Bittersweet Love 🐰🍩

723 98 45
                                    

Incidentally Love With Bunny 🐰 & Choux Cream 🍩

Bittersweet Love ❤🖤

Ep 35

🐰....... အသဲကွဲတာ မခံစားဖူးတော့.....အခုခံစားချက်ကြီးကို ဘာလို့ ခေါင်းစဉ်တပ်ရမလဲ ကျတော်တစ်ကယ်မသိဘူး.... ကျတော်သိတာက ရင်ဘတ်ထဲက ပေါက်ထွက်မတတ်ကိုနာကျင်နေတယ်...
မမျှော်လင့်ဘဲ ကျတော့်နှလုံးသားလေးက အစိမ်းလိုက်ရိုက်ချက်ပြင်းပြင်းနဲ့ ထုတ်ရိုက်ခံလိုက်ရသလိုပဲ...
နုနယ်လွန်းတဲ့အတွင်းသားလေးကို ပြင်းပြင်းထန်ထန်အရိုက်ခံရလို့ အရိုးကွဲမတတ် ပြောပြလို့မရအောင်နာကျင်နေသလိုမျိုး....
လူတွေပြောပြောနေကြတဲ့အတွင်းကြေဆိုတာ ဒါမျိုးပဲနေမှာလို့ ကျတော်အဓိပ္ပါယ်ကောက်မိတော့တယ်....
ကုရာနတ္ထိဖြစ်နေတဲ့ ခန္ဓာကိုယ်အတွင်းထဲက ကျတော့်နှလုံးသားကို ပြန်ကောင်းအောင်တောင်ဘယ်လိုနည်းနဲ့မှ ကျတော့်မှာဂရုစိုက်လို့မရပြန်ဘူး....
ခံရခက်တယ်...
ပထမဆုံးအကြိမ်ဆိုတဲ့ခံစားချက်တိုင်းက လူကိုတကယ်ရူးသွားစေတာပဲ...
ပထမဆုံးအချစ်ရော....
ပထမဆုံးအသဲကွဲရခြင်းရော....
ကလေး မင်းရက်စက်တယ်လို့ အပြစ်မတင်ရက်ပေမယ့် ငါ့နှလုံးသားလေးကိုတော့ ငါလိပ်ပြာမလုံဘူး ကလေးရယ်....
Bunny မင်းကစိတ်မာတယ် ပြတ်သားတယ် ကိုယ်ရွေးတဲ့လမ်းကိုရဲရဲလျောက်ရဲတယ်ဆိုတဲ့ ငါ့ရဲ့နိယာမတွေက အချစ် အောက်မှာတော့ အတုန်းအရုန်းကျရှုံးခဲ့ရတော့တာပဲ....
အသဲကွဲနာကျခြင်းက နေ့ဓဒူဝ လုပ်ငန်းဆောင်တာတွေအားလုံးကိုပျက်ယွင်းစေတယ်....
မိုးလင်းကနေမိုးချုပ် အကြီးမားဆုံးသောနာကျင်မှု့ကြီးရင်ထဲပိုက်ပြီးနေနေရတာဟာ ဘယ်လိုမှနေလို့မကောင်းခဲ့ဘူး...
သေနိုင်လောက်တဲ့အပြင်းစားရောဂါတွေထပ်ကို ပိုပြင်းထန်တဲ့ မသေနိုင်ဘဲစက္ကန့်အမျှခံစားနေရတဲ့ အသဲကွဲနာရောဂါ...
ရပ်ပစ်ချင်ပြီ မခံစားနိုင်တော့ပါဘူးလို့တောင်အရှုံးပေးပစ်ချင်နေပေမယ့် နာကျင်မှု့တွေကိုမတွန်းလှန်နိုင်စွာနဲ့ မင်းကိုချစ်တဲ့အချစ်တွေ မြူ တစ်မှုံန်စာတောင် လျော့မသွားသေးဘူးကလေးရယ်...
ကိုယ် ခေါင်းမာစွာနဲ့ပဲ မင်းအပေါ်ထားတဲ့ချစ်ခြင်းတွေကို လျော့ပစ်ဖို့မပြောနဲ့ ရပ်တန့်လို့တောင်မရနိုင်သေးဘူး...
ကိုယ်က အချစ်ရူးပဲ...
ရူးလောက်အောင်သေမတတ်နာကျင်နေပေမယ့် မချစ်ဘဲမနေနိုင်တဲ့ အချစ်ရူး....
ကိုယ့်နာကျင်မှု့တွေကိုနင်းလျှောက်ပြီးမင်းပျော်နိုင်မယ်ဆို နောက်ဆံမတင်းဘဲ ပျော်ပစ်လိုက်စမ်းပါကလေးရေ....
ဒီကောင်ကြီးက မင်းကိုရူးမတတ်သေအောင်ချစ်တာမို့.....

Incidentally Love With Bunny 🐰 & Choux Cream 🍩Where stories live. Discover now