေါ်သွားဖို့ ငါမင်းကို ကုန်းပိုးသေးတယ်
ဒါပေမဲ့ အဆင်မပြေဘူး အကူအညီတောင်းလို့ရတဲ့
ကျောင်းသားတွေကလည်းကျောင်းရောက်နေပြီ
ဆရာဝန်ခေါ်ဖို့ကလည်း ကိုယ်လည်းအသိဆရာဝန်မရှိဘူး
အဆောင်မှူးကလည်း ညတည်းကပြန်မလာလို့
ညီလေး ဘေးမှာ ထိုင်မရထမရဖြစ်နေတာ
မင်းနည်းနည်းလောက်သက်သာရင် ကိုယ်နဲ့ဆေးခန်းသွားကြမယ်လေ"

"ရပါတယ် အကိုရယ် အကိုလည်းကျွန်တော့်ကြောင့်အတန်းမတက်ရတော့ဘူး
ကျွန်တော်ဒီနေ့တစ်ရက်လောက်နားလိုက်ရင်ကောင်းသွားမှာပါ
ဆေးခန်းသွားစရာမလိုဘူး မျက်မှန်တပ်ရတော့မယ်ထင်တယ်
မြင်နေရတာတွေကလည်း ပုံရိပ်တွေကနှစ်ထပ်ဖြစ်နေတယ်
နောက်နေ့ မျက်စိဆေးခန်းသွားလိုက်မယ် ကျွန်တော့်ကိုစိတ်မပူနဲ့"

ဘုန်းမိုးအသံမှာ အားမရှိနိုင်...
နာကျင်လှသော ဦးခေါင်းမှဒဏ်ရာသဖွယ်ခံစားချက်နှင့်
မူးဝေလှသော မျက်လုံးတို့မှာ မျက်စိရှေ့မှ ပုံရိပ်တို့ကိုတိကျပြတ်သားစွာ ပုံမဖော်နို်င်တော့...

"ကိုယ် ညီလေးစားဖို့ တစ်ခုခုသွားဝယ်လိုက်ဦးမယ်
ဆေးမသောက်နဲ့ဦး စားပြီးမှသောက်ရမယ် ကြားလား"
ဘုန်းမိုး ဝဏ္ဏပြောသည်ကို ခေါင်းသာညိတ်ပြလိုက်တော့သည်
ဝဏ္ဏတစ်ယောက် စားစရာဝယ်ရန် ဘုန်းမိုးအခန်းထဲမှ ထွက်သွားတော့သည်...
ထိုစဉ်...
"တီ...တီ...တီ..."
အသံမြည် လာသည့်ဖုန်းကြောင့် ဘုန်းမိုးအကြည့်များစားပွဲပေါ်သို့ရောက်သွားသည်...
"ကိုကို"ဟူသော နာမည်နှင့်ဝင်လာသောဖုန်းကြောင့် ဝမ်းသာအားရဖြင့် မဆိုင်းမတွကောက်ကိုင်လိုက်သည်

"ဟဲလို...ကိုယ်ရဲ့အသည်းလေး
ထမင်းစားပြီးပြီလား "

"ဟင့်အင်း... မစားရသေးဘူးကိုကို"
ဝမ်းသာနေသော်လည်း နှုတ်မှထွက်လာသောအားမရှိသည့်အသံမှာထင်ရှားလှသဖြင့်

"ကလေး... အသံလည်းမကောင်းပါလား
ဘာဖြစ်တာလဲ ကိုယ့်ကိုပြောဦး နေမကောင်းဘူးလား"
မင်းခန့်လည်း စိုးရိမ်တကြီးဖြင့် ပျာပျာသလဲ မေးမိတော့သည်

"ကျွန်တော်ဒီနေ့ကျောင်းမတက်ဘူး"

"ဘာဖြစ်လို့လဲ ကလေး
ဖျားပြီမလား... ရေချိုးရင်အကြာကြီးချိုးတာကို...
ဒီကကိုကိုစကားကို ဘယ်တော့မှနားမထောင်ဘူး"

"ခဏနေပါဦးလားဗျာ.. ဘာမှန်းတောင်မသိသေးဘူး
အပြစ်တင်ဖို့ကအရင်"
ဘုန်းမိုးစိတ်တိုသွားသဖြင့် မင်းခန့်လည်းလေသံကိုပြန်၍လျှော့ရတော့သည်

"ဘာဖြစ်တာလဲ"

"မနက်က အိပ်ရာထတည်းက ခေါင်းတွေအရမ်းကိုက်နေတာ...
ကျောင်းသွားခါနီး မူးလဲသွားလို့"

"ဟင်... အခုအဆောင်မှာမလား ကိုယ်အခုလာခဲ့မယ်..."

"ရတယ်... အကိုဝဏ္ဏ ရှိတယ် သူလည်းကျောင်းမတက်ဘူး
ခင်ဗျားသာစာကို သေချာသင်... အတန်းမတက်ချင်တိုင်းကျွန်တော့်ကြောင့်ဆိုပြီး ခေါင်းစဉ်တပ်မနေနဲ့"

"ကလေးကလည်း... ကလေးအခုလိုမူးတောင်လဲတာ
အနားမှာ ကိုယ်ရှိနေမှပေါ့ အခုမလာခဲ့နဲ့ဆိုရင်တောင် ခဏနေကိုယ်ကျောင်းဆင်းတော့မှာ အ့ကျလာခဲ့မယ်နော်"

"အင်းပါ ရတယ်... စိတ်မပူနဲ့"

"ဒါဆိုကိုယ်ဖုန်းချလိုက်တော့မယ်နော်
အရမ်းချစ်တယ် ကလေးလေး...တာ့တာ"

"ဟုတ်"

ဖုန်းချလိုက်သည်နှင့်
ကျွန်တော့်ရင်ထဲတွင်ပါနေလို့မကောင်းဖြစ်လာရသည်...
မွန်းကြပ်သလိုလို... အသက်ရှူလို့မဝသလိုလိုနှင့်
ကျွန်တော့်ကိုယ်ကျွန်တော် ဘာတွေဖြစ်နေလဲဆိုတာကျွန်တော်ကိုယ်တိုင်မသိပါ...
စိတ်ထဲတွင်အလိုလိုဖြစ်လာသော ဝမ်းနည်းမှုများကို
ပါးပြင်ပေါ်မှ ပူနွေးနေသော မျက်ရည်များကသက်သေပြလျက်ပင်

"ငါဘာတွေဖြစ်နေတာလဲ...
ဘာလို့ ဒီခေါင်းကရောအဲ့ဒီလောက်တောင်သေမတတ်ကိုက်နေရတာလဲ...
ငါ....ငါသေတော့မှာတော့မဟုတ်ပါဘူးနော်
မျက်လုံးမကောင်းတာဖြစ်မှာပါ...မျက်မှန်တပ်မှရတော့မယ်
မဖြစ်ဘူး ငါသေလို့မှမဖြစ်တာ...
ငါ့ကိုချစ်တဲ့သူအတွက် ငါရှင်သန်ရဦးမယ်
သူနဲ့ပိုပြီးနီးစပ်အောင် ငါကြိုးစားရဦးမယ်လေ...
ဘုန်းမိုးသွင်...မင်းယောကျ်ား...
စိတ်ကိုတောင့်ထားစမ်းပါ... အားလုံးအဆင်ပြေသွားမှာ"

ဘုန်းမိုး၏ရေရွတ်သံမှလွဲ၍ အရာအားလုံးမှာတိတ်ဆိတ်လျက်ရှိသည်
သူကိုယ်တိုင်ပင်.... တိတ်ဆိတ်နေသောအခန်းထဲ၌ မျက်လုံးကိုစုံမှိတ်ကာလဲလျောင်းလိုက်တော့သည်....

.................................................

"သားက တကယ်ပဲ အမြင်အာရုံတွေဝေဝါးနေတာလား
ပုံရိပ်တွေကရော တကယ်ပဲနှစ်ထပ်ဖြစ်နေတာလား..."

"ဟုတ်ကဲ့ ဒေါက်တာ...ကျွန်တော် ပါဝါများနေပီလား"
မျက်စိဆရာဝန်မ၏ အမေးကို ဘုန်းမိုးနားမလည်...
ဖြေလိုက်မိသောအဖြေမှာလည်း ဆီလျော်မှုမရှိသဖြင့်
ဒေါက်တာက ဘုန်းမိုးကိုသေချာကြည့်ပြီးမှ...

"ဒေါက်တာအခုစစ်လိုက်တာကတော့ သားမျက်မှန်တပ်ဖို့လုံးဝမလိုဘူး သားပြောသလို ပါဝါများဖို့ဆိုတာအဝေးကြီး... ဒေါက်တာ့အထင်တော့ သားကမျက်လုံးမှာပြဿနာရှိတာမဟုတ်ဘဲ ခန္ဓာကိုယ်ကအားနည်းနေတာကြောင့် တစ်ချက်တစ်ချက်အမြင်ဝေဝါးသွားတာဖြစ်နိုင်တယ်...
ဒါမှမဟုတ်ရင်တော့ ဦးနှောက်အာရုံကြောနဲ့ဆိုင်လိမ့်မယ်သား...
အမြင်အာရုံချို့ယွင်းလာရင်မျက်မှန်တပ်ဖို့လိုလာတဲ့အတွက်
ခေါင်းကိုက်တာတွေ မူးလဲတာတွေဖြစ်တတ်ပေမဲ့
အမြင်အာရုံကြောကတော့ အခုထိ နည်းနည်းလေးတောင်ချို့ယွင်းမှုမရှိသေးဘူးဆိုတော့...
သား ဓာတ်မှန်ရိုက်ကြည့်တာအကောင်းဆုံးပဲ"

"ဟုတ်...ဟုတ်ကဲ့ ဒေါက်တာ
အားနာလိုက်တာဒေါက်တာရယ်...
ကျွန်တော်ဓာတ်မှန်ရိုက်လိုက်ပါ့မယ် ကျေးဇူးတင်ပါတယ် ဒေါက်တာ
ခွင့်ပြုပါဦးနော်..."

ဘုန်းမိုး မျက်စိအထူးကုဆေးခန်းမှ အပြင်သို့ထွက်လာပြီးသည့်နောက်
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သောအခါ အကောင်းတိုင်းပင်ဖြစ်နေတော့သည်... ခေါင်းနည်းနည်းကိုက်တာကလွဲရင် အားလုံးအဆင်ပြေနေသည်

"ကဲ အကိုတော်....ဓာတ်မှန်သွားရိုက်မယ်လာ..."
ဝဏ္ဏ ဘုန်းမိုးကို ဆေးရုံထပ်သွားရန်လက်ဆွဲလိုက်သောအခါ

"ကျွန်တော် ဒီနေ့တော့မသွားချင်သေးဘူးအကိုရာ...
ကျွန်တော်သွားစရာရှိသေးလို့ပါ"

"ချက်ချင်းကြီးဘယ်ကိုလဲ ဒီနေ့ကျောင်းလည်းပိတ်ရဲ့သားနဲ့"

"ချိန်းထားတာရှိလို့ပါ အကိုအဆောင်ပြန်လိုက်တော့လေ...
ကျွန်တော်စကားပြောစရာကိစ္စရှိလို့ ကြာမှာ အကိုမလိုက်ခဲ့နဲ့တော့"

"မင်းဆေးရုံမသွားဘူးဆိုရင်တောင် မင်းသွားတဲ့နေရာကိုယ်လိုက်ခဲ့မယ်ဘုန်းမိုး....
ညီလေး မင်းခေါင်းမမာသင့်တော့ဘူးနော် ဆေးရုံသွားဖို့ဝေ့လည်ကြောင်ပတ်လုပ်နေတယ် ဒီကလေး"

"ကျွန်တော်တကယ် ချိန်းထားတာရှိလို့ပါ အကိုရ...နော်...
အခုတစ်ရက်တည်းလေ...ဆေးရုံကနောက်တစ်ပတ်သွားမှာပေါ့နော်"
ဘုန်းမိုးမျက်နှာငယ်လေးနှင့်ပြောတော့ ဝဏ္ဏ လည်းဘာမှမတတ်နိုင်ဘဲ လက်လျှော့ရတော့သည်...

"မနေ့ကပိတ်တော့လည်း သွားဖို့ခေါ်မရ အခန်းထဲအောင်းပြီးတော့...
ကျန်းမာရေးနော် ဘုန်းမိုး... နောက်တစ်ပတ်မှမသွားရင်တော့ မင်းနဲ့ငါနဲ့တွေ့မယ်...ဒါဆိုငါသွားပြီ...ကြာမနေနဲ့ စောစောပြန်လာ
ထမင်းစားဖို့စောင့်နေမယ်"

"ဟုတ် ဒါမှ ငါ့ရဲ့အကိုကြီး..."
ဘုန်းမိုးမနည်းပြုံးကာဖြင့် ပြောလိုက်မှ ဝဏ္ဏမျက်စောင်းထိုးကာ

"အခုမှလာချွဲမနေနဲ့...သွားပြီ"

"ဟုတ်"

...............................................

ဝဏ္ဏကိုပြန်ခိုင်းလိုက်သော်လည်း
အမှန်တကယ်မှာ... ဘုန်းမိုးမည်သူနှင့်မျှမချိန်းထား...
တစ်ဦးတည်းသာဆေးရုံသွား၍ အခြေအနေကိုစမ်းသပ်ချင်သည်သာဖြစ်သည်အတွက် တုံကင်ယူကာထိုင်စောင့်နေချိန်တွင် သူနာပြုမှ ဓာတ်မှန်ရိုက်ရန်လာခေါ်တော့သည်...
ဘုန်းမိုးအလှည့်ရောက်လာသဖြင့်
ဓာတ်မှန်နှင့်အတူ အထွေထွေရောဂါကုဆရာဝန်ကြီး
ရှိရာအခန်းထဲသို့ ဘုန်းမိုးဝင်သွားမိလိုက်တော့သည်...

"သား... မင်းစိတ်အေးအေးထားကွာ
ဆရာပြောတာကို မင်းသေချာလေးနားထောင်
ဒါလိုမျိုးတွေက မင်းစိတ်ခိုင်ခိုင်ထားမှရမယ့်ကိစ္စကွ..."
ဆရာဝန်ကြီး ဓာတ်မှန်ကိုကိုင်ကာ ပြောနေပုံကို ဘုန်းမိုးလုံးဝနားမလည်ပေ...

"စိတ်ခိုင်ခိုင်ထားရမယ်....
ဘာအတွက်လဲ... ဘာလို့ ဆရာ့မျက်နှာကရောမကောင်းရတာလဲ"
ဘုန်းမိုး စိတ်ထဲမှအတွေးကိုဖျောက်ဖျက်ပစ်လိုက်ကာ...

"ကျွန်တော်ဘာမှမဖြစ်ပါဘူး ဆရာ...
ပြောပါ...ကျွန်တော်ရပါတယ်..."
တုန်ယင်နေသောအသံတို့က နှုတ်ဖျားမှထွက်လာသည့်စကားတို့၏ခိုင်မာမှုကို ဖျက်စီးနေသည့်အလား....
ဆရာဝန်ကြီးမှာ ဘုန်းမိုးကိုတစ်ချက်ကြည့်လိုက်ပြီး

"သားရဲ့ ဦးနှောက်မှာ Glioblastoma ဆိုတဲ့ ဦးနှောက်အကြိတ်တွေအများကြီးပွားနေပြီ...
အဆင့်3ဆိုတော့... အကြိတ်တွေရဲ့ရှင်သန်မှုက အရမ်းကိုဆိုးဆိုးရွားရွားဖြစ်နေတာ..."

"ဗျာ...."
ဘုန်းမိုး တစ်ကိုယ်လုံးတုန်ယင်လာပြီး ဝေ့ဝိုက်လာသော မျက်ရည်များက မျက်ခမ်းတွင်တွဲလဲခိုကပ်နေသည်...

"သားအရင်က ကားအက်ဆီးဒင့်ဖြစ်ဖူးတာကြောင့်
ဒီအကြိတ်တွေက ဦးနှောက်ထဲမှာ တွယ်ကယ်လာတာ...
အဆင့်1နဲ့2နဲ့ဆိုရင်တောင် အကြိတ်တွေခွဲထုတ်ပြီး ထပ်မပွားအောင်တားလို့ရပေမဲ့ စောစောမသိတဲ့အခါကျတော့
အခုဆို တစ်နှစ်လောက်အသက်ရှည်ဖို့တောင် မသေချာတော့ဘူး
အဆင့်3နဲ့4မှာ ရသလောက်အကြိတ်တွေကိုခွဲထုတ်ပြီး ဓာတ်ရောင်ခြည်ပေးမယ်...Temozolomideဆိုတဲ့ ကင်ဆာဆေးနဲ့ ကုမယ်ဆိုရင်တော့ တစ်နှစ်ဆိုတဲ့သက်တမ်းကိုဆွဲဆန့်လို့တော့ ရတယ်ဆိုပေမဲ့
ဒီအကြိတ်တွေက လုံးဝပျောက်ကွယ်သွားမှာတော့မဟုတ်ဘူး
ဒါကြောင့်...."

"တော်...တော်ပါတော့ဆရာရယ်....မပြောပါနဲ့တော့....
ကျွန်တော်က.....ဘယ်လိုပဲဖြစ်ဖြစ်သေမှာပဲမဟုတ်လား...
ကျွန်...ကျွန်တော်သိပါပြီ...."

"စိတ်မကောင်းပါဘူးသား...."

ခါးသီးရက်စက်လွန်းသည့် ကံကြမ္မာဆိုးကြီးမှာ
ဘုန်းမိုးတစ်ယောက်တည်းကိုသာဝဋ်ကြွေးများ အလုံးလိုက်အရင်းလိုက်ဖြင့် ဒုက္ခပေးနေသည့်အလား...

ဘုန်းမိုးမျက်စိထဲဘာမှမမြင်နိုင်တော့ပေ...
မွန်းကြပ်လာသော နှလုံးသားထဲမှ သွေးကြောများက လည်ပင်းကိုအသက်ရှု၍မရလောက်အောင် ရစ်ပတ်နေလွန်းလှသည်...

ဘယ်ဘက်ရင်ဘတ်အခြမ်းထဲရှိနေရာမှ ချက်ချင်းအောင့်တက်လာပြီး
မထူနိုင်လောက်အောင် ခေါင်းကပါပို၍နှိပ်စက်သကဲ့သို့ ကိုက်ခဲလာ၍
အံကိုကြိတ်ကာ စီးကျလာသည့်မျက်ရည်များကိုပင်မသုတ်မိ...
တစ်ကိုယ်လုံးပူထူသွားပြီး လုံးဝမလှုပ်နိုင်မကိုင်နိုင်ဖြင့် ကံကြမ္မာဆိုး၏လှည့်စားမှုဒဏ်များကို အလူးအလှိမ့်ခံစားရတော့မည်သာဖြစ်သည်....

#L👀

ကဲ ဘုန်းမိုးလေးကတော့ ဒန်တန့်တန်😁
ပုံဖော်မှုတွေမပီပြင်ရင်ပြောပါနော်...Lအမှားပါ...
ပီပြင်အောင်မရေးနိုင်သေးတဲ့ Lကိုအပြစ်တင်ကြပါ🖤
ဝေဖန်မှုလေးတွေ စောင့်နေတယ်နော်😍

Okumaya devam et

Bunları da Beğeneceksin

640K 3.1K 2
ထွဋ်ထိပ်ခေါင် ခြည်လင်းနောင် (Complete)♥️ ဦးဆုံးပထမအစချီလှမ်းမိသော်.... #OC Fic #Myanmar ထြဋ္ထိပ္ေခါင္ ျခည္လင္းေနာင္ ဦးဆုံးပထမအစခ်ီလွမ္းမိေသာ္.... #...
198K 14.8K 39
23.9.21--24.10.21 ဝမ်းနည်းတဲ့အခါ ငါ့ဘက်ကိုကြည့်ပါ ပျော်ရွှင်တဲ့အခါ လောကကြီးကိုကြည့်ပါ ရွေးချယ်မှုတွေကြုံရတဲ့အခါ ငါ့ဘက်ကိုကြည့်ပါ သေချာတဲ့အခါ လောကကြီ...
1M 44K 102
အချစ်ဟာ ဖြေဆေးမရှိတဲ့! ဒီလိုပဲ ခင်များကလဲ ကျွန်တော့်အတွက် ကုမရတဲ့ရောဂါပဲ ဇေး! စွဲလမ်းစေတယ်! မေ့ရခက်စေတယ်! ပြီးတော့ ရုန်းထွက်ဖို့ခက်စေတယ်! #မုန်းခြင်း...
365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...