Incidentally Love With Bunny...

By HarNuu

78.6K 5.9K 1.4K

SonPin💕 ကိုယ်က SonPin ချစ်သူမို့ SonPinကို❤🖤 ကိုယ့်ခံစားချက်တွေရယ်အပြင်ကခံစားချက်လေးတွေရယ်ပါပေါင်းပြီး ရေြး... More

Nice To Meet You 🐰🍩
I Miss You 🐰🍩
See U Again 🐰🍩
Hello Good Morning Baby 🐰🍩
Welcome My Heart Baby 🐰🍩
I Want To Protect Baby 🐰🍩
Get Well Soon My Sweet Heart 🐰🍩
To Our Own Romance World 🐰🍩
BABY'S JEALOUSY CAUSE OUR LOVE 🐰🍩
From Baby's Love Sickness To Our Paradise 🐰🍩
I Will Create My Very First Rememberance Memory With Baby 🐰🍩
Unshakable Love 🐰🍩
Announcements
Kiss Me Quick 🐰🍩
Limitless Love 🐰🍩
Stereotyped Love🐰🍩
Burning Love🐰🍩
Forbidden Love 🐰🍩
Mutual Love🐰🍩
Deep-rooted Love🐰🍩
L❤VE 🐰🍩
Love = Love 🐰🍩
True Love🐰🍩
With This Love 🐰🍩
Miss You Deeply 🐰🍩
😶
Love is Everything🐰🍩
Falling In Love 🐰🍩
Fall In Love Part 2 🐰🍩
😈👿
The Best Time Of My Life 🐰🍩
Sweet Morning Kiss 🐰🍩
Forever 🐰🍩
Jealous Love 🐰🍩
Wo Ai Ni 🐰🍩
Neglected Love 🐰🍩
Bittersweet Love 🐰🍩
🐰🍩
Bittersweet Love 2 🐰🍩
Puppy Love 🐰🍩
Restart Love 🐰🍩
Restart Love 2 🐰🍩
The Last Chance 🐰🍩
Because 🐰🍩
You Are The Reason🐰🍩
🐰❤🍩🖤
❤🖤
Pls❤🐰
Bunny 🐰 & Choux Cream 🍩

First Love Is Last Love 🐰🍩

942 135 24
By HarNuu

Incidentally Love With Bunny 🐰 & Choux Cream 🍩

Ep 28

Cap လေးတွေတပ်မယ်....
Miss You🖤...
Alone🖤.....
လွမ်းတယ်အကိုရယ်....

...........🍀🍀🍀🍀🍀...........


Mae👩...... သားရေ.....

B🐰...... အဲ့လိုမပြောရဘူး Mae....



Mae အိပ်တော့နော်...
Fan De Na Khrap Mae🏙

လွမ်းတယ် ကလေးရယ်...

အချစ်တွေ စတင်လာတဲ့နေ့ကစပြ်ီး အရာတိုင်းဟာ အချစ်တွေနဲ့သာ လွှမ်းမိုးနေတော့တာပါပဲ...

Yacht ...... Ya Bunny.....
အဆင်ရောပြေရဲ့လား...

B🐰....... ဆောရီးပါကွာ.....


B🐰..... ရပြီ သူငယ်ချင်း ....


B🐰...... ဟာ မဟုတ်ဘူးလေ.....


ပြန်လည်းမခေါ်ဘူး...

ငါတို့ကျသတိမရဘူး....


Yacht ...... ထားလိုက်ပါတော့ ....
ငါတို့က ကိစ္စမရှိဘူး...
Choux သာ....
တကယ့်အရိုးခံကွာ....


Yacht ...... ​အေးပါကွာ.... အေးပါ....

B🐰......😊

..................🍀🍀🍀🍀🍀.........

B🐰...... ငါ့ကိုဖုန်းခဏငှါး.....



Yacht ...... ဟာ.....တော်ပါပြီကွာ...
ရော့..... ရော့.... ဆက်....

Ring...... Ring..... Ring......


B🐰...... မကိုင်ဘူးကွ....
ငါပြန်နှင့်တော့မယ်....

P, Y ......အေး.....အေးပါ....

................................


B🐰....... ကလေး....
ကလေး....
ကလေး ငိုနေတာလား....



တစ်ခါတစ်လေ ရင်နဲ့မဆန့်အောင် မွန်းကြပ်မှု့တွေခံစားရတဲ့အခါ မျက်ရည်တွေက ထွက်ပေါက်ဖြစ်ရတာမို့ ယောက်ျားလေးပေမယ့်လည်း မျက်ရည်တော့ကျခွင့်ရှိနိုင်တာပဲ မဟုတ်လားဗျာ....


Love U SonPin❤🖤

We are waiting for S2.
Miss u Ae💕Pete

UNICODE

Incidentally Love With Bunny 🐰 & Choux Cream 🍩

Ep 28

🍩 ...... အခုထိအဆက်အသွယ်မရသေးလို့ ကျတော့် Ig မှာတော့ ဂယက်ပိုစ့်တွေ တိုးတိုးလာပြီ....
စိတ်ဆိုးပေမယ့်လည်း အကို့ကို ကျတော်လွမ်းနေကြောင်းသိစေချင်တယ်လေ..
Cap လေးတွေတပ်မယ်....
Miss You🖤...
Alone🖤.....
လွမ်းတယ်အကိုရယ်....
နက်ဖြန် စာမေးပွဲလို့ P' Yacht တို့ပြောထားတယ်...
အကိုပြန်လာတော့မှာမလား...
နက်ဖြန်ထိအလွမ်းတွေကို အံကြိတ်ခံရဦးမှာပေါ့...
နက်ဖြန်ပြီးရင် ကျတော့် Schedule တွေပြန်စရတော့မယ်....
အနားမှာ အကြာကြီးနေချင်သေးတာကို အကိုရာ...
အကို့အတွက်ပဲဖြစ်တည်နေတဲ့အချစ်စိတ်ကြောင့် စိတ်ဆိုးချင်ပေမယ့်လည်း အခက်အခဲဖြစ်နေတဲ့အကို့ကို ဘာမှမကူညီနိုင်တဲ့ကျတော်က စိတ်ဆိုးခွင့်တောင်ရှိရဲ့လား....
ကျတော်တောင်းပန်ပါတယ် ချစ်တယ် လို့ပြောခဲ့ပေမယ့် အကိုနဲ့ပတ်သက်ရင် မသိတာတွေအရမ်းများနေသေးတဲ့ ကျတော့်ကို ခွင့်လွှတ်ပေးပါဗျာ....

...........🍀🍀🍀🍀🍀...........

🐰...... ရုံးခန်းလည်း တစ်ပတ်အတွင်း ပြန်ပြင်ဆင်တာပြီးသလောက်ဖြစ်သွားပြီ...
သက်ဆိုင်ရာနဲ့ပတ်သက်တာတွေလည်း အကုန်အပြတ်ဖြတ်ပြီးပြီမို့ အခုမှ သက်ပြင်းချနိုင်တော့တယ်...
ကံကောင်းတာပဲ အားလုံးအဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်လက်စသတ်နိုင်ခဲ့လို့...

Mae👩...... သားရေ.....
Mae သားလေး ဒီရက်ပိုင်းအတွင်းအရမ်းကို ပင်ပမ်းခဲ့ရပြီ...
သားကို Mae ရဲ့ ဝန်တွေကူပြီး ထမ်းစေခဲ့မိလို့ Mae စိတ်မကောင်းပါဘူး Saint ရယ်....
သားအတွက် အပြည့်အဝအထောက်အကူမဖြစ်ပေးနိုင်လို့လည်း Mae တောင်းပန်ပါတယ်....

B🐰...... အဲ့လိုမပြောရဘူး Mae....
Mae ကသားအတွက် အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲပေးခဲ့တာပါ...
အလယ်တန်း Phaw မရှိတော့တဲ့အချိန်ထဲကနေ အခုထိ Mae ပဲ ကျတော့်အတွက်အရာရာကို အင်အားအပြည့်နဲ့ရင်ဆိုင်ပေးခဲ့တာ...
ကျတော့်ကို အမြဲနွေးထွေးတဲ့မေတ္တာတွေပေးပြီး Mae ရှိနေပေးတဲ့အတွက် Phaw ရဲ့ လစ်ဟာသွားတဲ့နေရာအစားပါ Mae ဖြည့်ဆည်းပေးခဲ့တာ...
Mae ကြောင့်ကျတော် အမြဲပျော်ရွှင်ရတယ် သူငယ်ချင်းတွေကြား Mae ဂရုစိုက်မှု့တွေကြောင့် အားကျခံရတယ်....
Mae က ကျတော့်ဘဝအတွက်တန်ဖိုးဖြတ်ခွင့်မရှိတဲ့ တန်ဖိုးဖြတ်မရနိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါ...
Mae ကို ကျတော် အရမ်းချစ်တယ်...
Mae ကို တစ်လှည့်စောင့်ရှောက်ပေးခွင့်ရပါရစေ...
Mae အတွက် Phaw ကိုမမှီနိုင်ပေမယ့် Phaw အစားအားကိုးရမယ့် သားတစ်ယောက်ဖြစ်ပါရစေ....

🐰...... Mae ရဲ့မျက်ရည်တွေကို သုတ်ပေးရင်းဖက်ထားမိတော့ ကျတော့်နဖူးပေါ် အနမ်းခြွေရင်းပြုံးပြလာတဲ့ ကျတော်ချစ်ရတဲ့ ကျတော့်ကိုအရမ်းချစ်တဲ့ ကျတော်ဘဝရဲ့ တစ်ဦးတည်းသော မွေးမိခင်...
Mae ကိုကျတော့်တစ်သက်လုံးစောင့်ရှောက်ကာကွယ်ပေးမယ်....

Mae ..... သား မနက် စာမေးပွဲရှိတယ်...
ဘန်ကောက်ပြန်ရမှာ နားတော့နော်...
ဒီမှာ သားလုပ်ပေးလို့အားလုံးပြီးပြီမို့စိတ်မပူနဲ့တော့ ကျန်တာ Mae ပဲဆက်လုပ်လိုက်တော့မယ်နော်....
စာမေးပွဲဖြေဖို့ Mae သားလေးစာကျက်ချိန်တောင်မရလိုက်ဘူး အဆင်ပြေပ့ါမလား သားရယ်...

B🐰...... ပြေပါတယ် Mae စာတွေကျတော် ရပြီးသားပါ....
Mae စိတ်မပူနဲ့ တစ်ခုခုဆို ကျတော့်ကိုလှမ်းပြောဖို့မမေ့ပါနဲ့နော်...
Mae လည်းဒီရက်ထဲ အရမ်းပင်ပမ်းခဲ့ရပြီ...
သားကျောင်းပြီးရင် Mae ကို အပင်ပမ်းမခံခိုင်းတော့ပါဘူး....
ခဏလောက်ပဲသည်းခံပေးပါ...
Mae အိပ်တော့နော်...
Fan De Na Khrap Mae🏙

🐰...... နောက်တစ်နေ့ကူးဖို့ မိနစ်ပိုင်းပဲ အလိုမှ အိပ်ယာပေါ်ခြေပစ်လက်ပစ် ပစ်ချကျောဆန့်ရင်း ရက်ပေါင်းများစွာအညောင်းကို ခုမှဖြေခွင့်ရတော့တယ်...
စိတ်ဖိစီးညစ်ငြူ းစရာတွေ ပြေပျောက်သွားပြီမို့ အားလုံးကို စိတ်လွတ်ချမိတော့ ရင်ထဲဟာသွားတဲ့ခံစားချက်က အချက်ပြနေခဲ့တာ ဝဲဘက်ရင်အုံအတွင်းက နှလုံးသားငယ်လေးကို...
လွမ်းတယ် ကလေးရယ်...
မတရားကြီးကို ကလေးကိုသတိရပြီးလွမ်းနေခဲ့တာ...
ကို ပြန်လာတော့မယ် ကလေးဆီကို❤

🐰 ..... တစ်နာရီလောက်သာ အိပ်ထားပေမယ့် လူကလုံးဝနွမ်းမနေခဲ့ဘူး...
အစောဆုံးလေယာဉ်နဲ့ ဘန်ကောက်ပြန်ဖို့သာ စိတ်စောနေခဲ့တယ်...
Mae ကို ကန်တော့ပြီး တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့ လေဆိပ်ဆင်းခဲ့လေပြီ...
လေယာဉ်ပြတင်းပေါက်မှန်ကနေမြင်နေရတဲ့ ရှူခင်းတွေက မြင်နေကြပေမယ့်လည်း ဒီနေ့မှ ပိုပြည့်စုံနေသလို....
တိမ်တိုက်ဖြူဖြူတွေကြား လေယာဉ်နဲ့အတူတိုးဝင်မိတော့ တိမ်ဖြူဖြူလေးတွေကြား တရေးရေးပေါ်လာသယောင်ထင်နေမိတဲ့ ကလေးမျက်နှာပြည့်ပြည့်လေး...
ဖြူဖွေးကျယ်ပြန့်လှပါတယ်ဆိုတဲ့ မိုးတိမ်တိုက်ကြီးရေ ကျတော်ကလေးအပေါ်ထားတဲ့ ဖြူစင်တဲ့ချစ်ခြင်းထုထည်နဲ့ ယှဉ်လာရင်တော့ မင်းဒူးထောက်အရှုံးပေးရမှာ ကြိမ်းသေတယ်...
ကျတော့် ကလေးက အရာအားလုံးနဲ့ယှဉ်မရအောင်သာပြီသားဗျ...
အတွေးတွေနဲ့ အသံထွက်အောင်ရယ်လိုက်မိသေး....
အချစ်တွေ စတင်လာတဲ့နေ့ကစြပ်ီး အရာတိုင်းဟာ အချစ်တွေနဲ့သာ လွှမ်းမိုးနေတော့တာပါပဲ...
ဒါပေမယ့်လည်း ရုန်းမထွက်နိုင်ဘူးလေ...
လေယာဉ်ကွင်းကနေပဲ ကျောင်းကိုတန်းပြေးရတော့တာပါပဲ...
ကတိုက်ကရိုက်သုတ်ခြေတင်ပြီး စာသင်ခန်းကို ဦးတည်နေတဲ့ ကျတော်က အနောက်ဖက်ကနေ ဒွိဟစိတ်တွေနဲ့ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ကျတော့်ကိုစူးစူးရဲရဲ စိုက်ကြည့်နေခဲ့တဲ့ ကျတော့်ကလေးကိုတော့ သတိမထားမိခဲ့ပါဘူးလေ...

Yacht ...... Ya Bunny.....
မင်းကွာ.... စာမေးပွဲအမှီပြန်လာမယ်လို့တော့ ငါထင်သား....
ဘာလို့ အဆက်အသွယ်တွေဖြတ်ထားတာလဲ....
အဆင်ရောပြေရဲ့လား...
အခုအားလုံးအိုကေသွားပြီလား....

B🐰....... ဆောရီးပါကွာ.....
ငါဖုန်းပျောက်သွားလို့ကွ အခုထိပြန်မဝယ်ရသေးဘူး...
အလုပ်တွေအရမ်းရှုပ်နေတာနဲ့ အဲ့ဘက်မလှည့်နိုင်တော့တာ...

Yacht ..... ငါတို့ဘာကူညီရမလဲ...

B🐰..... ရပြီ သူငယ်ချင်း ....
အခုအားလုံးအဆင်ပြေသွားပါပြီ....

Phurin ..... အေး အားလုံးအဆင်ပြေပြီးရင် နောက်ပြသနာတစ်ခုရှင်းဖို့ပြင်ထားပေတော့....
မင်း Choux ကို ပြန်ရှင်းပြပေတော့ပဲ....
ဟိုက တော်တော်ကို စိတ်ထိခိုက်နေတာ...
ငါတို့ရှေ့မှာတောင်မျက်ရည်တွေကျပြီး မင်းအခြားတစ်ယောက်ရလို့ သူ့ကို အဆက်အသွယ်ဖြတ်ထားတယ် ထင်နေခဲ့တာကွ....

B🐰...... ဟာ မဟုတ်ဘူးလေ.....
မင်းတို့မပြောပြလိုက်ဘူးလား....

Yacht ..... ပြောပြလိုက်ပါတယ်ကွာ....
ငါတို့က မင်းဆက်သွယ်မယ်ပဲ ထင်နေတာလေ....

B🐰...... ငါဒီကသွားတုန်းကတော့ သူစိတ်ပူမှာစိုးလို့အေးဆေးမှပြောပြမလို့ဘဲ....
ဟိုရောက်တော့ အခြေအနေတွေကထင်တာထပ် ပိုနေတော့ မဆက်သွယ်ဖြစ်ခဲ့ဘူး...
ငါအလုပ်တွေအားတော့ သူ့ကိုအကျိုးအကြောင်းပြောပြဖို့သတိရတော့ ဖုန်းကပျောက်သွားပြီ....
Mae ဖုန်းနဲ့ရော ရုံးဖုန်းနဲ့ပါ ဆက်တာ အဲ့ကလေးက ဖုန်းစိမ်းဆိုမကိုင်ဘူးလေ....
ပြန်လည်းမခေါ်ဘူး...

Phurin ....... မင်းကလည်း တကယ့်ကောင်ပဲ...
ငါတို့ကျသတိမရဘူး....
ငါတို့ကိုအကျိုးအကြောင်းလှမ်းပြောရင်ရတာကို....

B🐰...... အေးကွာ..... ပြောလည်း ခံရမှာပဲ.....
ငါတကယ်ကို အရမ်းရှုပ်နေပြီး မေ့သွားခဲ့လို့ပါကွာ....

Yacht ...... ထားလိုက်ပါတော့ ....
ငါတို့က ကိစ္စမရှိဘူး...
Choux သာ....
ငါတို့တောင်သူ့ကြည့်ပြီး အံလည်းသြ စိတ်မကောင်းလဲဖြစ်...
မင်းကိုအမှန်အကန်ကို အသေကြွေနေတာနော်...
တကယ့်အရိုးခံကွာ....

B🐰...... ငါအဲ့လောက်ဖြစ်သွားမယ်လို့မထင်မိဘူး....
သူ့ကိုငါကအဆက်အသွယ်ဖြတ်ပါ့မလားကွာ....
သူ့အပြင်ငါ့မှာဘယ်သူရှိနိုင်မှာလဲ....
သူတစ်ယောက်နဲ့တင် ငါ့နှလုံးသားတစ်ခုလုံးက တစ်ဘဝလုံးစာ လုံလောက်နေခဲ့ပြီးပြီ...
နောက်တစ်ယောက်ဆိုတာ ဘယ်သောအခါမှ ငါ့နှလုံးသားထဲမှာထပ်ရှိလာမှာမဟုတ်တော့ဘူး...
ကလေးသာ ငါ့ရဲ့ဘဝ ငါ့ရဲ့အရာရာ ငါ့နှလုံးခုန်နှုန်းတွေက သူ့ဖြစ်တည်မှု့နဲ့ပဲ တိုက်ရိုက်အချိုးကျနေမှာ...

Yacht ...... အေးပါကွာ.... အေးပါ....
စာမေးပွဲ အရင်ဖြေပြီးမှ တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ဖြစ်ဖြစ် ဆက်အချိုးကျပါ....

B🐰......😊

..................🍀🍀🍀🍀🍀.........

B🐰...... ငါ့ကိုဖုန်းခဏငှါး.....
Choux ကို ဖုန်းဆက်ချင်လို့......

Phurin ...... အဲ့တာ စာမေးပွဲမဖြေခင်ထဲက ခေါ်ပါလားကွာ....
မင်းလည်း အတော်သွေးအေးတယ်....

B🐰..... သွေးအေးတာ မဟုတ်ဘူးကွ.....
သူ့အသံကြားရင် စာမေးပွဲတောင်မဖြေနိုင်ဘဲ အပြေးသွားမိမှာစိုးလို့...

Yacht ...... ဟာ.....တော်ပါပြီကွာ...
ရော့..... ရော့.... ဆက်....

Ring...... Ring..... Ring......

🍩 ....... ခေါ်လေ ...... စိတ်ကြိုက်ခေါ်.....မကိုင်နိုင်ဘူး....
အဆက်မပြတ်မြည်နေတဲ့ ဖုန်းကိုစိုက်ကြည့်ရင်း အတွေးတွေကတစ်နေရာ....
အကို ဒီနေ့စာမေးပွဲရှိလို့ ပြန်လာဖို့ မျှော်လင့်ချက်ရာခိုင်နှုန်းများတာကြောင့် ကျောင်းရှေ့ကို မိုးမလင်းခင်ထဲက ကျတော်ရောက်နှင့်နေခဲ့ပြီးသား....
ကျောင်းဝကို အပြေးလာနေတဲ့ အကို့ကို မြင်တော့ တင်းထားတဲ့ကြားက ကျတော့်နှလုံးသားက လွန်ဆန်ပြီး ကျတော့်နှုတ်ခမ်းကပါ သိသိသာသာတွန့်ချိုးပြုံးလိုက်မိတာ ကားထဲကမှန်ကတစ်ဆင့် ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်ရတယ်....
အတင်းဆွဲပြီးပြေးဖက်ချင်တဲ့စိတ်ကို ချုပ်တည်းထားခဲ့ရတာ အကိုသိနိုင်မလား....
ကျတော်မနေနိုင်ပါဘူးဗျာ....
အကို့ မျက်နှာလေးမြင်လိုက်ရုံနဲ့ ကျတော် အလိုလိုအရည်ပျော်ရတော့တာပဲ....
အရင်နေ့တွေက ကျတော့်ကိုနေ့နဲ့ညမှား ခက်ခဲပင်ပမ်းစွာ နေ့ရက်တွေကုန်ဆုံးစေတာ ဒီချစ်ဖို့ကောင်းတဲ့အကိုမှဟုတ်ရဲ့လားဗျာ....
ဒေါသစိတ်နဲ့ လွမ်းနေတဲ့အလွမ်းစိတ်တွေကြား ဒွိဟဖြစ်ရင်း လက်သီးကိုကျစ်ကျစ်ဆုပ်ကာ အကို့နောက်ကျောကိုပဲ ရပ်ကြည့်နေခဲ့မိတာ ကျတော်ကလွဲ ဘယ်သူသိနိုင်မလဲ....
မကိုင်ဘူး.... ကျတော်ခံစားခဲ့ရတာကို အကိုနည်းနည်းတော့ နားလည်ရမယ်လေ......

B🐰...... မကိုင်ဘူးကွ....
ငါပြန်တော့မယ် လမ်းမှာဖုန်းဝင်ဝယ်ပြီး တိုက်ခန်းပြန်မယ်...
ပြီးရင်ကလေးကို စိတ်ဆိုးပြေအောင်ချော့ဖို့ အယူခံဝင်လိုက်ဦးမယ်ကွာ....
နှလုံးသားကပေးတဲ့တာဝန်ကကြီးတယ်ကွ...
ငါပြန်နှင့်တော့မယ်....

P, Y ......အေး.....အေးပါ....
မင်းအဆင်ပြေပါစေ Bunny ရာ......

................................

🐰...... လမ်းမှာဖုန်းဝင်ဝယ် လိုအပ်တဲ့ Software အကုန်ထည့်ပြီး ဆက်တိုက် ကလေးနံပါတ်ကိုပဲခေါ်နေခဲ့တယ်....
အလွယ်လိုက်တာလည်းမကောင်းဘူးဆိုတာ ခုမှတကယ်သဘောပေါက်တော့တယ်...
P'Big ဖုန်းနံပါတ်ကို အလွတ်ရမနေခဲ့တာ ကျတော့်လိုအပ်ချက်.....
ကောက်တေးကတော့ ဖုန်းလုံးဝမကိုင်သေးဘူး...
တိုက်ခန်းဆီအပြေးတက် ကလေးဆီသွားဖို့ပဲစိတ်ကစောနေမိတယ်....
အလျင်စလို တိုက်ခန်းတံခါးတွန်းဖွင့်ပြီး ဆန္ဒစောနေတဲ့ခြေလှမ်းတွေက ခါး ကို အနောက်ကနေ ရုတ်တရက် သိမ်းဖက်ခြင်း ခံလိုက်ရမှ ခြေလှမ်းတို့က ရုတ်ချည်း ရပ်တန့်ခဲ့ရတယ်....
ခါးကိုအနောက်ဖက်က အတင်းတိုးကပ်ကျစ်နေအောင်ဖက်ထားတာက ကျတော့်တစ်ကိုယ်လုံးကို မလှုပ်နိုင်အောင် တောင့်တင်းစေလျက်သား....
ကျောကို မျက်နှာအပ်ပြီးလှုပ်ရှားခွင့်မပေးတဲ့ လက်တွေက မြဲမြံခိုင်မာလျက်....
ဖက်တွယ်ထားတဲ့ လက်လေးတွေပေါ်က အုပ်ကိုင်ပြီး လက်ကိုဖြုတ်ခါ အနောက်ဘက်လှည့်ဖို့ကြိုးစားမိတော့ ဖြည်မရအောင်ခိုင်တွယ်နေတဲ့ လက်တွေနဲ့အတူ ကျောပြင်နောက်က ရုတ်တရက်ပူနွေးနွေးအထိတွေ့ကြောင့် ခါးကိုနဂိုထပ်ပိုဆန့်လိုက်မိတယ်....

B🐰....... ကလေး....
ကလေး....
ကလေး ငိုနေတာလား....

🐰........ တိတ်ဆိတ်ပြီး အနည်းငယ်အလင်းလျော့နေတဲ့အခန်းငယ်အတွင်းမှာ တစ်ချက်တစ်ချက်တိုးထွက်လာတဲ့ ရှိုက်သံတိုးတိုးလေးကလွဲလို့ လေတိုးသံတောင် ကြားမနေခဲ့ရဘူး.....

B🐰...... ကို တောင်းပန်ပါတယ် ကလေးရယ်....
ကို တကယ်တောင်းပန်ပါတယ်....
ကို မှားတယ်ဆိုတာလည်းသိပါတယ်....
ကလေး စိတ်ပြေတဲ့အထိ ကို ဘာပဲဖြစ်ဖြစ်အကုန်လုပ်ပေးပြီး စိတ်ကျေနပ်အောင်ချော့ပါ့မယ်....
ကို ဘာမဆိုလုပ်ပေးမှာမို့ ကျေးဇူးပြုပြီး မျက်ရည်တွေတော့မကျပါနဲ့ ကလေးရယ်...

🐰...... မျက်ရည် မကျပါနဲ့လို့ သူ့ကို ကျတော်က တားနေပေမယ့်လည်း ကျတော့်ပါးနှစ်ဖက်မှာလည်း မျက်ရည်စီးကြောင်းက အပြိုင်ရယ်ပါ....
တစ်ခါတစ်လေ ရင်နဲ့မဆန့်အောင် မွန်းကြပ်မှု့တွေခံစားရတဲ့အခါ မျက်ရည်တွေက ထွက်ပေါက်ဖြစ်ရတာမို့ ယောကျ်ားလေးပေမယ့်လည်း မျက်ရည်တော့ကျခွင့်ရှိနိုင်တာပဲ မဟုတ်လားဗျာ....

☁..... " ကန့်သတ်နိုင်ခြင်းမရှိတဲ့ချစ်ခြင်းတွေကို ကျတော်တို့်ထိန်းချုပ်ဖို့မဖြစ်နိုင်ဘူး...
ချစ်မိရင်တော့ ငိုစေ ရယ်စေ သူစေစားရာ က ကြရတော့မှာပါပဲ...."☁

Love U SonPin❤🖤

Today is one year Ani of LBC.( 3. 8. 2019)
We are waiting for S2.
Miss u Ae💕Pete
LBC တစ်နှစ်ပြည့်အမှတ်တရလေး
အမြန်ရေးလိုက်တာမို့လိုအပ်ချက်တွေရှိရင် ကိုယ့်အပြစ် ကလေးတွေအတွက်အမှတ်တရလေးအဖြစ်ရည်ရွယ်ရင်း.....

Continue Reading

You'll Also Like

38.6K 1.2K 41
Maenya Targaryen. Born in 96 AC, The first child of Aemma and Viserys Targaryen, All seemed well, Maenya was "The gem of the Kingdoms" her younger si...
55.6K 1.7K 17
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
512K 951 14
- hubungan terlarang - konten dewasa - nsfw 18+ - pakde x ponakan
434K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...