Restart Love 🐰🍩

891 82 47
                                    

Incidentally Love With Bunny 🐰 & Choux Cream

Restart Love  ❤🖤

Ep 38

☁.....ကိုယ်ရော မင်းရော တစ်ဦးတည်းသော သားတွေမို့ အရမ်းအဖေါ်မင်တယ် တွယ်တာတတ်တယ် အဲ့လိုပဲ အတ္တလေးတွေလည်းကြီးတတ်တယ်...
အရမ်းချစ်သလောက် မာနလေးတွေက(ဒေါက်)ထောက်တိုင်ထားချင်သေးတယ် နှလုံးသားကိုလည်း(ဒေါက်)ထောက်တိုင်အဖြစ် ထောက်ကန်သင့်ရင်ကန်ထားရမှာပဲ.....☁

🐰.......အလုပ်တွေအများကြီးလုပ်ပစ်တယ်...
မင်းကိုမမေ့နိုင်သည့်တိုင်အောင် ကိုယ့် အတွေးတွေထဲမင်းပဲနေရာအပြည့်ယူထားမနေနို
ိုင်အောင်လို့...
ဟုတ်တယ် အချိန်တွေအများကြီးကို ကိုယ်သုံးခဲ့မိတာပဲ မင်းဆီမှာ အတုန်းအရုံးကျရှုံးဖို့အတွက်အချိန်တွေအများကြီးကိုယ်ပေးခဲ့တာပဲ...
ဘာပဲဖြစ်လာလာရင်ဆိုင်ရဲတဲ့ဆိုတဲ့တစ်ထစ်ချဆုံးဖြတ်ချက်နဲ့မင်းဆီကိုယုံယုံကြည်ကြည်လျှောက်ခဲ့တာမှန်ပေမယ့် ကိုယ့်ယုံကြည်မှု့တွေက တစ်ဖက်ကမင်း ကိုယ့်ဘက်မှာသာရှိမနေခဲ့ဘူးဆိုရင်တော့ ပုံပျက်ပန်းပျက်ကျရှုံးနိုင်မယ်ဆိုတာ မတွေးမိခဲ့ဖူးတဲ့ကိုယ့်ရဲ့ညံ့ဖျင်းမှု့...
ကိုယ်တို့က အခက်အခဲတွေကိုလက်တွဲရင်မဆိုင်ရသေးခင် တစ်ယောက်နဲ့တစ်ယောက်အနီကဒ်ပြခဲ့ကြတာပဲ...
သာမာန်မဟုတ်တဲ့ ပုံမှန်လို့မထင်ကြတဲ့ သံယောဇဉ်တွေကိုရှေ့ဆက်နိုင်ဖို့ ပတ်ဝန်းကျင်ကချမှတ်ပေးတဲ့တိုက်ပွဲကို မတိုက်ခင်မှာ မင်းနဲ့ကိုယ်က အသီးသီးအလံဖြူတွေပြခဲ့ကြပြီ...
လုပ်ရက်တယ်လို့အပြစ်ဆိုဖို့ရာလည်း အပြစ်မမြင်နိုင်ခဲ့တော့ တစ်ကယ်ဆိုကိုယ်ကအကြီးလေ သူပုံမှန်မဟုတ်တဲ့လမ်းကိုလျှောက်ရင်တောင် ကိုယ်ကတားပေးသင့်တာ အခုတော့ဆွဲခေါ်သွင်းခဲ့မိတဲ့သူကကိုယ်ဆိုတဲ့အတွေးနဲ့တင် မင်းကိုအပြစ်မမြင်နိုင်ပါဘူး ကလေးရယ်...
ပျော်နေပါ ပျော်နေရင် ဘယ်လိုနာကျင်မှု့မဆို သည်းခံပေးထားမှာမို့ ပျော်နေပေးပါ ကိုယ်ချစ်ရတဲ့ကလေး...

🍩......... နာမည်ရလာခြင်းရဲ့နောက်ဆက်တွဲကတော့ မွန်းကြပ်မှု့တွေပဲ ခုလိုချိန်ဆိုပိုသိသာတယ်....
အရမ်းကိုမွန်းကြပ်တယ် အရာရာမှာစည်းတွေဘောင်တွေနဲ့မနေချင်တဲ့ကျတော်က အခုကိုယ်ကိုယ်တိုင်ဘောင်ခတ်ပစ်တယ်...
P'Big လက်မခံတဲ့ပွဲတွေလည်း ကျတော်အကုန်လက်ခံပြစ်တယ်...
လုပ်ရမယ် နားချိန် အိပ်ချိန် တွေးချိန်လေးတောင်မရှိအောင်လုပ်ပြစ်ရမယ်...
အဲ့တာမိုက်ရူးရဲဆန်ချင်တဲ့ကိုယ့်ကိုယ်ကိုပေးတဲ့အပြစ်ဒဏ်ပဲ....
သေချာပြီဆိုပြီးရွေးချယ်ခဲ့တဲ့လမ်းကို တွေဝေစိတ်တွေ မာန်တက်ချင်တဲ့စိတ်တွေနဲ့ အတွေးများပစ်ခဲ့တဲ့အကျိုးဆက် ပျော်ပျော်ကြီးခံစမ်း Choux ရေ...
ပေါ့ပါးလွတ်လပ်ပြီးကြည်နူးခြင်းတွေအတိပေးနိုင်ခဲ့တဲ့တစ်ယောက်သောသူကိုလည်း ကျတော်ကိုယ်တိုင်အဝေးရောက်အောင်ပို့ခဲ့တာပဲ မလွမ်းစမ်းနဲ့ Choux မင်းလုပ်ခဲ့တဲ့အကျိုးဆက် ကိုယ့်နှလုံးသားကိုယ်မပိုင်ဘဲနဲ့ အရဲကိုးခဲ့တဲ့မင်းအပြစ်...
တစ်စက္ကန့်ခြင်းစီတိုင်းသွေးတစ်စိမ့်စိမ့်ထွက်နေသလို ဒီနှလုံးသားက အကို့ကိုတွေးမိရုံနဲ့တစ်စိမ့်စိမ့်နာကျင်တယ်...
အရင်းစစ်တော့ ကျတော်အကို့ကို နှလုံးသွေးနဲ့အမျှ သေလောက်အောင်ချစ်မိခဲ့တာ...

Incidentally Love With Bunny 🐰 & Choux Cream 🍩Where stories live. Discover now