First Love Is Last Love 🐰🍩

942 135 24
                                    

Incidentally Love With Bunny 🐰 & Choux Cream 🍩

Ep 28

🍩 ...... အခုထိအဆက်အသွယ်မရသေးလို့ ကျတော့် Ig မှာတော့ ဂယက်ပိုစ့်တွေ တိုးတိုးလာပြီ....
စိတ်ဆိုးပေမယ့်လည်း အကို့ကို ကျတော်လွမ်းနေကြောင်းသိစေချင်တယ်လေ..
Cap လေးတွေတပ်မယ်....
Miss You🖤...
Alone🖤.....
လွမ်းတယ်အကိုရယ်....
နက်ဖြန် စာမေးပွဲလို့ P' Yacht တို့ပြောထားတယ်...
အကိုပြန်လာတော့မှာမလား...
နက်ဖြန်ထိအလွမ်းတွေကို အံကြိတ်ခံရဦးမှာပေါ့...
နက်ဖြန်ပြီးရင် ကျတော့် Schedule တွေပြန်စရတော့မယ်....
အနားမှာ အကြာကြီးနေချင်သေးတာကို အကိုရာ...
အကို့အတွက်ပဲဖြစ်တည်နေတဲ့အချစ်စိတ်ကြောင့် စိတ်ဆိုးချင်ပေမယ့်လည်း အခက်အခဲဖြစ်နေတဲ့အကို့ကို ဘာမှမကူညီနိုင်တဲ့ကျတော်က စိတ်ဆိုးခွင့်တောင်ရှိရဲ့လား....
ကျတော်တောင်းပန်ပါတယ် ချစ်တယ် လို့ပြောခဲ့ပေမယ့် အကိုနဲ့ပတ်သက်ရင် မသိတာတွေအရမ်းများနေသေးတဲ့ ကျတော့်ကို ခွင့်လွှတ်ပေးပါဗျာ....

...........🍀🍀🍀🍀🍀...........

🐰...... ရုံးခန်းလည်း တစ်ပတ်အတွင်း ပြန်ပြင်ဆင်တာပြီးသလောက်ဖြစ်သွားပြီ...
သက်ဆိုင်ရာနဲ့ပတ်သက်တာတွေလည်း အကုန်အပြတ်ဖြတ်ပြီးပြီမို့ အခုမှ သက်ပြင်းချနိုင်တော့တယ်...
ကံကောင်းတာပဲ အားလုံးအဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန်လက်စသတ်နိုင်ခဲ့လို့...

Mae👩...... သားရေ.....
Mae သားလေး ဒီရက်ပိုင်းအတွင်းအရမ်းကို ပင်ပမ်းခဲ့ရပြီ...
သားကို Mae ရဲ့ ဝန်တွေကူပြီး ထမ်းစေခဲ့မိလို့ Mae စိတ်မကောင်းပါဘူး Saint ရယ်....
သားအတွက် အပြည့်အဝအထောက်အကူမဖြစ်ပေးနိုင်လို့လည်း Mae တောင်းပန်ပါတယ်....

B🐰...... အဲ့လိုမပြောရဘူး Mae....
Mae ကသားအတွက် အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲပေးခဲ့တာပါ...
အလယ်တန်း Phaw မရှိတော့တဲ့အချိန်ထဲကနေ အခုထိ Mae ပဲ ကျတော့်အတွက်အရာရာကို အင်အားအပြည့်နဲ့ရင်ဆိုင်ပေးခဲ့တာ...
ကျတော့်ကို အမြဲနွေးထွေးတဲ့မေတ္တာတွေပေးပြီး Mae ရှိနေပေးတဲ့အတွက် Phaw ရဲ့ လစ်ဟာသွားတဲ့နေရာအစားပါ Mae ဖြည့်ဆည်းပေးခဲ့တာ...
Mae ကြောင့်ကျတော် အမြဲပျော်ရွှင်ရတယ် သူငယ်ချင်းတွေကြား Mae ဂရုစိုက်မှု့တွေကြောင့် အားကျခံရတယ်....
Mae က ကျတော့်ဘဝအတွက်တန်ဖိုးဖြတ်ခွင့်မရှိတဲ့ တန်ဖိုးဖြတ်မရနိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါ...
Mae ကို ကျတော် အရမ်းချစ်တယ်...
Mae ကို တစ်လှည့်စောင့်ရှောက်ပေးခွင့်ရပါရစေ...
Mae အတွက် Phaw ကိုမမှီနိုင်ပေမယ့် Phaw အစားအားကိုးရမယ့် သားတစ်ယောက်ဖြစ်ပါရစေ....

Incidentally Love With Bunny 🐰 & Choux Cream 🍩Where stories live. Discover now